နေပြည်တော် ပျဉ်းမနားနှင့် ပုပ္ဗ္ဗသီရိမြို့နယ် အစပ်ကြား ရာဇဌာနီ
လမ်းမပေါ်တွင် တီတူးသောင်းဆန်ကားနှင့် မြန်မာနိုင်ငံ မူးယစ် ဆန့်ကျင်ရေး
အသင်း (ဗဟို) မှ လိုက်ထရပ်ကားတို့ တိုက်မိရာမှ လိုက်ထရပ်ကားပေါ်ပါ လူနှစ်ဦး
မီးလောင်သေဆုံးမှု ယနေ့ ညနေ (၄း၁၅)က ဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
![]() |
| မီးလောင် ပေါက်ကွဲ သွားသည့် လိုက်ထရပ်ကားအား မီးငြှိမ်းသတ်စဉ် |
ACDSee Video Converter Pro v 3.0.23.0 လေးပါ။ update လေးဖြစ်ပါတယ်။
ဒီကောင်လေးကတော့ Video Converter တခုပါပဲ file format တော်တော်များကို ပြောင်းလွဲနိုင်ပါတယ်။ ပြောင်းနိုင်တဲ့အမျိုးစားများကတော့
AVI, MP4, MKV, FLV, 3GP, 3G2, WMV, MOV, VOB, MPG, PSP, M4V, VCD, DVD, ARM, ASF, AVS, SWF, MPEG, MTV, OGG , H261, H263, H264, MP3, M2TS များဖြစ်ပါတယ်။
ဖိုင်ဆိုဒ်ကတော့ 24.3 MB ရှိပါတယ်။ patch ပါထည့်ပေးထားပါတယ်။

စပိန် နာမည်ကြီးဘောလုံးကလပ် ရီရဲလ်မဒရစ်အသင်းကစားသမားဖြစ်တဲ့ ကမ္ဘာ့ကျော်ဘောလုံးသမား ခရစ်တီရာနို ရော်နယ်ဒိုဟာ ဂါဇာဒေသမှာ ပါလက်စတိုင်းကလေးငယ်များအတွက် ပေါင် ၁.၅ သန်း (US $ ၂.၄ သန်း) လှူဒါန်းခဲ့ကြောင်းကို ရီရဲလ်မဒရစ်အသင်းရဲ့ အာရဗ်ဘာသာနဲ့ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်များမှာဖော်ပြပါတယ်။
ရော်နယ်ဒိုဟာ ၂၀၁၁ ခုနှစ်မှာ ရီရဲလ်ဖောင်ဒေးရှင်းမှ ချီးမြှင့်ခြင်းခံရတဲ့ ရွှေဖိနပ်ကို ရောင်းချခဲ့ပြီး ရခဲ့တာကို ဂါဇာဒေသမှ ကျောင်းများအတွက် ရန်ပုံငွေအဖြစ်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
ရီရဲလ်အသင်းဖောင်ဒေးရှင်းဟာ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၆၆ နိုင်ငံက ကျောင်းပေါင်း ၁၆၇ ကျောင်းကို ကူညီထောက်ပံ့လျှက်ရှိတယ်လို့ မှတ်တမ်းများအရသိရပါတယ်။
ဒါက ရော်နယ်ဒိုရဲ့ ပထမဆုံးအလှူမဟုတ်ပါဘူး ယခင်နှစ်တွေကလည်း ရော်နယ်ဒိုဟာ သူရဲ့ အားကစားဖိနပ်များရောင်းချမှုက ရရှိငွေကနေ ဂါဇာဒေသမှာရှိတဲ့ စာသင်ကျောင်းတွေအတွက် ရန်ပုံငွေ ထူထောင်ပေးခဲ့ပါသေးတယ်။
ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းမှ ရီရဲလ်မက်ဒရစ်အသင်းသို့ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၃.၉ သန်းဖြင့် ပြောင်းရွှေလာခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ ရီရဲလ်မဒရစ်အသင်းမှာ သူအတွက် တစ်နှစ်ကို လစာ ပေါင် ၁၂ သန်းဖြင့် စာချူပ်ချူပ်ဆိုထားပြိး ကမ္ဘာ့ဝင်ငွေအများဆုံးရတဲ့ ဘောလုံးသများများထဲမှ တယောက်အပါအဝင်ဖြစ်ပါတယ်။
ဟားမာစ်ထိန်းချူပ်ထားရာ ဂါဇာဒေသကို အစ္စရေးမှ နိုဝင်ဘာ ၁၃ ရက်နေ့မှ စပြီးကျူးကျော်တိုက်ခိုက်ရာမှာ AP မှဖော်ပြထားသော စာရင်းများအရ ယနေ့အထိ ပါလက်စတိုင်း ၁၄၀ ကျော်သေဆုံးသွားပြီး ၄င်းတို့တွင် အရပ်သားအများပြားပါဝင်ပြီး ကလေးငယ်များလဲပါဝင်ကြောင်းသိရပါတယ်။ ဒဏ်ရရှိသူ ၁၁၀၀ကျော်ရှိပြီး ဟားမာစ်တို့ ရဲ့ ဒုံးကျည်များဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် အစ္စရေး ၅ ဦး သေဆုံးပြိး ဒါဇင်နှင့်ချီပြီး ဒဏ်ရာရရှိကြောင်း ဖော်ပြထားရှိပါတယ်။
အစ္စရေးတို့ရဲ့ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်မှု့ကြောင့် ကလေးငယ်များအပါဝင် အရပ်သားအများအပြား သေဆုံးမှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဂျူးလူမျိုးများအပါဝင် ထောင်ပေါင်းများစွာသော ဘာသာပေါင်းစုံ ပြည်သူများ အစ္စရေးရဲ့ လုပ်ရပ်ကို ဆန့်ကျင့်ကန့်ကွက် မှုများဖြစ်ပေါ်လျက်ရှိပါတယ်။
အမေရိကန်သမ္မတ အိုဗာမားကတော့ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ အစ္စရေးနိုင်ငံဟာ မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိကြောင်း ပြောဆိုသွားပြီး အစ္စရေးဘက်က ဆက်လက်ရပ်တည်သွားပါတယ်။
ကိုးကား https://rt.com/
ဗန္ဓုလတံတား အဆင်းတွင် ယာဉ်ကိုးစီးဆင့်တိုက်မှု ဖြစ်ပွားရာမှ သေဆုံးမှုနှင့် အပြင်းအထန် ဒဏ်ရာရမှုများ ရှိခဲ့
Tag :
သတင်များ
ဒေါပုံမြို့နယ်၊ ဗန္ဓုလတံတား အဆင်းတွင် ယာဉ်ကိုးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ် နိုဝင်ဘာလ ၂၀ရက်နေ့၊ နေ့လည် ၁၁နာရီ ၄၅မိနစ် အချိန်တွင် ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်မှာ နစ်ဆန်းဒီဇယ်ထရပ် အဖြူဝါရောင်ယာဉ်သည် ယမုံနာလမ်းဆုံမီးပွိုင့်အနီး အရောက်တွင် ၄င်းရှေ့မှမောင်းနှင်လာသည့် ယာဉ်ငါးစီးအား နောက်မှအဆင့်ဆင့်တိုက်မိကာ အရှိန်လွန်၍ မျက်နှာချင်းဆိုင်မှ မီးစိမ်း၍ ဗန္ဓုလတံတားဘက်သို့ လက်ဝဲဘက်မှချိုး ကွေ့မောင်းနှင်လာသော ယာဉ်သုံးစီး တို့အား ထပ်မံတိုက်မိခဲ့ကာ လမ်းဆုံ မီးပွိုင့်ရှိ ယာဉ်ထိန်းနားခိုတဲအား ထပ်မံ၍တိုက်မိခဲ့ကြောင်း သိရှိရသည်။
“ ယာဉ်တိုက်မှုဖြစ်ပြီး ခဏ လောက်ကြာမှ ကျွန်တော်က ရောက် လာတာပါ။ ကားကိုးစီးဆင့် တိုက်တယ်လို့တော့ သိရပါတယ်။ ဒဏ် ရာရရှိသူတွေကိုလည်း ဆေးရုံကိုခေါ်ဆောင်သွားပါတယ်။ ဒဏ်ရာရရှိသူ တွေများမယ် ထင်ပါတယ်” ဟု ယင်းဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့သူတစ်ဦးမှ ပြောကြားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှင့် အပြင်းအထန်ဒဏ်ရာ ရရှိမှုများရှိခဲ့ကာ ၁၁ ဦးမှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူ နာများအဖြစ် တင်ပို့ခဲ့ရပြီး ဆေးကုသမှု ခံယူလျက်ရှိသူ တစ်ဦးမှာ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ဗန္ဓုလတံတားအဆင်း နေရာသည် ယာဉ်များ မကြာခဏ ယာဉ်တိုက်မှုဖြစ်ပွားလေ့ရှိသည့် နေရာဖြစ်ကြောင်းလည်း သိရှိရသည်။
မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူများ လိုင်းပြတ်တောက်မှု၊ လိုင်းနှေးကွေးမှု မကြာခဏကြုံတွေ့နေ
Tag :
သတင်များ
မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုနေသူများအား နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်
မိုဘိုင်းဖုန်းအင်တာနက်လိုင်းများ အသုံးပြုရာတွင် သုံးစွဲသူများအနေဖြင့် အင်တာနက်လိုင်း ပြတ်တောက်မှု၊ နှေးကွေးမှုများ မကြာခဏ ကြုံတွေ့ခံစားနေရကြောင်း သုံးစွဲသူများထံမှ သိရှိရသည်။
ယခုအခါ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူဦးရေမှာ တရားဝင်ထုတ်ပြန်ထားမှုအရ နှစ်သိန်း ကျော်အထိ ရှိလာပြီဖြစ်ပြီး Broad Band စနစ်ဖြင့် အင်တာနက် အသုံးပြုသူ အရေအတွက်ထက် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။
“WCDMA သုံးတာ လိုင်းမကောင်းတာ အောက်တိုဘာလလယ် လောက်ကတည်းကပဲပေါ့။ 3G လိုင်းတောင် တက်မလာဘဲ EDGE နဲ့ပဲ သွားနေတယ်။ အရင်ကဆိုရင် 3G တွေ ဘာတွေ တက်လာသေးတယ်။ အခုရက်ပိုင်းအတွင်း သုံးရတာ လုံးဝကို အဆင်မပြေဘူး” ဟု လသာမြို့နယ်တွင် နေထိုင်သည့် ကိုထူးအောင်က နိုဝင်ဘာလ ၁၉ ရက်နေ့၌ ပြောကြားခဲ့သည်။
“အရင်ကဆိုရင် ရုံးကနေအိမ်ပြန်တဲ့ လမ်းတစ်လျှောက်မှာဆိုရင် ကားပေါ်မှာ သုံးသွားတာ မြေနီကုန်းကနေ ရှစ်မိုင်အထိကို လိုင်းကောင်းတယ်။ ခုရက်ပိုင်းတော့ အင်တာနက်လိုင်းက မိနေပေမယ့် တစ်ခုခုဖွင့်ရင် တက်မလာတော့ဘူး။ ကျွန်မတို့ မှော်ဘီမှာဆိုရင် လုံးဝကို လိုင်းမမိသလောက်ပါပဲ” ဟု မှော်ဘီမြို့ခံ တစ်ဦးကလည်း ၎င်း၏ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှု အတွေ့အကြုံကို ရှင်းပြခဲ့သည်။
မိုဘိုင်းဖုန်းဖြင့် အင်တာနက် သုံးစွဲသူများထဲမှ အချို့မှာ အင်တာနက်သုံးစွဲရာတွင် အဆင်ပြေစေရန် ညပိုင်းတွင် အဓိကထား သုံးစွဲမှုများ ပြုလုပ်တတ်ကြကြောင်း သိရသည်။
“ကျွန်မတို့ ပုဇွန်တောင် ရေကျော်ဘက်မှာ အင်တာနက်က ဘယ်အချိန်သုံးသုံး လိုင်းကလုံးဝမကောင်းပါဘူး။ အခုရက်ပိုင်းအတွင်းဆို အင်တာနက်လိုင်းဖွင့်ရင် တော်တော်နဲ့ တက်မလာတဲ့အပြင် တက်လာရင်လည်း E ဆိုတာလေးပဲပေါ်ပြီး Loading ပဲ ပြနေတယ်။ အခုဆိုရင် သုံးနေရင်းနဲ့ လိုင်းလုံးဝ ပြတ်သွားတာလည်း ခဏခဏပါပဲ” ဟု ပုဇွန်တောင်တွင် နေထိုင်သည့် မအိအိစိုးက ပြောပြခဲ့ပါသည်။
ယခုကဲ့သို့ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲရာတွင် အဆင်မပြေမှုများ ရှိနေသည့်အပေါ် “အဲဒါကတော့ သုံးစွဲသူတွေများတဲ့ အချိန်မို့လို့ လိုင်းကြပ်တာဖြစ်မှာပေါ့ဗျာ။ အချိန်ပိုင်းနဲ့ဖြစ်နေတာ ဖြစ်မှာပေါ့။ တအားကြပ်တဲ့ အချိန်မှာဆိုရင်တော့ သည်းခံပြီး စောင့်ရမှာပေါ့ဗျာ။ လိုင်းကြပ်နေတာကို ချဲ့ရမှာပေါ့” ဟု မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာမှူးတစ်ဦးက ပြောကြားခဲ့ပါသည်။
မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ များပြားလာသည့်အတွက် ရန်ကုန်မြို့တွင် 3G ကွန်ရက်များ ထပ်မံတိုးချဲ့ရန် လုပ်ဆောင်လျက်ရှိကြောင်းလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ထံမှ သိရှိရသည်။
ငလျင် အင်အားနှင့် နှိုင်းယှဉ်လျှင် လူသေဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိမှုနှင့် ပျက်စီး ဆုံးရှုံးမှုတို့မှာ နည်းပါးပြီး၊ ကံကောင်း ခဲ့ခြင်းသာ ဖြစ်ကြောင်း မြေငလျင် ပညာရှင်များက သုံးသပ် ပြောကြားသည်။
ရွှေဘို ငလျင်ကဲ့သို့ အင်အားပြင်း ငလျင်မျိုး စစ်ကိုင်းနှင့် မန္တလေး အနီးဖြစ်စေ၊ ပဲခူးအနီးဖြစ်စေ လှုပ်ခတ်ခဲ့ပါက ပျက်စီး ဆုံးရှုံးမှုမှာ ယခုထက် အဆပေါင်းများစွာ များနိုင်ကြောင်း ၎င်းတို့က ဆက်လက် ပြောကြားသည်။
ထို့ကြောင့် အနာဂတ်တွင် မြေငလျင် အန္တရာယ်နှင့် ပတ်သက်၍ ပိုမိုသတိရှိပြီး ကြိုတင် ကာကွယ်မှု များ ပြုလုပ်ရန် ပညာရှင်များက တိုက်တွန်းကြသည်။
“အခုငလျင်က ကျွန်တော့်အမြင်က တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ ကံကောင်းတယ်ဗျ။ ကံကောင်းတယ် ဆိုတာက လူနေနည်းတဲ့ ဒေသမှာ လှုပ်လို့။ အားလုံးကို ခြုံလိုက်ရင် မန္တလေးနဲ့ နီးရင်သော် လည်းကောင်း၊ စစ်ကိုင်းနဲ့ နီးရင်သော် လည်းကောင်း မြို့ကြီးကြီးနဲ့နီးရင် ပျက်စီးဆုံးရှုံးမှု ပိုများမယ်။ လူလည်းသေတာ ပိုများမယ်။” ဟု စစ်ကိုင်းငလျင်ကြောကို တွေ့ရှိပြီး ဖော်ထုတ်နိုင်ခဲ့သော ဘူမိဗေဒပညာရှင် ဒေါက်တာဝင်းဆွေက ပြောသည်။
“အခုသာ ရန်ကုန် ပဲခူးကို ဗဟိုပြုပြီး လှုပ်ရင် ပျက်စီးဆုံးရှုံးမှုက ဒီထက်များနိုင်တယ်” ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းကလည်းပြောသည်။ ထို့ကြောင့် ရွှေဘိုမြေငလျင်မှာ မြန်မာနိုင်ငံအတွင်း မြေငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ မဖြစ်မနေပြုလုပ်ရတော့မည်ကို သတိပေးလိုက်ခြင်းပင် ဖြစ်ကြောင်း မြေငလျင်ပညာရှင်များကပြောသည်။
မြန်မာနိုင်ငံ၏ လူနေထိုင်မှုအရ စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက် မြောက်ပိုင်းဒေသများတွင် လူနေထိုင်မှုကျဲပြီး အဆောက်အအုံကြီးများ အနည်းငယ်သာ ရှိသည်။ သို့သော် တောင်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ လူနေပိုမိုထူထပ်လာပြီး အဆောက်အအုံကြီးများမှာ ပိုမိုများပြားလာသည်။
