မနေ့က ရန်ကုန်သိမ်ဖြူလမ်း YMCA မှာ ကျင်းပတဲ့ Unity for Peace Network ရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖြစ်ခဲ့ပါတယ်။
မီဒီယာအနေနဲ့ ဖိတ်ကြားခံရပေမယ့် ဧည့်သည်တော်အဖြစ်ပဲ တက်ရောက်ခဲ့ပါတယ်။
သန့်ရှင်းမွန်မြတ်တဲ့ အစ္စလာမ်သာသနာအပေါ် အထင်အမြင် လွဲမှားနေတာတွေကို
ဆရာသမားတွေက ငြိမ်းချမ်းရေးကို မက်မောစွာနဲ့ အတတ်နိုင်ဆုံး ၀ိုင်းဝန်း
ဖြေရှင်းခဲ့တာကို တွေ့ရပါတယ်။
တက်ရောက်လာတဲ့ မီဒီယာတွေကလည်း လူထုရဲ့ကိုယ်စား သံသယမေးခွန်းတွေကို အားမနာစတမ်း မေးမြန်းခဲ့တာကိုလည်း တွေ့ရပါတယ်။
မိတစ်ရာသား မီဒီယာသမားတွေထဲမှာ ထုံစံအတိုင်း စုန်းပြူး ပိုးထိုးတွေကလည်း
အွန်လိုင်းက ဖေ့စ်ဘွက်စကားလုံးတွေနဲ့ မေးကြ မြန်းကြတာကိုလည်း တွေ့ရပါတယ်။
မေးရင်း မြန်းရင်းကနေ စကားတွေထစ်ပြီး လက်တွေတုန်လာတဲ့ အစ္စလာမ်ဆန့်ကျင်ရေးမီဒီယာတစ်ခြု ဖစ်တဲ့ သဗွိုက်စ်က သတင်းထောက်ဆိုတဲ့ ကောင်လေးရဲ့ အခြေအနေကို သတိထားမိလိုက်ပါတယ်။
ကောင်လေးက အသက် (၂၉)နှစ်လို့ပြောပါတယ်။ သူ့အခြေအနေက စာပေဗဟုသုတ
နည်းလွန်းနေတယ်ဆိုတာ အကဲခတ်မိတယ်။ သူ ဖတ်နေတာ အွန်လိုင်းက အောက်စလွတ်
စာပေတွေပဲ ဖြစ်မယ်ဆိုတာလည်း သူ့မေးခွန်းတွေအရ သဘောပေါက်လိုက်ပါတယ်။
ပိုဆိုးတာက ဖြေကြားသွားတဲ့ ဆရာသမားတွေက သူမမေးခင်ကတည်းက ဖြေရှင်းပြီးသား
စကားတွေကို သူ့ခမျှာ ထပ်မေးနေတာပါ။ သတင်းသမားတစ်ယောက်လုပ်ပြီး သူ့မှာ
အကြောင်းအရာတစ်ခုအပေါ် ဖြေရှင်းပြီးသားကိစ္စကို လွယ်လွယ်နဲ့ နားမလည်နိုင်တာ
အံ့သြစရာပါ။ သူက စောဒကနဲ့ မေးနေသလို ဖြစ်လာပြီး နောက်ဆုံးမှာ သူက
တက်ရောက်လာတဲ့ လူထု ပရိတ်သတ်ကိုလည်း စော်ကားလိုက်တာကို မြင်မိတော့
မြန်မာ့မီဒီယာလောကကြီးအတွက် အတော့်ကို ရင်လေးမိပါတယ်။
သူမေးတာက...
