အစ္စလာမ်မုအလိုင်းကွမ်း ၀ရဟမသွလ်လာဟိ ၀ဗရကသူရ်..........အလ္လာဟ်ရှင်မြတ်
ငြိမ်းချမ်း သာယာမှုကို မွတ်စလင်ညီနောင်များအပေါ်သို့
ချပေးတော်မူပါစေ.......လေးစားအပ်တဲ့ မွတ်စလင်
ညီနောင်များခင်ဗျာ..........
အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များရဲ့ (၂၀)ရက်နေ့
ရက်စွဲပါ ထုတ်ပြန် ကြေငြာချက်ကို လှိုက်လှိုက်လဲလဲ ကြိုဆိုပါကြောင်းနှင့်
တရားတော်မှာရှိတဲ့ ပြဌာန်းချက်ကို အခုလို အများသိစေရန်
ထုတ်ပြန်ကြေငြာပေးခဲ့သည့်အတွက် အိုလမာ သာသနာ့ပညာရှင်များ အား ကျေးဇူးအထူး
တင်ရှိပါကြောင်း ဦးစွာရေးလိုပါတယ်။
အလ်ဟမ်ဒုလစ်လာဟ်.....အလ္လာဟ်ရှင်မြတ်ရဲ့
ကျေးဇူးတော်နဲ့ အိုလမာပညာရှင်များက Race လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့
မျိုးရိုးနဲ့ပါတ်သက်ပြီး တရားတော်အရ ပြဌာန်းချက်ကို မွတ်စလင်ညီနောင် တို့
သိရှိပြီးဖြစ်ပါတယ်။ထိုကြောင့် မိမိရဲ့မိဘဘိုးဘွားတွေရဲ့ အစဉ်အလာနှင့်
မျိုးရိုးဂုဏ်သိက္ခာကို ထိန်းသိမ်းကြစေရန် အထူးလိုအပ်ပါတယ်။
မိမိရဲ့မျိုးရိုးကိုပြောပြတဲ့နေရာမှာ လူအများက လက်ခံ သည်ဖြစ်စေ
လက်မခံသည်ဖြစ်စေ၊ အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ တရားတော်အရ
အမှန်အတိုင်း ပြောရမည်သာဖြစ်ပါတယ်။
အလ္လာဟ်ရှင်မြတ်ရဲ့ကျေးဇူးတော်မြတ်ပင်ဖြစ်ပါတယ်။ဒီနေရာမှ
တစ်ခုကို ပြတ်ပြတ်သားသား သိထားရမှာက မိမိရဲ့မျိုးရိုးကို
အများအရှေ့မှာဂုဏ်ယူဝင့်ကြွားနိုင်သော်လည်း သန်းခေါင်း စာရင်း
ကောက်ယူတဲ့အချိန်မှာ ထည့်သွင်းအသုံးပြုလို့မရပါဘူး၊ အဘယ်ကြောင့်ဆိုသော်
သန်းခေါင်စာရင်းသည်။ အိုလမာပညာရှင်များရဲ့ ထုတ်ပြန်ကြေငြာချက်ထဲက Race
ဆိုတဲ့ မျိုးရိုးနှင့် မသက်ဆိုင်ခြင်းကြောင့် ဖြစ်ပါသည်။
သန်းခေါင်းစာရင်းကောက်ယူရာတွင် မိမိ၏ဖခင်မှဘာမျိုးရိုးဖြစ်သည်၊ မိခင်မှ
ဘာမျိုးရိုးဖြစ်သည် ဟူ၍ မေးမည်မဟုတ်ပါ။
အင်ရှာအလ္လာဟ်
ပညာရှင်တို့သည် မွတ်စလင်ထုတစ်ရပ်လုံးအပေါ် စေတနာဖြင့် အမှားမတွေ့ အောင်
ထုတ်ပြန်ပေးခြင်းဖြစ်ပါသည်။၎င်းစေတနာကို ကျနော်တို့ တန်ဖိုးထားရမည်သာဖြစ်ပါ
သည်။သို့သော်လည်း လာမည့်သန်းခေါင်စာရင်းဟာ မွတ်စလင်တစ်မျိုးသားလုံးနှင့်
သက်ဆိုင် သည့်အတွက်ကြောင့် မိမိ၏သဘောဆန္ဒကို လွတ်လပ်စွာ
ထုတ်ဖော်ခွင့်ရှိပါသည်။ ထို့အတွက် ကြောင့် လာမည့်သန်းခေါင်းစာရင်းသည် Race
အပေါ်မှာ ကောက်ယူမှာမဟုတ်ပဲ၊ Ethnic ယဉ်ကျေးမှုတူ အုပ်စုအဖြစ်