ထို့ကြောင့် စစ်ကိုင်းငလျင်ကြောပေါ်တွင် နှစ်ပေါင်း ၅၆ နှစ်အတွင်း အင်အားအပြင်းဆုံး မြေငလျင်လှုပ်ခဲ့သော်လည်း ယခု အကြိမ် လူသေဆုံးထိခိုက် ဒဏ်ရာ ရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုမှာ ငလျင်ပမာဏနှင့်စာလျှင် လျော့နည်း သက်သာခဲ့ခြင်းသာဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ခြင်းဖြစ်သည်။
စစ်ကိုင်းသက်ရှိပြတ်ရွေ့ကြောပေါ်တွင် နောက်ဆုံးလှုပ်ခဲ့သော အင်အားပြင်းငလျင်မှာ ၁၉၅၆ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၇ ရှိ ငလျင်ကြီးဖြစ်သည်။ ထိုစဉ်ကပင် အဆိုပါငလျင်ကြောင့် လူ ၄၀ မှ ၅၀ အတွင်းသေဆုံးခဲ့ရသည်။
“ဒီငလျင်က ငလျင်ကြီးပါ။ ငလျင်ကြီးမှာမှ ဒီလောက်ဘဲ အသေအပျောက်ဆိုတာ။ အချက်အလက်ရတာ စောသေးလို့လို့ အစကထင်တယ်။ အခုချိန်အထိ သေတာ ၁၃ ယောက်လောက်၊ ပျောက်ဆုံးနေတဲ့သူတွေနဲ့ ပေါင်းရင် လူ ၂၀၊ ၂၅ လောက်ဖြစ်မယ်ထင်တယ်။ ဒီလောက် ငလျင်ကြီး၊ လူနေထူထပ်တဲ့ နေရာတွေမှာ ဖြစ်သွားတယ် ဆိုတဲ့ဟာမှာ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေက မဆိုးဘူးလို့ ပြောလို့ရမယ်။ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ စဆောက်ဖို့ တာစူနေတုန်းအချိန်မှာ ဒီလောက် ထိန်းသိမ်းနိုင်တယ်ဆိုတာ ကျွန်တော့်အနေနဲ့ မဆိုးဘူးလို့ ထင်ပါတယ်။” ဟု မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ အတွင်းရေးမှူး တစ်ဦးဖြစ်သော ဦးစောထွေးဇော်ကလည်း သုံးသပ်သည်။
ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာ မြေငလျင်ပညာရှင်များက မကြာခဏ သတိပေးခဲ့သော စစ်ကိုင်းမြေငလျင်ကြောပေါ်တွင်ပင် ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်မှာ နိုဝင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ၄၂ မိနစ် တွင် လှုပ်ခတ်ခဲ့သည်။ ရွှေဘို၊ သပိတ်ကျင်း၊ ကျောက်မြောင်း၊ စဥ့်ကူးစသော မြို့များအပါအ၀င် မြို့နယ်ပေါင်း ဆယ်မြို့နယ်ကျော်မှာ မြေငလျင်ဒဏ်ခံခဲ့ရသည်။ သပိတ်ကျင်း၊ ကျောက်မြောင်း၊ ရွှေဘိုမြို့နယ်များမှာ ငလျင်ဒဏ်ကို အဆိုးဆုံးခံခဲ့ရသည်။ မြေငလျင်နှင့် ဘူမိဗေဒပညာရှင်များက စစ်ကိုင်း ငလျင်ကြောတစ်လျှောက်ရှိ ဒေသများကို မြေငလျင်အန္တရာယ်ကို အထူးသတိပြုရန် မကြာခဏ သတိပေးခဲ့သော်လည်း လက်တွေ့ မြေငလျင်လှုပ်လာသောအခါ ပြည်သူအများစုမှာ ဘေးအန္တရာယ်လျော့ပါးအောင် မည်သို့နေထိုင် ပြုမူရမည်ကို မသိရှိကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် မြေငလျင်ကြီးများ ဆက်လှုပ်ဦးမည်ဟူသော ကောလဟလများကြောင့် ဒေသခံများစွာ စိုးရိမ်နေကြဆဲဖြစ်သည်။ မြေငလျင်ကြီးများ၏ ထုံးစံ အတိုင်း နောက်ဆက်တွဲ မြေငလျင်ငယ်များလည်း လှုပ်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်ထိ နောက်ဆက်တွဲမြေငလျင် ၄ ကြိမ်လှုပ်ခဲ့ပြီး အင်အား ၅ အထက်ရှိသော အင်အား အသင့်အတင့်ရှိ မြေငလျင်များဖြစ်သည်။ မိုးဇလက နောက်ဆက်တွဲငလျင်များမှ အင်အား ၅ မကျော်ပါက မှတ်တမ်းတင်သော်လည်း သတင်းမထုတ်ပြန်ပေ။ နိုဝင်ဘာ ၁၃ နံနက် ၈နာရီကျော်တွင် နေပြည်တော်တောင်ဘက် ၃၅မိုင်၊ ဆွာမြို့အနောက်ဘက် ၁၄ မိုင်ဗဟိုပြု၍ ၄ ဒသမ ၈ အင်အားရှိ နောက်ဆက်တွဲငလျင်လှုပ် ခဲ့သည်။ ထို့ကြောင့် မြေငလျင် ပညာရှင်များက နောက်ဆက်တွဲ မြေငလျင်ငယ်များကိုလည်း သတိထားရန်နှင့် နိုဝင်ဘာ ၁၁ ရက် ငလျင်ကြီး လှုပ်ပြီးနောက် ယိုင်နဲ့နေပြီး ပြုတ်ကျနိုင်သော အိမ်နှင့် အဆောက်အအုံ များအောက်တွင် မနေထိုင်ကြရန် အကြံပြုပြောကြားသည်။
ထို့ပြင် စစ်ကိုင်းငလျင်ကြောပေါ်တွင် ၁၉၂၉ ခုနှစ်က ရစ်ခ်ျတာစကေး ၇ ၀န်းကျင်ရှိ အင်အားကြီးငလျင် လှုပ်ခဲ့ပြီးနောက် လအနည်းငယ်ခြား၍ ပြတ်ရွေ့ကြောတစ်လျှောက်ရှိ အခြားအပိုင်းများဖြစ်သော ဖြူး၊ ပဲခူး၊ တောင်ငူစသော ဒေသတို့တွင် အင်အားကြီးငလျင်များ လှုပ်ခတ်ခဲ့ဖူးသည်။ ထိုအတွေ့အကြုံအရ ငလျင်ကြောတစ်လျှောက်ရှိ အခြားဒေသများမှာလည်း မြေငလျင်အန္တရာယ်ကို အထူးသတိပြုရမည်ဖြစ်သည်။ ကီလိုမီတာ ၁၀၀၀ ခန့်ရှည်သော ကမ္ဘာ့အကြီးဆုံးသက်ရှိ ပြတ်ရွေ့များတွင် ပါဝင်သော စစ်ကိုင်းပြတ်ရွေ့ တလျှောက်တွင် ဧရိယာအလိုက် ပြတ်ရွေ့အပိုင်း ၁၀ ပိုင်းဝန်းကျင် ရှိကြောင်းလည်း ဦးစိုးသူရထွန်း ကပြောသည်။
“စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောမှာ နှစ်တစ်ရာအတွင်းမှာ တစ်ကြိမ် ရစ်ခ်ျတာစကေး ၇ ကနေ ၇ ဒသမ ၅ လောက် လှုပ်နိုင်တယ်။ ၁၉၅၆ ကနေ စတွက်ရင် အခု နှစ်ပေါင်း ၆၀ လောက်မှာ ၆ ဒသမ၈ လောက်နဲ့ ပြန်လှုပ်တာ ၁၉၃၀ မှာ ၇ ဒသမ ၃ နဲ့ ပဲခူးမှာ လှုပ်တယ်။ ပဲခူးမှာ လူငါးရာလောက်သေတယ်။ ရန်ကုန်မှာ ၅၀ လောက်သေတယ်။ အခုလူဦးရေက အဆမတန်များလာပြီ။” ဟု ဦးစိုးသူရထွန်းက ဆက်လက်ပြောသည်။
အဆောက်အအုံများကို ခိုင်ခံ့အောင် ဆောက်လုပ်ရန်နှင့် အဆောက်အအုံများ အရည်အသွေးမီ၊မမီနှင့်ပတ်သက်၍ အရည်အသွေး စစ်ဆေးသော လွတ်လပ်ပြီး အမှီအခို ကင်းသော ကြားခံ အဖွဲ့အစည်းများကို ဖွဲ့စည်းကာ စစ်ဆေးကြပ် မတ်သင့်ပြီဖြစ်ကြာင်း ဘူမိဗေဒပညာရှင် ဦးအေးကိုကလည်း အကြံပြုသည်။
“အဓိကကတော့ အဆောက်အအုံတွေကို ခံနိုင်ရည်ရှိအောင် ဆောက်ရမယ်။ ဆောက်ပြီးသားတွေလည်း စစ်ဆေးပြီး ပြင်ဆင်သင့်တာပြင်ရမယ်။ လူတွေကလည်း ငလျင်နဲ့ ပတ်သက်ပြီး ဗဟုသုတရှိရမယ်။ ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲဆိုတာတွေ သိထားသင့်တယ်။” ဟု ဦးစိုးသူရထွန်း က အကြံပြုသည်။ အဆောက်အအုံများခိုင်ခံ့အောင် ဆောက်လုပ်ရာတွင် အခြေခံအုတ်မြစ်၊ ထုတ်နှင့် တန်းများ၊ ဂျွိုင့်များကို ခိုင်ခံ့အောင် ဆောက်ရန် ဦးစောထွေးဇော်က အကြံပြုသည်။
