မျက်စိ မှုန်ရခြင်းသည် အကြောင်းရင်း များစွာကြောင့် ဖြစ်နိုင်သည်။
အောက်ပါရောဂါ လက္ခဏာ များကို လေ့လာပြီး မျက်စိမှုန် ပြဿနာကို အကြမ်းဖျင်း စစ်ဆေးနိုင်သည်။
(၁) အဝေးမှုန်ခြင်း (Myopia)
မိခင်၊ ဖခင်တစ်ဦးဦး အဝေးမှုန် ပါက
သားသမီးများပါ အဝေးမှုန် တတ်သည်။ အနီးကပ် အာရုံစူးစိုက် ကြည့်ရှုဖန်များလျှင်
အဝေးမှုန်လာ တတ်သည်။ အဝေးမှုန်ခြင်းကို မျက်မှန်၊ မျက်ကပ်မှန်
တပ်ဆင်ခြင်းနှင့် ခွဲစိတ်ခြင်းတို့ဖြင့် ကုသနိုင်သည်။
(၂) အနီးမှုန်ခြင်း (Hyperopia)
ကျွန်ုပ်တို့ အတော်များများသည်
မွေးစဉ်ကတည်းက အနီး မှုန်လာကြသည်။ အသက် ကြီးလာသည်နှင့် ကလေးဘ၀မှာပင်
အမြင်အာရုံပုံမှန် ဖြစ်လာ တတ်သည်။ သို့သော် အနီးမှုန်ခြင်း ဆက်လက်
ဖြစ်ပေါ်နေသူများ၌ အဝေးရှိ အရာဝတ္ထုများသာ ရှင်းရှင်းလင်းလင်း မြင်ရပြီး
စာဖတ်လျှင်၊ သိုးမွေးထိုးလျှင် မမြင်ရတော့ဘဲ ခေါင်းကိုက်ခြင်း၊ မျက်ရိုး
ကိုက်ခြင်းများ ခံစား ရတတ်သည်။ မျက်မှန်၊ မျက်ကပ်မှန် တပ်ဆင်ခြင်းနှင့်
ခွဲစိတ် ခြင်းတို့ဖြင့် ကုသနိုင်သည်။
(၃) သက်ကြီးမှုန် (Presbyopia)
အသက် (၄၀) ကျော်သည်နှင့် အနီးမှုန်၊
အဝေးမြင် ဖြစ်လာခြင်းကို သက်ကြီးမှုန် (Presbyopia) ဟုခေါ်သည်။
စာကြည့်မျက်မှန်နှင့် ဘိုင်ဖို ကယ်မျက်မှန်များ တပ်ဆင်နိုင် သည်။
(၄) မြင်လွှာဆုံချက်မညီခြင်း (Astigmatism)
မျက်ကြည်လွှာ အခုံး ပုံမမှန်လျှင်
ပုံရိပ်ဆုံချက် မညီဘဲ မြင်လွှာပေါ် တကွဲတပြား ကျရောက်လေ့ရှိရာ မျက်စိ
မှုန်ခြင်းနှင့်အတူ ခေါင်းကိုက် ခြင်း၊ နုံးခြင်း၊ မျက်ရိုးကိုက်ခြင်းတို့
ခံစားရနိုင်သည်။
(၅) အတွင်းတိမ် (Glaucoma)
အတွင်းတိမ်ကြောင့် အမြင် အာရုံကြော (Optic
Nerve)ကို ဖိအား ကြာရှည် သက်ရောက်လျှင် အမြင်အာရုံကြော ပျက်စီးပြီး မျက်စိ
ကွယ်တတ်သည်။ အမြင်အာရုံချို့ တဲ့လာမှ အတွင်းတိမ် ဖြစ်ကြောင်း သိရလေ့ရှိရာ
အတွင်းတိမ်ကို စောစီးစွာ သိရှိနိုင်ရန် အသက် (၄၀)ကျော် သည်နှင့်
တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် မျက်စိစမ်းသင့်သည်။
(၆) ရေတိမ် (Cataract)
အသက်အရွယ် ရလာသည်နှင့် မျက်စိ
မှန်ဘီလူးတွင် ပရိုတင်းများစု ပုံလာသည့်အခါ မြင်လွှာပေါ်တွင် ပုံရိပ်များစု
ဆုံမကျတော့ဘဲ မျက်စိ မှုန်ခြင်း၊ ညအခါ၌ အရောင်များ မူမမှန်ခြင်းတို့
ဖြစ်တတ်သည်။ အလွန်ထူ ထပ်လျက်ရှိသော ရေတိမ်များကို စက်ဝိုင်း တစ်ခုအဖြစ်
သာမန်မျက်စိနှင့်ပင် မြင်နိုင်သည်။
သီဟ
credit to Health Updates Journal
နာမည်ကြီး Anonymous ဟက်ကာအဖွဲ့ အစိုးရ အာဏာပိုင်တွေကို အွန်လိုင်းကနေတဆင့် တိုက်ခိုက်မည်ဟုဆို
Tag :
ဟက်ကာ
ကမ္ဘာကျော်နာမည်ကြီး ဟက်ကာ (Hacker) တွေပါဝင်တဲ့ Anonymous ဟက်ကာအဖွဲ့က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးတွေကို လူမျိုးတုန်းသုတ်သင်မှု ပြုလုပ်နေခြင်းအတွက် ဒီကိစ္စတွေအပေါ် အရေးယူ ဆောင်ရွက်ခြင်း မရှိသူတွေ၊ မြန်မာအစိုးရအာဏာပိုင်တွေကို အွန်လိုင်းကနေတဆင့် တိုက်ခိုက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကြေငြာလိုက်ကြောင်း Global Post သတင်းဌာနမှာ ဖော်ပြထားပါတယ်။
Anonymous ဟက်ကာအဖွဲ့ရဲ့ Twitter အသုံးပြုသူ @CIApressoffice ကနေတဆင့် ယခုလို ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်း အမေရိကန်အခြေစိုက် Human Rights Watch အဖွဲ့ရဲ့ အစီရင်ခံစာအတွင်း မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသုတ်သင်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ စွတ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက် Anonymous ဟက်ကာအဖွဲ့က ယခုလို ထပ်မံပြောဆိုခဲ့တာပါ။
“ကျွန်တော်တို့ လက်ရှိအခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေဆီကလည်း သတင်းအချက်အလက်တွေရယူ နေပါတယ်” လို့ @CIApressoffice အမည်ရှိ Anonymous ဟက်ကာအဖွဲ့ကို ကိုယ်စားပြုထားတဲ့ Twitter အသုံးပြုသူက ဆိုပါတယ်။ ဆက်လက်ပြီး “ဒါဟာအတော်ကို ဝမ်းနည်းစရာကောင်းပါတယ်။ OpRohingya လို့ အမည်ပေးထားတဲ့ ဒီအွန်လိုင်းအဖွဲ့ မပေါ်ပေါက်မီအထိ ရိုဟင်ဂျာတွေကို ကမ္ဘာကမသိခဲ့ရပါဘူး၊ ဒါကြောင့် Anonymous ဟက်ကာအဖွဲ့အနေနှင့် အသံတိတ်နေရတဲ့ ရိုဟင်ဂျာတွေကိုယ်စား ကမ္ဘာကို သိအောင် တင်ပြပေးမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။
OpRohingya ကို ဦးဆောင်နေတာကတော့ Anonymous ဟက်ကာအဖွဲ့ဝင်တွေ ပါဝင်တဲ့ “Anons” အမည်ရှိ ဟက်ကာအဖွဲ့ခွဲတစ်ခု ဖြစ်ပါတယ်။ “ရိုဟင်ဂျာတွေဟာ (၂) ဖက်ကနေ ဖိအားပေး နှိပ်ကွပ်မှုတွေခံနေရပါတယ်။ တစ်ဖက်က အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး၊ နောက်တစ်ဖက်ကတော့ မြန်မာအစိုးရပါပဲ”လို့ “Anons” အဖွဲ့သားတစ်ဦးက Anonymous ဟက်ကာအဖွဲ့ရဲ့ အခြား Twitter Account တစ်ခုဖြစ်တဲ့ @Crypt0nymous ကနေ ပြောဆိုလိုက်ပါတယ်။
Anonymous ဟက်ကာအဖွဲ့ရဲ့ OpRohingya အတွက် ပြုလုပ်ထားတဲ့ ဗီဒီယိုကိုလည်း အွန်လိုင်းဗီဒီယို ဝဘ်ဆိုဒ်တစ်ဖြစ်တဲ့ Youtube မှာတင်ပြထားပါတယ်။ ဒီဗီဒီယိုကိုတော့ Anonymous ရဲ့ Crypt0nymous အမည်ရှိ Youtube အသုံးပြုသူက လွှင့်တင်ထားတာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (Rakhine Nationalities Development Party)၊ အာရကန် လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army)၊ န.စ.က လုံထိန်းတပ်ဖွဲ့တွေအပြင်၊ “ဘားမား ဘင်လာဒင်” လို့ ကြွေးကြော်ထားတဲ့ အစွန်းရောက်ဘုန်းကြီး ဝီရသူ ဦးဆောင်တဲ့ “၉၆၉” ဘုန်းကြီးတွေအပြင် မြန်မာအစိုးရလည်း နောက်ကွယ်က ပါဝင်တယ်လို့ ဆိုထားပါတယ်
ကိုးကား>>>myanmarmuslimsvoice.
ကိုးကား>>>myanmarmuslimsvoice.