ကောက်ယူမှာဖြစ်သည့်အတွက်ကြောင့် ပသီဟု ထည့်ဝင်ပါက အိုလမာ ပညာရှင်တို့၏
ထုတ်ပြန်ကြေငြာချက်နှင့် လုံးဝ ဆန့်ကျင်မှုမရှိပါ။ ဤသည် အလ္လာဟ်ရှင်မြတ်၏
ကျနော်တို့ ညီနောင်များအားပေးအပ်သော ကျေးဇူးတော်တစ်ရပ်ပင်တည်း။
ဒီနေရာမှာ
ထပ်ရှင်းပါအုန်းမည်......ပသီဟုထည့်ခြင်းသည် အိုလမာပညာရှင်များ ထုတ်ပြန်သော
ကြေငြာချက်နှင့် လုံးဝ မဆန့်ကျင်ကြောင်း ပြောလိုပါသည်။ ပသီဆိုသည်မှာ
မျိုးရိုးတစ်ခုကို ဆိုလို ခြင်းမဟုတ်၊ လွန်ခဲ့သော
နှစ်ပေါင်းတစ်ထောင်ကျော်မှသည် ရေစုံ မြေစုံမှ အရဗ်၊ ပါရှင်း၊ တူရကီ၊ တရုပ်၊
အိန္ဒိယ စသူများသည် မြန်မာ့၊ ရေမြေ သို့ရောက်လာ၍ တိုင်းရင်းသား
ပေါင်းစုံနှင့် သစ္စာရှိစွာပေါင်းဖက်ရာမှ ဖြစ်ပေါ်လာသော မျိုးဆက်ကို
မြန်မာဘုရင်တို့က ပသီဟုခေါ်ခဲ့ကြောင်း ပုဂံခေတ် ကျောက်စာတွင်
တွေ့ရှိခဲ့ပြီဖြစ်သည်။ထို့ကြောင့် ပသီဆိုသည်မှာ
မျိုးရိုးတစ်ခုကိုဖော်ညွှန်းတာ မဟုတ်သည့်အတွက် ပသီဟုထည့်သွင်းခြင်းသည်
ပြုပိုင်သော ကိစ္စပင်ဖြစ်သည်။
ဥပမာ......ပသီအုပ်စုထဲတွင်
အိန္ဒိယမျိုးနွယ်များလည်းပါဝင်နေပါသည်။ ထိုအိန္ဒိယမျိုးနွယ်ထဲတွင်
.....ကျိုလီယာ......စူရတီ.....ဘင်္ဂါလီ.....အစရှိသူတို့
ပါဝင်နေကြောင်းတွေ့ရပါသည်။ ဒါကြောင့် ပသီဆိုသည့် Ethnic ယဉ်ကျေးမှုတူညီသော
အုပ်စုထဲတွင် ကျိုးလီယာ.....စူရတီ.....ဘင်္ဂါလီ စသူတို့
ပါဝင်နေပြီးဖြစ်သည့်အတွက် ပသီဟူသည်
မျိုးရိုးတစ်ခုကိုဖော်ညွှန်းနေသည်မဟုတ်ပါ။ ကျနော်သည် မျိုးရိုးအရ
အဖေဘက်ကိုယူမည်ဆိုပါက ဟိန္ဒိုစတာနီ ဖြစ်ပါသည်။ သန်းခေါင်းစာရင်းဖြည့်စွပ်
ရာဝယ် ကျတော်သည် လူ့ယဉ်ကျေးမှုအုပ်စုကြီးဖြစ်တဲ့ ပသီကိုသာ
ရွေးချယ်မည်ဖြစ်ပါသည်။
ထို့ကြောင့်
လာမည်သန်းခေါင်းစာရင်းမှာ အလွန်အင်မတန်မှ လွယ်ကူတဲ့ Race မျိုးရိုးနဲ့
Ethnic ယဉ်ကျေးမှုတူ အုပ်စု၊ ဒီနှစ်ခုကို သေသေချာချာ ခွဲခြားသိမြင်တက်ဖို့
လိုပါသည်။ မိဘမျိုးရိုးကို ထည့်သွင်းရမည်ဟု ထင်မှတ်ခါ အဖေဘက်
လိုက်ရမလိုလို၊ အမေဘက်လိုက်ရမလိုလို၊ မထူးပါဘူး၊ ထည့်ချင်ရာထည့် ကြရမလိုလို
စတဲ့အဖြစ်ဆိုးမှ အလ္လာဟ်ရှင်မြတ်သခင် ကျနော်တို့ ညီနောင်များကို
ထိန်းသိမ်းတော် မူပါစေ........
အောင်ကျော်မိုး
ဗမာမွတ်စလင်လူငယ်ကွန်ယက်
Related Posts :
- Back to Home »
- သန်းခေါင်စာရင်းသတိပေးချက် »
- အိုလမာပညာရှင်များရဲ့ ကြေငြာချက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်