ဇူးရစ်ခ်ျ။ မတ် ၃၊ ၂၀၁၄
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲတွေမှာ ဟိဂျဗ်ဝတ်ဆင်ဖို့ မတ်လ ၁ရက်နေ့က
တရားဝင်ခွင့်ပြုလိုက်တဲ့အတွက် နိုင်ငံတကာပြိုင်ပွဲတွေမှာ
ပါဝင်ယှဉ်ပြိုင်လိုတဲ့ မွတ်စလင်အမျိုးသမီး ဘောလုံးသမားတွေရဲ့ အိပ်မက်တွေ
ပြန်လည်နိုးကြားလာခဲ့ပြန်ပါပြီ။
“အမျိုးသမီးကစားသမားတွေ ခေါင်းစည်းပုဝါ ၀တ်ဆင်ပြီး ကစားနိုင်ကြောင်း
ဆုံးဖြတ်လိုက်ပါပြီ”လို့ FIFA အတွင်းရေးမှူးချုပ် Jerome Valcke က
ဇူးရစ်ခ်ျမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်နဲ့
အားကစားနည်းစနစ်ရေးဆွဲသူများပါဝင်တဲ့ အစည်းအဝေးအပြီးမှာ AFP ကို
ပြောကြားလိုက်ပါတယ်။
အဲဒီ ခွင့်ပြုချက်နဲ့ဆယ်နွယ် အကျုံးဝင်တာက အမျိုးသားကစားသမားတွေအတွက်လည်း
ခေါင်းပေါင်း ပေါင်းပြီး ကစားနိုင်မှာဖြစ်တဲ့အတွက်
ဆစ်ခ်လူမျိုးတို့ကျေနပ်နှစ်သိမ့်နိုင်မှာပါ။
“အမျိုးသားတွေအတွက်လည်း အလားတူ ခေါင်းစည်းနဲ့ ကစားနိုင်တယ်လို့
ဆုံးဖြတ်ခဲ့ပါတယ်”လို့ Valcke က ဆိုပါတယ်။
“ဒါပေမယ့် ခေါင်းစည်းပုဝါဖြစ်ဖြစ် ခေါင်းပေါင်းပဲဖြစ်ဖြစ် အသင်းက၀တ်မယ့်
အင်္ကျီကာလာအတိုင်းပဲ ဖြစ်ရမှာပါ” လို့ သူက ထည့်သွင်းပြောကြားပါတယ်။
၂၀၀၇ ခုနှစ် FIFA ပြိုင်ပွဲမှာ ခေါင်းစည်းပုဝါ၀တ်ပြီး မယှဉ်ပြိုင်ဖို့
တားမြစ်ခဲ့ပါတယ်။ ဦးခေါင်းနဲ့ လည်ပင်းမှာ
ထိခိုက်ဒဏ်ရာရာနိုင်ချေများတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။
အလားတူ ၂၀၁၀ ခုနှစ် ဧပြီလတုန်းကလည်း ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ
မွတ်စလင်ခေါင်းစည်း ပုဝါအပါအ၀င် တခြားဘာသာရေးအမှတ်သညာတွေနဲ့
ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမှာမဟုတ်ဘူးလို့ ကြေညာ ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်(IFAB)က
အမျိုးသမီးကစားသမားတွေကို ဟိဂျဗ်ဝတ်ဆင်ခွင့်ပေးလိုက်ပါတယ်။
IFAB က အာရှဘောလုံးအဖွဲ့ချုပ်(AFC)ရဲ့ တိုက်တွန်းချက်အရ ၂ နှစ်
စမ်းသပ်ကာလကို ခွင့်ပြုခဲ့ရာ အောင်မြင်မှုရခဲ့ပါတယ်။
အရာရှိတွေရဲ့ ပြောကြားချက်အရ ဂျော်ဘုရင်အဗ္ဗဒွလ္လာဟ်ရဲ့ ညီအစ်ကိုတော်စပ်သူ
မင်းသားအလီရဲ့ လှုံ့ဆော်မှုကြောင့် ဟိဂျဗ်ခွင့်ပြုချက်ကို
ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒါဟာ တစ်ကမ္ဘာလုံးအတွက် ခွင့်ပြုချက်ပါ”လို့ Valcke က
ဂျော်ဒန်နိုင်ငံမှာ ကျင်းပမယ့် 2016 -U-17 ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
အမျိုးသမီးတွေကို စတင်ခွင့်ပြုဖို့ ရည်ရွယ်ပြောကြားပါတယ်။
အီရန်နိုင်ငံဟာလည်း ဒီတားမြစ်ချက်ကို ပယ်ဖျက်ဖို့ အစောဆုံး
လှုံ့ဆော်တိုက်တွန်းခဲ့ပါတယ်။
အီရန်နိုင်ငံအမျိုးသမီးအဖွဲ့ဟာ ၂၀၁၂ အိုလံပစ်ကစားပွဲတုန်းက ဂျော်ဒန်ကို
အနိုင်ရပြီး ခြေစစ်ပွဲအောင် လို့ ဒုတိယအကျော့ ယှဉ်ပြိုင်မယ့်အချိန်ကျမှ
ဟိဂျဗ် မချွတ်နိုင်တဲ့အတွက် ပြိုင်ပွဲကနေ တားမြစ်ခံခဲ့ရ ပါတယ်။
အီရန်ဟာ အိုလံပစ် ခြေစစ်ပွဲမှာ ရှုံးပွဲမရှိအနိုင်ရပြီး
အုပ်စုဗိုလ်ဖြစ်ခဲ့ပေမယ့် ဆက်ဆံရေး မပြေပြစ်တဲ့အတွက် ပယ်နယ်တီ ၃ ဂိုးပြတ်
ရှုံးရသည့်အလား ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရပါတယ်။
Onislam.net တွင်ဖော်ပြသော “FIFA Allows Muslims’ Hijab in Matches ” ကို
စိုင်ဖုလ္လာဟ် (မြန်မာမွတ်စလင်မီဒီယာ)က ဘာသာပြန်ဆိုသည်။

Related Posts :
- Back to Home »
- အစ္စလာမ်ရေးရာ »
- မွတ်စလင်အမျိုးသမီးများ ဟိဂျဗ်ဝတ်ပြီး ဘောလုံးကစားနိုင်ဖို့ FIFA ခွင့်ပြုလိုက်ပြီ