ဒီကနေ့ညနေ ၅ နာရီဝန်းကျင်က မန္တလေးမြို့
ချမ်းမြသာစည် မြို့နယ် ၆၁ လမ်းကြား သိပ္ပံလမ်းပေါ်မှာရှိတဲ့ ဆောက်လက်စ
ကာရာအိုကေ အဆောက်အဦးမှာ ဝရိန်ဆော်တာကနေ စတင်ပြီး
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။
ဒီမီးလောင်မှုကို မန္တလေးမြို့အတွင်းက မီးသတ်ကား ၅၀ကျော်လာရောက်ငြိမ်းသတ်နေပြီး၊ အဲဒီအဆောက်အဦးမှာ နေထိုင်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိတယ်လို့လည်း ကနဦးရရှိတဲ့ သတင်းတွေ အရသိရပါတယ်။
ဒီမီးလောင်မှုကို မန္တလေးမြို့အတွင်းက မီးသတ်ကား ၅၀ကျော်လာရောက်ငြိမ်းသတ်နေပြီး၊ အဲဒီအဆောက်အဦးမှာ နေထိုင်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိတယ်လို့လည်း ကနဦးရရှိတဲ့ သတင်းတွေ အရသိရပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်း
ကိုနေမျိုးဇင်ဟာ မအူပင်အကျဉ်းထောင်မှာ မေလ ၂ ရက်နေ့က အကြည် ညို ပျက်စေမှု
ပုဒ်မ ၅၀၀ နဲ့ ထောင်ဒဏ် ၃ လ ကျခံနေရစဉ်မှာ ထောင်ကြွေးကျန် နောက်ထပ် ၆ နှစ်
ထပ်မံ ကျမှတ်ခံလိုက်ရပါတယ်။
ယမန်နှစ် ဆန်းပိုင်းက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာပေမယ့်ထောင်ကြွေးကျန် ၆ နှစ်ကို အခု ပြစ်ဒဏ်ခံစားနေရချိန် အခုလို ထပ်မံချမှတ်လိုက်တဲ့အပေါ် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က သဘောထား တရပ် ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ကြွင်းကျန်ထောင်ဒဏ် ချမှတ်ခြင်းအပေါ်
သဘောထားထုတ်ပြန်ချက်
ရက်စွဲ မေလ ၈ ရက်၊ ၂၀၁၃ ခုနှစ်
ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ပြည်ထဲရေးဝန်ကြီးအမိန့်ဖြင့် မေလ ၇ ရက်နေ့တွင် မအူပင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မအူပင်အကျဉ်းထောင်တွင်း လာရောက်၍ ပထမကျခံထားသည့်
ပြစ်ဒဏ်(ယခင်ပြစ်မှုအဟောင်း) အထဲမှ ၆ နှစ်ကျခံစေဟု အမိန့်စာ ဖတ်ကြားခဲ့သည်ဟု သူ၏
မိသားစုများမှ တဆင့်သိရှိရပါသည်။
ဗိုလ်ကြီးဟောင်းနေမျိုးဇင်သည် ပန်းတနော်ဒေသခံ လယ်သမားတွေအတွက် အကူအညီပေး ရင်း အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး အသရေဖျက်မှုဖြင့် စွဲချက်တင်ကာထောင်ဒဏ် ၃ လ ကျခံစေရန် (သို့မ ဟုတ်) ငွေဒဏ် ၂ သောင်းကျပ် ပေးဆောင်စေရန် ပန်းတနော်တရားရုံးမှ မေလ၂ ရက် နေ့တွင် ချမှခဲ့ခြင်းဖြစ်သည်။
ဦးနေမျိုးဇင်မှ ငွေဒဏ်မပေးဆောင်ပဲ ငြင်းဆိုခဲ့သည့်အတွက် မအူပင် အကျဉ်းထောင်သို့ပို့ဆောင် ပြီး ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် တောင်သူ ၁၀၀ ကျော်မှ ဒဏ်ငွေ ကျပ်ငွေ ၂ သောင်းအား မေလ ၇ ရက်နေ့ ၂၀၁၃ ခုနှစ်တွင်
ပေးဆောင်ခဲ့သော်လည်း ညနေပိုင်းတွင် အထက်ပါ ကြွင်းကျန် ပြစ်ဒဏ်ကို ကျခံစေရန် အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်သည် ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ဖမ်းဆီးခံခဲ့ရပြီး အီလက်ထရောနစ် ပုဒ်မ (၃၃ က)ဖြင့် ထောင်ဒဏ် ၁၀ နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူတဦးဖြစ်သည်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဓာတ်ပုံ - ဧရာဝတီ

၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ပုဒ်မ ၄၀၁ ဖြင့်
ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။
ယခုကဲ့သို ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား ပြစ်မူကြွေးကျန်ဖြင့် ထောင်ချလိုက်ခြင်းသည် လက်ရှိ ဦးသိန်းစိန်အစိုးရမှ လွတ်မြောက်ပြီးဖြစ်သည့် ထောင်ပေါင်းများစွာသော နိုင်ငံရေး
အကျဉ်းသား

ဟောင်းများကို ကြီးမားသည့် ခြိမ်းခြောက်ခြင်းဖြစ်သည့်အပြင်
နိုင်ကျဉ်းဟောင်းများ နိုင်ငံရေး၊ လူမူရေး လုပ်ငန်းများတွင် တက်ကြွစွာ
ပါဝင်ခြင်းမရှိနိုင်အောင် ပြင်းထန်စွာ သတိပေးလိုက်ခြင်းဖြစ်သည်ဟု
မှတ်ချက်ချပါသည်။
ထို့အပြင် ထိုကဲ့သို့သောလုပ်ရပ်သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များအား ကြီးမားသော ဟန့်တားမှုတခု ဖြစ်သည့်အပြင် နောက်ကြောင်းပြန်လှည့်သည့် လုပ်ဆောင်ချက် တခုပင်ဖြစ်ပေသည်။
မိမိတို့ အေအေပီပီအနေဖြင့် ထိုသို့ နောက်ကြောင်းပြန်သက်ရောက်စေသည့် ပြစ်ဒဏ် ချမှတ်ခြင်း အပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချလိုက်ပါသည်။

တဆက်တည်းတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေး ပါရန်တောင်းဆိုလိုက်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
<kotate_9@yahoo.com>
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃
<bkstudent21@yahoo.com>

မဆင်မခြင် ရေးသားမှုအတွက် Eleven Media ကို တရုတ် သံရုံး သတိပေး၊ Eleven Media ၏ Network လုံခြုံရေး အနာဂါတ် အလားအလာ မကောင်းနိုင်
Tag :
သတင်များ
မဆင်မခြင် ရေးသားမှုအတွက် Eleven Media ကို တရုတ် သံရုံး မှ သတိပေးသည့်
ကြေညာချက်တစ်ခုကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်
တစ်ပတ်အကြာက အသေအချာမစုံစမ်း ပဲ မဆင်မခြင်ရေးသားခဲ့သည့် သတင်းအတွက်
သတိပေးထားခြင်းဖြစ်ပြီး ယခင်ကလည်း Eleven ခေါ်ယူ ရှင်းပြ ခဲ့ဖူးကြောင်း
သိရသည်။
.
သတိပေးခံရမှုနှင့် ပတ်သက်၍ Eleven Media မှ
မြန်မာနိုင်ငံသတင်းစာလွတ်လပ်ခွင့်ကို ထိပါးသည်ဟု စကားလုံးကြီးတွေ
ပြောလျှက်ရှိပြီး ဟီလာရီကလင်တန်လာစဉ်က မြန်မာမီဒီယာသမားများကို ခွေးနှင့်
နမ်းခိုင်း ခြင်းဖြင့် စစ်ဆေးစဉ်ကတော့ အသံတစ်ခွန်းမှ မထွက်ပဲ
ပါးစပ်ပိတ်နေခဲ့သည်။ အကယ်၍ အမေရိကန်မဟုတ်ပဲ အာရှနိုင်ငံတစ်ခုခုမှ
ထိုကဲ့သို့ စစ်ဆေးပါက ယခုကဲ့သို့ပင် မြန်မာနိုင်ငံ သတင်းသမားများအား
ဘာဖြစ်ကြောင်း၊ ညာဖြစ်ကြောင်း ပြောမည်မှာ အသေအချာဖြစ်သည်။
ဒါ့အပြင် Express Times သတင်းထောက်အား NLD လုံခြုံရေးသမားမှ
ကိုယ်ထိလက်ရောက် စောင့်တွန်းချိန်များ နှင့် ဇာဂနာ မှ "မီဒီယာသမားတွေ -
ီးပဲ" ဟု ဆဲဆိုခဲ့ချိန် တွင်လည်း Eleven မှ ဘာမှမပြောခဲ့ခြေ။
ယခုကဲ့သို့ သံရုံးမှ တရားဝင်ကြေညာချက်ဖြင့် သတိပေးခံရခြင်းကြောင့် Eleven Media ၏ Network လုံခြုံရေး အနာဂါတ် အလားအလာ မကောင်းနိုင် ဟု မြန်မာ့အရေးကျွမ်းကျင်သူများက သုံးသပ်လျှက်ရှိကြောင်း သတင်းရရှိသည်။
ref :myanmarexpress
ရခိုင်ပြည်နယ်
ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ မေလ ၆
ရက်နေ့က မိန့်ခွန်းပြောကြားနေသော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – သမ္မတရုံး)
