Pages

Mobile ဖုန်းမှတဆင့် phone number မပေါ်အောင် ခေါ်နည်း



ဒီပို့စ်လေးကတော့ ကိုယ့်သူငယ်ချင်းတွေအချင်းချင်း စချင်နောက်ချင်တဲ့သူတွေအတွက်  ဖုန်းခေါ်တဲ့အခါ ဘယ်သူခေါ်မှန်းမသိ၊ phone number မပေါ်အောင် ခေါ်နိုင်တဲ့ နည်းဖြစ်ပါတယ်။ ဗဟုသုတ သဘောအဖြစ် တင်ပေးလိုက်တာပါ။ သိပြီးသားမိတ်ဆွေတွေလည်းရှိမှာပါ။သူတစ်ပါးကို မ
ကောင်းတဲ့ စိတ်နဲ့ စိတ်အနှောက်ယှက်ဖြစ်အောင်လုပ်ဖို့ အသုံးမပြုပါနဲ့လို့ အကြံပြုပါတယ်။
အသုံးပြုပုံကတော့

၁။ *67 ကိုနှိပ်ပါ ပြီး၇င် မိမိခေါ်ချင်တဲ့ phone number တန်းနှိပ်ပြီး ခေါ်လိုက်ပါ။

example >>>>> *67 PHONE NUMBER

Team Viewer 8 Final Version



Update လေးလည်းတွေ့တာနဲ့ပြန်လည်မျှဝေပေးတာပါ
TeamViewer ဆိုတာကတော့ IT သမားတော်တော်များများသိမှာပါ
သူများစက်တွေကိုဝင်ရောက်ကြည့်ရှုလို့ရပါတယ်၊များသောအားဖြင့်တော့အကောင်းဘက်မှာအသုံးပြုကြပါတယ်.

ကိုယ်မလုပ်တတ်တဲ့ Error တစ်ခုကိုတစ်ခြားသူကို Online ပေါ်ကနေပဲ လှမ်းပြင်ခိုင်းလို့ရပါတယ်...

တခြားသူကလည်း.ကိုယ်ယုံကြည်စိတ်ချရသူပဲဖြစ်ပါစေ....နို့မဟုတ်ရင်...ကိုယ့် Computer ကိုပြန်ဖျက်သွားရင်....ခက်သား  ! ကျွန်တော်ကလည်း...ထုံးစံအတိုင်း လေရှည်နေမိပြန်ပြီ အသုံးပြုနည်းလေး..ဆက်ကြစို့.....  :)




~~အသုံးပြုနည်း~~ 


                                            

ပထမဆုံးကတော့..ဒေါင်းလို့ရလာတဲ့ Software ကို Install လုပ်ပါ..

ဒုတိယမြောက်ပုံမှာ..ပြထားတဲ့ပုံအတိုင်း။။။ပေါ်လာပါလိ့မ်မယ်...

နံပါတ် (1) က ကိုယ်ပိုင် ID  နဲ့   Password ဖြစ်ပါတယ်..။
နံပါတ် (2) က တော့ ကိုယ်ဝင်ကိုင်ပေးမဲ့ သူငယ်ချင်း ကွန်ပြူတာ ရဲ့ ID ကို ထည့်ပေးရမှာပါ..
တကယ်လို့ ကိုယ့်ကွန်ပြူတာကို ဝင်ကိုင်စေချင်ရင်တော့ နံပါတ် (1) က ID  နဲ့ Password ကို
Gtalk ကနေ ဒါမှမဟုတ် တနေရာရာကနေ သူငယ်ချင်းဆီကို ရောက်အောင် ပို့ပေးလိုက်ပါ.. တခြားဖက်က သူငယ်ချင်းကလည်း ရလာတဲ့ ID , Password တွေကို အပ်ါကလို သက်ဆိုင်ရာ နေရာလေးတွေမှာ ထည့်ပေးလိုက်ပါ..။ နံပါတ် (3) ကိုဆက် နှိပ်ပါ ...။





 နံပါတ် (1) မှာ Password ကို ထည့်ပေးပါ...။ နံပါတ် (2) Log On ကို နှိပ်ပြီး ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံး
ဘယ်လောက်ဝေးဝေး Internet ကွန်နက်ရှင် ရှိရုံနဲ့ သူ့ကွန်ပြူတာ ကိုယ့်ကွန်ပြူတာကို လှမ်းကိုင်လို့ ရသွားပါပြီ ...
အခြားလိုအပ်တဲ့ ဖိုင်လ် တွေ Software တွေကိုလည်း Share လုပ်နိုင်ပါသေးတယ်...။

ဘယ်ခေတ်မှ မရှိဘူးသည့် ပုံစံမျိုးဖြင့် ကရင်ပြည်သူများ နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံနေရ

ဇန်နဝါရီ ၁၂၊ ၂၀၁၃
M-Media
နေသစ်ထွန်း
ဒီမိုကရေစီစနစ်သစ်သို့ တက်လှမ်းနေသော မြန်မာနိုင်ငံတွင်  နိုင်ငံသားအခွင့်အရေး  လူ့အခွင့်အရေး ယခင်က ထက် ပိုမို ရရှိလာသည့် အချိန်ကာလဖြစ်သော်လည်း ကရင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များသည် ခေတ်အဆက် ဆက်ကပင် မရှိခဲ့သည့် ပုံစံမျိုးဖြင့် နိုင်ငံသားအခွင့်အရေး ၊ လူ့အခွင့်အရေး တို့ ချိုးဖောက်ခံနေ ရသည့်အပြင် ဈေးကွက်စီးပွားရေး စနစ် နှင့်အညီ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားခွင့်မရှိ ပိတ်ပင်ခံရသည်။
ဘာသာ၊ သာသနာကိုကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် ဘုန်းကြီးတစ်ချို့သည် ကရင်လူမျိုး ဗုဒ္ဓဘာသာဝင်များ၏ နိုင်ငံသားအခွင့်အရေး၊ ကိုချိုးဖောက် လာကြသလို နိုင်ငံတော်မှ ကျင့်သုံးနေသော ဈေးကွက် စီးပွားရေးစနစ်ကိုပင် ကျင့်သုံးခွင့်မရှိအောင် လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားမှုကို တားမြစ် လာကြသည်။
pahan
ဘာသာမ တူသူများနှင့် စီးပွားရေး၊ လူမှုရေး အရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာ တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာ ဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။
ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ  ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀  ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် ဟု ဖော်ပြထားသည်။
Pa Aan_ Kayin_State
ဘာသာခြားဆိုင်မျာသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀ ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည်
မဲဘောင်ကျောင်းတိုက်၏ ထုတ်ပြန်ချက်ကြောင့် ကရင်လူမျိုး ဗုဒ္ဓဘာသာများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁) နိုင်ငံတော်အခြေခံမူများ အပိုဒ် (၃၅) တွင်ပြဌာန်းထားသော ဈေးကွက် စီးပွားရေးစနစ်ကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရန် အခက်အခဲဖြစ်လာခဲ့သည်။
“ ဘာသာခြားတွေနဲ့ စီးပွားရေး မလုပ်ဖို့ တခါမှ တားမြစ်တာ မကြုံဖူးဘူး။  ဒီလိုကြေညာလိုက်တော့ မွတ်စလင် တွေကို လည်းဈေးမရောင်းရဲ ၊ မွတ်စလင်တွေဆီကလည်း ဈေးမ၀ယ်ရဲ ဘူး။ ဒဏ်ရိုက်ခံထိမှာ စိုးတယ် ” ဟု ဘားအံမြို့ရှိ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါသည်။
ယင်းသို့ ထုတ်ပြန်ချက်ကြောင့် ဘားအံမြို့၊ လှိုင်းဘွဲ့ ၊ ကော့ကရိတ်၊ ကျုံဒိုး မြို့များတွင် အရောင်းအ၀ယ် သိသိသာသာ ကျဆင်းခဲ့ရပြီး ကျေးလက်နေ ကရင်လူမျိုးများ မြို့တက်ဈေးဝယ်မှု နည်းပါးခဲ့ရသည်။
“မြ၀တီလမ်းမှာ အဖမ်းအဆီးရှိတာရော၊ မွတ်စလင်နဲ့ ဈေးရောင်းဝယ်လုပ်ရင် ဒဏ်ရိုက်မယ်လို့ ကြေငြာလိုက်တာရော ၊အဲဒါတွေကြောင့် ဈေးရောင်းဝယ်မကောင်းဘူး” ဟု ကျုံဒိုးမြို့ရှိ ဈေးသည် တစ်ဦး က ပြောပါ သည်။
