Archive for September 2012

ဒုက္ခပေးသူ
အနည်းငယ်တွေလာသော လူတစ်ယောက် လမ်းမပေါ်မှနေပြီး တစ်ရပ်ကွပ်လုံးကြားအောင် အော်ပြောနေသည် ။
" အရပ်ကတို.ရေ.. အရပ်ကတို....."
တိုက်ခန်းများတွင် မီးများလင်းလာသည် ။ ပြတင်းတံခါးများဖွင့်လာသည် ။ စိုးရိမ်ပူပန်သော မျက်နှာများ ပေါ်လာသည် ။
ထိုလူက ထပ်အော်သည် ။
" မျက်နှာလွဲထားကြပါ ။ ကျနော် ရူးရူးပေါက်မလို. ... "
                          

ကျေးဇူးရှင်
ဖခင်ဖြစ်သူ မီးဖိုချောင်မှာ ထိုင်ပြီး အရက်သောက်နေသည် ။ သမီးဖြစ်သူ ၀င်လာပြီး ပြောသည် ။
" ဖေဖေ .. ပုလင်းလွတ်တွေ ယူသွားပြီးမယ်နော် ။ ဒါတွေ ရောင်းပြီး ဆန်ဝယ်ချင်လို. .."
" ယူသွား .. ယူသွား .. ဟင်း ..ငါသာမရှိရင် မင်းတို.ဘာနဲ့ ထမင်းစားကြမလဲ မသိပါဘူး ..."

မခံစားနိုင်လို့ ပါ
တနေ့ မှာ အဖွား ကြီး တယောက် သွား ကိုက် ဝေဒနာ ကို အပြင်း အထန် ခံ စား နေ ရ ရှာ သ တဲ့...
နောက် ဆုံး မ ခံ စား နိုင် တာ နဲ့ .. ဆရာဝန် နဲ့ သွားပြ သတဲ့...
ဒါပေမယ့် ခက် တာ က သူပြ တဲ့ ဆရာဝန် က သွား ဆရာဝန် မဟုတ် ပဲ... O.g ဖြစ် နေတယ်..
အဘွားကြီး ။ ။ ကျွန်မ မခံ မရပ် နိုင် အောင် ကိုက် ခဲ နေ တာ ပဲ ဆရာရယ်
ဆရာဝန် ။ ။ ဟုတ်ကဲ့အဖွား..ကျွန်တော်သေသေချာ ချာ စစ် ဆေး ပေး ပါ့မယ်...
ဆရာဝန် မှာ သေ သေ ချာ ချာ စစ် ဆေး ပြီး....
ဆရာဝန်။ ။ အဖွား ရ... ဘာမှ လည်း မဖြစ် ပါလား.....
အဘွားကြီး။ ။ မသိပါဘူး ဆရာရယ် သွားက တနေ့ထက်တနေ့ ပိုပို ပြီး ကိုက် လာ လို့ လာ ဆေးခန်းလာပြတာ ပဲ....
ဆရာဝန်။ ။ အမ် အဖွား က သွား ကိုက် နေ တာ လား... ဘာ လို့ ကျွန်တော့ ကို စောစော က မပြောလည်း.....
ထိုအခါ အဘွားကြီး ပြော လိုက်ပုံ က.........
အဘွားကြီး ။ ။ မသိဘူး လေ ဆရာရယ် ... ကျွန်မက .. သွား ရဲ့ အမြစ် ကို ရှာနေတာမှတ်လို့...
အရူး
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ
ပြီး ဆင်းလာဖို့ ပြောနေသည်။
လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
"ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."
"မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူးဆရာ...မဆင်းဘူး"
ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က
အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး
"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."
"ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."
ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။
ဆရာဝန်က......
"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာလဲ.."
"ဟာ..ဆရာကလူကောင်းဆရာရဲ
့..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရူးနေတာ..တကယ်ပစ်မှာ.."
"ဟေ..."
သူ့ကိုမုန်းလို့
လူတစ်ယောက်ဟာ သူမွေးထားတဲ့ခွေးကြီးကို ခေါ်ပြီး သူ့မိတ်ဆွေ တိရစ္ဆာန် ဆရာဝန်ဆီခေါ်သွားပါတယ်။ သူ့ခွေးကြီးက အဖိုးတန်ထဲကဖြစ်ပြီး ခွေးထဲမှာ တော်တော့်ကိုလှတဲ့ကောင်လို့ ပြောလို့ရတယ်။ ဟိုရောက်တော့
ဆရာဝန်က . . . ခင်ဗျားခွေး ဘာဖြစ်လို့လဲ ၊ နေမကောင်းလို့လား ဆိုတော့
ခွေးရှင်က . .ဟင့်အင်း .သူ့အမြီးကိုဖြတ်ပစ်ချင်လို့ပါ ၊ ကျေးဇူးပြုပြီးဗျာ အရင်းနားကနေ ဖြတ်ပေးစမ်းပါ.
ဆရာဝန်က ခွေးကိုတစ်လှည့် ခွေးပိုင်ရှင် မိတ်ဆွေကိုတစ်လှည့် တအံ့တသြနဲ့ ကြည့်မိတယ်။ ပြီးမှ…
ဆရာဝန်. . .ဘာလို့ဖြတ်ပြစ်ချင်ရတာလဲခင်ဗျာ၊ သူ့ခမျာ သနားစရာ။ ခင်ဗျားခွေး က ဒေါင်းတင်မောင်းတင်နဲ့ ခန့်ညားတဲ့ကောင်ကြီး၊ အမြီးဖြတ်ပစ်လိုက်ရင် ဘယ်လောက်ရုပ်ဆိုး သွားမလဲ မလုပ်ပါနဲ့ဗျာ ..
ခွေးရှင်က. . . မရဘူးဗျာ၊ ဒီကောင့်အမြီးကို ဖြတ်ကိုဖြတ်ရတော့မယ်၊ မဖြတ်လို့မဖြစ်ဘူး..
ဆရာဝန် . . . ဘာလို့ ဒီလောက်အသည်းအသန်ဖြတ်ချင်ရနေရတာလဲ..
အဲဒီမှာ ခွေးပိုင်ရှင်ပြောလိုက်တဲ့စကားကတော့
မနက်ကျရင် ကျွန်တော့ယောက္ခမကြီး အလည်ရောက်တော့မှာဗျ. ။ အဲဒီအခါကျရင် ကျွန်တော့ခွေးက အမြီးတနန့်နန့်နဲ့ ကြိုဆိုနေမှာကို မကြည့်ချင်လို့ဗျ။ ရှင်းပြီလား။
  
အစည်းအဝေး
အစည်းအဝေးမှ ပြန်လာသော လွတ်တော်အမတ်ကို မိန်းမက မေးသည် ။
" ရှင်ဟာ အစည်းအဝေးတွေပဲ နေ့ တိုင်းတက်နေပြီး....အစည်းအဝေးမှာ ဘာတွေပြောကြသလဲဆိုတာ
ကျမကို ပြန်မပြောပြဘူး "
" သြော်...မင်းကလဲကွာ အကြောင်းအရာမျိုးစုံ ဆွေးနွေးကြတာပေါ့...
ဥပမာ ယောကျာ်းတိုင်း မိန်းမ ၂ ယောက်ယူခွင့်ပြုဖို့ အကြောင်း ဒီနေ့  ဆွေးနွေးကြတယ် "
" ဘာ...မိန်းမ ၂ ယောက်..ဟုတ်လား...သေချင်းဆိုး...ရှင့်ကို ဘယ်သူက ခွင့်ပြုမှာလဲ.. ဟင်း..ဟင်း.."
" မင်းကလဲ..ဒေါသကြိးပဲ...ဒီအကြောင်းကို မနက်ဖန်မှ အပြီးသတ် ဆုံးဖြတ်မှာပါကွ.."
နောက်နေ့ တွင် ယောင်္ကျားကို မိန်းမကစိတ်မရှည်စွာဖြင့် တစ်နေ့ လုံးမျှော်သည်။ ပြန်ရောက်လာသောအခါ..မဆိုင်းမတွ မေးခွန်း ထုတ်လိုက်သည် ။
" ဘယ်လို ဆုံးဖြတ်လိုက်သလဲ..တော့ "
" ဆန့် ကျင်ဘက် ဆုံးဖြတ်ချက်ကို ချလိုက်တယ်.....မိန်းမတိုင်း ယောင်္ကျား ၂ ယောက် ယူခွင့်ပြုရမယ်..တဲ့ "
" ဟင်..ဟုတ်လား...ဟန်ကျတာပဲ...ဘေးအိမ်က လူပျိုကြီး ကိုယူရမယ် :D

