ထုတ်လုပ်မှု အပြီးတိုင် ရပ်နားလိုက်ပြီဖြစ်သည့် ပေါင်မုန့်ကားလေးများ
(၁၉၅၀)ပြည့်လွန် နှစ်များက စတင်ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်း
တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ရောက်ရှိခဲ့ပြီး Volkswagen၏ ဂန္ထဝင်မြောက်
လက်ရာတစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း (၂၀၁၃)ခုနှစ်၏
နောက်ဆုံးနေ့ရက်တွင်မူ ကမ္ဘာပေါ်၌ ယင်းမော်တော်ကားလေးများ ဆက်လက်ထုတ်လုပ်မှု
လုံးဝ ရှိတော့မည် မဟုတ်ဟု Volkswagenက ကြေညာခဲ့သည်။ ဂျာမန်မော်တော်ကား
လုပ်ငန်းစုကြီးသည် ဟန်နိုဗာရှိ အဓိက ဌာနချုပ် စက်ရုံတွင် Kombi
မော်တော်ကားလေးများ ထုတ်လုပ်မှုကို (၁၉၇၉)ခုနှစ် ကတည်းက အဆုံးသတ်ခဲ့သည်။