Showing posts with label သန်းခေါင်စာရင်းသတိပေးချက်. Show all posts
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုများမှ
ပသီ ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး၊ စသည်ဖြင့် ဖြည့်မည့်သူများ၊ (အထူးသဖြင့်- စူရသီ၊ ကျူလီယာ) ဖြည့်မည့်သူများ ခင်ဗျား။
ကုဒ်နံပါတ် ဖြည့်စွက်ရာတွင် (914) ဖြစ်စေရန် အထူးသတိပြုပါခင်ဗျား။
လာရောက် စာရင်းကောက်သူဖြည့်စွက်သည်မှာ (914) ဖြစ်မဖြစ်၊ ဖြည့်မဖြည့် တရားဝင် ကြည့်ရှု နိုင်ပါသည်။
မသင့်မလျော်၊ (900) အတွင်းသို့ ထည့်သွင်းဖြည့်စွက်လိုက်ခံရမည့်
နိုင်ငံသားဖြစ်သူများအနေဖြင့် နိုင်ငံခြားသား ကုဒ် (900) နှင့် (900-913) များအတွင်း လုံးဝ မရောက်ရှိစေရန် ဂရုပြုပါ။
ဘာမျှ ရှုပ်ထွေးစရာမလိုပါ။ (914) ဟုသာမှတ်ထားပါ။
(914) ဆိုသည်မှာ ကြိုတင် ကုဒ်နံပါတ် မရှိသေးသော တိုင်းရင်းသား၊ နိုင်ငံသား လူမျိုး များအတွက် အကျုံးဝင်သော သတ်မှတ်ချက်တွင် အပါအ၀င်ဖြစ်ပါသည်။
(အလွန်အရေးကြီး၍ အရိပ်အယောင်မြင်နေရ၍ သတိပေးခြင်းဖြစ်ပါသည်။)
ရခိုင်ကကန့်ကွက်တာသူတို့ အပိုင်း၊ အစ္စလာမ်ဘာသာဝင်က လွတ်လပ်စွာထည့် ဖို့အရေးကြီး တယ်၊ ပြေလည်အောင်ဆောင်ရွက် ပေးရမှာက အစိုးရမှာ တာဝန်ရှိတယ် လို့ မ.မ.လ ဥက္ကဌပြော
ရန်ကုန်၊ မတ်(၂၇)ရက်၊ ၂၀၁၄။ သတင်း-ဇောင်းလေး
“ ရခိုင်ကလည်း ဒီသန်းခေါင်စာရင်းနဲ့ ပက်သက်လို့ ကြေညာကန့်ကွက်တာက
သူတို့ဆုံးဖြတ်ချက်နဲ့ သူတို့အပိုင်းပဲ၊ ကိုယ့်ရဲ့ အစ္စလာမ်ဘာသာဝင်
နဲ့ပက်သက်ပြီးတော့ လွတ်လပ်စွာဆောင်ရွက်ဖို့လဲ အရေးကြီးတယ်’’ လို့
မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး) အဖွဲ့ ဥက္ကဌ
ဟာဂျီဦးမြင့်ထွန်းက မြန်မာမွတ်စလင်မ်မီဒီယာကို ပြောကြားခဲ့ပါတယ်။
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ မဖြည့်စွက်ဖို့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ကနေ
ရန်ကုန်မြို့ ပြည်လမ်းမပေါ်မှာရှိတဲ့ ပြည်သူ့ရင်ပြင်ရှေ့ထိ ရိုဟင်ဂျာ
အလိုမရှိကြောင်း ကြွေးကြော်သံတွေ အော်ဟစ်ပြီး မတ်လ(၂၆)ရက်နေ့က လမ်းလျှောက်
ဆန္ဒပြခဲ့တဲ့အပေါ် မ.မ.လ ဥက္ကဌကလည်း ယခုလို ပြောကြားခဲ့ပါတယ်။
“
ဆောင်ရွက်ခွင့်မရဘူးဆိုရင်တော့ ဗမာပြည်က ဗဟိုမှာရှိတဲ့ သူတွေရယ်၊
သန်းခေါင်စာရင်းကို ကောက်တဲ့ တာဝန်ရှိသူတွေရယ် UN တွေရယ်မှာ တာဝန်ရှိတယ်။
ဒါကိုပြေလည်အောင်ဆောင်ရွက်ပေးရမှာတို့
ဖြည့်ဆည်းပေးရမှာတို့၊ ပံ့ပိုးပေးကြရမှာတို့က အစိုးရမှာ တာဝန်ရှိတယ်” လို့
အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး(၅)ဖွဲ့က တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဗမာပြည်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်အားလုံးအတွက် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက
ကူညီဖို့ စီစဉ်ဆောင်ရွက်ထားကြောင်း၊ အစ္စလာမ်ဘာသာဝင်တွေကိုပါ
ဘာသာအစ္စလာမ်ဖြည့်ပြီးတာနဲ့ လူမျိုးနေရာမှာ ကိုယ်ပိုင်ပြဌာန်းချက်တွေကို
မထည့်ဖို့ မသတ်မှတ်ဖို့ သင်တန်းတွေမှာ ပြောတယ်ဆိုပြီး အထောက်အထားတွေ နဲ့
လှမ်းပြီးအကြောင်းကြားတာတွေလည်း ရှိကြောင်း၊