လက်ရှိ စစ်ဆေးနေမှုများအရ ရခိုင်ပြည်နယ်ထဲသို့ ခိုးဝင်လာသူမရှိကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ရင်အမျိုးသား အစည်းအရုံး KNU နှင့် တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မီဒီယာများသို့ ပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်အတွင်းလူဦးရေး တိုးပွားလာမှုမှာ ယင်းဒေသ နေထိုင်သူများ မွေးဖွားနှုန်း တိုးပွားလာခြင်းကြောင့် သာဖြစ်ပြီး လ၀က ၀န်ထမ်းများ လာဘ်ယူမှုနှင့် မှားယွင်း၍ နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးမှုကြောင့်မဟုတ်ကြောင်း ၄င်းက ပြောပါသည်။
အထက်ပါ ကိစ္စနှင့်ပတ်သက်၍ အချက်အလက် ခိုင်လုံစွာရှိပါက မိမိတို့ထံ တိုင်ကြားနိုင်ပြီး စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်နေသော လ၀က ၀န်ထမ်း သုံးပုံနှစ်ပုံသည်လည်း ရခိုင်လူမျိုးများပင်ဖြစ်သည်ဟု ဦးခင်ရီက ပြောပါသည်။
ယခင် လွတ်လပ်ရေး မရခင်က ဥပဒေများကြောင့် နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်း နေထိုင်ခွင့် ရရှိခဲ့ပြီး ၁၉၄၇ အခြေခံ ဥပဒေအပေါ် အခြေခံထားသည့် ၁၉၄၈ နိုင်ငံသားဖြစ်မှု ဥပဒေ နှင့် ၁၉၄၈ နိုင်ငံသားရွေးချယ်ရေး ဥပဒေများအရ ဗြိတိသျှ အင်ပါယာအတွင်း မည်သည့်နေရာတွင်နေထိုင်သူဖြစ်စေ ၊ မြန်မာနိုင်ငံအတွင်း ရှစ်နှစ်နေထိုင်ပါက နိုင်ငံသားဖြစ်နိုင်ခြင်း စသည့် အားနည်းချက် အချို့ကြောင့် နိုင်ငံခြားသား များနိုင်ငံအတွင်းဝင်ရောက်ခဲ့ခြင်းဖြစ်၍ ၀န်ကြီးဌာန တစ်ခု၏ အမှားဟု ပြောရန် ခက်ခဲသည်ဟု ဦးခင်ရီက ပြောပါသည်။
၁၉၈၂ နိုင်ငံသား ဥပဒေ ပြင်ဆင်ရေးလွတ်တော်က ပြုလုပ်မည်ဆိုလျှင် မိမိတို့ဝန်ထမ်းများက လွှတ်တော်ဆုံးဖြတ်သည့် အတိုင်း ဆောင်ရွက်မည်ဟု ၄င်းက ပြောပါသည်။
နိုင်ငံသား ဆိုရာတွင် မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ ဖြစ်ခွင့်ရှိသော နိုင်ငံသား နှစ်မျိုးရှိပြီး မွေးရာပါနိုင်ငံသား သည်မှတ်ပုံတင်အနီကိုင်ဆောင်နိုင်ကြောင်း ၀န်ကြီး ဦးခင်ရီ က ပြောပါသည်။
ဥပဒေအရ ဖြစ်ခွင့်ရှိသော နိုင်ငံသားဆိုသည်မှာ မြန်မာနိုင်ငံတွင်း နှစ်ရှည်နေထိုင်ပြီး နေထိုင်သူ၏ တတိယမျိုးဆက် (မြေး) အဆင့်ရောက်မှာသာ နိုင်ငံသား ဖြစ်ခွင့် အချက်များနှင့် ညီပါက နိုင်ငံ သား ဖြစ်ခွင့် ရှိမည့်ဖြစ်ကြောင်း သိရသည်။
မြန်မာလူမျိုး မဟုတ်သူ၊ မြန်မာနိုင်ငံသား ပုံစံ မရှိသောသူ များ မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားခြင်းမှာ ဥပဒေအရ နိုင်ငံသား အဖြစ်သတ် မှတ်ခံခြင်းဖြစ် သောကြောင့် ဖြစ် ကာ နယ်စပ်ရှိ ၀န်ထမ်းများ၏ မှားယွင်း မှု ကြောင့် မဟုတ်ကြောင်း ဦးခင်ရီက မီဒီယာများသို့ ပြောကြားခဲ့သည်။
မွတ်စလင် သတင်းစဉ်နှင့် Unity Journal
ကမာရွတ်မြို့နယ်တွင်ဖြစ်ပွားခဲ့သော အိမ်အကူအမျိုးသမီးငယ် သေဆုံးမှုနှင့် ပတ်သက်၍ အိမ်ရှင်အမျိုးသမီးက ၄င်းကိုယ်တိုင် သတ်ခဲ့ကြောင်း ၀န်ခံလိုက်ပြီဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ "သေတာက ၃၆ နာရီအတွင်းသေတယ်။ သေဆုံးသူက ဧရာဝတီတိုင်း ပုသိမ်မြို့ကပါ။ တရားခံကလည်းဝန်ခံတယ်။ ၀န်ခံတော့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တရားခံ MRTV-4 မှ ထုတ်လွှင့်မည့် ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသော မေဇွန်
တနိုင်ငံလုံး ငြိမ်းချမ်းရေး၊ စစ်ပွဲရပ်စဲရေးကိုရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းထိ ဆန္ဒပြပွဲကို စီစဉ်သူများအား အရေးယူမည် ဟု ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ရဲမှူးကြီးမြင့်ထွေးက  သတင်းမီဒီယာများအား ပြောကြားလိုက်သည်။ 


ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများကို ယနေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်၊ (ဓါတ်ပုံ-YPI)

ယနေ့ဆန္ဒပြသူများမှာ ခွင့်ပြုချက်မရရှိပဲ စီတန်းလှည့်လည်ခဲ့သဖြင့် ဖြတ်သန်းရာ မြို့နယ် ၁၀ မြို့နယ်က အရေးယူမှုကို ပြုလုပ်မည်ဟု လည်း ၎င်းက ပြောသည်။ အရေးယူရာတွင် ယင်းမြို့နယ်များတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားသူများအား အရေးယူသွားမည်ဟုလည်း ၎င်းကရှင်းလင်း  ပြောဆိုသည်။


ကချင်ငြိမ်းချမ်းရေး ကွန်ရက် အပါအ၀င် အဖွဲ့အစည်း ၂၀ က ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများသည် နံနက် ၁၀ နာရီဝန်းကျင်တွင် ဆူးလေ စေတီအနီးမှ စတင်ကာ ဗိုလ်တထောင်၊ တာမွေ၊ ဗဟန်း ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ် အစရှိသည့်မြို့နယ်များကို ဖြတ်သန်း၍ အင်းလျားကန်ဘောင်တွင် ငြိမ်းချမ်းရေး ကျောက်တိုင်စိုက်ထူခဲ့သည်။    ။



