▼
Pages
▼
အဲ့ဒါ အမေ ကွ
ကိုယ်တော်မြတ်ကြီး(ဆွ)အမေနဲ့ပတ်သက်ပြီး အမေ့ရဲ့ ရပိုင်ခွင့် ဟက် တွေကို ပြောပြနေရင် အမိန့်ရှိတော်မူတယ် ...
အကယ်၍များငါ့ကိုယ်တော်မြတ်အမေသာအသက်နဲ့ရှိနေခိုက်၊ ငါကိုယ်တော်မြတ်က အီရှာနမားဇ်အတွက် မွဆ်ဆွလာဟ် အပေါ်မှာရောက်ပြီ စူရာဟ် ဖာသွေဟာ အစပြု နေတဲ့အချိန် တစ်ဖက်ကနေ ငါကိုယ်တော်မြတ်ရဲ့ အမေက ဘေတာ(သား)မိုဟမ္မဒ် လို့ခေါ်ခဲ့ရင် ငါကိုယ်တော် အဲ့ဒီနမားဇ်ကို ဖျက်ပြီးအမေ အမိန့်ရှိပါဆိုပြီး ရှေ့မောက်မှာ ခစားဝင်တော်မူမယ်လို့ အမိန့်ရှိတော်မူတယ်။ အလ္လာဟ်ဟုအက္ကဗရ်
ဒီကနေ့ ကျွန်တော်တို့တွေနဲ့ လက်ရှိခေတ်လူငယ်တွေပိုတောင်ဆိုးသေးတယ်၊
အမေက သားရယ်အမေ့ကို ဒါလေးလုပ်ပေးပါအုံး၊
သားက ` ဟာာာဗျာ အမေတို့လည်း ခဏလေး ရုပ်ရှင်ကြည့်လို့မရဘူး အရမ်းစားတယ်´
အမေက သားရယ်အမေ့ကို ဒါလေးဝယ်ပေးပါအုံး၊
သားက ` ဟာာဗျာ အမေတို့က ခိုင်းပဲခိုင်းနေတာပဲ ´
သတိနော် .. ကုရ်အာန်ထဲမှာ မိဘနဲ့ပတ်သက်ပြီး `ဟာဗျာ´ မပြောနဲ့ `အွဖ်´ ဆိုတဲ့စကားကိုတောင်မသုံးခိုင်းထားဘူးနော်
အမေက ဖုန်းဆက်တယ် သားရယ် အိမ်ပြန်မလာသေးဘူးလား လို့မေးတော့
သားဖြစ်သူက အမေ ခဏခဏ ဖုန်းမဆက်နဲ့ဒီမှာ အလုပ်က သူဌေးတွေနဲ့စကားပြောနေတယ်တဲ့
အမေ ခများ သားနဲ့ထမင်းစားချင်လို့သူ့သားလေးပြန်မလားသေးလို့ စောင့်နေရှာတယ် အိမ်ရောက်တော့ သားကတော့ အမေသားအပြင်မှာ ထမင်းစားခဲ့တယ်ဆိုပြီး ဖုန်းကောက်ကိုင်ပြီး မတော်ရသေးတဲ့ မယားနဲ့ ပါးစပ်ဇေနာ ၊ နားဇေနာ စလုပ်တော့တယ်။
အမကတော့ သူကိုယ်တိုင် အငတ်ခံပြီး ဘယ်နှစ်ရက်နေခဲ့ပြီးလဲး ?
အော် သား ... သား .... မနေ့တနေ့ကမှ သူ့ဘဝထဲရောက်လာတဲ့ မယားလောင်း ဗိုက်ကလေးအောင့်တာနဲ့ ပြာယာခတ် ဆရာဝင်ပင့်ရမလို ဆေးခန်း ကိုပဲ ထမ်းသွားရတော့မလို သူခများ
ကိယာမသ်ဖြစ်နေတယ်။
မင်းအမေ ဘယ်နှစ်ခေါက် နေမကောင်းပဲ မင်းတို့
စားဖို့ ချက်ပြုတ်ခဲ့သလဲး ?
မင်းအမေ ဘယ်နှစ်ခေါက် နေမကောင်းပဲ မင်းတို့
ဝတ်ဖို့ အဝတ်အစားတွေကို လျှော်ဖွတ်ခဲ့သလဲး?
မင်းအမေ ဘယ်နှစ်ခေါက် နေမကောင်းဖြစ်ပြီး
ဘယ်သူကိုမှ မပြောရှာပဲ တစ်ယောက်တည်း ကျိတ်ခံစားခဲ့သလဲး ?
