ဖေ့ဘွတ်ကို Gif ပုံတွေတင်တာ နည်းလမ်းများစွာ ရှိမှာပါ။ ကျွန်တော်သိတဲ့ နည်းလမ်းလေးကို ပြောပြမှာဖြစ်ပါတယ်။

အောက်ကပုံက Login ကို နှိပ်ပြီးသွားရင် တွေ့ ရမဲ့ပုံပါ။မိမိဖေ့ဘွတ်မှာ
အသုံးပြုသော အီးမေးလ် နှင့် ပက်စ်ဝက် ကို ရိုက်ထည့်ပြီး Log In ဝင်လိုက်ပါ။

UPLOAD ANIMATED GIF ဟူသော စာသား(Buttom) လေးကို ကလစ်ပြီး မိမိကွန်ပျူတာထဲရှိ Gif ပုံကိုရွေးပြီး Upload တင်ပေးပါ။

ကွန်ပျူတာ ထဲမှာရှိတဲ့ Gif ဖောမတ်နဲ့  လှုပ်ရှားနေတဲ့ ပုံလေးကို ရွေးပြီး Open ကို နှိပ်ပါ။

DOWNLOAD AND CONVERT...ဟူပြီး ပုံကို Upload လုပ်နေပါလိမ့်မည်။

Upload တင်တာပြီးသွားရင် မိမိ Upload တင်တဲ့ ပုံလေး ပေါ်လာပါလိမ့်မည်။ အပေါ်ရှိ PUBLISH TO FACEBOOK ကိုနှိပ်လိုက်ပါ။

Loading....ခဏလုပ်နေပါလိမ့်မည်။

Poste an deine Pinnwand ဟူပြီး Box တစ်ခုကျလာပါလိမ့်မည်။ အောက်ခြေရှိ Tellen ကို နှိပ်လိုက်ပါ။

Tellen ကို နှိပ်လိုက်ရင်တော့ မိမိ ဖေ့ဘွတ် Timeline ပေါ်မှာ gif ဖောမတ်နဲ့  လှုပ်နေတဲ့ပုံလေးကို Share လုပ်ပြီးပါပြီ။ Play Buttom လေးကို နှိပ်ပြီး Gif ဖောမတ်နဲ့  ပုံလေးကို ကြည့်နိုင်ပါပြီ။ ဒါဆိုရင်တော့ ဖေ့ဘွတ်စာမျက်နှာပေါ်ကို Gif ဖောမတ်နဲ့ ပုံလေးကို အောင်မြင်စွာ Upload တင်ပြီးပါပြီ။

အဆင်ပြေကြပါစေ။
ဘာသာပေါင်းစုံ သာသနိက အဆောက်အအုံများမှာ သာသနာရေး ဝန်ကြီးဌာန မပေါ်ခင် ကတည်းက ရှိနေတာဖြစ်ကြောင်း၊ မီဒီယာများ မှားယွင်းဖော်ပြမှု ပြန်လည်ဖြေရှင်းမည်ဟု တိုင်းသာသနာရေးမှူး ဦးအောင်ကြည်ပြောကြား၊
Tag :
သတင်များ
ဧပြီ ၆- ၂၀၁၃
M-Media
သတင်း-ထွန်းတောက်
(၆-၄-၂၀၁၃)ရက်နေ့ညနေ(၃)နာရီတွင် သာသနာရေးဝန်ကြီးဌာန(ကမ္ဘာအေး)တွင် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများအား ဖိတ်ကြား တွေ့ဆုံကာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးအောင်ကြည်၏ မီဒီယာများနှင့်တွေ့ဆုံရာတွင် ဖော်ပြခဲ့သော အကြောင်းအရာ အတွက် အစ္စလာမ်ဘာသာဝင်များ စိတ်မချမ်းမြေ့ဖြစ်ရမှု အတွက် ၀မ်းနည်းရပါကြောင်း ပြောကြားခဲ့ ပါသည်။
တိုင်းဒေသကြီး သာသနာရေးမှူး ဦးအောင်ကြည်ကလည်း ဗလီဝတ်ကျောင်းတော်များ တရားမ၀င်ဟု ၄င်းအနေဖြင့် ပြောကြားခဲ့ခြင်း မဟုတ်ကြောင်း၊ ဗလီဝတ်ကျောင်းတော်များအပါအ၀င် ဘာသာပေါင်းစုံ၏ သာသနိက အဆောက်အအုံများသည် သာသနာရေး ၀န်ကြီးဌာန မပေါ်ပေါက်မီကပင် တည်ရှိခဲ့ပြီးဖြစ်ကြောင်း၊ သာသနာရေးဦးစီးဌာနသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဌာန်းချက်နှင့် အညီ ဘာသာအသီးသီး၏ သာသနာ့ အဆောက်အအုံများကို တတ်စွမ်းသမျှ ကူညီ ဆောင်ရွက်လျှက် ရှိကြောင်း၊ မီဒီယာများတွင် ဖော်ပြချက်ကြောင့် အစ္စလာမ် ဘာသာဝင်များ စိတ်မချမ်းမြေ့ဖြစ်ရသည့် အတွက် ၀မ်းနည်းပါကြောင်း၊ မီဒီယာများမှ တစ်ဆင့်ပြန်လည် ရှင်းလင်းတင်ပြပေးမည် ဖြစ်ကြောင်းပြော ကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က “ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားဝင်ဗလီဆိုပြီး ဆောက်ခွင့်ပေးတာ မရှိပါဘူး။ အစဉ်အလာအရ တည်ဆောက်ပြီး ၀တ်ပြုတယ်။ သူတို့တွေ အစဉ်အလာအရ ဗလီတည်ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်တာပါ။ ဗလီတွေကို သူတို့ဘာသူတို့ ဆောက်တယ်။ အဲဒီဗလီမှာ သူတို့ဘာသူတို့ စာသင်ကြတာပါ။ တရားဝင်ဗလီဆိုပြီး မရှိပါဘူး” ဆိုသော သတင်းကို ဧပြီလ ၃ ၇က်နေ့တွင် Eleven မီဒီယာမှ ဖော်ပြခဲ့ပြီး ယခု အချိန်ထိအဆိုပါ သတင်းနှင့်ပတ်သက်ပြီ တစုံတရာ မှားယွင်းကြောင်း ပြင်ဆင်တောင်းပန်ချက် ထုတ်ပြန်ခြင်းမပြုလုပ်သေးကြောင်းတွေ့ရှိရပါသည်။
Eleven မှ ဖော်ပြခဲ့သည့် သတင်းဖတ်လိုလျှင်

