Showing posts with label သန်းခေါင်စာရင်းသတိပေးချက်. Show all posts
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုများမှ
ပသီ ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး၊ စသည်ဖြင့် ဖြည့်မည့်သူများ၊ (အထူးသဖြင့်- စူရသီ၊ ကျူလီယာ) ဖြည့်မည့်သူများ ခင်ဗျား။
ကုဒ်နံပါတ် ဖြည့်စွက်ရာတွင် (914) ဖြစ်စေရန် အထူးသတိပြုပါခင်ဗျား။
လာရောက် စာရင်းကောက်သူဖြည့်စွက်သည်မှာ (914) ဖြစ်မဖြစ်၊ ဖြည့်မဖြည့် တရားဝင် ကြည့်ရှု နိုင်ပါသည်။
မသင့်မလျော်၊ (900) အတွင်းသို့ ထည့်သွင်းဖြည့်စွက်လိုက်ခံရမည့်
နိုင်ငံသားဖြစ်သူများအနေဖြင့် နိုင်ငံခြားသား ကုဒ် (900) နှင့် (900-913) များအတွင်း လုံးဝ မရောက်ရှိစေရန် ဂရုပြုပါ။
ဘာမျှ ရှုပ်ထွေးစရာမလိုပါ။ (914) ဟုသာမှတ်ထားပါ။
(914) ဆိုသည်မှာ ကြိုတင် ကုဒ်နံပါတ် မရှိသေးသော တိုင်းရင်းသား၊ နိုင်ငံသား လူမျိုး များအတွက် အကျုံးဝင်သော သတ်မှတ်ချက်တွင် အပါအ၀င်ဖြစ်ပါသည်။
(အလွန်အရေးကြီး၍ အရိပ်အယောင်မြင်နေရ၍ သတိပေးခြင်းဖြစ်ပါသည်။)
ရခိုင်ကကန့်ကွက်တာသူတို့ အပိုင်း၊ အစ္စလာမ်ဘာသာဝင်က လွတ်လပ်စွာထည့် ဖို့အရေးကြီး တယ်၊ ပြေလည်အောင်ဆောင်ရွက် ပေးရမှာက အစိုးရမှာ တာဝန်ရှိတယ် လို့ မ.မ.လ ဥက္ကဌပြော
ရန်ကုန်၊ မတ်(၂၇)ရက်၊ ၂၀၁၄။ သတင်း-ဇောင်းလေး
“ ရခိုင်ကလည်း ဒီသန်းခေါင်စာရင်းနဲ့ ပက်သက်လို့ ကြေညာကန့်ကွက်တာက
သူတို့ဆုံးဖြတ်ချက်နဲ့ သူတို့အပိုင်းပဲ၊ ကိုယ့်ရဲ့ အစ္စလာမ်ဘာသာဝင်
နဲ့ပက်သက်ပြီးတော့ လွတ်လပ်စွာဆောင်ရွက်ဖို့လဲ အရေးကြီးတယ်’’ လို့
မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး) အဖွဲ့ ဥက္ကဌ
ဟာဂျီဦးမြင့်ထွန်းက မြန်မာမွတ်စလင်မ်မီဒီယာကို ပြောကြားခဲ့ပါတယ်။
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ မဖြည့်စွက်ဖို့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ကနေ
ရန်ကုန်မြို့ ပြည်လမ်းမပေါ်မှာရှိတဲ့ ပြည်သူ့ရင်ပြင်ရှေ့ထိ ရိုဟင်ဂျာ
အလိုမရှိကြောင်း ကြွေးကြော်သံတွေ အော်ဟစ်ပြီး မတ်လ(၂၆)ရက်နေ့က လမ်းလျှောက်
ဆန္ဒပြခဲ့တဲ့အပေါ် မ.မ.လ ဥက္ကဌကလည်း ယခုလို ပြောကြားခဲ့ပါတယ်။
“
ဆောင်ရွက်ခွင့်မရဘူးဆိုရင်တော့ ဗမာပြည်က ဗဟိုမှာရှိတဲ့ သူတွေရယ်၊
သန်းခေါင်စာရင်းကို ကောက်တဲ့ တာဝန်ရှိသူတွေရယ် UN တွေရယ်မှာ တာဝန်ရှိတယ်။
ဒါကိုပြေလည်အောင်ဆောင်ရွက်ပေးရမှာတို့
ဖြည့်ဆည်းပေးရမှာတို့၊ ပံ့ပိုးပေးကြရမှာတို့က အစိုးရမှာ တာဝန်ရှိတယ်” လို့
အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး(၅)ဖွဲ့က တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဗမာပြည်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်အားလုံးအတွက် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက
ကူညီဖို့ စီစဉ်ဆောင်ရွက်ထားကြောင်း၊ အစ္စလာမ်ဘာသာဝင်တွေကိုပါ
ဘာသာအစ္စလာမ်ဖြည့်ပြီးတာနဲ့ လူမျိုးနေရာမှာ ကိုယ်ပိုင်ပြဌာန်းချက်တွေကို
မထည့်ဖို့ မသတ်မှတ်ဖို့ သင်တန်းတွေမှာ ပြောတယ်ဆိုပြီး အထောက်အထားတွေ နဲ့
လှမ်းပြီးအကြောင်းကြားတာတွေလည်း ရှိကြောင်း၊
သန်းခေါင်စာရင်းနဲ့ပက်သက်ပြီး တာဝန်ခံထားတဲ့ သူတွေရယ်၊ UN
ကတာဝန်ခံထားတဲ့သူတွေရယ်၊ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးကနေ လှမ်းပြီးတော့
တင်ပြဆွေးနွေးဆောင်ရွက်သွားဖို့ ရှိကြောင်း ဟာဂျီဦးမြင့်ထွန်းက မြန်မာမွတ်စလင်မ်မီဒီယာကို ထပ်လောင်းပြောကြား ခဲ့ပါတယ်။
“ ရခိုင်ပြည်နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေတင်မဟုတ်ဘူး၊
တစ်ခြားဒေသမှာရှိတဲ့ ဗမာပြည်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်အားလုံးဟာ
ကိုယ့်လူမျိုးအသံကို မကြောက်မရွံ့ပဲနဲ့ ထည့်ကြပါ၊ ရဲရဲထည့်ကြ” ဖို့
မ.မ.လဥက္ကဌက အစ္စလာမ်ဘာသာဝင်များအားလုံးကို သတိပေးပြောကြားခဲ့ပါတယ်။
သန်းခေါင်စာရင်ကောက်တဲ့အချိန်မှာလည်း
ကောက်ခံတဲ့သူတွေက တစ်ကယ်လို့များ ကိုယ်ပြောတဲ့ နမယ်ကို မထည့်ပေးဘူးဆိုရင်
အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးကို အကြောင်းဖို့လိုကြောင်း ၊သန်းခေါင်စာရင်းဗဟို
ကလည်းပေးထားတဲ့နံပါတ်တွေကို အကြောင်းကြားဖို့လိုကြောင်း ၊
သန်းခေါင်စာရင်းကောက်မည့် နေ့တွင် တွေ့ကြုံရတဲ့အခက်အခဲများကို