"မွတ်စလင်မ်တွေမိန်းမတိတ်တိတ်ပု န်းယူတဲ့ကိစ္စ၊
လမ်းပေါ်မှာ သူလမ်းသွားရင် မွတ်စလင်မ်တွေက သူ့ကို လမ်းမဖယ်ပေးတဲ့ကိစ္စ၊
ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံကို အလေးမပြုတဲ့ စုံတွဲကိစ္စ"
ဒီမေးခွန်းတွေကို ဗလီဆရာကြီးတွေက ဖြေရမယ်ဆိုတာလည်း ပါသေးတယ်။
သူတောင်းဆိုတဲ့အတိုင်း ဗလီဆရာကြီးတွေကလည်း လူအများရှေ့မှာ ရှင်းနေအောင်ကို ရှင်းပြသွားပါတယ်။
ဒီတော့ သူက မကျေနပ်လို့ "ပရိတ်သတ်ကို နိုင်ငံတော်သီချင်းဆိုပြီး အလံကို
အလေးပြုပြရမယ်လို့ ထပြောပြန်ပါသေးတယ်။ ပရိတ်သတ်ကလည်း ဆိုမယ်ဆိုပြီး
ဖြစ်ကုန်ပါတယ်။
သူ့ရဲ့ လုပ်ရပ်က မေးခွန်းမေးတာနဲ့ မတူတော့တဲ့အပြင်
တက်ရောက်လာတဲ့ ပရိတ်သတ်ကိုပါ သူက အမိန့်ပေးသွားတာဟာ သူ့ကိုသူ မရှက်တတ်တဲ့
အရှက်မရှိတဲ့ လူတစ်ယောက်ဆိုတာ ပေါ်လွင်သွားပါတယ်။
ဒီနေ့တော့ သူတို့ဆီက ဘာတွေရေးမလဲ ကျနော် စောင့်ကြည့်နေပါသေးတယ်။
သူတို့က The Voice က ဒီသတင်းကို တက်မလာဘဲ Eleven က သူတို့သတင်းစာမှာ ထည့်ရေးသွားပါတယ်။
ထည့်ရေးတဲ့နေရာမှာ စကားလိမ်၊ စကားရှုပ်၊ စကားရုပ်တွေနဲ့ ဖြတ်ကပ်ဆက်လုပ်ပြီး
ရေးရင်း ငြိမ်းချမ်းရေးကို ဖျက်ဆီးသွားတာ တွေ့လိုက်ရပါတယ်။
သူတို့ အုပ်စုနှစ်ခု (The Voice နဲ့ Eleven) ဟာ မြန်မာ့နိုင်ငံရေးသမိုင်းသစ်မှာ
အမဲစက်တွေ များနေပြီဆိုတာ ခံရတဲ့သူတိုင်း သတိထားမိနေမှာပါ။ သူတို့ရဲ့
အခုလို ဆက်စပ်မှုတွေကလည်း သာမန် သွေးရိုးသားရိုးမဟုတ်တော့ဘူးဆို တာကိုလည်း သတိထားမိပါတယ်။
ပြည်တွင်း Media တစ်ခုဖြစ် တဲ့ Eleven Media Group ဂျာနယ်ဟာ
ပြည်သူနဲ့တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲပြာအောင် တပ်မတော်အပေါ်
ရည်ရွယ်ချက်ရှိရှိစွပ်စွဲပုတ်ခတ်ရေးသားချက်တွေဆက်တိုက်ပြုလုပ်
လျှက်ရှိပါတယ်။
အဲဒီတစ်ဖက်သတ်ရေး သားချက်တွေအားလုံးကို Eleven Media Group ရဲ့ Website နဲ့ Facebook Page တွေပေါ်မှာ အများအပြားတွေ့မြင်ဖတ်ရှုနိုင်ပါတယ်။ Facebook Page ပေါ်က Eleven ရဲ့ တစ်ဖက်သတ်ရေး သားချက်ရေးသားချက်တွေကို လက်မခံလို့ သတင်းမျှမျှတတရေးသာဖို့ Comment ပေးတဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေရဲ့ အကောင့်တွေကိုလဲ Eleven က ban ခဲ့ပါတယ်။
Eleven Media Group ရဲ့ Internet စာမျက်နှာများဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ( ၇ ) ရက်နေ့မှာ ပထမအကြိမ် Hack ခြင်းခံခဲ့ရပါတယ်။
၂၀၁၂ ဒီဇင်ဘာလ ( ၇ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ
ပထမအကြိမ် Hack ခြင်းခံရတုန်းက Hacked By Kachin Cyber Army ဆိုပြီး