မြေအောက်ရေတူးပါက ပေအနည်းငယ်နှင့် ထွက်သော ရေလျှံဒေသများတွင် မြေငလျင် လှုပ်ပါက ငလျင်ဒဏ်အပြင် ရေလျှံသည့်ဒဏ်ကိုပါ ခံရတတ်၍ သတိပြုရန် လိုကြောင်းလည်း ဒေါက်တာဝင်းဆွေက သတိပေးသည်။ ထို့ပြင် ရေကန်နှင့် မြစ်ချောင်း များပေါ်တွင် မြေဖို့၍ အဆောက်အအုံ များ ဆောက်လုပ် နေထိုင်ခြင်းကို ရှောင်ကြဉ်ရန်လည်း ၎င်းက အကြံပြုသည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် မြေငလျင်လှုပ်လာလျှင် မည်သို့ ပြုမူဆောင်ရွက် သင့်သည်ကို ကြိုတင်သိရှိရန် လေ့လာ ထားရန်၊ ဖြစ်နိုင်ပါက ကြိုတင် လေ့ကျင့်ထားရန် ပညာရှင်များက အကြံပြုသည်။
အားမာန်၊ ခိုင်ထွန်း၊ အောင်ခိုင်
7Day News Journal
![]() |
| ငလျင်ဒဏ်ကြောင့် ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်၊ မလားကျေးရွာရှိ အိမ်အဖီ တစ်ခု ပြိုကျနေသည်ကို တွေ့ရစဉ် |
ဂူးဂဲလ်၏ အန်းဒရွိုက်စနစ်သုံး ဖုန်းများနှင့် အက်ပဲလ်၏ iPhone များ လွှမ်းမိုးနေသည့် စမတ်ဖုန်းဈေးကွက်ကို ထိုးဖောက်ရန်ရည်ရွယ်သည့် မိုက်ခရိုဆော့ဖ်၏ Windows Phone8(WP8) စနစ်ကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး ယင်းစနစ်ဖြင့်ထွက်ရှိမည့် ဖုန်းများကိုပါ ပြသသွားခဲ့သည်။
မိုက်ခရိုဆော့ဖ်၏ ကွန်ပျူတာနှင့် သင်ပုန်းကွန်ပျူတာများအတွက် မောင်းနှင်စနစ်သစ် Windows 8 ကို ပြီးခဲ့သည့်အပတ်က စတင်မိတ်ဆက်ခဲ့ပြီးနောက် စမတ်ဖုန်းများအတွက် မောင်းနှင်စနစ်သစ်ကို သီးခြား မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်သော အခမ်းအနား၌ မိုက်ခရိုဆော့ဖ်စီအီးအို စတိဗ်ဘော်မာက HTC၊ Samsung၊ Nokia တို့၏ WP8 သုံးဟန်းဆက်များကို မိတ်ဆက်ခဲ့သည်။ အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလအတွင်း WP8 သုံး ဖုန်းများကို ကမ္ဘာတစ်ဝန်း စတင်ရောင်းချမည်ဖြစ်သည်။
WP8 ၏ စွမ်းဆောင်ရည်များ
Home Screen နှင့် Lock Screen - ပြိုင်ဘက်စနစ်များထက် ပိုမိုထူးခြားသည့် အသွင်ရှိပြီး ကလေးများလက်ထဲ ဖုန်းထည့်ပေးသောအခါ Lock Screen တွင် ညာဘက်ဆွဲပြီး မဖွင့်ဘဲ ဘယ်ဘက်ဆွဲ ဖွင့်ပေးလိုက်ရုံဖြင့် ကလေးများအတွက် မိမိရွေးချယ်ပေးထားသည်များသာ သုံးနိုင်သည့် ဖုန်းတစ်လုံးအဖြစ် အသွင်ပြောင်းသွားမည်ဖြစ်ကာ အရေးကြီး အချက်အလက်များ ပျက်စီးနိုင်မည့်ဘေးမှ ကာကွယ်နိုင်မည်ဖြစ်သည်။ Lock Screen အနေအထားဖြင့်ပင် ဖေ့စ်ဘွတ်ခ်မှ ဓာတ်ပုံများကြည့်နိုင်ခြင်း၊ အခြားသတင်းအချက်အလက်များ၊ notification များကို ကြည့်နိုင်ခြင်း စသည့်အားသာချက်များ ပါရှိလာသည်။
Game နှင့် Application - အခြားမိုဘိုင်းစနစ်များတွင် ထိပ်ဆုံးရောက်နေသည့် Application ၅၀ အနက် ၄၆ မျိုးကို အခမ်းအနားတွင် နမူနာပြသွားခဲ့ပြီး Angry Bird၊ Cut the Rope စသော နာမည်ကြီးဂိမ်းအားလုံး WP8 တွင် ကစားနိုင်မည်ဖြစ်သလို Skype ကဲ့သို့သော ဗီဒီယိုစကားပြော Application များကို ဘက်ထရီမစားစေဘဲ ဖုန်းဖွင့်သည့်အချိန် တောက်လျှောက် Background တွင် ဖွင့်ထားနိုင်ခြင်း ကဲ့သို့သော စွမ်းဆောင်ရည်သစ်များကိုပါ ပြသသွားသည်။ Microsoft online shop တွင် အက်ပလီကေးရှင်း ၁၂၀၀၀၀ ရှိမည်ဖြစ်သည်။
Cloud Syncing - မိုက်ခရိုဆော့ဖ်၏ အားသာချက်အဖြစ် Windows 8 စနစ်သုံး ကွန်ပျူတာများနှင့် WP8 သုံးဖုန်းများတွင် Office ဆော့ဖ်ဝဲများကို အလွယ်တကူ ချိတ်သုံးနိုင်မည်ဖြစ်ပြီး ကွန်ပျူတာတွင် လုပ်ထားသည့်အလုပ်ကို မပြီးလျှင် ဖုန်းဖြင့်ဆက်လုပ်၊ ဖုန်းဖြင့် မပြီးသည်ကို ကွန်ပျူတာဖြင့် ဆက်လုပ်ခြင်းမျိုး ရနိုင်မည်ဖြစ်သည်။ Skydrive Cloud စနစ်လည်း ပါဝင်လာသည်။
Wallet နှင့် NFC စနစ်မှာ ပိုက်ဆံအိတ်နေရာတွင် အစားထိုးနိုင်ရန် ရည်ရွယ်ထားသည့် လုပ်ဆောင်ချက်ဖြစ်ပြီး ခရက်ဒစ်ကတ်များ အစားသုံးကာ ငွေချေနိုင်ရန် ရည်ရွယ်ထားသည်။ NFC (Near Field Technology) စနစ်ဖြင့်လည်း ငွေချေမှုပြုနိုင်မည်ဖြစ်သည်။
WP8 အတွက် အဓိကစိန်ခေါ်မှုမှာ လက်ရှိအန်းဒရွိုက်နှင့် အက်ပဲလ်၏ iOS စနစ်တို့က မိုဘိုင်းဈေးကွက်ကို လွှမ်းမိုးနေခြင်းအား ထိုးဖောက်ဝင်ရောက်နိုင်ရေး ဖြစ်သည်။
“မြန်မာအစ တကောင်း က” တဲ့။ သမိုင်းသင်တဲ့ ဆရာမ က သင်ပေးခဲ့တာ။ မြန်မာစာ
ဆရာမလည်း ခဏခဏ ပြောဖူးတယ်။ ဟိုးရှေးရှေးတုန်းက…….. အိန္ဒိယပြည် (မြန်မာတွေ
ရဲ့ အခေါ်အရ ကုလားပြည်ပေါ့) မှာ ဘုရင် နှစ်ပါး စစ်ဖြစ်ကြတယ်တဲ့။ အဲဒီမှာ
သာကီဝင် မင်းမျိုးဘုရင်က စစ်ရှုံးပြီး သူ့ရဲ့ မိဘုရားတွေ၊ မောင်းမတွေ၊
သားတော်တွေ၊ သမီးတော်တွေ၊ ဝန်ကြီးမှူးမတ်တွေ၊ စစ်သည်တော်သူရဲကောင်းတွေ၊
နန်းတွင်းသူ၊ နန်းတွင်း သားတွေခြွေရံသင်းပင်း အားလုံးနဲ့အတူ အိန္ဒိယပြည်
အရှေ့ဘက် နယ်မြေကို အသက်လုထွက်ပြေး လာခဲ့ရသတဲ့။ အဲဒီလို ပြေးလာရင်း ခု
မြန်မာနိုင်ငံလို့ခေါ်တဲ့ ဒေသကို ရောက်တော့ အဲဒီဒေသမှာ နေကြတဲ့
မြန်လည်းမြန်မာလည်းမာတဲ့ လူတွေကိုတွေ့သတဲ့။ အဲဒီလူတွေက မြန်တယ်၊ မာတယ်
ဒါပေမဲ့ မယဉ်ကျေး ဘူးတဲ့။ အဲဒီ သာကီဝင်ဘုရင်က အဲဒီမြန်ပြီးမာတဲ့
မယဉ်ကျေးတဲ့လူတွေကို ယဉ်ကျေးအောင်သင်ပေး အုပ်ချုပ် မင်းလုပ် တိုင်းနိုင်ငံ
ထူထောင်လိုက်သတဲ့ကွယ်။ နန်းစိုက်ရာမြို့ကို “တကောင်း” လို့ သမုတ်ပြီး အဲဒီ
အချိန်က စပြီး ယဉ်ကျေးတဲ့ လူမျိုးတစ်မျိုးနဲ့ ယဉ်ကျေးမှုအသစ်တစ်ခုဟာ ကမ
္ဘာပေါ်မှာ ပေါ်ပေါက်လာတော့သတဲ့။ အဲဒါ မြန်မာလူမျိုးနဲ့မြန်မာ့ယဉ်ကျေးမှု
အစတဲ့။ အဲလိုနားရည်ဝနေရင်း……..
