Pages

မြန်မာပြည်က မီဒီယာတစ်ချို့က ဒီလိုပါ

လူတစ်ယောက်က ရန်ကုန်မြို့ရဲ့ မြို့လယ်ပန်းခြံထဲမှာ လမ်းလျှောက်နေတယ်.. ရုတ်တရက်ဆိုသလို ခွေးဘီလူးတစ်ကောင်က မိန်းကလေးငယ်တစ်ဦးကို ရန်မူတိုက်ခိုက်နေတာ လှမ်းမြင်လိုက်တယ်.. သူက ပြေးသွားပြီး အဲ့ဒီခွေးကို တိုက်ခိုက်ဟန့်တားလိုက်တယ်.. သူကခွေးကိုသတ်ပြစ်ပြီး မိန်းကလေးငယ်ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ်.. ဒီဖြစ်ရပ်ကို စောင့်ကြည့်နေခဲ့တဲ့ရဲသားက သူ့ဆီလျှောက်လာပြီး ပြောတယ်..
ခင်ဗျားသူရဲကောင်းပဲ..မနက်ဖြန်သတင်းစာတွေထဲမှာ အခုလို ရဲရင့်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးက မိန်းကလေးငယ်တစ်ဦးရဲ့အသက်ကိုကယ်တင်ဆိုပြီး ဒီအကြောင်းကို ခင်ဗျားဖတ်ရလိမ့်မယ်..
ကျွန်တော်ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဗျလို့ ဒီလူကပြန်ပြောတယ်..ဒီတော့ရဲသားက
ဒါဆို ခင်ဗျားက ဘယ်ဘာသာဝင်လဲ လို့မေးတယ်..
ကျွန်တော်အစ္စလာမ်ဘာသာဝင်ပါလို့ ဒီလူက ဖြေတယ်။ နောက်နေ့ သတင်းစာတွေထဲမှာတော့
"အစ္စလာမ်အစွန်းရောက်တစ်ဦးက အပြစ်မဲ့ ခွေးတစ်ကောင်ကို သတ်ဖြတ် ဆိုပြီး ပါလာတော့တယ်။