Showing posts with label ကြေညာချက်. Show all posts
ဒီနေ့ဟာ ကျနော့် အပျော်ဆုံးနေ့ တစ်နေ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် ဘလော့ဂ် ပေါက်စလေးက
အခုဆိုရင် စာဖတ် ပရိသတ် (500000) ငါးသိန်းတိတိ ပြည့်သွားပါပြီ။
စာမေးပွဲဖြေနေရတာနဲ့ ကျွန်တော်ရဲ့ ဘလော့လေးကို ပိုစ့်အသစ်မတင်နိုင်တာ
ကျွန်တော်အထင် 10ရက်လောက်ရှိနေပါပြီ။ ! ကျွန်ုပ်၏ပြတိုက် !လေးကို လာရောက်
ဖတ်ရှုကြတဲ့ သူငယ်ချင်းများ၊ညီအစ်ကိုမောင်နှမများ အားလုံးကို ပိုစ်အသစ်မတင်
နိုင်တဲ့အတွက် အရမ်းအားနာမိပါတယ်။အခုတော့ ကျွန်တော်စာမေးပွဲလည်းပြီးပါပြီ။ (အင်ရှာအလ္လာဟ်)ကျွန်တော်ရဲ့ ဘလော့လေးကို ပြန်ပြီး update လုပ်လို့ရပါပြီ။ အတတ်နိုင်ဆုံး ပိုစ့်အသစ်တွေကို
တင်ပေးပါ့တော့မယ်။
မုစ်လင်မ်များသိသင့် သိထိုက်တဲ့ သတင်း၊ရသစုံကိုသာ ဦးစားပေးဖော်ပြလျက်.....
ဗုဒ္ဓဘာသာသာသနာပြုစာစောင်၏ အစ္စလာမ်အပေါ်ယုတ်မာစွာရေးသားမှု မွတ်စ်လင်မ်လူငယ်များသမဂ္ဂရှုတ်ချ
Tag :
ကြေညာချက်
မိုးပြာ(မြန်မာမွတ်စလင်မ်မီဒီယာ )
ဖေဖေါ်ဝါရီ ၂
အစ္စလာမ်သာသနာကိုမိစ္ဆာအယူဝါဒအဖြစ်
ယုတ်ယုတ်မာမာရေးသားခဲ့တဲ့ အောင်ဇေယျတုဂျာနယ်နဲ့ ဇမ္ဗူဒိပ်ဂျာနယ်တို့အနက်
အောင်ဇေယျတုဂျာနယ်ကို အရေးယူပေးဖို့ မွတ်စလင်မ်လူငယ်များသမဂ္ဂက ဖေဖေါ်ဝါရီလ ၁
ရက်နေ့နေ့စွဲနဲ့ ကန့်ကွက်ရူတ်ချစာထုတ်လိုက်ပါတယ် ။
ဗုဒ္ဓဘာသာသာသနာပြုစာစောင်တွေဖြစ်တဲ့
အောင်ဇေယျတုဂျာနယ်နဲ့ ဇမ္ဗူဒိပ်ဂျာနယ်တို့ဟာ နောက်ဆုံးထုတ်စာစဉ်တွေမှာ
ကြောက်စရာအစ္စလာမ်ဗိုင်းရပ်စ် ဆိုတဲ့ဆောင်းပါးကို ထည့်သွင်းဖေါ်ပြခဲ့ပြီး
အဆိုပါဆောင်းပါးမှာ အစ္စလာမ်ဘာသာဝင်တွေယုံကြည်ကိုးကွ ယ်တဲ့ အလ္လာဟ်အရှင်မြတ်၊တမန်တော်မြတ် မုဟမ္မဒ်(ဆွ) အပါအ၀င် အစ္စလာမ့်ရေးရာအကြောင်းအရာပေါင်း များစွာကို ဆော်ကားရေးသားထားပါတယ်။
ဒီလိုဆောင်းပါးနဲ့ပတ်သက်လို့
အစ္စလာမ်ဘာသာဝင်များအား အောင်ဇေယျတုဂျာနယ်မှ တရားဝင်တောင်းပန်ရန်၊
အောင်ဇေယျတုဂျာနယ်အပါအ၀င် ဘာသာရေးအစွန်းရောက်ဂျာနယ် မဂ္ဂဇင်းများထုတ်ဝေနေခြင်းကိုပိတ်ပင်ရန်၊
နိင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပေ ဒနှင့်ပြစ်မှုဆိုင်ရာဥပဒေများကို ဖောက်ဖျက်ကျုးလွန်နေသူများအား တည်ဆဲဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ အမြန်ဆုံအရေးယူအပြစ်ပေးရန်
ဆိုတဲ့တောင်းဆိုချက် ၃ ရပ်ပါ ကြေညာစာကို မွတ်စ်လင်မ်လူငယ်များသမဂ္ဂ ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံသား မွတ်စ်လင်မ်အားလုံးကို အမည်တစ်မျိုးတည်းဖြင့် “ပသီ”ဟု သတ်မှတ်ခေါ်ဆိုခြင်းသည် (တရားတော်နှင့် ဆန့်ကျင်မှုမရှိသဖြင့်) သုံးနှုန်းနိုင်