ကလေးဆိုတော့လည်း ကလေးအတွေးလေးနဲ့ ဆက်စပ်တွေးမိတာပေါ့နော်……..။ တင်ပြသူ ကလေးဘဝက သုတေသန ပြုခဲ့တဲ့သမိုင်းဆိုရင်လည်း မမှားပါဘူး။ ကလေးသမိုင်းပေါ့။ ကလေး တင်ပြသူ အတွေး သမိုင်း ကို ပြောပြမယ်နော်…… နားထောင်ကြပါနော်……။
သာကီဝင် ဘုရင်ဟာ အဲလို စစ်ရှုံးပြီးထွက်ပြေးလာပေမယ့်လည်း ဘုရင်တို့ရဲ့ အဆောင်အယောင် အပြည့်နဲ့ ပေါ့။ သန်လျှက်ကြီးကိုင်၊ ရွှေထီးဆောင်း၊ ပြိုးပြိုးပြက်ပြက် တွေဝတ်၊ အနားမှာ ဒူးထောက်ခစားသူတွေ အပြည့် နဲ့။ ထွက်ပြေးရင်း မြန်မာပြည် မြစ်ကမ်းဘေးတစ်နေရာထဲ ကို ရောက်တော့ နေလောင်ထားတဲ့ ကြေးနီရောင် မျက်နှာကြီးတွေနဲ့ အဝတ်ကပ်ရမှန်းတောင် မသိဘဲအပေါ်ပိုင်း ဗလာကျင်း နေတဲ့ ဒေသခံ ယောက်ျား မိန်းမ တွေဟာ အဲဒီ ခမ်းနားလှတဲ့ သာကီဝင်ဘုရင့် အရှိန်အဝါကိုမြင်ပြီး၊ မြေကြီးပေါ်ဒူးထောက်၊ မှောက်ရက်လှဲ၊ မော် တောင် မကြည့်ဝံ့ဘဲ ရှိခိုးကြတော့တာပေါ့။ အဲဒါနဲ့…..ဘုရင် က သူ့မှူးမတ်တွေဘက်လှည့် ဂုဏ်ယူဝင့်ကြွား စွာနဲ့ ကုလားလို “ဟမ် အဘီ ဘီ ရာဂျာဟယ်” (ငါ ဟာအခုထိ ဘုရင်ဘဲ) လို့ မိန့်တော်မူလိုက်တာပေါ့။ အဲဒါ ကိုကြားပြီး မြန်လည်းမြန် မာလည်းမာတဲ့ လူတွေက “ဟာ-ဒါဆို ဒီဘုရင်ကြီး ရဲ့ ဘွဲ့တော်ဟာ “အဘိရာဇာ” နဲ့တူတယ်လို့ထင်မှတ်လိုက်ကြပါလေရော။
အဲဒီလို နဲ့ သူတို့ဟာ ဘုရင်ကြီးသွားရာနောက် တစ်ကောက်ကောက်လိုက်၊ ဘုရင်ကြီးအတွက် နေထိုင်ဖို့ အိမ်တစ်လုံးဆောက်ပေး အဲဒါတွေ လုပ်ပေးကြတာပေါ့။ ဘုရင်ကြီးနဲ့ နောက်ပါတွေဟာအလွန်ယဉ်ကျေးမှုမြင့် တဲ့ အိန္ဒိယလူမျိုး တွေဆိုတော့ မြန်လည်းမြန်၊ မာလည်းမာတဲ့ လူတွေအတွက် ဘုရင်ကြီးနဲ့ နောက် ပါတွေရဲ့ နေထိုင်ပြု မူ ပြောဆိုဝတ်စားဆင်ယင်ပုံတွေဟာ မြင်မြင်သမျှ အဆန်းကြီးဖြစ်နေ တော့တာပေါ့နော်။
ဒီလိုနဲ့ နေလာကြရင်း ဒေသခံတွေကအချင်းချင်းတိုင်ပင်ကြတယ်၊ ဘုရင်ကြီး နဲ့ သူ့လူတွေ ရဲ့ လူမျိုး ကို ဘယ်လိုခေါ် ကြမလဲပေါ့။ တစ်ယောက်ကပြောတယ် သူတို့ကကွာတဲ့။ ဒေသကူးမြစ်ကူး ပြီးလာကြတာဆိုတော့ “ကူးလာ” လို့ခေါ်ကြရအောင်တဲ့။ အားလုံးကသဘောတူကြတယ်။ နောက်နောင်အချင်းချင်းပြောရင် “ကူးလာ” လို့ ရည်ညွှန်းသုံးနှုန်း ကြတာပေါ့နော်။ အဲ……ကာလရွေ့လျားလာတော့ အသံတွေပြောင်းပြီး”ကူးလာ” က နေ “ကုလား” လို့ ဖြစ်သွားတာပေါ့။ အိန္ဒိယ လူမျိုးဆိုရင် ကုလား ပေါ့။
အဲဒီလို နဲ့ တစ်နေ့ကျတော့ ဘုရင်ကြီးရဲ့ နောက်ပါတွေနေတဲ့ အဆောင်ဘက်ကို မြန် ၊ မာတဲ့ လူတွေက ဘာများအထူးအဆန်းတွေ့ ရမလည်းလို့ သွားချောင်းကြပါလေရော။ အဲလိုချောင်းကြည့်တော့ ဘာတွေ့ရ သလဲဆိုရင်၊ ကုလား၊ မိန်းမတွေဟာ သစ်သားနဲ့လုပ်ထားတဲ့ ထိုင်စရာတွေပေါ်မှာ အခန့်သားဟန်ကျပန်ကျ နဲ့ထိုင်နေတာကိုတွေ့ပြီး သဘောကျကြတာပေါ့။ အဲဒါကို ဘယ်လိုခေါ်ရင် ကောင်းမလဲ စဉ်းစားကြတယ်၊ တစ်ယောက်ကပြောတယ် ကုလားတွေထိုင်တာဆိုတော့ “ကုလားထိုင်” လို့ခေါ်ရအောင်ကွာတဲ့။ အိန္ဒိယ လူမျိုး တွေဆိုတာက အရမ်းအရှက်အကြောက်ကြီးတာဆိုတော့ သူတို့ရဲ့အိမ်ကို လာချောင်းတာကိုတွေ့သွားပြီး သူတို့ရဲ့အိမ်ထဲကို အပြင်ကနေ မမြင်အောင် ပါလာတဲ့ ပိတ်စကြီးတွေနဲ့ ကာလိုက်ကြရော။ အဲဒါကို မြင်ပြီး ဒေသခံတွေက “ဟာဘာကြီးတွေနဲ့ ကာလိုက်တာလဲ” လို့ အံ့အားသင့်ရေရွတ်မိကြတာပေါ့။ အဲဒီအခါ တစ်ယောက် က “ဪမင်းတို့ကလဲကွာ၊ ကုလားတွေကာတဲ့ ဟာတွေဆိုတော့ ကုလားကာပေါ့ကွာ” လို့ ပြောလိုက်တယ်လေ။ အဲဒီအချိန်ကစပြီး ဒီနေ့အထိ “ကုလားကာ” တဲ့ ခေါ်ဖြစ်သွားကြတာ။
အဲဒီ ကုလားတွေဟာ ဟိန္ဒူတွေ ၊ဆိုတော့ ဟိန္ဒူ ကုလားတွေဟာ ဘာသာတရား ရှိကြတော့ ဘုရားကျောင်းကြီးတွေ ကို လည်း ဆောက်ကြတယ်လေ။ ဘာကျောင်းဆောင်တွေလဲပေါ့။ “ဟာ-ကုလားတွေဆောက်တဲ့ ကျောင်းဆောင် ဆိုတော့ “ကုလားကျောင်း” ပေါ့ကွာတဲ့။ ဟိန္ဒူကုလားတွေဟာ သူတို့ ဘုရားရှိခိုး ပူဇော်ရာမှာ ခေါင်းလောင်း တွေကို သုံးတတ်ကြပေမယ့်၊ ခေါင်းလောင်းလုပ်ဖို့ ကြေးမရှိတော့ သစ်တုံးကိုထွင်းပြီး အသံမြည်အောင်ခေါက် ကြတယ်လေ။ အဲတော့ ဒေသခံတွေကထုံးစံအတိုင်း အံ့အားသင့်ကြတာပေါ့။ တုံတုံ နဲ့ခေါက်နေတာ ဘာလဲ ပေါ့။ တစ်ယောက် က “အိုကွာ-ကုလားတွေ ဘုရားတက်ရင် ခေါက်တာဆိုတော့ “ကုလားတက်” ပေါ့ကွာတဲ့။
ဒီလိုနဲ့ တစ်နေ့ကြတော့ အဲဒီကုလားတွေက ဒေသခံတွေကို သူတို့လက်ရာစားဖူးအောင် ဖွယ်ဖွယ်ရာရာ ကျွေးမယ်ဆိုပြီး အိန္ဒိယကနေရိက္ခာအဖြစ်ပါလာတဲ့ ပဲ တစ်မျိုး ကို ရေဆေး ကြတယ်လေ။ ဒေသခံတွေက အဲဒီ ပဲကို တစ်ခါမှ မမြင်ဖူးကြတော့ ဘာပဲလဲပေါ့။ ထုံးစံအတိုင်း အတွေးကောင်းတဲ့ တစ်ယောက်က “ကုလားတွေ စားတဲ့ ပဲ ဆို ကုလားပဲ” ပေါ့ကွာတဲ့။ ဟင်းတွေကျက်ပြီ ၊ စားဖို့လာကြတော့လို့ ခေါ်လိုက်တော့ ဒေသခံတွေက ဝမ်းသာအားရနဲ့ပြေးလာပြီး အားရပါးရတွယ်ကြတယ်လေ။ အဲဒီဟင်းကို အရမ်းကို ကြိုက်သွားကြတယ်။ အဲဒါနဲ့ ကုလားတွေချက်ကျွေးတဲ့ ပဲဟင်းကို “ကုလားဟင်း” လို့ ခေါ်စပြုလာကြတယ်။ ဪ အဲဒီ ဟင်းနဲ့ အတူစားဖို့ မရန်းသီး၊ သရက်သီး စတာတွေကို ဆီ၊ မဆလာတွေနဲ့သမပြီးစိမ် အချဉ်တည်ထားတဲ့ အစားအစာ တစ်မျိုး လည်းပါသေးတယ်။ အဲဒါ ကို လည်း ဒေသခံတွေ က အရမ်းအရသာတွေ့ပြီး “ကုလားတွေ တည်ထား တဲ့အချဉ် ဆိုတော့ “ကုလားတည်” ကွာလို့ ဝမ်းသာအားရ တစ်ညီတစ်ညွတ်တည်း ကင်ပွန်း တပ်လိုက်ကြ လေရဲ့။
အဲ…….ဒေသခံတွေ နဲ့ အတူ ကုလားတွေကလည်း စားသောက်ကြတယ်လေ။ အဲလို စားရင်း ကုလားတွေက အစိမ်းရောင် အတောင့်လေးတွေ ကို ကိုက်ကိုက်စားပြီး “အိုး-မာတာ၊ အရေး မာတာ” (အမလေး၊အမေရေ) လို့အော်ကြတယ်။ အဲဒါကိုမြင်ပြီး ဘာလေးတွေလည်းပေါ့၊ အတောင့်လေးတွေ။ တစ်ယောက်က “အယ်…… မင်းတို့ကလဲ၊ ကုလားတွေစားပြီးအော်တဲ့ အသီးလေးတွေကို “ကုလား အော်သီး” လို့ခေါ်ကြမယ်တဲ့လေ။ အဲလိုနဲ့ ထမင်းစားပွဲလည်းပြီးရော ဒေသခံတွေက ကိုယ့်အိမ်ကိုမပြန်သေးဘဲ သူတို့အကျင့်အတိုင်း အစားအစာတွေကို အိမ်ကိုပါသယ်ဖို့ စောင့်နေကြတာပေါ့။ ထမင်းတွေဟင်းတွေ အများကြီး ချက်ဧည့်ခံရတဲ့ အတွက် ကုလားတွေဟာ ပင်ပန်းပြီး ခြေပစ်လက်ပစ် အိပ်သွားကြပါလေရော။ဒေသခံတွေဟာ ကုလားတွေ ခြေပစ်လက်ပစ် အိပ်တာမြင်ပြီး ခွက်ထိုးခွက်လန်ရယ်ကြရင်း “ကုလားတွေအိပ်တာ သေနေသလိုဘဲ” လို့ လှောင်ပြောင်ပြောဆို ကြတယ်လေ။ ပြီးတော့ “အဲလို အိပ်တာမျိုး ကို ကုလားသေ ကုလားမော” လို့ ပြောကြရ အောင်လို့ အချင်းချင်းလက်ကုပ် သဘောတူကြတယ်။
