Pages

မုစ်လင်မ်မိန်းကလေးတွေ လူမှု ကွန်ယက်တွေမှာ ဓာတ်ပုံတင်တာတွေမလုပ်ဖို့ အိန်္ဒိယသာသနာ့ပညာရှင်များ တားမြစ်


အိန်္ဒိယနိုင်ငံက အစ္စလာမ် သာသနာ့ပညာရှင်တွေက မုစ် လင်မ်မိန်းကလေးတွေ လူမှု ကွန်ယက်တွေမှာ မိမိတို့ဓာတ်ပုံ တွေတင်နေကြတာကို တားမြစ်
လိုက်တယ်လို့သိရပါတယ်။
ဒါ့အပြင် Online မှာ အိမ် ထောင်ဖက် (သို့မဟုတ်)ချစ်သူ ရည်းစားရှာဖွေကြတာကိုလည်း ခွင့်မပြုဘူးလို့သိရပါတယ်။
Facebook(သို့မဟုတ်)Socialမီဒီယာတွေမှာ ဓာတ်ပုံ တွေတင်ခြင်းကို ရှောင်ကြဉ်ကြ ရပါမယ်””လို့ အူထရာပရာ ဒေ့ခ်ျပြည်နယ် Barelli NrdKU Ithhad-e- Millat ကောင်စီရဲ့ ဥက်္ကဌMaulanaTauqui က Daily Telegrahသတင်းစာကို ပြောကြားခဲ့ပါ တယ်။
““အစ်္စလာမ့်ယဉ်ကျေးမှုအရ မိန်းကလေးတွေဟာ သူစိမ်း အမျိုးသားတွေကို မျက်နှာကို ပြသခြင်းကို တားမြစ်ထားပါ တယ်။ ဒီပုံတွေကို တခြားသူတွေ အလွဲသုံးစားပြုလုပ်နိုင်ပါတယ်။ လူမှုကွန်ယက်တွေကို မိမိတို့ အလှကိုပြသခြင်းထက် ပိုမို ကောင်းမွန်တဲ့ကိစ်္စတွေအတွက် အသုံးချသင့်ပါတယ်””လို့ သူက ပြောခဲ့ပါသေးတယ်။
“Facebook မှာဓာတ်ပုံတင် ခြင်းကို ဟရာမ်တားမြစ်ထားပါ တယ်။ ကျွန်တော်တို့ အလယ် အလတ်လမ်းစဉ်ကို ကျင့်သုံးပါ တယ်။ လူငယ်တွေက Face book(သို့မဟုတ်)Twitterမှာ Profile တွေ ပြုလုပ်နိုင်လားလို့ မေးလာရင် ကျွန်တော်တို့က ခွင့်ပြုပါတယ်လို့ပဲ ဖြေရမှာပါ။ သို့သော် ရှရီအတ်ဥပဒေအရ အမျိုးသမီးတွေ ဓာတ်ပုံတင်ဖို့ ခွင့်မပြုပါဘူး””လို့ ပညာရှင်တစ် ဦးဖြစ်တဲ့ မော်လာနာ စအီဒ် အဗ်ဗာစ်နဒ်ဝီက ပြောကြားခဲ့ပါ တယ်။
Face book နဲ့Twitter တို့ကို အလုပ်အတွက် မုစ်လင်မ်တွေ အသုံးပြုခြင်း တရားတော်အရ ခွင့်ပြုချက်ရှိပါတယ်။ ဒါကိုအ သုံးပြုပြီး ဆယ်သွယ်ကြင်ဖော် ရှာခြင်းကို တားမြစ်ထားပါ တယ်””လို့ မော်လာနာစအီဒ်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
တစ်ဦးတစ်ယောက်ဟာFace bookကို စီးပွားရေးလုပ် ငန်းတွေ၊ အပြုသဘောဆောင် ရွက်တဲ့လုပ်ငန်းတွေမှာ အသုံး ပြုနေတယ်ဆိုရင် ကိစ်္စမရှိပါဘူး။အတုအရောင်မိတ်ဆွေဖွဲ့ကြတာ တွေကတော့ အကျိုးမဖြစ်နိုင်ပါ ဘူး။ ကျွန်တော်တို့ပြောတာကFacebook,Twitter အကောင့် ပြုလုပ်ခြင်းဟာ ပညာဗဟုသုတ တိုးနိုင်တာကြောင့် ကိစ်္စမရှိပေ မယ့် ဓာတ်ပုံတင်ခြင်းကတော့ အစ်္စလာမ်နဲ့ဆန့်ကျင်ပါတယ်””လို့ လည်း မော်လာနာစအီဒ်က ဖြေ ကြားခဲ့ပါတယ်။
““ဘုရ်ကအ်(ဟေဂျာဘ်)၀တ် ဆင်ခြင်းဟာ မုစ်လင်မ်အမျိုး သမီးတွေအတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ဖရပ်ဇ်အ ချက်ဖြစ်ပါတယ်။ တခြားသူ တွေမြင်နိုင်မယ့်Facebook မှာ ဓာတ်ပုံတင်ခြင်းဟာ အစ်္စ လာမ့်ရှရီအတ်မှာ ပြုမူဆောင် ရွက်ခွင့်မရှိပါဘူး””လို့ မော်လာ နာစအီဒ်နဒ်ဝီက ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
အိန်္ဒိယနိုင်ငံရဲ့လူဦးရေ ၁.၁ဘီလီယံအနက် သန်း၁၆၀ ဟာ မုစ်လင်မ်တွေဖြစ်ပါတယ်။ အင်ဒိုနဲ့ ပါကစ်္စတန်ပြီးရင် ကမ်္ဘာမှာ မုစ်လင်မ် တတိယ အများဆုံးနိုင်ငံဖြစ်ပါတယ်။
muslimvillage.com