စော်ဘွားကြီးကုန်း ၀င်းအတွင်း ဂက်(စ်)အိုး ပေါက်ကွဲ၊ သုံးဦးသေဆုံးပြီး ငါးဦးအပြင်းအထန်ဒဏ်ရာရရှိ
Tag :
သတင်များ
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ငွေလမင်းဆိုင်ခန်းအား တာဝန်ရှိသူများမှ စစ်ဆေးနေသည်ကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး စော်ဘွားကြီးကုန်းအတွင်း ဂက်(စ်)အိုး ပေါက်ကွဲခဲ့မှုကြောင့် လူသုံးဦး သေဆုံးကာ ငါးဦး အပြင်းအထန် ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။
လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သော သံဖြတ် ဂက်(စ်) အိုး ပေါက်ကွဲမှု ဖြစ်စဉ်မှာ စော်ဘွားကြီးကုန်း ကုန်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းဝင်းအတွင်း ကျောက်စိမ်းလမ်းရှိ ငွေလမင်း သံပစ္စည်းရောင်းဝယ်ရေးဆိုင်တွင် ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲနှစ်နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးမှုတွင် ၁၄ နှစ် အရွယ် ကလေးငယ်တစ်ဦးအပါဝင် ကျားသုံးဦးနှင့် ဒဏ်ရာရရှိခဲ့သူများတွင် ကျားလေးဦး၊မတစ်ဦးတို့ ဖြစ်ကြောင်း စော်ဘွားကြီးကုန်း ရဲစခန်းမှ သိရသည်။ ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်အား အသေးစိတ် စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း လတ်တလော သုံးသပ်ချက်အရ သံဖြတ်သည့် ဂက်(စ်)အိုးကနေတစ်ဆင့် ဖြစ်ပွားခဲ့ကြောင်း စော်ဘွားကြီးကုန်း ရဲစခန်းမှ ဒုရဲအုပ် အောင်မြတ်ဦးထံမှ သိရသည်။
လူသုံးဦး သေဆုံး ခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ဒဏ်ရာရှိခဲ့သည့် ၅ ဦးမှာလည်း ပြင်ထန်သည့် ဒဏ်ရာများ ရရှိခဲ့သဖြင့် အသက်အန္တရယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး အင်းစိန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒုရဲအုပ်အောင်မြတ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားသည့် ဆိုင်ခန်းရှေ့တွင် ဈေးဆိုင်ဖွင့်လှစ်ထားသူ ကိုမင်းလွင်က''ကျွန်တော်တို့ ကြားလိုက်ရတဲ့ ပေါက်ကွဲတဲ့အသံက တော်တော်ကျယ်တယ်။ပြီးတော့ မီးလောင်မှု ဖြစ်နေတာကို တွေ့တဲ့အတွက် ကျွန်တော့်ဆိုင်ခန်းမှာရှိတဲ့ မီးသတ်ဗူးတွေနဲ့ငြိမ်းသတ်မှုတွေ ပြုလုပ်ခဲ့တယ်''ဟု ပြောသည်။
ဂက်(စ်)အိုး ပေါက်ကွဲမှုကြောင့်ငွေလမင်းဆိုင်နှင့် ဘေးဆိုင်ခန်းရှိ ဆိုင်ခန်းနှစ်ခန်းခန့်မှာလည်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ပေါက်ကွဲမှုဖြစ်စဉ်ဒဏ်ကြောင့် အနီးရှိ ဆိုင်ခန်းများ၏ ကြံ့ခိုင်မှုအပေါ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်ဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်းတစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်.....?
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွားရမယ့်အထပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး
၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်.....?
ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထားတယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေက လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် မိမိကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့
၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်.....?
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သားထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကားနံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အလက်တွေကို နောက်ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့အတော်ဝန်လေးသွားပါလိမ့် မယ်...
သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင်တာကြောင့်
သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့
Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက်
ဖြစ်သွားပါလိမ့်မယ်
၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်.....?
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်းဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်
၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်.....?
ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေမှာ ဖြစ်ပါတယ်
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွားရမယ့်အထပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး
၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်.....?
ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထားတယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေက လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် မိမိကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့
၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်.....?
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သားထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကားနံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အလက်တွေကို နောက်ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့အတော်ဝန်လေးသွားပါလိမ့်
၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်.....?
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်းဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်
၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်.....?
ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေမှာ ဖြစ်ပါတယ်
မှတ်ချက် ။ ။
မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေးများအတွက် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း ။

ကွန်ပျူတာကို အချိန် တော်တော်ကြာ အသုံးပြု ထားတော့ ကျောပြင် တစ်ခုလုံး ညောင်းညာနေမယ်။
ကျောရိုး တစ်လျောက်လုံး ထုံကျင်