Punk ၀တ်စားဆင်ယင်သူများကလည်း ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြရာတွင် ပါဝင်ခဲ့ကြသည်။
 အိန္ဒိယနိုင်ငံမှတင်သွင်းလာသော ကွမ်းယာအထုပ်ငယ်များအား မြန်မာနိုင်ငံအနှံရှိ ကွမ်းယာဆိုင်အများ အပြားတွင်   ရောင်းချမှုများရှိနေဆဲဖြစ်သဖြင့် ပြည်သူများ၏ကျန်းမာရေးအတွက် စီစစ်တားမြစ်မှု များပြုလုပ်သင့်ကြောင်း ပြည်သူများထံက သိရှိရသည်။

ထိုအိန္ဒိယကွမ်းယာအခြောက်ထုပ်များမှာ ထိုနိုင်ငံတွင်ပင် ကင်ဆာရောဂါဖြစ်နိုင်သည့် ရာခိုင်နှုန်း တိုးပွားစေသည့်အတွက် ပိတ်ပင်ခံထားရသည့် ကွမ်းထုပ်များဖြစ်သည်။

အဆိုပါကွမ်းယာထုပ်များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်များအရ ဖြစ်နိုင်သည့် ကင်ဆာရောဂါများမှာ များပြားလွန်းသည့် အတွက် ရောင်းချမှုအား ပိတ်ပင်တားမြစ်သင့်ကြောင်း ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးမှ ပါမောက္ခဆရာဝန်ကြီးတစ်ဦးက အကြံပြုပြောဆိုသည်။

“ ဓာတ်ခွဲစမ်းသပ်ချက်ကို လေ့လာကြည့်တာဖြစ်နိုင်တဲ့  ကင်ဆာရောဂါတွေက အများကြီးပဲ၊ လည် ချောင်း၊ ပါး၊ ခံတွင်းနဲ့ အူလမ်းကြောင်းတစ်လျှောက်ဖြစ်နိုင်တဲ့ ရောဂါတွေ အများကြီးပဲလေ၊ မြန်မာ နိုင်ငံမှာလည်း နယ်စပ်တွေမှာ ဒါတွေတင်သွင်းတာတွေကို ပိတ်သင့်ပြီ၊ သူတို့နိုင်ငံမှာ မစားတော့ဘူး ဆိုတာနဲ့ ဈေးပေါပေါနဲ့ အများကြီး မှောင်ခိုကနေ ၀င်လာနိုင်တယ်လေ၊ အခုဆို ရန်ကုန်မှာ ဆိုင်တိုင်း လိုလို အဲ့ဒီဆေးတွေ တွေ့လာရပြီလေ၊ လူတွေလည်း ကောင်းကောင်းစားတတ်နေပြီ ” ဟု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံကြီးမှ ပါမောက္ခ ဆရာဝန်ကြီးတစ်ဦးမှ ပြောသည်။

အိန္ဒိယတွင် ကင်ဆာဖြစ်ပွားသူများတွင် ၃၀ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီးပါဝင်သော ကွမ်းစားဆေးများ ကို စားသုံးခြင်းကြောင့်   ဖြစ်သည်ဟု သိရှိရသည့်အတွက် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ အစိုးရ သို့တင်ပြကာ ၂၀၁၂ခုနှစ် သြဂုတ်လ(၂၂)ရက်က စတင်  ပိတ်ပင်တားဆီးခဲ့သည်။

ကွမ်းစားဆေးများ အဓိကထုတ်လုပ်နေသည့် အိန္ဒိယနိုင်ငံတွင် အစိုးရမှ ပိတ်ပင်တားဆီးထား သော်လည်း မြန်မာနိုင်ငံသို့ တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်မှ အများဆုံးဝင်ရောက်နေခြင်းဖြစ်ကြောင်း ကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။

အိန္ဒိယနိုင်ငံတွင် ကွမ်းဆေး ထုတ်လုပ်ရောင်းချမှုအား ပိတ်ပင်ခဲ့ခြင်းကြောင့် တိုင်းပြည်ဝင်ငွေ နှစ်စဉ် ရူပီးငွေကုဋေ(၄၀)နီးပါး ဆုံးရှုံးလျက်ရှိသည်။ သို့သော် ပြည်သူလူထု၏ ကျန်းမာရေးအတွက် များစွာ အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်း အိန္ဒိယအစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာသည်။

ယခုနောက်ပိုင်းတွင် အိန္ဒိယတွင် ရောင်းချခွင့်မရှိတော့သောကြောင့် မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့ ယခင်ထက် အဆမတန်တင်သွင်းနေသော်လည်း နယ်စပ်စစ်ဆေးရေးဂိတ်များမှ တားဆီးမှုမရှိသေးကြောင်း သိရှိရသည်။

“ ဒီဆေးတွေက နေ့တိုင်းလိုလို ၀င်နေတာပဲ၊ဆေးဝါးနဲ့ ပတ်သက်ပြီး ၀င်တာ မဟုတ်ဘဲနဲ့ စားသောက်ကုန်နဲ့ ပတ်သက်ပြီး ၀င်တာလေ၊ ပြီးတော့ အထက်က အမိန့်ရမှ ကျွန်တော်တို့က ဖမ်းခွင့် ရှိတာလေ”  ဟု နယ်စပ်အရာရှိတစ်ဦးက ပြောသည်။

အိန္ဒိယမှ တင်သွင်းလျက်ရှိသော ကွမ်းစားဆေးအထုပ်များတွင် ဆေးရွက်ကြီးအပါအဝင် ကင်ဆာဖြစ်စေ နိုင်သော ဓာတုပစ္စည်း (၂၅)မျိုး ပါဝင်ကြောင်းကိုလည်း သိရှိရသည်။

ထိုဆေးများကို ကွမ်းယာအတွင်းထည့်သွင်းစားသုံးမှုကြောင့် နှစ်စဉ်ခံတွင်းကင်ဆာအပါအဝင် အခြား ကင်ဆာရောဂါ များနှင့် နှလုံး၊သွေးတိုးနှင့် အစာအိမ်ရောဂါဖြစ်ပွားသူ ဦးရေပမာဏမှာလည်း မြင့်မား လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ကွမ်းစားသူများ၏ ၇၅ ရာခိုင်နှုန်းမှာ အိန္ဒိယမှဝင်ရောက်လာသော ကွမ်းစား ဆေးများကို ကွမ်းယာအတွင်း ထည့်သွင်းစားသုံးသူများဖြစ်သည့်အတွက် ပြည်သူများ၏ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း ပြည်သူများထံက သိရသည်။

စစ်တမ်းများအရ မြန်မာနိုင်ငံ၌ ကွမ်းစားသူဦးရေမှာ နိုင်ငံရှိ လူဦးရေပမာဏ၏ သုံးပုံတစ်ပုံခန့် ရှိသည်။