သေမင်းနဲ့ ကစားတယ်ဆိုလို့ စိန်ပြေးတန်းတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ အမြင့်ဆုံး တိုက်တာ အအောက်အအုံ၊ မျော်စင်တွေပေါ်ကနေ ဘာပစ္စည်း မှ မပါပဲ ကုတ်တက် ဓာတ်ပုံရိုက်ခြင်း ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကလည်း အခြားမဟုတ်ပါဘူး။ ဓာတ်ပုံရိုက်ဖို့ပါပဲ။ ဒီခေတ် မှာ လူတိုင်းက ဓာတ်ပုံ ဒေါင့်စုံရိုက်နိုင်နေပြီ။ Reality , Hearth Shock ဖြစ်စေမယ့် ပုံမျိုးကျတော့ ခပ်ရှားရှားမို့ ယူကရိန်းနိုင်ငံသား လူငယ်လေး Mustang Wanted က စတန့်ထွင်လိုက်ခြင်း ဖြစ်ပါတယ်။
ကမ္ဘာပတ်ပြီး ပေပေါင်း ထောင်သောင်းမက မြင့်တဲ့ အဆောက် အအုံတွေကနေ တွဲလောင်းနေပါတယ်။ ခါးမှာ ဘာမှမပတ်ပါဘူး။ သက်ကယ်ကြိုးမပါပါဘူး။ လက်ကလေးသာ လွတ်ရင် သေဖို့ သေချာတဲ့ အနေအထား ဖြစ်ပါတယ်။ သို့ပေမယ့် လက်တစ်ချောင်းနဲ့ တွဲလောင်း ရိုက်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုလေးသာ အင်တာနက်မှာ တင်လိုက်ရမှ ကျေနပ် တယ်ဆိုတော့ ဘယ်သူမှ မတားနိုင်တော့ပါဘူး။ တားတဲ့ကြားကလည်း မရရအောင် ရိုက်တဲ့သူ ဖြစ်ပါတယ်။
ကမ္ဘာ့လုံခြုံရေး အဆင့်အမြင့်ဆုံး USB Drive
myIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့စံချိန်တင်ပါတယ်။
အသံနဲ့ မှတ်သားပြီးတော့ ယင်းအသံကြားမှာ USB က သုံးလို့ရတာမျိုး၊ Lock ပွင့်သွားတာမျိုးတို့ ဖြစ်ပါတယ်။ အသံနဲ့မဟုတ်လည်း လက်ဗွေရာနဲ့ မှတ်သားနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရမက ခိုးလို့ အချက်အလက်ဖောက်ဖို့ ကြိုးစားရင် အတွင်းက အချက်အလက်တွေ ကို အလိုအလျောက်ဖျက်ဆီး သွားအောင် Option လည်းပေးထားလို့ ရပါတယ်။
Bluetooth Device အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ သူ့ Bluetooth ကလည်း Secure ဖြစ်ပြီး တစ်ယောက်ယောက်က Access လုပ်ဖို့ ကြိုးစားရင် Alarm မြည်မှာ ဖြစ်ပါတယ်။ LED မျက်နှာပြင်လည်း ပါရှိပါတယ်။
ဒါကြောင့် myIDkey ကို ကမ္ဘာ့အလုံခြုံဆုံး USB နဲ့ Bluetooth Device အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
Aung Kham (Stuff Myanmar)

မကြာသေးခင်တုန်းက မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအခြေခံ
အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာပါ
ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာက မြန်မာနိုင်ငံသား ၈ ဦး သေဆုံးသွားပါတယ်။
လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းက ခိုက်ရန်ဖြစ်ပွားမှုအတွင်း
လူသေဆုံး တဲ့အထိ ဖြစ်ခဲ့ရတဲ့အတွက်လည်း မြန်မာအစိုးရက အဖြစ်မှန် ကို
ဖော်ထုတ်ပြီး အရေးယူဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆိုခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံက သွေး ထွက်သံယို အဖြစ်အပျက်နဲ့ ပတ်သက်လို့ နောက်ဆုံး
အခြေအနေတွေကု့တော့ ကိုအောင်လွင်ဦးက စုံစမ်းထားသမျှ ပြောပြပေး မှာ
ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးခင်လတွေအတွင်း လူသေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ အငြင်းအခုန်ဖြစ် ရာက စတင်လိုက်တဲ့ အင်ဒိုနီးရှား ထိန်းသိမ်းရေး စခန်းတခုထဲက ရန်ပွဲ အတွင်း မြန်မာနိုင်ငံသား ၈ ယောက်အထိ သေဆုံး သွားတဲ့အတွက် အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့ မြန်မာအစိုးရက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား အာဏာပိုင်တွေကတော့ မြန်မာနိုင်ငံက တရားမ၀င် ရောက်လာတဲ့ ငါးဖမ်းသင်္ဘောသားတွေအဖြစ် ဖမ်းဆီးထားသူ ဗုဒ္ဓဘာသာဝင်တွေနဲ့ လှေစီး ထွက်ပြေးလာသူ ရိုဟင်ဂျာ မူဆလင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုမှာ ဓားလို သေစေလောက်တဲ့ လက်နက်တွေကို အသုံးပြုခဲ့တာတွေ တွေ့ရှိရတဲ့ အကြောင်း အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေကို ကိုးကား ပြောဆိုခဲ့ကြတာပါ။
ဒီအတွက်လည်း အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမြောက်ပိုင်း မီဒန်ဒေသက လူဝင်မှုကြီးကြပ်ရေး ထိန်းသိန်းရေး စခန်းက လုံခြုံရေး အာဏာပိုင်တွေ ရဲ့စောင့်ကြပ်မှုအခြေအနေ အပါအ၀င် အဖြစ်အပျက်နဲ့ ပတ်သက်သမျှ စုံစမ်းဖော်ထုတ် အရေးယူဖို့နဲ့ မြန်မာနိုင်ငံ သားတွေ ဘေးကင်းလုံခြုံရေး တာဝန်ယူပေးဖို့ စတာတွေအတွက် အင်ဒိုနီးရှား အစိုးရကို တိုက်တွန်းဖို့ ဂျကာတာ မြို့တော်မှာရှိတဲ့ မြန်မာသံရုံးက ဆက်သွယ် ဆောင်ရွက်နေတဲ့ အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ပြောပါတယ်။
“စစ်စစ်မှန်မှန်ပေါ့နော် အဲဒါကို ဖော်ထုတ်ဖို့။ ပြီးရင် အဲဒီမှာ ပြစ်မှုရှိတယ် ဆိုရင်လည်း အင်ဒိုနီးရှားနိုင်ငံမှာ ဥပဒေရှိတယ်။ ဥပဒေနဲ့ အညီပေါ့နော်၊ အရေးယူတာတွေ လုပ်ပေးဖို့။ နောက်တချက်က ကျနော်တို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ လုံခြုံရေးအရ ကြည့်ရှုဆောင်ရွက်ပေးဖို့ အလေးထားပေးပါ။ အဲဒါတွေပါပဲ။”
ဗုဒ္ဓဘာသာဝင် ၁၁ ယောက်နဲ့ မူဆလင် ၁၀၀ ကျော်နေတဲ့ အဆောင်မှာ နောက် ထပ် အများအပြားလည်း ဒဏ်ရာတွေ ရခဲ့တဲ့အထိ ဖြစ်ပွား ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရန်ပွဲမှာ ပါဝင်သူတွေ သာမက စခန်းမှာ တာဝန်ကျနေတဲ့ ၀န်ထမ်းတွေ လုံခြုံရေး တာဝန်ယူထားသူတွေကိုပါ စစ်ဆေးမေးမြန်းနေတယ် လို့လည်း ဒေသခံရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ Endro Kiswanto ကပြောပါတယ်။
“ကျနော်တို့ စစ်ဆေးမေးမြန်းနေတုန်းပါ။ ရုန်းရင်းဆန်ခတ်ဖြစ်တာဟာ ကြိုတင် စီစဉ်တိုက်ခိုက်မှုလား၊ သာမာန်ဖြစ်ရိုးဖြစ်စဉ်လား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။”
လူအများအပြား ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်အတွက် အင်ဒိုနီးရှားရဲ့ လူဝင်မှုကြီးကြပ်ရေး အကျဉ်းစခန်းတွေက အားနည်းချက်တွေကိုလည်း အပြစ်ဖို့သူတွေ ရှိကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဥပဒေနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဒုတိယ၀န်ကြီး ကတော့ ထိန်းသိမ်းရေးစခန်းက အဖြစ်အပျက်အတွက် တောင်းပန်စကားပြောခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး စခန်းတွေက လုံခြုံရေးဝန်ထမ်းတွေ မပြည့်စုံတဲ့ အခြေအနေကိုလည်း အသိအမှတ်ပြု ပြောဆိုခဲ့တာပါ။ မီဒန် ထိန်းသိမ်းရေး စခန်းက လူဝန်မှုကြီးကြပ်ရေး အရာရှိတဦးဖြစ်တဲ့ Rida Agustian ကတော့ သောကြာနေ့ အစောပိုင်းက ခိုက်ရန်ဖြစ်ပွားခဲ့တာကို သိတဲ့အချိန်မှာ ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။
“မနက် ၁ နာရီ ခွဲလောက်မှာ အချူပ်ခန်းတွေထဲက ဆူဆူညံညံ အသံတွေကြားပါတယ်။ လုံခြုံရေးတွေကတော့ ထိန်းသိမ်းထားတဲ့ သူတချို့ ထွက်ပြေးဖို့ ကြိုးစားတယ်ထင်ပြီး အပြင်ကို သွားကြည့်ကြပါတယ်။ အပြင်မှာ ဘယ်သူမှ မတွေ့တော့မှ အထဲပြန်ဝင် လာကြတာပါ။ ကျနော်တို့ အချုပ်ခန်းတွေထဲ ၀င်ဖို့ ကြိုးစားတဲ့ အချိန်မှာတော့ အထဲကနေ ဂိတ်ပေါက်ကို ၀ိုင်းပိတ်ထားကြပါတယ်။”
အခင်းဖြစ်ပွားတဲ့ နေရာမှာတော့ အခုအခါ လုံခြုံရေးတွေကို တိုးမြှင့်ချထားလိုက်ပြီး နောက်ဆုံး မှုခင်းစစ်ဆေးရေး အဖွဲ့တွေကလည်း စုံစမ်းမှုတွေကို စတင်နေကြပါပြီ။ ရန်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေကိုတော့ မြို့နယ်ဆေးရုံဖြစ်တဲ့ ဘာလာဝမ်ကို ပို့ဆောင်ကုသပေးနေတယ်လို့လည်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။
ref: voanews

