ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ (Malaysia) ရဲ့ အကြီးဆုံးပါတီလည်းဖြစ်၊ လက်ရှိအာဏာရပါတီလည်း ဖြစ်တဲ့ UMNO ရဲ့ (၂၀၁၃) ခုနှစ် အထွေထွေညီလာခံကြီး (General Assembly) ကို အားမန်တက်ကြွစွာ ဆင်နွှဲအပြီးသတ်ခဲ့ကြောင်း သိရှိရပါတယ်။ မလေးလူမျိုးများရဲ့ အကျိုးစီးပွါးကို ရှေ့တန်းတင်ဖို့နဲ့ အစ္စလာမ်သာသနာတော်ကို အခိုင်အမာပြုဖို့ သန္ဓိဌာန်ချ ဆုံးဖြတ်ခဲ့ကြပါတယ်။
(၂၀၁၃) ခုနှစ် အထွေထွေ ရွေးကောက်ပွဲ (GE13) မှာ ပါလီမန်အမတ်နေရာ (၁၃၃) နေရာအနက် (၈၈) နေရာကို အနိုင်ရရှိခဲ့တဲ့ Barisan Nasional (BN) ပါတီက ဦးဆောင်တဲ့ UMNO ညွန့်ပေါင်းအစိုးရပါတီဟာ မလေးလူမျိုးများနဲ့ အခြား ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများရဲ့ ထောက်ခံအားပေးမှုကို အပြည့်အဝ ရရှိထားပါတယ်။
UMNO ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားသူ လက်ရှိ ဝန်ကြီးချုပ် နာဂျစ်ရာဇာတ် (Datuk Seri Najib Tun Razak) က “မလေးရှားနိုင်ငံမှာ အစ္စလာမ်သာသနာတော်ကို ပြည်ထောင်စုသာသနာတော်အဖြစ် သတ်မှတ်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သွားမှာ ဖြစ်ပြီး ဒီအကြီးဆုံးသော မလေးပါတီအနေနဲ့ အစ္စလာမ်သာသနာတော်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း” အလေးထား ပြောဆိုသွားပါတယ်။
(၅) ရက်ကြာ ကျင်းပတဲ့ အခြေခံညီလာခံကို ပါတီဝင်ပေါင်း (၂,၇၅၉) ဦး တက်ရောက်ကြပြီး မလေးလူမျိုးများ အကျိုး ရှေ့ရှုဆောင်ရွက်ရေး၊ ရှာရီယာတရားဥပဒေ ခိုင်မာရေး၊ ပါတီကေဒါများ အင်အားကောင်းလာရေး အစရှိတဲ့ အရေးကြီးအချက်များကို အတည်ပြုခဲ့ကြပါတယ်။
ref :myanmarmuslimsvoice