အဖွဲ့ကြီး(၅)ဖွဲ့ ကို အမြန်ဆုံးအကြောင်းဖို့လိုကြောင်း
အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး(၅)ဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မ.မ.လ ဥက္ကဌ
ဟာဂျီဦးမြင့်ထွန်းက မြန်မာမွတ်စလင်မ်မီဒီယာကို ပြောကြားခဲ့ပါတယ်။
ကျူလီယာ မဟုတ်ဘူး
ကျိုလီယာ ပါ
အင်္ဂလိပ်စာလုံးပေါင်းအရေးမကြီးပေ မယ့် Qliyarမဟုတ်ဘူး Cholia နော်။
ကျိုလီယာ ပါ
အင်္ဂလိပ်စာလုံးပေါင်းအရေးမကြီးပေ
ကျိုလီယာလူမျိုးစုများအနေဖြင့် လူမျိုးနေရာတွင် “ကျိုလီယာ”ဟုရေးသွင်းခြင်းဖြင့် မျိုးနွယ်စု၏ ဂုဏ်ကိုထိန်းသိမ်းကြပါရန်။
(ကျိုလီယာ ဂျာမေဗလီ ဂေါ်ပက အဖွဲ့ )
စူရ်တီမျိုးနွယ်စုများအနေနဲ့ ကျိုလီယာလူမျိုးများရဲ့ မျိုးနွယ်စုဂုဏ်ထိန်းသိမ်းတဲ့ စည်းလုံးညီညွတ်မှုကို အတုယူသင့်ပါတယ်။ စူရ်တီစွန္နီဂျာမေဗလီကြီးမှာလည်း စူရ်တီလူမျိုးများ “စူရ်တီ” ဟုရေးသွင်းခြင်းဖြင့် မျိုးနွယ်စု၏ ဂုဏ်ကို ထိန်းသိမ်းကြပါရန်ဆိုတဲ့ ကြေညာချက်ရေးသားထုတ်ပြန်ဖို့ အတွက် စိတ်လိုက်မာန်ပါ တိုက်တွန်းအပ်ပါတယ်။
ကျိုလီယာ လူမျိုးများ မမေ့ပါနဲ့ ။
ကုဒ်နံပါတ် = ၉၁၄
လူမျိုး = ကျိုလီယာ
ကိုးကွယ်သည့်ဘာသာ = အစ္စလာမ်
စူရ်တီလူမျိုးများ မမေ့ပါနဲ့ ။
ကုဒ်နံပါတ် = ၉၁၄
လူမျိုး = စူရ်တီ
ကိုးကွယ်သည့်ဘာသာ = အစ္စလာမ်
(ကျိုလီယာ ဂျာမေဗလီ ဂေါ်ပက အဖွဲ့ )
စူရ်တီမျိုးနွယ်စုများအနေနဲ့ ကျိုလီယာလူမျိုးများရဲ့ မျိုးနွယ်စုဂုဏ်ထိန်းသိမ်းတဲ့ စည်းလုံးညီညွတ်မှုကို အတုယူသင့်ပါတယ်။ စူရ်တီစွန္နီဂျာမေဗလီကြီးမှာလည်း စူရ်တီလူမျိုးများ “စူရ်တီ” ဟုရေးသွင်းခြင်းဖြင့် မျိုးနွယ်စု၏ ဂုဏ်ကို ထိန်းသိမ်းကြပါရန်ဆိုတဲ့ ကြေညာချက်ရေးသားထုတ်ပြန်ဖို့ အတွက် စိတ်လိုက်မာန်ပါ တိုက်တွန်းအပ်ပါတယ်။
ကျိုလီယာ လူမျိုးများ မမေ့ပါနဲ့ ။
ကုဒ်နံပါတ် = ၉၁၄
လူမျိုး = ကျိုလီယာ
ကိုးကွယ်သည့်ဘာသာ = အစ္စလာမ်
စူရ်တီလူမျိုးများ မမေ့ပါနဲ့ ။
ကုဒ်နံပါတ် = ၉၁၄
လူမျိုး = စူရ်တီ
ကိုးကွယ်သည့်ဘာသာ = အစ္စလာမ်
အစ္စလာမ်မုအလိုင်းကွမ်း ၀ရဟမသွလ်လာဟိ ၀ဗရကသူရ်..........အလ္လာဟ်ရှင်မြတ်
ငြိမ်းချမ်း သာယာမှုကို မွတ်စလင်ညီနောင်များအပေါ်သို့
ချပေးတော်မူပါစေ.......လေးစားအပ်တဲ့ မွတ်စလင်
ညီနောင်များခင်ဗျာ..........
အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များရဲ့ (၂၀)ရက်နေ့
ရက်စွဲပါ ထုတ်ပြန် ကြေငြာချက်ကို လှိုက်လှိုက်လဲလဲ ကြိုဆိုပါကြောင်းနှင့်
တရားတော်မှာရှိတဲ့ ပြဌာန်းချက်ကို အခုလို အများသိစေရန်
ထုတ်ပြန်ကြေငြာပေးခဲ့သည့်အတွက် အိုလမာ သာသနာ့ပညာရှင်များ အား ကျေးဇူးအထူး
တင်ရှိပါကြောင်း ဦးစွာရေးလိုပါတယ်။
အလ်ဟမ်ဒုလစ်လာဟ်.....အလ္လာဟ်ရှင်မြတ်ရဲ့
ကျေးဇူးတော်နဲ့ အိုလမာပညာရှင်များက Race လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့
မျိုးရိုးနဲ့ပါတ်သက်ပြီး တရားတော်အရ ပြဌာန်းချက်ကို မွတ်စလင်ညီနောင် တို့
သိရှိပြီးဖြစ်ပါတယ်။ထိုကြောင့် မိမိရဲ့မိဘဘိုးဘွားတွေရဲ့ အစဉ်အလာနှင့်
မျိုးရိုးဂုဏ်သိက္ခာကို ထိန်းသိမ်းကြစေရန် အထူးလိုအပ်ပါတယ်။
မိမိရဲ့မျိုးရိုးကိုပြောပြတဲ့နေရာမှာ လူအများက လက်ခံ သည်ဖြစ်စေ
လက်မခံသည်ဖြစ်စေ၊ အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ တရားတော်အရ
အမှန်အတိုင်း ပြောရမည်သာဖြစ်ပါတယ်။
အလ္လာဟ်ရှင်မြတ်ရဲ့ကျေးဇူးတော်မြတ်ပင်ဖြစ်ပါတယ်။ဒီနေရာမှ
တစ်ခုကို ပြတ်ပြတ်သားသား သိထားရမှာက မိမိရဲ့မျိုးရိုးကို
အများအရှေ့မှာဂုဏ်ယူဝင့်ကြွားနိုင်သော်လည်း သန်းခေါင်း စာရင်း
ကောက်ယူတဲ့အချိန်မှာ ထည့်သွင်းအသုံးပြုလို့မရပါဘူး၊ အဘယ်ကြောင့်ဆိုသော်
သန်းခေါင်စာရင်းသည်။ အိုလမာပညာရှင်များရဲ့ ထုတ်ပြန်ကြေငြာချက်ထဲက Race
ဆိုတဲ့ မျိုးရိုးနှင့် မသက်ဆိုင်ခြင်းကြောင့် ဖြစ်ပါသည်။
သန်းခေါင်းစာရင်းကောက်ယူရာတွင် မိမိ၏ဖခင်မှဘာမျိုးရိုးဖြစ်သည်၊ မိခင်မှ
ဘာမျိုးရိုးဖြစ်သည် ဟူ၍ မေးမည်မဟုတ်ပါ။
အင်ရှာအလ္လာဟ်
ပညာရှင်တို့သည် မွတ်စလင်ထုတစ်ရပ်လုံးအပေါ် စေတနာဖြင့် အမှားမတွေ့ အောင်
ထုတ်ပြန်ပေးခြင်းဖြစ်ပါသည်။၎င်းစေတနာကို ကျနော်တို့ တန်ဖိုးထားရမည်သာဖြစ်ပါ
သည်။သို့သော်လည်း လာမည့်သန်းခေါင်စာရင်းဟာ မွတ်စလင်တစ်မျိုးသားလုံးနှင့်
သက်ဆိုင် သည့်အတွက်ကြောင့် မိမိ၏သဘောဆန္ဒကို လွတ်လပ်စွာ
ထုတ်ဖော်ခွင့်ရှိပါသည်။ ထို့အတွက် ကြောင့် လာမည့်သန်းခေါင်းစာရင်းသည် Race