Tag :
ကြေညာချက်
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ အမှတ် (၁၁၉)နေ
ဦးအလင်း(မ်)၏ “ကျွန်တော်တို့ မြန်မာနိုင်ငံ မွတ်စ်လင်မ်များသည်
လူမျိုးအမည်ကို “ပသီ”ဟု အမည်အစွဲပြုခြင်းဖြင့် ရှရီအသ်တရားတော်
ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်ပါသလား။ သို့မဟုတ် “ပသီ”အမည်ကို
သုံးခွင့်ရှိပါသလား”ဟူသည့် ဓမ္မသတ်မေးမြန်းချက်အား ရန်ကုန်မြို့၊
အဆ်အဒီယဟ်ဇီနသ်အစ္စလာမ်မှ
ကျောင်းအုပ်ကြီးနှင့် မွဖ်သီချုပ် “အလ်ဟာဂ်ျ မော်လာနာ မွဖ်သီ ကာရီ
မုဟမ္မဒ်ယူစွဖ်အဆ်အဒီ”နှင့် ဒုတိယကျောင်းအုပ်နှင့် မွဖ်သီ “အလ်ဟာဂ်ျ
မော်လာနာ ဟာဖိဇ် ကာရီ မွဖ်သီ မုဟမ္မဒ်စူရတီ (မဇွာဟေရီ)”တို့က
ဖော်ပြပါအတိုင်း (ဖသ်ဝါ) ဓမ္မသတ် ပြန်ကြားခဲ့ပါသည်။
“အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော) အခြေအနေကို ၄င်းတို့ကိုယ်တိုင် မိမိတို့၏အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲပေးတော်မူသည်မဟုတ်ပေ။” (ကုရ်အာန်ကျမ်းမြတ် ၁၃း၁၁)

အစ္စလာမ်သာသနာကို တိရိစ္ဆာန်ဝါဒဟု စော်ကားသည့် ကိစ္စ အရေးယူပေးရန် အစ္စလာမ်အဖွဲ့ကြီးမှ သမ္မတထံ စာပို့
Tag :
ကြေညာချက်
နိုဝင်ဘာ- ၁၈ ၂၀၁၃
M-Media
KK
မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ်
ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စိ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ
ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန်
စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသား ပြောဆို ထုတ်ဖော်မှုများပြုခဲ့ကြသည့် အပေါ်
တည်ဆဲ တရားဥပဒေများအရ အမြန်ဆုံးအရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှာ နိုင်ငံတော် သမ္မတ သို့ လိပ်မူပြီး တိုင်ကြားစာ
ပေးပို့ထားကြောင်း သတင်းရရှိသည်။
၁၈ ရက်နေ့ နေ့ စွဲဖြင့်ထုတ်လိုက်သော် အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီးများ၏ OIC ဆန္ဒပြပွဲမှဗီနိုင်းကိစ္စအပေါ် သဘောထားရပ်တည်ချက် ရှုံချခြင်းနဲ့ အရေးယူရန် တိုင်တန်းသော်စာအား အားရမိပါသည် အရင်အခေါက်များနဲ့ မတူပဲ ပြတ်ပြတ်သားသားနဲ့ ချက်ကျလက်ကျရှိသည်ဟု သုံးသပ်မိပါသည်။
အစ္စလာမ် သာသနာဝင် များအား တိရစ္ဆာန်များဟု သုံးစွဲ ပြောဆိုသူ များအား ပြင်းထန်စွာ ချက်ချင်း အရေးယူ ပေးရန် တောင်းဆိုချက်
Tag :
ကြေညာချက်
ထုတ်ပြန် ကြေငြာချက် ၁၁/၂၀၁၃
၂၀၁၃ ခု နိုဝင်ဘာလ ၁၅ ရက်