နေတက်သူများ.. ဒီအနှိပ် စက်လေးကို ဆောင်ထား နိုင်ရင်တော့ အဆင်ပြေနိုင်
ပါတယ်။ ကိုယ်တိုင် ခလုပ်နိုပ်ပြီး အသုံးပြု ရမှာပါ။
မိမိ ညောင်းညာမှုကို ထိရောက်မဲ
့အတိုင်းအဆကို ချိန်ဆလို့ ရနိုင်ပြီး…စိတ်တိုင်းကျ အညောင်းဖြေ နိုင်ပါမယ်။
AC ဗို့ အားသွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။
တခါတလေ အကြောပြေ လိမ်းဆေးတောင် အဆင်မပြေ လောက်တော့ဘူးလို့ ခံစားနေရရင်.. ဒီစက်ကလေး ကိုသာ ဆောင်ထား သင့်ပါတယ်။
ရောင်းဈေး $99.95 လို့ ကြေငြာထားပြီး ဇွန်လလောက်မှ ဈေးကွက်ကို ဖြန့်ချီမယ် လို့လည်း သိရပါတယ်။
Ref; Hammacher
စကားတခွန်းကြောင့် တရားစွဲခံရတဲ့ သတင်းတပုဒ်ကို စိတ်ဝင်စားစရာအဖြစ် ဒီကနေ့ မြန်မာ့အလင်း သတင်းစာမှာ တွေ့လိုက်ရပါတယ်။
သတင်းခေါင်းစဉ်က အတူအိပ်ရင်း စကားပြောမည် ဆိုသူ အရေးယူခံရ ဆိုတဲ့ ခေါင်းစဉ်မို့ စိတ်ဝင်စားစရာ ပါ။
ဖြစ်ပွားခဲ့တာက မိတ္ထီလာ ခရိုင် သာစည်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ အမှုတခုပါ။ ရွာမှာ ရေခပ်ဆင်းထွက်တဲ့ အမျိုး သမီးတဦးကို မကြားဝံ့မနာသာ စကား တခွန်း ပြောလိုက်ပြီး အချင်းများကာ ကိုယ်ထိလက်ရောက် အိနြေ္ဒ ထိခိုက်အောင် ကျူးလွန်ခဲ့လို့ မဆို စကား ပြောခဲ့သူ အမျိုးသားကြီးတဦး အခုတော့ အမှုဖွင့် တိုင်ကြားခံရ တယ်လို့ ဆိုပါတယ်။
စကားပြောတဲ့အခါ မခံချင်အောင် ပြောမိဆိုမိတော့ အခုလို အမှုဖွင့် တိုင်ကြားခံလိုက်ရပါပြီ။
ဒါကြောင့် ရှေးစကားပုံ တခုကို သွားသတိရပါတယ်။
ချစ်အောင်ပြောတာလည်း ဒီပါးစပ်၊ မုန်းအောင်ပြောတာလဲ ဒီပါးစပ် တဲ့။
အခုတော့ အမျိုးသားကြီးခမျာ ချစ်စကားကို မုန်းအောင်ပြောလို့ အရှက်တကွဲ တရား ရင်ဆိုင်ရပါတော့ မယ်။

ရန်ကုန်။ဧပြီ ၂၀ - ဧပြီ ၂၄ရက်နေ့မှာ ချထားပေးမယ့် ငွေကျပ်ထောင့်ငါးရာတန်
ဆင်းကဒ်တွေကို မဲနှိုက်တာမှာ ရပ်ကွက် မြို့နယ် အုပ်ချုပ်ရေးမှုးနဲ့
၎င်းတို့ရဲ့ အမျိုးတွေ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးတို့ ရာအိမ်မှုး ဆယ်အိမ်မှုးနဲ့ သူတို့ရဲ့ အမျိုးတွေ ဒီတစ်ခေါက် မယူသေးဖို့ မေတ္တာရပ်ခံတာပါ.. အခုခွဲတမ်းကလဲ နည်းသေးလို့ပါ နောက်ပိုင်းတော့ အကုန်ရမှာပါ။ဌာန ဆိုင်ရာဆိုလည်း အကြီးအကဲ နဲ့ အရာရှိတွေ မယူဘဲ ၀န်ထမ်းအငယ်တွေကို ဦးစားပေးဖို့မှာထားတယ်လို့ပြောပါတယ်။
ချထားပေးမဲ့ ၈၀၀ မက်ဂါဟက် စီဒီအမ်အေ ဆင်းကဒ်က မြို့နယ်တိုင်းမှာ လိုင်းမမိတဲ့အတွက် ဆက်သွယ်လို့ရတဲ့ မြို့နယ်တွေကို ခွဲတမ်းချပေးမှာလို့သိရတယ်။
တစ်မြို့နယ်နဲ့ တစ်မြို့နယ် ချထားပေးမဲ့ အရေအတွက်မတူဘူး။လူဦးရေများတဲ့ မြို့နယ်ဆို အလုံးရေ များနိုင်တယ်။ဥပမာ လှိုင်သာယာ လိုနေရာမျိုးဆို အလုံးရေများမယ် လို့ အဆိုပါ တာဝန်ရှိသူကပဲ ဆိုပါတယ်။
ထောင့်ငါးရာတန် ဖုန်းမဲနှိုက်ရာမှာ ယခင် ၁၅သိန်း၊၅သိန်း၊၂သိန်း ဖုန်း ပိုင်ဆိုင်မှုများကို ထည့်မတွက်ဘဲ တပြေးညီမဲနှိုက်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ ယခု ထောင့်ငါးရာတန် ဖုန်းကို မဲပေါက်ပြီးတဲ့သူကတော့ နောက်တခါ ချပေးတဲ့အခါ မဲထပ်နှိုက်ခွင့်မရှိပါဘူး။ဒါကလဲ ချထာပေးမဲ့ ဖုန်းအလုံးရေနည်းသေးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။နောက်တစ်ခါချထားပေးမဲ့ ဆင်းကဒ်က စီဒီအမ်အေပဲ ဖြစ်နိုင်သလို GSM လဲဖြစ်နိုင်တယ်လို့ သိရပါတယ်။

ref :kumudrajournal
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ဟာ သီတင်းတပတ်ကြာ ဂျပန်နိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ပြီး
တိုကျို နာရီတာလေဆိပ်ကနေ ဒီနေ့ မနက် ၁၁ နာရီလောက်မှာ လေကြောင်းနဲ
့မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ
မနေ့က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့  သီးသန့် တွေ့ဆုံခဲ့ပြီး
နိုင်ငံဖွံ့ဖြိုးရေးနဲ့ ပညာရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့
နာရီဝက်ကျော်ကြာ ဆွေးနွေးခဲ့ကြပါတယ်။
ဒီလိုတွေ့ဆုံရာမှာ
တိုင်းပြည်ရဲ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်တွေရဲ့ပညာရေးဟာ
အခရာကျတယ်ဆိုတာ ခေါင်းဆောင် နှစ်ဦးစလုံးက သဘောတူခဲ့ကြတယ်လို့ ဂျပန်တိုင်မ်း
သတင်းစာမှာ ဖော်ပြပါတယ်။
ဂျပန်ဝန်ကြီးချုပ်က
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အောင်မြင်အောင်
လုပ်ဆောင်ခဲ့မှုတွေကို ချီးကျူးပြောဆိုခဲ့ပြီး ဂျပန်နိုင်ငံအနေနဲ့
မြန်မာနိုင်ငံမှာ အစိုးရရဲ့ လူမှုရေး အခြေခံအဆောက်အဦတွေ
ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုတွေ၊ ပုဂ္ဂလိကပိုင်း
ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာအောင် ဆောင်ရွက်နေမှုတွေကို အကူအညီပေးမယ်လို့
ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့
မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းဟာ တခြားအာရှနိုင်ငံတွေနဲ့
နှိုင်းယှဉ်ရင် အရမ်းကို နိမ့်ကျနေတဲ့အကြောင်းနဲ့ လူငယ်တွေအတွက်
အသက်မွေးဝမ်းကျောင်းနဲ့ စိုက်ပျိုးရေး ပညာတွေသင်ကြားရေးအတွက်
အကူအညီပေးဖို့လည်း တောင်းဆိုခဲ့တယ်လို့ အစည်းအဝေးတက်ရောက်တဲ့ ဂျပန် အစိုးရ
တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
ဒါပြင် ၀န်ကြီးချုပ်
ရှင်ဇိုအဘေးရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တွေက
မူလတန်းကျောင်း တကျောင်း ဆောက်လုပ်ဖို့ လှူဒါန်းခဲ့တာကို ကျေးဇူးတင်တဲ့
အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ
ခရီးစဉ်အတွင်း ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦတခုဖြစ်တဲ့ တိုကျိုမိုးမျှော်
အဆောက်အဦ၊ ဂျပန်အထင်ကရ အီလက်ထရောနစ်ကုမ္ပဏီကြီးတခုဖြစ်တဲ့ ပင်နာဆိုနစ်
ကော်ပိုရေးရှင်းနဲ့ ရေအားလျှပ်စစ် စက်ရုံတွေကို သွားရောက် လေ့လာခဲ့ပါတယ်။
ဒါ့ပြင် ဂျပန် တက္ကသိုလ်ကျောင်းသားတွေကို ဟောပြောပို့ချမှုတွေနဲ့ ဂျပန်ရောက်
မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲရဲ့ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးကတော့
ဒီခရီးစဉ်ဟာ မျှော်လင့်ထားတာထက် ပိုပြီး အောင်မြင်တဲ့ ခရီးစဉ်ဖြစ်တယ်လို့