နိုင်ငံတော် အစိုးရသည် ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု ၊ စီးပွားရေး လုပ်ကိုင်မှု များနှင့် ပတ်သက်၍ ဘာသာ၊ လူမျိုးမခွဲခြားပဲ နိုင်ငံသားတိုင်း တူညီသော အခွင့်အရေးရရှိစေရမည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) အပိုဒ် ၃၄၉ အပိုဒ်ခွဲ (ဂ)နှင့် (ဃ) တွင် ပြဌာန်းထားသော်လည်း ကရင်လူမျိုး ဗုဒ္ဓ ဘာသာဝင် အချို့ သည် မိမိလိုအပ်သော ပစ္စည်းများကို ဘာသာခြားထံမှ ၀ယ်ယူရန် ကြောက်ရွံ့ နေကြသည်။
“ဘာသာခြားဆီက ဈေးဝယ်ရင် ဒဏ်ငွေရိုက်မယ်ဆိုတော့ ရဲကပဲရိုက်မလား၊ ဘုန်းကြီးကပဲရိုက်မလား တော့ အသေအချာမ သိဘူး။ ဒါပေမယ့် ဘာသာခြားဆီမှာတော့ ဈေးမ၀ယ်ရဲဘူး” ဟု နဘူးရွာမှာ ကရင်အမျိုးသမီး ကြီးက ပြောပါသည်။
ဝမ်းစာရေးအတွက် ပင်ပန်းကြီးစွာရုန်းကန်နေသူ ၊ကရင် ဗုဒ္ဓဘာသာဝင်အချို့ကလည်း ဘုန်းကြီးများ၏ ယင်း ထုတ်ပြန်ချက်ကို အလေးမထားနိုင်ပဲ မိသားစု စားဝတ်နေရေးအတွက် ဘာသာမခွဲခြား ရောင်းဝယ် ဖောက် ကားလိုကြသည်။ “ကျွန်တော်မှာ မိသားစုကြီးတယ်။ ကလေးခြောက်ယောက်ရှိတယ်။ သူတို့တွေ စားဝတ် နေရေးအတွက် တော်တော်လုံးပန်းနေရတယ်။ ဒီလိုမျိုး ကြေညာချက်ထုတ်တာကို ဂရုမစိုက်နိုင်ပါဘူး။ ကိုယ် စီးပွားရေး မပြေလည်ရင် ဘယ်သူကမျှ ဘာမှပေးတာ မဟုတ်ဘူး။ ဘယ်ဘာသာဝင်နဲ့ ပဲဖြစ်ဖြစ် ကျွန်တော် တော့ စီးပွားရေး လုပ်မှာပဲ ” ဟု လှိုင်းဘွဲ့ မြို့နယ် ဒေါ်လန်း ကျေးရွာနေ ကရင်လူမျိုး ဗုဒ္ဓဘာသာ တစ်ဦးက ပြောပါသည်။
ဤသို့သော ဘာသာရေးပဋိပက္ခဖြစ်ပွားစေရန် လှုံဆော်မှုများကြောင့် ကရင်ပြည်နယ် ငြိမ်းချမ်းရေး ထိခိုက်လာ မည်ကို ကရင်ပြည်သူများ အထူးစိုးရိမ်နေကြသည်။
“ကျွန်တော်တို့ ကရင်ပြည်နယ် ဟာ လွတ်လပ်ရေး နောက်ပိုင်း ကတည်းက မငြိမ်းချမ်းခဲ့တာ ဆယ်စုနှစ်နဲ့ ချီကြာခဲ့ပါပြီ။ အခု ကေအန်ယူနဲ့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့လို့ အရင်ကနဲ့ မတူပဲ ငြိမ်းချမ်းလာ ခဲ့ပါတယ်။ ကျွန်တော် တို့တတွေ ၀မ်းသာနေခဲ့ကြပါတယ်။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးရရုံရှိသေး ဘာသာ၊ သာသနာ ကာ ကွယ်ရေးလို့ ဆိုပြီး တည်ငြိမ်မှု ပျက်ပြားအောင် အစ္စလာမ် ဘာသာကို တိုက်ခိုက် တဲ့ စာရွက်တွေ၊ ဒီဗွီဒီ အခွေ တွေ ပျံ့နှံလာခဲ့ပါတယ်။ ဘာသာရေး မှိုင်းတိုက်တာတွေ များပြားလာခဲ့ပါတယ်။ ဒီကနေ ဘာသာဝင်တွေ အ ချင်းချင်း နားလည်မှု လွဲပြီး ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာမှာ စိုးပါတယ်” ရန်ကုန်မြို့သို့ ရောက်ရှိနေသူ ကရင်လူငယ် ကျောင်းသားတစ်ဦးက ပြောပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးစနစ် ကိုလည်းကောင်း၊ နိုင်ငံသား အခွင့် အရေး ကို လည်းကောင်း ကို မြန်မာနိုင်ငံအနှံ အပြားက လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံတို့  ယခင် ကထက် ရရှိခံစားနေကြ သော်လည်း ဘာသာရေး မုန်းတီးမှု ဖြန့်ချီနေကြသော ဘုန်းကြီးအချို့၏ ထုတ်ပြန် ချက်ကြောင့် ကရင်ပြည်နယ်ရှိ ဗုဒ္ဓ ဘာသာဝင်များ သည် ယင်းအခွင့်အရေးကို လက်လွတ် ဆုံးရှုံးနေပါသည်။
(copy-http://www.m-mediagroup.com)

