Ref & Credit to IT Times Journal
တိုင်းဝန်ကြီးချူပ် ဦးရဲမြင့် ခေါ်ယူတွေ့ဆုံ အပေါ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းချက်
Tag :
သတင်များ
ဧပြီ ၁၅၊ ၂၀၁၃
M-Media
KK
အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ခေါ်ယူတွေ့ဆုံမှုအပေါ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းချက်
မန္တလေး ။ ။ မန္တလေးတိုင်း အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်မှ ၂၀၁၃-ခု ဧပြီလ ၁၂-ရက်နေ့က ခေါ်ယူတွေ့ဆုံ ပြောဆိုခဲ့မှုများအပေါ် ထွက်ပေါ်လာသော သတင်းများနှင့်ပတ်သက်၍ ခလီဖွှာဟ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။
Q – မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေကို ခေါ်ယူ တွေ့ဆုံခဲ့တယ်။ အဲဒီ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကြားသိရပါတယ်။ ဒါကြောင့် အဲဒီ တွေ့ဆုံမှုအကြောင်းကို ဦးသိန်းဝင်းအောင်အနေနဲ့ ပြောပြပေးလို့ ရမလားခင်ဗျာ။
A – ပြောပြလို့ရပါတယ်။ ပြီးခဲ့တဲ့ ၁၂-ရက်နေ့ သောကြာနေ့ နေ့လည် ၁၂-နာရီလောက်မှာ အိုလမာအဖွဲ့ရုံးကနေ ကျွန်တော့်ကို ဖုန်းဆက်လာပါတယ်။ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေကို နေ့လည် ၃-နာရီမှာ တွေ့မယ်ဆိုတဲ့အကြောင်း ပြောလာပါတယ်။ ကျွန်တော်တို့လည်း တွေ့ချင်နေတဲ့အချိန်ဆိုတော့ ကောင်းတယ် တွေ့လိုက်ကြမယ်ဆိုပြီး တွေ့ဖို့ ပြင်ဆင်လိုက်ကြတယ်။ အဲဒီနေ့က သောကြာနေ့လည်းဖြစ်တော့ ကျွန်တော်လည်း နေ့လည်ဝတ်ပြုပြီး အိုလမာ ရုံးခန်းကို ရောက်သွားတယ်။ ၀န်ကြီးချုပ်နဲ့တွေ့ရင် ပြောသင့်တာလေးတွေကို တိုင်ပင်လိုက်ကြတယ်။ ပြီးတော့ ဘာသာရေး အဖွဲ့ကြီးတွေရယ် ကျွန်တော်တို့ တွရီကာရယ်က အားလုံးစုစုပေါင်း (၁၀)ယောက် သွားတွေ့ကြပါတယ်။
Q – ဟုတ်ကဲ့။ ၀န်ကြီးချုပ်က ဘယ်အကြောင်းအရာအတွက် ခေါ်ယူတာပါလဲ။
A – ခေါ်ယူတဲ့ ခေါင်းစဉ်က မရှိပါဘူး။ ဒီအတိုင်း နှုတ်မိန့်နဲ့ တွေ့ဖို့ခေါ်တာပါ။ တွေ့ဆုံမှုကို တခြား ဌာနဆိုင်ရာ အရာရှိတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
Q – ဘယ်နေရာမှာ ခေါ်ယူတွေ့ဆုံတာပါလဲ။
A – မန္တလေးတိုင်း ၀န်ကြီးချုပ်ရုံး အစည်းအဝေးခန်းမမှာ ခေါ်ယူတွေ့ဆုံတာပါ။ ၁၂-ရက်နေ့ နေ့လည် ၃-နာရီမှာ ဆုံတာပါ။
Q – ဟုတ်ကဲ့ပါ။ ဒါဆို တွေ့ဆုံတဲ့အချိန်မှာ ဘာတွေကို ပြောဆိုဆွေးနွေးခဲ့ပါသလဲ။
A – စစတွေ့တွေ့ချင်းပဲ ၀န်ကြီးချုပ်က တစ်ခြားဘာမှ မပြောပဲ အခု မိတ္ထီလာ ကိစ္စဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စပြောတယ်။ မိတ္ထီလာကိစ္စက မွတ်စလင်မ်တွေဘက်က စပြီး ဖန်တီးခဲ့တာဖြစ်တယ်။ ရွှေဆိုင်ပြဿနာကအစပြုခဲ့တယ်။ ပြီးတော့ ဘုန်းကြီးကို သတ်တယ်။ နောက်ပြီးတော့ ကျောင်းဝင်းထဲကနေ ကလေးတွေက အော်ကြတယ် ဗုဒ္ဓဘာသာဝင်တွေရဲ့ သွေးနဲ့ဆေးမယ်လို့ အော်ကြလို့ ပြဿနာတွေ ပိုမိုကြီးထွားကုန်တယ်။ မွတ်စလင်မ်တွေဟာ အစွန်းရောက်နေကြကြောင်း၊ အသေခံဗုံးခွဲတယ်၊ မွတ်စလင်မ်တွေက မဟုတ်မမှန်သတင်းတွေ ပြောဆိုကြတယ် ဆိုတာတွေပြောတယ်။ ပြီးတော့ သူပြောပုံတွေက ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို မွတ်စလင်မ်တွေက အပြစ်မြင်နေတာတွေကို ရပ်တန့်စေဖို့ မွတ်စလင်မ်တွေကို အပြစ်ပုံချပြီး ပြောတယ်။ နောက် အခု မိတ္ထီလာဖြစ်ရပ်အတွက် စားနပ်ရိက္ခာအတွက် ကူညီပံ့ပိုးမှုတွေကို ၀န်ကြီးချုပ်က အားလုံးစီစဉ်ပေးထားတယ် ဆိုတာကို ပြောတယ်။ မိတ္ထီလာကိစ္စအတွက် ၀န်ကြီးချုပ်အနေနဲ့ ကူညီမှုတွေ စီစဉ်ပေးတာ အခုအချိန်ထိ မရှိပါဘူး။ အဲဒါကို ၀န်ကြီးချူပ်က သူစီစဉ်ပေးထားတယ်လို့ ပြောပါတယ်။
ကျွန်တော်တို့ ထင်ထားတာက အခုဖြစ်ပွားသွားတဲ့ မိတ္ထီလာကိစ္စအတွက် စေ့စပ်ညှိနှိုင်းမှုတွေ၊ ပြန်လည်ပြင်ဆင်ရေးအတွက် ဘာတွေ လုပ်ဆောင်ကြမလဲဆိုတာ ခေါ်ယူတွေ့ဆုံပြောဆိုမယ်လို့ ထင်ထားခဲ့ကြတာပါ။ ၀န်ကြီးချုပ်က အဲဒါတွေ မပြောပဲ မွတ်စလင်မ်တွေဘက်ကို ဖိပြီး ပြောလိုက်တော့ တော်တော်လေး အံ့သြသွားတယ်။
Q – ၀န်ကြီးချုပ်က အခုလို ပြောလိုမှုအပေါ် အဖွဲ့ကြီးက ခေါင်းဆောင်တွေအနေနဲ့ ဘာတွေများ ပြန်ပြီး ဆွေးနွေးခဲ့ကြပါသလဲ။