သုံးသပ်ပြောကြားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဂျပန်ခရီးစဉ်က ထင်ထားတာထက် ပိုအောင်မြင်တယ်လို့ ပြောရမယ်။ ဘာလို့ဆိုတော့
သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအနေနဲ့လည်း သူတချိန်က ပညာရည်နို့စို့ခဲ့တဲ့
နေရာကို ပြန်သွားရတယ်။ ချီးမြှင့် ဂုဏ်ပြုမှုလည်း ခံရတယ်။ သူပေးချင်တဲ့
အသိပညာတွေကိုလည်း ကောင်းကောင်း တိုက်တွန်းပေးသွားနိုင်တယ်။
ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ပြီးတော့ မြန်မာနိုင်ငံရဲ့ လိုအပ်နေတဲ့
အကြောင်းအရာတွေကိုလည်း တိုက်တိုက်တွန်းတွန်း ပြောဆိုသွားတယ်။
ဂျပန်ဝန်ကြီးချုပ်ကလည်း အကူအညီတွေပေးမယ်လို့ ကတိက၀တ်ပြုသွားတာတွေ ရှိတယ်။
အဲတော့ ဂျပန်လူထုက အရမ်းစိတ်ဝင်စားပြီးတော့
စီးပွားရေးရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်တာတွေကိုလည်း အားလုံးက
သတိထားမိသွားတယ်။ နောက်ပိုင်းမှာ ဂျပန်နဲ့ မြန်မာ ကူးလူးဆက်ဆံမှုက
ယုံယုံကြည်ကြည်နဲ့ ပို ထူးထူးခြားခြား ဖြစ်လာမယ်လို့ ယူဆတယ်။
ဂျပန်နိုင်ငံရဲ့ စီးပွားရေးအင်အားတွေ၊ လူမှုရေးထောက်ပံ့ကူညီမှုတွေ၊
နည်းပညာတွေ အဲဒါတွေ အများကြီးရရှိပြီး မြန်မာပြည်ဟာ အချိန်တိုအတွင်း
ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာမယ်လို့ ယုံကြည်မျှော်လင့်တယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ
၁၃ ရက်နေ့ကတည်းက ဂျပန်နိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၆ ခုနှစ်တုန်းက ကျိုတိုတက္ကသိုလ်မှာ သုတေသီ
တဦးအဖြစ် ပညာဆည်းပူးခဲ့ဖူးပြီး ၂၇ နှစ်တာအတွင်း ဂျပန်နိုင်ငံကို
ပထမဆုံးအကြိမ် ပြန်လည်သွားရောက်ခဲ့တာပါ။
dvb news
နေရာ>>> (စိတ္တဇဆေးရုံ)
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့
ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်" နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်
ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်
လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က
ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး
ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း
မစားချင်ဘူးလားကွ" ဟူတည်း

![]() |
တခု တည်ဆောက် နေမှုသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက်
ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လွှတ်တော်သို့ တင်ပြဆောင်ရွက်သွား မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်
စားလှယ် ဦးဖုန်းမြင့်အောင်က ပြော ဆိုသည်။ စစ်အစိုးရလက်ထက်၁၉၉၂ခုနှစ်ကတောင်ဥက္ကလာပမြို့နယ် အမှတ် ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်း နှင့် သစ္စာ
လမ်းထောင့်ရှိ အများပြည်သူပိုင် ကလေးကစားကွင်းနှင့်ပန်းခြံမြေနေ ရာကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်
ဖွံ့ဖြိုးရေးအသင်းကမြို့နယ်ရုံး ဆောက်လုပ်ပြီး မြေကွက်ကို သိမ်းယူ ခဲ့သည့်အပြင် ရုံးအောက်တွင် ဆိုင်ခန်း
ဖွံ့ဖြိုးရေးအသင်းကမြို့နယ်ရုံး ဆောက်လုပ်ပြီး မြေကွက်ကို သိမ်းယူ ခဲ့သည့်အပြင် ရုံးအောက်တွင် ဆိုင်ခန်း
၁၀ခန်းဖွင့်လှစ်ငှားရမ်းခဲ့ကြောင်း၊၂၀၀၉ခုနှစ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းကို နိုင်ငံရေးပါတီ
အဖြစ်အသွင်ပြောင်းသောအခါပန်းခြံမြေနေရာတွင် ဆောက်လုပ်ထားသော အဆောက်အအုံကို ပါတီရုံးခန်း အဖြစ် အသုံးပြုခဲ့ ကြောင်း၊ ယခုအခါ ကြံ့ခိုင်ရေး ပါတီရုံးခန်းနှင့်မြေနေရာတွင် ရန်နိုင်ဆောက်လုပ်ရေး ကုမ္ပဏီ နှင့်ပူးပေါင်း အဆင်မြင့်ကွန်ဒို အိမ်ရာ စီမံကိန်း တခု တည်ဆောက်ရန် ပြင် ဆင်နေကြောင်း တောင်

ဥက္ကလာ ၉ ရပ်ကွက် ဒေသခံများက ပြောဆိုကြ သည်။
“ကျနော်တို့ ၉ ရပ်ကွက်ထိပ်၊ ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့် ပေ ၁၅၀ နဲ့ ပေ ၁၃၀ အကျယ် အ၀န်း ရှိတဲ့ ကလေးကစားကွင်းနဲ့ ပန်းခြံလေးရှိတယ်။ ၁၉၉၂ ခုနှစ်မှာ ကြံ့ခိုင်ရေးအသင်းက အဲဒီမြေနေရာကို သိမ်းတယ်။ရုံးဆောက်လိုက်တယ်။စစ်အစိုးရလက်ထက်တုန်းကဆိုတော့ကျနော်တို့ကမပြောရဲမဆိုရဲကြဘူး

။ နောက်တော့
ကြံ့ခိုင်ရေးပါတီဖြစ်လာတော့အဲဒီ နေ ရာကိုပါတီပိုင်မြေအဖြစ် ဆက်သိမ်းတယ်။
အခု ရန်နိုင်ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ကြံ့ခိုင်ရေးပါတီတို့ပေါင်းပြီး ကွန်ဒိုအိမ်ရာစီမံကိန်းဆောက်ဖို့  စနေပြီ။ တကယ်ပဲကြံ့ခိုင်ရေးပါတီကပြည်သူ့ဆန္ဒကိုလေးစားတယ်ဆိုရင်အဲဒီပန်းခြံမြေနေရာလေးပြန်ပေးစေ ချင်ပါ
တယ်။ရပ်ကွက်သာရေး၊နာရေး၊တရားပွဲလွတ်လပ်ရေးပျော်ပွဲရွှင်ပွဲတွေအားလုံးအဲဒီနေရာလေးမှာပဲ ကျင်းပ
ခဲ့တာ။ ရပ်ကွက်ပြည်သူတွေက အဲဒီပန်းခြံမြေကွက်လပ်ကို
ပြန် လိုချင်တယ်” ဟု ၉ ရပ်ကွက်ဒေသခံဦးအေး
ဇော်က ပြောသည်။
အများပိုင်ပန်းခြံမြေနေရာတွင်ကြံ့ခိုင်ရေးပါတီကကွန်ဒိုအိမ်ရာ စီမံကိန်း
ဆောက်လုပ်မှုနှင့်စပ်လျဉ်းပြီးတောင်
အများပိုင်ပန်းခြံမြေနေရာတွင်ကြံ့ခိုင်ရေးပါတီကကွန်ဒိုအိမ်ရာ
ဥက္ကလာ ၉ ရပ်ကွက်ဒေသခံ ၁၆ ဦးက
နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တိုင်ကြားခဲ့သော်လည်း တစုံတရာ
ထူးခြားမှုမရှိကြောင်း၊ ကွန်ဒိုအိမ်ရာ ဆက်လက်တည်ဆောက်ပါက ဒေသခံ ပြည်သူများက တရားဝင်ဆန
္ဒထုတ်ဖော်ပွဲများ ပြုလုပ်ရန် အစီအစဉ်ရှိသည်ဟု ဒေသခံများက ဆိုသည်။
“သမ္မတဦးသိန်းစိန်ဆီ လွန်ခဲ့တဲ့ လပိုင်းလောက်က စာတင်တယ်။ ရပ်ကွက်မြေကို ပြန်ပေးဖို့ တင်ပြတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတဦးက စာတင်တဲ့သူတွေကို ခေါ်ပြီးမေးမြန်းတာကလွဲလို့ ဘာမှ ထူးခြားချက်မရှိ ဘူး” ဟု ၉ ရပ်ကွက်ဒေသခံတဦးက ရှင်းပြသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်ကမူကြံ့ခိုင်ရေး
ပါတီက တောင်ဥက္ကလာပမြို့နယ်
“သမ္မတဦးသိန်းစိန်ဆီ လွန်ခဲ့တဲ့ လပိုင်းလောက်က စာတင်တယ်။ ရပ်ကွက်မြေကို ပြန်ပေးဖို့ တင်ပြတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတဦးက စာတင်တဲ့သူတွေကို ခေါ်ပြီးမေးမြန်းတာကလွဲလို့ ဘာမှ ထူးခြားချက်မရှိ ဘူး” ဟု ၉ ရပ်ကွက်ဒေသခံတဦးက ရှင်းပြသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦ
ရှိ ပြည်သူပိုင် ပန်းခြံမြေနေရာကို သိမ်းယူပြီး
ကွန်ဒိုဆောက်လုပ်မှုသည် စစ်အစိုးရပြဋ္ဌာန်းခဲ့သည့် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်တင်းစွာပင် ချိုးဖောက်ခြင်းဖြစ်ကြောင်း၊
ယင်းဥပဒေချိုးဖောက်မှုကို အရေးယူနိုင်ရေးလွှတ်တော်မှ တဆင့် ဆက်
လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
“အခု လွှတ်တော်ကနေတဆင့် မေးခွန်းမေးထားတယ်။
“အခု လွှတ်တော်ကနေတဆင့် မေးခွန်းမေးထားတယ်။
အများပိုင်မြေကွက်ကိုဘာလို့သိမ်းသလဲဆိုတာမေးထားတယ်။အဲဒီအဖြေရတာနဲ့ကျနော်
လုပ်စရာရှိတာတွေ
လွှတ်တော်ကိုတင်ပြပြီးဆက်လုပ်သွားမယ်။ဒီဖြစ်စဉ်ကနိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေ မှာပါတဲ့ နိုင်ငံရေးပါ
တီတွေ လိုက်နာရမယ့်
ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်နေတာပဲ။ ပြည်သူတွေ ကလည်း အဲဒီမြေကွက် လေး
လိုချင်လို့ကျနော့်ကိုလာအကူအညီတောင်းတယ်။ဒီမိုကရေစီခေတ်မှာပြည်သူ့ဆန္ဒမဲကို အခြေခံတဲ့ ရွေး
ကောက်ပွဲ
စနစ်နဲ့သွားနေတာပဲ။ ပြည်သူငြိုငြင်ရင် ပြည်သူ့ဆန္ဒမဲရမှာမဟုတ်ဘူး” ဟု
ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊အခန်း၃၊ပုဒ်မ၁၂၊၅(က) အရ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင်
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊အခန်း၃၊ပုဒ်မ၁၂၊၅(က) အရ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင်
ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊
ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်
စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအား ပါတီအဖြစ် ဆက်လက် ရပ်တည် ခွင့်မရှိကြောင်း ဖော်ပြထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတောင်ဥက္ကလာမြို့နယ်ပြည်သူလွှတ်ေ တ်ာကိုယ်စားလှယ်လည်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ
ဖြစ်၊ တောင်ဥက္ကလာ မြို့နယ်ကြံ့ခိုင်ရေး
ပါတီ၏ တာဝန်ခံလည်းဖြစ်သူ ဦးအောင်သိန်းလင်းကမူ ၉ ရပ်ကွက်
ရှိ
ကြံ့ခိုင်ရေးပါတီ ရုံးမြေကွက်သည် ဂရန်ရှိ မြေကွက်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ အနေဖြင့် ရန်နိုင် ဆောက်လုပ်
ရေး ကုမ္ပဏီနှင့်ပူးပေါင်းပြီး အခန်းပေး၊ အခန်း ယူစနစ်နှင့် ကွန်ဒိုအိမ်ရာစီမံကိန်းတည်ဆောက် ခြင်းဖြစ်ပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ခွင့်ပြုချက်ရရှိထားကြောင်း၊ထို့ကြောင့် ကွန်ဒိုအိမ်ရာစီမံ
ကိန်းကိုဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း
ဖြေကြား ပြီးထိုမြေကွက်သည် ပြည်သူပိုင် ပန်းခြံမြေကွက်
ဖြစ်ခဲ့သည်ဆိုသော မေးခွန်း ကိုမူ ဖြေဆိုခြင်းမပြုခဲ့ပေ။
“ဂရန်လည်းရှိပါတယ်။ ကြာလှပါပြီ။စည်ပင်သာယာကလည်း ခွင့်ပြုလို့ ခွင့်ပြုချက်ကျပြီးမှ ဆောက်တာပါ။ ကြံ့ခိုင်ရေးအဆောက်အဦးကိုအခန်းပေးအခန်းယူစနစ်နဲ့ဆောက်တာပါ။ဂရန်မရှိရင်ခွင့်ပြုချက်ဘယ်ပေးမလဲ
“ဂရန်လည်းရှိပါတယ်။ ကြာလှပါပြီ။စည်ပင်သာယာကလည်း ခွင့်ပြုလို့ ခွင့်ပြုချက်ကျပြီးမှ ဆောက်တာပါ။ ကြံ့ခိုင်ရေးအဆောက်အဦးကိုအခန်းပေးအခန်းယူစနစ်နဲ့ဆောက်တာပါ။ဂရန်မရှိရင်ခွင့်ပြုချက်ဘယ်ပေးမလဲ
၊ပါမစ်ဘယ်ပေးမလဲ”ဟုဦးအောင်သိန်းလင်းကဧရာဝတီသို့ပြောသည်။ပြည်ထောင်စြု ကံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး
ပါ တီတွင်ယခင်စစ်အစိုးရ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်၊ဗိုလ်ချုပ်ကြီးေ ဟာင်းလည်းဖြစ်သူ လက်ရှိသမ္မတဦး
သိန်းစိန် က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော် အမတ် နေရာအများ
စုအနိုင်ရရှိခဲ့သည်။
ဧရာဝတီ , Rangonnewsdaily
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အပြင် အခြား ပြည်နယ် ၆ ခုမှ Google ဖိုက်ဘာ
အင်တာနက်လိုင်းထက် ၂ ဆမြန်တဲ့ အင်တာနက် ဆက်သွယ်ရေး စနစ်ကို ဂျပန်မှာ
တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
Service Provider တော့ Sony ရဲ့  ကုမ္မဏီခွဲဖြစ်တဲ့ So-net က ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းပါပဲ။ 2Gbps downloads, 1Gbps uploads ဆိုတော့ Google က လက်ရှိ အမေရိကန်မှာ ပေးတဲ့ Gigabyte ထက်၂ဆ တောင် သာပါတယ်။
ဈေးကလည်း သက်သာပါတယ်။ တစ်လလုံး သုံးမှ ၅၁ ဒေါ်လာပဲ ကုန်ကျတဲ့အတွက် မြန်မာငွေနဲ့ တွက်ရင် ၄သောင်းခွဲ ဝန်းကျင် လောက်ပါပဲ။ ကနဦးတပ်ဆင်ခ ကတော့ ၅၃၇ ဒေါ်လာ ဖြစ်ပြီး ၂ နှစ်စာချုပ်နဲ့ install ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ တွက်ကြည့် လိုက်ရင် ထူးထူးခြားခြား ဈေးကြီးသွားခြင်း မရှိပါဘူး။
ဂျပန်နိုင်ငံမှ အင်တာနက်လိုင်းအခြေပြု စီးပွားရေး လုပ်ငန်းများ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ တစ်ယောက်တည်း 2GBs သုံးရုံတင်မက နောက်ထပ်ပါ လိုင်းထပ်ခွဲ သုံးတာတောင် HD movie ကို စက္ကန့်ပိုင်းအတွင်း ဒေါင်းနိုင်တဲ့ ကော်နက်ရှင် ဖြစ်ပါတယ်။
ဒါကြောင့် So-net ဟာ Google ကိုကျော်လွန်လို့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ထောက်ပံ့တဲ့ service provider အဖြစ် စံချိန် တင်စေခဲ့ကြောင်း သိရပါတယ်။
Ref: The Verge
Aung Kham (TSJ team)

အဓိက တရားခံများကို မဖော်ထုတ်ပေးနိုင်သော ပြည်ထဲရေးဝန်ကြီး အမြန်ဆုံးနှုတ်ထွက်ပေးပါရန် တောင်းဆိုခြင်း
Tag :
အတွေးအမြင်
အဓိက တရားခံများကို မဖော်ထုတ်ပေးနိုင်သော ပြည်ထဲရေးဝန်ကြီး အမြန်ဆုံးနှုတ်ထွက်ပေးပါရန် တောင်းဆိုခြင်း
=================================
လတ်တလောဖြစ်ပွားခဲ့သော မိတ္တီလာအရေးအခင်းတွင် ပြည်ထဲရေးဝန်ကြီးဧ။် တာဝန်ယူမှုနှင့် တာဝန်ခံမှုများကို စိတ်ဝင်တစားစောင့်ကြည့်ခဲ့ပါသော်လည်း သီတင်းပတ်များစွာ ကျော်လွန်သည့်တိုင်အောင် တစ်စိုးတစ်စိမှ မတွေ့မမြင် မကြားသိရသောကြောင့် ဤစာကို ရေးသားရခြင်းဖြစ်ပါသည်။
မိတ္တီလာအရေးအခင်းတွင် သာမာန်ဈေးရောင်းဈေးဝယ်ကိစ္စမှ အစပြု၍ ဆူပူအုံကြွမှုဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့အနေဖြင့် ၀င်ရောက်ထိန်းသိမ်းနိုင်ခြင်းမရှိသည်မှာ
