Showing posts with label အတွေးအမြင်. Show all posts
- ကုလားတွေက တယောက်ထိရင် အကုန်နာ လက်ထိရင် တကိုယ်လုံးနာဆိုတော့ ဖိထားမှ လို့တွေးနေတာလား ?
ခင်ဗျားတို့ထင်သလို မဟုတ်ပါဘူးဗျာ ခုမှစုစည်းနေရတုန်းပါ......
-ဥူးဝီရသူ ဟောသလို ဗမာ မလေးတွေ တိုင်းရင်းသူလေးတွေ ယူ လူမြိုနေလို့လား ?
ခင်ဗျားတို့ထင်သလိုမဟုတ်ပါဘူးဗျာ ကျနော်တို့ နှမလေးတွေ ဘာသာခြားတွေနဲ့ ယူလို့ ဒူးနဲ့မျက်ရည်သုတ်ခဲ့ ရတဲ့ မိဘတွေ ဒုနဲ့ ဒေးပါ.....
-တာလီဘာန်နဲ့ ဆက်သွယ်ပြီး အကြမ်းဖက်မယ်တဲ့လား ?
ကျနောတို့ဘိုးဘေး တွေက တာလီဘာန်မက အင်္ဂလိပ်ကိုပါမှီခဲ့ တာပါ
မြန်မာနိုင်ငံပေါ် ဘာဒုက္ခပေးခဲ့လို့လဲဗျာ အသက်တွေစတေးပေးခဲ့ တာပဲရှိပါတယ်
.... ခုခေတ် ကျနော်တို့တွေက တာလီဘာန် တွေ အာဖဂန်တွေမပြောနဲ့ အိန္ဒိယတောင်
မရောက်ဘူးပါဘူးဗျာ....
-စီးပွားရေးအရ နေရာကောင်းတွေမှာ ကုလားတွေချည်းပဲတဲ့ ဟုတ်လား ?
ကျနော်တို့က အေးအေးချမ်းချမ်းနေတယ် အပျော်အပါး မမက်ဘူး ဒါပေမယ့်
ကလိန်မကျပါဘူးဗျာ တောင် တလုံး လုံးလဲ မဖြိုပါဘူး မြစ်တစင်းလုံးလဲ
မပိတ်ပါဘူး ကျနော်တို့ ရှာတဲ့ မဖြစ်စလောက်ငွေလေးတွေက ပြည်သူအားလုံးအတွက်
အခွန်ဆောင်ကြတာပါ နိုင်ငံခြားဘဏ်မှာ ဒေါ်လာ အလုံးအရင်းအပ်တဲ့ ကုလား
မရှိပါဘူး.....
-ဆော်ဒီက OIC ကငွေတွေထောက်ပံ့ပြီး ဗမာလူမျိုးကို ဝါးမြိုမယ်ဟုတ်လား ?
မွတ်စလင် ၉၀ ရာနှုန်းက ဆင်းရဲသား လူတန်းစားတွေရယ်ပါ ရပ်ကွက်ထဲက
ဖိနပ်ချုပ်တဲ့ ဆိုက်ကားနင်းတဲ့ ကွမ်းယာရောင်းတဲ့ သူတွေ ဈေးထဲက
ဗန်းရွက်ဈေးသည် မွတ်စလင် တွေ မရှိတော့မှ ဒါတွေ ပြောပါလားဗျာ.....
-ဘာသာခြားကို ယူရင် ဗလီက သိန်းငါးဆယ် ထုတ်ပေးတယ် ဟုတ်လား ?
နံရံ ကဆေးတွေကွာကျနေလို့ ပြန်မသုတ်နိုင်သေးတဲ့ ဗလီ မိုးတွင်း ဗလီထဲ
ရေ၀င်လို့ နှစ်စဉ် မွတ်စလင်မ် တယောက် သဲတအိတ်နှုန်း ဖို့နေရတဲ့ ဗလီ
လူမဆန့်တာတောင် အထက်လူကြီးကို လာဘ်ထိုးဖို့ ရန်ပုံငွေ မပြည့်စုံလို့
ပြုပြင်ခွင့် မတင်နိုင်လို့ သွပ်မမိုးနိုင်လို့ မိုးကာ အဖီဆွဲ ထားတဲ့
ဗလီတွေကြည့်ပြီးမှ သိန်း ၅၀ ထုတ်ပေးနိုင်မပေးနိုင် ပြောပါလားဗျာ.....