အဆိုပါကွမ်းထုပ်များမှာ ယခင်ကငါးရာဖိုးသုံးထုပ်ရောင်းချခဲ့ရာမှ လက်ရှိအချိန်တွင် တစ်ရာဖိုးသုံးထုပ်အထိ လက်လီကွမ်းယာဆိုင်များတွင် ရောင်းချလျှက်ရှိကြောင်းသိရသည်။အိန္ဒိယကွမ်းထုပ်ငယ်များမှာ တိပ်မျိုးစုံနှင့် အမျိုးအစားမျိုးစုံရှိကြောင်းသိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ တက္ကသိုလ် နောက်ဆုံးနှစ် သို့မဟုတ် ဘွဲ့ရပြီးကာခ ကျောင်းသား ကျောင်းသူများ လွယ်ကူစွာဖြင့် အလုပ်အကိုင်ရရှိနိုင်ရန် ပံ့ပိုးပေးမည့် အခမဲ့ အလုပ် သင် On Job Training အစီအစဉ် စတင်မည် ဟု မွတ်စလင် သတင်းစဉ်မှ သိရသည်။ အဆိုပါ Intern to Learn အစီအစဉ်တွင် ပညာရေးမှ အလုပ်ခွင်သို့အ၀င် မဖြစ်မနေ သိရှိထား သင့်သော သင်ခန်းစာများ ပို့ချခြင်း INGO ,NGO များတွင် အလုပ်သင် အဖြစ် တာဝန် ထမ်းဆောင်ခြင်း စသည့် အခွင့်အရေးများရရှိမည်ဖြစ်သည်။
အလုပ်သင်ကာလ အတွင်း ကုန်ကျ စရိတ် (အခြေခံလစာ+ခရီးစရိတ်+နေထိုင်စရိတ်) ကိုပါထောက်ပံပေး မည်ဖြစ်ပြီးအသေး စိတ်အချက် အလက်များနှင့် လျှောက်လွှာများကို 09 4500 22457, 095372322, 0954 07036 သို့မဟုတ် info@interntolearn.org သို့လည်းဆက်သွယ်စုံစမ်းနိုင်ပါသည်။ စိတ်ဝင်စားသူများ အနေဖြင့် စက်တင်ဘာ ၂၂ရက်မတိုင်မီ အမြန်ဆုံးလျှောက်ထားရန် လိုအပ်သည်။ Intern to learn အစီအစဉ် တက်ရောက်ခွင့်ရ သူများအား Strategy First Institute, Student Council, The American Center ၊Judson Research Center၊ ၊ Community Development Studies Myanmar Institute of Theology တို့က ပံ့ပိုးပေးမည်ဟု သိရသည်။
အောက်ပါ ၀က်ဘ်ဆိုက်တွင်လည်းလေ့လာနိုင်သည်။   http://www.interntolearn.org
အောက်ဖေါ်ပြပါအချက်အလက်များသည်အွမ္မသေမုဟမ္မဒီယဟ်(တမန်တော်မြတ်(ဆွ)၏နောက်လိုက်အွမ္မသ်သားများ)
၏ထူးခြားချက်များဖြစ်ပါသည်။
(၁)သုံ့ပန်းပစ္စည်းများဟလာလ်ဖြစ်ခြင်း၊
(၂)ကမ္ဘာမြေတစ်ပြင်လုံးနမာဇ်ဖတ်ပိုင်ခွင့်ရှိခြင်း၊
(၃)နမာဇ်၏အတန်းများသည်ကောင်ကင်တမန်များ၏တန်းစီပုံကဲ့သို့ဖြစ်ခြင်း၊
(၄)သီးခြားအေဗာဒသ်ဝတ်ပြုမှုတစ်ခုအတွက်ဂျူမ္မအဟ်နေ့(သောကြာနေ့)ကိုသတ်မှတ်ပေးတော်မှုခြင်း၊
(၅)ဂျူမ္မအဟ်နေ့တွင်ဒိုအာကဗူလ်ဖြစ်သောအချိန်တစ်ချိန်ပါရှိခြင်း၊
(၆)ရိုဇာဟ်ဥပုသ်စောင့်ထိန်းရန်အတွက်စဟ်ရီစားသောက်ခြင်းကိုခွင့်ပြုတော်မှုခြင်း၊
(၇)ရမ်ဇာန်လမြတ်၌ကဒရ်ညဥ့်မြတ်ကိုချီးမြှင့်တော်မှုခြင်း၊
(၈)မှားယွင်းမှုဘက်သို့ ၀ပ်စ်ဝစဟ်(ဖျားယောင်မြူဆွယ်မှု)ဖြစ်ခြင်းနှင့်မေ့လျော့ခြင်းတို့ကြောင့်ဂိုနဟ်အပြစ်မထိုက်ခြင်း၊
 (၉)ခဲယဉ်းခက်ခဲသောအမိန့်တော်များကိုပလပ်တော်မှုခြင်း၊
(၁၀)ရုပ်ပုံဓါတ်ပုံရိုက်ဆွဲခြင်းကို(ဟရာမ်)တားမြစ်တော်မှုခြင်း၊
(၁၁)(အစ်ဂ်ျမာအေအွမ္မသ်) ခေါ်ပညာရှင်များ၏တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခြင်းသည်သာသနာတော်၏အထောက်အထားဖြစ်ခြင်း၊
၎င်တို့၏ဆုံးဖြတ်ချက်သည်မှားယွင်းသံသယဖြစ်ဖွယ်ရာမရှိခြင်း၊
(၁၂)အကိုင်အလက်(သဘောဆောင်သည့်အချက်အလက်)များဖြင့်သာသနာရေးရာများတွင်ကွဲလွဲမှုသည်ရဟ်မသ်ဖြစ်ခြင်း၊
(၁၃)ရှေးယခင်အွမ္မသ်သားများအပေါ်ကျရောက်ခဲ့သောအဇားဗ်အပြစ်မျိုး(မ)ကျရောက်ခြင်း၊
(၁၄)နဗိတမန်တော်များအားလုပ်ဆောင်စေသောအလုပ်မျိုးကိုအိုလမာပညာရှင်များအားလုပ်ဆောင်စေခြင်း၊
(၁၅)အွမ္မသေမုဟမ္မဒီယဟ်သည်အခြားသောတမန်တော်များ၏အွမ္မသ်သားများအပေါ်သက်သေထွက်ဆိုမည့်သူများဖြစ်ခြင်း၊
(၁၆) ကေယာမသ်နေ့တိုင်အောင်အမှန်တရားအပေါ်၌ရပ်တည်မည့်အုပ်စုအားအလ္လာဟ်အရှင်မြတ်ဘက်မှကူညီစောင်မ,တော်မှုမည်ဖြစ်ခြင်း၊
 မှတ်ချက်...ပြုစုသူ-မော်လာနာ ကာရီယူစွဖ် (အဆ်အဒီ)၏ အစ္စလာမ်ဗဟုသုတ စာအုပ်မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။
(copy-www.mgnyinyilatt.blogspot.com )
ဦးလေး။ ငါ့တူ မိဘတွေရဲ့ အရိပ်နဲ့ ချစ်သူအရိပ် ဘယ်ဟာက ပိုလုံခြုံမှုရှိသလဲ။

တူ။ မိဘရဲ့ အရိပ်ပေါ့ဗျာ။

ဦးလေး။ ဘာကြောင့် ပိုလုံခြုံရတာလဲ။

တူ။ ချစ်သူက တစ်ယောက်တည်းရယ်၊ မိဘက နှစ်ယောက်လေ။
IDM Crack IDM အသုံးပြုတဲ့ သူငယ်ချင်းတွေ အတွက် သတင်းကောင်းလေးပါဗျာ ဒီကောင်လေးကို ကျွန်တော် ရထားတာတော့ ကြာပါပီ အခုမှ စမ်းကြည့်ရတာပါ Update ထွက်တာဆိုစောင့်ရင်း စမ်းကြည့်တာ အဆင်ပြေတယ် Crack တွေ Patch တွေ မလိုပါဘူး ဒီကောင်လေးသာ ဆောင်ထား Upadte ထွက်တိုင်း Upadte လုပ် ပြီးရင် ဒီကောင်လေးနဲ့ လိုင်စင်ထည့် လိုင်စင်ထည့်မယ်ဆိုရင် IDM ကို Exit လုပ်ပြီးတော့ Start ကိုသာနိုပ်လိုက်ပါ အဆင်ပြေပါပြီ
Download>>>http://ifile.it/ (or)http://min.us/ (or)http://www.mediafire.com/ (or)https://docs.google.com/