ထင်ရှားလှပါသည်။ ဆင်းရဲ၍ ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံတစ်နိုင်ငံဧ။်
လုံခြုံရေးဝန်ထမ်းများအနေဖြင့် အဓိကရုဏ်းနှိမ်နင်းရေးများကို
ကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်းမရှိကြောင်း
ဖော်ပြထားသော သတင်းများကို တွေ့ရပါသည်။ သို့ရာတွင် အရေးအခင်းဖြစ်ပွားနေသော
မိတ္ထီလာမြို့တွင် နှစ်ရက်လုံးလုံး မြို့နေလူထုအား စိတ်တိုင်းကျ
သတ်ဖြတ်မီးရှို့ခွင့်ပြုထားခြင်းမှာ အလိုလိုက်ထားသော သားဆိုးသားမိုက်များကို အိမ်တွင်းလူသတ်ပွဲကျင်းပခွင့် ပြုထားသကဲ့သို့ လွန်စွာအရုပ်ဆိုးအကျည်းတန်လှပါသ ည်။
ကမ္ဘာနှင့်ချီ၍ အရှက်ရစေသော၊ ဗုဒ္ဓဘာသာဝင်တိုင်းဧ။် မျက်နှာကို
အိုးမည်းသုတ်သော အဖြစ်မျိုးကို လက်လွတ်စပယ်ခွင့်ပြုထားသော ၀န်ကြီးမင်းအား
မည်သို့မှ ခွင့်လွှတ်နိုင်စရာအကြောင်းမရှိပါ။
ထို့အပြင် သုံးရက်မြောက်နေ့တွင် ကားကြီးတစ်စီးပေါ်တွင် ဆိုင်ကယ်များတင်ဆောင်၍ မြို့ပြင်တွင်ရပ်ထားခြင်း၊ သင်္ကန်းဝတ်များမှ မျက်နှာဖုံးဆင်တူတပ်ဆင်လျက် ကင်ဒိုဓါးဆင်တူများ လွယ်ထားခြင်း၊ ဆိုင်ကယ်များကို ကျွမ်းကျင်နိုင်နင်းစွာစီးနင်းလျက်
မြို့တွင်းသို့ဝင်ရောက်ကာ ဘာသာလူမျိုးမခွဲခြားပဲ တွေ့သမျှ ဖျက်ဆီးခြင်း၊
ရန်ပြုခြင်း၊ သတင်းထောက်များအား ခြိမ်းခြောက်ခြင်း၊ ဓါတ်ပုံရိုက်ခွင့်
မပြုခြင်း၊ ဒုတိယ အဖွဲ့မှ စနစ်တကျမီးရှို့ခြင်း၊ တတိယအဖွဲ့မှ လုယက်မည့်
အခြေမဲ့အနေမဲ့များအား ခေါ်သွင်းလာခြင်း စသည်တို့ကို အစီအစဉ်တကျ
ပြုလုပ်ကျုးလွန်သွားကြကြောင်း အစိုးရ၀န်ထမ်းများအပါအ၀င်
မျက်မြင်သက်သေများစွာရှိသော်လည်း
ဝန်ကြီးမင်းထံမှ တစ်လုံး တစ်ပါဒမျှပင် ကြားသိရခြင်းမရှိပါ။
ဝန်ကြီးမင်းအနေဖြင့် ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်းဟု ယူဆကောင်း
ယူဆနေမည်ဖြစ်သော်လည်း တာဝန်စကားကို လူရှေ့ထွက်၍ မပြောဝံ့ပါက
ပြည်သူ့ဝန်ထမ်းရာထူးကို ဆက်လက်ယူထားရန် မသင့်တော်ကြောင်း အကြံပြုလိုပါသည်။
တဆက်တည်းမှာပင် ကူးစက်လောင်ကျွမ်းသွားသော ဆူပူအကြမ်းဖက်မှုကို မြို့ပေါင်းများစွာတွင် ရက်ပေါင်းများစွာ ဆက်လက်ခွင့်ပြုထားသော လူကြီးမင်းဧ။် လုပ်ရပ်ကို နားမလည်နိုင်အောင်ဖြစ်ရပါသည်။ နတ်တလင်းမြို့တွင် ဗလီကို ဖျက်ဆီးရန်လာရောက်သူများသည် ဘူဒိုဇာစက်ကြီးကို မောင်းနှင်လျက် သင်္ကန်းဝတ်ပြီး ကျွမ်းကျင်စွာအသုံးပြုသွားခြင်း သည် လူကြီးမင်းတို့ဧ။် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ခံရမည်ဖြစ်သော လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးကို များစွာပျက်ရယ်ပြုလျက်ရှိနေပါသည်။ ထိုဘူဒိုဇာစက်သည် နတ်တလင်းတ၀ိုက်တွင် ၁၀ လုံးထက်ပိုရှိမည်မဟုတ်ပါ။ အလွယ်တကူမောင်းနှင်ပြေးလို့ရသော စက်မျိုးလည်းမဟုတ်၊ တော်ရုံလူကျွမ်းကျင်စွာ အသုံးပြုနိုင်သောစက်မျိုးလည်းမဟုတ်သည်ကို ကလေးက အစသိပါသည်။ ၀န်ကြီးမင်းမသိဘူးဆိုလျှင် ကလေးတွေက ရယ်ကြပါလိမ့်မည်။
ဇီးကုန်းမြို့တွင်လည်း လာရောက်မဖျက်ဆီးမီ စာရွက်များ ဖြန့်ဝေခြင်း၊ ဦးကျော်သူဧ။် ဟောပြောပွဲမတိုင်မီကြိုတင်သိရှိ ခြင်း၊ ကြေငြာထားသည့်အတိုင်း ၀င်ရောက်ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသော်လည်း တားဆီးနှိမ်နင်းနိုင်ခြင်းမရှိသ ည်မှာ ရှက်စရာကောင်းလှပါသည်။ လူကြီးမင်းအနေဖြင့် ဘယ်လိုမျက်နှာမျိုးနှင့်များ အဓိကရုဏ်းစုံစမ်းရေးကော်မတီတွင် ပါဝင်နေကြောင်း စဉ်းစားလို့ပင် မရပါ။
အထက်ပါလုပ်ရပ်များသည် နောက်ကွယ်မှ ငွေအား၊ အာဏာအားကြီးကြီးမားမား မပါဝင်ပဲ တောင်ကြောင်များကသော်လည်းကောင်း ၊ ဗကပ ကသော်လည်းကောင်း၊ ၉၆၉ နာမည်ခံအကြမ်းဖက်များကသော်လည်းေ ကာင်း ဖော်ဆောင်နိုင်စွမ်းမရှိကြောင်း ဦးဏှောက်ရှိသူမှန်သမျှ သိရှိကြပါသော်လည်း လူကြီးမင်း မသိသလို နေနိုင်သည်မှာ အံ့သြစရာကောင်းလှပါသည်။
လူကြီးမင်းအနေဖြင့် ခေတ်ဟောင်းမှ ပါလာသော အမွေဆိုးများကို ဆက်ခံရသူများတွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ကောင်းစွာနားလည်ပါသည်။ သို့သော် တစ်လုပ်စားဖူး သူ့ကျေးဇူးဟု ယူဆလျက် နှုတ်ပိတ်ရေငုံနေရသည်ဆိုပါက လူကြီးမင်း စစ်တပ်အတွင်းသို့ စတင်ဝင်ရောက်ချိန်မှစ၍ ယနေ့ထက်တိုင် လူကြီးမင်းထုတ်ယူသုံးစွဲနေသော လခသည် အခွန်ထမ်းပြည်သူများနှင့် အများပိုင်သယံဇာတများမှ ရရှိထားသော ပိုက်ဆံဖြစ်ကြောင်းသတိရစေလိုပါသ ည်။ ဘယ်သူကျေးဇူးရှင်အစစ်လဲဟု ကလေးဆန်သော မေးခွန်းများဖြင့် ဂုဏ်ဖော်လိုခြင်းမရှိပါသော်လည်း
အတိတ်ကို အတိတ်မှာသာထားခဲ့ခြင်းအားဖြင့် လက်ရှိတာဝန်ကို
ဖြောင့်ဖြောင့်တန်းတန်း ကျေပွန်စွာထမ်းဆောင်မည့်
ပြည်သူ့ဝန်ထမ်းအစစ်များကိုသာ လိုလားကြောင်း ပြတ်ပြတ်သားသားပြောလိုပါသည်။
တဆက်တည်းပြောလိုသည်မှာ လက်ပံတောင်းတောင် အရေးအခင်းတွင်လည်း ဘုန်းကြီးများအား မီးလောင်မှုတွင် တာဝန်အရှိဆုံးမှာ လူကြီးမင်းပင်ဖြစ်နေကြောင်းတွေ့ ရပါသည်။
မီးခိုးဗုံးမှ မတော်တဆ မီးလောင်ရခြင်းဖြစ်ကြောင်းကို
အဓိကတာဝန်ခံပြောကြားရမည့်သူမှာ လူကြီးမင်းဖြစ်ပြီး အစိုးရအတွင်း
မည်သည့်ရာထူးကုလားထိုင်နှင့် အကျိုးအမြတ်ကိုမှ ရယူထားခြင်းမရှိသည့်
ဒေါ်အောင်ဆန်းစုကြည်မဟုတ်ပါ။ အမျိုးသမီးတစ်ယောက်အား ရှေ့တင်၍
အကာအကွယ်ယူလိုသော စိတ်ထားသည် လူကြီးမင်းနှင့် လူကြီးမင်းဧ။် သားတပည့်များ၊
နောက်မျိုးဆက်များအတွက် ကောင်းသောအမူအကျင့် မဟုတ်ပါ။ ထိုသို့သော
အမူအကျင့်မျိုးကို လူကြီးမင်းတို့ဧ။် အစဉ်အလာကောင်းလှသော တပ်မတော်မှ
လေ့ကျင့်သင်ကြားပေးလိုက်လိမ့်မည်ဟု မထင်ပါ။
လူကြီးမင်းဧ။် တာဝန်မယူမှု၊ တာဝန်မကျေပွန်မှုများသည် တနိုင်ငံလုံးရှိ ပြည်သူအားလုံးကို ကျီးလန့်စာစား၊ စိုးရိမ်ပူပန်စိတ်ဖြစ်ပေါ်စေသည်သာမက
ရှေ့ဆက်၍ ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပေါ်စေရန် တင်းမာမှုများဧ။်
အခြေခံအကြောင်းအချက်လည်း ဖြစ်နေပါသည်။ အချိန်မှီဖြေရှင်းနိုင်ခဲ့ခြင်း မရှိသော
လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးတို့အတွက် အဓိကတာဝန်ရှိသူမှာ