အပေါ်မှာ ကောက်ယူမှာမဟုတ်ပဲ၊ Ethnic ယဉ်ကျေးမှုတူ အုပ်စုအဖြစ်
ကောက်ယူမှာဖြစ်သည့်အတွက်ကြောင့် ပသီဟု ထည့်ဝင်ပါက အိုလမာ ပညာရှင်တို့၏
ထုတ်ပြန်ကြေငြာချက်နှင့် လုံးဝ ဆန့်ကျင်မှုမရှိပါ။ ဤသည် အလ္လာဟ်ရှင်မြတ်၏
ကျနော်တို့ ညီနောင်များအားပေးအပ်သော ကျေးဇူးတော်တစ်ရပ်ပင်တည်း။
ဒီနေရာမှာ
ထပ်ရှင်းပါအုန်းမည်......ပသီဟုထည့်ခြင်းသည် အိုလမာပညာရှင်များ ထုတ်ပြန်သော
ကြေငြာချက်နှင့် လုံးဝ မဆန့်ကျင်ကြောင်း ပြောလိုပါသည်။ ပသီဆိုသည်မှာ
မျိုးရိုးတစ်ခုကို ဆိုလို ခြင်းမဟုတ်၊ လွန်ခဲ့သော
နှစ်ပေါင်းတစ်ထောင်ကျော်မှသည် ရေစုံ မြေစုံမှ အရဗ်၊ ပါရှင်း၊ တူရကီ၊ တရုပ်၊
အိန္ဒိယ စသူများသည် မြန်မာ့၊ ရေမြေ သို့ရောက်လာ၍ တိုင်းရင်းသား
ပေါင်းစုံနှင့် သစ္စာရှိစွာပေါင်းဖက်ရာမှ ဖြစ်ပေါ်လာသော မျိုးဆက်ကို
မြန်မာဘုရင်တို့က ပသီဟုခေါ်ခဲ့ကြောင်း ပုဂံခေတ် ကျောက်စာတွင်
တွေ့ရှိခဲ့ပြီဖြစ်သည်။ထို့ကြောင့် ပသီဆိုသည်မှာ
မျိုးရိုးတစ်ခုကိုဖော်ညွှန်းတာ မဟုတ်သည့်အတွက် ပသီဟုထည့်သွင်းခြင်းသည်
ပြုပိုင်သော ကိစ္စပင်ဖြစ်သည်။
ဥပမာ......ပသီအုပ်စုထဲတွင်
အိန္ဒိယမျိုးနွယ်များလည်းပါဝင်နေပါသည်။ ထိုအိန္ဒိယမျိုးနွယ်ထဲတွင်
.....ကျိုလီယာ......စူရတီ.....ဘင်္ဂါလီ.....အစရှိသူတို့
ပါဝင်နေကြောင်းတွေ့ရပါသည်။ ဒါကြောင့် ပသီဆိုသည့် Ethnic ယဉ်ကျေးမှုတူညီသော
အုပ်စုထဲတွင် ကျိုးလီယာ.....စူရတီ.....ဘင်္ဂါလီ စသူတို့
ပါဝင်နေပြီးဖြစ်သည့်အတွက် ပသီဟူသည်
မျိုးရိုးတစ်ခုကိုဖော်ညွှန်းနေသည်မဟုတ်ပါ။ ကျနော်သည် မျိုးရိုးအရ
အဖေဘက်ကိုယူမည်ဆိုပါက ဟိန္ဒိုစတာနီ ဖြစ်ပါသည်။ သန်းခေါင်းစာရင်းဖြည့်စွပ်
ရာဝယ် ကျတော်သည် လူ့ယဉ်ကျေးမှုအုပ်စုကြီးဖြစ်တဲ့ ပသီကိုသာ
ရွေးချယ်မည်ဖြစ်ပါသည်။
ထို့ကြောင့်
လာမည်သန်းခေါင်းစာရင်းမှာ အလွန်အင်မတန်မှ လွယ်ကူတဲ့ Race မျိုးရိုးနဲ့
Ethnic ယဉ်ကျေးမှုတူ အုပ်စု၊ ဒီနှစ်ခုကို သေသေချာချာ ခွဲခြားသိမြင်တက်ဖို့
လိုပါသည်။ မိဘမျိုးရိုးကို ထည့်သွင်းရမည်ဟု ထင်မှတ်ခါ အဖေဘက်
လိုက်ရမလိုလို၊ အမေဘက်လိုက်ရမလိုလို၊ မထူးပါဘူး၊ ထည့်ချင်ရာထည့် ကြရမလိုလို
စတဲ့အဖြစ်ဆိုးမှ အလ္လာဟ်ရှင်မြတ်သခင် ကျနော်တို့ ညီနောင်များကို
ထိန်းသိမ်းတော် မူပါစေ........
အောင်ကျော်မိုး
ဗမာမွတ်စလင်လူငယ်ကွန်ယက်
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်နေ့စွဲဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ
အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် အိုလမာ အစ္စလာမ်
သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ မကြာမီကောက်ယူတော့မည့်
သန်းခေါင်စာရင်းနှင့်ပါတ်သက်၍ သိသင့်သိထိုက်သည့် အခြေအနေတချို့အား
အစ္စလာမ်ဘာသာရေးရှုထောင့်ဖြင့် သဘောထားကြေငြာချက်တစ်စောင်ကို
ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
စာမျက်နှာ (၂) မျက်နှာပါဝင်သည့် အဆိုပါကြေငြာချက်မူရင်းအား အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းမှာ လူမျိုး ၁၃၅-မျိုးကို အခြေခံထားပြီး တခြားရှိလာတဲ့ လူမျိုးစုများကို ထပ်ထည့်မည်ဟု ၀န်ကြီး ဦးခင်ရီ ပြောကြား
ဒီဇင်ဘာ ၁၀၊ ၂၀၁၃
M-Media
အမ်တူးအေ
ရန်ကုန် ။ ။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း
များ အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးခင်ရီမှ တွေ့ဆုံပြီး ၂၀၁၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့် စပ်လျဉ်းသည့်
ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည့် တွေ့ဆုံပွဲကို ယနေ့ မနက်ပိုင်းက
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲ၌ သန်းခေါင်စာရင်းကောက်ယူမည့် အချက်အလက်များကို
အဓိကရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၊ အရပ်ဖက်
လူမှုအဖွဲ့အစည်းများမှ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြ သည်။
ဝန်ကြီးဦးခင်ရီမှ သန်းခေါင်စာရင်းတွင် လူမျိုးစု ၁၃၅-မျိုးကို အခြေခံပြီး
ထည့်သွင်းထားကြောင်း တခြားသောလူမျိုးစုတွေ ရှိလာရင် နောက်ပိုင်း
စဉ်းစားမည့်အကြောင်းပြောကြားသည် ။
“လူမျိုးစုဆိုလည်း ၁၃၅-မျိုးရှိတယ်။ ဒီ ၁၃၅-မျိုးကို အခြေခံပြီး ထည့်ထား