ယမန်နေ့ည ၈ နာရီတွင် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရုပ်သံမှတဆင့် ပြောကြားသော မိန့်ခွန်းတွင် “အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်မှာ မူလက ရောက်ရှိနေကြတဲ့ အစ္စလမ်ဘာသာ ကိုးကွယ်သူများအား လူသားချင်း စာနာထောက်ထားသည့်အနေဖြင့် သူတို့ရဲ့ အခြေခံရပိုင်ခွင့်များနဲ့ အခွင့်အရေးများကို လက်တွေ့အကျဆုံး နည်းလမ်းများနဲ့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်သလို ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလားချက်များကိုလည်း လုံးဝလျစ်လျူရှုမှာ မဟုတ်ကြောင်း” ဟုလည်း သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားသွားသည်။
ထို့အပြင် နိုင်ငံသား ဖြစ်ခွင့်ရှိသူများ နိုင်ငံသားဖြစ်ရေး ကိစ္စရပ်များကိုလည်း ရေတို ရေရှည် စီမံချက်များ ချမှတ် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်၏ အကြံပြုချက်များအနက် အဓိက အချက်များတွင် ပထမဆုံး ဆောင်ရွက်ရမည့် အချက်မှာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများ ထပ်မံ မဖြစ်ပွားရေးအတွက် တရားဥပဒေ စိုးမိုးရေး အစီအမံများ ချမှတ်ဆောင်ရွက်ရေး ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။
ပဋိပက္ခကြောင့် အိုးအိမ် မီးရှို့ခံရသူများ၊ အိုးအိမ်စွန့်ခွာ နေရသူများသည် ပဋိပက္ခ ဆက်လက် ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း၊ ဘူးသီးတောင် မောင်တောဒေသများတွင် လုံခြုံရေးကို ယခင်ကထက် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ဆိုသည်။
ဦးအေးသောအောင်က ဆက်လက်၍ “တရားမ၀င် ၀င်ရောက်မလာဖို့အတွက် နယ်စပ်လုံခြုံရေးကို ပိုချပေးဖို့၊ နယ်စပ်လုံခြုံရေး ယူထားတာ မလုံလောက်မှု၊ နယ်စပ်မှာ သံစည်းရိုးနဲ့သာ ခံထားတဲ့အတွက် ကျူးကျော်တဲ့သူတွေက နည်းမျိုးစုံ ကျော်တက်လာလို့ရတယ်။ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် လုပ်သင့်တယ်” ဟု ဦးအေးသာအောင်က ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲနောင်သိန်းက “ကျနော်တို့ နယ်စပ်ကတော့ ကျနော်တို့ ထိန်းသိမ်းရမယ်လေ။ တရားမ၀င် ခိုးဝင်လာတဲ့သူကို တင်းကျပ်စွာတားမြစ်ရမယ်။ ထိရောက်တဲ့ ဥပဒေနဲ့အညီ အရေးယူရမှာပေါ့” ဟု ပြောသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရာတွင် နိုင်ငံသားတိုင်း မိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ရွေးချယ်ကိုးကွယ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိစေရန်လည်း ကြိုးပမ်းဖော်ဆောင်ကြောင်း သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ထို့အပြင် ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့သော ဥပဒေ ချိုးဖောက်မှုများကိုလည်း ဘက်လိုက်မှု မရှိစေဘဲ ထိရောက်စွာ အရေးယူသွားမည်ဟုလည်း ပြောဆိုခဲ့သည်။
သို့သော် ပြီးခဲ့သည့် လပိုင်းက မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ထိရောက်စွာ မကိုင်တွယ်နိုင်ခဲ့မှုအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။
သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရအနေဖြင့် လက်တွေ့ကျသော နည်းလမ်းများနှင့် ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်သည့် လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးကို ရှေးရှုကြောင်း ပြောကြားသွားသည်။ ထို့အပြင် စိတ်ခံစားမှုများကို ရှေ့တန်းတင်ခြင်းနှင့် လွဲမှားသော အယူသီး အစွန်းရောက် လုပ်ရပ်များကြောင့် ဆုံရှုံးမှုနှင့် အန္တရာယ်များ ကြုံတွေ့နိုင်ကြောင်း၊ အလားတူ ပဋိပက္ခများ မဖြစ်ပွားစေရန် တဦးချင်းစီတွင် တာဝန်ရှိကြောင်းလည်း ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲနောင်သိန်းက ဘာသာတချို့၏ အယူသီးမှု၊ အစွန်းရောက်မှုကြောင့် ဘာသာတခုနှင့်တခု ပေါင်းစည်းမှု ခက်ခဲကြောင်း၊ မြန်မာ နိုင်ငံထဲတွင် အတူတကွနေထိုင်ပြီး တဦးကိုတဦး အသားအရေ၊ လူမျိုးဘာသာ မခွဲခြားဘဲ ငါ့တိုင်းငါ့ပြည်ဟု သဘောထား နေထိုင်ကြမည်ဆိုပါက ဘာသာရေး ပဋိပက္ခဖြစ်လာမည် မဟုတ်ကြောင်း ဆိုသည်။
ပဋိပက္ခများ ဖြစ်ပွားခဲ့ရခြင်းနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်က သမိုင်းကြောင်းနှင့် ချီ၍ ဒီမိုကရေစီရေချိန် နိမ့်ပါးခြင်း၊ ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းကို မတည်ဆောက်နိုင်ခြင်း စသည့်အချက်များကို ထောက်ပြပြောဆိုသွားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ ဒုက္ခသည် ၁ သိန်းကျော်နှင့် စပ်လျဉ်း၍ မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေး၊ ကလေးသူငယ်များ အဟာရပြည့်ရေး၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများနှင့် မလုံခြုံမှုများ ကုစားရေး၊ ကူးစက်ရောဂါများ ဟန့်တားရေးတို့ကို သမ္မတ ဦးသိန်းစိန်က ပြောဆိုသွားသည်။ ထို့အပြင် ယင်းသို့ ပြန်လည် ထူထောင်မှုများတွက် နိုင်ငံတကာ အကူအညီများကို ရယူသွားမည်ဟု ပြောကြားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် NGO များ၊ နိုင်ငံတကာ NGO များကို ယင်းဒေသများသို့ ဝင်ရောက်ခွင့် မပေးမှုနှင့် ပတ်သက်၍ မြန်မာအစိုးရသည် ဝေဖန်မှုများ ခံခဲ့ရသည်။ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင်မူ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ခေါင်းစဉ်နှင့် ရခိုင်ဒေသသို့ ဝင်ရောက်လုပ်ကိုင်ခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ လုပ်နည်းကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေး နက်ရှိုင်းခဲ့သည်ဟု ဝေဖန်ထားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ လူပေါင်း ၂ ထောင်ကျော်အား ကွင်းဆင်း မေးမြန်းချက်များအပေါ် အခြေခံသည့် အစီရင်ခံစာကို ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်က အများပြည်သူသို့ ဧပြီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အစီရင်ခံစာတွင် ဖော်ပြချက်အရ ၂၀၁၂ ခုနှစ် ပဋိပက္ခများအတွင်း လူပေါင်း ၁၉၂ ဦး သေဆုံးပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ref :burma.irrawaddy
(မော်ကွန်းမဂ္ဂဇင်းမှ သတင်းကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)
မြန်မာတစ်နိုင်ငံလုံးရှိအစ္စလာမ် ဘာသာဝင်များဘုရားရှိခိုးရာ ဗလီများအတွင်း မည်သည့်ဘာသာဝင်မဆို ၀င်ရောက်ကြည့်ရှုလေ့လာ ခွင့်ပြုထားပြီးဖြစ်ကြောင်း အစ္စလာမ် သာသာနာရေးကောင်စီ ဥက္ကဌဦး ညွန့်မောင်ရှိန်က မော်ကွန်းသို့အတည်ပြုပြောကြားသည်။
ယင်းသို့ ၀င်ရောက်ကြည့်ရှုလေ့လာ ခွင့်ပြုရာတွင် အစ္စလာမ် ဘာသာရေးအဖွဲ့များဖြစ်သော အိုလမာအစ္စလာမ့် သာသနာ ပညာရှင်များ အဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာ ဌာနချုပ်၊ မော်လ၀ီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာမြန်မာ မွတ်စလင်(မ်) လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာဗလီဂေါပ ကများထံ အကူအညီတောင်းခံနိုင်ကြောင်း ယင်းကဆိုသည်။
