Pages

နိုဝင်ဘာ (၆) ရက်နေ့သည် အစ္စလာမ့်နှစ်ဆန်းတစ်ရက်ဖြစ်ကြောင်း အိုလမာအဖွဲ့ချုပ်မှ အတည်ပြု


၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့သည် အစ္စလာမ့်နှစ်ဆန်းတစ်ရက်နေ့ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ယနေ့ အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချုပ်ရှိ အာလင်မ်သာသနာ့ပညာရှင်များက အတည်ပြု ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

အစ္စလာမ်ဘာသာ၏ အမိန့်ပဉာတ်ချက်အရ မွတ်စလင်မ်များအနေဖြင့် လစဉ် (၂၉) ရက် နေ၀င်ပြီးနောက် ဆန်းဦးစလအား ကြည့်ရှုရပေသည်။ ဆန်းဦးစလအား ကြည့်ရှုရန်အတွက် “ဖရ်သွေ့ကိဖာယာ” ဟုခေါ်သော မွတ်စ်လင်မ်များအတွက် မဖြစ်မနေ တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။

ယနေ့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ ညသည် အစ္စလာမ့်ခုနှစ်၏ နောက်ဆုံးလဖြစ်သော ဇစ်ဟဂ်ျဂျဟ်လ၏ (၂၉) ရက်ည ဖြစ်သောကြောင့် နိုင်ငံအ၀ှမ်းရှိ လသတင်းများအား စိစစ်ကြားနာပြီးနောက် မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် လမမြင်ကြောင်း အတည်ပြုပြီးနောက် နက်ဖန် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့သည့် ဇစ်ဟဂ်ျဂျဟ်လ (၃၀) ရက်နေ့ဖြစ်ကြောင်း ဆုံးဖြတ်ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ထို့ကြောင့် လာမည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက် (ဗုဒ္ဓဟူးနေ့) သည် အစ္စလာမ့်နှစ်ဆန်းသည့် ဟစ်ဂ်ျရီ ၁၄၃၅ ခုနှစ်၊ မုဟရ်ရမ်လ (၁) ရက်နေ့ဖြစ်ပါကြောင်း အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့၏ တာဝန်ရှိသူ အာလင်မ်သာသနာ့ရှင်တစ်ဦးမှ အလင်းမျက်ဝန်းသို့ အတည်ပြု ပြောကြားခဲ့ပါတယ်။