ပြည်တွင်း Media တစ်ခုဖြစ် တဲ့ Eleven Media Group ဂျာနယ်ဟာ
ပြည်သူနဲ့တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲပြာအောင် တပ်မတော်အပေါ်
ရည်ရွယ်ချက်ရှိရှိစွပ်စွဲပုတ်ခတ်ရေးသားချက်တွေဆက်တိုက်ပြုလုပ်
လျှက်ရှိပါတယ်။
အဲဒီတစ်ဖက်သတ်ရေး သားချက်တွေအားလုံးကို Eleven Media Group ရဲ့ Website နဲ့ Facebook Page တွေပေါ်မှာ အများအပြားတွေ့မြင်ဖတ်ရှုနိုင်ပါတယ်။ Facebook Page ပေါ်က Eleven ရဲ့ တစ်ဖက်သတ်ရေး သားချက်ရေးသားချက်တွေကို လက်မခံလို့ သတင်းမျှမျှတတရေးသာဖို့ Comment ပေးတဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေရဲ့ အကောင့်တွေကိုလဲ Eleven က ban ခဲ့ပါတယ်။
Eleven Media Group ရဲ့ Internet စာမျက်နှာများဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ( ၇ ) ရက်နေ့မှာ ပထမအကြိမ် Hack ခြင်းခံခဲ့ရပါတယ်။
၂၀၁၂ ဒီဇင်ဘာလ ( ၇ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ
ပထမအကြိမ် Hack ခြင်းခံရတုန်းက Hacked By Kachin Cyber Army ဆိုပြီး
KIA အဖွဲ့အမည်နဲ့ Hack သွားတာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုတင်ပြလိုတာကတော့
KIA အဖွဲ့ဟာ လိုင်ဇာမှာ Server ထိုင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ISP
ကနေတဆင့် Internet ကို ကောင်းကောင်းအသုံးပြုနိုင်တယ်လို့သိရှိ ရပါတယ်။
တရုတ်နိုင်ငံက အင်တာနက်ကျွမ်းကျင်သူလူငယ်တစ်ချို့က KIA အဖွဲ့ကို လိုင်ဇာမှာ
Internet နည်းပညာတွေသင်ကြားပေးတယ်လို့လဲ သိရှိရပါတယ်။ ဒီနေ့ Facebook
ပေါ်မှာကြည့်ရင် KIA တပ်ဖွဲ့ဟာ လိုင်ဇာမှာ Internet ကိုဘယ်လောက်အထိသုံး
လို့ရတယ်ဆိုသိသာပါတယ်။ KIA ရဲ့ Facebook မီဒီယာတွေဖြစ် တဲ့ JadeLand,Lachid
Kachin,Duwa Kachin နဲ့ ABSDF က Min Htay တို့ဆီက update တက်နေတဲ့ Movies
ဖိုင်တွေက KIA ရဲ့ Internet အသုံးပြုနိုင်မှုကို သက်သေပြနေပါတယ်။ ဒီကချင်တွေရဲ့ ၀ါဒဖြန့်သတင်းမှား တွေကို အခြေခံပြီး Eleven က KIA ဘက်က အသာစီးရကြောင်း သတင်းတွေမြောက်များ စွာရေးသားခဲ့ပါတယ်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ( ၁၅) ရက် နဲ့ ( ၁၆ ) ရက်နေမှာ Eleven ရဲ့
အင်တာနက်စာမျက်နှာကို ဒုတိယနဲ့ တတိယအကြိမ်အဖြစ် Red Army Team
အဖွဲ့ကဆိုပြီး Hack ခြင်းခံရပါတယ်။
၂၀၁၃ ဇန်န၀ါရီလ ( ၁၅ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ
၂၀၁၃ဇန်န၀ါရီလ( ၁၆ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ
ဒုတိယနှင့်တတိယအကြိမ်တိုက်ခိုက်ခံရမှုကို Myanmar Express မှ DDoS
တိုက်ခိုက်ရန် လှုံဆော်ခဲ့ တဲ့အတွက် Myanmar Express က တိုက်ခိုက်တယ်လို့
စွပ်စွဲပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(က)နဲ့
အရေးယူပေဖို့ (ပ) ၅၈/၂၀၁၃ ဖြင့် တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့်
တိုင်ကြားခဲ့ပါတယ်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၈ ) ရက်နဲ့ ( ၁၀ ) ရက်နေ့တွေမှာ Blink Hacker
Group အဖွဲ့က Eleven ရဲ့ အင်တာနက်စာမျက်နှာကို Hack ခဲ့ပါတယ်။ ဒီ စတုတ္ထနဲ့
ပဉ္စမအကြိမ် တိုက်ခိုက်မှုခံရမှာမှာတော့ BHG က ၄င်းတို့
တိုက်ခိုက်တာဖြစ်တဲ့အကြောင်းကို သူတို့ရဲ့ BHG Website မှာ ကြေညာထားပါတယ်။
BHG က Eleven ရဲ့ Website ( ၅ ) ခုလုံးကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Eleven ရဲ့ Email အကောင့်တွေကိုလဲ Hack လုပ်ခဲ့တဲ့ အကြောင်းကိုလဲ BHG
Hacker တစ်ဦက Facebook ပေါ်မှာဖော်ပြခဲ့ပါတယ်။