အမျိုးသမီးများ အနေနဲ့ အမျိုးသားတို့ အထင်ကြီး ခံရရန် ကျင့်ကြံရမယ့် နည်းလမ်း ၁၃ ချက်



1. Don’t be judgmental

အကဲဖြတ်ဒိုင်လူကြီးလို မနေဖို့ ဖြစ်ပါတယ်။ သူဘက်က စကားတစ်ခွန်းခွန်း ဆိုလိုက်တိုင်း ကိုယ်က လိုက်ပြီးတော့ အကဲဖြတ်နေတာမျိုးကို အမျိုးသားတို့ မကြိုက်ကြပါဘူး။ သူပြောတဲ့အကြောင်းအရာကို မကြိုက်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်းပြောလိုက
်ပါ။ ပြီးတော့ သူပြောတဲ့အကြောင်းအရာများကို စိတ်ဝင်စားသယောင်လေးပြပါ။


2.Punish him when he’s cocky

ဟုတ်ပါတယ်။ အမှားလုပ်တတ်တဲ့ ဘယ်အမျိုးသားကိုမှ ဒီတိုင်း ခွင့်မလွတ်လိုက်ပါနဲ့။ ချိန်းထားတာထက်
၂ နာရီထက်ပိုနောက်ကျတဲ့ သူ့ကို ခွင့်လွတ်မိရင်တော့ အမှားကြီးမှားပါပြီ။ နောက် ဒါမျိုး လုပ်နေတော့ မှာ ဖြစ်ပါတယ်။ ချိန်းထားတာမှမဟုတ်ပဲ ကိုယ်နဲ့လမ်းလျှောက်နေစဉ် အခြား တစ်ဖက်ဖက်ကို ဘာမပြော၊ ညာမပြော ခဏလှည့်ထွက်သွားတာမျိုး ဆိုရင် စောင့်ဆိုင်းမနေပါနဲ့။ ကိုယ့်လမ်းကို ဆက်လျှောက်သွားပါ။ စကားပြောရင်း ရိုင်းပြတဲ့စကားလုံးပါလာတာမျိုးဆိုရင်လည်း ခွင့်မလွတ်ပါနဲ့။ မှတ်သားလောက်အောင် အပြစ်တစ်ခုခုပေးလိုက်ပါ။ ဥပမာ-စကားဆက် မပြောတော့တာမျိုး၊ ဖုန်းချလိုက်တာမျိုး၊ ခဏ ရှောင်နေလိုက် တာမျိုး။ ဒီလောက်ဆို သူတို့ အမှားမလုပ်ရဲတော့ပါဘူး။

2. Smile and laugh a lot around him

အမျိုးသားတွေဟာ ပွင့်ပွင့်လင်းလင်း မရှက်မရွံ့ ရယ်တတ်တဲ့ မိန်းကလေးတွေကို သဘောကျကြပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ရယ်တတ်သည်ဖြစ်စေ။ ပဲမများပဲ စိတ်ထဲရှိသလို ရယ်တတ်စေဖို့ ဖြစ် ပါတယ်။ အဲဒီလို ရယ်ခြင်းက ရိုးသားပွင့်လင်းမှုကို သဘောကို ဆောင်ပါတယ်။

3. Debate with him, And win it.

စကားနိုင်လုပါ။ အမျိုးသားတွေဟာ အမျိုးသမီးတို့ရဲ့  ဥာဏ်ရည်သဏ်သွေး ကို စမ်းသပ်ချင်ကြပါတယ်။ အကယ်၍ သူကစမ်းသပ်လာပြီး စကားနိုင်လုပြီ ဆိုရင် အရှုံးမပေးပါနဲ့။ တကယ်မနိုင်ဘူးဆိုရင်တောင် ဇွတ်အတင်း ကိုယ့်ဘာကိုယ်နိုင်တယ်လို့ သဘောထားလိုက်တဲ့ အမူအရာလေးပြလိုက်ပါ။ အဲဒီလို အရှုံးမပေး တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်ကိုလည်း အမျိုးသားတွေက သဘောကျကြပါတယ်။

5.Be naughty

ပြောင်နောက်၊ စနောက်တတ်ရပါမယ်။ စကားပြောတယ်ဆိုတာ တစ်ဖက်သားကို ကဲ့ရဲ့ သလို စနောက်မှုမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ- အနားမှာရှိတဲ့အခါ အိင်္ကျီမပေ၊မဟောင်းပဲနဲ့၊ အိင်္ကျီအပေ၊ အဟောင်း အစုပ်ကြီး အစရှိသဖြင့် မျက်နှာအမူအရာလေးနဲ့ ကဲ့ရဲ့ နောက်ပြောင်လိုက်ပါ။ သို့ပေမယ့် ရိုးရိုးသားသား စိတ်ထဲရှိသလို စနောက်၊ပြောင်နောက်ဖို့ လိုပါတယ်။ တမင်ဟန်ဆောင်ရင်တော့ မထူးပါဘူး။ အဲလို စနောက်ပြီး ကွိုင်ရှာတတ်တဲ့ မိန်းကလေးတွေကို ယောင်္ကျားလေးတွေက သဘောကျတတ်ပါတယ်။