သန်းခေါင်စာရင်းနဲ့ပက်သက်ပြီး တာဝန်ခံထားတဲ့ သူတွေရယ်၊ UN
ကတာဝန်ခံထားတဲ့သူတွေရယ်၊ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးကနေ လှမ်းပြီးတော့
တင်ပြဆွေးနွေးဆောင်ရွက်သွားဖို့ ရှိကြောင်း ဟာဂျီဦးမြင့်ထွန်းက မြန်မာမွတ်စလင်မ်မီဒီယာကို ထပ်လောင်းပြောကြား ခဲ့ပါတယ်။
“ ရခိုင်ပြည်နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေတင်မဟုတ်ဘူး၊
တစ်ခြားဒေသမှာရှိတဲ့ ဗမာပြည်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်အားလုံးဟာ
ကိုယ့်လူမျိုးအသံကို မကြောက်မရွံ့ပဲနဲ့ ထည့်ကြပါ၊ ရဲရဲထည့်ကြ” ဖို့
မ.မ.လဥက္ကဌက အစ္စလာမ်ဘာသာဝင်များအားလုံးကို သတိပေးပြောကြားခဲ့ပါတယ်။
သန်းခေါင်စာရင်ကောက်တဲ့အချိန်မှာလည်း
ကောက်ခံတဲ့သူတွေက တစ်ကယ်လို့များ ကိုယ်ပြောတဲ့ နမယ်ကို မထည့်ပေးဘူးဆိုရင်
အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးကို အကြောင်းဖို့လိုကြောင်း ၊သန်းခေါင်စာရင်းဗဟို
ကလည်းပေးထားတဲ့နံပါတ်တွေကို အကြောင်းကြားဖို့လိုကြောင်း ၊
သန်းခေါင်စာရင်းကောက်မည့် နေ့တွင် တွေ့ကြုံရတဲ့အခက်အခဲများကို
အဖွဲ့ကြီး(၅)ဖွဲ့ ကို အမြန်ဆုံးအကြောင်းဖို့လိုကြောင်း
အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး(၅)ဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မ.မ.လ ဥက္ကဌ
ဟာဂျီဦးမြင့်ထွန်းက မြန်မာမွတ်စလင်မ်မီဒီယာကို ပြောကြားခဲ့ပါတယ်။
ကျူလီယာ မဟုတ်ဘူး
ကျိုလီယာ ပါ
အင်္ဂလိပ်စာလုံးပေါင်းအရေးမကြီးပေ မယ့် Qliyarမဟုတ်ဘူး Cholia နော်။
ကျိုလီယာ ပါ
အင်္ဂလိပ်စာလုံးပေါင်းအရေးမကြီးပေ
ကျိုလီယာလူမျိုးစုများအနေဖြင့် လူမျိုးနေရာတွင် “ကျိုလီယာ”ဟုရေးသွင်းခြင်းဖြင့် မျိုးနွယ်စု၏ ဂုဏ်ကိုထိန်းသိမ်းကြပါရန်။
(ကျိုလီယာ ဂျာမေဗလီ ဂေါ်ပက အဖွဲ့ )
စူရ်တီမျိုးနွယ်စုများအနေနဲ့ ကျိုလီယာလူမျိုးများရဲ့ မျိုးနွယ်စုဂုဏ်ထိန်းသိမ်းတဲ့ စည်းလုံးညီညွတ်မှုကို အတုယူသင့်ပါတယ်။ စူရ်တီစွန္နီဂျာမေဗလီကြီးမှာလည်း စူရ်တီလူမျိုးများ “စူရ်တီ” ဟုရေးသွင်းခြင်းဖြင့် မျိုးနွယ်စု၏ ဂုဏ်ကို ထိန်းသိမ်းကြပါရန်ဆိုတဲ့ ကြေညာချက်ရေးသားထုတ်ပြန်ဖို့ အတွက် စိတ်လိုက်မာန်ပါ တိုက်တွန်းအပ်ပါတယ်။
ကျိုလီယာ လူမျိုးများ မမေ့ပါနဲ့ ။
ကုဒ်နံပါတ် = ၉၁၄
လူမျိုး = ကျိုလီယာ
ကိုးကွယ်သည့်ဘာသာ = အစ္စလာမ်
စူရ်တီလူမျိုးများ မမေ့ပါနဲ့ ။
ကုဒ်နံပါတ် = ၉၁၄
လူမျိုး = စူရ်တီ
ကိုးကွယ်သည့်ဘာသာ = အစ္စလာမ်
(ကျိုလီယာ ဂျာမေဗလီ ဂေါ်ပက အဖွဲ့ )
စူရ်တီမျိုးနွယ်စုများအနေနဲ့ ကျိုလီယာလူမျိုးများရဲ့ မျိုးနွယ်စုဂုဏ်ထိန်းသိမ်းတဲ့ စည်းလုံးညီညွတ်မှုကို အတုယူသင့်ပါတယ်။ စူရ်တီစွန္နီဂျာမေဗလီကြီးမှာလည်း စူရ်တီလူမျိုးများ “စူရ်တီ” ဟုရေးသွင်းခြင်းဖြင့် မျိုးနွယ်စု၏ ဂုဏ်ကို ထိန်းသိမ်းကြပါရန်ဆိုတဲ့ ကြေညာချက်ရေးသားထုတ်ပြန်ဖို့ အတွက် စိတ်လိုက်မာန်ပါ တိုက်တွန်းအပ်ပါတယ်။
ကျိုလီယာ လူမျိုးများ မမေ့ပါနဲ့ ။
ကုဒ်နံပါတ် = ၉၁၄
လူမျိုး = ကျိုလီယာ
ကိုးကွယ်သည့်ဘာသာ = အစ္စလာမ်
စူရ်တီလူမျိုးများ မမေ့ပါနဲ့ ။
ကုဒ်နံပါတ် = ၉၁၄
လူမျိုး = စူရ်တီ
ကိုးကွယ်သည့်ဘာသာ = အစ္စလာမ်