“ခွင့်ပြုချက်က ဂေါပကတွေအပေါ်မှာမူတည်ပါတယ်။သူတို့ကလည်းခွင့်ပြုပေးပါလိမ့်မယ်။ ဓာတ်ပုံပါရိုက်လို့ ရပါတယ်”ဟု ဦး ညွန့်မောင်ရှိန်ကပြောပါသည်။
နိုင်ငံတကာရှိ ဗလီများတွင်လည်း ၀င်ရောက်ကြည့်ရှု လေ့လာခွင့်ရှိပြီး ယခုကဲ့သို့ မြန်မာနိုင်ငံရှိ ဗလီများတွင်လည်း မည်သည့် ဘာသာဝင်မဆို ၀င်ရောက်ကြည့်ရှုလေ့လာ
ခွင့်ပြုခြင်းသည် အထူးပြင်ဆင်ထားရန် မလိုဘဲ ၀င်ရောက်လေ့လာ ကြည့်ရှုသူများ
အနေဖြင့် ဗလီများ၏ ဓလေ့ထုံးစံ အတိုင်း ခြေလက်သန့်စင်ရန်သာ လိုအပ်ကြောင်း ၎င်းကရှင်းပြသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ပဋိပက္ခဖြစ်စဉ်များတွင် ၀င်ရောက်ဖြေရှင်းပေးနေသောရွှေည၀ါ
ဆရာတော် အရှင်ပညာသီဟက “ကောင်းတဲ့ လက္ခဏာပေါ့ကွာ။ငါတို့
ဘုန်းကြီးကျောင်းတွေမှာဆိုရင် မည်သူမဆို လွတ်လပ်စွာ
ဝင်ခွင့်ထွက်ခွင့်ရှိတယ်လေ။ အဲတော့ သူတို့ရဲ့ ဗလီတွေကိုလည်း ထင်သာမြင်သာတဲ့
ပုံစံမျိုးနဲ့ ဘယ်သူမဆို လွတ်လပ်စွာဝင်ခွင့်၊ ဓာတ်ပုံရိုက်ခွင့်ရှိ တယ်ဆိုရင် နှစ်ဘာသာကြားမှာ ပဋိပက္ခပြသနာတွေဟာ လျော့နည်းသွားလိမ့်လို့ ငါ့အနေနဲ့ မြင်ပါတယ်” ဟု မိန့်ကြားသည်။
အစ္စလာမ်ဘာသာဝင် အများစုတွင်လည်ြး ငိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင် လိုသော ဆန္ဒသည် အမှန်တကယ်ရှိနေပြီး ယင်းသို့ ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် ဗလီများအတွင်း ၀င်ရောက်ကြည့်ရှုလေ့လာခွင့်၊ ဓာတ်ပုံရိုက်ခွင့်ပြု ခြင်းသည် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများဖြ စ်စဉ်များလျော့နည်းသွားစေရေး အတွ က် များစွာအထောက်အကူပြုသော ကြောင့် ယင်းအားကြိုဆိုကြောင်း ဆရာတော်က မှတ်ချက်ပြုသည်။ ။
မလေးရှား
မြန်မာမွတ်စလင်မ် အသင်း ဒုတိယအကြိမ် အစ္စလာမ့်ရေးရာ ဟောပြောပွဲတွင် ဂျီဟာဒ်
အကြောင်း ဒေါက်တာမြင့်သိန်း မှ ရှင်းလင်း ဟောပြောစဉ်
သူငယ်ချင်း၊ မပြောမပြီး မတီးမမြည်မလို့  ပြောစရာရှိတာ ပြောရအုံးမယ်။ မင်းနဲ့ ငါက မူကြိုကတည်းက ပုခုံးဖက်ကြီး လာတယ်။ မင်းအမေနဲ့  ငါ့အမေက
ငယ်သူငယ်ချင်းတွေဆိုတော့ မင်းနဲ့ ငါ ပိုပြီး
သူငယ်ချင်းသံယောဇဉ်ကြီးခဲ့တယ်။ နေတဲ့ ရပ်ကွက်ချင်းကလည်းတူတော့
မင်းအိမ်မှာငါလာကစားသလို ငါ့အိမ်လည်း မင်းရဲ့ စားအိမ်သောက် အိမ်ဖြစ်ခဲ့တယ်။
နှစ်တွေဘယ်လောက်ပြောင်းပြောင်း ဘယ်နှစ်တန်းရောက်ရောက် အရပ်ပုတဲ့ မင်းနဲ
့ငါ ရှေ့ ဆုံး တန်းမှာ အတူတူထိုင်ရလို့  မင်းနဲ့ငါက ဘယ်သွားသွား
တပူးတွဲတွဲပိုဖြစ်ခဲ့တယ်။ ဆေးလိပ်တစ်လိပ်ကို အတူတူ စမ်းသောက်ခဲ့လို့ 
ဆေးလိပ် စသောက်တတ်တဲ့ နေ့ နဲ့  စသောက်ဖြစ်တဲ့ဆေးလိပ်တောင်
တလိပ်တည်းဖြစ်ခဲ့တယ်။
ရှစ်တန်းပြီးလို့  အထက်တန်းကျောင်းပြောင်းမှ မင်းနဲ့ငါကျောင်းကွဲသွားတယ်။ တက္ကသိုလ်တွေ ဆက်တက်ရင်း တယောက်တ မြို့ ပြောင်းရင်း ၁၀ နှစ်ကျော်မှ ဖေ့စ်ဘွတ်မှာ ပြန်တွေ့ ရတော့ ငါ့သိပ်ဝမ်းသာတယ် သူငယ်ချင်း။ မင်းပို့ ပေးတဲ့ ငါတို့ ငယ်ငယ်တုန်းက တွဲရိုက်ထားတဲ့ဓာတ်ပုံကိုလည်း ငါ့ဖေ့ဘွတ်မှာ တင်ထားတယ်။
ဒါပေမဲ့ မင်းရဲ့  ခုတလော ဖေ့ဘွတ်စတေ့တပ်မှာ ကုလား ကုလား ဆိုပြီး ပြောနေတာတွေ သတိထားမိတယ်။ ပေါက်တတ်ကရဖြစ်နေတဲ့ ရခိုင်အရေး ဘာမှမပြောချင်လို့  ပါးစပ်ပိတ်နေပေမယ့် မနေ့ ညက “ထမင်းကျွေးတဲ့လက် ပြန်ကိုက်တယ်” ဆိုတဲ့ စတေ့တပ်တခု ပြန်ရှဲထားတာတွေ့ လို့  ငါဒီစာကိုရေးလိုက်တယ်။ မင်းဘယ်တုန်းက ကုလားမုန်းတီးရေး ဇာတ်ထဲဝင်သွားလဲ ငါမသိဘူးလိုက်သူငယ်ချင်း။
ပထမဦးဆုံးအနေနဲ့  မင်းရဲ့ ငယ်သူငယ်ချင်း (ငါ့ကိုသူငယ်ချင်းလို့ သတ်မှတ်သေးရင်) ငါက ကုလားဆိုတာ မင်း အမှတ်ရစေချင်တယ်။ ငယ်ငယ်တုန်းက “ကုလား” ဆိုတဲ့ စကားလုံးကြားရင် ငါတော်တော်ခါးသီးတယ်ဆိုတာ မင်းအသိပဲ။ ငါ့ကို ဆရာမတွေက ကုလားလေး ကုလားလေး ဆိုပြီး ခေါ်တာလည်း ငါသေလောက်အောင် မုန်းတယ်။ ကုလားဆိုပြီးအခေါ်ခံရတိုင်း အသည်းနှလုံးထဲကို အပ်နဲ့ ထိုးမွေခံ လိုက်ရသလိုနာကျင်တယ်။ စကားများချင်းအတူတူ သမိုင်းဆရာမက ငါ့ကို စကားများတယ် ဒီကုလားဆိုပြီး ပါး ရိုက်တုန်းက ငါ ကျောင်းထွက်ဖို့ အထိလုပ်တာ မင်းအသိပဲ။
ဒါပေမဲ့ အခုရခိုင်-ရိုဟင်ဂျာပြသနာဖြစ်တော့
ငါ့စိတ်ပြောင်းသွားပြီ။ ငါတို့ ဖက်က တသက်လုံးပြောလာတယ်။ ငါတို့ တွေက
မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးတဲ့လူတွေ၊ မြန်မာပြည်က ငါတို့ ပြည်၊
ငါတို့  အားထားရာ၊ ငါ တို့ သစ္စာထားရာ၊ ငါတို့ အလုပ်အကျွေးပြုရာမြေဆိုတာ။
ပြောရပေါင်းလည်းများပြီ။ တောင်းပန်ရပေါင်းလည်း များပြီ။ အောက်ကျို့ 
နှိမ့်ချရပေါင်း လည်းများပြီ။ မင်းတို့ ခြေဖက်နမ်းပြီး တောင်းပန်တောင်
အားရကျေနပ်ကျမယ်မထင်ဘူး။
မင်းတို့ တွေ ဆဲသမျှ ဆိုသမျှခံရတာ ငါတို့  ကုလားတွေချည်း မဟုတ်တော့ဘူး။ ငါတို့  ဘုရားလည်း အစော်ကားခံရပေါင်းများပြီ။ ငါတို့  သည်းခံနေသလောက်၊ နှုတ်ပိတ်ပြီး နေပေးနေသလောက် မင်းတို့ ဘက်က အားမရသေးဘဲ ပိုလို့ တောင် ဆိုးလာနေတော့ ငါတို့ လည်း မြန်မာဆိုပြီး ဇွတ်ခံယူနေစရာမလိုတော့ဘူး။ အခု ငါ့ကိုငါ ကုလားလို့ ပဲ ခံယူတယ်။ ရှေ့ဆက်လည်း ငါ့ကိုငါ ကုလားလူမျိုး လို့  ပဲခေါ်မယ်။ ဟုတ်တယ်လေ။ ငါတို့ က မြန်မာဖြစ်ချင်ပါတယ်ဆိုပြီး ပြောနေတာ မင်းတို့ က မှ လက်မခံတာကိုး။ အတ္တတွေဖုံးပြီး မကြားနိုင်တာလား၊ အမုန်းတရားတွေပွားပြီး ကန်းနေတာလားတော့ မသိဘူး ငါတို့ ကို ကုလား ကုလားဆိုပြီးခေါ်၊ ကုလား လူမျိုးဆိုပြီပြောနေ တယ်မလား။ တနေ့ တချိန်မှာ ငါတို့ ဟာ ကုလားလူမျိုးဖြစ်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ကြွေးကြော်တဲ့အခါ “မင်းတို့  ဟာ မြန်မာတွေပါ၊ မြန်မာပြည်မှာ မွေးလို့  မြန်မာ့အကျိုးကို သယ်ပိုးပါ၊” လို့  လာမပြောမိစေနဲ့ ။ ကုလားအကျိုး ဦးစိုက်လုပ်ခါမှ မြန်မာအကျိုးသယ်ပိုးပါလို့  မပြောမိစေနဲ့ ။ ငါတို့ မြန်မာပါဆိုတာ မင်းတို့ က လက်မခံဘဲ ကုလားဆိုပြီး အစွမ်းကုန်နှိပ်ကွပ်နေကြတယ်။ ငါတို့ ကို မြန်မာနဲ့  ဘာမှမဆိုင်သလို ပြောချင်သလို ပြော ဆဲချင်သလိုဆဲ နေကြတာကိုတော့ ဒီတသက်မမေ့ဘူးသူငယ်ချင်း။
ငါတို့ မိသားစု၊ ငါတို့ အသိုင်းအ၀ိုင်းအားလုံး ဗမာအ၀တ်အစားဝတ်၊ ဗမာလိုနေ၊ ဗမာစကားပြောတာ မင်းအသိ နော်။ ငါ့ဆီမှာ ကုလားအကျီအရှည်တထည်မှ မရှိတာလည်း မင်းအသိ။ ဗလီအုပ်ထုပ် တောင်မှ ဗလီအ၀င်မှ ဆောင်း၊ ပလီကထွက်တာနဲ့  ခေါက်ပြီး အိပ်ကပ်ထဲထည့်ပြန်လာတယ်။ ငယ်ငယ်တုန်းက လူမြင်မှာစိုးလို့ ဆိုပြီး အုပ်ထုပ်အမည်းရောင်တထည် မင်းနဲ့ အတူသွားဝယ်ဖူးတာ မင်းမှတ်မိလေမလားပဲ။ ငါ့အဖေအမေ၊ ငါ့အဖိုးအဖွား၊ ငါ့ဦးလေး အဒေါ်တွေအားလုံးလည်း ကုလားလိုဝတ်တာ တယောက်မှမရှိဘူးဆိုတာ မင်းမျက်မြင်ပဲ။ ငါ့အမေအမ တွေလည်း ဘုရားဝတ်ပြုမှ၊ ကျမ်းစာဖတ်မှ ဆံပင်လုံရုံ ပုဝါခြုံတာပါ။ အကျီအရှည်ကြီးတွေ မ၀တ်မသလို ခေါင်းတွေ မျက်နှာ တွေမအုပ်ထားပါဘူး။ ဗမာမဖြစ်ဖြစ်အောင် အတင်းလိုက်လုပ် နေတာမ ဟုတ်ဘူး သူငယ်ချင်း။ ယဉ်ကျေးမှုနဲ့ ဘာသာရေး ကွဲကွဲပြားပြားကျင့်သုံးတာပါ။