6.Don’t give in too easily

သူကကိုယ့်ကိုကြိုက်နေတယ်။ ကိုယ်ကလည်း သူ့ကိုပြန်ကြိုက်တယ်။ ဒါဆိုပြီးပြီဆိုပြီး ချက်ချင်း အဖြေပေးလိုက်တာမျိုး၊ အခွင့်အရေးတွေ အများကြီး ပေးလိုက်တာမျိုးလုံးဝမလုပ်လိုက်ပါနဲ့။ ယောင်္ကျားလေးတွေက အလွယ်တကူရရင် တန်ဖိုးထားမှု သိပ်မရှိလို့ ဖြစ်ပါတယ်။ ဒီတော့ သူ့ဖက်က ဖွင့်ပြောလာပြီး ကိုယ်ကချစ်နေရင်တောင် အဖြေမပေးသေးပါနဲ့။ အပြင်မှာ တွေ့ဆုံ စကားပြောပါ၊ ဖုန်းဆက်စကားပြောပါ၊ သူတကယ်ချစ်တာ မှန်မမှန် သေချာ သဘောပေါက်နိုင်တဲ့အထိ လေ့လာပါ။ အဲဒီလိုမဟုတ်ပဲ ချက်ချင်းအဖြေပေးလိုက်ရင် ကိုယ်က ချစ်ပါတယ်လို့ အရင်ပြောတဲ့ သဘော သက်ရောက်သွားပြီး လွယ်လွယ်နဲ့ရတာလို့ ယူဆတတ်ကြပါတယ်။

7.Tempt him with your appearance

အလှပြင်ထားပါ။ အလှပြင်ဆိုလို့ လှတဲ့သူတွေကိုပဲ ပြောတာမဟုတ်ပါဘူး။ သူတို့နဲ့တွေ့တဲ့အခါ ကိုယ့်အနေနဲ့ Perfect ဖြစ်မယ်လို့ ယူဆတဲ့ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို သုံးစွဲပါ။ အဲလိုအကောင်း ဆုံးပြင်ဆင်ထားတဲ့ အမျိုးသမီးနဲ့ အတူတူထိုင်ရင် အမျိုးသားတွေဟာ အခြား ကောင်မလေးလေး၊ အတွဲများထက် ကိုယ့်ကိုယ် ပြန်လည် အထင်ကြီး တတ်ကြပါတယ်။ ဒါကိုပဲ သူတို့က မျော်လင့်တာ ဖြစ်ပါတယ်။

8.Smell great

အမျိုးသားတွေ ရေမွေးမကြိုက်ဘူးဆိုတာ အလကားပြောတာပါ။ ဘာပဲ ဖြစ်ဖြစ် မိန်းကလေးတစ်ယောက်မှာ အနံ့တစ်မျိုး ရှိနေတာမျိုးကို သဘောကျတတ်ကြပါတယ်။ အဲဒီအနံ့ကို စွဲလမ်းပြီး သူမရှိတဲ့အချိန်တောင် အနံ့ကလေးကို ပြန်လည် တတိရတာမျိုးတို့ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်တဲ့ ရေမွေးတစ်မျိုးမျိုးကို စွဲသုံးရန် လိုအပ်ပါတယ်။

9.Be kind to everyone

သူနဲ့တွေ့တဲ့အချိန်တိုင်း ကိုယ်က ကြင်နာတတ်တဲ့သူတစ်ယောက်ပုံစံ ရှိနေရန်လိုအပ်ပါတယ်။ ဥပမာ- ဆိုင်မှာ ထိုင်ရင်း အအေးသောက်တုန်း အလှူခံများ၊ ဒါမှမဟုတ်လည်း သူတောင်းစားများ လာတောင်းရင် လှူတန်းပေး ရပါမယ်။ အမျိုးသားက ဝမ်းနည်းစရာ တစ်ခုခု ပြောပြတဲ့အခါ အရမ်းသနားသယောင်နားထောင်ပြီး လိုက်ခံစားပေးပါ။ အမျိုးသမီးတွေရဲ့ သနားတတ်တဲ့ စိတ်ကိုလည်း အမျိုးသားတွေက နှစ်သက်ကြပါတယ်။