အဲဒီ သာကီဝင် ကုလားဘုရင်ကြီးမှာ သားတော်နှစ်ယောက် ရှိတယ်လေ။ ကုလားစကားနဲ့ ဘုရင့်သားတွေ ကို “ရာ့ခ်ျ ကုမာရ်” (ရာဇ ကုမာရ်) (မင်းသား) လို့ခေါ်တယ်။ ဘုရင်ကြီးကတော့ ချစ်စနိုးနဲ့ သူ့သားတွေကို “ရာဂျာ” (မင်းသား) လို့ ခေါ်လေ့ရှိတယ်။ တစ်နေ့ဘုရင့်သားအကြီးက ဘုရင့်အနားမှာထိုင်နေရင်း ရုတ်တရက် ထထွက်သွားတယ်။ ဘုရင်က သူ့သားကို “ကဟာန် ရာဂျာကြီး” (ဘယ်တုန်း မင်းသားကြီး) လို့ လှမ်းမေးတာ ပေါ့။ အဲဒါကိုကြားတဲ့ ဒေသခံတွေက မင်းသားအကြီးရဲ့နာမည်ဟာ “ကံရာဇာကြီး” ဘဲလို့ မှတ်ထင်လိုက် ကြတယ်။ (“ကဟာန် ရာဂျာကြီး” ကို သူတို့နားနဲ့ ကံရာဇာကြီး လို့ကြားကြတာကိုး)။ ဒီတော့ မင်းသားကြီးက “ကံရာဇာကြီး” ဆိုရင် မင်းသားငယ်က “ကံရာဇာငယ်”ပေါ့လို့ သူတို့ဟာသူတို့ ယူဆလိုက်ကြပြန်တယ်။
ဩ……ဪ…..ပြောဖို့တစ်ခု ကျန်သွားတယ်။ အဲဒီ ကုလားတွေက အိန္ဒိယ ကနေ မြန်မာပြည်ဘက် လာတော့ သူတို့ရဲ့ ပစ္စည်း ပစ္စယ တွေကို ကျောကုန်းမှာ ဘုကြီးတွေပါတဲ့ တိရိစ္ဆာန် တွေပေါ် အဝတ်တွေ နဲ့အုပ်ပြီး တင်လာကြတယ်လေ။ အဲဒီ တိရိစ္ဆာန်မျိုးကို မမြင်ဖူးတဲ့ ဒေသခံတွေက အလွန်အံ့အားသင့်ခဲ့ ကြတယ်။ ဘာတိရိစ္ဆာန်လဲပေါ့။ တစ်ယောက်က “အေးကွာ…….ထူးတော့ထူးဆန်းတယ်၊ တစ်ခါမှ မမြင်ဖူးဘူး၊ ဘယ်လိုတိရိစ္ဆာန် မှန်းမသိဘူး၊ အိုဘာပဲဖြစ်ဖြစ်ကွာ၊ ကုလားတွေအုပ်ပြီး ခေါ်လာတဲ့ တိရိစ္ဆာန်တွေဆိုတော့ ခပ်လွယ်လွယ် “ကုလားအုပ်” လို့ခေါ် ကြတာပေါ့” လို့ပြောလိုက်လေရဲ့။ ကဲ……. တင်ပြသူကလေး ငယ်ငယ် ဘဝ အတွေးသမိုင်းလေးထဲက အတော်များများ ကို ပြန်ပြောင်းအောက်မေ့ ပြောပြပြီးပါပြီ။ အရွယ်ရောက်လာ တော့လည်း သမိုင်းကျွမ်းကျင်သူ၊ မြန်မာစာကထိက အတော်များများကို ဒီအကြောင်းပြောဖူးသေးတယ်။ အဲဒီ အတွေး ပြောပြတာ ပါးစပ် အဟောင်းသားလေးနဲ့ နားထောင်ကြရှာတယ်လေ။ ပြီးတော့ ဝါးလုံးကွဲအောင် ရယ်ကြတယ်။ပြီးတော့ပြောကြတယ်ဗျ “ဖြစ်နိုင်တယ်ဗျ” တဲ့။
ရေးသူ – ဘကြီးတော် ကျာကျာကြီး

သတိပေးနေလို့
‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’
‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’
‘‘ ကျောင်းရှိသည်ဖြေးဖြေး’’တဲ့။
‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’
‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’
‘‘ ကျောင်းရှိသည်ဖြေးဖြေး’’တဲ့။
အံကျပဲ.....
" မင်းကအန်တီ့သမီးကို ကြိုက်လို့ဆို "
" ဟုတ်ပါတယ်ခင်ဗျာ "
" ပြောရမှာတော့အားနာပါရဲ့၊ အိမ်ထောင်တခုတည်ဆောက်တယ်ဆိုတာ
စိတ်ချမ်းသာဖို့လိုအပ်သလို လူချမ်းသာ ဖို့ကလဲအရေးကြီးတယ်ကွယ့်၊
၂မျိုးလုံးပြည့်စုံမှ အိမ်ထောင်ရေးဆိုတာ သာယာမှာ "
" အန်တီတို့ဘက်က လူချမ်းသာပြီးသားဆိုတော့ ကျွန်တော့ဘက်က
စိတ်ချမ်းသာဖို့တာဝန်ယူပါ့မယ်ခင်ဗျာ...
မမူးဘူးဆို
အလုပ်ရှင်။ ။ မင်းဘာလို့ မနက်အစောကြီးအရက်သောက်လာရတာလဲ
အလုပ်သမား။ ။ မနေ့ ညကသောက်တာပါဆရာ။ ကျွန်တော်အလုပ်လာခါနီးသောက်လာတာမဟုတ်ပါဘူး
အလုပ်ရှင်။ ။ ဘာပဲပြောပြော ခုကို မူးနေတာမဟုတ်လား
အလုပ်သမား။ ။ မူးပေမယ့်သတိရှိပါတယ်ဆရာ
အလုပ်ရှင်။ ။ သတိရှိတယ်ဆိုရင် ဘာလို့ လာရတာလဲကွ။ ဒီနေ့ အလုပ်ပိတ်ရက်ဆိုတာသိရမှာ

မကောင်းတာက
အရက်စွဲစွဲ မြဲမြဲသောက်နေတဲ့ လူနာကို ဆရာဝန်က.....
"ခင်ဗျား အရက်သောက်လာတာ ဘယ်လောက်ကြာပြီလဲ"
"နှစ်သုံးဆယ်"
"နှစ်သုံးဆယ်အတွေ့ အကြုံထဲကနေ အရက်ရဲ့ မကောင်းပုံလေး တစ်ခု လောက်
ပြောပြပါလား။စွဲစွဲမြဲမြဲ သောက်နေတဲ့ လူတစ်ယောက်ပြောပြတဲ့ အရက်ရဲ
့မကောင်းတဲ့ အကြောင်းကိုသိချင်လို့ "
အရက်သမားက တော်တော်ကြာကြာစဉ်းစားလိုက်ပြီး
"၀ယ်သောက်ရတာ"

သားလိမ္မာ
A ၊ ကျနော်.မှာ အရမ်းကိုလိမ္မာတဲ.သားတစ်ယောက်ရှိတယ်
B ၊ ခင်ဗျားသား ဆေးလိပ်သောက်လား
A ၊ မသောက်ဖူးဗျ
B ၊ ယမကာတွေရောသောက်တတ်လား
A ၊ နိုး
B ၊ ညဥ့်နက် သန်းခေါင်မှ အမြဲအိမ်ပြန်လာလေ့ရှိလား
A ၊ မရှိဖူးဗျ
B ၊ ခင်ဗျား ကံကောင်းတာပေါ.။ ဒီအတိုင်းဆိုရင် ခင်ဗျားမှာတကယ့်ကို
လိမ္မာတဲ့သားတစ်ယောက်ရှိနေပြီလို. ဆိုနိုင်ပါတယ်၊ နေပါဦး၊ သူ.အသက်
ဘယ်လောက်ရှိပြီလဲဗျ။
A ၊ လာမယ့် ဗုဒ္ဓဟူးနေ.ဆို ဒီကောင့်အသက် ခြောက်လတင်းတင်းပြည့်ပြီ
ဂရုစိုက်ခြင်း
ရုပ်ရှင်ရုံထဲတွင် အမျိုးသား နှင့် အမျိုးသမီး ထိုင်နေကြသည် ။အမျိုးသားက
နားနားကပ်၍ တိုးတိုးလေး မေးလိုက်တယ်
"ခင် ၊ ကောင်းကောင်း မြင်ရရဲ့ လားဟင်"
"ကောင်းကောင်းကော ကြားရရဲ့ လားကွယ်"
"ကောင်းကောင်းကြားရပါတယ် မောင်ရဲ့ "
"ထိုင်ရတာ သက်တောင့်သက်သာ ရှိရဲ့ လား ခင်"
"သက်တောင့် သက်သာလည်း ရှိပါတယ် မောင်"
"အဲဒါဆိုလာ နေရာချင်း လဲထိုင်ကြရအောင်နော်"

မိန်းမများနှင့်တူသော အားကစား
အသက် 15 & 20 ကြား ဘောလုံး (22 ယောက် ၀ိုင်းလုသည်)
အသက် 20 & 25 ကြား ဘတ်စကတ်ဘော (12 ယောက်ဝိုင်းလုသည်)
အသက် 25 & 30 ကြား စားပွဲတင် တင်းနစ် (2 ယောက်သာကျန်သည် ဟိုဖက်ပုတ်ထုတ်
ဒီဖက်ပုတ်ထုတ်)
အသက် 30 & over ဂေါက်သီး (ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြ သည်)
အသက် 20 & 25 ကြား ဘတ်စကတ်ဘော (12 ယောက်ဝိုင်းလုသည်)
အသက် 25 & 30 ကြား စားပွဲတင် တင်းနစ် (2 ယောက်သာကျန်သည် ဟိုဖက်ပုတ်ထုတ်
ဒီဖက်ပုတ်ထုတ်)
အသက် 30 & over ဂေါက်သီး (ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြ သည်)
အကြွေး
အမျိုးသမီးတစ်ဦးသည် ရေချိုးခန်းမှအထွက် လူခေါ်
ခေါင်းလောင်းသံမြည်လာသည်။ ယောင်္ကျားဖြစ်သူက ရေချိုးခန်းဝင်
တော့မည်ဖြစ်သဖြင့် သူ့မိန်းမအား တံခါးဝမှ ခေါင်းလောင်းတီးသူကို
သွားတွေ့ရန်ပြောလိုက်သည်။ အမျိုးသမီးလည်း မျက်နှာသုတ်ပ၀ါပတ်ပြီး
အောက်ထပ်သို့ပြေးဆင်းသွားလေသည်။သူမတံခါးဖွင့်လိုက်သည့်အခါ အိမ်နီချင်း
ကိုမောင်မောင် ကိုတွေ့ ...