KIA အဖွဲ့အမည်နဲ့ Hack သွားတာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုတင်ပြလိုတာကတော့
KIA အဖွဲ့ဟာ လိုင်ဇာမှာ Server ထိုင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ISP
ကနေတဆင့် Internet ကို ကောင်းကောင်းအသုံးပြုနိုင်တယ်လို့သိရှိ ရပါတယ်။
တရုတ်နိုင်ငံက အင်တာနက်ကျွမ်းကျင်သူလူငယ်တစ်ချို့က KIA အဖွဲ့ကို လိုင်ဇာမှာ
Internet နည်းပညာတွေသင်ကြားပေးတယ်လို့လဲ သိရှိရပါတယ်။ ဒီနေ့ Facebook
ပေါ်မှာကြည့်ရင် KIA တပ်ဖွဲ့ဟာ လိုင်ဇာမှာ Internet ကိုဘယ်လောက်အထိသုံး
လို့ရတယ်ဆိုသိသာပါတယ်။ KIA ရဲ့ Facebook မီဒီယာတွေဖြစ် တဲ့ JadeLand,Lachid
Kachin,Duwa Kachin နဲ့ ABSDF က Min Htay တို့ဆီက update တက်နေတဲ့ Movies
ဖိုင်တွေက KIA ရဲ့ Internet အသုံးပြုနိုင်မှုကို သက်သေပြနေပါတယ်။ ဒီကချင်တွေရဲ့ ၀ါဒဖြန့်သတင်းမှား တွေကို အခြေခံပြီး Eleven က KIA ဘက်က အသာစီးရကြောင်း သတင်းတွေမြောက်များ စွာရေးသားခဲ့ပါတယ်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ( ၁၅) ရက် နဲ့ ( ၁၆ ) ရက်နေမှာ Eleven ရဲ့
အင်တာနက်စာမျက်နှာကို ဒုတိယနဲ့ တတိယအကြိမ်အဖြစ် Red Army Team
အဖွဲ့ကဆိုပြီး Hack ခြင်းခံရပါတယ်။
၂၀၁၃ ဇန်န၀ါရီလ ( ၁၅ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ
၂၀၁၃ဇန်န၀ါရီလ( ၁၆ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ
ဒုတိယနှင့်တတိယအကြိမ်တိုက်ခိုက်ခံရမှုကို Myanmar Express မှ DDoS
တိုက်ခိုက်ရန် လှုံဆော်ခဲ့ တဲ့အတွက် Myanmar Express က တိုက်ခိုက်တယ်လို့
စွပ်စွဲပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(က)နဲ့
အရေးယူပေဖို့ (ပ) ၅၈/၂၀၁၃ ဖြင့် တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့်
တိုင်ကြားခဲ့ပါတယ်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၈ ) ရက်နဲ့ ( ၁၀ ) ရက်နေ့တွေမှာ Blink Hacker
Group အဖွဲ့က Eleven ရဲ့ အင်တာနက်စာမျက်နှာကို Hack ခဲ့ပါတယ်။ ဒီ စတုတ္ထနဲ့
ပဉ္စမအကြိမ် တိုက်ခိုက်မှုခံရမှာမှာတော့ BHG က ၄င်းတို့
တိုက်ခိုက်တာဖြစ်တဲ့အကြောင်းကို သူတို့ရဲ့ BHG Website မှာ ကြေညာထားပါတယ်။
BHG က Eleven ရဲ့ Website ( ၅ ) ခုလုံးကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Eleven ရဲ့ Email အကောင့်တွေကိုလဲ Hack လုပ်ခဲ့တဲ့ အကြောင်းကိုလဲ BHG
Hacker တစ်ဦက Facebook ပေါ်မှာဖော်ပြခဲ့ပါတယ်။
ref :pronaymin
Related Posts :
- Back to Home »
- ဟက်ကာ »
- The Voice နဲ့ Eleven ဟာ မြန်မာ့နိုင်ငံရေးသမိုင်းသစ်မှာ အမဲစက်တွေ များနေပြီဟုဆို