10 Be spontaneous and alive

ပျင်းရိနေတဲ့ပုံ ပေါက်မနေပါနဲ့။ သူနဲ့ ရှိနေစဉ် ကိုယ်က စိတ်ဝင်စားမှု သယောင်နေရပါမယ်။ သူဘာလုပ်လုပ် ကိုယ်လည်း စိတ်ဝင်တစား လိုက်လုပ်တာမျိုး ဖြစ်ပါတယ်။ ပြီးတော့ သူ့မိတ်ဆွေတို့နဲ့ မိတ်ဆက်ပေး တဲ့အခါ ရှက်ရွံ့ တဲ့အမူအရာ ဖြစ်မနေပဲ ရင်းနှီးစွာ ပြောဆို ဆက်ဆံရဲရ ပါမယ်။ အချို့ က ရှက်တတ်တဲ့ မိန်းကလေးကို သဘောကျတယ် လို့ ပြောကြပါတယ်။ အမှန်တော့ အဲလိုရှက်တာဟာ မာယာသဘော သာ ဖြစ်ပါတယ်။ မရှက်ပဲ ပွင့်ပွင့်လင်းလင်း ပြောဆို၊ သွက်လက်နေတဲ့ မိန်းကလေးကို သဘောကျတတ်ကြပါတယ်။

10.Show the guy the competition

သူဘက်က လိုက်တုန်းပဲရှိသေးတယ်။ ကိုယ်ကကြိုက်နေပြီဆိုတော့ အခြားကောင်လေးတွေကို လှည့်မကြည့် တော့တာမျိုးမလုပ်ပါနဲ့။ ကိုယ့်ကို တွေ့လို လာနှုတ်ဆက်တဲ့ မိတ်ဆွေ ကောင်လေးတွေ၊ ကိုယ်မကြိုက်ပေမယ့် တစ်ဖက်သက် သဘောကျနေတဲ့သူတွေကို ရင်းရင်းနှီးနှီး ပြောဆိုပါ။ အဲလို ရင်းရင်းနှီးနှီးပြောဆိုခြင်းကို အမျိုးသားတို့က သဝန်တိုတတ်ကြပါတယ်။ ပြီးတော့ အပြိုင်အဆိုင်တွေရှိလာပြီလို့ သတ်မှတ်ပြီး ပိုပြီးတော့ ကြိုးစားလာတတ်ကြပါတယ်။ ပြိုင်ဆိုင်မှုနဲ့ ရတဲ့ မိန်းကလေးဆိုရင် အမျိုးသားတို့က တန်ဖိုးထားတတ်ကြပါတယ်။

12.Don’t use him.

သူကိုယ့်ကို ချစ်ခွင့်ပန်ပြီးဖြစ်စေ၊ သဘောကျတဲ့အဆင့်ပဲ ရှိသေးတယ်ပဲဖြစ်စေ ဘယ်တော့မှ မခိုင်းပါနဲ့။ ပစ္စည်းမှာလိုက်တာမျိုး၊ စကားမှာခိုင်းတာမျိုးတို့ပေါ့။ အမျိုးသားတို့က အဲလိုခိုင်းတာ သိပ်မကြိုက်ချင်ကြပါဘူး။ အဲလိုခိုင်းပြီဆိုရင်လည်း သူတို့ဘက် က သေချာနေပြီလို့ အပိုင်တွက်တတ်ကြပါသေးတယ်။ ဒီတော့ ခိုင်းမယ့် အစား အကူအညီတောင်းရမှာ ဖြစ်ပါတယ်။ ကိုယ်မလုပ်နိုင်ဘူး အကူအညီ လိုအပ်တယ်ဆိုတာကို သာ သိအောင်ပြပြီး သူ့ဘက်က အလိုလို ကူညီတာကို စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ အမျိုးသားများက အဲလိုနေရာ ကျရင် လူစွမ်းကောင်းပမာ ကျေနပ်နေတတ်ကြပါတယ်။

13.Leave in a memorable manner

သူ့ကိုယ် ကိုယ့်ရဲ့ အမှတ်တရဖြစ်ရပ်လေး ပြောပြပါ။ ဒီထက်ပိုလိုအပ်တာ ကတော့ သူနဲ့ အမှတ်ရစရာ တစ်ခုခု ရှိသွားဖို့ဖြစ်ပါတယ်။ တကယ်ပဲ သာမန် ကိစ္စလေးဖြစ်နေရင်တောင် အမှတ်ရစရာ မရှိဘူးဆိုရင် အမှတ်ရစ ရာ ဖြစ်အောင် လုပ်ရပါမယ်။ ပြီးတော့ ဒါကိုလည်း တကယ်အမှတ်ရနေဖို့ လိုပါတယ်။ ဥပမာ- ပလာဇာမှာ သူနဲ့ အတူတူ ရှော်ပင်ထွက်ရင်း အဝတ်တစ်ထည် ကျန်ခဲ့တာမျိုး။ သူနဲ့ချိန်းမှ မိုးရွာပြီး ထီးမပါတာမျိုး။ အဲဒါမျိုးကို တကယ်ပဲအမှတ်ရနေသယောင် ရင်ဖွင့်ပြောပြပါ။ အဲလို သူနဲ့ အတူ အမှတ်ရပေးတဲ့ မိန်းကလေးဆိုရင် အမျိုးသားတွေက သဘောကျ တတ်ကြပါတယ်။