လူကြီးမင်းဖြစ်ပြီး နောက်ကွယ်တရားခံများကို သီတင်း ၄ ပတ်အထိ
ဖော်ထုတ်ပေးခြင်းမရှိခဲ့ပါ။
သို့ဖြစ်ပါ၍ လူကြီးမင်းအနေဖြင့် တာဝန်ယူရဲသော၊ တာဝန်ခံဝံ့သော တပ်မတော်သားတို့ဧ။်စိတ်ဓါတ်ကို နောင်လာနောက်သားများအားလည်းကောင်း၊ ပြည်သူတို့အားလည်းကောင်း စံနမူနာပြသည့်အနေဖြင့် နှုတ်ထွက်ပေးပါရန် အလေးအနက် တောင်းဆိုပါသည်။
ပြည်ထဲရေးဝန်ကြီးရာထူးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ
တိုက်ရိုက်ခန့်ထားသော ရာထူးဖြစ်သောကြောင့် ဗိုလ်ချုပ်မှုးကြီး
မင်းအောင်လှိုင်အနေဖြင့် မြန်မာ့တပ်မတော်ဧ။် ဂုဏ်သိက္ခာကို
ထွန်းပြောင်စေမည့် အရာရှိကြီးများကိုသာ ရွေးချယ်ခန့်ထားပေးပါရန် မေတ္တာရပ်ခံ
ပန်ကြားအပ်ပါသည်။
( ဤစာကို တစ်ဦးတစ်ယောက်တစ်ဖွဲ့အား မုန်းတီးစိတ်ဖြင့်မဟုတ်ပဲ အေးချမ်းစွာ ကိုယ့်ထမင်းကိုယ်ရှာစားလိုသော မြန်မာပြည်သူတစ်ယောက်ဧ။် အခွင့်အရေးအတွက် ကိုယ်ပိုင်အမြင်တစ်ခုဖြင့်ရေးပါ သည်။ မည်သည့်အဖွဲ့ဝင်မှ မဟုတ်သဖြင့် မည်သည့်အဖွဲ့အတွက်မှလည်း မဟုတ်ပါ။ အမြင်မတူသည်များရှိပါက လွတ်လပ်စွာဝေဖန်ရေးသားနိုင်ပါသည်။ )
လေးစားစွာဖြင့်
သန္တာဝင်း
=================================
လတ်တလောဖြစ်ပွားခဲ့သော မိတ္တီလာအရေးအခင်းတွင် ပြည်ထဲရေးဝန်ကြီးဧ။် တာဝန်ယူမှုနှင့် တာဝန်ခံမှုများကို စိတ်ဝင်တစားစောင့်ကြည့်ခဲ့ပါသော
မိတ္တီလာအရေးအခင်းတွင် သာမာန်ဈေးရောင်းဈေးဝယ်ကိစ္စမှ အစပြု၍ ဆူပူအုံကြွမှုဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့အနေဖြင့် ၀င်ရောက်ထိန်းသိမ်းနိုင်ခြင်းမရ
ထို့အပြင် သုံးရက်မြောက်နေ့တွင် ကားကြီးတစ်စီးပေါ်တွင် ဆိုင်ကယ်များတင်ဆောင်၍ မြို့ပြင်တွင်ရပ်ထားခြင်း၊ သင်္ကန်းဝတ်များမှ မျက်နှာဖုံးဆင်တူတပ်ဆင်လျက် ကင်ဒိုဓါးဆင်တူများ လွယ်ထားခြင်း၊ ဆိုင်ကယ်များကို ကျွမ်းကျင်နိုင်နင်းစွာစီးနင်းလ
တဆက်တည်းမှာပင် ကူးစက်လောင်ကျွမ်းသွားသော ဆူပူအကြမ်းဖက်မှုကို မြို့ပေါင်းများစွာတွင် ရက်ပေါင်းများစွာ ဆက်လက်ခွင့်ပြုထားသော လူကြီးမင်းဧ။် လုပ်ရပ်ကို နားမလည်နိုင်အောင်ဖြစ်ရပါသည်။ နတ်တလင်းမြို့တွင် ဗလီကို ဖျက်ဆီးရန်လာရောက်သူများသည် ဘူဒိုဇာစက်ကြီးကို မောင်းနှင်လျက် သင်္ကန်းဝတ်ပြီး ကျွမ်းကျင်စွာအသုံးပြုသွားခြင်း
ဇီးကုန်းမြို့တွင်လည်း လာရောက်မဖျက်ဆီးမီ စာရွက်များ ဖြန့်ဝေခြင်း၊ ဦးကျော်သူဧ။် ဟောပြောပွဲမတိုင်မီကြိုတင်သိရှိ
အထက်ပါလုပ်ရပ်များသည် နောက်ကွယ်မှ ငွေအား၊ အာဏာအားကြီးကြီးမားမား မပါဝင်ပဲ တောင်ကြောင်များကသော်လည်းကောင်း
လူကြီးမင်းအနေဖြင့် ခေတ်ဟောင်းမှ ပါလာသော အမွေဆိုးများကို ဆက်ခံရသူများတွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ကောင်းစွာနားလည်ပါသည်။ သို့သော် တစ်လုပ်စားဖူး သူ့ကျေးဇူးဟု ယူဆလျက် နှုတ်ပိတ်ရေငုံနေရသည်ဆိုပါက လူကြီးမင်း စစ်တပ်အတွင်းသို့ စတင်ဝင်ရောက်ချိန်မှစ၍ ယနေ့ထက်တိုင် လူကြီးမင်းထုတ်ယူသုံးစွဲနေသော လခသည် အခွန်ထမ်းပြည်သူများနှင့် အများပိုင်သယံဇာတများမှ ရရှိထားသော ပိုက်ဆံဖြစ်ကြောင်းသတိရစေလိုပါသ
တဆက်တည်းပြောလိုသည်မှာ လက်ပံတောင်းတောင် အရေးအခင်းတွင်လည်း ဘုန်းကြီးများအား မီးလောင်မှုတွင် တာဝန်အရှိဆုံးမှာ လူကြီးမင်းပင်ဖြစ်နေကြောင်းတွေ့
လူကြီးမင်းဧ။် တာဝန်မယူမှု၊ တာဝန်မကျေပွန်မှုများသည် တနိုင်ငံလုံးရှိ ပြည်သူအားလုံးကို ကျီးလန့်စာစား၊ စိုးရိမ်ပူပန်စိတ်ဖြစ်ပေါ်စေသည်သ
သို့ဖြစ်ပါ၍ လူကြီးမင်းအနေဖြင့် တာဝန်ယူရဲသော၊ တာဝန်ခံဝံ့သော တပ်မတော်သားတို့ဧ။်စိတ်ဓါတ်ကို နောင်လာနောက်သားများအားလည်းကောင
ပြည်ထဲရေးဝန်ကြီးရာထူးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ
( ဤစာကို တစ်ဦးတစ်ယောက်တစ်ဖွဲ့အား မုန်းတီးစိတ်ဖြင့်မဟုတ်ပဲ အေးချမ်းစွာ ကိုယ့်ထမင်းကိုယ်ရှာစားလိုသော မြန်မာပြည်သူတစ်ယောက်ဧ။် အခွင့်အရေးအတွက် ကိုယ်ပိုင်အမြင်တစ်ခုဖြင့်ရေးပါ
လေးစားစွာဖြင့်
သန္တာဝင်း
ကိုင်ရို- အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲကို
ပစ်မှတ်ထားတိုက်ခိုက်သော ဗုံးခွဲတိုက်ခိုက်မှုများကို
အမေရိကန်မွတ်စလင်မ်များမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချခဲ့ပြီး
ယင်းသူရဲဘောင်ကြောင် တိုက်ခိုက်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသူများအတွက်
ဆုတောင်းဝတ်ပြုပေးကြရန်နှင့် အကူအညီများပေးအပ်ရန် နှိုးဆော်လိုက်ပါသည်။
“အမေရိကန်မွတ်စလင်မ်တွေဟာ အခြားအမေရိကန်လူ့အသိုင်းအဝန်းတွေလိုပဲ
ဘော်စတွန်မာရသွန် ပြိုင်ပွဲဝင်တွေနဲ့ ပရိသတ်တွေကို တိုက်ခိုက်တဲ့ ဒီနေ့
သူရဲဘောကြောင်ဗုံးခွဲမှုကို အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ ပြင်းပြင်းထန်ထန်
ကန့်ကွက်ရှုံ့ချကြပါတယ်”ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေး ကောင်စီ၏
နိုင်ငံ့အမှုဆောင် ဒါရိုက်တာ Nihad Awad က OnIslamမှ ဧပြီ ၁၆ရက် အင်္ဂါနေ့တွင်
ရရှိသော ကြေငြာချက်တွင် ပြောကြားထားသည်။
“ကျွန်တော်တို့ ဘာသာတရားပေါင်းစုံက လူတွေကို ထိခိုက်နစ်နာသူတွေ၊ သူတို့
ချစ်တဲ့သူတွေအတွက်နဲ့ ဒဏ်ရာရသူတွေ အမြန်ဆုံး သက်သာလာဖို့အတွက်
ဆုမွန်ကောင်းတောင်းကြဖို့ တိုက်တွန်းထားပါတယ်။”
“ ကျူးလွန်တဲ့သူတွေကို အမြန်ဖော်ထုတ်ဖမ်းဆီးရေးနဲ့ အပြစ်ဒဏ်ပေးရေးအတွက်လည်း ကျွန်တော်တို့ တောင်းဆိုထားပါတယ်” ဟု Awad က ပြောပြသည်။
တနင်္လာနေ့တွင် ဘော်စတွန်မာရသွန်ပြိုင်ပွဲ၏ ပန်းတိုင်စည်းအနီးတွင်
ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူသုံးဦးသေဆုံးကာ ၁၄၀ ဒဏ်ရာ
ရရှိခဲ့သည်။
အနည်းဆုံး လူ ၁၇ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာများတွင် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပြတ်တောက်ခြင်းများ ပါဝင်သည်။
သေဆုံးသူတစ်ဦးမှာ ရှစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်သည်ဟု အမေရိကန် မီဒီယာမှ ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူတို့ရှိပြီး
မည်သည့်အတွက်ကြောင့် တိုက်ခိုက်ခဲ့သည်နှင့်ပတ်သက်၍ သတင်းအချက်အလက်
တစ်စုံတစ်ရာမျှ မရရှိသေးပါ။
.
