Showing posts with label သရော်စာ. Show all posts
"အမှိုက်မပစ်ရ" လို့ ရေးထားရင်...
အမှိုက်ပုံ ဖြစ်သွားတတ်တဲ့ နိုင်ငံ...။
"သတ်မှတ် ကီလိုမီတာထက် ပိုမမောင်းရ" လို့ ရေးထားရင်...
သတ်မှတ်နှုန်းထက် ပိုမောင်းလိုက်ရမှ ကျေနပ်တတ်တဲ့ နိုင်ငံ...။
"ကွမ်းတံတွေး မထွေးရ" ဆိုတဲ့ နေရာမှာ...
အနီကွက် (ကွမ်းတံတွေးကွက်) တွေ ပိုများတဲ့ နိုင်ငံ...။
"ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပါ" ဆိုရင်...
ဦးထုပ် ချွတ်မောင်းချင်ကြတတ်တဲ့ နိုင်ငံ...။
"သေးမပေါက်ရ" လို့ ရေးထားတဲ့ နံရံအနားမှာ...
သေးနံ့ ကြိုင်ကြိုင်သင်းနေတတ်တဲ့ နိုင်ငံ...။
Do Or Die ဆိုတာတောင် Die အဆင့်ပြီးသွားရင်...
Do ဖြစ်အောင် Do တတ်တဲ့ နိုင်ငံ...။
အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာကို...
အသပြာငွေ (လာဘ်ငွေ) ပေးပြီးမှ ထုတ်ပေးတဲ့ နိုင်ငံ...။
စာနယ်ဇင်း ကျင့်ဝတ်လို့ သွင်သွင်ပြောပြီး...
စာနယ်ဇင်းကျင့်ဝတ်တွေ မုဒိန်းကျင့်ခံနေရတတ်တဲ့ နိုင်ငံ...။
"မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမယ်" ဆိုတဲ့ ခေတ်ရှိခဲ့ပြီး...
စက်ဘီးနဲ့ တိုက်မိလို့ ရွာတွေ ပြာချတတ်တဲ့ နိုင်ငံ...။
ြ ပြည်တွင်း ငြိမ်းချမ်းရေးလို့ ပြောပြီး...
ေ နောက်ရက်ကျရင် (သေနတ်သံ) တဒိုင်းဒိုင်း ဖြစ်တတ်တဲ့ နိုင်ငံ...။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအပြီး...
ဒုက္ခသည် စခန်းတွေ ပိုများလာတတ်တဲ့ နိုင်ငံ...။
နိုင်ငံ...
"အဲ့ဒါ တို့နိုင်ငံ"
တို့ချစ်ရတဲ့ အမိမြန်မာနိုင်ငံ

တကယ်ပါ။စဉ်းစားကြည့်ရင်ဟာသတွေချည်းပဲ။ဗမာလူမျိုးတွေစောက်ဖြစ်ရှိအောင်၊လက်ကြောတင်းအောင်ကုလားတွေကသင်ပေးခဲ့ရတာတွေကိုမေ့သွားကြပြီလား?အခုအချိန်အထိလည်းကုလားမပါရင်ပွဲမစည်ဘူးဆိုတာလက်ခံကြရမှာပါ။
ဒါနဲ့များ
ကုလားတွေဒို့ပြည်ကထွက်သွားလို့သောက်ရှက်မရှိအော်ရဲတဲ့အပေါက်တွေကလည်းရှိသေးတယ်နော်။
မင်းတို့ထမင်းစားတိုင်းဖြစ်ဖြစ်
ညအိပ်ယာဝင်တိုင်းဖြစ်ဖြစ်စဉ်းစားကြည့်ကြ။ကိုယ့်ခြေထောက်ပေါ်ကိုယ်မားမားမတ်မတ်ရပ်တည်နိုင်ပြီလားဆိုတာကို။
ငါကတော့
ဗုဒ္ဓဘာသာဗမာလူမျိုးတွေချည်းသီးသန့်နေတဲ့ဗမာနိုင်ငံဆိုတာကြီးကိုပုံဖော်ကြည့်တာလုံးဝရုပ်မထွက်ဘူးဖြစ်နေတယ်ကွာ။ဟားဟားဟား.
"သားဖွားနှုန်းမြန်တယ် ဘာညာ ဆိုတာ ဘုန်းကြီးဆိုသူတွေ စိတ်ဝင်စားစရာ
ကိစ္စ လား..? ဘုန်းကြီးတွေ ခံယူထားတာ က အိမ်ထောင်သားမွေး ကိစ္စ တွေ
ဟာ သူတို့နဲ့ မပတ်သက်ဘူးဆို? ဒါဆို သူတို့ဘုန်းကြီးတွေ မဟုတ်ဘူးလား?
ဘုန်းကြီးတွေ မဟုတ်ရင် ဆန်ကုန်မြေလေးတွေ ပေါ့။ ရွံစရာ အောက်တန်းကျ
တဲ့ အကောင်လေးတွေပေါ့။ "