A – ၀န်ကြီးချုပ်က အဲလိုပြောလိုက်တော့ ကျွန်တော်လည်း ၀န်ကြီးချုပ်ကို ရှင်းပြပါတယ်။ ကျွန်တော်တို့ မွတ်စလင်မ်တွေဟာ အစွန်းရောက်တွေ မဟုတ်ဘူးဆိုတာရယ်၊ ကျောင်းဝင်းထဲက ကလေးတွေအော်တာဟာလည်း ဘုရားသခင် နာမကို တသပြီး ကြောက်ရွံ့အော်ဟစ်တာဖြစ်တယ်ဆိုတာရယ်၊ မွတ်စလင်မ်တွေအနေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက်လည်း အထူးကြိုးပမ်း ဆောင်ရွက်နေတယ်။ သံဃာတော်တွေကို အပြစ်မြင်နေတယ်ဆိုတာလည်း မဟုတ်ကြောင်း၊ မန္တလေးမှာ ဘာသာပေါင်းစုံချစ်ကြည်ရေး အခမ်းအနားလုပ်တော့ သံဃာတော်တွေအတွက် သင်္ကန်းတွေကို ကျွန်တော်တို့ငွေနဲ့ ကျွန်တော်တို့ ၀ယ်ယူလှူဒါန်းပါတယ်။ မော်လ၀ီတွေအတွက် ပုဆိုးလှူပါတယ်။ ဒါမျိုးတွေ လုပ်ခဲ့ကြတာပါ။ အကြမ်းဖက်မှုကို မြန်မာနိုင်ငံက မွတ်စလင်မ်တွေလုပ်မှာ မဟုတ်ဘူးဆိုတာ ပြောတယ်။ ပြီးတော့ အခုဆို ယှအ်ဗာန်လ ရမသွာန်လ(ဥပုသ်လ)ကို ရောက်တော့မယ်။ ဒါကြောင့် မွတ်စလင်မ်တွေအတွက် ဗလီတွေ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ လိုအပ်ကြောင်း အဲဒါတွေကို ပြောပြတယ်။ အဲဒီမှာ ၀န်ကြီးချုပ်က ကျွန်တော့်ကို ငေါက်ငမ်းပါတယ်။ ခင်ဗျားကို ပြောနေတာမဟုတ်ဘူး။ ခင်ဗျားနဲ့ ဆွေးနွေးနေတာမဟုတ်ဘူး။ ခင်ဗျားကို ထပ်ပြောခွင့် မပေးနိုင်ဘူးလို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်လည်း ပြောသင့်တာကို ထပ်ပြောပြပါတယ်။
Q – ဒီတော့ ၀န်ကြီးချုပ်က ဘာပြောပါသလဲ။
A – ၀န်ကြီးချုပ်က ကျွန်တော့်ကို ခင်ဗျားတို့ဘာကို ရည်ရွယ်နေတယ်ဆိုတာသိတယ်။ ခင်ဗျားဆက်ပြောရင် ဘယ်ရောက်မယ်ဆိုတာ သိတယ်။ အခု ခင်ဗျားပြောနေတာ တစ်ခုခုဖြစ်လာရင် ခင်ဗျားတရားခံပဲ။ ဖြစ်လာတာနဲ့ ခင်ဗျားကို အရင်ဖမ်းချုပ်မယ် ဆိုပြီး ကြိမ်းဝါးတယ်။
Q – ဟုတ်ကဲ့။ ဒါဆိုရင် အဲဒီ တွေ့ဆုံမှုရဲ့ နောက်ဆုံး အချုပ်က ဘယ်လို အဆုံးသတ်ခဲ့ပါသလဲ။
A – နောက်တော့ သူဆက်ပြောတယ် အခု သင်္ကြန်ကာလရောက်တော့မှာ သင်္ကြန်ကာလမှာ အက်ဆစ်နဲ့ပက်မယ်၊ ဘာဖြစ်မယ် ညာဖြစ်မယ် အဲလိုတွေ သတင်းထွက်နေတယ်။ အဲဒါတွေကို မွတ်စလင်မ်တွေက ထိန်းပေးဖို့ ပြောတယ်။ နောက်ဆုံး အချုပ်ကတော့ အဲဒါပါပဲ။
Q – ၀န်ကြီးချုပ်က အခုလို ခေါ်ယူတွေ့ဆုံပြီး ပြောဆိုကြိမ်းမောင်းခဲ့တာတွေ၊ မျှတမှုမရှိပဲ ဘက်လိုက်ပြီး တဘက်သတ်ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး သမ္မတကို စာတင်မယ်လို့ သိရတယ်။ အဲဒါကရော ဘယ်လိုများ လုပ်ဆောင်နေပါသလဲ။
A – ၀န်ကြီးချုပ်ရဲ့ အခုခေါ်ယူတွေ့ဆုံမှုက သက်သက်မဲ့ ကြိမ်းမောင်းခြိမ်းခြောက်မှု ပုံစံပါပဲ။ ၀န်ကြီးတစ်ဦးအနေနဲ့ မလုပ်သင့်တာကို လုပ်တယ်။ ဒါကြောင့် ကျွန်တော်တို့ သမ္မတဆီရော ပြည်သူ့လွှတ်တော်ဥက္ကဌဆီရော တရားဝင် တိုင်ကြားသွားမှာပါ။ အဖွဲ့ကြီးတွေ အနေနဲ့ အဲဒါကို စီစဉ်နေပါပြီ။
Q – အခုလို ဖြစ်သွားတဲ့ ကိစ္စရပ်အပေါ်မှာ ဦးသိန်းဝင်းအောင် အနေနဲ့ ဘာများ ပြောချင်ပါသေးလဲ။
A – အခုထွက်ပေါ်လာတဲ့ သတင်းတွေက မွတ်စလင်မ်တွေဘက်က ထုတ်တဲ့သတင်းမဟုတ်ပဲ တခြားက သူတို့ဘာသာသူတို့ ကောလဟလ သတင်းထုတ်၊ ပြီးရင် မွတ်စလင်မ်တွေဘက် လှည့်ပြောတာမျိုးကိုတော့ ကျွန်တော်တို့လက်မခံပါဘူး။ ကျွန်တော်တို့ကတော့ အဲဒါအတွက်ဆို ပွင့်ပွင့်လင်းလင်းသာပြော လိုအပ်ရင် ကျွန်တော်တို့ ကိုယ်တိုင် ကင်းစောင့်ပေးရမလား စောင့်မယ်။
ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ မပြောသင့်တာတွေကို ပြောတယ်။ မဖြစ်သင့်ပါဘူး။ ပြီးတော့ မွတ်စလင်မ်တွေ ဗုံးခွဲတယ်ဆိုပြီးပြောတယ်။ မွတ်စလင်မ်တွေ ဗုံးမခွဲပါဘူး။ ဒါပေမယ့် နှလုံးသားတွေကို ခွဲပြပါမယ်။ လာမယ့် ၂၀၁၅-ခု ရွေးကောက်ပွဲကျရင် မြင်တွေ့ရမှာပါ။ ကျွန်တော် အဲဒါပဲ ပြောချင်ပါတယ်။
Q – ဟုတ်ကဲ့ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
A – ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။

OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အချက် (၇)ချက်အား ဆုံးဖြတ်
Tag :
အစ္စလာမ်ရေးရာ
![]() |
| အိုအိုင်စီအကြီးအကဲများ သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ-Rvision) |
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့OIC က ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၄)ရက် တနင်္ဂနွေနေ့က ဆော်ဒီအာရေဗျီးယားနိုင်ငံ ဂျစ်ဒါမြို့တွင် ကျင်းပပြီးစီးခဲ့သော အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအဆင့် တံခါးပိတ် အထူးအစည်းအဝေးတွင် အောက်ပါအချက်အလက်များကို တောင်းဆိုဆုံးဖြတ်၍ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။