ဧပြီ ၂၄ ရက် စရောင်းမည့် CDMA 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မည်
Tag :
သတင်များ
ယခုလ၂၄ ရက်မှစပြီး CDMA-800 MHz ဖုန်းနဲ့ WCDMA ဆင်းကတ်တွေ ကို ငွေကျပ်
တစ်ထောင့်ငါးရာနဲ့ ရောင်းချပေးမယ်လို့ ယနေ့ည မြန်မာ့ရုပ်သံမှာ စာတန်းထိုး
ကြေညာပါ တယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “CDMA- 800 MHz နဲ့ WCDMA ဆင်းကတ်တွေကို ငွေကျပ်တစ်ထောင့်ငါးရာနဲ့ သည်လ ၂၄ ရက်နေ့ကစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့ ရောင်းချပေးမှာ ဖြစ်တယ်၊ ရောင်းချပေးမယ့် နံပါတ်တွေကတော့ 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မှာ ဖြစ်ပါတယ်။
တယ်လီဖုန်း လျှောက်ထားဖို့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းနဲ့အတူ လစဉ် အလုံးရေ သုံးသိန်းခွဲ ရောင်းချပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အင်တာနက်ကိုတော့ သီးသန့် လျှောက်ထားဖို့ လိုတယ်လို့ သိရပါတယ်။ ကိုယ်စားလှယ် ကုမ္ပဏီတွေနဲ့ မိုဘိုင်းအရောင်းဆိုင်တွေကိုတော့ ရောင်းချခွင့် မပြုသေးပါဘူး။ တစ်နိုင်ငံလုံးကို အလုံးရေခွဲတမ်းနဲ့ ရောင်းချပေးမှာလို့ ဆိုပါတယ်။ ခေါ်ဆိုခနှုန်း ထား ပြောင်းလဲခြင်း မရှိဘူးလို့ သိရပါတယ်။
စတင်ရောင်းချတဲ့ ရက်ကစပြီး လစဉ်အလုံးရေ သုံးသိန်းခွဲ ရောင်းချပေးသွားမှာဖြစ်ပြီး အော်ပရေတာတွေနဲ့ အကျိုးတူ ပူးပေါင်းတည်ဆောက်မယ့် တာဝါတိုင် တိုးချဲ့စီမံကိန်းတွေ ပြီးသွားခဲ့ရင်တော့ ဖုန်းတွေကို အကန့်အသတ်မရှိ ရောင်းချပေးမယ်လို့ ရုပ်မြင်သံကြား ပြည်တွင်းသတင်းမှာ ကြေညာပါတယ်။ ဘယ်နေရာ၊ ဘယ်ဌာနတွေမှာ ရောင်းချမယ် ဆိုတာကိုတော့ မတွေ့ရပါဘူးဟု ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်