အထက်ပါအချက်များအတိုင်း လိုက်လံကျင့်သုံးရင် အမျိုးသားတို့ဟာ အမျိုးသမီးတစ်ဦးကို ကြိမ်းသေ သဘောကျလာမှာဖြစ်တယ်လို့ ယင်း ဝဘ်ဆိုဒ်က အာမခံထားပါတယ်။ သို့ပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ယင်း အချက်များ အတိုင်း လိုက်လံကျင့်သုံးခြင်းဟာ အမျိုးသမီးတိုင်းနဲ့ သင့်တော်တာမို့ ရေးသား မျှဝေပေးလိုက်ရပါတယ်။

ဖားကလေးနှစ်ကောင်


Thet Ko Oo
 တစ်နေ့တော့ဖားတစ်သင်းဟာ တောကြီးမျက်မည်းထဲမှာခရီးလှည့်ေ
နကြသတဲ့ အဲသည်လိုလှည့်နေတုန်း သစ်ရွှက်တွေ ၊ဖုန်တွေဖုံးနေလို့ မမြင်သာတဲ့တွင်းနက်ကြီးတစ်တွင်းထဲကို သူတို့အုပ်စုထဲက
ဖားနှစ်ကောင်ကျသွားလေရော ။ တွင်းကြီးဘယ်လောက်နင်တယ်ဆိုတာကို တွင်းနှုတ်ခမ်းမှာ ၀ိုင်းနေတဲ့ဖားတွေက မြင်ရတဲ့အခါ ကျသွားတဲ့ဖားနှစ်ကောင်ကို သူတို့က သည်လိုပြောတယ် ။
" မင်းတို့တော့သွားပြီ။ ဘယ်လိုမှပြန်တတ်လို့ရတော့မှာမဟုတ်တော့ဘူး ။ တွင်းထဲမှာပဲမင်းတို့နှစ်ကောင်သေရတော့မယ် " တဲ့ ။ တွင်းထဲကျနေတဲ့ဖားနှစ်ကောင်လည်း သူတို့အဖော်တွေ ပြောနေတဲ့
... စကားကိုလစ်လျှူရှု လိုက်ကြပြီး သူတို့ကိုယ်စွမ်းရှိသလောက် တွင်းနှုတ်ခမ်းဆီအတင်းခုန်တတ်ကြတော့တာပေါ့ ။ဝိုင်းကြည့်နေတဲ့ တွင်းနှုတ်ခမ်းက ဖားတွေလည်း တစ်ခါတည်းသံပြိုင်အော်ကြပြန်ပါလေရော။
" ဟေ့ကောင်တွေ ၊ အဲသလိုမလုပ်ကြနဲ့လေ ။ မင်းတို့ကသေကုန်တော့မှာပဲ ။ ဟာ...... ခက်တဲ့ကောင်တွေ ၊ ခုန်တတ်လို့လည်းတွင်းကအနက်ကြီးကွ ၊ ဘယ်လိုလုပ်တတ်နိုင်မှာလဲ ။ တတ်မရမဲ့အတူတူ
အေးအေးသက်သာ အသေခံလိုက်ကြပါတော့လားကွာ။ မင်းတို့ခုန်ခုန်တတ်နေတော့ အမောလည်းဆို့၊ ကိုယ်လည်းနာပြီးမှ သေရတာထက်စာရင် သည်တိုင်းလေး အေးအေးသက်သာ အသေခံလိုက်တာက
ပိုမကောင်းပေဘူးလား " ကွယ် ။
အဲသလိုပြောလွန်းမက ၀ိုင်းပြောကြတဲ့အခါ တွင်းထဲကျနေတဲ့ ဖားနှစ်ကောင်အနက်က တစ်ကောင်ကတော့ ၀ိုင်းပြောတဲ့ဖားတွေရဲ့ စကားအတိုင်းလိုက်နာပြီး ဆက်မကြိုးစားတော့ဘူး ။ အဲသည်လိုမကြိုးစားဘဲနေလိုက်ရော
သူလည်းမတ်တပ်က လဲပြီး သေပွဲကိုတန်းဝင်သွားတော့တာပါပဲ ။
ကျန်တဲ့ ဖားတစ်ကောင်ကတော့ မရပ်မနား ။ သူ့မှာရှိသမျှ အတွင်းအား၊ အပြင်အားအကုန်ထုတ်သုံးပြီးကို ခုန်ရင်း တွင်းနှုတ်ခမ်းပေါ်ကို မရောက်ရောက်အောင် ကြိုးစားနေပါတော့တယ် ။