- မြန်မာနိုင်ငံသို့ OIC ကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးခွင့်ပြုရန်
- မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး အကြမ်းဖက်မှုများနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာရန်
- ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရန်
- အချက်အလက်ရှာဖွေရေး မစ်ရှင်တစ်ဖွဲ့စေလွှတ်ရေး
- လူ့အခွင့်အရေးကော်မရှင်ကိုလည်း မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေးခွင့်ပြုရန်
- မြန်မာနိုင်ငံမှအစ္စလာမ် ဘာသာဝင်များ၏ အသက် အိုးအိမ် အကျိုးစီးပွားများအား မြန်မာနိုင်ငံအစိုးရမှ အပြည့်အ၀ ကာကွယ်၍ လုံခြုံမှုပေးရန်
- အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်များ၊ အိမ်များ၊ ပညားရေ၊ ကျန်းမာရေး၊ စီပွားရေးများကို အပြည့်အဝ ကာကွယ်လုံခြုံမှုပေးမည်ဟု မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂထံသို့ အမြန်ဆုံး ကတိပြု ခံဝန်လက်မှတ်ထိုးပေးရန်
အစရှိတဲ့ အချက် (၇)ချက်အား ထုတ်ပြန်၍ မြန်မာအစိုးရကို ပန်ကြား တောင်းဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။
မြန်မာနိုင်ငံမှာ မနှစ်က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့တာကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရသလို၊ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္တီလာမြို့ကစတင်တဲ့ အကြမ်းဖက်မှုတွကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ကြရပါတယ်။
ဒါ့အပြင် အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းများ၊ အိမ်များ အဖျက်အဆီးခံခဲ့ရပြီး မွတ်စလင်မ်အများစုပါဝင်သည့် ထောင်ပေါင်းများစွာသော ဒေသခံများမှာ ဒုက္ခသည်စခန်းများအတွင် နေထိုင်ရဆဲ ဖြစ်ပါတယ်။

ref:အလင်းမျက်ဝန်း
အမျိုးသားနဲ့ အမျိုးသမီး များကြား စိတ်ပိုင်း ဆိုင်ရာ ကွာခြားချက် များကို သိပ္ပံပညာရှင်တို့  ယခုလို တွက်ချက် အဖြေထုတ် ထားပါတယ်။
၁။ အမျိုးသားတို့သည် အမျိုးသမီးများထက် နှစ်ဆမှ သုံးဆအထိ စိတ်အပြောင်းအလဲ ဖြစ်သည်။
၂။ အမျိုးသမီးများသည်
မျက်နှာသွင်ပြင်များကို ပိုမို မှတ်သားနိုင်ပြီး အထူး သဖြင့်
အမျိုးသမီးအချင်းချင်း မျက်နှာများကို ပိုမို အလွတ်ရ
မှတ်သားနိုင်သည်။
၃။ မိမိလုပ်ဆောင်ချက်များအပေါ်
မကျေမနပ်ဖြစ်ခြင်း/ အကောင်း မမြင်နိုင်ခြင်း၊ စိတ်တိုင်းမကျခြင်းတို့မှာ
အမျိုးသမီးတို့တွင် ပိုအဖြစ်များသည်။
၎။ အမျိုးသမီးအများစုက တစ်ခုခုကိုသာ
ထူးချွန်ကျွမ်းကျင်ပြီး ကျန်သည့် အရာ၊ လုပ်ငန်းဆောင်တာများအား
မလုပ်ဆောင်နိုင်ဟု ထင်မြင်ယူဆနေကြသည်။
၅။ အမျိုးသားများက ၇ စက္ကန့်တွင် တစ်ခါ Sex နှင့်ပက်သက်၍ စဉ်းစား တွေးခေါ်သည်။ (ပျှမ်းမျှအားဖြင့်)
၆။ အမျိုးသမီးများက အမျိုးသားများထက်
နှစ်ဆခန့် စကားပိုပြောသည်။ အမျိုးသား တစ်ဦးက တစ်ရက်ကို စကား အလုံးရေ ၁၂၅၀၀
မျှပြောလျှင် အမျိုးသမီးတစ်ဦးက ၂၅၅၀၀ မျှပြောသည်။ ( ယင်းအချက်ကို
ယခုနောက်ပိုင်း လက်မခံကြတော့ပဲ အမျိုးသားများက ပိုမို စကားများကြောင်း
သက်သေပြမှုများ ရှိလာခဲ့သည်။)
Ref: medicfacts
ဝါဒဖြန့် သတင်းမှားအား ပဋိပက္ခများ ကြိုတင်တားဆီးရေး ကော်မတီ (မန္တလေး)မှ ကြေငြာချက် ထုတ်ဖြေရှင်း
Tag :
ကြေညာချက်
ဆိုရှယ်မီဒီယာများတွင် မန္တလေးမြို့မှ ကီးမားတင်ဝင်း အား လုပ်ကြံဝါဒဖြန့်နေသည့် သတင်းနှင့် ပတ်သက်ပြီး ပဋိပက္ခများ ကြိုတင်တားဆီးရေး ကော်မတီ (မန္တလေး) မှ သတင်းအမှားဖြစ်ကြောင်း တစုံတရာ ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ယနေ့ ဧပြီလ ၁၁ ရက်နေ့ နေစွဲဖြင့် သတင်းထုတ်ပြန်လိုက်ပါသည်။
ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းဝဘ်ဆိုဒ်များတွင် အစ္စလာမ်ဆန့်ကျင်ရေး
လှုပ်ရှားမှုများနှင့်အတူ ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင် လုပ်ငန်းရှင်များကို
နည်းလမ်းပေါင်းစုံဖြင့် ပစ်မှတ်ထား လုပ်ကြံဝါဒဖြန်မှုများ အရှိန်အဟုန်ဖြင့်
လုပ်ဆောင်လာမှုကို တွေ့ရှိရပါသည်။
ကြေငြာချက်ကို ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်တားဆီးရေးကော်မတီ FB စာမျက်နှာမှ ကူးယူဖော်ပြသည်။
ပြီးခဲ့တဲ့ မတ်လအတွင်း