အစ္စလာမ်ဘာသာဝင်များ ဆန္ဒပြမည့် သတင်းမမှန်၊ အစ္စလာမ် ဘာသာရေးအဖွဲ့မှ ပြောကြားခဲ့ခြင်း မရှိ
Tag :
သတင်များ
အစ္စလာမ်ဘာသာဝင်များ ဆန္ဒပြမည့် သတင်းမမှန်၊ အစ္စလာမ် ဘာသာရေးအဖွဲ့မှ ပြောကြားခဲ့ခြင်း မရှိ
တာဝန်ရှိသူ ဦးဝဏ္ဏရွှေအား ဆက်သွယ်မေးမြန်းချက်
မတ်လ ၅၊ ၂၀၁၃
M-Media
အမ်တူးအေ
ရန်ကုန် ။ ။ ယနေ့ထုတ် စောင့်ကြည့်ဂျာနယ်တွင်ပါရှိ သော "တိုင်းသာသနာရေးညွှန်ကြားရေး မှူးစကားအား အစ္စလာမ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြမည်"ခေါင်းစဉ် သတင်းနှင့်ပတ်သက်၍ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဝဏ္ဏရွှေအား ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။
Q - ဒီနေ့ထုတ် စောင့်ကြည့်ဂျာနယ်မှာပါတဲ့ တိုင်းသာသနာရေးညွှန်ကြားရေးမှူးစကားအား အစ္စလာမ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြမည်ဆိုတာနဲ့ပတ်သက်ပြီး အဖွဲ့ကြီးအနေနဲ့ ပြောဆိုခဲ့တာများရှိပါသလား။
A - ကျွန်တော်တို့မပြောပါဘူး။ ကျွန်တော်တို့ မနေ့ကတည်းက တိုင်းသာသနာရေးမှူးပြောတာနဲ့ 
ပတ်သက်လို့ အစိုးရအဖွဲ့ရုံးကို သွားလိုက်တယ်။ အစိုးရအဖွဲ့ရုံးကို
သွားပြီးတော့ လူမှုရေးအဖွဲ့အစည်း၊ လုံခြုံရေးအဖွဲ့အစည်းကို တင်ပြတယ်။
Q - ဟုတ်ကဲ့
A - တင်ပြပြီး ပြန်လာတဲ့အခါ ဦးအောင်ကြည်ကို ကျွန်တော်တို့ တိုက်ရိုက်ဖုန်းဆက်တယ်။ ဦးအောင်ကြည် ပြောခဲ့တဲ့ ဗလီတွေကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်တာ ပြန်ပြင်ဖို့ ပြောတဲ့အခါ၊ သူက သူပြန်ပြင်ပေးပါ့မယ်၊ သူပြောတာ အဲဒီလို မဟုတ်ပါဘူးလို့ပြောတယ်။ ဒီလိုပြောပြီးတော့ မနေ့ညကလည်း ကျွန်တော်တို့ သာသနာရေးဝန်ကြီးရဲ့ PA ဆီကို ကျွန်တော်တို့ အကြောင်းကြားတယ်။
ဦးအောင်ကြည်ကလည်း ဒါနဲ့ပတ်သက်လို့ မနေ့ညက ၂-ကြိမ်တိုင်တိုင် ကျွန်တော်တို့ကို သူဖုန်းဆက်လာတယ်။ အခု မနက်(၁၀)နာရီကို ကာကွယ်ရေးဝန်ကြီး ရုံးခန်းမှာ တစ်ခါပြန်ချိန်းတယ်။ ကျွန်တော်တို့က အခုမနက်မှာ NLD နဲ့ တွေ့ဆုံဖို့ရှိနေတော့ ဦးအောင်ကြည်နဲ့ နေ့လည် (၂)နာရီမှာ ပြန်ချိန်းထားတယ်။
Q - ဟုတ်ကဲ့။ ဒါဆို ဒီနေ့ထုတ် စောင့်ကြည့်ဂျာနယ်မှာပါတဲ့ "တိုင်းသာသနာရေးညွှန်ကြားရေး မှူးစကားအား အစ္စလာမ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြမည်"ဆိုပြီးပါ လာတယ်။ အဲဒါကိုရော ဘယ်လိုများ ဖြေရှင်းဖို့ စဉ်းစားထားပါသလဲ။
A - ကန့်ကွက်ဆန္ဒပြမယ်ဆိုတာမျိုး ကို
ကျွန်တော်တို့က တတ်နိုင်သမျှ ထိန်းသိမ်းပါတယ်။ လူစုလူဝေးနဲ့
ဆောင်ရွက်တဲ့ဟာက ကျွန်တော်တို့ လူနည်းစုအတွက်က အင်မတန်မှ
အခက်အခဲရှိနိုင်တယ်။ ကျွန်တော်တို့က အဲဒါမျိုးတော့ မဆောင်ရွက်စေချင်ဘူး။
ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ၀န်ကြီးဆီကိုရော၊ ဦးအောင်ကြည်ကိုရော
ပြောပြပါမယ်။
Q - ဟုတ်ကဲ့။
A - ဗလီကိစ္စနဲ့တ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဆီကိုရော ဦးအောင်ကြည်ကိုရော ပြောပြီးပါပြီ။ ဦးအောင်ကြည်ရဲ့ သဘောထားက ဒါမဟုတ်ပါဘူး။ သူပြောလိုက်တဲ့ဟာကို ဖြတ်ထည့်လိုက်လို့ ဖြစ်ပါလိမ့်မယ်။ အခုတော့ ဆက်လက် ဆောင်ရွက်နေပါတယ်။
Q - ဟုတ်ကဲ့၊ အဲဒါဆောင်ရွက်နေတာအတွက်လည်း ကောင်းပါတယ်။
အခုက စောင့်ကြည့်ဂျာနယ်မှာ မွတ်စလင်မ်တွေက သာသနာရေးဝန်ကြီးပြောတာကို
မကျေနပ်လို့ ဆန္ဒပြမယ်ဆိုတာ ပါလာတော့ ထင်ယောင်ထင်မှားဖြစ်သွားမှာ မျိုး ရှိနိုင်ပါလား။
A - ကျွန်တော်တို့ကတော့ အဲလိုမျိုးလုပ်မယ်လို့ ဘယ်သူ့ကိုမှလည်း မပြောဖူးဘူး။ လုပ်ဖို့လည်းမရှိဘူး။
Q - ဒါဆိုရင် အကယ်၍ သာသနာရေးဝန်ကြီးနဲ့တွေ့တဲ့အ ခါမှာ အခုဂျာနယ်ပါကိစ္စကိုရော ထည့်ပြောသင့်တယ်လို့ ထင်ပါသလား။
A - ပြောသင့်ပါတယ်။ နောက်ပြီး မီဒီယာကလည်း ဒါကို ဖော်ပြပေးသင့်ပါတယ်။ မွတ်စလင်မ်ထုက ဆန္ဒပြဖို့မဟုတ်ဘူး။ ဆန္ဒပြဖို့လည်းမရှိဘူး။ မွတ်စလင်မ်ထုအနေနဲ့ ဒါနဲ့ပတ်သက်လို့ သာသနာရေးဝန်ကြီးရော၊ ရန်ကုန်ုတိုင်းအစိုးရအဖွဲ့ေ ရာ၊ ကာယကံရှင် ဦးအောင်ကြည်ကိုရော တိုက်ရိုက်တွေ့ဆုံပြီး ဖြေရှင်းသွားဖို့ပဲလုပ်ပါမယ်။
Q - ဟုတ်ကဲ့ပါ။
A - ကျွန်တော်တို့ အစ္စလာမ်ဘာသာရေးအဖွဲ့၊ အိုလမာအပါအ၀င် (၄)ဖွဲ့ကနေ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နေပါတယ်။ နေ့လည်(၂)နာရီမှာ တွေ့ဆုံပြီး ပြန်လာရင်လည်း ကျွန်တော်တို့တွေ့ဆုံမှုကို ပြောပြပါ့မယ်။
Q - ဟုတ်ကဲ့ပါ။
တာဝန်ရှိသူ ဦးဝဏ္ဏရွှေအား ဆက်သွယ်မေးမြန်းချက်
မတ်လ ၅၊ ၂၀၁၃
M-Media
အမ်တူးအေ
ရန်ကုန် ။ ။ ယနေ့ထုတ် စောင့်ကြည့်ဂျာနယ်တွင်ပါရှိ
Q - ဒီနေ့ထုတ် စောင့်ကြည့်ဂျာနယ်မှာပါတဲ့ တိုင်းသာသနာရေးညွှန်ကြားရေးမ
A - ကျွန်တော်တို့မပြောပါဘူး။ ကျွန်တော်တို့ မနေ့ကတည်းက တိုင်းသာသနာရေးမှူးပြောတာနဲ
Q - ဟုတ်ကဲ့
A - တင်ပြပြီး ပြန်လာတဲ့အခါ ဦးအောင်ကြည်ကို ကျွန်တော်တို့ တိုက်ရိုက်ဖုန်းဆက်တယ်။ ဦးအောင်ကြည် ပြောခဲ့တဲ့ ဗလီတွေကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်တာ ပြန်ပြင်ဖို့ ပြောတဲ့အခါ၊ သူက သူပြန်ပြင်ပေးပါ့မယ်၊ သူပြောတာ အဲဒီလို မဟုတ်ပါဘူးလို့ပြောတယ်။ ဒီလိုပြောပြီးတော့ မနေ့ညကလည်း ကျွန်တော်တို့ သာသနာရေးဝန်ကြီးရဲ့ PA ဆီကို ကျွန်တော်တို့ အကြောင်းကြားတယ်။
ဦးအောင်ကြည်ကလည်း ဒါနဲ့ပတ်သက်လို့ မနေ့ညက ၂-ကြိမ်တိုင်တိုင် ကျွန်တော်တို့ကို သူဖုန်းဆက်လာတယ်။ အခု မနက်(၁၀)နာရီကို ကာကွယ်ရေးဝန်ကြီး ရုံးခန်းမှာ တစ်ခါပြန်ချိန်းတယ်။ ကျွန်တော်တို့က အခုမနက်မှာ NLD နဲ့ တွေ့ဆုံဖို့ရှိနေတော့ ဦးအောင်ကြည်နဲ့ နေ့လည် (၂)နာရီမှာ ပြန်ချိန်းထားတယ်။
Q - ဟုတ်ကဲ့။ ဒါဆို ဒီနေ့ထုတ် စောင့်ကြည့်ဂျာနယ်မှာပါတဲ့ "တိုင်းသာသနာရေးညွှန်ကြားရေး
A - ကန့်ကွက်ဆန္ဒပြမယ်ဆိုတာမျိုး
Q - ဟုတ်ကဲ့။
A - ဗလီကိစ္စနဲ့တ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဆီကိုရော ဦးအောင်ကြည်ကိုရော ပြောပြီးပါပြီ။ ဦးအောင်ကြည်ရဲ့ သဘောထားက ဒါမဟုတ်ပါဘူး။ သူပြောလိုက်တဲ့ဟာကို ဖြတ်ထည့်လိုက်လို့ ဖြစ်ပါလိမ့်မယ်။ အခုတော့ ဆက်လက် ဆောင်ရွက်နေပါတယ်။
Q - ဟုတ်ကဲ့၊ အဲဒါဆောင်ရွက်နေတာအတွက်လည်း
A - ကျွန်တော်တို့ကတော့ အဲလိုမျိုးလုပ်မယ်လို့ ဘယ်သူ့ကိုမှလည်း မပြောဖူးဘူး။ လုပ်ဖို့လည်းမရှိဘူး။
Q - ဒါဆိုရင် အကယ်၍ သာသနာရေးဝန်ကြီးနဲ့တွေ့တဲ့အ
A - ပြောသင့်ပါတယ်။ နောက်ပြီး မီဒီယာကလည်း ဒါကို ဖော်ပြပေးသင့်ပါတယ်။ မွတ်စလင်မ်ထုက ဆန္ဒပြဖို့မဟုတ်ဘူး။ ဆန္ဒပြဖို့လည်းမရှိဘူး။ မွတ်စလင်မ်ထုအနေနဲ့ ဒါနဲ့ပတ်သက်လို့ သာသနာရေးဝန်ကြီးရော၊ ရန်ကုန်ုတိုင်းအစိုးရအဖွဲ့ေ
Q - ဟုတ်ကဲ့ပါ။
A - ကျွန်တော်တို့ အစ္စလာမ်ဘာသာရေးအဖွဲ့၊ အိုလမာအပါအ၀င် (၄)ဖွဲ့ကနေ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နေပါတယ်။ နေ့လည်(၂)နာရီမှာ တွေ့ဆုံပြီး ပြန်လာရင်လည်း ကျွန်တော်တို့တွေ့ဆုံမှုကို ပြောပြပါ့မယ်။
Q - ဟုတ်ကဲ့ပါ။
ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၏ စကားကို လိုသလိုဆွဲယူ၍ သတင်းဖော်ပြသော မီဒီယာများသိစေရန်
Tag :
အထွေထွေ
Ko Win Naing ၏ FB စာမျက်နှာဖော်ပြချက်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
https://www.facebook.com/ goldenwinnaing/posts/ 450631578349044