မြန်မာ အစိုးရ ဖိတ်ကြားမှု အရ ၂၀၁၃ နိုဝင်ဘာလ ၁၃ ရက်မှ စ၍ မြန်မာ ပြည်တွင်းသို့ ရောက်ရှိ နေသော အိုအိုင်စီခေါ် အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အား မြန်မာ အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရှုံချ ဆန္ဒပြပွဲ များကို ကျွန်ုပ်တို့ သိမြင် ရသည်။ အစိုးရ ကိုယ်တိုင် ဖိတ်၍ UN Mandate ဖြင့် မြန်မာ နိုင်ငံသို့ သွားရောက်သော OIC အား မီးစ တစ်ဖက် ရေမှုတ် တစ်ဘက် ၀ါဒဖြင့် ကြေးစား ဆန္ဒပြသူ များအား အစိုးရမှ စေခိုင်း ခဲ့သည် ကိုလည်း ကျွန်ုပ်တို့ လေ့လာ တွေ့ရှိ ရသည်။
ဒီမိုကရေစီ စနစ် အောက်တွင် အိုအိုင်စီကို သာမက မည်သည့် အဖွဲ့အစည်း ကိုမဆို လွတ်လပ်စွာ ဆန္ဒ ထုတ်ဖေါ် ပြသခွင့် ရှိသည်ကို ကျွန်ုပ်တို့ လက်ခံသည်။ သို့သော် ထိုဆန္ဒ ပြပွဲတွင် အစ္စလာမ် သာသနာအား တိရစ္ဆာန် ၀ါဒဟု ဆိုင်းဘုတ် တင်လျှက် အစ္စလာမ် သာသနာ တစ်ရပ်လုံးကို စော်ကား လိုက်သည့် အပြင်၊ ကမ္ဘာ့ မွတ်ဆလင်ထု တစ်ရပ် လုံးကိုလည်း ပြတ်ပြတ် သားသား စစ်ခေါ် လိုက်ခြင်း ဖြစ်သည်။
ရိုဟင်ဂျာ၊ ကမန်နှင့် မြန်မာ မွတ်ဆလင် တို့အား အကြမ်းဖက် သတ်ဖြတ် လူမျိုးတုံး သုတ်သင် မှုကြီးသည် ပြည်တွင်းရေး ကိစ္စ သီးသန့် မဟုတ်ဘဲ- ကမ္ဘာ့ ကုလ သမဂ္ဂတွင် မဖြစ် မနေ ဖြေရှင်း ရမည့် အရေးပေါ် အရေး ကိစ္စ နံပါတ် တစ်နေရာတွင် ရှိနေပြီး ဖြစ်ပြီး ထိုသို့ မဖြစ်ရ စေရန် အိုအိုင်စီမှ သွားရောက် ဖြန်ဖြေသည့် စေတနာအား အသိ အမှတ် မပြုသည့် အပြင် အစ္စလာမ် သာသနာထု တစ်ရပ် လုံးအား တိရစ္ဆာန်နှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ဦးသိန်းစိန် အစိုးရမှ ပြောင်ပြောင် တင်းတင်းပင် ခွင့်ပြု ခဲ့ခြင်းမှာ ကမ္ဘာ့ မွတ်ဆလင် ထုအား ဘာသာရေး စစ်ပွဲ အဖြစ် စိန်ခေါ် လိုက်ခြင်း ဖြစ်သည်။
ဦးသိန်းစိန် အစိုးရ အနေဖြင့် ဘာသာ တရား တစ်ခုအား ဤသို့ ရိုင်းစိုင်းစွာ ပြောဆိုသည့် စကားလုံး အပေါ်တွင် တာဝန် အပြည့် ရှိနေပြီး- ထိုသို့ ပြောဆို ဆန္ဒပြသူ များအား ပြင်းထန် ပြတ်သားစွာ ချက်ချင်း အရေးယူ ပေးရမည် ဖြစ်သည်။ အရေးယူ ပေးမှု ပျက်ကွက် ခဲ့လျှင် ဖြစ်လာ သမျှသော ဆိုးကျိုးများ အတွက် ဦးသိန်းစိန် အစိုးရ တွင်သာ တာဝန် အပြည့် ရှိပေသည်။
မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့

မြန်မာနိုင်ငံလုံးဆိုင်ရာအစ
(၂၃-၉-၂၀၁၃)ရက်နေ့တွင် ကျင်းပသောအစည်းအဝေးတွင်
အောက်ပါပုဂ္ဂိုလ်များပါဝင်သေ
၂ဝ၁၃ ခုနှစ် ကုရ်ဘာနီ ကြီးကြပ်ရေးဗဟိုကော်မတီကို
ဖွဲ့စည်းလိုက်ပါသည်။
၁။ အလ်ဟာဂ်ျ မောင်လာနာ ဆွာလိဟ် ဦးစိုးသန်း