တယ်။ တခြားလူမျိုးစုတွေ ရှိလာရင် ထပ်ထည့်မယ်။”ဟု ၎င်းက ပြောကြားခဲ့ သည်။
သန်းခေါင်စာရင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃-ခုနှစ်တွင် ပထမ
အကြိမ်၊ ၁၉၈၃-ခုနှစ်တွင် ဒုတိယအကြိမ်ကောက်ယူပြီး ယခု နှစ် ၃၀ အကြာ တွင်မှ
ထပ်မံ ကောက်ယူနိုင်ခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူ ခြင်းသည်
နိုင်ငံတော်အနေနဲ့ မည်သည့်နေရာမှာ မည်သို့ လုပ်ဆောင်ပေး ရမည် ဆိုသည်ကို
သိရန်ဖြစ်သည့်အတွက် မှန်မှန်ကန်ကန်ဖြေဆိုရန်ု လိုကြောင်း၊ မိနစ် ၃၀-စာ
အချိန်ပေးရုံမျှနှင့် မိမိနိုင်ငံအတွက် ၁၀-နှစ်စာ investment များကို
သိရှိနိုင်မည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာ၌ ပြည်သူများ
အဆင်ပြေအောင် အဘက်ဘက်မှ စီစဉ်ထားကြောင်း၊ မိမိအနေနှင့်လည်း KNU မှ
ပုဂ္ဂိုလ်များနှင့် ယခင်ကတည်းမှ ရင်းနှီးနေသည်ဖြစ်၍ သံယောဇဉ်ရှိကြောင်း၊ ယခု
သန်းခေါင်စာရင်းကောက်ယူမှုတွင် မည်သူမည်ဝါ ဖြစ်သည်ကို အဓိကမထားပဲ လူဟူ၍သာ
သဘောထားကြောင်း၊ ၈၂-ခုနှစ် ဥပဒေနှင့် ကိုက်ညီရင်အဆင်ပြေကြောင်း၊ နိုင်ငံသား
မဟုတ်သူများကိုလည်း သန်းခေါင်စာရင်းကောက်ယူပြီးချိန်တွင်
အရည်အချင်းမီပါက နိုင်ငံသားအဖြစ် သတ်မှတ်မည်ဖြစ်ပြီး မွေးရာပါ
နိုင်ငံသားအနေနှင့်မဟုတ်ပဲ ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရှိမည်ဖြစ်ကြောင်း၊
သန်းခေါင်စာရင်းကောက်ယူမှုမှာ တိုင်းရင်းသားဖြစ်ရေး မဖြစ်ရေးတို့ကို
အဓိကထားခြင်းမဟုတ်ပဲ လူဦးရေစာရင်းကို ကောက်ယူခြင်းသာဖြစ်ပြီး အထင်အမြင်
မလွဲမှားစေလိုကြောင်း၊ တခြားမသိနားမလည်သေးသူများအားလည်း ယခု တက်ရောက်လာသူများမှ ရှင်းလင်းပြောပြပေးပါရန်တို့ကို ပြောကြားသွားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ သိလိုသည်များကို
မေးမြန်းခဲ့ကြပြီး ၀န်ကြီးဦးခင်ရီနှင့် ပြည်သူ့အင်အားဦးစီးဌာနအဖွဲ့ဝင် များမှ ပြန်လည် ဖြေကြားပေးခဲ့ကြသည်။
၂၀၁၄ သန်းခေါင်စာရင်းတွင် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းအနေဖြင့် ကိုးကွယ်သည့်ဘာသာနှင့် လူမျိုးအမည်ဖြည့်စွက်ခြင်းနှင့်ပတ်သက်၍ ကြေညာချက်
ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၁၄ခုနှစ် မတ်လ (၃၀) ရက်နေ့မှ ဧပြီလ
(၁၀)ရက်နေ့ထိ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း
ကောက်ယူတော့မည်ဖြစ်ပါသည်၊
ယခုအကြိမ်ကောက်ယူမည့် သန်းခေါင်စာရင်းသည် ကုလသမဂ္ဂအဖွဲ့ကြီးနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားခြင်းကြော င့် ပွင့်လင်းမြင်သာမှု၊ နိုင်ငံတကာ ပူပေါင်းဆောင်ရွက်မှု အပါအဝင် နိုင်ငံတကာစံနှုန်းများနှင့် အညီ
လိုက်နာရမည့်အချက်များ ရှိလာပါသည်။ ခန့်မှန်းကုန်ကျငွေ အမေရိကန် ဒေါ်လာ
၅၈.၅ သန်းဖြစ်ပါသည်။ မိသားစုတစ်ခုအတွင်း အချက်(၄၁)ချက်ပါ
မေးခွန်းများပါဝင်ပြီး ဆောင်ပုဒ်မှာ "ပြည်သူအားလုံး ပါဝင်လို့၊
သန်းခေါင်စာရင်း ကောက်ကြစို့" ဟူ၍ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းအနေဖြင့် မြို့နယ်၊ ရပ်ကွက်အလိုက် သန်းခေါင်းစာရင်း အထောက်အကူပြုကော်မတီများဖွဲ့ စည်း၍
ပြည်သူများကို အသိပညာပေးခြင်း၊ လာရောက်ကောက်ယူမည့် ကော်မတီများကို
ကူညီပံ့ပိုးခြင်းများ ဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
ကိုးကွယ်သည့်ဘာသာ "အစ္စလာမ်" ဟုသာဖြည့်စွက်ရန်
ကိုးကွယ်သည့်ဘာသာတွင် (၁) ဗုဒ္ဓဘာသာ၊ (၂) ခရစ်ယာန်၊ (၃) အစ္စလာမ်၊ (၄) ဟိန္ဒူ၊ (၅) နတ်ကိုးကွယ်မှု၊ (၆) အခြား ဟူ၍ရှိရာ အစ္စလာမ်ဘာသာဝင်များအနေဖြင့်
"အစ္စလာမ်"ဟုသာ ဖြည့်စွက်ကြရမည်ဖြစ်ပါသည်။ စွန်နီ၊ ရှီအဟ်၊ ဟနဖီ၊ ရှာဖိအီ၊
မွတ်စလင်မ် စသည့် မည်သည့်ဝေါဟာရကိုမျှ ပြောဆိုဖြည့်စွက်ခြင်းမပြုရ ပါ။
ယင်းသို့ပြုခဲ့သော် “အခြား”ဟူသော စာရင်း၌ ထည့်သွင်းခံရမည်ဖြစ်၍ "အစ္စလာမ်"ဟူသော စာရင်းတွင် လျော့နည်းသွားမည်ဖြစ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာကိုးကွယ်သူ အရေအတွက်ကို အတိအကျမသိရှိကြပါ။ အရှိအတိုင်း တိကျစွာသိရှိပါမှ သာသနာရေးဆိုင်ရာ စီမံကိန်းများနှင့် ရပိုင်ခွင့်များကို မှန်ကန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည် ။
လူမျိုးအမည်ဖြည့်စွက်ခြင်း
-------------------------- ----