ရန်ကုန်မြို့၊ဗိုလ်တစ်ထောင်မြို့ နယ်၊၄၈-လမ်း၊ရေကျော်ဗလီ မီးလောင်မှု
နှင့်ပတ်သက်၍ ဧပြီ(၂)ရက် ညနေတွင်ပြုလုပ်သော တိုင်းဒေသကြီးဝန်ကြီးချုပ် ၏
သတင်းမီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲတွင် မီးလောင်မှုစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဒု-ညွှန်ကြားရေးမှူးဦးအောင်ကြည် ကို
မီဒီယာများမှ သိလိုသည်များ အလွတ် သဘောမေးမြန်းခဲ့ကြပါသည်။
အဆိုပါဖြေကြားချက်များအပေါ် သတင်းမီဒီယာအချို့က
လိုရာဆွဲကောက်နှုတ်ဖော်ပြနေသည်ကိုတွေ့ရှိရသဖြင့် ဧပြီလ(၄)ရက်နေ့က တိုင်းဒေသကြီးသာသနာရေးမှူး အား သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ ပါသည်။
မေး။ ။ တိုင်းသာသနာရေးမှူးခင်ဗျား၊ ယနေ့ မီဒီယာတွေမှာဖော်ပြနေတဲ့ ဧပြီ(၂)ရက်နေ့ စာနယ်ဇင်းတွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့ တိုင်းသာသနာရေးမှူးရဲ့ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ ဗလီများဟာ တရားမ၀င် ဗလီများသာဖြစ်တယ်လို့ ပြောကြားခဲ့တဲ့အပေါ် ဘယ်လိုများ အတည်ပြုနိုင်ပါသလဲခင်ဗျာ။
ဖြေ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနစာရင်းအရ အစ္စလာမ် ဗလီပေါင်း ၁၄၀ ခန့်ရှိပါတယ်။ ဗလီအများစုဟာ ကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ သာသနာရေးဌာနအနေနဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ဟိန္ဒူဘာသာ၊ အစ်စလမ်ဘာသာ ဘာသာကြီးလေးခု နဲ့ ပတ်သက်တဲ့ သာသနိက အဆောက်အဦးတွေ ဆောက်လုပ်ခြင်း၊ပြုပြင်ခြင်းနဲ့ ပတ်သက်ပြီး ခွင့်ပြုပိုင်ခွင့်မရှိပါဘူး၊
ဗလီများတည်ဆောက်ခွင့်၊ပြုပြင်ခွ င့်ပြုခြင်းကို သာသနာရေးဌာနက လုပ်ပိုင်ခွင့်မရှိပါဘူး၊လိုအပ် လို့ကျွန်တော်တို့ဌာနကို
တင်ပြလာတဲ့အခါ ဌာနရဲ့သဘောထားမှတ်ချက်ကို “သာသနာရေးရှုထောင့်မှ
ကန့်ကွက်ရန်မရှိကြောင်း ဆောက်လုပ်ပြုပြင်သည့်အခါ
တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ြ မို့တော်စည်ပင်သာယာရေးကော်မတီတို့၏
လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်တင်ပြဆောင်ရွက်ရန်”
လို့သာ ပေးရပါတယ်။ဗုဒ္ဓဘာသာ သာသနိကအဆောက်အဦ၊
ဘုန်းတော်ကြီးကျောင်းများနှင့်ပ တ်သက်၍လည်း ယခုလိုပဲ သံဃနာယကအဖွဲ့နဲ့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများရဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်ဖို့ မှတ်ချက်ပေးရပါတယ်။ ခွင့်ပြုခွင့်မရှိလို့ခွင့်ပြုလို့
မရပါဘူး။ဆောက်လုပ်ပြုပြင်ဖို့ လိုအပ်လာရင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး
အစိုးရအဖွဲ့၊ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ကိုသာ
တင်ပြဆောင်ရွက်ကြရပါတယ်။
ဒါကြောင့် ဧပြီ(၂)ရက်နေ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ မီဒီယာတွေ အလွတ်သဘောမေးမြန်းမှုကို တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ထားတဲ့ ဗလီများအပေါ် ကျွန်တော်တို့ သာသနာရေးဝန်ကြီးဌာန အနေနဲ့မိမိရဲ့လုပ်ပိုင်ခွင့်အရ ခွင့်ပြုထားခြင်း မရှိပါ လို့ ရိုးရိုးသားသား ပြန်လည်ဖြေကြားခဲ့ခြင်းသာဖြစ်ပါ တယ်။
အဲဒီဖြေကြားချက်ကို မီဒီယာတွေအနေနဲ့ ပြောလိုတဲ့ ရည်ရွယ်ချက်ကို သဘောမပေါက်တာလား၊ လိုရာဆွဲတာလားတော့ မသိဘူး၊ ရန်ကုန်တိုင်းဒေသကြီးမှာ တရားဝင်ဗလီမရှိဆိုတဲ့ အနေအထားမျိုးနဲ့ သတင်း ဖော်ပြလာတာကိုတွေ့ရပါတယ်။ ဒီလို ဖော်ပြချက်ကြောင့် အများကြီး အထင်အမြင်လွဲ မှားစရာဖြစ်လာနိုင်တာကို သတိမမူပဲ မီဒီယာများအနေနဲ့ လိုရာ ဆွဲကောက်နှုတ်ပြီး သတင်းအဖြစ် သုံးသပ်တင်ပြခြင်းဟာ သတင်း ကျင့်ဝတ်အပေါ်လိုက်နာမှု အားနည်းတဲ့ သဘောဖြစ်တဲ့အပြင် ကျွန်တော်တို့ ဌာနဆိုင်ရာ တာဝန်ရှိသူများမှာလည်း ၀န်ထုပ်ဝန်ပိုး ဖြစ်ရတဲ့အတွက် ဆင်ခြင် သင့်ပါတယ်လို့ပဲ ပြောချင်ပါတယ်။ နောက်နောင်များမှာ ဌာနဆိုင်ရာများနဲ့ သတင်းမီဒီယာများ တွေ့ဆုံဖို့ အခြေအနေပေါ်ပေါက်ခဲ့ရင်လည်း ရည်ရွယ်ချက်ပေါက်မြောက်အောင် ခြေခြေမြစ်မြစ် မေးမြန်းပြီးမှ ပြည်သူကို ချပြသင့်တယ်လို့ အကြံပြုချင်ပါတယ်။
အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း Eleven မီဒီယာ တင်ခဲ့သည့် သတင်းဖတ်ရန်။