Governor of Poker 2 Premium Edition Pc game (103MB)
ဒါလေးက သူငယ်ချင်းတစ်ယောက်အတွက် ရှာပေးရင်းနဲ့ ကစားရတာအဆင်ပြေလို့ မျှဝေပေးလိုက်ပါတယ်
Pass....zherzhaa
နောက်တစ်ခု
Ultimate Motorcross Faglight
တော်တော်များများကြည့်ဖူးမှာပါ လေထဲမှာ ဆိုင်ကယ်ကို ဂျွမ်းထိုး တစ်ပတ်လှည့်
စသည့်ဖြင့် လုပ်တာကိုမြင်ဖူးမှာပါ အခုဂိမ်းလည်းအဲလိုဘဲဗျာ ဆိုင်ကယ်ပြိုင်၇င်းနဲ့
အဲလို တွေလုပ်နိုင်ပါတယ်ဗျာ
Download>>>http://minus.com/
နောက်တစ်ခု
Angry.Birds.Seasons.2.4.1
Angry.Birds ချစ်သူတွေအတွက် Update တွေ့လို့ တင်ပေးလိုက်တယ်
Download>>>http://min.us/
နောက်တစ်ခု
War In A Box: Paper Tanks PC game 73 MB
ဒါကတော့ စစ်တိုက်တဲ့ ဂိမ်းလေးပါ ဘယ်လိုတိုက်သလည်းဆိုရင်တော့
ရန်သူလာတဲ့ လမ်းမှာ လက်နက်တွေထားပြီးတော့ ပစ်ဖြိုရပါတယ်
အခန်းက မြင့်တက်လာတဲ့အမျှ လက်နက်ဆန်းတွေရရှိလာပါတယ်
ကစားလို့ကောင်းတဲ့ ဂိမ်းလေးပါ
နောက်တစ်ခု
Superbike racing Pc game (28MB)
ဆိုင်ကယ်ပြိုင် မောင်းချင်တဲ့ သူငယ်ချင်းတွေအတွက် ဒီအတိုင်းဖွင့်ပြီးတော့ ကစားရုံပါဘဲ
နောက်တစ်ခု
Bus Driver Pc game (61MB)
ဘတ်စ်ကား မောင်းချင်တဲ့ သူငယ်ချင်းတွေအတွက်
အပြင်မှာလိုပါဘဲ စိတ်ဝင်စားရင် ယူသွားပေါ့ျော
Download>>>http://minus.com/
နောက်တစ်ခု
အာလာဒင် ကောဇော်ပျံ ပြိုင်တဲ့ ဂိမ်းလေးပါ 12MB
ကလေးတွေနှစ်သက်မယ့်ဂိမ်းလေးပါ
နောက်တစ်ခု
Bang Bang Racing For Pc Game
ဒီကောင်လေးကတော့ ကားပြိုင်ရင် စစ်တိုက်တဲ့ ဂိမ်းလေးပါ
သူငယ်ချင်းတို့ကို တင်ပေးဖို့ကျတော့ လိုင်းကမကောင်းတာနဲ့ မှုရင်းလိပ်စာကိုဘဲ တင်ပေးလိုက်ပါတယ်

(or)
(or)
အဆင်ပြေပါစေဗျာ
နောက်တစ်ခု
Gun Metal War Transformed Full Pc Game
စက်ရုပ်စစ်တိုက်တဲ့ ဂိမ်းလေးပါ အက်ရှင်ကတော့ တော်တော်ကောင်းပါတယ်
ကိုယ်ရမယ့် စက်ရုပ်ကတော့ လေယာဉ်စက်ရုပ်ပါ လေကြောင်းတိုက်ပွဲတွေဆိုရင် အရမ်းမိုက်ပါတယ်

Download>>>http://min.us/
နောက်ထပ်ဂိမ်းတွေ ဒေါင်းချင်ရင်တော့ ကျွန်တော်ဆိုဒ်ကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်
အကူညီတစ်ခုလောက်တောင်းချင်ပါတယ်ခင်ဗျာ
http://minus.com/ ကျွန်တော် အခုအကောင့်ဖွင့်ထားတာ 30G အထိ သိမ်းဆည်းခွင့်ရှိပါတယ်
တစ်ခြားဆိုဒ်တွေမှာဖိုင်တင်တဲ့ ခဏခဏဖျက်ခံထိတော့ တင်ရတာအဆင်ပြေခြင်းမရှိခဲ့ပါဘူး

http://minus.com/ မှာတော့ တင်ရတာအဆင်ပြေပါတယ် ဖိုက်ဖျက်ခံထိခြင်းလည်းမရှိပါဘူး
ကျွန်တော်ကို သူငယ်ချင်းတို့တွေက အကောင့်တစ်ခုဖွင့်ပေးမယ်ဆို ကျွန်တော်က 1G ရမှာပါ
ဂိတ်ဆုံး 50G အထိပေးပါတယ် ကျွန်တော်မှာ ဖိုင်များများတင်လို့ရအောင် အကောင့်ဖွင့်ပေးခြင်းဖြင့်ကူညီပါလို့
အကောင့်ဖွင့်တာရတာလည်းအရမ်းလွယ်ပါတယ် နာမည်ရယ် Pass ရယ် ဂျီမေးရယ် ထည့်လိုက် ရပါပီ

ကွန်ပျူတာထဲမှာပလေယာစုံရှိအောင်တင်ပေးလိုက်ပါတယ်နောစမ်းသုံချင်သုံးရအောင်ပေါ့ Media Player Classic လောက်တော့မကောင်းဘူးဗျစုံချင်ရင်ဆွဲသားဆွဲ..ကုန်ချင်ရင်ကဲသာကဲ....ဟဟ..(ကဗျာစပ်တာဝါသနာပါလို့ )
အချစ်ရေး၌ စိတ်မချမ်းသာဘဲ ရှုံးနိမ့်ရသော အခါ အမျိုးသား များသည် အမျိုးသမီး များထက် ပိုမို နာကျင် ခံစားရလေ့ရှိသည်ဟု လေ့လာမှု တစ်ရပ်အရ သိရကြောင်း ဇွန်လထုတ် ကျန်းမာရေးနှင့် လူမှုရေး ဂျာနယ်တွင် ဖော်ပြထားသည်။

ကယ်လီဖိုးနီးယား မြောက်ပိုင်း Wake Forest တက္ကသိုလ်မှ ပါမောက္ခ Robin Simon က အဆိုပါ သုတေသနလုပ်ငန်းကို ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၃ နှစ်အတွင်းရှိ လက်မထပ်ရသေးသော အမျိုးသား နှင့် အမျိုးသမီး ၁၀၀၀ ကျော်ကို လေ့လာခဲ့ကြောင်း FOX သတင်းဌာနက ဖော်ပြခဲ့သည်။

လေ့လာမှုမှ ရရှိလာသော အချက်အလက်များကို နှိုင်းယှဉ်ချက်အရ အချစ်ရေးတွင် လမ်းခွဲ အဆုံးသတ်သောအခါ အမျိုးသားများသည် အမျိုးသမီးများထက် ပိုမို စိတ်ထိခိုက် ခံစားရကြောင်း သိရသည်။

ထိုအချက်က အမျိုးသားများသည် အမျိုးသမီးများထက် ပျော်ရွင်ဖွယ် ကောင်းသော အချစ်ရေးတွင် ပိုမို စိတ်တက်ကြွ ပျော်ရွင်ကြပြီး စိတ်မချမ်းသာစရာ အခြေအနေမျိုးတွင်လည်း ပိုမိုကြီးမားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရသည်ကို ဖော်ပြလျက်ရှိသည်။ လူငယ်များအနေဖြင့် အဆင်မပြေသော အချစ်ရေးတွင် မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသည်အထိ ခံစားရလေ့ရှိကြောင်း ပါမောက္ခ Robin Simon က ပြောပါသည်။

