သတင်းထောက်အမျိုးသမီးကို ရုန့်ရင်းကြမ်းတမ်းစွာဆဲရေးတိုင်းထွာတဲ့နေမျိုးဝေ
မွတ်စလင်မ်ဆန့်ကျင်ရေး တရားတွေဟောရင်း လူပိန်းကြိုက်ဖြစ်နေတဲ့ နေမျိုးဝေ ဆိုတဲ့ပုဂ္ဂိုလ်အတွက် အနာပေါ်ဒုတ်ကျသလိုဖြစ်သွားရတဲ့မေးခွန်းကတော့ "အမျိုး ဘာသာ သာသနာကို ရှေ့တန်းတင်လွန်းအားကြီးနေတဲ့အပေါ် ဘယ်လိုမြင်သလဲ" ဆိုတဲ့မေးခွန်းပဲဖြစ်ပါလိမ့်မယ်။
"အမျိုး ဘာသာ သာသနာကို ရှေ့တန်းတင်လွန်းအားကြီးနေတဲ့အပေါ်
အစ်ကို့အနေနဲ့ ဘယ်လိုမှတ်ချက်လေးများ ပေးချင်ပါလဲရှင်"ဆိုတဲ့ ပြည့်သူ့ဆန္ဒ
ဂျာနယ်ရဲ့ သတင်းထောက် ဇူးဇူးမွန်ရဲ့ အမေးကို မတူကွဲပြားနှင့်
ငြိမ်းချမ်းရေးပါတီ ဥက္ကဌ နေမျိုးဝေ က အခုလိုပြန်ဖြေပါသတဲ့။
"လီးပဲ၊ အနားမှာရှိရင် သောက်ခွက်ဖြတ်ရိုက်ပစ်လိုက်တယ်"
မှတ်သားလောက်တဲ့ စကားတစ်ခွန်းပါပဲ။ဒီစကားကိုတော့ ပြည်သူ့ဆန္ဒဂျာနယ် အတွဲ(၁)၊ အမှတ် (၃၉) စာမျက်နှာ ၁၁ မှာဖေါ်ပြထားပါတယ်။
အစ္စလာမ်ကိုဝေဖန်နေတဲ့ နေမျိုးဝေ ရဲ့ အမျိုးသမီးသတင်းထောက်ကို
တိုင်းထွာဆဲရေး ရုန့်ရင်းကြမ်းတမ်းထားတဲ့ စကားတွေကို ပြည့်သူ့ဆန္ဒ ဂျာနယ်က
ဖေါ်ပြတဲ့အတိုင်း အပြည့် အစုံဖတ်နိင်ဖို့ ဂျာနယ်စာမျက်နှာကို
ဓာတ်ပုံနဲ့တကွဖေါ်ပြပေးလိုက်ပါတယ်။
အမိယုတ်သားနှုတ်ကြမ်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီအကြောင်းကို စာရိုက်တင်ထားတဲ့လင့်လေးတစ်ခုကိုလည်း ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်။https://www.facebook.com/kyaw.win.77398/posts/620858244641456