လိုက်ရသည်။သူမက ဘာမှ မပြောရသေးခင်မှာပင် ကိုမောင်မောင် က ...
မင်းရဲ့မျက်နှာသုတ်ပ၀ါကို ချွတ်ချလိုက်ရင် ငါမင်းကိုဒေါ်လာ ၅၀၀ ပေးမယ် ...
ဟုပြောလိုက်လေသည်။အမျိုးသမီးလည်း ခဏလောက်စဉ်းစားပြီးမှ မျက်နှာသုတ်ပ၀ါကို
ချွတ်ချလိုက် ...
သည်။ ကိုမောင်မောင်က စက္ကန့်အနည်းငယ်လောက်ကြည့်ရှု့ကာ အမျိုးသမီးကို ဒေါ်လာ
၅၀၀ ပေး၍ထွက်သွားလေသည်။
... ဒေါ်လာ ၅၀၀ ရလိုက်သဖြင့် စိတ်လှုပ်ရှားနေသော အမျိုးသမီးသည်
အပေါ်ထပ်သို့ပြေးတက်လာသည် ။ ဘယ်သူလဲဟေ့
ဟု ... ယောင်္ကျားက ရေချိုးခန်းထဲမှနေ၍ အော်မေးလိုက်သည်။ အော် ... ဟိုဘက်က
အိမ်က..ကိုမောင်မောင် ကြီးပါ ... ဟု ...
အမျိုးသမီးက ပြန်ဖြေသည်။
... ကောင်းတာပေါ့ ... သူ့ ငါ့ကို ဒေါ်လာ ၅၀၀ ပေးရမယ့် ကိစ္စ
ဘာပြောသွားသေးလဲကွ ... ဟု ... သူမ ယောင်္ကျားကမေး
လိုက်သည်။
ကိစ္စမရှိဘူး
အဖိုးကြီးကို သူ့သူငယ်ချင်းက ပြောပါတယ်။
“ခင်ဗျားမိန်းမ ကားဒရိုင်ဘာနဲ့ လိုက်ပြေးသွားတယ် လို့ ကြားလိုက်ရတယ်။
စိတ်မကောင်းပါဘူးဗျာ။”
အဖိုးကြီးက ပြန်ပြောပါတယ်။
“ကိစ္စမရှိပါဘူး။ ကျွန်တော် ကားမောင်းနိုင်ပါသေးတယ်။”
ဘာလုပ်စားမှာလဲ
ဆရာ။ ။ “မင်းလုပ်သမျှ အကုန်အမှားချည်းပဲ။ ဒီပုံအတိုင်းသာဆိုရင်
ကျောင်းပြီးရင် မင်းဘာလုပ်စားမှာလဲ။”
တပည့်။ ။ “စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် မိုးလေဝသ သတင်း ကြေငြာတဲ့သူ လုပ်မှာပါ။”
ဆရာ။ ။ “မင်းလုပ်သမျှ အကုန်အမှားချည်းပဲ။ ဒီပုံအတိုင်းသာဆိုရင်
ကျောင်းပြီးရင် မင်းဘာလုပ်စားမှာလဲ။”
တပည့်။ ။ “စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် မိုးလေဝသ သတင်း ကြေငြာတဲ့သူ လုပ်မှာပါ။”
သည်းခံတတ်သောမိန်းမ
ဖိုးသိန်း “မိန်းမ၊ မင်းနဲ့ငါပေါင်းလာတာ အနှစ်၂၀ ကျော်နေပြီ၊ စညားကတည်းက
ငါမင်းကို မူးလာတိုင်း ရိုက်နှက်
နေတာကို မင်းဘာလို့ အခု အချိန်ထိ သည်းခံပြီးပေါင်းနေနိုင်တာလဲ”
ကျင်စိန် “အော်၊ ရှင်လည်းစိတ်တွေကို လျှော့နေပြီဆိုတော့ ပြောပြရတာပေါ့၊
ဒီလိုရှင့်၊ ရှင်ကျမကို ရိုက်နှက်ပြီး
ရှင် အိပ်သွားပြီဆိုရင် ကျွန်မ အိမ်သာတစ်ခုလုံး ကြွေခွက်ပါမကျန်
တိုက်ချွတ်ဆေးကြောပြစ်လိုက်တာ
ပဲ”
ဖိုးသိန်း “အဲဒီလိုလုပ်တာနဲ့ မင်းကစိတ်ပြေသွားရေလား”
ကျင်စိန် “ပြေတာပေါ့ရှင့်၊ ကျွန်မအိမ်သာတိုက်တာ ရှင့်သွားပွတ်တံနဲ့လေ”

ပျော်ရွှင်ရယ်မောနိုင်ကြပါစေ
အထင်နဲ့အမြင်
" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊
ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "
သိပြီးသားနော်
အမျိုးသမီးတစ်ယောက် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်
စဉ် ဆိုင်ရှေ့ရှိ ကြက်တူရွေးတစ်ကောင်က"ဟ… တော်တော်ရုပ်ဆိုးတဲ့ မိန်းမပါလား"
ဟု လှမ်းအော်သည်။အမျိုးသမီးက စိတ်တိုသွားပြီး ဆိုင်ရှေ့မှ ခပ်သွက်သွက် လျှောက်
သွားသည်။ အိမ်အပြန်တွင် ထိုဆိုင်ရှေ့မှ ဖြတ်လျှောက်ရပြန်ရာ ကြက်တူရွေးက ထပ်မံ
၍ "အလိုဗျာ… တော်တော်အရုပ်ဆိုးတဲ့ မိန်းမပဲ" ဟု အော်ပြန်သည်။
နောက်တစ်နေ့တွင်လည်း ဆိုင်ရှေ့မှအဖြတ် ကြက်တူရွေးက ထပ်အော်ရာ အမျိုးသမီးက
စတိုးဆိုင်ပိုင်ရှင်အား ၎င်း၏ကြက်တူရွေး ရိုင်းစိုင်းပုံကို ပြောပြ၍ နောင်တစ်ကြိမ် ထပ်မံပြော
ဆိုပါက ဆိုင်ရှင်ကို တရားစွဲ၍ ကြက်တူရွေးကိုလည်း သတ်ပစ်မည်ဟုပြောရာ ဆိုင်ရှင်က
နောက်မဖြစ်စေရပါဟု တောင်းပန်သည်။နောက်တစ်နေ့ နံနက်တွင် ထိုဆိုင်ရှေ့မှ ဖြတ်သော
အခါ - ကြက်တူရွေး - ဟေး…. ဟိုအစ်မကြီး။
အမျိုးသမီး - ဘာလဲ။
ကြက်တူရွေး - ဟဲ… ဟဲ… ကျုပ် ဘာပြောမယ်ဆိုတာ ခင်ဗျား သိပြီးသားပါ။
သမက်ရဲ့ မေတ္တာ
မိန်းမကယောကျာင်္းကိုမေးသည်။
" မောင်ရေ မောင်ဝယ်လာတဲ့ အသက်၁၀၀ ပြည့်အောင်နေနည်း စာအုပ်ကို
ကျမဘယ်လိုမှရှာမတွေ့ပါလား။ဘယ်မှာထားသလဲဟင်"
"ငါ လွှင့်ပစ်လိုက်တယ်"
"ဘာဖြစ်လို့လဲ"
"မင်း အမေ ဖတ်နေတာတွေ့လို့ဟေ့"
" မောင်ရေ မောင်ဝယ်လာတဲ့ အသက်၁၀၀ ပြည့်အောင်နေနည်း စာအုပ်ကို
ကျမဘယ်လိုမှရှာမတွေ့ပါလား။ဘယ်မှာထားသလဲဟင်"
"ငါ လွှင့်ပစ်လိုက်တယ်"
"ဘာဖြစ်လို့လဲ"
"မင်း အမေ ဖတ်နေတာတွေ့လို့ဟေ့"
ဒီအတိုင်းပဲနေ
ဖခင်ဖြစ်သူက သားလူပျိုကြီးကို “ ငါ့သားလဲ ငယ်တော့တာမဟုတ်ဘူး... အိမ်ထောင်ပြုတော့
“ အဲ့ဒီလို မိန်းမမျိုးတွေ့မှယူမယ်ဆိုရင် မင်းတောင် လူဖြစ်လာမှာမဟုတ်ဘူး ...”