တခါတလေစဉ်းစားမိတယ်။ ဒီလောက် မြန်မာလိုနေတာကို မြန်မာမဟုတ်ဘူး၊ ကုလားပါဆိုပြီးပြောနေမှတော့ ငါ့မိသားစု ငါ့အသိုင်းအ၀ိုင်းနဲ့ ငါတို့  ကုလားတွေအားလုံး ကုလားလိုနေ၊ ကုလားစကားပြော၊ ကုလားလိုဝတ်စားကြအောင်ပဲ ကမ်ပိန်းလုပ်ရရင်ကာင်းမလားလို့ ။ ကုလား ကုလားပီပီ နေပြကြလိုက်တာပေါ့။ မကောင်းဘူးလား။ အပြောခံနေရမှတော့ မထူးဘူးလေ၊ လက်တွေ့ လုပ်ပြလိုက်ကြည့်ချင်တာပေါ့ကွာ ။ ငါ့အဖေကိုလည်း တိုက်ပုံဝတ်မဲ့အစား ကုလားအကျီရှည်ပဲပြောင်းဝတ်ပါလို
့ပြောမယ်။ ငါလည်းဒီလိုပဲ ၀တ်မယ်။ ငါ့အမေ အမ တွေကိုလည်း
မြန်မာဆန်ဆန်ဝတ်မဲ့အစား အ၀တ်အရှည်တွေဝတ်ပြီး ခေါင်းဆောင်းဖို့ ပြောမယ်။
ငါ့အသိုင်းအ၀ိုင်းထဲမှာလည်း ဒီလိုပဲဝတ်ခိုင်းမယ်။ ငါတို့ တမိသားစုလုံး
ကုလားစကားမတတ်ဘူးဆိုတာလဲ မင်းအသိ။ ငါတို့ တော့ အသက်ကြီးပြီ
မသင်နိုင်တော့ဘူး။ ဒါပေမဲ့ ကုလားပီသအောင် ငါတို့ အသိုင်းအ၀ိုင်းထဲက ကလေးတွေ
နောင်လာနောက်သားတွေကို ကုလား စကားပြောတတ် အောင်သင်ပေးမယ်။
ကုလားစကားပဲပြောခိုင်းမယ်။ မြန်မာယဉ်ကျေးမှုထက် ကုလားယဉ်ကျေးမှုကို ပိုပြီး
အားပေးမယ်။ ငါတို့ ဖက်က မင်းတို့ ခေါ်ခေါ်နေတဲ့ ကုလားလို ပီပီသသနေလာခါမှ
မြန်မာ့ယဉ်ကျေးမှုကို မလေးစားဘူးလို့ မ ပြောမိစေနဲ့ သူငယ်ချင်း။ မင်းတို
့ပြောပြောနေတဲ့ ဒေါင်းယောင်ဆောင်တဲ့ ကျီးလို့  အခေါ်ခံရမဲ့အစား ကုလား
ကုလားလိုနေပြလိုက်ချင်တယ်ကွာ။
စကားလုံးတွေနဲ့  ချိန်းခြောက်နေတာမဟုတ်ဘူးသူငယ်ချင်း။
စိတ်ထဲမှာ ရှိနေတာကို ရင်ဖွင့်တာ။ ငါက ငယ်ကျင့်မ ပျောက်သေးဘူးလို
ပြာရမလားပဲ၊ အရွဲ့ တိုက် တုန်းပဲ။ ပလီမရောက်ဖြစ်တဲ့ငါတယောက်
အခုပလီပြန်တက်ဖြစ်နေပြီ။ အခုဥပုဒ်လလည်း ဥပုဒ်ပြန်စောင့်ဖြစ်နေပြီ။
ကျမ်းစာမသင်ချင်လို့ ဗလီကျောင်းပြေးပြီး မင်းဆီလာကစားလို့ 
ခနခနအရိုက်ခံရတဲ့ငါတယောက် ငါ့အသိနဲ့ငါ ကျမ်းစာဖတ်တတ်အောင် ကြိုးစားနေတယ်။
ကျမ်းစာအဓိပ္ဗါယ်နားလည်အောင် မြန်မာဘာသာပြန်တွေ ဖတ်ဖြစ်နေပြီ။
ဒီအချက်အတွက်တော့ မင်းတို့ လို ကုလားမုန်းတီးရေးသမားတွေကို
ကျေးဇူးတင်ရမလိုပဲ။
မင်းရဲ့ စတေ့တပ်တခုအကြောင်းပြောချင်တယ် ကွာ။
မင်းကြိုက်မကြိုက်တော့မသိဘူး ဒဲ့ပဲပြောတော့မယ်။ မင်းက ကုလား (မွတ်စလင်)
တွေကို ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တယ်လို့ ဆိုလို့ပါ။ ငါမင်းအိမ်မှာ
တခါတရံ ထမင်း လိုက်စားဖူး ပါတယ်။ ငါမင်းတို့ မိသားစုအပေါ် တခါမှ
ကျေးဇူးမကန်းဖူးပါဘူး။ ကန်းဖူးရင် ပြောပါ။ မင်းအိမ်မှာ တသက်လုံး
အစေခံပါ့မယ်။ မင်းလည်းငါတို့ ဆီမှာ စားဖူးပါတယ်။ ငါတို့  ၆ တန်း ရ
တန်းလောက်အထိ မင်းအမေ ဈေးရောင်းတော့ ညနေ အချိန်ပိုဆင်းတဲ့အထိ (၄း၃၀ အထိ)
မင်းအမေ အိမ်ပြန်မရောက်လို့  ငါ့အိမ်မှာ နေ့တိုင်း ညနေစာလိုက်စားတာ မင်း
ခုထိ မှတ်မိအုံးမှာပါ။ မင်းရော ငါရော ငါ့မောင်နှမတွေရော ကြိုက်တဲ့ ချာပါတီ
ဒါမှ မဟုတ် ပူရီးကို အညော်ခံပြီး ခနခနလုပ်ကျွေးတဲ့ ငါ့အမေ လက်ရာကို
မင်းလွမ်းတယ်ဆို။ ငါတို့ လို ချာပါတီကို ကြက်ဥကျော်နဲ့ မစားတတ်ဘူးဆိုလို့ 
တကူးတက ပဲပြုတ်နဲ့  ကြက်သွန်နီသုတ်ပေးတဲ့ ငါ့အမေကို မင်းလွမ်းတယ်ဆို။ ၁ ရက်
၂ ရက် မဟုတ်ဘူးနော သူငယ်ချင်း။ နှစ်နဲ့ ချီ မင်းကိုချက်ကျွေးခဲ့တဲ့
ငါ့အမေက အခုတော့ မင်းအခေါ် ကုလားမပေါ့ကွာ။ အခု ဖေ့ဘွတ်ပေါ်မှာ အင်မတိအင်မတန်
ခေတ်စားနေတဲ့ မရှက်မကြောက် မအေနှမ ဆဲနည်းတွေနဲ့ တော့ ငါ့အမေကို
မင်းမဆဲလောက်ပါဘူးနော်။
အဲ့ဒီကုလားမကပဲ မင်းအမေ သားအိမ်ခွဲထုတ်ဖို့ လိုတဲ့ငွေကို အိမ်ပေါက်စေ့လှည်ပြီး လိုက်ချေးပေးခဲ့တာပဲမဟုတ်လား။ မတတ်နိုင်သေးဘူးဆိုလို့  အတိုးကို အဲ့ဒီ ကုလားမ ငါ့အမေကပဲ သမီးအပျိုပေါက် လည်ပင်းက မရှိမဲ့ရှိမဲ့ ရွှေဆွဲကြိုးပေါင်ပြီး စိုက်ပေးခဲ့တာပဲမလား။ တခြားကူညီခဲ့တာတွေကိုတော့ ထပ်မပြောတော့ဘူး။ ငါတို့ ကူညီပေးခဲ့တာကို ဂုဏ်ဖော်ချင်လို့ လည်းမဟုတ်ဘူး သူငယ်ချင်း။ မင်းရဲ့ စကားလုံးတွေက ငါတို့ လို ကုလား ဆိုတဲ့ လူတွေပေါ် အရမ်းစော်ကားထိုး နှက်နေလွန်းလို့ ပါ။ သားရေပေါ်အိပ် သားရေနားစားဆိုတဲ့ စတေ့တပ်မှာ မင်းက “ပြောလိုက်စမ်းပါ” ဆိုပြီးရေးထားသေးတော့ ငါတို့  ကုလားတွေကို ခွေးတွေလို့  သဘောထားတာကို မကျေနပ်လွန်းလို့ ပါ။
မင်းနဲ့  မင်းဖေ့ဘွတ်သူငယ်ချင်းတွေ ပြောနေတဲ့ထဲမှာ ရှိပါသေးတယ်။ ကုလားတွေ ငါတို့ မြေပေါ်နေ ငါတို့ ရေပေါ် သောက်ပြီး ငါတို့ ကို စော်ကားနေတယ်ဆိုတာ။ မင်းတို့ ပြောတာ ကုလားဆိုတာ ဘာကိုပြောတာလဲ အတိအကျ မဖွင့်ဆိုထားဘဲ ၀ါးလုံးသိမ်းပြီးရမ်းနေတော့ ရိုဟင်ဂျာတင်မက ကျန်တဲ့ မြန်မာပြည်က မွတ်စလင်ကိုလည်း ပြောနေတာပဲမလား။ ဒီလိုဆိုရင်ပြောမယ်ကွာ။ ငါတို့ က ငါတို့ မြေပေါ်ငါတို့ နေတာ။ ဒီမြေ ဒီမြို့ ကြီးပေါ်မှာနေလာတာ ငါတို့  ဘီ (အဖိုးအဖွားမိဘ) လက်ထက်ကတည်းကကွ။ သူတို့ ကိုလည်း ကုလားပြည်က ၀င်လာတာလို့ မထင်လိုက်နဲ့ ၊ အနီးအနားက ရွာတွေက ဒေသခံစစ်စစ် လယ်သမားတွေ။ ငါတို့ ကကိုယ့်ထမင်းကိုယ်စား ကိုယ့်မြေပေါ်ကိုယ်နေတာ။ ဘယ်သူကိုမှလည်း မစော်ကားဘူး။ သားရေပေါ်နေ သားရေနားစားရအောင်လည်း ခွေးမဟုတ်ဘူး။ ကျွေးတဲ့လက် ပြန်ကိုက်တာ ငါ တို့ မဟုတ်ဘူး သူငယ်ချင်း။ မင်းလည်း မဟုတ်ပါစေနဲ့ လို့  ငါမျှော်လင့်တယ် (ဆုတော့ မတောင်းပေးတော့ဘူး၊ ငါ့ဘုရား မင်းကြိုက်မှာလည်းမဟုတ်ဘူး)။ ငါတခုတော့ သတိပေးမယ် သူငယ်ချင်း။ မင်းအဖေက ဗမာ (သို့ ) မြန်မာစစ်စစ်မဟုတ်ဘူးနော်။
ရခိုင်-ရိုဟင်ဂျာပြသနာဖြစ်တော့ မတရားတာတွေ တခုပြီးတခုတွေ့ နေရတော့ ငါ့တို့  ကုလားတွေ အကြောင်း ငါ သေချာပြန်စဉ်းစားဖြစ်တယ်။ အရင်က မတွေးဖြစ်တာတွေ တွေးမိတယ်။ ကုလားဆိုပြီး အနှိမ်ခံရတဲ့ ငါက ငါ့ကိုယ်ငါ ဒုတိယ တန်းစား နိုင်ငံသားလိုစိတ်ထဲဖြစ်မိတယ်။ သေချာ ပြန် စဉ်းစားကြည့်တော့ ငါက ဘာကိစ္စ ဒုတိယတန်းစား နိုင်ငံသားလို့ ထင်ရမှာလည်း။ ငါ့မြေပေါ်မွေး ငါ့ထမင်းငါစားပြီး ငါ့အလုပ်ငါလုပ်တာပဲ။ ငါက အစ္စလာမ်ဘာသာ ကိုးကွယ်တာတ ခုတည်းနဲ့  အဆင့်နှိမ့်သွားရောလား။ ဒီမှာသူငယ်ချင်း ငါ့မှာ ငါ့အခွင့်အ ရေးအပြည့်အ၀ရှိတယ်။ ငါလည်း မြန်မာစစ်စစ်ပဲ။ ငါတို့ အ ခွင့်အရေးကို ချိုးဖောက်နေတဲ့ လူတွေရဲ့  အပြောအဆို အဆက်အဆံတွေ အမြင်တွေကို လက်ခံမှ ဒုတိယနိုင်ငံသားဖြစ်မှာ။ ငါလက်မခံတော့ဘူး သူငယ်ချင်း။ လက်ခံဖို့ လည်းမလိုဘူး။ လက်ခံစရာလည်းမဟုတ်ဘူး။ အရင်က ငါ့ကိုယ်ငါ သိမ်ငယ်မိခဲ့တာတွေအတွက် ငါနောင်တရတယ်။