https://www.facebook.com/
ရန်ကုန်မြို့၊ဗိုလ်တစ်ထောင်မြို
မေး။ ။ တိုင်းသာသနာရေးမှူးခင်ဗျား၊ ယနေ့ မီဒီယာတွေမှာဖော်ပြနေတဲ့ ဧပြီ(၂)ရက်နေ့ စာနယ်ဇင်းတွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့ တိုင်းသာသနာရေးမှူးရဲ့ရန်ကုန်တိ
ဖြေ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနစာရင်းအရ အစ္စလာမ် ဗလီပေါင်း ၁၄၀ ခန့်ရှိပါတယ်။ ဗလီအများစုဟာ ကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ သာသနာရေးဌာနအနေနဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ဟိန္ဒူဘာသာ၊ အစ်စလမ်ဘာသာ ဘာသာကြီးလေးခု နဲ့ ပတ်သက်တဲ့ သာသနိက အဆောက်အဦးတွေ ဆောက်လုပ်ခြင်း၊ပြုပြင်ခြင်းနဲ့
ဗလီများတည်ဆောက်ခွင့်၊ပြုပြင်ခွ
ဒါကြောင့် ဧပြီ(၂)ရက်နေ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ မီဒီယာတွေ အလွတ်သဘောမေးမြန်းမှုကို တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ထားတဲ့ ဗလီများအပေါ် ကျွန်တော်တို့ သာသနာရေးဝန်ကြီးဌာန အနေနဲ့မိမိရဲ့လုပ်ပိုင်ခွင့်အရ ခွင့်ပြုထားခြင်း မရှိပါ လို့ ရိုးရိုးသားသား ပြန်လည်ဖြေကြားခဲ့ခြင်းသာဖြစ်ပါ
အဲဒီဖြေကြားချက်ကို မီဒီယာတွေအနေနဲ့ ပြောလိုတဲ့ ရည်ရွယ်ချက်ကို သဘောမပေါက်တာလား၊ လိုရာဆွဲတာလားတော့ မသိဘူး၊ ရန်ကုန်တိုင်းဒေသကြီးမှာ တရားဝင်ဗလီမရှိဆိုတဲ့ အနေအထားမျိုးနဲ့ သတင်း ဖော်ပြလာတာကိုတွေ့ရပါတယ်။ ဒီလို ဖော်ပြချက်ကြောင့် အများကြီး အထင်အမြင်လွဲ မှားစရာဖြစ်လာနိုင်တာကို သတိမမူပဲ မီဒီယာများအနေနဲ့ လိုရာ ဆွဲကောက်နှုတ်ပြီး သတင်းအဖြစ် သုံးသပ်တင်ပြခြင်းဟာ သတင်း ကျင့်ဝတ်အပေါ်လိုက်နာမှု အားနည်းတဲ့ သဘောဖြစ်တဲ့အပြင် ကျွန်တော်တို့ ဌာနဆိုင်ရာ တာဝန်ရှိသူများမှာလည်း ၀န်ထုပ်ဝန်ပိုး ဖြစ်ရတဲ့အတွက် ဆင်ခြင် သင့်ပါတယ်လို့ပဲ ပြောချင်ပါတယ်။ နောက်နောင်များမှာ ဌာနဆိုင်ရာများနဲ့ သတင်းမီဒီယာများ တွေ့ဆုံဖို့ အခြေအနေပေါ်ပေါက်ခဲ့ရင်လည်း ရည်ရွယ်ချက်ပေါက်မြောက်အောင် ခြေခြေမြစ်မြစ် မေးမြန်းပြီးမှ ပြည်သူကို ချပြသင့်တယ်လို့ အကြံပြုချင်ပါတယ်။
အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း Eleven မီဒီယာ တင်ခဲ့သည့် သတင်းဖတ်ရန်။
ဆရာတော် ဦးဝီရသူကြောင့် ဗုဒ္ခဘာသာလူမျိုးတွေနဲ့ စစ်မှန်တဲ့ ရဟန်းသံဃာတော်တွေ ထိခိုက်စေပါတယ်
Tag :
အတွေးအမြင်
The Voice Daily မှာပါတဲ့ ဆရာတော်များရဲ့ ၉၆၉ အပေါ် သုံးသပ်ချက် Interview ပါ။ ခုလိုမျိုးလွဲမှားတဲ့ထင်မြင်ပြောဆိုချက်တွေကလူတွေကိုအထင်အမြင်လွဲမှားစေပြီးခုဖြစ်နေတဲ့ အကြမ်းဖက်မှုတွေဆီကိုဦးတည်သွားစေပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုး
တွေအနေနဲ့ကဘုန်းကြီးတစ်ပါးကပြောလိုက်တယ်ဆိုရင် ယုံကြည်ကြတာများပါတယ်။ သတင်းစာမှာတောင် ပါလာတယ်ဆိုတော့ ပိုလို့တောင် ဒီအတိုင်းထင်ကြဦးမှာပါပဲ။ တတ်သိနားလည်သောပညာရှင်များမှ အချက်အလက်အမှန်ကို ပြန်လည်ရှင်းလင်းသင့်တယ် လို့ထင်ပါတယ်။
ဗုဒ္ဓဘာသာဝင်တစ်ဦး၏အမြင်
================
ဆရာတော်
ဦးဝီရသူကြောင့် ဗုဒ္ခဘာသာလူမျိုးတွေနဲ့ စစ်မှန်တဲ့
ရဟန်းသံဃာတော်တွေ ထိခိုက်စေပါတယ် ။
ဆရာတော်ရဲ့ တစ်ဖက်သက်အမြင် ၊ ကလေးဆန်တဲ့ ဘာသာရေးအတွေးအခေါ်တွေကကျနော်တို့ အတွက် အရှက်ရစရာပါ ၊ တစ်ခြားလူမျိုးဘာသာကို
ဝေဖန် ရှုံချမယ်ဆိုရင် ဦးဝီရသူ သင်္ဃန်းချွတ်လူဝတ်လဲပြီးမှ
လုပ်တာကပိုသင့်တော်ပါလိမ့်မယ် ... အခုလိုဘုရားရဲ့
သင်္ဃန်းကိုအကာအကွယ်ယူပြီးတစ်ခြားလူမျိုးဘာသာကို
အခြေအမြစ်မရှိတဲ့ စွတ်ဆွဲချက် ၊ ကလေးသာသာအတွေးတွေ
နဲ့ ဝေဖန်တိုက်ခိုက်နေတာဟာ အင်မတန်မှ အရုပ်ဆိုးလှပါတယ် ။ ဆရာတော် ဟောကြားနေတဲ့ အမျိုးသားရေးတရားတို့ ၊ ဆရာတော့်ရဲ့ အခုအင်တာဗျူးမှာ
ဖြေဆိုထားတဲ့ ဆရာတော် အယူအစနဲ့ အတွေးအခေါ်ဟာ
ဆရာတော်ရဲ့ ( ဥာဏ်ပညာနဲ့ ဆင်ခြင်တုံတရား )ရဲ့ အဆင့်အတန်းကိုဖော်ပြနေပါတယ် ... ကျနော်ကဆရာတော်ဟောသလို ...
အမျိုးပျောက်မှာစိုးကြောက်တာထက်
ဆရာတော်ကြောင့် ဗုဒ္ခသာသနာမပျက်ပါစေနဲ့ဘဲဘုရားမှာဆုတောင်းပါတော့မယ်ခင်ဗျာ ။ ။
( ဦးဇင်း ၀ီရသူ အမြန်ဆုံး လူဝတ်လဲနိုင်ပါစေ အရှင်ဘုရား )