ယခုအခါ လူမျိုးစု အသီးသီးက သက်ဆိုင်ရာ လူမျိုးစုအမည်မှန်ဖော်ထုတ်ေ ရး၊ လူမျိုးစုဝင်အရေအတွက် တိကျစွာ ဖော်ထုတ်ရေးနှင့် လူမျိုးစုဆိုင်ရာ ညီလာခံများကျင်းပရေး စသည်တို့ကို ဆောင်ရွက်လျက်ရှိနေကြပါသည်။
မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းအနေဖြင့်လည်း ဘာသာရေးနှင့် လူမျိုးရေးစည်းခြားကာ မိမိတို့၏ သမိုင်းဝင်၊ ပြန်တမ်းဝင် လူမျိုးအမည်မှန် ရွေးချယ်ရေး၊ ပျောက်ဆုံးနေသော အမျိုးသားခေါင်းဆောင်မှုဖော် ထုတ်ရန် မြန်မာမွတ်စလင်မ် ညီလာခံတစ်ရပ်ကျင်းပရေးမှာ အထူး လိုအပ်နေပါသည်။
သို့မှသာ အနာဂတ် အမျိုးသားရေးရာကိစ္စရပ်များကို တိကျသောအမျိုးသားခေါင်းဆောင်မှုဖြင့် မှန်ကန်ထိရောက် စွာ ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ လူမျိုးအမည်ဖြည့်စွက်ခြင်းနှင့် စပ်လျဉ်း၍ သိရှိရန်မှာ…
(၁) ယခုကောက်ယူမည့် သန်းခေါင်စာရင်းသည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကိုသာ အခြေခံကောက်ယူမည်ဖြစ်ရာ ၁၃၅ မျိုးတွင် မပါဝင်သော ကျန်လူမျိုးစုများစာရင်းကို သက်ဆိုင်ရာ လူမျိုးအမည်လိုက် ကာယကံရှင်ပြောသည့်အတိုင်း ဖြည့်စွက်ပြီးနောက် “ အခြား’’ ဟူသောခေါင်းစဉ်အောက်၌ ထည့်သွင်းမည်ဖြစ်ပါသည်။
(၂) လူမျိုးအမည်ဖြည့်စွက်ရာတွင်
လက်ရှိညွှန်ကြားချက်များအရ အသက်၁၅နှစ်အထက်ဖြစ်ပါက ကာယကံရှင် ဖြေဆိုသည့်
အတိုင်းသာ ဖြည့်စွက်ရမည်ဖြစ်ပြီး ၁၅ နှစ်အောက် ကလေးများအတွက်
မိဘ/အုပ်ထိမ်းသူများ ဖြေကြားသည့်အတိုင်းသာ ဖြည့်စွက်ရမည်ဖြစ်ပါသည်။
လက်ရှိကိုင်ဆောင်ထားသော မှတ်ပုံတင်/ နိုင်ငံသားကဒ်နှင့် အိမ်ထောင်စုစာရင်းပါ လဝက မှတ်တမ်းလူမျိုးအမည်များနှင့် တိုက်ဆိုင် စစ်ဆေးမည် မဟုတ်ပါ။
(၃) ထိုမျှသာမက ကာယကံရှင်သည် ဖခင်ဘက် လူမျိုးအမည်ကိုဖြစ်စေ၊ မိခင်ဘက် လူမျိုးအမည်ကိုဖြစ်စေ ရွေးချယ်ပိုင်ခွင့် ရှိနေပါသည်။ ဥပမာ- မွန်လူမျိုး ဖခင်နှင့် ရှမ်း/တရုတ်လူမျိုး မိခင်မှ မွေးဖွားလာသူသည် နိုင်ငံသားကဒ်ထဲတွင် မွန်+ရှမ်း/ တရုတ် လူမျိုးဟု ဖော်ပြထားရာ ကာယကံရှင်က ဖခင်လူမျိုး “မွန်’’ ဟုရွေးချယ်ပါက သန်းခေါင်းစာရင်းတွင် “မွန်’’ဟုသာ ဖြည့်စွက်ရမည်ဖြစ်ပြီး ကာယကံရှင်က မိခင်ဘက်လိုက်လိုပါက “ရှမ်း/တရုတ်’’ ဟုသာ ဖြည့်စွက်ရမည်ဖြစ်ပါသည်။
ထို့အတူ ကရင် ဖခင်နှင့် ဗမာ+ချင်း မိခင် ထိုမှမွေးဖွားလာသူသည် လဝက မှတ်တမ်းအရ နိုင်ငံသားကဒ်တွင် “ကရင်+ဗမာ+ချင်း’’ဟု ဖော်ပြထားရာ ယခုသန်းခေါင်စာရင်းတွင် ကာယကံရှင်က “ကရင်’’ ဖြစ်စေ “ဗမာ+ချင်း’’ ဖြစ်စေ ရွေးချယ်ပိုင်ခွင့်ရှိပါသည် ။
(၄) မြန်မာမွတ်စလင်မ် လူ့အဖွဲ့စည်းဝင်တို့၏ နိုင်ငံသားကဒ်များတွင် လဝက မှတ်တမ်းအရ လူမျိုးအမည်တွင် လူမျိုးနှစ်မျိုးမှ ၆မျိုး အထိပါဝင်နေပြီး မလိုအပ်ဘဲ နိုင်ငံခြားတိုင်းပြည် အမည်များပါ ပါဝင်နေရာ ယခုအခါ သန်းခေါင်းစာရင်း အတွက် အထက်ပါအတိုင်းဖခင်ဘက်ဖြစ်စေ ၊ မိခင်ဘက်ဖြစ်စေ လူမျိုးတစ်မျိုးအမည်ရွေးချယ်ရန် အခက်အခဲရှိနေပါသည်။
ဥပမာ- (၁)အိန္ဒိယ+ဗမာ (၂)ပါကစ္စတန်+ဗမာ (၃)အိန္ဒိယ+ဗမာ+မွန် (၄)ပါကစ္စတန်+ဗမာ+ကချင် (၅)ဘင်္ဂါလီ+ကရင်+ရှမ်း (၆)ဗမာ+ပသီ+တူရကီ+ရခိုင် (၇)မဂို+ဗမာ+ကချင်+ရှမ်း+ပအို့ဝ်+ကရင် စသည့်တို့ဖြစ်ပါသည်။
ထိုမျှသာမက ယခုအခါ အချို့ လဝကရုံးများတွင် အစ္စလာမ်ဘာသာဝင်ဖြစ်လျှင် ဗမာလူမျိုးမဖြစ်စေရ ဟူသော ဥပဒေနှင့် မကိုက်ညီသည့် လုပ်ရပ်များလည်းကြုံတွေ့နြေ ကရပါသည်။
ထို့ကြောင့် မြန်မာမွတ်စလင်မ်တို့အဖို့ မိမိတို့လူမျိုး အမည်ကို သူတစ်ပါးက ပေးခြင်းထက် မိမိကိုယ်တိုင် မြန်မာသမိုင်းဝင် ပြန်တမ်းဝင်အမည်မျိုးကို ရွေးချယ်ရမည်ဖြစ်ပါသည်။
မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းဝင်များ လူမျိုးအမည် ဖြည့်စွက်ခြင်း
(၁) ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ အစရှိသည့် တိုင်းရင်းသားလူမျိုးစုများ အတွင်းမှ အစ္စလာမ် ဘာသာကိုးကွယ်သူများသည် လူမျိုးအမည်တွင် မိမိတို့သက်ဆိုင်ရာ လူမျိုးအမည်ကိုသာဖော်ပြပြီး ကိုးကွယ်သည့် ဘာသာကို အစ္စလာမ်ဟုဖော်ပြရန်၊
ဥပမာ-(၁) ကခ်င္လူမ်ိဳး/ အစၥလာမ္ဘာသာ (၂) ကရင္လူမ်ိဳး/ အစၥလာမ္ဘာသာ (၃)ရှမ်းလူမျိုး/ အစ္စလာမ် ဘာသာ (၄) မွန်လူမျိုး/
အစ္စလာမ်ဘာသာ ဟူ၍ဖြစ်ပါသည်။ ယင်းသို့ တိုင်းရင်းသား သွေးပါသူများသည်
သန်းခေါင်းစာရင်းမကောက်ယူမီ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများသို့ ယခုကတည်းက ကြိုတင်ဆက်သွယ် စာရင်း ပေးထားခြင်းဖြင့် ၄င်းတို့၏ စာရင်းမှန်ဖော်ထုတ်ခြင်းကို ကူညီရာရောက်ပါသည်။
