Showing posts with label အထွေထွေ. Show all posts
Brazil 2014: ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် တောက်ပလာမည့် အာဖရိကနွယ်ဖွား မွတ်စလင် ကစားသမားများ
Tag :
အထွေထွေ
- ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့်အချိန် နီးကပ်လာတာနဲ့အမျှ ဒီပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရမယ့် နိုင်ငံ လက်ရွေးစင်အသင်းတွေဟာ သူတို့ရဲ့ နောက်ဆုံး လူစာရင်းကို ထုတ်ပြန်ခဲ့ကြပြီး ကမ္ဘာ့နိုင်ငံတိုင်းက အတပ်မက်ဆုံးဖြစ်တဲ့ ဆုဖလားကြီးကို ရယူဖို့အတွက် စိုင်းပြင်နေကြပါပြီ။
ဒီပြိုင်ပွဲမှာ ပါဝင်မယ့်အသင်းတွေနဲ့ အတူ တောက်ပလာမယ့် မွတ်စလင်
ကစားသမားတွေလည်း ရှိနေပြီး အဲဒီအထဲက အာဖရိကနွယ်ဖွား ကစားသမား အချို့ကို
ဖော်ပြလိုက်ရပါတယ်။
ယာယာတိုးယေး
——————–
——————–
အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ တိုးယေးဟာ မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက အလယ်တန်းလူ ဖြစ်ပါတယ်။ အိုက်ဗရီကို့စ် အသင်းနဲ့အတူ ကမ္ဘာ့ဖလာပြိုင်ပွဲမှာ ပါဝင်လာမှာဖြစ်ပြီး ကစားသမားဘ၀တစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်မြောက် ယှဉ်ပြိုင် ကစားခွင့်ရတာပါ။
ပထမဆုံးနိုင်ငံတကာပွဲကို ၂၀၀၄ ခုနှစ်မှာ စတင်ကစားခဲ့တဲ့ တိုးယေးဟာ
ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ စပိန်လာလီဂါ ၂ ကြိမ်၊ ပရီးမီးယားလိဂ် ၂
ကြိမ်၊ ဂရိစူပါဖလား ၁ ကြိမ်၊ ဥရောပချန်ပီယံလိဂ် ၁ ကြိမ်နဲ့
ပြည်တွင်းဖလားတွေအပါအ၀င် ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူး ရရှိခဲ့ပါတယ်။
ပွဲစဉ်တစ်ခုမှာ အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံရတဲ့ တိုးယေးကို
ရှမ်ပိန်တစ်ပုလင်း ဆုချခဲ့ပေမယ့် မိမိဟာ အစ္စလာမ်ဘာသာဝင်ဖြစ်တာမို့
ဒီဆုကိုလက်မခံဘူးလို့ တိုးယေးက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ဖူးပါတယ်။
သူရဲ့တည်ငြိမ်လှတဲ့ကစားဟန်၊ ဦးဆောင်နိုင်စွမ်းနဲ့အတူ
အိုက်ဗရီကို့စ်အသင်းကို ဘယ်အဆင့်အထိ ခေါ်ဆောင်သွားနိုင်မလဲဆိုတာကိုတော့
ကမ္ဘာ့ဘောလုံးပရိတ်သတ်တွေ စောင့်ကြည့်ရပါတော့မယ်….