သွေးထိုး လှုံ့ဆော်ပေးသူများကို အပြတ်ချေမှုန်းရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြား
Tag :
သတင်များ
ဧပြီလ (၁)ရက်နေ့က ထုတ်ပြန်သော သတင်းတပုဒ်တွင် လူ့အခွင့်အရေး
စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံ အစိုးရအား မိတ္ထီလာနှင့် မြန်မာနိုင်ငံ
အလယ်ပိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအား
သက်ဆိုင်သူများမှ စေ့စေ့စပ်စပ် စုံစမ်းရန်နှင့် အပြစ်ပေးရန်
ပြောဆိုလိုက်သည်။
“ မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး တာဝန်များကို မြန်မာအစိုးရ အနေဖြင့် အသေးစိတ် လေ့လာ စုံစမ်းသင့် ပါကြောင်း၊ ၀န်းကျင်ဒေသ တစ်ခုလုံးလောင်ကျွမ်းခြင်း နှင့် ရက်စက်စွာ သတ်ဖြတ်မှုတို့ မှ ရပ်တန့်ရန် ရဲတပ်ဖွဲ့ကလုပ်ဆောင်ရန်အားနည်းခဲ့သည်” ဟု နယူးယောက် အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ NGOမှ အာရှဆိုင်ရာ ညွှန်ကြားရေးမှုး Brad Adams က ပြောကြားသည်။
၎င်းက “ရခိုင်ပြည်နယ် အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သောဘာသာရေးဆိုင်ရာ တိုက်ပွဲများရဲ့ ရလဒ်များကိုကြည့်ပြီး မြန်မာအစိုးရအနေဖြင့် သင်ခန်းစာယူသင့်ပါကြောင်း၊ အကြမ်းဖက်မှုများကို နှိမ်နင်းရန် ရဲအင်အား အလျှင်အမြန် ဖြည့်ဆည်းပြီး ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးသင့်ကြောင်း ” ပြောသည်။
တိုင်းပြည်အတွင်း အုပ်စုဖွဲ့ အကြမ်းဖက်မှု ဖြစ်စေခဲ့သော ဗုဒ္ဓဘာသာ ခေါင်းဆောင်များရဲ့ အမုန်းတရား ဟောပြောခြင်း အဆုံးသတ်ရေးကို ကူညီရန် အတွက် ကဏ္ဍာပေါင်းစုံရှိ မြန်မာနိုင်ငံ လူမှုရေးအဖွဲ့များမှ ခေါင်းဆောင်များအား Adamsက ပြောကြားလိုက်သည်။
ထိတ်လန့်ဖွယ် ဖြစ်သည့် ကြေမွပျက်ဆီးနေသော မြို့တွင်း မြင်ကွင်းများ ပါဝင်သည့် ရုပ်ပုံများကို ဂြိုလ်တု စလောင်းများမှ
ပြသပြီးနောက်မှသာ လျှောက်လဲချက်များ ထွက်ပေါ်လာသည်။
မတ်လ (၂၀) ရက်က ဖြစ်ပွားခဲ့သော ရွှေဆိုင် အငြင်းပွားမှု နှင့် အကြမ်းဖက်မှုတိုက်ပွဲများတွင် လူဦးရေ (၁၂၀၀၀) တို့သည် ၄င်းတို၏ နေအိမ်များမှ ထွက်ပြေးလျှက်ရှိရာ အများစုမှာ အစ္စလာမ် များဖြစ်ပြီး၊ (၆၁) ဦး ဒဏ်ရာရကာ၊ ခန့်မှန်းခြေ အားဖြင့် လူ(၄၀)ဦး ခန့်အသတ်ခံခဲ့ရသည်။
ဆူပူမှု ဖြစ်ပွားပြီးနောက် Vijay Nambiar, UNသံတမန်ကပြောကြားရာတွင် “အကြမ်းဖက်မှုက အခြေအနေတစ်ခုတွင် ရက်စက်သော အနေအထား တစ်ခုတွင် လုပ်သွားသည်ဟု ထင်မြင်ကြောင်း” ပြောကြားလိုက်သည်။
ဒီအရေးကို ဖြေရှင်းရာတွင် အစိုးအနေဖြင့် တုံပြန်မှု ကြန့်ကြာနေခြင်း နှင့် အကြမ်းဖက်မှု ပိုမို မြင့်တက် မလာစေရန် ကာကွယ်ခြင်း တို့အတွက် ဝေဖန်ခံနေရသည်။
မတ်လ(၂၇)ရက် နေ့တွင် နိုင်ငံတော် သမ္မတဦးသိန်းစိန် အနေဖြင့် ရုပ်မြင်သံကြား မှတဆင့် မိန့်ခွန်းပြောရာတွင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပွားလျှက်ရှိသော ဘာသာရေးအကြမ်းဖက်မှု နှင့်ပတ်သက်ပြီး ၀မ်းနည်းကြောင်း၊ နိုင်ငံသားများကို ကာကွယ်ရန်အတွက် လုံခြုံရေးတပ်များ ချထားပြီး အမိန့်ပေး ထားကြောင်း သွေးထိုး လှုံဆော်ပေးသူများ အားသတိပေး လိုက်သည်။
“အခြေခံအားဖြင့် ဒီပြဿနာများ ဖြေရှင်းရာတွင် အင်အားကိုသုံးခြင်းကို အားမပေးလိုပါ။ ဘယ်လိုပင်ဖြစ်နေနေ ပြည်သူများရဲ့အခြေခံ လူတန်းစားများ၏ အသက်အိုးအိမ်ကို ကာကွယ်ရာတွင် လိုအပ်လျှင် အင်အားကိုသုံးရန် ၀န်လေးမည်မဟုတ်ကြောင်း” သမ္မတကြီးမှ ပြောကြားသည်။
ဦးခင်မောင်ဆွေ (အမျိုးသား ဒီမိုကရေစီအင်အားစု ဥက္ကဌ)မှ သမ္မတ၏ မိန့်ခွန်းစကားကို ကြားပြီးနောက် ၄င်းမှ ”နိုင်ငံရေးကိုအမြတ်ထုတ် နေသူများ နှင့် ဘာသာရေး အစွန်းရောက် သမားများကို အရေးယူလို အပ်သည် ”ဟု မဇ္ဈိမသို့ ပြောသည်။
>>>အဖြူရောင်မီဒီယာ<<<