(၂) နိုင်ငံခြားသားမှတ်ပုံတင်ကဒ် (FRC) ဖြစ်စေ၊ နိုင်ငံသားပြုခွင့်ရသူကဒ် (UCC) ဖြစ်စေ ကိုင်ဆောင်ထားသူများအနေဖြင့် 
သန်းခေါင်းစာရင်းတွင် မိမိတို့ကဒ်ပါ လူမျိုးအမည်အတိုင်း အိန္ဒိယဖြစ်စေ။
ပါကစ္စတန်ဖြစ်စေ၊ ဘင်္ဂါလီဖြစ်စေ၊ တရုတ်ဖြစ်စေ ဖြည့်သွင်းရမည် ဖြစ်ပါသည်။
သို့သော် နိုင်ငံခြားသားကဒ်/
နိုင်ငံသားပြုခွင့်ရသူကဒ် ကိုင်ဆောင်သူနှင့် ဒေသခံ မြန်မာနိုင်ငံသား
ပေါင်းဖက်မွေးလာသူအနေဖြင့် လဝက မှတ်တမ်းအရ အိန္ဒိယ+ဗမာ။ ပါကစ္စတန်+ ဗမာ။
မဂို+ဗမာ။ စူရတီ+ဗမာ။ ဘင်္ဂါလီ+ကရင်။ အာဖဂန်+ရှမ်း။
မေမန်+ကရင်စသည်ဖြင့်ရေးထားသော်လည်း စသည်ဖြင့် ဖခင်သို့မဟုတ် မိခင်ဘက်
နိုင်ငံခြားသား အဖြစ်ကို စွန့်လွှတ်လိုက်ပြီးဖြစ်၍ မြန်မာမွတ်စလင်မ်
လူ့အဖွဲ့အစည်းဝင် အဖြစ်ခံယူခွင့်ရှိနေပါသည်။
မှတ်ချက်….. မိမိတို့ ဘိုးဘွား လူမျိုးအမည်နှင့် ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းလိုသဖြင့် စူရတီ၊ မေမန်၊ ဘင်္ဂါလီ၊ နရ်ဆာပူရီ စသည်ဖြင့် သုံးစွဲပြောဆိုသူများ အနေဖြင့် လူမျိုးအမည်ကို လွတ်လပ်စွာရွေးချယ်နိုင်ပါသ ည်။
ကျိုလီယာ ဟူသော လူမျိုးအမည်ကို သန်းခေါင်စာရင်းတွင် မသုံးအပ်ပါ။
တမီလ်ဟူသော နိုင်ငံခြားသားစာရင်းဖြင့် ရောထွေးရှုပ်ထွေး သွားနိုင်ပါသည်။
(၃) ရိုဟင်ဂျာ ကိစ္စမှာ သက်ဆိုင်ရာ ကာယကံရှင်များနှင့် နိုင်ငံတော် အစိုးရဖြေရှင်းလျက်ရှိနေပါသ ည်။
(၄) ကမန်လူမျိုးစု၊ ပန်းသေးလူမျိုးစုနှင့် ပသျှုးလူမျိုးစုများအနေဖြင့်  မိမိတို့ကိုယ်တိုင် မိမိတို့ လူမျိုးစု အမည်ကို ရွေးချယ် ဖြည့်စွက်ကြရမည်ဖြစ်ပါသည်။
(၅) အထက်ဖော်ပြပါ အုပ်စု (၄)စုတွင်လည်း မပါ၊ ဗမာလူမျိုးအဖြစ်လည်း တရားဝင်စာရင်းအသွင်းမခံရ၊ ကုလားလည်း မဟုတ်သူများအနေဖြင့် သန်းခေါင်းစာရင်းတွင် “ပသီခေါ် မြန်မာမွတ်စလင်မ်”လူမျိုးအြ ဖစ်
ဖြည့်စွက်ကြပါရန် အသိပေး အပ်ပါသည်။ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)၏
“အဘယ်ကြောင့် ပသီခေါ် မြန်မာမွတ်စလင်မ်လူမျိုးဟု
သုံးစွဲဖြည့်စွက်ရမည်နည်း’’ ဟူသော ရှင်းလင်းချက်တွင် လေ့လာနိုင်ကြပါသည်။
ငြိမ်းချမ်းမှုတည်ဆောက်ရေးကွ န်ရက်
ယခုအကြိမ်ကောက်ယူမည့် သန်းခေါင်စာရင်းသည် ကုလသမဂ္ဂအဖွဲ့ကြီးနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားခြင်းကြော
ထို့ကြောင့် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းအနေဖြင့် မြို့နယ်၊ ရပ်ကွက်အလိုက် သန်းခေါင်းစာရင်း အထောက်အကူပြုကော်မတီများဖွဲ
ကိုးကွယ်သည့်ဘာသာ "အစ္စလာမ်" ဟုသာဖြည့်စွက်ရန်
ကိုးကွယ်သည့်ဘာသာတွင် (၁) ဗုဒ္ဓဘာသာ၊ (၂) ခရစ်ယာန်၊ (၃) အစ္စလာမ်၊ (၄) ဟိန္ဒူ၊ (၅) နတ်ကိုးကွယ်မှု၊ (၆) အခြား ဟူ၍ရှိရာ အစ္စလာမ်ဘာသာဝင်များအနေဖြင့်
ယင်းသို့ပြုခဲ့သော် “အခြား”ဟူသော စာရင်း၌ ထည့်သွင်းခံရမည်ဖြစ်၍ "အစ္စလာမ်"ဟူသော စာရင်းတွင် လျော့နည်းသွားမည်ဖြစ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာကိုးကွယ်သူ အရေအတွက်ကို အတိအကျမသိရှိကြပါ။ အရှိအတိုင်း တိကျစွာသိရှိပါမှ သာသနာရေးဆိုင်ရာ စီမံကိန်းများနှင့် ရပိုင်ခွင့်များကို မှန်ကန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်
လူမျိုးအမည်ဖြည့်စွက်ခြင်း
--------------------------
ယခုအခါ လူမျိုးစု အသီးသီးက သက်ဆိုင်ရာ လူမျိုးစုအမည်မှန်ဖော်ထုတ်ေ
မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းအနေဖြင့်လည်း ဘာသာရေးနှင့် လူမျိုးရေးစည်းခြားကာ မိမိတို့၏ သမိုင်းဝင်၊ ပြန်တမ်းဝင် လူမျိုးအမည်မှန် ရွေးချယ်ရေး၊ ပျောက်ဆုံးနေသော အမျိုးသားခေါင်းဆောင်မှုဖော်
သို့မှသာ အနာဂတ် အမျိုးသားရေးရာကိစ္စရပ်များက
(၁) ယခုကောက်ယူမည့် သန်းခေါင်စာရင်းသည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကိုသာ အခြေခံကောက်ယူမည်ဖြစ်ရာ ၁၃၅ မျိုးတွင် မပါဝင်သော ကျန်လူမျိုးစုများစာရင်းကို
(၂) လူမျိုးအမည်ဖြည့်စွက်ရာတွင်
လက်ရှိကိုင်ဆောင်ထားသော မှတ်ပုံတင်/