ပဋိပက္ခစတင်ဖြစ်ပွားခဲ့တဲ့ မိထ္ထီလာမြို့ နယူးဝိန့်စိန် ရွှေဆိုင်က ၃ ဦး ကို
မိထ္ထီလာမြို့နယ် တရားရုံးက ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
မိထ္ထီလာမြို့ အမှတ် ၂
ရဲစခန်းမှာ အမှုဖွင့်ပြီး ဧပြီ ၅ ရက်နေ့မှ စတင်ကာ မြို့နယ် တရားရုံးမှာ
ပြစ်မှုကြီးအမှတ် ၁၁၇၈/ ၂၀၁၃ ဖြင့် ကြားနာစစ်ဆေးပြီး အသိသက်သေ ၁၃ ဦးနဲ့
စစ်ဆေးခဲ့တယ်လို့ ဧပြီ ၁၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
တရားခံတွေကတော့
ဦးထွန်းထွန်းဦး (ခ) အာရှစ်နဲ့ အလုပ်သမား ညီညီ (ခ) မင်းအောင်တို့ကို
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၂၊ ၃၂၅နဲ့ ၃၂၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ်၊
ရွှေဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်အေးကို ပုဒ်မ ၃၈၂၊ ၃၂၅/၁၁၄နဲ့ ၃၂၄/၁၁၄ အရ
အလုပ်နဲ့ ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ်စီ ကျခံစေဖို့ တရားရုံးက ချမှတ်
စီရင်လိုက်တယ်လို့ ဆိုပါတယ်။
ဈေးအရှေ့ဘက်ရှိ
နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေဆံကုပ် လာရောက်ရောင်းချရာကနေ
ရောင်းသူနဲ့ ၀ယ်သူ အချင်းများ ကိုယ်ထိလက်ရောက် ရိုက်နှက်မှု
ဖြစ်ပေါ်ခဲ့ပြီးနောက် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တာပါ။
အကြမ်းဖက်
ပဋိပက္ခတွေကြောင့် ၄၃ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝ ကျော်၊ ဗလီ ၃၇ လုံး၊
ဈေးဆိုင် ၇၇ ခုလည်း ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က
တရားဝင်ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ်မှာ လူ ၁ သောင်းလောက်
ဒုက္ခသည်ဖြစ်ခဲ့ရပြီး ရဲက လူ ၆၈ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
news>>>burmese.dvb
တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေ အချိန်မီ မပြဋ္ဌာန်းနိုင်ပါက နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းပြောကြား
Tag :
သတင်များ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဧပြီလ ၁၀ရက်က တွေ့မြင်ရစဉ်
တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေအား အချိန်မီ မပြဋ္ဌာန်းနိုင်ပါက နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
အဆိုပါ ပြောကြားချက်အား ဧပြီလ ၁၀ရက်နေ့က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်ရုံးတွင် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေရေးဆွဲ ညှိနှိုင်းရေး အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
''မြန်မာနိုင်ငံရဲ့ အခြေခံအကျဆုံး လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေ အဆင်ပြေသလား ကြည့်လိုက်ရင် အဆင်မပြေကြပါဘူး။ သာမန်ကြည့်ရင် သူတို့ အဆင်မပြေတာ ဆိုပေမဲ့ နိုင်ငံနဲ့ဆိုင်တဲ့ ပြဿနာပါ။ သူတို့ ဆင်းရဲနေမယ်ဆို ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းတဲ့နိုင်ငံ ဖြစ်မလာနိုင်ပါဘူး''ဟု သူရဦးရွှေမန်းက သုံးသပ် ပြောကြားသည်။
ဆွေးနွေးပွဲသို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များနှင့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ၀န်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဆန်စပါးလုပ်ငန်း အသင်းချုပ်၊ မြန် မာနိုင်ငံ တောင်သူလယ်သမား အသင်းတို့မှ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတ၀န်းတွင် ဖြစ်ပွား နေသည့် လယ်ယာမြေသိမ်းဆည်း ခံရမှုများကြောင့် လယ်သမားအများ စုမှာ ဘ၀ရပ်တည်ရေး ခက်ခဲမှု ရှိ နေသည့်အပြင် ထိုက်သင့်သည့် ကာလပေါက်ဈေး လျော်ကြေးငွေ မရရှိမှု၊ စီမံကိန်းကြောင့် ဖြစ်ပေါ် လာသည့် ဆိုးကျိုးများကြောင့် ဘ၀ရပ်တည်ရန် ခက်ခဲမှုစသည့် ဖြစ်ရပ် များအပြင် စိုက်ပျိုးချေးငွေ မလုံ လောက်မှုကြောင့် ပြင်ပမှ အတိုးနှုန်း မြင့်မားစွာ ရှာဖွေစိုက်ပျိုးရမှုများ ဖြစ် ပေါ်နေသည့် အပြင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် အကြွေးပတ် လည်ဝိုင်းသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။