(အိုလမာအဖွဲ့ချုပ်) - နာယက
၂။ အလ်ဟာဂ်ျ ဦးတင်မောင်သန်း
(အစ္စလာမ်ကောင်စီဌာနချုပ်) - နာယက
၃။ အလ်ဟာဂ်ျ ဦးကျော်စိုး
(မော်လဝီအဖွဲ့ချုပ်) - နာယက
၎။ အလ်ဟာဂ်ျ ဦးမြင့်ထွန်း
(မမလဌာနချုပ်) - နာယက
၅။ ဟာဂျီ ဦးကျော်ခင်
(မအဖ ဌာနချုပ်) - နာယက
>>>>>>>>><<<<<<<<
၁။ အလ်ဟာဂ်ျမောင်လာနာဦးသိန်ြး
၂။ အလ်ဟာဂ်ျ ဦးမြင့်ရွှေ (အစ္စလာမ်ကောင်စီဌာနချုပ်)- အတွင်းရေးမှူး
၃။ ဦးရဲနောင်သိန်း (မော်လဝီအဖွဲ့ချုပ်) - ဘဏ္ဍာရေးမှူး
၎။ အလ်ဟာဂ်ျ ဦးတင်ယု (မမလဌာနချုပ်) - စာရင်းစစ်
၅။ ဟာဂျီ ဦးကိုကိုအောင် (မအဖ ဌာနချုပ်) - ပြန်ကြားရေးမှူး
၆။ ဟာဂျီစလင်း(ခ)ဦးခင်မောင်သန
ရ။ ဦးဝဏ္ဏရွှေ (အစ္စလာမ်ကောင်စီဌာနချုပ်) - ကော်မတီဝင်
၈။ ဦးကျော်ဝင်းဦး (မော်လဝီအဖွဲ့ချုပ်) - ကော်မတီဝင်
၉။ ဦးဇော်မင်းနိုင် (မမလဌာနချုပ်) - ကော်မတီဝင်
၁၀။ ဦးတင်မောင်မောင် (မအဖ ဌာနချုပ်) - ကော်မတီဝင်
မှတ်ချက် ။ ။
ရန်ကုန်တိုင်းဒေသကြီး (ဇုန်-၄ဇုန်)ကော်မတီများကို
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက
ဆက်လက် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကျန် မြို့ ၊ ရွာများတွင်
ကုရ်ဘာနီဒါနပြုသူများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်
အတွက် ယခင်နှစ်များက စီမံဆောင်ရွက်သကဲ့သို့ လိုအပ်သော
စီမံမှုများကို စတင် ဆောင်ရွက်သွားကြရန်ဖြစ်ပါသည
ref :
ယနေ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့ညပိုင်းတွင် ဟစ်ဂ်ျရီ ၁၄၃၄ ခုနှစ်၊
လမြတ်ရမဿွာန် ဥပုဒ်လ၀င်/မ၀င်အတွက် အစ္စလာမ်ဘာသာဝင်များ၏ သာသနာ့ပဉာတ်တော်အရ
လကြည့်ရှု၍ ဆုံးဖြတ်ကြပါသည်။
ယင်းဆုံးဖြတ်မှုအား မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဒေသခံမွတ်စလင်မ်များမှ နေ၀င်ပြီးနောက်ပိုင်း ကြည့်ရှုကြပြီးနောက် ရန်ကုန်မြို့အခြေစိုက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ယင်းသတင်းအား အတည်ပြုခဲ့ကြပါသည်။
ရန်ကုန်မြို့ (၂၈)လမ်းရှိ အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချုပ်ရုံးခန်းတွင် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဆရာတော်ကြီးများ စုရုံးရောက်ရှိနေကြပြီး အနယ်နယ်အရပ်ရပ်ရှိ လသတင်းများအား စောင့်စိုင်း၍ မှန်ကန်ကြောင်း စိစစ်သုံးသပ်ပြီးနောက် ယနေ့ လ မမြင်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု အလင်းမျက်ဝန်းသတင်းထောက်မှ သတင်းပေးပို့ခဲ့ပါသည်။