“ဒီနေ့လည်က ဘော်စတွန် မာရသွန်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကြားရတာ မြောက်အမေရိကား အစ္စလာမ်မစ် ဆိုဆိုက်တီ အနေနဲ့ ဝမ်းနည်းကြေကွဲရပြီး တုန့်လှုပ်မိပါတယ်”ဟု မြောက်အမေရိကား အစ္စလာမ်မစ် ဆိုဆိုက်တီအဖွဲ့ကြီးမှ ပြောကြားခဲ့ကြောင်း OnIslamမှ ရရှိသော သတင်းပေးပို့ချက်တစ်ရပ်တွင် ဖော်ပြပါရှိပါသည်။

“ကျွန်တော်တို့ရဲ့ တောင်းဆုတွေက ထိခိုက်သူတွေနဲ့ သူတို့ချစ်တဲ့သူတွေနဲ့
အတူရှိမှာပါ။ ဒီတိုက်ခိုက်မှုတွေကို ဘယ်သူက လုပ်ဆောင်ခဲ့တယ်ဆိုတာ
သေချာမသိရသေးချိန်မှာ ကျွန်တော်တို့ရဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ခံတွေက
ကျူးလွန်သူတွေကို အမြန်ဆုံး ရှာဖွေဖမ်းဆီးနိုင်ဖို့နဲ့ သူတို့ကို တရားဥပဒဆီ
ပို့ဆောင်နိုင်ဖို့ကို ကျွန်တော်တို့ ဆုတောင်းနေကြပါတယ်။”
ညီညွတ်သော Maryland မွတ်စလင်မ်ကောင်စီ၏ ဥက္ကဌဖြစ်သူ ဒေါက်တာ Syed Wasimul Haque ကလည်း အရှက်မဲ့သော အကြမ်းဖက်မှုကို ရှုံ့ချလိုက်ပါသည်။
“ Maryland မွတ်စလင်မ်တို့မှ မာရသွန်ပြိုင်ပွဲကျင်းပနေစဉ်အတွင်း
လူနှစ်ယောက်သေဆုံးစေပြီး ပွဲကြည့်သူအမြောက်အမြား ဒဏ်ရာရရှိစေခဲ့သော
ဘော်စတွန်မှ အကြမ်းဖက်မှုကို ကန့်ကွက်ရှုံ့ချကြပါတယ်”ဟု သူက
ကြေငြာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ နိုင်ငံအတွင်းကရော နိုင်ငံတကာကပါ ပါဝင်သူတွေကြားမှာ
ညီနောင်ရင်းနဲ့ ရင်းနှီးချစ်ကြည်မှုကို ဖော်ဆောင်တဲ့ ဒီပွဲမှာ
အပြစ်မဲ့သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဒီအရှက်မဲ့ အကြမ်းဖက်မှုဟာ
တကယ်ကိုပဲ မွတ်စလင်မ်များကိုရော ကျန်တိုင်းတစ်တိုင်းပြည်လုံးကိုပါ
ကြေကွဲဝမ်းနည်းစေပြီး ထိခိုက်စေပါတယ်။”
မွတ်စလင်များ ဝတ်ပြုဆုတောင်းပေး
မွတ်စလင်မ်ခေါင်းဆောင်များမှ ထိခိုက်ဒဏ်ရာရသူများအတွက်
ဆုတောင်းပွဲများနှင့် သွေးလှူဒါန်းရေးလှုပ်ရှားမှုများ ဆောင်ရွက်ကြရန်
နှိုးဆော်လိုက်ပါသည်။
“နာမ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုတွေက သူတို့တွေရဲ့ ရုပ်ပိုင်းနှင့်
စိတ်ပိုင်းဆိုင်ရာ ခံစားနာကျင်မှုတွေကို သက်သာအောင် ဆောက်ရွက်နေစဉ်မှာ
ဗုံးကြောင့် ဒဏ်ရာရသူတွေကို တညီတညွတ်တည်း
စာနာအားပေးတဲ့အနေနဲ့ကြက်ခြေနီအဖွဲ့မှတဆင့် သွေးလှူဒါန်းကြဖို့ကိုလည်း
ကျွန်တော်တို့က ဘော်စတွန်ဒေသက မွတ်စလင်မ်တွေရော ကျန်သူများကိုပါ
နှိုးဆော်တိုက်တွန်းလိုက်တာပါ။” ဟု Awadက ပြောပြပါသည်။
“မာရသွန်မှာ ပါဝင်ပြိုင်ပွဲဝင်သူတွေ ဒါမှမဟုတ်
သွားရောက်ကြည့်ရှုသူတွေအနေနဲ့ သူတို့ တွေ့ထားသိထားနိုင်တဲ့ ဘယ်မျက်မြင်
သက်သေ အချက်အလက်တွေကိုမဆို ပေးဖို့ သက်ဆိုင်ရာကို ဆက်သွယ်သင့်တယ်။”
Marylandတွင်လည်း မွတ်စလင်အသိုင်းအဝန်းမှ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အကူအညီများပေးရန် နှိုးဆော်လိုက်ပါသည်။
“ကျွန်တော်တို့ နိုင်ငံ အခုလို ကြုံတွေနေရတဲ့ အရေးပေါ်အချိန်များမှာ
မွတ်စလင်မ်များဟာ အမြဲတမ်း အပြည့်အဝ ကူညီကြပါတယ်။ နောက်လည်း ဒီလိုပဲ
ရပ်တည်သွားမှာပါ။ ပြီးတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေကိုလည်း
ဆန့်ကျင်သွားကြမယ်”ဟု Fredericသမားတော်တစ်ဦးဖြစ်သူ Haqueက ပြောပါသည်။
“ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေက ဒီလိုအရှက်မဲ့လုပ်ရပ်တွေကို
ပြန်တိုက်ခိုက်ဖို့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေကို
ခိုင်မာသွားစေတာကလွဲလို့ ဘာမှ မလုပ်နိုင်ပါဘူး။ ပြီးတော့ ကျွန်တော်တို့တွေ
တစ်နိုင်ငံလုံးအနေနဲ့ ပိုပြီး ညီညွတ်သွားတယ်။”
“ကျွန်တော်တို့ရဲ့ ဆုတောင်းဝတ်ပြုမှုတွေက နစ်နာသွားတဲ့သူတွေနဲ့
ဘော်စတွန်မြို့အတွက်ပါ။ ထိခိုက်သူတွေရဲ့ မိသားစုတွေ ဒီအခက်အခဲအတွက်
ကျော်ဖြတ်နိုင်အားတွေရှိကြပါစေ။ ဒဏ်ရာရသူတွေလည်း အလျင်အမြန်
သက်သာလာကြပါစေ။”
“ဒီဆိုးရွားတဲ့ အမှုကို ကျူးလွန်တဲ့သူ ဒါမှမဟုတ် ကျူးလွန်တဲ့သူတွေကို
မကြာမီမှာ ဖမ်းဆီးမိနိုင်ဖို့နဲ့ တရားမျှတမှုအရောက် ခေါ်ဆောာင်လာပြီး
ကျွန်တော်တို့တိုင်းပြည်ရဲ့ ဥပဒေများအရ အကြီးမားဆုံးအတိုင်းအတာအထိ
အပြစ်ပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ဆုလည်းတောင်းကြပါတယ်။”
တရားဝင် ခန့်မှန်းထုတ်ပြန်ချက်များမရှိသော်လည်း အမေရိကန်နိုင်ငံသည် ၇-၈သန်းရှိသော မွတ်စလင်မ်များအတွက် အမိမြေဖြစ်သည်။
အစောပိုင်း စစ်တမ်းကောက်ယူမှုတစ်ခုအရ အမေရိကန်မွတ်စလင်မ်အများစုကြီသည်
တိုင်းပြည်အပေါ်သစ္စာစောင့်သိကြပြီး အမေရိကန်တွင် သူတို့၏
အနာဂတ်နှင့်ပတ်သက်ပြီး အကောင်းမြင်သူများ ဖြစ်ကြသည်။
Ref:OnIslam
