ရန်ကုန်၊ ဧပြီ ၂၈
ပိာန်းအောင်
ရန်ကုန်မြို့ ရွေဗပိာု ပာိုတယ်ဘေး ရှိ မဂျီဒီယာစာသင်ကျောင်း(ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင်ကျောင်း) သို့ ယခုလ ၂၇ ရက်နေ့ နံနက် ၁ နာရီခွဲ အချိန်တွင် သကာင်္န်းဝတ် ၅ ဦးရောက်ရှိလာပြီး လုံခြုံရေးအတွက်ကင်းစောင့်နေသည့် ကျောင်းသားငယ်များအား ခိုက်ရန်ဖြစ်ပွားစေရန် စိန်ခေါ်ခြင်း၊ ငါက ဗမာဘုန်းကြီးမပာုတ်ဘူးကွ ရခိုင်ဘုန်းကြီးပာု ရန်စခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
"မင်းတို့ ဒီအချိန် အထိမအိပ်သေးဘူးလားလို့မေးတယ် ပြီးတော့ ကျောင်းသားတွေက ပူလို့မအိပ်သေးတာပါဦးဇင်းလို့ဖြေတော့။ငါ့ကို ဦးဇင်းလို့ခေါ်စရာ မလိုဘူး မင်းတို့ သတ္တိရှိလား မိုက်လား ငါက ဗမာဘုန်းကြီး မပာုတ်ဘူး ရခိုင်ကွလို့ ကြိမ်းတယ်။ဒါနဲ့ ကျောင်းကဆရာတွေနိုးလာလို့နီးစပ်ရာတွေကို အကြောင်းကြားတော့လူနည်းနည်းစုလာတော့ ချက်ခြင်းထွက်ပြေးသွားတယ်။တစ်ယောက်က တစ်ဘက်လမ်းကစောင့်နေတယ် ၊ကျောင်းရှေ့ရောက်လာတဲ့ ၄ ယောက်က ကျန်တဲ့တစ်ယောက်နဲ့ပေါင်းပြီးထွက်ပြေးသွားတယ်"ပာု မဂျီဒီယာစာသင်ကျောင်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။
အထက်ပါအတိုင်း အကြမ်းဖက်လိုသည့် အသွင်ဆောင်သည့် ရန်စမှုပြုလုပ်ပြီး နာရီဝက်ကြာသည့် အချိန်ရောက်မှ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာသည်ပာုလည်းသိရသည်။မိမိကိုယ်ကိုယ် "ငါက ဗမာဘုန်းကြီး မပာုတ်ဘူး ရခိုင်ဘုန်းကြီးကွ "ပာုကြွေးကြော်ခဲ့သည့် သကာင်္န်းဝတ်ထားသူ၏ ပုံကို အာဏာပိုင်များ အရေးယူပေးနိင်ရန်အတွက် ဖေါ်ပြပေးလိုက်ပါသည်။
ယခုလ လဆန်းပိုင်းတွင် ၄၈ လမ်းရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း မီးရှို့ခံရပြီးနောက်ပိုင်း ရန်ကုန်မြို့နှင့်မြန်မာနိင်ငံတလွားရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းများတွင် ညအချိန်တွင် အသက်အန္တရယ်လုံခြုံရေး အတွက် ကိုယ်ထူကိုယ်ထ ညကင်းများချထားနေရသည်။