အိုလမာ ရုံးခန်းတွင် သာသနာ့ပညာရှင် ဆရာတော်ကြီးများစွာအနက် ဆရာတော်ကြီး မောင်ဝ်လာနာ ဟေဒါယာသွလ္လာဟ်၊ ဆရာတော်ကြီး မောင်ဝ်လာနာ ရှမ်စွတ်ဒိုဟာ၊ အိုလမာအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မောင်ဝ်လာနာ ဆွာလေး၊ ဒုဥက္ကဋ္ဌ ဆရာတော် မောင်ဝ်လာနာ ယူစွတ်ဖ်၊ အတွင်းရေးမှူး ဆရာတော် မောင်ဝ်လာနာ ကာစင်မ်၊ ဓမ္မကထိက ဆရာတော် မွတ်ဖ်သီ အစ္စမာအီလ်၊ ဓမ္မကထိက ဆရာတော် မောင်ဝ်လာနာ အရှ်ရဖ်အလီ၊ ဆရာတော် မောင်ဝ်လာနာ ဟာရွန် တို့ အသင့်ရောက်ရှိပြီးနောက် ယင်းဆုံးဖြတ်ချက်အား ချမှတ် အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါတယ်။
ဆုံးဖြတ်ချက်အရ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက် ကြာသပတေးနေ့သည် လမြတ်ရမသွာန် (၁) ရက်နေ့ ဖြစ်ကြောင်း ဒေသအသီးသီးမှ လမမြင်ကြောင်း ခိုင်လုံသည့် သတင်းများအရ ဓမ္မသတ်မှူးချုပ်၏ လက်မှတ်ထိုးဖြင့် ဆုံးဖြတ်ကြေငြာခဲ့ကြောင်း သတင်းရရှိပါသည်။

ဓါတ်ပုံရှင်းလင်းချက် » အိုလမာ သာသနာ့ ပညာရှင်များအဖွဲ့ချုပ်ရုံးခန်းတွင်
လသတင်းစီစစ်အတည်ပြုနေသည့် သာသနာ့ပညာရှင်ကြီးများနှင့် ဆုံးဖြတ်ချက်ကို
လာရောက်နားထောင်နေသည့် မွတ်စလင်မ်များ၊ လသတင်းဆုံးဖြတ်ကြေငြာချက်
မူရင်းစာရွက် ( ဓါတ်ပုံ - TKKO / အလင်းမျက်ဝန်း )
Translated by Robert Elhose
မြန်မာမွတ်စ်လင်မ် ဂျီနိုဆိုက် ညီလာခံကို အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့၊ ကာလ်ဗာစီးတီးတွင် ၂၀၁၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့သည်။ လက်ရှိမြန်မာနိုင်ငံတွင်း မွတ်စ်လင်မ် များအပေါ် ပစ်မှတ်ထား မျိုးဖြုတ်သုတ်သင်မှု ပုံစံအထိ ပြုမူလာနေမှုအား အာရုံစိုက် ဆွေးနွေး ခဲ့ကြသည်။ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင် ပညာရှင်များ၊ အပါအ၀င် ပရိသတ် တစ်ထောင်ခန့် တက်ရောက်ခဲ့ကြပြီး အမေရိကန် ဆီးနိတ် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ကလည်း ထောက်ခံကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်။
ယင်းညီလာခံမှ အောက်ပါဆုံးဖြတ်ချက် ၁၀ ချက် ကို ချမှတ် နိုင်ခဲ့ကြသည်။
"မြန်မာမွတ်စ်လင်မ် လူမျိုးတုန်းသုတ်သင်ရေး ဆိုင်ရာညီလာခံ (ဆုံးဖြတ်ချက်)"
လော့စ်အိန်ဂျလိစ်၊
ကယ်လီဖိုးနီးယား ပြည်နယ်၊
အမေရိကန်ပြည်ထောင်စု၊
ဇွန်လ ၉ ရက်၊ ၂၀၁၃။