ဟုတ်ရဲ့လားသားရယ် မနေ့တုန်းကအဖေနဲ့စကားပြောတာအကောင်းကြီးပါသားရယ်.....
တစ်ကယ်ပြောတာအဖေရယ်....အဖေစဉ်းစားကြည့်လေ....ဟိုတစ်နေ့တုန်းကကြတော့....
( ၁+၅=၆)တဲ့ နောက်တစ်နေ့ကြတော့(၃+၃=၆)တဲ့ မနေ့တုန်းကကြတော့(၂+၄=၆)တဲ့အဖေရယ်...။
(၃)ရက်ကိုစကားသုံးခွန်းပြောတာ ရူးနေလို့ပေါ့အဖေရေတဲ့.....
ဆရာမအရူးပျောက်မှ သားကျောင်းသွားတက်တော့မယ်အဖေရေ....
Chemistry ဆရာမက အရက် ၏ဆိုးကျိုးများကို လက်တွေ့ ပြသပီးဆုံးမရန် အကြံရသည်။
" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
ဆက်သွယ်လိုလျှင်
‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။
‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’
လေကွာ..” သားလူပျိုကြီးက ..“ အသက်ငယ်ပြီး ချောမောလှပ ပညာတတ်အကျင့် စာရိတ္တ
ကောင်း၊ အဲ့ဒီလို မိန်းမဆိုရင်တော့ ယူချင်တာပေါ့ ... ”ဖခင်က မဲ့ကာ ရွဲ့ကာဖြင့်...
“ အဲ့ဒီလို မိန်းမမျိုးတွေ့မှယူမယ်ဆိုရင် မင်းတောင် လူဖြစ်လာမှာမဟုတ်ဘူး ...”
အဖေနဲ့သား
အဖေကသားကို...သားဒီနေ့ကျောင်းမသွားဘူးလားလို့မေးတော့....
ဟာ...မသွားချင်ပါဘူးအဖေရယ် သားတို့ဆရာမကရူးနေတယ်အဖေ...။ဟုတ်ရဲ့လားသားရယ် မနေ့တုန်းကအဖေနဲ့စကားပြောတာအကောင်းကြီးပါသားရယ်.....
တစ်ကယ်ပြောတာအဖေရယ်....အဖေစဉ်းစားကြည့်လေ....ဟိုတစ်နေ့တုန်းကကြတော့....
( ၁+၅=၆)တဲ့ နောက်တစ်နေ့ကြတော့(၃+၃=၆)တဲ့ မနေ့တုန်းကကြတော့(၂+၄=၆)တဲ့အဖေရယ်...။
(၃)ရက်ကိုစကားသုံးခွန်းပြောတာ ရူးနေလို့ပေါ့အဖေရေတဲ့.....
ဆရာမအရူးပျောက်မှ သားကျောင်းသွားတက်တော့မယ်အဖေရေ....
အရက် ၏ဆိုးကျိုး
Chemistry ဆရာမက အရက် ၏ဆိုးကျိုးများကို လက်တွေ့ ပြသပီးဆုံးမရန် အကြံရသည်။
ထို့ကြောင့် ဆရာမက ရေ တစ်တစ်ခွက် ဝီစကီ ခွက် ကို အတန်းရှေ့တွင် ချထားလိုက်သည်။
ထို့နောက် ဆရာမက ပိုးကောင် ၂ ကောင် ကိုယူလာပီး တစ်ကောင်ကိုရေထဲထဲ့လိုက်သည်။
ပိုးကောင်လေးက ရေထဲတွင် ပျော်ရွှင်စွာကူးခတ်နေသည် ။
ဆရာမကနောက်ပိုးကောင် လေးကို ဝီစကီခွက်ထဲ ထဲ့လိုက်သည်။
ပိုးကောင်လေး ချက်ချင်းသေသွားသည်။ ထို့နောက်ဆရာမက ကျောင်းသားများကိုကြည့်ပီး..
“ကဲ.. ကလေးတို့ ဒါကိုကြည့်ခြင်းအားဖြင့် ဘာသင်ခန်းစာ ရသလဲ “
နောက်ဆုံးတန်းတွင်ထိုင်နေသော ကျောင်းသားတစ်ယောက်က ဝမ်:သာအားရထဖြေသည်။
“ဝီစကီကိုသောက်သုံးခြင်းဖြင့် ကျွန်တော်တို့ခန္ဓာ ကိုယ်ထဲကို ပိုးမွှား တွေ
မဝင်အောင် ကာကွယ်နိုင်ပါတယ် ဆရာမ..”
သိချင်လို့
" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ "
လိုချင်ရင်ပြောပါ
" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား "
ဆက်သွယ်လိုလျှင်
‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။
အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’
‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’
စီအေတီ
‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’
‘‘ မသိဘူးခင်ဗျ။’’
‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’
‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။’’
အမေးနှင့် အမေး
‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’
‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’
memory stick ကောင်းမကောင်းစမ်းဖို.ရာအတွက်ဆော့ဝဲလေးပါ (အိုင်တီမန်းရဲ.ဒိုင်ယာရီဘလော့ကနေ ကူးချပါသည်)
စာဖတ်သူဆီမှာရှိတဲ့ Memory Stick ကောင်းမကောင်း စမ်းသပ်ချင်ရင်တော့ Check Flash ဆိုတဲ့ ဆော့ဖ်ဝဲလေးတစ်ခု ရှိပါတယ်။ install လုပ်စရာမလိုပါဘူး။ သူ့ကိုဖွင့်ပြီး Start ကို နှိပ်လိုက်ရုံပါပဲ။ တကယ်လို့များ Memory မှာ error ရှိခဲ့မယ်ဆိုရင် အနီရောင်အတုံးလေးတွေ ပေါ်လာမှာပါ။ ဒါ့အပြင် ဒီဆော့ဖ်ဝဲကို read speed နဲ့ write speed ကို တိုင်းတာဖို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။
(-www.mediafire.com)

ဟားဗတ်ကျောင်းသားတစ်စုအတွက် စခဲ့သော လူမှုရေးကွန်ရက်အဖြစ်မှ ကမ္ဘာပေါ်ရှိအင်တာနက်သုံးစွဲသူ အမြောက်အမြားသုံးစွဲသည့် လူမှုရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်လာခဲ့သော ဖေ့စ်ဘွတ်ခ်သည် ယခုအခါ အသုံးပြုသူသန်းတစ်ထောင် ပြည့်ခဲ့ပြီဖြစ်ကြောင်း တည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ်ျက သူ၏ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
"ဖေ့စ်ဘွတ်ခ်ကို လစဉ်ပုံမှန်သုံးစွဲနေသူအရေအတွက်ဟာ ဒီမနက်မှာတော့ သန်းတစ်ထောင်ကျော်ခဲ့ပါပြီ။ ခင်ဗျားတို့ ဒါကိုဖတ်ဖြစ်တယ်ဆိုရင် ကျွန်တော်နဲ့ကျွန်တော့်ရဲ့ အဖွဲ့ငယ်လေးက ခင်ဗျားတို့အတွက် ဂုဏ်ယူစွာနဲ့ဝန်ဆောင်မှုပေးခွင့်ရတာအတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ လူသန်းတစ်ထောင်ကျော်လောက် ချိတ်ဆက်နိုင်ဖို့ကူညီရတာဟာ အံ့အားသင့်စရာကောင်းသလို ကျွန်တော့်ဘ၀အတွက် ဂုဏ်အယူရဆုံးကိစ္စလည်းဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ ခင်ဗျားတို့အတွက် ပိုကောင်းလာအောင် နေ့စဉ်နဲ့အမျှ ဆောင်ရွက်သွားမယ်လို့လည်း ကတိပေးပါတယ်။ တစ်နေ့မှာ တစ်ကမ္ဘာလုံးအတူတကွချိတ်ဆက်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဇက်ကာဘာ့ဂ်ျက သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။
ဇက်ကာဘာ့ဂ်ျသည် ဟားဗတ်တက္ကသိုလ်တက်ရောက်စဉ် ၂၀၀၃ ခုနှစ်တွင် ဖေ့စ်ဘွတ်ခ်၏အခြေခံဖြစ်လာမည့် Facemash ကိုစတင်ဖန်တီးခဲ့သည်။
သုံးစွဲသူ တစ်ဘီလျံပြည့်ခြင်းသည် ဖေ့စ်ဘွတ်ခ်အတွက် ထင်ရှားသည့်သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာခဲ့သော်လည်း အများပြည်သူသို့ရှယ်ယာစတင်ရောင်းချပြီးနောက်ပိုင်း ရှယ်ယာဈေး တစ်ဟုန်ထိုးကျဆင်းနေမှုကို ကိုင်တွယ်ရေးမှာ စိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေသည်။ မေလကစတင်ပြီး အများပြည်သူသို့ ရှယ်ယာစရောင်းစဉ်က ရှယ်ယာတစ်ခုလျှင် ၃၈ ဒေါ်လာသတ်မှတ်ခဲ့သော ဖေ့စ်ဘွတ်ခ်ရှယ်ယာများသည် ၂၁ ဒေါ်လာဝန်းကျင်အထိ ကျဆင်းသွားခဲ့သည်။ အဓိကမှာ ငွေကြေးအရ အကျိုးအမြတ်ရှာဖွေမှုတွင် ခိုင်မာသော လမ်းကြောင်းရှိမနေခြင်းနှင့် စတော့ဈေးကွက်တွင်းဝင်စဉ်က ရှယ်ယာတန်ဖိုးကို ရှိသင့်သည်ထက် ပိုသတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ဈေးကွက်ကျွမ်းကျင်သူတို့က သုံးသပ်ကြသည်။
Ref: Daily Mail