-ဒီမိုကရေစီမှာ အစ္စလာမ်ဝါဒက ကန့်လန့်ခံ နေတယ်တဲ့ ဟုတ်လား ?
အစာငတ်ပြတ်ပြီး သေးမတတ် ဒုက္ခရောက်နေချိန်မှာ ကိုယ်တသက်လုံး မတို့မထိ
ရှောင်ခဲ့တဲ့ ၀က်သတ္တဝါကိုတောင် ကယ်တင်ဖို့ တာဝန် လုပ်ကိုလုပ်ရမဲ့ တာဝန်လို့
ပြဌာန်းထားတဲ့ ဘာသာပါဗျာ ကျနော်တို့ လမ်းပြခေါင်းဆောင်က တကမ္ဘာလုံးနဲ့
ဆန့်ကျင်ပြီး ကျွန်ကို သူကောင်းပြုခဲ့တဲ့ လူတန်းစား မခွဲခြား ဝါဒီ
တယောက်ပါဗျာ....
- ဒီမိုကရေစီကို မဲပေးသွာမှာ ကြောက်လို့တို့
ကုလားကို ထောက်ခံလိုက်ရင် အာဏာရှင်တွေ တပန်းသာသွားမှာ ကြောက်လို့တို့
ဆိုတဲ့ လို့ ပေါင်းများစွာကြောင့် ၂ ဖက်လုံးက လက်ရှောင်နေကြတာလား ဗျာ
ရပါတယ်ဗျာ ကျနော်တို့အတွက် လောကီဟာ ငရဲဆိုတာ ကြိုသိပြီးသားပါ
တနေ့ ..... အဲဒီ တနေ့ မှာ ခင်ဗျားတို့ တူသောဒုက္ခတွေ မခံစားရပါစေနဲ့လို့သာ ...
၉၆၉ နဲ့ မဘသ က အမျိုးစောင့်ဥပဒေကို လက်နဲ့ရေးတယ်မြန်မာအမျိုးသမီးလေးတွေက ဖင်နဲ့ ဖျက်တယ်
Tag :
အတွေးအမြင်
၉၆၉ နဲ့ မဘသ က အချိန်တွေ၊ စာရွက်တွေအများကြီး အကုန်ခံပြီး အမျိုးစောင့်ဥပဒေကို လက်နဲ့ရေးတယ်။ဒီမြန်မာအမျိုးသမီးလေးတွေက ဖင်နဲ့ ဖျက်တယ်...အဲ...အဲ ခြေနဲ့ဖျက်တယ်။အမျိုး၊ ဘာသာ၊ သာသနာကို ဖင်လှန်စိန်ခေါ်နေတဲ့ ဒီဟာမလေးတွေကို ဆြာတော်ဝီရသူ ဒီအတိုင်းပဲ ထိုင်ကြည့်နေတော့မလား ဆြာတော်ဖျား...ဆြာတော်ကတော့ "ပျက်စီးစေလိုတဲ့သဘောနဲ့ လုပ်တာ မဟုတ်တဲ့အတွက် အပြစ်မဖြစ်နိုင်ပါဘူး" လို့ လယ်တီသိမ်ဖျက်တုန်းကလို့ပဲ မိန့်ကြားပြီး ဟိုဖက်ကလေး လှည့်နေမလားလို့.....ဒါမှမဟုတ် "အမျိုးသားတွေ အမြင်ကောင်းအောင် လုပ်ပေးနေတာပဲ။ ဒါအမျိုးသားရေး အမြင်ပဲ။ ဘာပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ လုပ်ကြလို့ ငါမှာထားတယ်လေ။ မတားကြနဲ့" လို့ မိန့်မလားလို့
.jpg)
ရှေးတုန်းက ဗာရာဏသီပြည်မှာ တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးရှိခဲ့ပါတယ်။ သူ့မှာ အရမ်းချောမောလှပတဲ့ သမီးတစ်ယောက်လည်းရှိတယ်။ သမီးလေး အရွယ်ရောက်တော့ မိဘ၀တ္တရားအတိုင်း သင့်တော်မည့်သူနဲ့ ထိမ်းမြှားပေးရမှာပေါ့။ သူ့ဆီမှာ ကျောင်းလာတတ်တဲ့ ကျောင်းသားတွေက