တကယ်တော့ ငါဟာ အစ္စလာမ်ဘာသာဝင် မြန်မာလူမျိုး။ နိုင်ငံခြားက၀င်လာပြီး ကပ်စားနှပ်စားမဟုတ်။ ငါဟာ ငါ့ဘီဘင်တွေခေါင်းချတဲ့ မြေပေါ်မှာမွေးတဲ့ ပထမအဆင့်နိုင်ငံသား (ဒုတိယအဆင့်နိုင်ငံသားမဟုတ်ဘူး) ။
ငါ့မာန ငါ့သိက္ခာ ငါ့ခံယူချက် ငါ့ခန္ခာနဲ့ ငါ။ ဘယ်သူ့ ထမင်းမှ အလကားစားပြီး
ကြီးလာတာမဟုတ်ဘူး။ ရိုးရိုးသားသားနဲ့  ကိုယ့်ဝမ်းကိုယ်ကြောင်းနေတဲ့လူ။
ငါ့မှာငါ့အခွင့်အရေး အပြည့်အ၀ရှိတယ်။ ငါ့မှာ လွတ်လပ်မှု အပြည့်အ၀ရှိတယ်၊
မြန်မာပြည်ကလူတွေတန်းတူ မြန်မာပြည်ကို ပိုင်ဆိုင်တယ်၊ မြန်မာပြည်ရဲ့
အနာဂတ်ကိုဖန်းတီးခွင့်ရှိတယ်၊ ငါ့မှာ အခွင့်အရေး တန်းတူ ရှိတယ်။
ဒီအခွင့်အရေးကို မြန်မာစစ်စစ်ဆိုတဲ့ အယူသီး အရိုင်းအစိုင်း ငဂေါက်တွေကသာ
ချိုးဖောက်နေကြတာ။ ဒီအခွင့်အရေးတွေ ပြန်ရဖို့  ငါ့မှာ ပြန်လှန်ခုခံ
တိုက်ပွဲဝင်ခွင့်ရှိတယ်။
ငါတို့ တွေက မြန်မာပြည်ရဲ့ လူပိုလူရှုပ်တွေမဟုတ်ဘူး။ မြန်မာပြည်ကိုသွေးနဲ့ ရေးတဲ့ထဲမှာ ငါတို့ ခေါင်းဆောင်တွေပါတယ်။ ငါ့ရှေ့က မွတ်စလင်တွေ မြန်မာပြည်အတွက် အသက်တွေပေးသွားတယ်။ အနာဂတ်မြန်မာပြည်အတွက် ကာယညာနတွေ ပေးဆပ်သွားတယ်။ ဦးရာဇတ်၊ ရဲဘော်ကိုထွေး၊ ဦးရာရှစ်၊ ဦးဖေခင်၊ ဗိုလ်မှူးဘရှင်တို့ ရယ်မှ မဟုတ်ဘူး။ နိုင်ငံရေးအပြင် အားကစား၊ အနုပညာ၊ ကာတွန်း၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ ပညာရေး စတာတွေမှာ ထည့်ဝင်ပေးဆပ် သွားကြတယ်။ မြန်မာပြည်တည်ဆောက်တဲ့နေရာမှာ သူတို့သွေး၊ သူတို့ ချွေးတွေစွန်းခဲ့တယ်။ စစ်အစိုးရ အဆက်ဆက် ခုထက်ထိလည်း မြန်မာမွတ်စလင်တွေ အသက်၊ သွေး၊ ချွေး ပေးဆပ်နေတုန်းပဲ။
မင်းတို့  ကုလားပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် ငါက ငါ့မြေမှာမွေး ငါ့ထမင်းငါစားတဲ့ မြန်မာနိုင်ငံသားစစ်စစ်ပဲ။ ဇာဂနာ (ခ) ဦးသူရ ပြောသလိုပဲ၊ မင်းတို့ လက်ခံတာ လက်မခံတာက မင်းတို့ အပိုင်း။ ငါ့မှာ ငါ့လွတ်လပ်ခွင့်၊ ငါ့အခွင့်အရေးအပြည့်ရှိတယ်။ ဒီမြေဟာ ငါ့မြေ၊ဒီရေဟာ ငါ့ရေ။ တိုင်းပြည်ကို ဘယ်တော့မှ သစ္စာမဖောက်သလို ငါရဲ့ တိုင်းပြည်ပိုင်ဆိုင်မှုကိုလည်း တစက်မှ လျော့မပေးနိုင်ဘူး။ မင်းပိုင်သလို ငါလည်းပိုင်တယ်။ ငါက မြန်မာပြည်ရဲ့ နိုင်ငံသား။ မြန်မာပြည်က ငါ့ရဲ့ ပြည်။
ခုတော့ ဒီလောက်ပဲ သူငယ်ချင်း။
ဇော်သီဟ (လေးမြစ်)
ရှစ်တန်းပြီးလို့  အထက်တန်းကျောင်းပြောင်းမှ မင်းနဲ့ငါကျောင်းကွဲသွားတယ်။ တက္ကသိုလ်တွေ ဆက်တက်ရင်း တယောက်တ မြို့ ပြောင်းရင်း ၁၀ နှစ်ကျော်မှ ဖေ့စ်ဘွတ်မှာ ပြန်တွေ့ ရတော့ ငါ့သိပ်ဝမ်းသာတယ် သူငယ်ချင်း။ မင်းပို့ ပေးတဲ့ ငါတို့ ငယ်ငယ်တုန်းက တွဲရိုက်ထားတဲ့ဓာတ်ပုံကိုလည်း ငါ့ဖေ့ဘွတ်မှာ တင်ထားတယ်။
ဒါပေမဲ့ မင်းရဲ့  ခုတလော ဖေ့ဘွတ်စတေ့တပ်မှာ ကုလား ကုလား ဆိုပြီး ပြောနေတာတွေ သတိထားမိတယ်။ ပေါက်တတ်ကရဖြစ်နေတဲ့ ရခိုင်အရေး ဘာမှမပြောချင်လို့  ပါးစပ်ပိတ်နေပေမယ့် မနေ့ ညက “ထမင်းကျွေးတဲ့လက် ပြန်ကိုက်တယ်” ဆိုတဲ့ စတေ့တပ်တခု ပြန်ရှဲထားတာတွေ့ လို့  ငါဒီစာကိုရေးလိုက်တယ်။ မင်းဘယ်တုန်းက ကုလားမုန်းတီးရေး ဇာတ်ထဲဝင်သွားလဲ ငါမသိဘူးလိုက်သူငယ်ချင်း။
ပထမဦးဆုံးအနေနဲ့  မင်းရဲ့ ငယ်သူငယ်ချင်း (ငါ့ကိုသူငယ်ချင်းလို့ သတ်မှတ်သေးရင်) ငါက ကုလားဆိုတာ မင်း အမှတ်ရစေချင်တယ်။ ငယ်ငယ်တုန်းက “ကုလား” ဆိုတဲ့ စကားလုံးကြားရင် ငါတော်တော်ခါးသီးတယ်ဆိုတာ မင်းအသိပဲ။ ငါ့ကို ဆရာမတွေက ကုလားလေး ကုလားလေး ဆိုပြီး ခေါ်တာလည်း ငါသေလောက်အောင် မုန်းတယ်။ ကုလားဆိုပြီးအခေါ်ခံရတိုင်း အသည်းနှလုံးထဲကို အပ်နဲ့ ထိုးမွေခံ လိုက်ရသလိုနာကျင်တယ်။ စကားများချင်းအတူတူ သမိုင်းဆရာမက ငါ့ကို စကားများတယ် ဒီကုလားဆိုပြီး ပါး ရိုက်တုန်းက ငါ ကျောင်းထွက်ဖို့ အထိလုပ်တာ မင်းအသိပဲ။
ဒါပေမဲ့ အခုရခိုင်-ရိုဟင်ဂျာပြသနာဖြစ်တော့
မင်းတို့ တွေ ဆဲသမျှ ဆိုသမျှခံရတာ ငါတို့  ကုလားတွေချည်း မဟုတ်တော့ဘူး။ ငါတို့  ဘုရားလည်း အစော်ကားခံရပေါင်းများပြီ။ ငါတို့  သည်းခံနေသလောက်၊ နှုတ်ပိတ်ပြီး နေပေးနေသလောက် မင်းတို့ ဘက်က အားမရသေးဘဲ ပိုလို့ တောင် ဆိုးလာနေတော့ ငါတို့ လည်း မြန်မာဆိုပြီး ဇွတ်ခံယူနေစရာမလိုတော့ဘူး။ အခု ငါ့ကိုငါ ကုလားလို့ ပဲ ခံယူတယ်။ ရှေ့ဆက်လည်း ငါ့ကိုငါ ကုလားလူမျိုး လို့  ပဲခေါ်မယ်။ ဟုတ်တယ်လေ။ ငါတို့ က မြန်မာဖြစ်ချင်ပါတယ်ဆိုပြီး ပြောနေတာ မင်းတို့ က မှ လက်မခံတာကိုး။ အတ္တတွေဖုံးပြီး မကြားနိုင်တာလား၊ အမုန်းတရားတွေပွားပြီး ကန်းနေတာလားတော့ မသိဘူး ငါတို့ ကို ကုလား ကုလားဆိုပြီးခေါ်၊ ကုလား လူမျိုးဆိုပြီပြောနေ တယ်မလား။ တနေ့ တချိန်မှာ ငါတို့ ဟာ ကုလားလူမျိုးဖြစ်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ကြွေးကြော်တဲ့အခါ “မင်းတို့  ဟာ မြန်မာတွေပါ၊ မြန်မာပြည်မှာ မွေးလို့  မြန်မာ့အကျိုးကို သယ်ပိုးပါ၊” လို့  လာမပြောမိစေနဲ့ ။ ကုလားအကျိုး ဦးစိုက်လုပ်ခါမှ မြန်မာအကျိုးသယ်ပိုးပါလို့  မပြောမိစေနဲ့ ။ ငါတို့ မြန်မာပါဆိုတာ မင်းတို့ က လက်မခံဘဲ ကုလားဆိုပြီး အစွမ်းကုန်နှိပ်ကွပ်နေကြတယ်။ ငါတို့ ကို မြန်မာနဲ့  ဘာမှမဆိုင်သလို ပြောချင်သလို ပြော ဆဲချင်သလိုဆဲ နေကြတာကိုတော့ ဒီတသက်မမေ့ဘူးသူငယ်ချင်း။
ငါတို့ မိသားစု၊ ငါတို့ အသိုင်းအ၀ိုင်းအားလုံး ဗမာအ၀တ်အစားဝတ်၊ ဗမာလိုနေ၊ ဗမာစကားပြောတာ မင်းအသိ နော်။ ငါ့ဆီမှာ ကုလားအကျီအရှည်တထည်မှ မရှိတာလည်း မင်းအသိ။ ဗလီအုပ်ထုပ် တောင်မှ ဗလီအ၀င်မှ ဆောင်း၊ ပလီကထွက်တာနဲ့  ခေါက်ပြီး အိပ်ကပ်ထဲထည့်ပြန်လာတယ်။ ငယ်ငယ်တုန်းက လူမြင်မှာစိုးလို့ ဆိုပြီး အုပ်ထုပ်အမည်းရောင်တထည် မင်းနဲ့ အတူသွားဝယ်ဖူးတာ မင်းမှတ်မိလေမလားပဲ။ ငါ့အဖေအမေ၊ ငါ့အဖိုးအဖွား၊ ငါ့ဦးလေး အဒေါ်တွေအားလုံးလည်း ကုလားလိုဝတ်တာ တယောက်မှမရှိဘူးဆိုတာ မင်းမျက်မြင်ပဲ။ ငါ့အမေအမ တွေလည်း ဘုရားဝတ်ပြုမှ၊ ကျမ်းစာဖတ်မှ ဆံပင်လုံရုံ ပုဝါခြုံတာပါ။ အကျီအရှည်ကြီးတွေ မ၀တ်မသလို ခေါင်းတွေ မျက်နှာ တွေမအုပ်ထားပါဘူး။ ဗမာမဖြစ်ဖြစ်အောင် အတင်းလိုက်လုပ် နေတာမ ဟုတ်ဘူး သူငယ်ချင်း။ ယဉ်ကျေးမှုနဲ့ ဘာသာရေး ကွဲကွဲပြားပြားကျင့်သုံးတာပါ။
တခါတလေစဉ်းစားမိတယ်။ ဒီလောက် မြန်မာလိုနေတာကို မြန်မာမဟုတ်ဘူး၊ ကုလားပါဆိုပြီးပြောနေမှတော့ ငါ့မိသားစု ငါ့အသိုင်းအ၀ိုင်းနဲ့ ငါတို့  ကုလားတွေအားလုံး ကုလားလိုနေ၊ ကုလားစကားပြော၊ ကုလားလိုဝတ်စားကြအောင်ပဲ ကမ်ပိန်းလုပ်ရရင်ကာင်းမလားလို့ ။ ကုလား ကုလားပီပီ နေပြကြလိုက်တာပေါ့။ မကောင်းဘူးလား။ အပြောခံနေရမှတော့ မထူးဘူးလေ၊ လက်တွေ့ လုပ်ပြလိုက်ကြည့်ချင်တာပေါ့ကွာ
စကားလုံးတွေနဲ့  ချိန်းခြောက်နေတာမဟုတ်ဘူးသူငယ်ခ
မင်းရဲ့ စတေ့တပ်တခုအကြောင်းပြောချင်တယ်