ဤသုတေသနမှ ထွက်ပေါ်လာသော အံ့အားသင့်ဖွယ် အဖြေမှာ လူငယ် အမျိုးသား တစ်ဦးအတွက် ဘဝတွင် အကြီးမားဆုံး ပတ်သက်ရင်းနှီးသူမှာ သူ၏ ချစ်သူဖြစ်ပြီး အမျိုးသမီးများ အတွက်မှု သူတို့၏ အရင်းနှီးဆုံးသူမှာ ချစ်သူထက်စာလျင် သူငယ်ချင်း သို့မဟုတ် မိဘ ဖြစ်သည်ဟု သိရသည်။

၁။ တမန်တော်မုဟမ္မဒ်(ဆွ)သည် မဒီနာရွှေမြို့တော်တွင် ဘယ်နှနှစ်ကြာ ၀ဟီဗျာဒိတ်တော်ကို ရရှိခဲ့ပါသနည်း။
အဖြေ >>>၁၀ - နှစ်
၂။ ပထမဆုံးသော စူရဟ်ကို ဘယ်ဒေသမှာ ချပေးခဲ့ပါသနည်း။
အဖြေ >>>မက္ကာမြို့
၃။ ကုရ်အာန်တစ်အုပ်လုံး အစအဆုံးပြီးပြည့်စုံစေရန် နှစ်ပေါင်း မည်မျှကြာအထိ ၀ဟီ(ဗျာဒိတ်တော်)ချပေးခဲ့ပါသနည်း။
အဖြေ >>>၂၂ - နှစ်၊ ၅ - လ၊ ၁၄ - ရက်
၎။ ဆွလားသ်၏ ရကအသ်တိုင်းတွင် မဖတ်မနေဖတ်ရသော ကုရ်အာန်၏ စူရဟ်မှာ အဘယ်နည်း။
အဖြေ >>>စူရဟ် ဖွာတေဟာ
၅။ အလ္လာဟ်အရှင်မြတ်က ဆုဒုအာတစ်ခုအဖြစ် သင်ကြားပေးခဲ့သော စူရဟ်မှာ အဘယ်စူရဟ်နည်း။
 အဖြေ >>>စူရဟ် အလ်ဖွာတေဟာ
၆။စူရဟ် ဖွာတေဟာကို ကုရ်အာန်၏အစတွင် ဘာအကြောင်းကြောင့် ထားခဲ့ရပါသနည်း။
 အဖြေ >>>၎င်းသည် ကုရ်အာန်၏ တံခါးမဖြစ်ပါသည်။
၇။ ကုရ်အာန်ထဲတွင် သူမ၏အမည်ကို တွေ့ရှိရသော တစ်ဦးတည်းသော အမျိုးသမီးကား မည်သူနည်း။
 အဖြေ >>>မရ်ယမ်သခင်မ
၈။ညွှန်ကြားချက်အများဆုံးကို ကုရ်အာန်၏ မည်သည့်စူရဟ်မှာ တွေ့ရှိရပါသနည်း။
 အဖြေ >>>စူရဟ် အလ်ဗကရဟ်
၉။ ဗစ္စမီလ္လာဟ်နှင့် စတင်ထားခြင်းမရှိသည့် စူရဟ်ကား အဘယ်နည်း။
 အဖြေ >>>စူရဟ်သောင်ဗဟ် 
၁၀။ ကုရ်အာန်၏ မည်သည့်စူရဟ်တွင် ဗစ္စမီလ္လာဟ် နှစ်ကြိမ်ပါရှိသနည်း။
 အဖြေ >>>စူရဟ် အလ်နမလ်
 ၁၁။ တမန်တော် အသီးသီး၏နာမည်ဖြင့် အမည်တပ်ထားသော စူရဟ်များမှာ ကုရ်အာန်ထဲတွင် ဘယ်နှစ်ခုပါရှိသနည်း။
 အဖြေ >>>(က) စူရဟ် အလ်ယူနွတ်စ် (ခ) စူရဟ် အလ်ဟူးဒ် (ဂ) စူရဟ် အလ်ယူစုဖ်(ဃ) စူရဟ် အလ်နူးဟ် (င) စူရဟ် အလ်မုဟမ္မဒ်
 ၁၂။ ကုရ်အာန်၏ မည်သည့်အပိုင်းမှာ အာရ်တွလ်ကုရ်စီ (ပလ္လင်တော်ကဏ္ဍ)ကို တွေ့ရှိနိုင်ပါသနည်း။
 အဖြေ >>>တတိယပိုင်းအစ (ကဏ္ဍ ၂၊ ပါဒ ၂၅၅)
 ၁၃။ ကုရ်အာန်ထဲတွင် ဂုဏ်ပေးဖော်ပြထားသော တမန်တော်မဟုတ်သည့် လူပုဂ္ဂိုလ်သုံးပါး၏အမည်ကား အဘယ်နည်း။
 အဖြေ >>>လွတ်ကမန်း အဇီဇ်(အီဂျစ်မှ) နှင့် ဇုလ်ကရ်နိုင်း
 ၁၄။ ကမ္ဘာပေါ်တွင် လူသန်းပေါင်းများစွာက အာဂုံဆောင်ထားခဲ့ရသော တစ်ခုတည်းသော ကျမ်းစာကား မည်သည်နည်း။
 အဖြေ >>>ကုရ်အာန်ကျမ်းတော်မြတ်
 ၁၅။ ကုရ်အာန်၏ အာယသ်အချို့ကို ကြားနာခဲ့ကြသော ဂျင်န်များက အချင်းချင်းဘယ်သို့ ဆိုခဲ့ကြပါသနည်း။
 အဖြေ >>>ကျွန်ုပ်တို့သည် မှန်ကန်သောလမ်းကို ညွှန်ပြသည့် စံတုမဲ့ ရေးသားချက်ကို ကြားနာခဲ့ရပါသည်။
အမှန်ပင် ကျွန်ုပ်တို့ ယင်းကို ယုံကြည်ခဲ့ကြပါသည်။
 ၁၆။ ကျမ်းမြတ်ကုရ်အာန်ကို ကမ္ဘာ့ဘာသာစကား ဘယ်နှမျိုးနှင့် ဘာသာပြန်ဆိုပြီးခဲ့ပါပြီနည်း။
 အဖြေ >>>၁၀၃-မျိုးခန့်
 ၁၇။ ကုရ်အာန်ထဲတွင် ယင်း၏ မျိုးဆက်သုံးဆက်မှ တမန်တော်များကို ဖော်ပြခံထားရသော တမန်တော်၏အမည်ကား အဘယ်နည်း။
 အဖြေ >>>အီဗရာဟီမ် နဗီ
၁၈။ ကမ္ဘာကြီး၏ အစနှင့်အဆုံး နိဂုံးကို အရှင်းလင်းဆုံးဖော်ပြထားသော ကျမ်းဂန်ကား အဘယ်နည်း။
 အဖြေ >>>ကုရ်အာန်ကျမ်း
 ၁၉။ ကုရ်အာန်အရ မက္ကာမြို့ကို အခြား မည်သည့်အမည်ဖြင့် ခေါ်ဆိုထားပါသနည်း။
 အဖြေ >>>ဗက္ကာဟ်နှင့် ဗလဒုလ်အမီးန်
 ၂၀။ မဒီနာမြို့ကို ကုရ်အာန်ကပေးထားသော အခြားအမည်တစ်ခုကို ပြောပြပါ။
အဖြေ >>>ယသရိဗ်မြို့
 ၂၁။ ကုရ်အာန်က မည်သူ၏မျိုးဆက်ကို ဗနီအစ္စရာအီလ်ဟူ၍ ခေါ်ဆိုထားပါသနည်း။
 အဖြေ >>> တမန်တော်ယာကုဗ်၏မျိုးဆက်
 ၂၂။ ကုရ်အာန်ထဲတွင် တိရစ္ဆာန်အမည်နှင့်ရှိနေသော စူရဟ်မည်မျှရှိသနည်း။
 အဖြေ >>>စူရဟ် ၆-ခုရှိသည်။ (က) အလ်ဗကရဟ်(နွားမကဏ္ဍ) (ခ) အလ်အန်အမ်း(သားကောင်များကဏ္ဍ) (ဂ) အလ်နဟလ်(ပျားများကဏ္ဍ) (ဃ) အလ်နမလ်(ပုရွက်ဆိတ်ကဏ္ဍ) (င) အလ်အန်ကဗူးသ်(ပင့်ကူကဏ္ဍ) စူရဟ် (စ) အလ်ဖီးလ်(ဆင်ကဏ္ဍ)
 ၂၃။ မည်သည့်စူရဟ်ကို လအမည်ပေးထားသနည်း။
 အဖြေ >>>အလ်ကမရ် (စူရဟ် ၅၄)
 ၂၄။ ကြယ်အမည်နှင့် မည်သည့်စူရ်ဟ်ကို ပေးထားသနည်း။
 အဖြေ >>>အလ်နဂျမ် (စူရဟ် ၅၃)
Image Hosted At MyspaceGens
ဇာတ်ကားရိုက်ကူးခဲ့သူဟု ယူဆရသူအား ခေါ်ဆောင်လာစဉ်
နိုင်ငံအချို့တွင် အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြမှုများဖြစ်စေခဲ့သည့် ဇာတ်ကားရိုက်ကူးသူဟု ယူဆရသူကို ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၅ ရက် အစောပိုင်းတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း အမေရိကန် NBC သတင်းဌာနက ဖော်ပြခဲ့သည်။
ဇာတ်ကားရိုက်ကူးသူဟု ထင်ရသူ Nakoula Besseley Nakoula ပြည်နယ်အစိုးရ တာဝန်ရှိသူများက စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ကာလီဖိုးနီးယားပြည်နယ်၊  Cerri-tos ရှိသူ၏ နေအိမ်မှနေ၍ ရဲများ အစောင့်အရှောက်ဖြင့် ခေါ်ယူသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Nakoula  သည် ကုတ်အင်္ကျီ၊ ဦး ထုပ်၊ ပုဝါ၊ မျက်မှန်များ ၀တ်ဆင်ပြီး မျက်နှာကိုကွယ်ကာ လိုက်ပါသွားခဲ့ကြောင်း ယင်းသတင်းဌာနက ဖော်ပြခဲ့သည်။
Nakoula သည် ခံဝန်ဖြင့်နေရစဉ်အတွင်း ကန့်သတ်မှုများကို ချိုးဖောက်ခြင်းရှိ၊ မရှိ ပြည်နယ် တာဝန်ရှိသူများက စစ်ဆေးမေးမြန်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်နယ်တာဝန်ရှိသူများ၏ စစ်ဆေးမှု မခံရမီ အင်တာဗျူးပြုလုပ်ရန် Nakoula ကသဘောတူခဲ့သည်။
Nakoula သည် ဘဏ်စာရင်းအတုများ ပြုလုပ်ခဲ့သည်ဟု စွဲချက်ကို  ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရင်ဆိုင်ခဲ့ရသည်။ သူနှင့် အပေါင်းအပါအချို့သည် ကာလီဖိုးနီးယားရှိ Wells Fargo ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းအသုံးပြုသူများထံမှ မှတ်ပုံ တင်ကတ်များ၊ လုံခြုံရေးနံပါတ်များကို တရားမ၀င် နည်းလမ်းများဖြင့် ရယူပြီး အမေရိကန်ဒေါ်လာ ၈၆၀ ထုတ်ယူခဲ့ကြောင်း စွဲချက်တင်ခံရခြင်း  ဖြစ်သည်။
၁၉၉၇ ခုနှစ်ကလည်း မက်သာဖက်တမင်းကို ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် လက်ဝယ်ပိုင်ဆိုင်မှုဖြင့် အပြစ်ရှိကြောင်း ၀န်ခံခဲ့သဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရကြောင်း NBC က ဖော်ပြခဲ့သည်။
ယင်းဇာတ်ကားနမူနာ ထွက်ပေါ်လာမှုမှတစ်ဆင့် လစ်ဗျားတွင် စတင်ကာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး လက်နက်များ ကိုင်ဆောင်ထားသော လူအချို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးမှာ လက်နက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်။ ယင်းကန့်ကွက် ဆန္ဒပြမှုများမှာ အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ နိုင်ငံများသို့ ပျံ့နှံ့ခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်အထိ ဆန္ဒပြသူ ခြောက်ဦးထက်မနည်း သေဆုံးခဲ့သလို လစ်ဗျားဆိုင်ရာ အမေရိကန်သံအမတ်အပါအ၀င် လစ်ဗျားရှိ အမေရိကန်နိုင်ငံသား ၄ ဦး သေဆုံးခဲ့သည်။
Image Hosted At MyspaceGens
Welcome to My Blog