(၃) ထိုမျှသာမက ကာယကံရှင်သည် ဖခင်ဘက် လူမျိုးအမည်ကိုဖြစ်စေ၊ မိခင်ဘက် လူမျိုးအမည်ကိုဖြစ်စေ ရွေးချယ်ပိုင်ခွင့် ရှိနေပါသည်။ ဥပမာ- မွန်လူမျိုး ဖခင်နှင့် ရှမ်း/တရုတ်လူမျိုး မိခင်မှ မွေးဖွားလာသူသည် နိုင်ငံသားကဒ်ထဲတွင် မွန်+ရှမ်း/ တရုတ် လူမျိုးဟု ဖော်ပြထားရာ ကာယကံရှင်က ဖခင်လူမျိုး “မွန်’’ ဟုရွေးချယ်ပါက သန်းခေါင်းစာရင်းတွင် “မွန်’’ဟုသာ ဖြည့်စွက်ရမည်ဖြစ်ပြီး ကာယကံရှင်က မိခင်ဘက်လိုက်လိုပါက “ရှမ်း/တရုတ်’’ ဟုသာ ဖြည့်စွက်ရမည်ဖြစ်ပါသည်။
ထို့အတူ ကရင် ဖခင်နှင့် ဗမာ+ချင်း မိခင် ထိုမှမွေးဖွားလာသူသည် လဝက မှတ်တမ်းအရ နိုင်ငံသားကဒ်တွင် “ကရင်+ဗမာ+ချင်း’’ဟု ဖော်ပြထားရာ ယခုသန်းခေါင်စာရင်းတွင် ကာယကံရှင်က “ကရင်’’ ဖြစ်စေ “ဗမာ+ချင်း’’ ဖြစ်စေ ရွေးချယ်ပိုင်ခွင့်ရှိပါသည်
(၄) မြန်မာမွတ်စလင်မ် လူ့အဖွဲ့စည်းဝင်တို့၏ နိုင်ငံသားကဒ်များတွင် လဝက မှတ်တမ်းအရ လူမျိုးအမည်တွင် လူမျိုးနှစ်မျိုးမှ ၆မျိုး အထိပါဝင်နေပြီး မလိုအပ်ဘဲ နိုင်ငံခြားတိုင်းပြည် အမည်များပါ ပါဝင်နေရာ ယခုအခါ သန်းခေါင်းစာရင်း အတွက် အထက်ပါအတိုင်းဖခင်ဘက်ဖြစ်စေ
ဥပမာ- (၁)အိန္ဒိယ+ဗမာ (၂)ပါကစ္စတန်+ဗမာ (၃)အိန္ဒိယ+ဗမာ+မွန် (၄)ပါကစ္စတန်+ဗမာ+ကချင် (၅)ဘင်္ဂါလီ+ကရင်+ရှမ်း (၆)ဗမာ+ပသီ+တူရကီ+ရခိုင် (၇)မဂို+ဗမာ+ကချင်+ရှမ်း+ပအ
ထိုမျှသာမက ယခုအခါ အချို့ လဝကရုံးများတွင် အစ္စလာမ်ဘာသာဝင်ဖြစ်လျှင် ဗမာလူမျိုးမဖြစ်စေရ ဟူသော ဥပဒေနှင့် မကိုက်ညီသည့် လုပ်ရပ်များလည်းကြုံတွေ့နြေ
ထို့ကြောင့် မြန်မာမွတ်စလင်မ်တို့အဖို့ မိမိတို့လူမျိုး အမည်ကို သူတစ်ပါးက ပေးခြင်းထက် မိမိကိုယ်တိုင် မြန်မာသမိုင်းဝင် ပြန်တမ်းဝင်အမည်မျိုးကို ရွေးချယ်ရမည်ဖြစ်ပါသည်။
မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းဝင်များ လူမျိုးအမည် ဖြည့်စွက်ခြင်း
(၁) ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ အစရှိသည့် တိုင်းရင်းသားလူမျိုးစုများ
ဥပမာ-(၁) ကခ်င္လူမ်ိဳး/ အစၥလာမ္ဘာသာ (၂) ကရင္လူမ်ိဳး/ အစၥလာမ္ဘာသာ (၃)ရှမ်းလူမျိုး/ အစ္စလာမ် ဘာသာ (၄) မွန်လူမျိုး/
(၂) နိုင်ငံခြားသားမှတ်ပုံတင်ကဒ
သို့သော် နိုင်ငံခြားသားကဒ်/
မှတ်ချက်….. မိမိတို့ ဘိုးဘွား လူမျိုးအမည်နှင့် ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းလိုသဖြင့် စူရတီ၊ မေမန်၊ ဘင်္ဂါလီ၊ နရ်ဆာပူရီ စသည်ဖြင့် သုံးစွဲပြောဆိုသူများ အနေဖြင့် လူမျိုးအမည်ကို လွတ်လပ်စွာရွေးချယ်နိုင်ပါသ
(၃) ရိုဟင်ဂျာ ကိစ္စမှာ သက်ဆိုင်ရာ ကာယကံရှင်များနှင့် နိုင်ငံတော် အစိုးရဖြေရှင်းလျက်ရှိနေပါသ
(၄) ကမန်လူမျိုးစု၊ ပန်းသေးလူမျိုးစုနှင့် ပသျှုးလူမျိုးစုများအနေဖြင်
(၅) အထက်ဖော်ပြပါ အုပ်စု (၄)စုတွင်လည်း မပါ၊ ဗမာလူမျိုးအဖြစ်လည်း တရားဝင်စာရင်းအသွင်းမခံရ၊ ကုလားလည်း မဟုတ်သူများအနေဖြင့် သန်းခေါင်းစာရင်းတွင် “ပသီခေါ် မြန်မာမွတ်စလင်မ်”လူမျိုးအြ
ငြိမ်းချမ်းမှုတည်ဆောက်ရေးကွ
- ဘာသာ နှင့် လူမျိုး လုံးဝ မရောထွေးပါနှင့်။
- ဘာသာ သပ်သပ်၊ လူမျိုး သပ်သပ် ရေးသွင်းခြင်းကိုသာ လက်ခံပါ။ ရောထွေးရေးသားမှတ်တမ်းတင်မှုကို လုံးဝ လက်မခံပါနှင့်။
** ဥပမာ - (က) ကိုးကွယ်သည့်ဘာသာ = အစ္စလာမ် (စွန္နီ၊ ရှီအဟ် စသဖြင့် ဆွဲမထည့်ပါနှင့်)
လူမျိုး = ကရင် (ကပြား/သွေးနှောဖြစ်လျှင် မိမိနှစ်သက်ရာ/အားသန်ရာ/ ခံယူရာလူမျိုးကိုသာ ပြတ်သားရှင်းလင်းစွာဖော်ပြပါ။ မိဘ ၂ ဦးလုံး (၄င်းတို့၏သတ်မှတ်ချက်အရ) တိုင်းရင်းသားဖြစ်နေလျှင် ပေါင်းစပ်ဖော်ပြခြင်း ပြဿနာမရှိ)
** ဥပမာ - (ခ) ကိုးကွယ်သည့်ဘာသာ = ခရစ်ယာန် (ဘက်ပ်တစ်၊ ကက်သလစ် စသဖြင့် ဆွဲမထည့်ပါနှင့်)
လူမျိုး = ဗမာ ( မှတ်ချက်မှာ အထက်ဖော်ပြပါဥပမာအတိုင်း)
- ကမ္ဘာပေါ်တွင် အစ္စလာမ်လူမျိုး/ မွတ်စ်လင်မ်လူမျိုးဟူ၍လည်းကောင်း ၊
ခရစ်ယာန်လူမျိုးဟူ၍လည်းကောင်း၊ ဗုဒ္ဓလူမျိုးဟူ၍လည်းကောင်း လုံးဝ
မရှိကြောင်း ရှင်းလင်းစွာနားလည်ထားပါ။ မိမိတို့အချင်းချင်းအကြား
အလွယ်တကူသုံးနှုန်းနေသည့်
ဝေါဟာရများကို လိုက်နင်းပါလိမ့်မည်။ ဥပမာ - အစ္စလာမ်ဘာသာဆိုတော့ မွတ်စ်လင်မ်ပေါ့နော် ဆိုပြီး လူမျိုးအမည်၏နောက်တွင် မွတ်စ်လင်မ်/ အစ္စလာမ်စကားလုံးပါဝင်အောင် မလှိမ့်တပတ်
ရေးသွင်းမှတ်တမ်းတင်သွားနိုင်ပါ သည်။
ထပ်ဆင့်ရှင်းလင်းရပါက “ကချင်” နှင့် “ကချင်ခရစ်ယာန်” ဆိုသော
စကားလုံးမှာပင်လျှင် တူညီသောကချင်လူမျိုးဖြစ်ပါလျက်
ခွဲခြားပြီးသားဖြစ်သွားပါသည်။
- မိမိထံမြန်မာအမည်(တစ်မျိုးဖြစ်ေ စ နှစ်မျိုးဖြစ်စေ) ရှိလျှင် မြန်မာအမည်ကိုသာရေးသွင်းပါ။ မရှိလျှင် မတတ်နိုင်ပါ။ အောက်ပါကဲ့သို့ ရမ်းမရေးပါနှင့်။