အဲ့ဒီကုလားမကပဲ မင်းအမေ သားအိမ်ခွဲထုတ်ဖို့ လိုတဲ့ငွေကို အိမ်ပေါက်စေ့လှည်ပြီး လိုက်ချေးပေးခဲ့တာပဲမဟုတ်လား။ မတတ်နိုင်သေးဘူးဆိုလို့  အတိုးကို အဲ့ဒီ ကုလားမ ငါ့အမေကပဲ သမီးအပျိုပေါက် လည်ပင်းက မရှိမဲ့ရှိမဲ့ ရွှေဆွဲကြိုးပေါင်ပြီး စိုက်ပေးခဲ့တာပဲမလား။ တခြားကူညီခဲ့တာတွေကိုတော့ ထပ်မပြောတော့ဘူး။ ငါတို့ ကူညီပေးခဲ့တာကို ဂုဏ်ဖော်ချင်လို့ လည်းမဟုတ်ဘူး သူငယ်ချင်း။ မင်းရဲ့ စကားလုံးတွေက ငါတို့ လို ကုလား ဆိုတဲ့ လူတွေပေါ် အရမ်းစော်ကားထိုး နှက်နေလွန်းလို့ ပါ။ သားရေပေါ်အိပ် သားရေနားစားဆိုတဲ့ စတေ့တပ်မှာ မင်းက “ပြောလိုက်စမ်းပါ” ဆိုပြီးရေးထားသေးတော့ ငါတို့  ကုလားတွေကို ခွေးတွေလို့  သဘောထားတာကို မကျေနပ်လွန်းလို့ ပါ။
မင်းနဲ့  မင်းဖေ့ဘွတ်သူငယ်ချင်းတွေ ပြောနေတဲ့ထဲမှာ ရှိပါသေးတယ်။ ကုလားတွေ ငါတို့ မြေပေါ်နေ ငါတို့ ရေပေါ် သောက်ပြီး ငါတို့ ကို စော်ကားနေတယ်ဆိုတာ။ မင်းတို့ ပြောတာ ကုလားဆိုတာ ဘာကိုပြောတာလဲ အတိအကျ မဖွင့်ဆိုထားဘဲ ၀ါးလုံးသိမ်းပြီးရမ်းနေတော့ ရိုဟင်ဂျာတင်မက ကျန်တဲ့ မြန်မာပြည်က မွတ်စလင်ကိုလည်း ပြောနေတာပဲမလား။ ဒီလိုဆိုရင်ပြောမယ်ကွာ။ ငါတို့ က ငါတို့ မြေပေါ်ငါတို့ နေတာ။ ဒီမြေ ဒီမြို့ ကြီးပေါ်မှာနေလာတာ ငါတို့  ဘီ (အဖိုးအဖွားမိဘ) လက်ထက်ကတည်းကကွ။ သူတို့ ကိုလည်း ကုလားပြည်က ၀င်လာတာလို့ မထင်လိုက်နဲ့ ၊ အနီးအနားက ရွာတွေက ဒေသခံစစ်စစ် လယ်သမားတွေ။ ငါတို့ ကကိုယ့်ထမင်းကိုယ်စား ကိုယ့်မြေပေါ်ကိုယ်နေတာ။ ဘယ်သူကိုမှလည်း မစော်ကားဘူး။ သားရေပေါ်နေ သားရေနားစားရအောင်လည်း ခွေးမဟုတ်ဘူး။ ကျွေးတဲ့လက် ပြန်ကိုက်တာ ငါ တို့ မဟုတ်ဘူး သူငယ်ချင်း။ မင်းလည်း မဟုတ်ပါစေနဲ့ လို့  ငါမျှော်လင့်တယ် (ဆုတော့ မတောင်းပေးတော့ဘူး၊ ငါ့ဘုရား မင်းကြိုက်မှာလည်းမဟုတ်ဘူး)။ ငါတခုတော့ သတိပေးမယ် သူငယ်ချင်း။ မင်းအဖေက ဗမာ (သို့ ) မြန်မာစစ်စစ်မဟုတ်ဘူးနော်။
ရခိုင်-ရိုဟင်ဂျာပြသနာဖြစ်တော့ မတရားတာတွေ တခုပြီးတခုတွေ့ နေရတော့ ငါ့တို့  ကုလားတွေ အကြောင်း ငါ သေချာပြန်စဉ်းစားဖြစ်တယ်။ အရင်က မတွေးဖြစ်တာတွေ တွေးမိတယ်။ ကုလားဆိုပြီး အနှိမ်ခံရတဲ့ ငါက ငါ့ကိုယ်ငါ ဒုတိယ တန်းစား နိုင်ငံသားလိုစိတ်ထဲဖြစ်မိတယ်။ သေချာ ပြန် စဉ်းစားကြည့်တော့ ငါက ဘာကိစ္စ ဒုတိယတန်းစား နိုင်ငံသားလို့ ထင်ရမှာလည်း။ ငါ့မြေပေါ်မွေး ငါ့ထမင်းငါစားပြီး ငါ့အလုပ်ငါလုပ်တာပဲ။ ငါက အစ္စလာမ်ဘာသာ ကိုးကွယ်တာတ ခုတည်းနဲ့  အဆင့်နှိမ့်သွားရောလား။ ဒီမှာသူငယ်ချင်း ငါ့မှာ ငါ့အခွင့်အ ရေးအပြည့်အ၀ရှိတယ်။ ငါလည်း မြန်မာစစ်စစ်ပဲ။ ငါတို့ အ ခွင့်အရေးကို ချိုးဖောက်နေတဲ့ လူတွေရဲ့  အပြောအဆို အဆက်အဆံတွေ အမြင်တွေကို လက်ခံမှ ဒုတိယနိုင်ငံသားဖြစ်မှာ။ ငါလက်မခံတော့ဘူး သူငယ်ချင်း။ လက်ခံဖို့ လည်းမလိုဘူး။ လက်ခံစရာလည်းမဟုတ်ဘူး။ အရင်က ငါ့ကိုယ်ငါ သိမ်ငယ်မိခဲ့တာတွေအတွက် ငါနောင်တရတယ်။
တကယ်တော့ ငါဟာ အစ္စလာမ်ဘာသာဝင် မြန်မာလူမျိုး။ နိုင်ငံခြားက၀င်လာပြီး ကပ်စားနှပ်စားမဟုတ်။ ငါဟာ ငါ့ဘီဘင်တွေခေါင်းချတဲ့ မြေပေါ်မှာမွေးတဲ့ ပထမအဆင့်နိုင်ငံသား (ဒုတိယအဆင့်နိုင်ငံသားမဟုတ်ဘူး)
ငါတို့ တွေက မြန်မာပြည်ရဲ့ လူပိုလူရှုပ်တွေမဟုတ်ဘူး။ မြန်မာပြည်ကိုသွေးနဲ့ ရေးတဲ့ထဲမှာ ငါတို့ ခေါင်းဆောင်တွေပါတယ်။ ငါ့ရှေ့က မွတ်စလင်တွေ မြန်မာပြည်အတွက် အသက်တွေပေးသွားတယ်။ အနာဂတ်မြန်မာပြည်အတွက် ကာယညာနတွေ ပေးဆပ်သွားတယ်။ ဦးရာဇတ်၊ ရဲဘော်ကိုထွေး၊ ဦးရာရှစ်၊ ဦးဖေခင်၊ ဗိုလ်မှူးဘရှင်တို့ ရယ်မှ မဟုတ်ဘူး။ နိုင်ငံရေးအပြင် အားကစား၊ အနုပညာ၊ ကာတွန်း၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ ပညာရေး စတာတွေမှာ ထည့်ဝင်ပေးဆပ် သွားကြတယ်။ မြန်မာပြည်တည်ဆောက်တဲ့နေရာမှာ သူတို့သွေး၊ သူတို့ ချွေးတွေစွန်းခဲ့တယ်။ စစ်အစိုးရ အဆက်ဆက် ခုထက်ထိလည်း မြန်မာမွတ်စလင်တွေ အသက်၊ သွေး၊ ချွေး ပေးဆပ်နေတုန်းပဲ။
မင်းတို့  ကုလားပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် ငါက ငါ့မြေမှာမွေး ငါ့ထမင်းငါစားတဲ့ မြန်မာနိုင်ငံသားစစ်စစ်ပဲ။ ဇာဂနာ (ခ) ဦးသူရ ပြောသလိုပဲ၊ မင်းတို့ လက်ခံတာ လက်မခံတာက မင်းတို့ အပိုင်း။ ငါ့မှာ ငါ့လွတ်လပ်ခွင့်၊ ငါ့အခွင့်အရေးအပြည့်ရှိတယ်။ ဒီမြေဟာ ငါ့မြေ၊ဒီရေဟာ ငါ့ရေ။ တိုင်းပြည်ကို ဘယ်တော့မှ သစ္စာမဖောက်သလို ငါရဲ့ တိုင်းပြည်ပိုင်ဆိုင်မှုကိုလည်
ခုတော့ ဒီလောက်ပဲ သူငယ်ချင်း။
ဇော်သီဟ (လေးမြစ်)
အဆိုပါတရားဝင်ဆန္ဒပြခြင်းကို အင်ဒိုနီရှား အစိုးရက တရားဝင်ခွင့်ပြုခဲ့ပြီး လုံးခြုံရေးကိုလည်းတင်ကျပ်စွာချထားတယ်လို့သတင်ရရှိပါတယ်။
ထို့အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းကို အင်ဒိုနီရှားအစိုးရဘက်မှ တရားဝင်ခွင့်ပြုသလို မြန်မာ အစိုးရဘက်မှလည်း လေးစားဖို့လိုတယ်လို့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
အင်ဒိုနီရှားစာရေးဆရာတစ်ဦးကလဲ မြန်မာအစိုးရအနေဖြင့် အခုလို ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခြင်းကို အလေးမမူ ဂရုမစိုက်ဘူးဆိုရင် နောက်ဆက်တွဲပြသနာတွေက ဒီထက်ပိုရှုပ်ထွေး လာနိုင်တယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။
ဒီစကားကို အင်ဒိုနီရှားမှာရှိတဲ့ အစိုးရအတိုက်ခံ မွတ်စလင် မ်တပ်မတော်တွေရဲ့ခြိမ်းခြောက်မှုတွေလဲးရှိနေတယ်လို့ ၎င်းကဆိုလိုခြင်းဖြစ်ကြောင်း လည်းသိရပါတယ်။

share :myanmarmuslim.net
မေလ ၂၊ ၂၀၁၃
M-Media
သတင်း - ဆုံမှတ်
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ နှင့် (၂)မိုင်အကွာ လောက်လေးချောင်း ကျေးရွာတွင် ၉၆၉ ဦးဆောင်သူများ ဖြစ်ကြသော ကိုစိုးအောင် (Excellent - လ္ဘက်ရည်ဆိုင်)၊ မောင်ဝင်း (က္ကိစိတံ - ထီဆိုင်) တို့မှ စည်းရုံးရေးဆင်းကာ ယနေ့ နေ့လည်၂နာရီခန့်တွင် လူစုနေကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။
“ကျွန်တော်တို့က ဒေသခံမွတ်စလင်မ်တွေပါ၊ အဲလိုတွေ လူစုပြီး လုပ်မယ်ဟေ့ ဆိုရင် တကယ်ပဲဖြစ်လာတော့ ကျွန်တော်တို့ရဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေကို ရန်ကုန်မှာရှိတဲ့ အမျိုးတွေဆီကို ထားရတယ်၊ နေတဲ့လူတွေကလည်း နေသာ နေနေရတယ် ကျီးလန့်ဆန်စားပဲ၊ အားလုံး သတိ ၀ီရိယနဲ့ နေနေကြရပါတယ်” ဟု ဒေသခံတစ်ဦးမှ M-Media သို့ပြောသည်။
အဆိုပါ တိုက်ကြီးမြို့နယ် လောက်လေးချောင်း ကျေးရွာတွင် အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၇၀၀ကျော် ရှိကြောင်း ဗလီဝတ်ကျောင်း တစ်လုံးရှိကြောင်း သိရသည်။
ထပ်မံကြားသိရသည်မှာ သာယာဝတီ သုံးဆယ်တွင် ညနေ၃နာရီခန့် က ဆူပူမငြိမ် ဖြစ်၍ ၁၈၈ထုတ်ထားရကြောင်း သတင်းရရှိသည်။

မေလ-၂၊ ၂၀၁၃
M-Media
သုတ
ကချင်ပြည်နယ် ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ရှိသော ဗလီ၊ မွတ်စလင်မ် အိမ်နှင့် ဆိုင်ခန်းများကို ယနေ့ညနေ ၅-နာရီခန့်က အကြမ်းဖက်သမားများမှ လာရောက် ဖျက်ဆီး သွားခဲ့ကြောင်း သတင်းရရှိသည်။