ဧပြီလ၁၆ရက်နေ့ နံနက်၁နာရီခန့်က ပုသိမ်-ချောင်းသာလမ်း၊ ကျောက်ချောင်းကြီး ကျေးရွာအနီး မိုင်တိုင်အမှတ် ၉တွင် ချောင်းသာကမ်းခြေသို့ အပန်းဖြေသွားသည့် မှန်လုံအမြန်ယာဉ် တစ်စီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးထိုးကျ၍ တိမ်းမှောက်မှုဖြစ်ပွားကာ ယာဉ်ပေါ်တွင်လိုက်ပါ လာသည့်ခရီးသည် အမျိုးသမီး ၄ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ မှန်လုံအမြန်ယာဉ်သည် တောင်တွင်းကြီးမြို့ ခရီးသည်များအား တင်ဆောင်၍ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးထွက်ခွာလာခဲ့ပြီးနောက် ချောင်းသာကမ်းခြေတွင် အပန်းဖြေသွားရန် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါကားပေါ်တွင် ခရီးသည် ၅၉ ဦးနှင့် ယာဉ်အဖွဲ့ ၄ဦး စုစုပေါင်း ၆၃ဦး လိုက်ပါလာခဲ့ပြီး၊ ယာဉ်မောင်း သန္ဓေတိုး (ဘ)ဦးသန်းမောင် ၊ အသက် ၃၅နှစ်၊စမ်းချောင်းရပ် အောင်လံမြို့နေသူ မောင်းနှင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ညဘက်ဆိုတော့ တိတ်ဆိတ်နေတဲ့ အချိန် အုန်းခနဲကြားရတယ်၊ အော်သံတွေ ဆူညံနေ တော့ အသံကြားရာကို ထပြီး လာကြည့်ခဲ့တာ၊ ဒီရောက်တော့ ကားကြီးမှောက်နေတယ်၊ လူတွေလည်း ကားထဲမှာပိတ်မိနေတယ်၊ နီးစပ်ရာက လူတွေအပြေးအလွှား ရောက်လာကြတယ်၊ ကားထဲကလူတွေကို ဆွဲထုတ်ကြတယ်၊ ဒဏ်ရာရသူတွေကလည်း များတယ်၊ နောက်ပုသိမ်က လူမှုကူညီရေးအဖွဲ့ တွေရောက်လာတယ်၊ ဒါပေမဲ့ ပိပြီးသေဆုံးသွားတဲ့ အမျိုးသမီးသုံးဦးကတော့ ကားဆွဲထူပြီးမှပဲ ထုတ်လို့ရတော့တယ်”ဟု ယာဉ်တိမ်းမှောက်မှုအား သွားရောက်ကူညီပေးသည့် ဒေသခံတစ်ဦးက ပြောပြသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် လူ၂၅ဦး ပုသိမ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး၊ အုန်းတောရပ်၊ တောင်တွင်းကြီးမြို့တွင် နေသူများဖြစ်သည့် မကူးမ ၃၅နှစ်(ဘ)ဦးမြင့်၊ မသီတာဦး ၂၈နှစ်(ဘ) ဦးလှဝင်း၊ မသီရိ ၃၇နှစ်(ဘ) ဦးခင်မောင်မြင့်၊ မသူဇာမြင့် ၃၂နှစ်(ဘ)ဦးခင်မောင်မြင့်တို့ လေးဦးအနက် သုံးဦးမှာနေရာတွင်ပင် ပွဲခြင်းပြီး သေဆုံးသွားကာ၊ တစ်ဦးမှာ ပုသိမ်ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်။ ကျန်ရှိသည့် ခရီးသည်များနှင့် ဒဏ်ရာအနည်းငယ် ရရှိသူများအား ပုသိမ်မြို့ တိုက်ကြီးကျောင်း ပရိယတိစာသင်တိုက်တွင် နားနေရန် နေရာချထားပေး လျက်ရှိကြောင်း သိရသည်။
ယာဉ်တိုက်မှုနှင့်ပတ်သက်၍ အရှိန်ပြင်းစွာဖြင့် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း သန္စေစီုးအား ပုသိမ်မြို့ သဘောင်္ကျဉ်းရဲစခန်းမှ (ပ)၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄(က)ဖြင့် ရဲအုပ် ကြည်လင်းမှ တရားလိုပြုကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
eleven news
တိုင်းမ်မဂ္ဂဇင်းမှ ဆယ်စုနှစ်အတွင်း ကမ္ဘာကို အလွှမ်းမိုးနိုင်ဆုံးသူ စာရင်းကို မဲများတောင်းခံရွေးချယ်တဲ့ မဲစနစ်(vote) နေရာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံခြားအဆိုတော် လေဒီဂါဂါတို့ က ထိပ်ဆုံးမှာ မဲပေးအများဆုံးနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်လျှက်ရှိပါတယ်။အခုချိန် NOM က ဒီပိုစ့်ကို တင်ချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ၅၆ % နဲ့ ဦးဆောင်နေပြီး လေဒီဂါဂါက ၄၄ % နဲ့ ဆက်လက်ကပ်လိုက်နေပါတယ်။လာမည့် ဧပြီ ၁၇ရက်နေ့(မနက်ဖြန်)တွင် ရွေးချယ်ခံရသူများကို ကြေညာသွားမည် ဖြစ်ကြောင်း နဲ့ ကျေးဇူးပြုပြီး အောက်ပါ လင့်မှာ ၀င်ပြီး ဒေါ်အောင်ဆန်းစုကြည် ပုံအပေါ်မှာ ကလစ်နှိပ်ကာ မဲပေးပါရန်။
http://time100.time.com/2013/04/11/face-off-whos-the-most-influential/
မှတ်ချက်-
refresh လုပ်ကာ အကြိမ်ကြိမ် vote လုပ်ပေးပါရန် တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
Boston တွင် ဗုံးသုံးလုံး ပေါက်ကွဲ မှုကြောင့် လူ ၂ ယောက်သေ၊ ၈၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိ
Tag :
သတင်များ
အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက်
ပြည်နယ် ဘော်စတွန် မြို့တော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ဗုံးသုံးလုံး
ပေါက်ကွဲမှုကြောင့် လူ ၂ ယောက်သေ... ၈၆ ယောက် ထိခိုက် ဒဏ်ရာ ရရှိသည်ဟု
သတင်း ရရှိပါတယ်။
မာရသွန် ပြိုင်ပွဲမှာ ဝင်ရောက်
ယှဉ်ပြိုင်ဖို့ စာရင်းသွင်းသူ ၂၅၀၀၀ လောက်ရှိပြီး ယူကေက ပါဝင် ယှဉ်ပြိုင်သူ
၃၇၄ ယောက် ရှိတယ်လို့ သိရပါတယ်။ဒေသ စံတော်ချိန် နေ့လည် ၂ နာရီ ၅၀ မိနစ်မှာ
ဆက်တိုက် ဆိုသလို ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
လတ်တလောတော့ ဂျေအက်ဖ်ကေ စာကြည့်တိုက်မှာ တတိယမြောက် ပေါက်ကွဲမှု ဖြစ်နေ တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။ဘော်စတွန် မြို့တွင် နှစ်စဉ် ကျင်းပ ပြုလုပ်သည့် ဘော်စတွန် မာရသွန် ပြိုင်ပွဲ၏ ပန်းဝင်စည်း အနီးတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ အဆိုပါ မာရသွန်ပြိုင်ပွဲသို့ ထောင်နှင့်ချီသော ပြိုင်ပွဲဝင်များ ပါဝင် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ဘော်စတွန်မြို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အမေရိကန် နိုင်ငံ တစ်ဝန်းတွင် လုံခြုံရေးကို လိုအပ်သလို တိုးမြှင့် သွားမည် ဖြစ်ကြောင်းနှင့် ဗုံးပေါက်ကွဲမှု အတွက် ကျူးလွန်သူကို ရှာဖွေ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောကြားသည်။
လတ်တလောတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဆော်ဒီ နိုင်ငံသား တစ်ဦးအား စုံစမ်း စစ်ဆေးရေး အရာရှိများက သံသယ ရှိနေကြကြောင်း သိရှိရသည်။

မပေါက်ကွဲ သေးတဲ့ ဗုံးနှစ်လုံးကိုလည်း ရဲက တွေ့ရှိခဲ့ပြီး စနက်တန် ဖြုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဘော်စတွန် မြို့သူမြို့သားတွေ အနေနဲ့ ကိုယ့်အဆောက်အဦ အတွင်းမှာဘဲ နေထိုင်ပြီး တတ်နိုင်ရင် အပြင် မထွက်ဖို့ သက်ဆိုင်ရာက တိုက်တွန်း ထားပါတယ်။
ဘော်စတွန် မြို့သူမြို့သားတွေ အနေနဲ့ ကိုယ့်အဆောက်အဦ အတွင်းမှာဘဲ နေထိုင်ပြီး တတ်နိုင်ရင် အပြင် မထွက်ဖို့ သက်ဆိုင်ရာက တိုက်တွန်း ထားပါတယ်။