တောင်သူလယ်သမား အကျိုး စီးပွား ကာကွယ်သည့် ဥပဒေတွင် အဓိက အချက် ၃ ချက်အား ဥပဒေ အကြမ်းတွင် ထည့်သွင်းထားပြီး အဆိုပါ အချက်များမှာ လုံလောက် သည့် ချေးငွေ ရရှိရန်၊ လက်မှုလယ် ယာမှ စက်မှုလယ်ယာသို့ပြောင်းလဲ ရာတွင် စက်မှုဆိုင်ရာရင်းနှီးမြှုပ်နှံ မှုများ ထောက်ပံ့ပေးရန်၊ ဈေးကွက် ရရှိရေးနှင့် သင့်တော်သည့် ဈေးနှုန်း သတ်မှတ်ပေးနိုင်ရန် စသည့် အချက် များဖြင့် ရေးဆွဲထားကြောင်း သိ ရသည်။
''ချေးငွေ တိုးမြှင့်ရနိုင်ဖို့ အ တွက် ဘဏ်တွေငွေကြေးဆိုင်ရာကော် မတီတွေ ညှိနှိုင်းဖို့ လိုသလို၊ စက်မှု လယ်ယာပြောင်းဖို့ ဈေးကွက် ရရှိဖို့လည်း စီးပွားကူးသန်း၊ လယ် ဆည် တို့ ပါဝင် စဉ်းစားလုပ် ဆောင်ဖို့လိုတယ်။ မွေးမြူရေးသမား တွေအတွက် အဆင်ပြေအောင် လည်း မွေးရေ၀န်ကြီးဋ္ဌာနက ပါဝင် ကူညီဖို့လိုတယ်။ ဒီကိစ္စသုံးခုကို ပေါင်းစဉ်းစားနေရင် လယ်သမား တွေ ဒုက္ခရောက်သွားနိုင်သလို ဥပဒေလည်း ပေါ်လာနိုင်မှာ မဟုတ် ဘူး။ ဒါဆိုရင် လယ်သမား ပြသနာ ကနေ၊ နိုင်ငံတော်ပြသနာအထိဖြစ် သွားနိုင်တယ်'' ဟု သူရဦးရွှေမန်းက ဆက်လက်ပြောသည်။
လယ်သမားအကျိုးစီးပွားကာ ကွယ်နိုင်ရေးဥပဒေတွင် လယ်သမား များအနေဖြင့် စိုက်ပျိုးသီးနှံ၊ စပါး များအား လွတ်လပ်စွာ စိုက်ပျိုး ရောင်းချနိုင်ခွင့် ပါဝင်သင့်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ဆွေးနွေးခဲ့ပြီး တောင်သူလယ်သမား အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီမှလည်း စီမံကိန်းအပါအ ၀င်ရာသီဥတုကြောင့် ပျက်စီးသွား သည့် လယ်ယာမြေများအား အာမ ခံပေးနိုင်သည့် အချက်အလက်များ ထည့်သွင်းပေးရန် တင်ပြခဲ့သည်။
အဆိုပါ တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်သည့် ဥပဒေ အား လွှတ်တော်အတွင်း တင်ပြ ဆွေးနွေးနိုင်ရန် အမြန်ဆုံးရေးဆွဲရန် လိုအပ်ကြောင်းလည်း သူရဦးရွှေမန်း ကပြောသည်။
လွန်ခဲ့သည့် လအနည်းငယ် အတွင်း ဦးပိုင်၊ အော့ချက်စသည့် ကုမ္ပဏီများမှ လုပ်ကိုင်သည့် စီမံ ကိန်းများကြောင့် လယ်ယာမြေများ အသိမ်းဆည်းခံရသည့်အပြင် ထိုက် သင့်သည့်လျော်ကြေး မရရှိသဖြင့် စစ်ကိုင်းတိုင်း မုံရွာခရိုင်ရှိ လက်ပံ တောင်းတောင်စီမံကိန်းတွင် သပိတ် စခန်းများ ဖွင့်လှစ်ခဲ့မှု အပေါ် အ ကြမ်းဖက် နှိမ်နင်းမှုနှင့် မအူပင် မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု အစရှိသည့် နေရာများတွင် ဆူပူ မှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ နှင့် လယ်သိမ်းခံ ပြည်သူများ အကြားအဓိကရုဏ်းများလည်း ဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။
eleven news
ပါကစ္စတန်တွင် မျက်လုံးလေးလုံး ပါရှိပြီး ပါးစပ် မပါရှိသည့် ထူးခြားသော ငါးအသေကောင် တွေ့ရှိ
Tag :
အထွေထွေ
ပါကစ္စတန် နိုင်ငံ ကရာချိ မြို့တော်ရှိ ကလပ်ဖ်တန် ကမ်းခြေတွင် ဧပြီ ၁ ရက်က မျက်လုံးလေးလုံး ပါရှိပြီး ပါးစပ် မပါရှိသည့် ထူးခြား ဆန်းပြားသော ငါးအသေကောင်အား တွေ့ရှိခဲ့ကြောင်း သိရ သည်။
ထို့နောက် ဒေသခံ ပြည်သူ ၁ဝဝ ခန့်သည်
ယင်းကမ်းခြေသို့ လာရောက်၍ အစုံစား သတ္တဝါဟု ယူဆရသော ၎င်း ငါးအား တအံ့တသြ
ကြည့်ရှုခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ ဖော်ပြ ခဲ့သည်။ ဒေသခံ များသည်
ယင်းငါး အသေ တွေ့ရှိမှုအား ဒေသတွင်းရှိ ရဲတပ်ဖွဲ့သို့ အကြောင်း ကြားခဲ့ပြီး
လုံခြုံရေး တပ်ဖွဲ့များသည် ၎င်းဧရိယာ တစ်ဝိုက်သို့ အစောင့်အကြပ် များဖြင့်
ပိတ်ဆို့ ခဲ့ကြ သည်။ ဒေသခံ များသည် ထူးခြားသည့် အဆိုပါ ငါးအား ရေကျချိန်
အတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းငါးသည် ပါကစ္စတန် နိုင်ငံ၌ မကြာမီ
ကျင်းပမည့် ရွေးကောက်ပွဲအား နှောင့်နှေး စေနိုင်ခြင်း သို့မ ဟုတ် အဟန့်အတား
တစ်ခု ဖြစ်စေနိုင်သည့် လက္ခဏာ တစ်ရပ် ဖြစ်နိုင်သည်ဟု ဒေသခံ အချို့က ယူဆလျက်
ရှိသည်။ သို့ရာတွင် အာဏာပိုင်များက နိုင်ငံအတွက် နိမိတ်ဆိုး တစ်ခုဟု
ထင်မြင် ယူဆ ကြသော ၎င်းကောလာဟလ များအား ပယ်ချခဲ့ပြီး ၎င်းငါးသည် သန္ဓေ ပြောင်းလဲမှု
ဖြစ်စဉ်အရ ယင်းကဲ့သို့ ထူးခြားနေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ၎င်းငါးတွင်
ပါးစပ် မပါရှိခြင်းေ ကြာင့် အစား အစာကို မည်သို့ စားသောက်မည် နည်းနှင့်
စပ်လျဉ်း၍ အမျိုးမျိုး ယူဆလျက် ရှိကြောင်း ဒေသတွင်း ငါးနှင့် ရေလုပ်ငန်း
ဆိုင်ရာ စူးစမ်း လေ့လာရေး ဝန်ကြီးဌာနမှ အကြီးအကဲေ ဟာင်း တစ်ဦးဖြစ်သူ
အာဇက်မှု ကွမ်က ပြောကြားခဲ့သည်။
ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြားအနေနဲ့ ရေစိုခံတဲ့အပြင် ကားတစ်စီးရဲ့
အလေးချိန်ကို ခံနိုင်ရည်ရှိတဲ့ RugGear Explorer P860 ဖုန်းကို
ဖော်ပြပေးလိုက်ပါတယ်။ RugGear ကတော့ ဂျာမနီထုတ်ကုန်တစ်ခုဖြစ်ပြီး
အကြမ်းခံပြီး ရေစိုခံတဲ့ ဖုန်းတွေကို အဓိကထား ထုတ်လုပ်လျက် ရှိပါတယ်။
RugGear Explorer P860 ဖုန်းက ပါးလွှာပေါ့ပါးတဲ့ စမတ်ဖုန်း ဒီဇိုင်းတော့
မဟုတ်ပါဘူး။ ၂ တန်ရှိတဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိဖို့အတွက်
ထုထည်ကြီးကြီး ဒီဇိုင်း ဖြစ်ပါတယ်။ အမြင့်ပေါ်က ဖုန်း အမှတ်တမဲ့
လွတ်ကျသွားပြီး ကားတက်ကြိတ်တာတောင်မှ ဘာမှမဖြစ်တဲ့ ဖုန်းလေးပါ။
ရေစိုခံနိုင်တဲ့အတွက်လည်း မြန်မာတို့ရဲ့ သင်္ကြန်အချိန်အခါသမယမှာ
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရေထဲမှာလည်း အလုပ် လုပ်နိုင်တဲ့ ဖုန်းလေး
ဖြစ်ပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ ရေလုပ်ငန်းခွင်နှင့်
ကြမ်းကြမ်းတမ်းတမ်း လုပ်ရတဲ့ လုပ်ငန်းခွင်တွေမှာ အသုံးပြုဖို့ သင့်လျော်တဲ့
ဖုန်းဖြစ်ကြောင်း အကြံပြုပါရစေ။
RugGear ကုမ္ပဏီက အကြမ်းခံပြီး ရေစိုခံတဲ့ ဖုန်းတွေကို
ထုတ်လုပ်တဲ့နေရာမှာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ဖြစ်ပါတယ်။ ထုတ်ကုန်တွေ
အတွက်လည်း ကမ္ဘာတစ်ဝှမ်းလုံးရဲ့ ယုံကြည်အားထားမှုကို ရရှိထားတဲ့ Mobile Brand
တစ်ခုပါ။ ပြည်တွင်းကိုတော့ RugGear အမှတ်တံဆိပ် ဖုန်းအတွက် RS Mobile က
မြန်မာပြည်ရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချနေတာ ဖြစ်ပါတယ်။
ဒါကြောင့် RugGear အမှတ်တံဆိပ် ဖုန်းပစ္စည်းစစ် ပစ္စည်းမှန်ကို
ဝယ်ယူနိုင်မှာဖြစ်ပြီး ပစ္စည်းအတွက် အာမခံလည်း ပါရှိတာ ဖြစ်ပါတယ်။ RugGear
Explorer P860 အတွက် အာမခံတစ်နှစ်နဲ့ ဝယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
RugGear Explorer P860 ဖုန်းကို ဝယ်ယူမယ်ဆိုရင် Memory 2 GB ကို လက်ဆောင်
ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။
ဒီဇိုင်း
ထုထည်ကြီးကြီး ဒီဇိုင်းပုံစံနဲ့ပါ။ အနက်ရောင်ကိုယ်ထည်ပေါ်မှာ
အဝါရောင်လိုင်းတွေနဲ့ ဒီဇိုင်းဖော်ထားပါတယ်။ စပီကာနဲ့ ကင်မရာကို
ဆင်ယင်ထားတဲ့ ပုံစံကလည်း အမြင်ဆန်းစေပါတယ်။
အကြမ်းခံနိုင်စွမ်း
၂ တန်အထိ အကြမ်းခံနိုင်စွမ်း ရှိပါတယ်။ ဘယ်လောက်အထိ
အကြမ်းခံနိုင်လဲဆိုရင် ကားတစ်စီး တက်ကြိတ်တာတောင် ပူစရာမလိုတဲ့ ဖုန်းပါ။ ၂
မီတာအကွာ အမြင့်ကနေ ပစ်ချရင်တောင် မည်သည့်ပျက်စီးမှုမှ မရှိစေရဘူးလို့လည်း
RugGear က ဆိုထားပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်၊
ရေလုပ်ငန်းခွင်နဲ့ ကြမ်းကြမ်းတမ်းတမ်း လုပ်ရတဲ့ လုပ်ငန်းခွင်တွေမှာ
ကောင်းကောင်း အသုံးခံနိုင်တဲ့ ဖုန်းလေး ဖြစ်ပါတယ်။
ရေစိုခံနိုင်စွမ်း
ဖုန်မှုန့်နဲ့ ရေများ ဝင်ရောက်မှုကို တားဆီးပေးမယ့် IP-67 နည်းပညာကို
အသုံးပြုထားပါတယ်။ လျှပ်စစ်ပစ္စည်းများကို ဖျက်ဆီးတတ်သည့် ဆားငန်ရည်နဲ့
ဝင်ရောက် ဖျက်ဆီးမှုကိုတောင် တားဆီးနိုင်ပါတယ်။ ဒါ့အပြင် မိုးရေနဲ့
မြူနှင်းတွေကိုလည်း တားဆီးနိုင်ပါတယ်။ ရေထဲမှာလည်း အလုပ်လုပ်နိုင်တဲ့ ဖုန်း
ဖြစ်ပါတယ်။
ဆက်သွယ်မှု ကွန်ယက်
GSM ရော WCDMA Network နှစ်မျိုးစလုံးကို ထောက်ပံ့ပေးနိုင်ပါတယ်။ Dual
SIM ဖြစ်တာကြောင့် SIM ကဒ်နှစ်ကဒ်ကို တစ်ပြိုင်နက် ထည့်သွင်း
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ GPS နဲ့ Bluetooth လည်း
ချိတ်ဆက်နိုင်ပါသေးတယ်။
Walkie-Talkie
ဖုန်းလိုင်းမမိတဲ့ နေရာဒေသမျိုးမှာ Walkie-Talkie ကို အသုံးပြုပြီးတော့
ဆက်သွယ်နိုင်ပါသေးတယ်။ ၁ ကီလိုမီတာ အကွာအဝေးအထိ Walkie-Talkie ချိတ်ဆက်
အသုံးပြုနိုင်ခြင်းကတော့ စိတ်ဝင်စားစရာ အချက်ပါ။
ကင်မရာ
ဖုန်းရဲ့ အနောက်ပိုင်းမှာ ဓာတ်ပုံတွေ ဗွီဒီယိုတွေ ရိုက်ကူးပေးနိုင်မယ့်
ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ ရေထဲမှာလည်း အသုံးပြုနိုင်တဲ့
ဖုန်းဖြစ်တာကြောင့် ရေအောက် ရိုက်ကူးရေးတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
အလင်းပေးနိုင်မယ့် LED မီးလည်း ပါဝင်ပါတယ်။ ရှေ့ကင်မရာတော့ တပ်ဆင်ထားခြင်း
မရှိပါဘူး။
Ref & Credit to Smart Pro Journal
ဒီဆော့ဝဲလေးကတော့ ဖုန်းဘက်ထရီကို ကြာရှည်အသုံးခံအောင် အလိုလို ပြုပြင်မယ့်