ဒါပေမယ့် ကျောင်းသားတစ်ယောက်ကတော့ မျက်နှာမှိုင်မှိုင်နဲ့ ဆရာကြီးကို ပြောပါတယ်။ "ဆရာကြီး ကျွန်တော် ဆရာကြီး သမီးကို စတွေ့တွေ့ချင်းကို အချစ်စစ်အချစ်မှန်နဲ့ မြတ်နိုးပါတယ်။ ကျွန်တော့်မိဘတွေကလည်း ချမ်းသာပါတယ်။ ဒါပေမယ့် ဆရာ ကြီးရယ် တန်ဖိုးရှိတဲ့ ပစ္စည်းကို မိဘတွေမသိအောင် ယူလာမှ ဆရာကြီးသမီးကို ရမယ်ဆိုရင်တော့ ကျွန်တော် ဆရာကြီးသမီးကို အဆုံးရှုံးခံလိုက်ပါတော့မယ်။ အဖေအမေမသိအောင် ပစ္စည်းကိုတော့ မခိုးနိုင်ပါဘူး။ သူများနဲ့ပဲ ပေးစား လိုက်ပါတော့"။ "အေးကွာ ဒီလိုဆိုတော့လည်း ဘယ်တက်နိုင်မလဲ"။ ဒါနဲ့ ကျောင်းသားအားလုံးရော ချစ်သမီးကိုပါခေါ်ပြီး ကြေငြာ ပါတယ်။ "ကဲ အားလုံးနားထောင်၊ ငါ့သမီးကို ဘယ်သူနဲ့ ထိုက်တန်သလဲဆိုတာ ပြောမယ်"။ ကျောင်းသားအားလုံး ရင်ခုန်စွာနဲ့ နားစွင့်နေပါတယ်။ "တပည့်တို့ ငါ့သမီးကို ဘာရတနာမှယူမလာတဲ့ ဒီနောက်ဆုံးကျောင်းသားနဲ့ပဲ လက်ထပ်ပေးမယ်"။ အားလုံး ဟာခနဲ ဖြစ်ကုန်ပါတယ်။ ဆရာကြီးက ဆက်ပြောတယ်။ "တပည့်တို့ တကယ်တော့ မင်းတို့ရဲ့ ရိုးသားမှုကို စမ်းလိုက်တာပါ။ ငါလိုချင်တာ ရတနာပစ္စည်းမဟုတ်ဘူး။ တကယ်လိုချင်တာက ရိုးသားမှုပါ။ ရတနာဆိုတာက ငါ့မှာ ဆယ်သက်စားမကုန်ုအောင် ရှိတယ်။ မင်းတို့ ဘယ်လောက်ချမ်းသာချမ်းသာ ရိုးသားမှုမရှိရင် ငါ့သမီး တစ်သက်လုံးစိတ်ချမ်းသာမှာမဟုတ်ဘူး။ ဒါကြောင့် အခု ငါ့သမီးကို ရိုးသားတဲ့ ကျောင်းသားနဲ့ပဲ ပေးစားပါတယ်"။
ထို့နောက် သမီးချောလေးနဲ့ ရိုးသားတဲ့ ကျောင်းသားကို ကိုယ်တိုင် လက်ထပ်ပေးလိုက်ပါတယ်။ သမီးချောနဲ့ ရိုးသား တဲ့ ကျောင်းသားလည်း တစ်သက်လုံး ချစ်ချစ်ခင်ခင်နဲ့ ပေါင်းသင်းသွားပါတော့တယ်။
ဒါကြောင့် ကြင်ဖော် (သို့မဟုတ်) ကြင်ရာရွေးချယ်ရာမှာ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးက ရိုးသားမှုပါ။ ရိုးသားသူဟာ အကျင့်စာရိတ္တကောင်းတယ်။ သစ္စာရှိတယ်။ နားလည်မှုရှိတယ်။ ပျော်ရွှင်မူကို ပေးနိုင်ပါတယ်။ တစ်ခုရှိတာက ရိုးသားသူကို ရပေမယ့် ကိုယ်ကိုယ်တိုင်က မရိုးသားဘူး၊ သစ္စာမရှိဘူး၊ အကျင့်ပျက်ရင်လည်း သာယာတဲ့အိမ်ထောင်ရေး ဖြစ်မလာနိုင်ပါ ဘူး။ နှစ်ဦးနှစ်ဖက်လုံး ရိုးသားမှ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်မှာပါ။







