Showing posts with label ကြေညာချက်. Show all posts
ဒီနေ့ဟာ ကျနော့် အပျော်ဆုံးနေ့ တစ်နေ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် ဘလော့ဂ် ပေါက်စလေးက
အခုဆိုရင် စာဖတ် ပရိသတ် (500000) ငါးသိန်းတိတိ ပြည့်သွားပါပြီ။
စာမေးပွဲဖြေနေရတာနဲ့ ကျွန်တော်ရဲ့ ဘလော့လေးကို ပိုစ့်အသစ်မတင်နိုင်တာ
ကျွန်တော်အထင် 10ရက်လောက်ရှိနေပါပြီ။ ! ကျွန်ုပ်၏ပြတိုက် !လေးကို လာရောက်
ဖတ်ရှုကြတဲ့ သူငယ်ချင်းများ၊ညီအစ်ကိုမောင်နှမများ အားလုံးကို ပိုစ်အသစ်မတင်
နိုင်တဲ့အတွက် အရမ်းအားနာမိပါတယ်။အခုတော့ ကျွန်တော်စာမေးပွဲလည်းပြီးပါပြီ။ (အင်ရှာအလ္လာဟ်)ကျွန်တော်ရဲ့ ဘလော့လေးကို ပြန်ပြီး update လုပ်လို့ရပါပြီ။ အတတ်နိုင်ဆုံး ပိုစ့်အသစ်တွေကို
တင်ပေးပါ့တော့မယ်။
မုစ်လင်မ်များသိသင့် သိထိုက်တဲ့ သတင်း၊ရသစုံကိုသာ ဦးစားပေးဖော်ပြလျက်.....
ဗုဒ္ဓဘာသာသာသနာပြုစာစောင်၏ အစ္စလာမ်အပေါ်ယုတ်မာစွာရေးသားမှု မွတ်စ်လင်မ်လူငယ်များသမဂ္ဂရှုတ်ချ
Tag :
ကြေညာချက်
မိုးပြာ(မြန်မာမွတ်စလင်မ်မီဒီယာ )
ဖေဖေါ်ဝါရီ ၂
အစ္စလာမ်သာသနာကိုမိစ္ဆာအယူဝါဒအဖြစ်
ယုတ်ယုတ်မာမာရေးသားခဲ့တဲ့ အောင်ဇေယျတုဂျာနယ်နဲ့ ဇမ္ဗူဒိပ်ဂျာနယ်တို့အနက်
အောင်ဇေယျတုဂျာနယ်ကို အရေးယူပေးဖို့ မွတ်စလင်မ်လူငယ်များသမဂ္ဂက ဖေဖေါ်ဝါရီလ ၁
ရက်နေ့နေ့စွဲနဲ့ ကန့်ကွက်ရူတ်ချစာထုတ်လိုက်ပါတယ် ။
ဗုဒ္ဓဘာသာသာသနာပြုစာစောင်တွေဖြစ်တဲ့
အောင်ဇေယျတုဂျာနယ်နဲ့ ဇမ္ဗူဒိပ်ဂျာနယ်တို့ဟာ နောက်ဆုံးထုတ်စာစဉ်တွေမှာ
ကြောက်စရာအစ္စလာမ်ဗိုင်းရပ်စ် ဆိုတဲ့ဆောင်းပါးကို ထည့်သွင်းဖေါ်ပြခဲ့ပြီး
အဆိုပါဆောင်းပါးမှာ အစ္စလာမ်ဘာသာဝင်တွေယုံကြည်ကိုးကွ ယ်တဲ့ အလ္လာဟ်အရှင်မြတ်၊တမန်တော်မြတ် မုဟမ္မဒ်(ဆွ) အပါအ၀င် အစ္စလာမ့်ရေးရာအကြောင်းအရာပေါင်း များစွာကို ဆော်ကားရေးသားထားပါတယ်။
ဒီလိုဆောင်းပါးနဲ့ပတ်သက်လို့
အစ္စလာမ်ဘာသာဝင်များအား အောင်ဇေယျတုဂျာနယ်မှ တရားဝင်တောင်းပန်ရန်၊
အောင်ဇေယျတုဂျာနယ်အပါအ၀င် ဘာသာရေးအစွန်းရောက်ဂျာနယ် မဂ္ဂဇင်းများထုတ်ဝေနေခြင်းကိုပိတ်ပင်ရန်၊
နိင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပေ ဒနှင့်ပြစ်မှုဆိုင်ရာဥပဒေများကို ဖောက်ဖျက်ကျုးလွန်နေသူများအား တည်ဆဲဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ အမြန်ဆုံအရေးယူအပြစ်ပေးရန်
ဆိုတဲ့တောင်းဆိုချက် ၃ ရပ်ပါ ကြေညာစာကို မွတ်စ်လင်မ်လူငယ်များသမဂ္ဂ ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံသား မွတ်စ်လင်မ်အားလုံးကို အမည်တစ်မျိုးတည်းဖြင့် “ပသီ”ဟု သတ်မှတ်ခေါ်ဆိုခြင်းသည် (တရားတော်နှင့် ဆန့်ကျင်မှုမရှိသဖြင့်) သုံးနှုန်းနိုင်
Tag :
ကြေညာချက်
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ အမှတ် (၁၁၉)နေ
ဦးအလင်း(မ်)၏ “ကျွန်တော်တို့ မြန်မာနိုင်ငံ မွတ်စ်လင်မ်များသည်
လူမျိုးအမည်ကို “ပသီ”ဟု အမည်အစွဲပြုခြင်းဖြင့် ရှရီအသ်တရားတော်
ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်ပါသလား။ သို့မဟုတ် “ပသီ”အမည်ကို
သုံးခွင့်ရှိပါသလား”ဟူသည့် ဓမ္မသတ်မေးမြန်းချက်အား ရန်ကုန်မြို့၊
အဆ်အဒီယဟ်ဇီနသ်အစ္စလာမ်မှ
ကျောင်းအုပ်ကြီးနှင့် မွဖ်သီချုပ် “အလ်ဟာဂ်ျ မော်လာနာ မွဖ်သီ ကာရီ
မုဟမ္မဒ်ယူစွဖ်အဆ်အဒီ”နှင့် ဒုတိယကျောင်းအုပ်နှင့် မွဖ်သီ “အလ်ဟာဂ်ျ
မော်လာနာ ဟာဖိဇ် ကာရီ မွဖ်သီ မုဟမ္မဒ်စူရတီ (မဇွာဟေရီ)”တို့က
ဖော်ပြပါအတိုင်း (ဖသ်ဝါ) ဓမ္မသတ် ပြန်ကြားခဲ့ပါသည်။
“အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော) အခြေအနေကို ၄င်းတို့ကိုယ်တိုင် မိမိတို့၏အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲပေးတော်မူသည်မဟုတ်ပေ။” (ကုရ်အာန်ကျမ်းမြတ် ၁၃း၁၁)
“အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော) အခြေအနေကို ၄င်းတို့ကိုယ်တိုင် မိမိတို့၏အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲပေးတော်မူသည်မဟုတ်ပေ။” (ကုရ်အာန်ကျမ်းမြတ် ၁၃း၁၁)