အမည် = ကိုဦး (ခ) ယူနွတ် ..... မောင်ထွေး (ခ) ပီတာ
- အိန္ဒိယအနွယ်၊ တရုတ်အနွယ်ဖြစ်နေလျှင် အိန္ဒိယ၊ တရုတ် ဟုရေးနိုင်သည်။ မျိုးနွယ်/မျိုးကွဲ/အုပ်စုကို ဖော်ပြလိုပါက အိန္ဒိယ(စူရတီ/ ကျိုလီယာ
.....)၊ တရုတ်(ယူနန်၊ ကွမ်းတုံ.... ) စသဖြင့် ရေးသွင်းပါ။
နိုင်ငံသက်သက်အမည်နာမများကို မသုံးပါနှင့်။ ဥပမာ အိန္ဒိယ(ပါကစ္စတန်) -
ပါကစ္စတန်မှလာရောက်နေထိုင်နေသူဟု အဓိပ္ပာယ်ထွက်သွားပါသည်။ (ကမ္ဘာတစ်ဝှန်းတွင်
တရုတ် နှင့် အိန္ဒိယအနွယ်ဝင်လူမျိုးမရှိသည့် တိုင်းပြည်ဟူ၍
မရှိသလောက်သာဖြစ်ကြောင်း သိထားရပါမည်)။ အိန္ဒိယ/ တရုတ်အနွယ်ဝင်ဖြစ်သော်လည်း တိုင်းရင်းသားအမည်စာရင်း၌ ပါဝင်နေလျှင် ၄င်းအတိုင်း
အသုံးပြုနိုင်သည်။ ဥပမာ - ကိုးကန့်(တရုတ်နှင့်မြန်မာနှစ်နိုင်ငံလုံးတွင် အခေါ်အဝေါ်ကွဲ တိုင်းရင်းစာရင်းဝင်)၊
ကချင်ဂျိန်းဖော(တရုတ်နှင့်မြန်မာနှစ်နိုင်ငံလုံးတွင် အခေါ်အဝေါ်ကွဲတိုင်းရင်းစာရင်းဝင် )၊
နာဂ(အိန္ဒိယနှင့်မြန်မာနှစ်နိုင် ငံလုံးတွင် အခေါ်အဝေါ်ကွဲတိုင်းရင်းစာရင်းဝင် )၊
- အိမ်ထောင်စုစာရင်းခွဲမထုတ်ရသေးလျှင် ခွဲမထုတ်ရသေးကြောင်း/ ခွဲထုတ်ခွင့်မပေးကြောင်း ပွင့်လင်းစွာ အသိပေးပြောဆိုပါ။
- အသက်ပြည့်ပြီးသော်လည်း မှတ်ပုံတင်မရှိသေးလျှင် မရှိ ဟူသော စကားလုံး မသုံးပါနှင့်။ (မရှိ ဟူသော စကားလုံးကို သဘောပေါက်ပါ)။ လျှောက်ထားဆဲ/ ထုတ်မပေးသေး စသည့် (အခြေအနေကိုထင်ရှားစေသော) မှတ်ချက်များကို ထည့်သွင်းပါစေ။ မိမိလျှောက်ထားချက်များနှင့်ပတ်သက်သောခုနှစ်၊ေ နရာ၊ အထောက်အထားတို့ကို
ရှာဖွေစုဆောင်းထားပါ။ လက်ရှိ မိမိလက်ဝယ်ရှိအထောက်အထားများကို လည်း မိတ္တူမှန်များ ပြုလုပ်ဆောင်ကြဉ်းထားပါ (မသဲမကွဲမဖြစ်ပါစေနှင့်)။
- မိမိတို့၏ကိုယ်ရေးအချက်အလက်တို့ ကိုကောက်ယူရေးသွင်းပြီးနောက် ယင်းရေးသွင်းချက်စာရွက်စာတမ်းများကို Comcorder နှင့်ဖြစ်စေ Camera နဲ့ဖြစ်စေ ရိုက်ယူထားပါ။ မိမိရှေ့မှောက်တွင်ရေးသွင်းသောပုံစံ/အချက်အလက် နှင့်
ပြန်လည်တင်ပြအတည်ပြုသောပုံစံ/ အချက်အလက် ကွဲလွဲသွားနိုင်သဖြင့် အထောက်အထားအဖြစ် ရယူထားရန် အရေးကြီးပါသည်။
( ဆက်လက်တင်ပြပါဦးမည်။ လက်ခံခြင်း လက်မခံခြင်းသည် မိမိတို့၏ဆန္ဒအတိုင်းဖြစ်သည်
သို့သော် ဆွေးနွေးခန်းမဟုတ်သည်ကို နားလည်ပေးပါ )
- ဘာသာ သပ်သပ်၊ လူမျိုး သပ်သပ် ရေးသွင်းခြင်းကိုသာ လက်ခံပါ။ ရောထွေးရေးသားမှတ်တမ်းတင်မှုကို လုံးဝ လက်မခံပါနှင့်။
** ဥပမာ - (က) ကိုးကွယ်သည့်ဘာသာ = အစ္စလာမ် (စွန္နီ၊ ရှီအဟ် စသဖြင့် ဆွဲမထည့်ပါနှင့်)
လူမျိုး = ကရင် (ကပြား/သွေးနှောဖြစ်လျှင် မိမိနှစ်သက်ရာ/အားသန်ရာ/ ခံယူရာလူမျိုးကိုသာ ပြတ်သားရှင်းလင်းစွာဖော်ပြပါ။ မိဘ ၂ ဦးလုံး (၄င်းတို့၏သတ်မှတ်ချက်အရ) တိုင်းရင်းသားဖြစ်နေလျှင် ပေါင်းစပ်ဖော်ပြခြင်း ပြဿနာမရှိ)
** ဥပမာ - (ခ) ကိုးကွယ်သည့်ဘာသာ = ခရစ်ယာန် (ဘက်ပ်တစ်၊ ကက်သလစ် စသဖြင့် ဆွဲမထည့်ပါနှင့်)
လူမျိုး = ဗမာ ( မှတ်ချက်မှာ အထက်ဖော်ပြပါဥပမာအတိုင်း)
- ကမ္ဘာပေါ်တွင် အစ္စလာမ်လူမျိုး/
ဝေါဟာရများကို လိုက်နင်းပါလိမ့်မည်။ ဥပမာ - အစ္စလာမ်ဘာသာဆိုတော့ မွတ်စ်လင်မ်ပေါ့နော် ဆိုပြီး လူမျိုးအမည်၏နောက်တွင် မွတ်စ်လင်မ်/
ရေးသွင်းမှတ်တမ်းတင်သွားနိုင်ပါ
- မိမိထံမြန်မာအမည်(တစ်မျိုးဖြစ်ေ
အမည် = ကိုဦး (ခ) ယူနွတ် ..... မောင်ထွေး (ခ) ပီတာ
- အိန္ဒိယအနွယ်၊ တရုတ်အနွယ်ဖြစ်နေလျှင် အိန္ဒိယ၊ တရုတ် ဟုရေးနိုင်သည်။ မျိုးနွယ်/မျိုးကွဲ/အုပ်စုကို ဖော်ပြလိုပါက အိန္ဒိယ(စူရတီ/
အသုံးပြုနိုင်သည်။ ဥပမာ - ကိုးကန့်(တရုတ်နှင့်မြန်မာနှစ်န
ကချင်ဂျိန်းဖော(တရုတ်နှင့်မြန်မ
နာဂ(အိန္ဒိယနှင့်မြန်မာနှစ်နိုင်
- အိမ်ထောင်စုစာရင်းခွဲမထုတ်ရသေးလ
- အသက်ပြည့်ပြီးသော်လည်း မှတ်ပုံတင်မရှိသေးလျှင် မရှိ ဟူသော စကားလုံး မသုံးပါနှင့်။ (မရှိ ဟူသော စကားလုံးကို သဘောပေါက်ပါ)။ လျှောက်ထားဆဲ/
ရှာဖွေစုဆောင်းထားပါ။ လက်ရှိ မိမိလက်ဝယ်ရှိအထောက်အထားများကို
- မိမိတို့၏ကိုယ်ရေးအချက်အလက်တို့
ပြန်လည်တင်ပြအတည်ပြုသောပုံစံ/
( ဆက်လက်တင်ပြပါဦးမည်။ လက်ခံခြင်း လက်မခံခြင်းသည် မိမိတို့၏ဆန္ဒအတိုင်းဖြစ်သည်
သို့သော် ဆွေးနွေးခန်းမဟုတ်သည်ကို နားလည်ပေးပါ )
credit :July Yeyint
