ဆော့ဝဲကောင်းလေးပါ ။ ဘက်ထရီအကုန် မမြန်အောင် ပိတ်သင့်တာ ဖွင့်သင့်တာကို
ရွေးချယ်ဖို့ မြန်မာလိုရေးထားတာမို့ အခုမှစသုံးတဲ့ သူတွေအတွက်ရော၊ပညာအခြေခံ
မမြင့်တဲ့ ကျနော်တို့ လိုလူတွေအတွက် အရမ်းကို အဆင်ပြေတဲ့ ဆော့ဝဲကောင်းပါ
ဆော့ဝဲအတော်များများ မြန်မာလိုထွက်လာနိုင်တာ ၀မ်းသာစရာပါပဲ၊။ ဒီဆော့ဝဲက
သူချစ်သူအတွက် လက်ဆောင်ထွင်ပေးတာလို့ ရေးထားပါတယ် ။ ၊ဆော့ဝဲ သုံးရင်
အထဲမှာ အလိုလိုပါနေပါလိမ့်မယ် ။မြန်မာလို သုံးချင်ရင်အောက်ကလင့်မှာယူလိုက်ပါ
ref :မောင်(စွယ်စုံကျမ်း)
တရားဥပဒေအောက်တွင် နိုင်ငံသားအားလုံးတန်းတူဖြစ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်(ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)
ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အစ္စလမ်သာသာရေးအဖွဲ့အစည်းများမှာ ဘာသာရေးခေါင်းဆောင်များ ဧပြီလ ၈ ရက်နေ့က တွေ့ဆုံစဉ် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ နှင့်ပတ်သက်ပြီး လာရောက်အကူအညီတောင်းမှုကို အထူးအလေးထားပြီး တရားဥပဒေစိုးမိုးရေးအတွက် လွှတ်တော်မှ တဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များကို ကတိပြုပြောဆိုသည်။
“ပေါင်မုန့်တောင်းတဲ့သူကို ခဲလုံးမပေးရဘူးဆိုတာ ကျမ်းစာထဲမှာပါတယ်။ ကျမတို့ကို ယုံယုံကြည်ကြည် နဲ့လာပြီး အကူအညီတောင်းတဲ့သူတွေကို ခဲလုံးပေးတဲ့ပုံစံမဖြစ်ချင်ဘူး။ ကျမတို့ရဲ့ ခံစားမှုအရ၊ မျှော်လင့်ချက်အရ ကျမတို့ရဲ့ဦးတည်ချက် အရ ဒီနိုင်ငံမှာ အားလုံးအေးအေးချမ်းချမ်းနဲ့ ချစ်ချစ်ခင်ခင်နဲ့ နေနိုင်တဲ့နိုင်ငံဖြစ်စေချင်တယ်။ ကျမတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးအတွက် ဘာလုပ်ဖို့လိုလဲဆိုတာကို တတ်နိုင်သမျှ လေ့လာပြီးတော့ တင်ပြပြီးတော့ လွှတ်တော်ကနေ တဆင့်လုပ်ရမှာပဲ။ ကျမတို့ကော်မတီက တိုက်ရိုက်လုပ်လို့မရပါဘူး။ ကျမတို့တင်ပြချက်တွေမှာ အခြေခံပြီးတော့ လွှတ်တော်ကနေပြီးတော့ တတ်နိုင်သမျှ အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုင်ငံသားအားလုံးလုံခြုံမှုရှိရေးသည် အရေးကြီးပြီး လုံခြုံမှုရှိမှသာလျှင် တဦးနှင့်တဦး အပြန်အလှန် ညှိုနှိုင်းခြင်း၊ အပေးအယူပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရှိ ဥပဒေများသည် တရားမျှတရန် လိုအပ်ပြီး တရားမျှတသော ဥပဒေများအောက်တွင်လည်း နိုင်ငံသားအားလုံး တန်းတူညီတူ ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်ရခြင်းကို ဂုဏ်ယူကျေနပ်မှုများပေါ်ထွန်းစေရမည်ဟု သူက ဆက်ပြောသည်။
“အားလုံး လုံခြုံမှ တယောက်ယောက်နဲ့ ညှိုနှိုင်းလို့ရမယ်။ တယောက်နဲ့တယောက် အပေးအယူလုပ်လို့ရမယ်။ အဲလိုအခြေအနေဖြစ်ဖို့က နိုင်ငံသားဥပဒေလည်းပါမယ်၊ တရားဥပဒေစိုးမိုးရေးဆိုတာ ကျမ ဥပဒေစိုးမိုးရေးလို့ ဘယ်တုန်းကမှ မပြောဘူး။ နိုင်ငံမှာရှိတဲ့ဥပဒေက တရားမျှတရမယ်။ ရှိတဲ့ဥပဒေအောက်မှာလည်း အားလုံးက တန်းတူညီတူဖြစ်ရမယ်။ ကျမတို့ဖြစ်စေချင်တာက နိုင်ငံသူနိုင်ငံသားအားလုံးက ငါတို့က ဒီနိုင်ငံသူ နိုင်ငံသားဖြစ်တယ်ဆိုတာကို ဂုဏ်ယူနိုင်ရမယ်။ ဂုဏ်ယူနိုင်ရမယ်၊ ကျေနပ်နိုင်ရမယ်။ စောစောကပြောသလို ငါတို့က ဒီတိုင်းပြည်က သူတွေမှ ဟုတ်ရဲ့လားဆိုတဲ့ ကျမတို့နိုင်ငံသူနိုင်ငံသားဘယ်သူမှ သံသယမရှိစေချင်ဘူး။ ဒီနိုင်ငံက နိုင်ငံသူနိုင်ငံသားတွေ၊ ဒီနိုင်ငံက ငါတို့အားလုံးကို အပြည့်အ၀ အကာအကွယ်ပေးတယ်ဆိုတာ မျိုးဖြစ်စေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်၏အတွင်းရေးမှူးချုပ် ဦးကျော်ခင်ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ရမှုအပေါ် ကျေနပ်အားရကြောင်း ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က အချက် ၃ ချက်ပြောတယ်။ အခုဖြစ်ပွားတဲ့ပဋိပက္ခတွေနဲ့ပတ်သက်လို့ သူစိတ်မကောင်းဘူး။ မျှော်လင့်ချက် မမဲ့စေချင်ဘူး။ တရားဥပဒေစိုးမိုးရေး လွှတ်တော်မှာ တင်ပြဆွေးနွေးမယ်လို့ ပြောတယ်။တွေ့ဆုံမှုအပေါ် ကျေနပ်ပါတယ်” ဟု ဦးကျော်ခင်က ဆိုသည်။
ရန်ကုန်မြို့အခြေစိုက်အစ္စလမ်ဘာသာရေးအဖွဲ့အစည်း ၅ ခုက လူနည်းစုအစ္စလမ်ဘာသာဝင်များအပေါ် အကာအကွယ်ပေးရန် သမ္မတဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာတစောင် မတ်လနှောင်းပိုင်းတွင် ပေးပို့ခဲ့သည်။