သတင်းနှင့်အထွေထွေဗဟုသုတများစုစည်းရာ


اسلام عليكم ور حمت الله وبر كته နွေးထွေးစွာကြိုဆိုပါ၏

Internet Speedtest

အစ္စလာမ်ပြက္ခဒိန်


ဟစ်ဂျရီ ၁၄၃၅ ခုနှစ်
မုဟရ်ရမ်လ
၂၆ ရက်
တနင်္ဂနွေနေ့

နေ့လည် ဝ၂ နာရီ  ၃၂ မိနစ်

online quran

Image Hosted At MyspaceGens

Mc Hla MoE Apk

ကျွန်ုပ်၏ပြတိုက်မှ တင်ဆက်ထားသောပိုစ်များကို အင်တာနက်ခဏဖွင့်ယုံဖြင့် offline အနေဖြင့်ဖတ်ရှုနိုင်ပါပြီ။ အသုံးပြုနည်းမှာ- App အား မိုဘိုင်းပေါ်တွင် install လုပ်ပြီးပါက menu ခလုတ်နှိပ်၍ Update All အား ရွေးချယ်နှိပ်ယူစဉ် အင်တာနက် ခေတ္တ ဖွင့်ထားဖို့ လိုမည် ဖြစ်ပါသည်... Update download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။ Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည် mchlamoe
Image Hosted At MyspaceGensနောက်ဆုံးရသတင်းများကိုတစ်နေရာတည်၌စုံလင်စွာဖြင့်သိရှိနိုင်ပါသည် Image Hosted At MyspaceGens Image Hosted At MyspaceGens


