ကျမ်းတော်မြတ်ကုရ်အာန်၏ စစ်မှန်မူ့ ကိုသက်သေခံနေသော ပုံရိပ် (or) တမန်တော် နူဟ် အာလိုင်းဟေလ်စလာမ်နှင့် အွမ္မသ်သားများ စီးနှင်းခဲ့သော သင်္ဘော
ကုရ်အာန်ကျမ်းမြတ်စူရာဟူးဒ်အာယသ်နံပါတ် ၄၀တွင် ဤသို့ တိကျသော မိန့်ချွေချက်လာရှိသည်။
ﻗﺎﻝ ﺗﻌﺎﻟﻰ )) ﻭَﻗِﻴﻞَ ﻳَﺎ ﺃَﺭْﺽُ ﺍﺑْﻠَﻌِﻲ ﻣَﺎﺀﻙِ ﻭَﻳَﺎ ﺳَﻤَﺎﺀ ﺃَﻗْﻠِﻌِﻲ ﻭَﻏِﻴﺾَﺍﻟْﻤَﺎﺀ ﻭَﻗُﻀِﻲَ ﺍﻷَﻣْﺮُ ﻭَﺍﺳْﺘَﻮَﺕْ ﻋَﻠَﻰ ﺍﻟْﺠُﻮﺩِﻱِّ ﻭَﻗِﻴﻞَ ﺑُﻌْﺪﺍً ﻟِّﻠْﻘَﻮْﻡِﺍﻟﻈَّﺎﻟِﻤِﻴﻦ
َ(( ﺻﺪﻕ ﺍﻟﻠﻪ ﺍﻟﻌﻈﻴﻢ))
" အလ္လာဟ်ရှင့်ထံမှ ဤသို့ အမိန့်တော်ထုတ်ပြန် လိုက်လေသည်။ အိုမြေကြီးအသင်၏ ရေအားလုံးကို ပြန်လည် စုတ်ယူလေလော့။ အိုမိုးကောင်းကင် မိုးရွာသွန်းခြင်းကို ရပ်တန့်လေလော့။ ထိုအခါရေများလျော့ပါးသွားခဲ့သည်။ အရေးကိစ္စလည်းပြီးမြောက်ခဲ့ပြီ။ ထိုသင်္ဘောလည်း ဂျုဒီတောင်ပေါ်တွင် ရပ်နားသွားခဲ့လေသည်။ "
ဤသို့ အလ္လာဟ်ရှင်မိန်းကြားထားသည်အတိုင်း နောက်ပိုင်းပညာရှင်တို့သည် တူရကီနိုင်ငံ အရှေ့မြောက်ဘက်၌ရှိသော ဂျုဒီတောင်ပေါ်တွင် ၄င်းသင်္ဘော၏ ရုပ်ကြွင်းကို တွေ့ရှိ တူးဖော်ခဲ့ကြပြီး ကုရ်အာန်မှန်ကန်မူ့ကို အကြွင်းမဲ့ ထောက်ခံခဲ့ကြသည်။