နိုဝင်ဘာ ၄၊ ၂၀၁၃
M-Media
လင်းလင်း
M-Media
လင်းလင်း
ရန်ကုန် ။ ။ ရန်ကုန်မြို့၊ ယုဇနပလာဇာအနီးရှိ MM (2)
ဆေးဆိုင်အား နိုဝင်ဘာ ၁-ရက် ညပိုင်းက ဖျက်ဆီးမှုနှင့် ဆေးဆိုင်ရှင်အား
ရမ်းကားရိုက်နှက်မှု တရားခံများအနက် တချို့ကိုဖမ်းဆီးအရေးယူခဲ့ပြီး
တချို့မှာ လွတ်မြောက်နေသေးကြောင်း သတင်းရရှိသည်။
အဆိုပါ ဖမ်းဆီးရမိထားသူများမှာ တာမွေမြို့နယ်အတွင်း နေထိုင်သည့်
ထက်မြက်နိုး (ဘ) ဦးမောင်မောင်ဆွေ၊ ကျော်ဒင်ဖြိုး (ဘ) ဦးကျော်ဦး၊
ဇော်မင်းထွေး (ဘ) ဦးစိုးနိုင်တို့ ဖြစ်ကာ ၎င်းတို့ကို အခင်းဖြစ်သည့်
ညတွင်းချင်းပင် ဖမ်းဆီးရမိကြောင်း ရဲအုပ် ရဲမျိုးဟိန်းက ပြောကြားကို The
Voice Weekly တွင်ဖော်ပြထားချက်အရ သိရှိရသည်။
အဆိုပါရမ်းကားမှုကြောင့် ဆေးဆိုင်ခန်းနှင့် ဆေးပစ္စည်းများ
ပျက်စီးသွားခဲ့ပြီး ရိုက်နှက်ခံရသူများမှာလည်း ဒဏ်ရာရရှိကာ
ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသနေရကြောင်းသိရသည်။
အဆိုပါ ဖမ်းဆီးအရေးယူထားသော တရားခံများအား အခင်းဖြစ်စဉ် ညပိုင်းမှာပင်
ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းမှု ပုဒ်မ ၁၁၄၊ ဖျက်ဆီးမှု ပုဒ်မ ၄၄၀၊
နာကျင်စေမှု ၃၂၅ တို့ဖြင့် တာမွေရဲစခန်းမှ အရေးယူထားကြောင်းလည်းသိရသည်။