>>> M - M - C - F

mchlamoe

Myanmar Muslim Hacker Group

မွတ်စလင်မ်အမျိုးသားများသတိပြုရန်

mchlamoe

Popular Post

Quran Download

Surah 001 - Al-Fatiha (The Opening).mp3

Download


Surah 002 - Al-Baqarah( The Cow).mp3

Download


Surah 003 - Al-Imran.mp3

Download


Surah 004 - An-Nissa (The Women).mp3

Download


Surah 005 - Al-Maidah (The Table Spread).mp3

Download


Surah 006 - Al-An'am (The Cattle).mp3

Download


Surah 007 - Al-A'raf (The Heights).mp3

Download


Surah 008 - Al-Anfal (The Spoils of War).mp3

Download


Surah 009 - Al-Tauba (The Repentance).mp3

Download


Surah 010 - Yunus (Jonah).mp3

Download


Surah 011 - Hud (The Prophet Hud).mp3

Download


Surah 012 - Yusuf (Joseph).mp3

Download


Surah 013 - Ar-Ra'd (The Thunder).mp3

Download


Surah 014 - Ibrahim (Abraham).mp3

Download


Surah 015 - Al-Hijr (The Rocky Tract).mp3

Download


Surah 016 - An-Nahl (The Bee) .mp3

Download


Surah 017 - Al-Isra (The Journey by Night) .mp3

Download


Surah 018 - Al-Kahf (The Cave) .mp3

Download


Surah 019 - Maryam (Mary).mp3

Download


Surah 020 - Ta-Ha .mp3

Download


Surah 021 - Al-Anbiya.mp3

Download


Surah 022 - Al-Hajj (The Pilgrimage).mp3

Download


Surah 023 - Al-Mu'minun (The Believers).mp3

Download


Surah 024 - Al-Nour (The Light).mp3

Download


Surah 025 - Al-Furqan (The Criterion).mp3

Download


Surah 026 - Ash-Shu'ara (The Poets).mp3

Download


Surah 027 - An-Naml (The Ants).mp3

Download


Surah 028 - Al-Qasas (The Narration).mp3

Download


Surah 029 - Al-'Ankabut (The Spider).mp3

Download


Surah 030 - Ar-Rum (The Romans).mp3

Download


Surah 031 - Luqman (Luqman).mp3

Download


Surah 032 - As-Sajdah (The Prostration).mp3

Download


Surah 033 - Al-Ahzab (The Confederates).mp3

Download


Surah 034 - Saba' (Sheba) .mp3

Download


Surah 035 - Fatir (The Originator of Creation).mp3

Download


Surah 036 - Ya-Sin (Ya-Sin).mp3

Download


Surah 037 - As-Saffat (The Rangers).mp3

Download


Surah 038 - Suad.mp3

Download


Surah 039 - Az-Zumar (The Groups).mp3

Download


Surah 040 - Ghafir (The Forgiver).mp3

Download


Surah 041 - Fussilat (Explained in Detail).mp3

Download


Surah 042 - Ash-Shura (The Consultation).mp3

Download


Surah 043 - Az-Zukhruf (The Gold Adornments).mp3

Download


Surah 044 - Ad-Dukhan (The Smoke).mp3

Download


Surah 045 - Al-Jathiya (The Kneeling).mp3

Download


Surah 046 - Al-Ahqaf (The Curved Sandhills).mp3

Download


Surah 047 - Muhammad.mp3

Download


Surah 048 - Al-Fath (The Victory).mp3

Download


Surah 049 - Al-Hujurat (The Dwellings).mp3

Download


Surah 050 - Qaf.mp3

Download


Surah 051 - Az-Zariyat (The Winds that Scatter).mp3

Download


Surah 052 - At-Tur (The Mount).mp3

Download


Surah 053 - An-Najm (The Star).mp3

Download


Surah 054 - Al-Qamar (The Moon).mp3

Download


Surah 055 - Ar-Rahman (The Most Beneficent).mp3

Download


Surah 056 - Al-Waqi'a (The Event).mp3

Download


Surah 057 - Al-Hadid (Iron).mp3

Download


Surah 058 - Al-Mujadilah (The Disputation).mp3

Download


Surah 059 - Al-Hashr (The Gathering).mp3

Download


Surah 060 - Al-Mumtahinah (The Examined One).mp3

Download


Surah 061 - As-Saff (The Row).mp3

Download


Surah 062 - Al-Jumu'ah (Friday).mp3

Download


Surah 063 - Al-Munafiqun (The Hypocrites).mp3

Download


Surah 064 - At-Taghabun (Loss and Gain).mp3

Download


Surah 065 - At-Talaq (The Divorce).mp3

Download


Surah 066 - At-Tahrem (The Banning).mp3

Download


Surah 067 - Al-Mulk (Dominion).mp3

Download


Surah 068 - Al-Qalam (The Pen).mp3

Download


Surah 069 - Al-Haqqah (The Reality).mp3

Download


Surah 070 - Al-Ma'arig (The Ways of Ascent).mp3

Download


Surah 071 - Nuh (Noah).mp3

Download


Surah 072 - Al-Jinn (The Jinn).mp3

Download


Surah 073 - Al-Muzzammil (Folded in Garments).mp3

Download


Surah 074 - Al-Muddaththir (The One Enveloped).mp3

Download


Surah 075 - Al-Qiyamah (The Resurrection).mp3

Download


Surah 076 - Al-Insan (Man).mp3

Download


Surah 077 - Al-Mursalat (Those Sent Forth).mp3

Download


Surah 078 - An-Nab (The Great News).mp3

Download


Surah 079 - An-Naziat (Those Who Pull Out).mp3

Download


Surah 080 - Abasa (He Frowned).mp3

Download


Surah 081 - At-Takwir (The Folding Up).mp3

Download


Surah 082 - Al-Infitar (The Cleaving).mp3

Download


Surah 083 - Al-Mutaffifin (Those Who Deal in Fraud).mp3

Download


Surah 084 - Al-Inshiqaq (The Splitting Asunder).mp3

Download


Surah 085 - Al-Buruj (The Big Stars).mp3

Download


Surah 086 - At-Tariq (The Night-Comer).mp3

Download


Surah 087 - Al-A'la (The Most High).mp3

Download


Surah 088 - Al-Ghashiyah (The Overwhelming).mp3

Download


Surah 089 - Al-Fajr (The Dawn).mp3

Download


Surah 090 - Al-Balad (The City).mp3

Download


Surah 091 - Ash-Shams (The Sun).mp3

Download


Surah 092 - Al-Lail (The Night).mp3

Download


Surah 093 - Ad-Duha (The Forenoon - After Sunrise).mp3

Download


Surah 094 - Ash-Sharh (The Opening Forth).mp3

Download


Surah 095 - At-Tin (The Fig).mp3

Download


Surah 096 - Al-Alaq (The Clot).mp3

Download


Surah 097 - Al-Qadr (The Night of Decree).mp3

Download


Surah 098 - Al-Baiyinah (The Clear Evidence).mp3

Download


Surah 099 - Az-Zalzalah (The Earthquake).mp3

Download


Surah 100 - Al-'Adiyat (Those That Run).mp3

Download


Surah 101 - Al-Qari'ah (The Striking Hour).mp3

Download


Surah 102 - At-Takathur (The Piling Up).mp3

Download


Surah 103 - Al-'Asr (The Time).mp3

Download


Surah 104 - Al-Humazah (The Slanderer).mp3

Download


Surah 105 - Al-Fil (The Elephant).mp3

Download


Surah 106 - Quraish (Quraish).mp3

Download


Surah 107 - Al-Ma'un (The Small Kindnesses).mp3

Download


Surah 108 - Al-Kauthar (A River in Paradise).mp3

Download


Surah 109 - Al-Kafirun (The Disbelievers).mp3

Download


Surah 110 - An-Nasr (The Help).mp3

Download


Surah 111 - Al-Masad (The Palm Fiber).mp3

Download


Surah 112 - Al-Ikhlas (The Purity).mp3

Download


Surah 113 - Al-Falaq (The Day Break).mp3

Download


Surah 114 - An-Nas (The Mankind).mp3

Download



Share

အသစ်တင်တိုင်းပို့ပေးပါမည် Email လိပ်စာလေးထားခဲ့ပေးပါ

Pages

.

Blog Archive

myanmarmuslim.net

The Irrawaddy's Blog

News @ M-Media

Thit Htoo Lwin

Myanmar Muslims' Voice (MMV)

Internet Journal

Myanmar Mobile App

rohingyablogger

- Copyright © ! ကျွန်ုပ်၏ပြတိုက် ! -ALL M-M News- Powered by Blogger - Designed by M C HLa MoE -