အော် အခုတော့ မင်းမိန်းမက မင်းအတွက် အရာရာအားလုံးဖြစ်သွားပြီးလား ?
အော်..သားမိုက် မင်းမိန်းမစကားအကုန်ယုံပြီ
မင်အခုတော့ မင်းရဲ့ မွေးမိခင်ကျေးဇူးရှင်ကို
စော်ကားနေရှာတယ်...
မင်းငယ်ငယ်က ပစ္စည်း တစ်ခုအရာ ဝတ္ထု တစ်ခုခု
အခေါက်အရေတွက်များစွာ ကြိမ်ဖန်များစွာ `ဒါဘာကြီးလဲး´ အမေလို့မေးခဲ့တိုင်း အခေါက်အရေတိုင်းမှာ ပြုံးရွှင်စွာ အဖြေပေးခဲ့တဲ့ အမေကို အခုတော့ မင်းက မေးခွန်းရဲ့ အဖြေကို နှစ်ကြိမ်ထက်ပိုဖြေရရင် မင်းလေသံက `ဟာာ အမေကလည်း ဘယ်နှစ်ခါဖြေရမလဲး ခဏခဏ ဒါပဲလာမေးနေတယ် တစ်ခါပြော မှတ်ထားပါလား´ အော် မင်းလေသံကြောင့်သူစိတ်ထဲဘယ်လောက်ခံစားလိုက်ရလေမလဲး ?
မင်းငယ်ငယ်က နို့မပျက်သေးခင်အရင် မင်းရဲ့အိပ်ချိန်က သူရဲ့ အိပ်ချိန် မင်းရဲ့ နိုးကြားချိန်က သူ့ရဲ့နိုးကြားချိန် .... သူအိပ်ချင်နေရင်တောင် မင်းအတွက် အမြဲနိုးကြားနေခဲ့တဲ့အမေ ...
အခုများ မင်းအိပ်ပျော်နေလို့ နိုးမိသွားရင်မင်းရဲ့လေသံက ... `ဟ အမေကလည်း အိပ်နေတယ်လေ မသိဘူးလား နိုးမှ ပြောလို့မရဘူးဗျာ´ အော်သားဆိုး ...
သူဘာလိုချင်လဲးမင်းသိလား ? မင်းရဲ့ငွေကြေးမဟုတ်ပါဘူးကွာ.... သူလိုချင်တာလေ..
မင်းပေးတဲ့ ဂရုဏာ ၊အကြင်နာ၊မေတ္တာ၊
သူ့အတွက်အချိန်လေးပေးပါကွာ သူတို့တွေကအသက်လေးကြီးလာရင် မင်းတို့နဲ့အတူတူ
နေချင်တာပါကွာ.....
မင်းအခု သူ့ရဲ့ ခြေထောက်လေးကို ကိုင်အမေ နေကောင်းရဲ့လား အမေစားလို့သောက်လို့ကောင်းရဲ့လား အမေဘာစားချင်လဲး သားဘာလုပ်ပေးရမလဲး ? မင်းဘယ်နှစ်ခါ မေးဖူးလဲး ?
သူလိုချင်တာ အဲ့ဒါပဲကွ ...
မင်းအလုပ် ပိုက်ဆံ မိန်းမသားရေးသမီးရေးတွေနဲ့
ရှုပ်ထွေးနေတယ် ... အမေအိုကြီးအတွက် အချိန်ပေးဖို့သတိရသေးလား ?
မင်းဘဝမှာ ဘယ်နှစ်ခါ အမေနဲ့ စိတ်လွတ်ကိုယ်လွတ်စကားပြောဖူးလဲး?
သူတို့ရဲ့ ခံစားချက်တွေကို ဘယ်လောက်ကြာကြာ
နားထောင်ပေးဖူးလဲး ?
သူတို့လိုချင်တာ မင်းပေးတဲ့ပိုက်ဆံမဟုတ်ဘူးနော် ... မင်းပေးမယ့် အကြင်နာ မေတ္တာ ဂရုဏာ
ပါကွာ ..... အချိန်ပေးကြပါ ညီနောင်တို့
အမေရယ် သာအမေ့ကို တအားလွမ်းတာပဲ
အို ယာ အလ္လာဟ် ကျွန်တော်တို့ အားလုံးကို အမေ မိဘတွေရဲ့ တန်ဖိုးကိုသိရှိပြီး သူတို့ရဲ့ ခံစားချက်တွေ၊ လိုအင်ဆန္ဒ တွေကို အခ်လားဆ် သန့်သန့်နဲ့ ပြုလုပ်ပေးနိုင်စွမ်းပေးသနားတော်မူပါ။