Showing posts with label ဗဟုသုတ. Show all posts
လက်ရှိ ကမ္ဘာ့အမြင့်ဆုံးတာဝါ ရှိတာကတော့ ဒူဘိုင်းမြို့မှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် နောက်တစ်ပတ်ထဲမှာ ဒူဘိုင်းမှာ နောက်ထပ် ကမ္ဘာ့အမြင့်ဆုံးတာဝါကို
ထပ်ဆောက်တော့မှာဖြစ်ပါတယ်။
ဆောက်လုပ်ပြီးတဲ့အချိန်မှာ ၎င်းတာဝါဟာ မြေပြင်အထက် ၁ ကီလိုမီတာ (ပေပေါင်း ၃၂၈၀) အထိ မြင့်မယ်လို့ သိရပါတယ်။ အဲဒီအတိုင်းအတာဟာ လက်ရှိ အမြင့်ဆုံး ဘုဂ်ျ ကလီဖာ တာဝါထက် ပေပေါင်း ငါးရာကျော် ပိုရှည်မယ်မှာ ဖြစ်ပြီးတော့ ဆောက်လုပ်မှုအတွက် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၃၀၀ ($1.23 billion) ကုန်ကျမယ်လို့ သိရပါတယ်။
ဂျစ်ဒါ ကမ်းခြေမြို့တော်မှာ တည်ဆောက်မှာဖြစ်ပြီးတော့ တည်ဆောက်ဖို့အတွက် ငါးနှစ်ကြာမြင့်ပါမယ်။ ၎င်းတာဝါ တည်ဆောက်ရန်အတွက် ကွန်ကရစ် စတုရန်းမီတာ ၅.၇ သန်းနဲ့ စတီး တန်ပေါင်း ၈ သောင်း လိုအပ်မှာ ဖြစ်ပါတယ်။ အောက်ခြေ ဧရိယာအကျယ်အဝန်းကတော့ စတုရန်းမီတာ ငါးသိန်း (500,000 Square meters) နေရာယူမှာဖြစ်ပြီးတော့ အလွှာပေါင်း ၂၀၀ ပါဝင်မယ်လို့ သိရပါတယ်။ တစ်စက္ကန့်ကို ၁၀မီတာနှုန်းနဲ့ တက်မယ့် ဓာတ်လှေကား ၅၉ စင်း ပါဝင်မှာ ဖြစ်ပြီတော့ အဲဒီထဲကမှ ငါးစင်းကတော့ နှစ်ထပ် ဓာတ်လှေကားတွေ ဖြစ်မှာပါ။
တာဝါနာမည်ကိုတော့ Kingdom Tower လို့ အမည်ပေးထားပြီး၊ ဂျစ်ဒါမြို့တော်မြောက်ဘက် ပင်လယ်နီမြင်ကွင်းကို ရယူတည်ဆောက်မှာ ဖြစ်ပါတယ်။
ref :ygnnews

ခွေးတစ်ကောင်က လိုက်လာပြီး ကိုက်တော့မယ်ဆိုရင် လုံးဝမလုပ်သင့် တာက
ပြေးတာပဲ ဖြစ်ပါတယ်။ ပြေးရင်ပြေးရာလမ်းကြောင်းနောက်လိုက်ပြီး
မိအောင်လိုက်ကိုက် တတ်ပါတယ်။ ခွေးနဲ့ မျက်လုံးချင်းစုံအောင် မကြည့်ရပါဘူး။
မျက်လုံးချင်းစုံအောင် ကြည့်တာဟာ ခွေးတင်မကပဲ အခြားသော တိရစ္ဆာန်တွေမှာပါ
ရန်လိုတဲ့ အပြုအမူလို့ ယူဆကြပါတယ်။
ဒါကြေင့် မျက်လုံးချင်းစုံမိရင် ခွေးဟာ ပထမဆုံး အနေနဲ့ ဟောင်မှာ
ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တုန်လှုပ်ခြောက်ခြားနေတဲ့ အမူအရာ လုံးဝမပြရ
ပါဘူး။ လက်မှာ လွတ်ချလို့ရမယ့် ပစ္စည်း တစ်ခုခု ပါလာရင် ခွေးပြေး လာ နေတုန်း
လွတ်ချလိုက်ရပါမယ်။ ဒါဆိုရင် ခွေးရဲ့  အာရုံဟာ ယင်းပစ္စည်း ဆီကို
ရောက်သွားမှာ ဖြစ်ပါတယ်။
သို့တည်းမဟုတ် လက်မှာ ပါတဲ့ ပစ္စည်းအလေးတစ်ခုခုကို အဝေးတစ်နေရာ
ပစ်နိုင်ပါတယ်။ ခွေးကို မျက်လုံးချင်းစုံအောင်မကြည့်ဘူး။ သူဟောင်တာ ကိုလည်း
ဂရုမစိုက်ဘူးဆိုရင် ခွေးအနေနဲ့ ဟောင်ရတာ ပျင်းရိ သွားပြီး ရပ်သွားပါတယ်။
အချို့ ခွေးတွေက ကိုက်ဖို့အထိတောင် လုပ်ပါတယ်။ ပြန်ရန် မူ
တိုက်ခိုက်လိုက်ရင် သူတို့ အတူဆော့ကစားချင်တယ်လို့ မှတ်ယူပြီး
ဆက်တိုက်ခိုက်တတ်ပါတယ်။
ဒါကြောင့် အရှောင်နိုင်ဆုံး ရှောင်တိမ်း ပြီး အမူအရာ မပျက်နေရင် ခွေးကိုက်လည်းမကိုက်၊ ဟောင်လည်း မဟောင် တော့ပါဘူး။