ကိုလိုတိုးယေး
—————
—————
ယာယာတိုးရေးရဲ့ အကိုဖြစ်ပြီး အာဖရိကရဲ့ အတွေ့အကြုံအရင့်ဆုံး နောက်ခံလူတစ်ဦးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းမှာကစားတဲ့ ကိုလိုတိုးယေးဟာ အိုက်ဗရီကို့စ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မှာဖြစ်ပြီး ညီဖြစ်သူလိုပဲ ကမ္ဘာ့ဖလားကို တတိယအကြိမ်မြောက် ယှဉ်ပြိုင်ကစားရတာပါ။
၁၉၈၁ ခုနှစ်မှာမွေးတဲ့ ကိုလိုတိုးယေးဟာ ၂၀၀၀ ခုနှစ် ဇူလိုင်လမှာ
နိုင်ငံအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး အခုအချိန်မှာတော့
အိုက်ဗရီကို့စ်အသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားပြီးပါပြီ။
နောက်ခံလူတစ်ဦးဖြစ်ပေမယ့် နိုင်ငံအတွက် သွင်းပေးထားတဲ့
ဂိုးအရေအတွက်ကတော့ ၆ ဂိုးဖြစ်ပြီး အခုပြိုင်ပွဲမှာလည်း ကိုလိုတိုးယေးဟာ
ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကို ကြံ့ကြံ့ခံကာ အိုက်ဗရီကို့စ်ပြည်သူတွေအတွက်
ဂိုးတွေသွင်းယူပေးနိုင်မလားဆိုတာကိုတော့ မကြာမီကျင်းပမယ့်
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တွေ့မြင်ရမှာပါ……
ဆူလေး မွန်တာရီ
———————-
———————-
ဂါနာလက်ရွေးစင် ကစားသမားဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်က မွေးဖွားခဲ့တဲ့ မွန်တာရီဟာ အီတလီကလပ် စီးရီးအေသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားတစ်ဦးပါ။
နိုင်ငံအတွက် ၈၁ ပွဲကစားပေးထားပြီး ၂၁ ဂိုးသွင်းယူပေးထားနိုင်တဲ့အထိ
ခြေစွမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။ မွန်တာရီဟာ အင်္ဂလန်ကလပ်
ပို့စ်မောက်အသင်းနဲ့အတူ FA ဖလားကိုလည်း ဆွတ်ခူးရရှိခဲ့ဖူးပါတယ်။ ၂၀၀၆ နဲ့
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂါနာအသင်းနဲ့ ပါဝင်ခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလား
ချက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ မွန်တာရီဟာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် နောက်ဆုံးအဆင့်မှာ ဂါနာရဲ့
ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ အိမ်ဖြည့်အသင်းသာဖြစ်ခဲ့တဲ့ ဂါနာဟာ
ပြီးခဲ့တဲ့ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့
အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ကွာတာဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီနှစ်မှာလည်း ဂါနာအသင်းဟာ ဘယ်အဆင့်ထိ တက်လှမ်းနိုင်မလဲ။ မွန်တာရီဟာလည်း
အသင်းအတွက် ဂိုးတွေ ဘယ်လောက်သွင်းနိုင်မလဲ။ ကမ္ဘာ့ဖလားပရိတ်သတ်တွေ
ရင်ခုန်ရပါဦးမယ်……
အဟ်မဒ် မူဆာ
—————
—————
၁၉၉၂ ခုနှစ်မှာ မွေးတဲ့ နိုက်ဂျီးရီးယားလူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ တိုက်စစ်မှူးဖြစ်ပြီးနိုက်ဂျီးရီးယား လက်ရွေးစင်အသင်းအတွက် အဓိက ကစားသမားအဖြစ် ရွေးချယ်ခံထားရသူပါ။
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘ၀ကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပေမယ့် မူဆာရဲ့
အံ့အားသင့်စရာ ခြေစွမ်းကြောင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလမှာ
နိုက်ဂျီးရီးယားအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။
လက်ရှိမှာတော့ ရုရှားကလပ် စီအက်စ်ကေအေမော်စကိုအသင်းမှာ ကစားနေပြီး
ဘရာဇီးလ်မှာ နိုင်ငံအသင်းနဲ့အတူ ဘယ်လောက်အထိ
တောက်ပလာနိုင်မလဲဆိုတာကိုတော့…………..
