▼
Pages
▼
ဂရိနိုင်ငံမှ ဥရောပပါလီမန်ကိုယ်စားလှယ်လောင်းအဖြစ် ဟိဂျဗ်ဝတ် မွတ်စလင်အမျိုးသမီးအား အမည်စာရင်းတင်သွင်း
မေ ၉။ အေသင်
ဂရိနိုင်ငံကိုယ်စားပြု ဥရောပပါလီမန်အမတ်လောင်းဖြစ် ဟိဂျဗ်ဝတ်မွတ်စလင်အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် အမည်စာရင်းတင်သွင်းလိုက်ပြီး မွတ်စလင်ဆန့်ကျင်ရေး ခွဲခြားမှုများကို ကြိုတင်ကာကွယ်ရန်နှင့် ဘာသာရေးလူနည်းစုတို့၏ တန်းတူရည်တူရှိမှုကိုပြသရန် ရည်ရွယ်သည်ဟု ဆိုသည်။
“ဂရိနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစားပေး နိုင်ငံရေးပါတီဖြစ်တဲ့ Eco Green Party Greece ရဲ့ အမည်စာရင်းပေးသွင်းမှုကို ခံရပါတယ်၊ ဒါဟာ ကျမရဲ့ အမြင်တွေကို အကောင်းဆုံး တုံ့ပြန်လိုက်တာပါ ”ဟု တချိန်က ယောဂဆရာမတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Anna Stamou က ပြောဆိုသည်။
မေလ ၂၅ ရက်နေ့တွင် ကျင်းပမည့် ဥရောပပါလီမန်ရွေးကောက်ပွဲအတွက် ယင်းပါတီမှ အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။ ဥရောပပါလီမန်တွင် ဂရိကိုယ်စားလှယ်အမတ်များအတွက် အမတ်နေရာ၂၁ ခု သတ်မှတ်ထားရာ ရွေးချယ်ခံရပါက ပထမဆုံး ဟိဂျဗ်ဝတ် ဥရောပပါလီမန်အမတ်တစ်ဦးဖြစ်လာမည်။
စီးပွားစီမံနှင့် ဘွဲ့ရခဲ့သူ Anna သည် တစ်ချိန်က ယောဂကျင့်စဉ်နည်းပြ ဆရာမတစ်ဦးဖြစ်ပြီး အသက် ၃၀ အရွယ်တွင် အစ္စလာမ်သာသနာသို့ သက်ဝင်ယုံကြည်ကူးပြောင်းပြီးနောက်မှ နိုင်ငံရေးသမားတစ်ဦး ဖြစ်လာသည်။
Source : Onislam