မြန်မာနိုင်ငံတွင် မွတ်စ်လင်မ် လူ့အသိုင်းအ၀န်းနှင့် ရိုဟင်ဂျာ လူမျိုးများ အပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ အားလုံးကို အလေးအနက် မှတ်တမ်းပြုထားသည်။ ကုလသမဂ္ဂ၏ လူမျိုးတုန်းသုတ်သင် ရာဇ၀တ်မှုများ တားဆီးရေး နှင့် ပြစ်ဒဏ်ချမှတ်ရေး ပဋိညာဉ် အပိုဒ်(၂) ပါ အခြေခံမူများ အရဆိုလျှင် မြန်မာပြည်တွင် လုပ်ဆောင်နေကြသည့် လူသားမျိုးနွယ် အပေါ် ဆန့်ကျင် ကျူးလွန်သည့် ရာဇ၀တ်မှု များသည် "လူမျိုးတုန်း သုတ်သင်မှု (Genocide)" အဆင့်ထိ တက်လှမ်းလာခဲ့ ကြောင်းတွေ့ရသည်။
မြန်မာမွတ်စ်လင်မ် လူမျိုးတုန်း သုတ်သင်မှုဆိုင်ရာ ညီလာခံ (MMGAC) အနေဖြင့် မြန်မာမွတ်စ်လင်မ် များနှင့် ရိုဟင်ဂျာ များအပေါ် ကျူးလွန်နေကြသည့် လူမျိုးတုန်းသုတ်သင်မှု များအားရှောင်လွှဲ ကာကွယ် နိုငိရန် အလို့ငှာ အောက်ပါ ဆုံးဖြတ်ချက် များအား ကြေညာချက်ထုတ်ပြန်ပါသည်။
၁။ လူမျိုးတုန်းသုတ်သင်မှု အဆင့်ထိ တက်လှမ်းလာနေသည့်၊ မြန်မာပြည်သား မွတ်စ်လင်မ်များ အပေါ် အကြမ်းဖက်မှု များအား ယခုညီလာခံမှ အပြင်းထန်ဆုံး အသုံးအနှုန်းများဖြင့် ရှုတ်ချပါသည်။ မြန်မာမွတ်စ်လင်မ်များ နှင့် ရိုဟင်ဂျာများအား အစိုးရမှ အပြည့်အ၀ အကာအကွယ်ပေးရန်နှင့် တရားဥပဒေ စိုးမိုးမှု ဖော်ဆောင်ပေးရန် တောင်းဆိုသည်။
၂။ မြန်မာမွတ်စ်လင်မ်များနှင့် ရိုဟင်ဂျာများအပေါ် ပစ်မှတ်ထား အကြမ်းဖက် ခဲ့သူများအား မြန်မာအစိုးရ အနေဖြင့် တရားဥပဒေအရ အရေးယူ ပေးရမည်။
၃။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာမွတ်စ်လင်မ် လူ့အဖွဲ့အစည်း နှင့် ယင်း၏ ဘာသာရေး ခေါင်းဆောင်များ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်း (အင်န်ဂျီအို) များ စသည်တို့၏ လုံခြုံမှုကို မြန်မာအစိုးရက အပြည့်အ၀ တာဝန်ယူပေး ရမည်။
၎။ နိုင်ငံအတွင်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် နေရာတိုင်းသို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့များ အပြည့်အ၀ ၀င်ရောက်စစ်ဆေးမှု ကို မြန်မာအစိုးရ က ခွင့်ပြုရမည်။
၅။ ပဋိပက္ခအတွင်း နေရာရွှေ့ပြောင်း ခံရသူများ အနေဖြင့် ၄င်းတို့၏ မြေယာ၊ ပိုင်ဆိုင်မှု များ ရှိရာသို့ အစိုးရမှ ပြန်သွားခွင့် ပြုရန်။ ၄င်းတို့၏ ဆုံးရှုံးသွားသော အိုးအိမ်များ၊ ၀တ်ပြုရာ နေရာများအား နကိုယ်အတိုင်း ပြန်လည် တည်ဆောက်ပြုပြင် ခြင်းကို အစိုးရမှ ခွင့်ပြုရန်၊ ရခိုင်ပြည်နယ် အပါအ၀င် တစ်တိုင်းပြည်လုံး တွင် ပိတ်ပင်ခံထားရ သည့် မွတ်စ်လင်မ်တို့၏ ၀တ်ပြုရာ ဘာသာရေး အဆောက်အအုံ များအား ပြန်လည် ဖွင့်လှစ်ပေးရန်၊
ရိုဟင်ဂျာလူမျိုး များအား သင့်တင့်လျှောက်ပတ်သော သုဿာန်နေရာ များ၌ ၄င်းတို့၏ ဘာသာရေး ဓလေ့ထုံးစံ နှင့်အညီ သဂြိုဟ် ခြင်းကို ခွင့်ပြုရန်။