Ref: OnIslam
အခုလိုပူအိုက်သောရာသီမှာအဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်းသက်သာအေးလည်းအေးတဲ့
အဲယားကွန်းလုပ်
နည်းလေးကိုတင်ပြေလိုက်ရပါတယ်။
မိမိအသားပြုမည့်လျှပ်စစ်ပန်ကာအရွယ်အစားနှင့်ကိုက်ညီသည့်ဖေါ့ ပုံးတခုကိုရှာပါ။
အဖုံးအလယ်တည့်တည့်နေရာကိုပန်ကာတင်နိုင်လောက်အောင်ဖေါ့သားကိုလှီးထုတ်ပါ။
ပုံးအောက်ခြေဘေးဘက်နေရာတွင်သုံးလက်မ(သို့မဟုတ်)လေးလက်မပီဗွီစီပိုက်လုံးကို
(12)လက်မခန့်အရှည်သုံးလုံးကိုဖြတ်တောက်ထားပါ။
ပုံပါအတိုင်းဖြတ်တောက်ထားသောပီဗွီစီပိုက်ကိုဖေါ့ကန်အတွင်းဘက်သို့လေးလက်မလောက်
သွင်းပြီးခိုင်မြဲအောင်နှစ်မျိုးစပ်ကော်နှင့်ခိုင်မြဲအောင်ဆက်ပေးပါ။
ပြီးလျှင်သေတာထဲသို့ရေခဲကိုထည့်ပါ။
သေဆာကိုလုံခြုံစွာဖုံးပြီးအဖုံးပတ်ပတ်လည်ကိုတိတ်သားနှင့်ပတ်ပြီးအသေပိတ်လိုက်ပါ။
ပန်ကာကိုမီးထိုးပြီးစတင်လည်ပတ်ပါ။
ထိုအခါပီဗွီစီပြွန်သုံးလုံးကနေအေးမြသောလေအေးတွေအခန်းထဲသို့စတင်ထွက်ရှိလာပြီး
မိမိကိုယ်တိုင်ပြုလုပ်ထားသောယူနစ်စားသက်သာအေးလည်းအေးမြန်တဲ့အဲယားကွန်းတလုံး
ကိုသင်ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။
(ထိုအဲယားကွန်းကိုအသုံးပြုနေစဉ်အတွင်းအခန်းကိုပြင်မလေမ၀င်အောင်ကြိုတင်ပြုပြင်ထားပါ)

အိမ်အများစု က ရေသန့် ဘူး မှာ သောက်ကြပါတယ် ။ ရေသန့် လာပို့ ရင် အိမ်ထဲထိ လိုက် သယ်ပေးပါတယ်။
အိမ်မှာ ဖြစ်တာနဲ့ ဥပမာ ပြော ပြပါမယ် အိမ်မှာ လူ ၅ယောက် ရှိပေမယ့် ကိုယ့်အခန်းကို နေကြပါတယ် ။
ဒီကြားထဲ နေ့လည် အလုပ်သွား တဲ့ သူတွေရှိ ရင် လူ မရှိသလိုမျိုး ဖြစ်နေတာပေါ့ ။တစ်ရက် ရေလာပို့ တဲ့ ၂ ယောက် က ရေလာပို့ပြီး အပေါ်ထပ်ရေ တင်ပေးပြီး ပြန် ဆင်း လာတော့ ကျွန်တော့် အမေ တစ်ယောက်ထဲ ရှိတယ် ထင်ပြီး သူတို့ အချင်းချင်း ၁ယောက်ထဲ ကွဆိုပြော တာ ကြားပါတယ် ။စဉ်းစား ကြည့်ပ...ါ ဘယ်လောက် စိုးရိမ် ဖို့ ကောင်းတဲ့ စကား လဲ ။
ဆိုင်တွေကလဲ လူပိုတဲ့ သူတွေသေချာ မစီစစ်လောက်ဘူး ။ လူဆိုး သူခိုး ဆိုရင် အိမ်ထဲ လူဘယ်လောက်ရှိလဲ ဘယ်က၀င်ရလဲတွေသိနိုင်ပါတယ်။
ခုတော့ ရေသန့် လာပို့ ရင်မယူတော့ပါဘူးဆိုင်သွားပြီး သယ်ပါပြီ။ ခုယူနေတဲ့ ဆိုင်က လက်ကီးသောက်ရေသန့်ပါ ။
မိတ်ဆွေတို့သတိထားနိုင်စေဖို့ရည်ရွယ်ပါတယ် ။
ရဲတွေက ဖမ်း သမ္မတကြီးက
လွတ်ငြိမ်းချမ်း သာ ခွင့် ဆို လွတ် ။ သူခိုး လူဆိုးတွေက ပိုဆိုးလာရော ...