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် လူ ၄၂ ဦးသေဆုံးခဲ့ပြီး အများစုမှာ အစ္စလမ်ဘာသာဝင် များဖြစ်ကြောင်း ဒေသခံများနှင့် အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ref : irrawaddy
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာ သံရုံး ရှေ့တွင် ယနေ့ ပြုလုပ် ခဲ့သော
ဆန္ဒ ပြပွဲ၌ ထိုင်းနိုင်ငံ အခြေစိုက် ရိုဟင်ဂျာ အချို့မှ ဗိုလ်ချုပ်
အောင်ဆန်း ပုံပါ တီရှပ် တစ်ထည်ကို မီးရှို့၍ ဆန္ဒဖော် ထုတ်ခဲ့ သည်ဟု လူမှု
ကွန်ယက် ပေါ်တွင် ပြန့်နှံ့ နေသော ဓါတ်ပုံ အရ သိရှိ ရသည်။
မြန်မာနိုင်ငံ တွင်းတွင် ဖြစ်ပေါ် နေသော လူ့အခွင့် အရေး ချိုးဖောက် ခံရမှု၊
သတ်ဖြတ် ခံရခြင်း တို့ကို မည် သို့မဆို ဆန္ဒဖော် ထုတ်ခွင့်ရှိ သော်လည်း
ဖြစ်ပွား နေသည့် ပြဿနာ များနှင့်မည်သို့မျှ ပတ်သက် ခြင်းမ ရှိသော မြန်မာ့
လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၏ ပုံပါသော တီရှပ် အင်္ကျီကို
မီးရှို့ ခြင်း အား ပြည်တွင်နေမြန်မာမုစ်လင်မ်များ မည်သို့မျှ လက်မခံ
နိုင်ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ် ချကြောင်းထုတ်ပြန် ကြေညာ အပ်ပါ
သည်။
(မြန်မာမုစ်လင်မ်လူငယ်များ)
(မြန်မာမုစ်လင်မ်လူငယ်များ)
ရန်ကုန်တိုင်းဒေသကြီး မပာာ သင်္ကြန်ကာလတွင် ရေကစားကြမည့်
ပြည်သူများ လုံခြုံရေးအတွက် ရန်ကုန်တိုင်း တစ်တိုင်းလုံးရှိ ရဲအင်အား
ခုနှစ်ထောင်ကျော်မှ တစ်ဝက်ခန့် အသုံးပြု သွားမည် ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒု-
ရဲမှုးကြီး ဦးသက်လွင် ကပြောသည်။
၎င်းက “ဆရာတို့စီမှာ ရှိတဲ့  အင်အားက ၇၀၀၀ ကျော် လောက်ရှိတယ်။အဲဒီထဲက တ၀က်ကို သုံးပြီး လုံခြုံရေးယူမယ်။ လမ်းအလိုက် လုံခြုံရေးပေးသွားမယ်။” ပာု မဇ္ဈိမကို ပြောသည်။
ထို့ပြင် သင်္ကြန်လုံခြုံရေးအတွက် ပြည်သူများအနေဖြင့်လည်း ဒေါသအား အခြေမခံစေဘဲ မိမိ အသိစိတ်များ
ဖြင့် လုံခြုံရေးကို ထိန်းသိမ်းသင့်ကြောင်း ဒု-ရဲမှူးကြီး ဦးသက်လွင် မှ သုံးသပ်ပြောကြားသည်။
ယခုနှစ် သင်္ကြန်တွင် အစိုးရလုံခြုံရေးများသည် ရေကစားမဏ္ဍပ်ကြီးများရှိရာ မလှမ်းမကမ်းတွင် ရဲတပ်ရင်းများ ချထားကာ လုံခြုံရေးယူမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် မဏ္ဍပ် ပေါ်၌ လုံခြုံရေး ကင်မရာ များတပ်ထားရမည်ဖြစ်ပြီး ထိုကင်မရာများအားနေ့စဉ် မဏ္ဍပ် သိမ်းချိန်တိုင်း နီးစပ်ရာ ရဲတပ်ဖွဲသို့  ပေးပိုကြရမည် ဖြစ်ကြောင်း မဏ္ဍပ်ဆောက်လုပ်ရေး ဆပ်ကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။
သင်္ကြန် ရေကစား မဏ္ဍပ် များ လုံ ခြုံမှု ရှိစေရန် မဏ္ဍပ် ၏ အောက်တွင် အစိုးရပိုင်းဆိုင်ရာ
ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်သူ့  လုံခြုံရေးဝန်ထမ်းများအား ချထားပေးစေချင်ကြောင်း မဏ္ဍပ်များမှ တာဝန်ရှိသူ အချို့ ကပြောသည်။
“ဒီနှစ် မဏ္ဍပ်တွေ လုံခြုံရေးအတွက် မဏ္ဍပ်တစ်ခုခြင်းစီရဲ့ အောက်မှာ အစိုးရဘက်က လုံခြုံရေးဝန်ထမ်းတွေ ချထားပေးစေချင်ပါတယ်။”ပာု FHM ရေကစားမဏ္ဍပ် မှမဏ္ဍပ် စီစဉ်သူ ကို ကျော်ကြီးကပြောသည်။
ယခုအခါ သင်္ကြန်မဏ္ဍပ်များ၏ အပေါ်နှင့် အောက်တွင် ပုဂ္ဂလိက လုံခြုံရေးများဖြင့်သာ လုံခြုံရေး ယူရမည်
ဖြစ်ကြောင်း ၊ ပုဂ္ဂလိက လုံခြုံရေး တဦးလျှင် ငွေကျပ် ၁သိန်းအထိ ၀န်ဆောင်ခ ပေးရကြောင်း မဏ္ဍပ် စီစဉ်သူများထံမှ သိရသည်။
မဏ္ဍပ်စီစဉ်သူ ကိုကျော်ကြီးက “ကျွန်တော်တို့ မဏ္ဍပ်မှာဆိုရင် အပေါ်ကို လုံခြုံရေး ၃၀၊ အောက်မှာ ၁၀ ယောက် ချထားရတယ်။ အစိုးရ လုံခြုံရေးတွေလဲ မဏ္ဍပ်နားတွေမှာ ရှိမယ်ဆိုတော့ လုံခြုံမှုရှိနိုင် ပါတယ်” ဟု ဆိုသည်။
ယခုနှစ် မဏ္ဍပ် လျှောက်ထားသူများအား ရန်ကုန်မြို့တော် မဏ္ဍပ်နေရာချထားရေး ဆပ်ကော်မတီမှ စည်းကမ်းချက် (၂၈)ချက် ချမှတ်ကာ ထိုအချက်များထဲမှ မဏ္ဍပ်ကြီးနှင့် မဏ္ဍပ်လတ်များတွင် လုံခြုံရေးအတွက် CCTV ကင်မရာများအား တပ်ဆင်ထားရန် အဆိုပါ ကင်မရာများမှ မှတ်တမ်း များအား သက်ဆိုင်ရာ ကွပ်ကဲရေးမှူးရုံးများသို့  ည ၈ နာရီ ထပ်နောက်မကျစေဘဲ ပေးပို့ရန် တို့  ပါဝင်သည်။
ထို့ပြင် ယခုထွက်ပေါ်နေသော အက်စစ်နှင့် သင်္ကြန်တွင် ပတ်မည်ဆိုသည့် သတင်းမှာလည်း မဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒု- ရဲမှုးကြီး ဦးသက်လွင် ကပြောသည်။