၆။ ရိုဟင်ဂျာ လူမျိုးများသည် မြန်မာ နိုင်ငံတွင်း မူလဘူတ တိုင်းရင်းသား လူမျိုးများထဲမှ တစ်မျိုး အပါအ၀င် ဖြစ်ကြောင်းကို အစိုးရမှ ပြန်လည် အသိအမှတ်ပြုပေးရမည်။ ၄င်းတို့်၏ စစ်မှန်သော နိုင်ငံသားဖြစ်မှု အခွင့်အရေးအား အသိအမှတ်ပြုရမည်။ မြန်မာနိုင်ငံသား မွတ်စ်လင်မ် များအား အခြားသော မြန်မာ နိုင်ငံသားများ နည်းတူ အခွင့်အရေး တန်းတူ ရှိစေရမည်။
၇။ ၉၆၉ အကြမ်းဖက်ကွန်ရက်အား အစိုးရအနေဖြင့် မတရားသင်း ကြေညာပေးရန်၊ မြန်မာနိုင်ငံ တွင်းနှင့် အရှေ့တောင်အာရှ ဒေသသို့တိုင်အောင် အကြမ်းဖက်လုပ်ရပ်များ ဖြန့်ကြက် လာနေခြင်းအား မြန်မာအစိုးရမှ အရေးယူဆောင်ရွက်ပေးရန်။
၈။ အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် အစိုးရများ အနေဖြင့် ၉၆၉ အုပ်စုအား အကြမ်းဖက်အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ပေးရန်၊ ၄င်းတို့နှင့် ပူးပေါင်းဆောင်ရွက် နေသူများအပေါ် စီးပွားရေး ပိတ်ဆို့ခြင်းဖြင့် ဒဏ်ခတ် အရေးယူရန်။ ကျွန်ုပ်တို့မှ အနူးအညွတ် မေတ္တာရပ်ခံ ပါသည်။
၉။ ရိုဟင်ဂျာလူမျိုး များနှင့် မြန်မာမွတ်စ်လင်မ် များအပေါ် ကျူးလွန်ခဲ့သည့် မျိုးဖြုတ်သုတ်သင်ရေး အကြမ်းဖက်မှုများ နှင့်စပ်လျဉ်းပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်မှ ကြားနာစစ်ဆေးပေးရန် ကျွန်ုပ်တို့မှ မေတ္တာရပ်ခံ ပါသည်။
၁၀။ မြန်မာမွတ်စ်လင်မ် များအပေါ် လူမျိုးတုန်း သုတ်သင်သည့် ပြစ်မှုများ ကျူးလွန်ရာတွင် မြန်မာ အစိုးရအဖွဲ့ အတွင်းမှ အရာရှိကြီးများသည် ဗုဒ္ဓဘာသာ အစွန်းရောက်များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြပါသည်။ အဆိုပါပုဂ္ဂိုလ် များအား နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) သို့ ပို့ဆောင် စစ်ဆေးနိုင်ရေး အတွက် နိုင်ငံတကာ မိသားစု အနေဖြင့် ဥပဒေရေးရာ ကျွမ်းကျင်သူ ပညာရှင်များ နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက် ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းလိုက်ပါသည်။

Ref :MMM
ရခိုင်ပြည်နယ်
ပဋိပက္ခများ စုံစမ်းရေးကော်မရှင်၏ နောက်ဆုံး အပြီးသတ် အစီအရင်ခံစာကို ဧပြီလ
၂၂ ရက် နေ့ တွင် သမ္မတဦးသိန်းစိန်သို့ ပေးပို့တင်ပြထားကြောင်း ယနေ့
ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဧပြီ ၂၃ ရက်နေ့
တွင်ပြည်သူများအား ချပြ အသိပေးမည်ဟု မူလ ကြေငြာထားခဲ့သော်လည်း ယနေ့
အစီအရင်ခံစာကို ပြည်သူများကို ထုတ်ပြန်ခြင်းမရှိတာကို တွေ့ရပါသည်။