" ဟကောင်ရာ ၊ တော်ပါတော့ဟာ။ သည်လောက်နက်တဲ့ တွင်းကြီးထဲက မင်းဘယ်လိုမှ ခုန်ထွက်နိုင်မှာ မဟုတ်ပါဘူး။ အလကား အသားအနာခံနေမယ့် အစား အသေသာခံလိုက်ပါတော့ သူငယ်ချင်းရယ် .....တဲ့။
ဒါပေမဲ့ ခုန်နေတဲ့ ဖားကရပ်ကိုမရပ်တော့ ဘူး။ သူခုန်နေတဲ့ အားထက်နှစ်ဆတိုးပြီးတောင် ထပ်ခုန်လိုက်ပါတော့တယ် ။ နောက်ဆုံးမှာတော့ တွင်းနှုတ်ခမ်းပေါ်ကို အဲဒီ့ ဖားကလေးကရောက်သွားပါတော့တယ် ။
သူလည်းတွင်းနှုတ်ခမ်းပေါ်ကိုရောက်ရော စောစောက ၀ိုင်းအော်နေတဲ့ သူ့အပေါင်းအသင်းများကလည်း သူ့ကိုဝိုင်းပြီးမေးကြတယ်။
" မင်းကွာ ငါတို့သည်လောက် တားနေတာ မကြားဘူးလားကွ"
" ဟေ "
တွင်းထဲကပြန်ထွက်လာတဲ့ ဖားကလေးကလည်း အမောဖြေရင်းနဲ့ သူ့အပေါင်းအသင်းတွေကို ရှင်းပြတယ်။
" ငါ့နားက သိပ်မကောင်းဘူးကွ။ မင်းတို့အော်နေတာ ။ငါ့ကိုတားနေတာလား ။ မသိပါဘူးကွာ၊ ငါကငါ့ကိုဝိုင်းပြီး သြဘာပေးနေတယ် မှတ်လို့ ....တဲ့"
ပုံပြင်လေးကတော့ ဒါပါပဲ။
(၁) နှုတ်နဲ့ လျှာဟာ သေစေ၊ရှင်စေနိုင်တဲ့ စွမ်းအားတွေရှိနေပါတယ် ။ လူတစ်ယောက် စိတ်ပျက်အားငယ်နေတဲ့အချိန်မှာ အားပေးစကားလေးတစ်ခွန်းလောက် ပြောလိုက်တာဟာ အဲဒီ့ လူကို အားတက်စေနိုင်ပြီး ဘ၀အမောတွေ ပြေသွားစေနိုင်ပါတယ်။
(၂) စိတ်ပျက်အားငယ်နေတဲ့ သူကို အပျက်စကား ပြောလိုက်ခြင်းအားဖြင့် အဲဒီ့လူကို သတ်လိုက်ပြန်နိုင်သေးတယ်။
ကိုယ့်ဘ၀မှာ တွေ့လာကြုံလာရသူများကိုရှင် ရေးအတွက်ပြောမိနေအောင်သတိထားဖို့ လိုပါလိမ့်မယ် ။
စကားတစ်ခွန်းရဲ့ စွမ်းအားကိုသတိထားမိကြဖို့ပါပဲ။ အားပေးစကား လေးတစ်ခွန်းကြောင့် လူတွေကိုပျော်ရွှင်အောင် ထားနိုင်ကြပါစေ ။
မှတ်ချက် ။ ။ အလင်းတန်းဂျာနယ်၊ ၀၃-၀၄-၀၀ မှပြန်လည်ဖော်ပြသည် ။

What is super Dedication ?

FW mail က တွေ့တဲ့ဟာသလေး ကြည့်ပီး ဘာကိုဆိုလိုချင်မှန်းမသိဘူး .. အဆုံးမှ သဘောပေါက်တော့တယ် .. တော်တော်လေးလည်း ရယ်မိသွားတယ် .. oh go onoh go on
တစ်ချိန်တည်း တွေးမိတာက ကိုယ်လည်း သူ့လို အလုပ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်သင့်တယ်လို့ .. chatterbox


P.S -ပုံလေးက သေးနေလို့ .. click လေး ခေါက်ပီးကြည့်နော် .. loser