Google.com.mm ကို မြန်မာဘာသာဖော်ပြချက်များနှ င့် အသုံးပြုနိုင်ပြီ
အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ Google သည် www.google.com.mm ကို မြန်မာဘာသာဖော်ပြချက်များဖြ င့် တရားဝင် ပြောင်းလဲ လွှင့်တင်လိုက်ပြီ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီ ဖြစ်သည်။
www.google.com.mm ကို မတ်လ ၂၁ ရက်တွင် စတင်၍ အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ေ သ်ာလည်း မြန်မာဘာသာဖော်ပြချက်များဖြ င့် မဟုတ်ချေ။ ယခု ဧပြီလ ၄ ရက်တွင်မူ မြန်မာဘာသာဖော်ပြချက်များ ပါဝင်သော www.google.com.mm ကို Google က တရားဝင် ပြောင်းလဲလွှင့်တင်လိုက်ခြင်း ဖြစ်သည်။ www.google.com.mm
မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင်
Myanmar 2, Myanmar 3 စသည့် ယူနီကုဒ်ဖောင့် အမျိုးအစားတစ်ခုခုကို
ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်သည်။
ပြီးခဲသည့် မတ်လ ၂၂ ရက်တွင် Google ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မြန်မာနိုင်ငံမှ ဝင်ရောက်အသုံးပြုလာနိုင်ခဲ့ သည်။
အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ Google သည် www.google.com.mm ကို မြန်မာဘာသာဖော်ပြချက်များဖြ
www.google.com.mm ကို မတ်လ ၂၁ ရက်တွင် စတင်၍ အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ေ
ပြီးခဲသည့် မတ်လ ၂၂ ရက်တွင် Google ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မြန်မာနိုင်ငံမှ ဝင်ရောက်အသုံးပြုလာနိုင်ခဲ့
၄၈ လမ်း မီးလောင်မှုအား လွတ်လပ်သော
ကော်မရှင်တစ်ရပ်မှ သေချာစွာ စုံစမ်း စစ်ဆေးမှုများ မပြုလုပ်ရသေးမှီ
နိုင်ငံတကာမှ တောင်းဆိုမှုများကြောင့် မီးလောင်ရာနေရာများကို
ဆေးသုတ်ခြင်းများ ပြင်ဆင်ခြင်းများအား ရန်ကုန်တိုင်းအစိုးရမှ ပြုလုပ်ခိုင်းလျက်ရှိပါသည်။
၄၈ လမ်း အစ္စလာမ်ဘာသာရေးကျောင်းမီးလောင်မှုသည် အခြားသော သာမန်မီးလောင်မှုများကဲ့သို့မဟုတ်ပဲ ၄၈ လမ်းမီးလောင်မှုအပြီး အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်၏ ရှင်းလင်ချက်များ လျင်မြန်စွာ ထွက်လာပေါ်လာခဲ့ပါသည်။
စုံစမ်းစစ်ဆေးမှုများပြုလုပ့်ရန် နိုင်ငံတကာမှတောင်းဆိုမှုများ တိုးတက်လာချိန်တွင် ရန်ကုန်တိုင်း အစိုးရမှ မီးလောင်ခြင်းခံရသော ခလေးငယ်များအတွက်အလှုငွေများလှုဒါန်းခြင်း ကျောင်းပြင်ဆင်မှုများအား အလျင်အမြန်ပြန်လည် ပြုပြင်စေခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မိတ္ထီလာနှင့် မြန်မာပြည်အလယ်ပိုင်း အကြမ်းဖက်မှုများ အပြီး ရန်ကုန်မြို့တွင် အကြမ်းဖက် လှုပ်ရှားမှုများ ကြိုကြားကြိုကြား ပေါ်ပေါက်နေချိန်အတွင်း အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ မီးလောင်ကျွမ်းမှုအား ရှို့မီးဖြစ်ကြောင်း ပြည်သူ အများမှ ယုံကြည်လျက်ရှိသော်လည်း အာဏာပိုင်များက မီးအားမြှင့်စက်မှ လောင်ကြွမ်းခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန် အတည်ပြုပေးခဲ့ပါသည်။
သတင်း - မင်းဇေယျာ
myanmarmuslim.net