စုံစမ်းရေးကော်မရှင်၏ တွေ့ရှိချက်များနှင့် ပတ်သက်ပြီး ဧပြီလ နောက်ဆုံးအပတ်တွင် မြန်မာငြိမ်းချမ်းရေးစင်တာ ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပြိး အချိန်နဲ့ ရက်စွဲကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
စုံစမ်းရေးကော်မရှင်၏ တွေ့ရှိချက်များနှင့် ပတ်သက်ပြီး ဧပြီလ နောက်ဆုံးအပတ်တွင် မြန်မာငြိမ်းချမ်းရေးစင်တာ ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပြိး အချိန်နဲ့ ရက်စွဲကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်
ref: m-media
ဝါဒဖြန့် သတင်းမှားအား ပဋိပက္ခများ ကြိုတင်တားဆီးရေး ကော်မတီ (မန္တလေး)မှ ကြေငြာချက် ထုတ်ဖြေရှင်း
Tag :
ကြေညာချက်
ဆိုရှယ်မီဒီယာများတွင် မန္တလေးမြို့မှ ကီးမားတင်ဝင်း အား လုပ်ကြံဝါဒဖြန့်နေသည့် သတင်းနှင့် ပတ်သက်ပြီး ပဋိပက္ခများ ကြိုတင်တားဆီးရေး ကော်မတီ (မန္တလေး) မှ သတင်းအမှားဖြစ်ကြောင်း တစုံတရာ ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ယနေ့ ဧပြီလ ၁၁ ရက်နေ့ နေစွဲဖြင့် သတင်းထုတ်ပြန်လိုက်ပါသည်။
ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းဝဘ်ဆိုဒ်များတွင် အစ္စလာမ်ဆန့်ကျင်ရေး
လှုပ်ရှားမှုများနှင့်အတူ ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင် လုပ်ငန်းရှင်များကို
နည်းလမ်းပေါင်းစုံဖြင့် ပစ်မှတ်ထား လုပ်ကြံဝါဒဖြန်မှုများ အရှိန်အဟုန်ဖြင့်
လုပ်ဆောင်လာမှုကို တွေ့ရှိရပါသည်။
ကြေငြာချက်ကို ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်တားဆီးရေးကော်မတီ FB စာမျက်နှာမှ ကူးယူဖော်ပြသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာ သံရုံး ရှေ့တွင် ယနေ့ ပြုလုပ် ခဲ့သော
ဆန္ဒ ပြပွဲ၌ ထိုင်းနိုင်ငံ အခြေစိုက် ရိုဟင်ဂျာ အချို့မှ ဗိုလ်ချုပ်
အောင်ဆန်း ပုံပါ တီရှပ် တစ်ထည်ကို မီးရှို့၍ ဆန္ဒဖော် ထုတ်ခဲ့ သည်ဟု လူမှု
ကွန်ယက် ပေါ်တွင် ပြန့်နှံ့ နေသော ဓါတ်ပုံ အရ သိရှိ ရသည်။
မြန်မာနိုင်ငံ တွင်းတွင် ဖြစ်ပေါ် နေသော လူ့အခွင့် အရေး ချိုးဖောက် ခံရမှု၊
သတ်ဖြတ် ခံရခြင်း တို့ကို မည် သို့မဆို ဆန္ဒဖော် ထုတ်ခွင့်ရှိ သော်လည်း
ဖြစ်ပွား နေသည့် ပြဿနာ များနှင့်မည်သို့မျှ ပတ်သက် ခြင်းမ ရှိသော မြန်မာ့
လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၏ ပုံပါသော တီရှပ် အင်္ကျီကို
မီးရှို့ ခြင်း အား ပြည်တွင်နေမြန်မာမုစ်လင်မ်များ မည်သို့မျှ လက်မခံ
နိုင်ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ် ချကြောင်းထုတ်ပြန် ကြေညာ အပ်ပါ
သည်။
(မြန်မာမုစ်လင်မ်လူငယ်များ)
(မြန်မာမုစ်လင်မ်လူငယ်များ)