ဆိုင်းတောင် ဗလီအား ဖျက်ဆီးပြီးနောက် အနီးတ၀ိုက်ရှိ မွတ်စလင်များ၏ အိမ်နှင့် ဆိုင်များ တွဲနေသည့် အိမ် ၃-အိမ်အတွင်း ၀င်ရောက်၍ ဆိုင်တွင်းရှိ ပစ္စည်းများကို ရိုက်ဖျက်ဆီးမှုကြောင့် ဆိုင်ခန်းများ၊ အိမ်များအတွင်းရှိ ပစ္စည်းများ ပျက်ဆီးသွားခဲ့ရသည်။ ယင်းကဲ့သို့ အကြမ်းဖက်ခံရမှုကို ဆိုင်းတောင်မြို့ခံမှ မြစ်ကြီးနားသို့ ဆက်သွယ်၍ သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဆိုင်းတောင်နှင့် ဖုန်းအဆက်အသွယ် ပြတ်တောက်နေကြောင်း မြစ်ကြီးနားမြို့မှ သတင်းပေးပို့လာပါတယ်။
ဤဆိုင်းတောင်ဗလီသည် ယမန်နှစ် ၂၀၁၂-ခုနှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံနိုင်ငံအတွင်းရှိ ဗလီများကို ဖျက်ဆီးစဉ်က စတင်ဖျက်ဆီးခံရသော ဗလီလည်းဖြစ်သည်။

ဥက္ကံက ဒုက္ခသည်တွေ အမိုးအကာမဲ့စွာ နေထိုင်နေရ၊ ရဲတပ်ဖွဲ့က အကြမ်းဖက်သမားများကို ထပ်မံဖမ်းဆီးရန် ပြင်ဆင်နေဟုဆို
Tag :
သတင်များ
ဥက္ကံမြို့ပေါ်က
ဗလီတစ်လုံး၊ ဆိုင်ခန်း ၁၅ခန်းနဲ့ အိမ်ခြေ ၅၃လုံး၊ ကျေးရွာ ၃ရွာက အိမ်ခြေ
၁၁ဝတို့ဟာ အကြမ်းဖက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး မီးဘေးသင့်ခဲ့တဲ့
မိသားစုဝင်တွေဟာ ချောင်းကမ်းပါးတွေနံဘေးမှာ အမိုးအကာမဲ့
ယာယီနေထိုင်နေရဆဲဖြစ်ပြီး ဒုက္ခသည်စခန်းဆောက်လုပ်ပြီး ကူညီကယ်ဆယ်တာလည်း
မရှိသလို ကူညီထောက်ပံ့ရေးတွေလည်း ကင်းမဲ့နေဆဲဖြစ်ပါတယ်။
ဥက္ကံကို ရောက်ရှိနေတဲ့ ရဲတပ်ဖွဲ့တွေဟာ ဒုက္ခရောက်နေသူတွေကို လုံခြုံရေးအရ အကာအကွယ်ပေးထားတယ်လို့ ကမာရွတ်မီဒီယာ သတင်းထောက်က ပြောဆိုခဲ့ပါတယ်။
ဥက္ကံမြို့ အကြမ်းဖက်မှုတွေကို ဦးဆောင်ခဲ့တဲ့ ၁၈ဦးကို ဖမ်းဆီးထားပြီး မေလ ၁ရက်နေ့ညမှာ နောက်ထပ် ဖမ်းဆီးမှုတွေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆက်လုပ်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဥက္ကံမြို့ပေါ်နဲ့ ကျေးရွာတွေမှာ ဘာသာရေးလူမျိုးရေးအကြောင်းပြပြီး အကြမ်းဖက်မှုဖြစ်ပွားခဲ့တာကြောင့် 
ဧပြီ ၃ဝရက်နေ့ညက ဒဏ်ရာရာခဲ့တဲ့ ၁ဝယောက်ကို ရန်ကုန်အထွေထွေရောဂါကု
ဆေးရုံကြီးကို လွှဲပြောင်းပေးခဲ့ပြီး မေလ ၁ရက်နေ့ မနက်မှာ ပနီပင်ကျေးရွာက
ကိုဇော်ဇော်နိုင် (၂၉နှစ်)ဟာ ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရပြီး
သေဆုံးသွားခဲ့ပါတယ်။
ဥက္ကံကို ရောက်ရှိနေတဲ့ ရဲတပ်ဖွဲ့တွေဟာ ဒုက္ခရောက်နေသူတွေကို လုံခြုံရေးအရ အကာအကွယ်ပေးထားတယ်လို့ ကမာရွတ်မီဒီယာ သတင်းထောက်က ပြောဆိုခဲ့ပါတယ်။
ဥက္ကံမြို့ အကြမ်းဖက်မှုတွေကို ဦးဆောင်ခဲ့တဲ့ ၁၈ဦးကို ဖမ်းဆီးထားပြီး မေလ ၁ရက်နေ့ညမှာ နောက်ထပ် ဖမ်းဆီးမှုတွေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆက်လုပ်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဥက္ကံမြို့ပေါ်နဲ့ ကျေးရွာတွေမှာ ဘာသာရေးလူမျိုးရေးအကြောင်းပြပြီ
ဒဏ်ရာရသူအားလုံးကို ဦးနှောက်နဲ့အာရုံကြောဌာနမှာ အရေးပေါ်တင်ဆောင်ထားပြီး နောက်ထပ်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့သတင်းရပ်ကွက်တွေက ဆိုပါတယ်။
ကိုးကား>>>>
ကမာရွတ်မီဒီယာ
ကမာရွတ်မီဒီယာ
May 1, 2013
M-Media
ခွန်သီဟံ
M-Media
ခွန်သီဟံ
ဥက္ကံမြို့ မှာဖြစ်ပွားခဲ့တဲ့မွတ်စလင်မ်အကြမ်းဖက်မှုမှာ နာရီပိုင်းအတွင်း
လူစုလူဝေးတခုကနေ လူရမ်း ကားလူအုပ်ကြီးတခုလိုဖြစ်သွားခဲ့ပါတယ်။ နေ့ တဓူဝ
ကိုယ့်ဝမ်းစာကိုယ်ရှာနေတဲ့ သာမန်မြန် မာတွေ၊ မြို့ သူမြို့ သား
ရွာသူရွာသားတွေကနေ ချက်ချင်းလက်ငင်းဆိုသလို လူကြမ်းလူရမ်း ကားတွေ
အသွင်ဖြစ်ကုန်ပြီး တကယ့်ကို သူခိုးဓားပြ ဆန်ဆန် ပစ္စည်းတွေဖျက်၊ မီးတွေရှို
့၊ လူတွေကို ရိုက်နှက်တိုက်ခိုက်၊ ပစ္စည်းတွေခိုးယူ လုယူတဲ့
ဒုစရိုက်သားကောင်တွေလို ချက်ချင်းဖြစ်ကုန်တယ်။ တစ်ယောက်စ နှစ်ယောက်စ
မဟုတ်ပဲ လူရာနဲ့ ချီတဲ့ ခိုးဆိုးလုယက်သောင်းကျန်းသူတွေဖြစ်ကုန်တယ်။
ဒီလို ချက်ချင်းမတ်တပ် သူခိုးဓားပြအုပ်စုလိုဖြစ်သွားတာဟာ ပေါ့သေးသေးကိစ္စမဟုတ်ပါ။
အမျိုးသမီးတစ်ယောက် လူအများသွားလာတဲ့ ဈေးမှာ ကိုယ်ရင်တစ်ပါးနဲ
့တိုက်မိရာက နာရီပိုင်းအတွင်း လူအုပ်စုကြီးက ခိုးဆိုး
လုယက်မှုတွေဖြစ်သွားတယ် ဆိုကတည်းက တိုင်းပြည်အတွက် အတော့်ကို
စဉ်းစားရတော့မယ့် အနေအထားပါ။ မြန်မာနိုင်ငံသား အားလုံး ခေါင်းအေးအေးထားပြီး
သေချာ စဉ်းစားကြည့်ပါ။ ကုလားမုန်းတာခနထား လက်ရှိ ဖြစ်နေတဲ့
တိုင်းပြည်အနေအထားကို သေချာဆန်းစစ်ကြည့်ပါ။
မြန်မာပြည်မှာ ထစ်ခနဲဆိုရင် ၀ုန်းဒိုင်းဆိုပြီး ခိုးဆိုးလုယက်
ဖျက်ဆီးမီးရှို့ ရိုက်နှက်သတ်ဖြတ်မှုကို နာရီပိုင်းအတွင်း လုပ်လို့ ရအောင်
ဖန်တီးထားပြီးတဲ့ အဆင့်ရောက်နေပြီလား။ Organized crime လို့ ခေါ်တဲ့
စနစ်တကျဖွဲ့ စည်းလုပ်ဆောင်တဲ့ ဒုစရိုက်မှုအတွက် အဲ့ဒီလောက်
လျင်လျင်မြန်မြန် လုပ်နိုင်အောင် လူတွေကို စည်းရုံး ဖွဲ
့စည်းထားပြီးပြီလား။
သေချာစဉ်းစားကြည့်ပါ။ အကြမ်းဖက်မှုကိုလုပ်နေတဲ့လူတွေက မနေ့ တနေ့ ကမှ
ထောင်ကနေထုတ်ပြီး လုပ်ခိုင်းတဲ့ ဒုစရိုက်သားတွေမဟုတ်ဘူး။ မြို့ထဲ ရွာထဲမှာ
နေနေတဲ့ သာမန်ပြည်သူတွေ။ ဒီလူတွေကို ချက်ချင်းဆိုသလို သူခိုးဓားပြတွေလို
ဖြစ်အောင်လုပ်လိုက်နိုင်တဲ့၊ လုပ်ထားနိုင်တဲ့ အဆင့်ရှိသွားပြီလား။
သာမန်ပြည်သူတွေကို နာရီပိုင်းအတွင်း သွေးဆာနေတဲ့ လူတွေဖြစ်သွားအောင်
လုပ်ထားပြီးပြီလား။
မိထ္တီလာမှာလည်း ခနလေးအတွင်း လက်က်ရဲဇာတ်ရဲ သတ်ဖြတ်တဲ့
လူအုပ်စုကြီးဖြစ်သွားတယ်။ ကလေးတွေကအစ ဓားတွေဒုတ်တွေနဲ့  လူအရှင်လတ်လတ်
မီးရှို့ တဲ့အဆင့်ဖြစ်ကုန်တယ်။ ပဲခူးမှာလည်း ဒီလိုပဲ။
ခုဥက္ကံမှာလည်းဒီလိုပါပဲ။
ဟုတ်ပါတယ်။ ခုလို နေ့ တဓူဝ လုပ်ကိုင်စားသောက်နေတဲ့ သာမန်မြန်မာတွေကို
နေရာအတော်များများမှာ ၉၆၉ နောက်ကာဗာယူပြီး အကြမ်းဖက်မှုတွေလုပ်ဖို့ 
စည်းရုံးသွေးထိုးနေတာရှိပါတယ်။
ပြီးခဲ့တဲ့လတုန်းက မြန်မာပြည်အောက်ပိုင်းတစ်နေရာမှာ
ကွမ်းယာဆိုင်မှာရပ်နေတဲ့ မွတ်စလင်သူငယ်ချင်းတစ်ယောက်က
သူများခေါ်ရာရောယောင်ပြီး လူအုပ်စုတစုနဲ့ လိုက်ပါသွားတယ်။ အဲ့ဒီမှာ ၉၆၉
တရားပွဲကရှိနေတယ်။ အဲ့ဒီ တရားပွဲနေရာနဲ့  မခန့် မလှမ်းမှာ လူဝတ်နဲ
့လူတစ်ယောက်က ကုလားတွေကို အကြမ်းဖက်ဖို့ ဆိုပြီး စည်းရုံးနေတယ်။ ကုလားတွေဟာ
မကြာခင် ဗမာတွေကို တိုက်မှာဖြစ်တဲ့အကြောင်း၊ အခုကတည်းက ကုလားတွေကို မတိုက်
မနှိပ်ကွပ်ရင် ကုလားတွေက ဗမာတွေကို တိုက်မှာဖြစ်တဲ့အကြောင်း၊
ဗုဒ္ဓဘာသာကိုကာကွယ်ဖို့  ကုလားတွေကို နှိပ်ကွပ်ရမှာမလို့  လူတွေကို
သင်တန်းပေးမှာဖြစ်ကြောင်း၊ တိုက်ခိုက်နည်းသင်တန်းတက်တဲ့အချိန်နဲ့ 
အမှန်တကယ်တိုက်ခိုက်တဲ့နေ့ အတွက် တစ်ယောက်ကို တရက် ၅၀၀၀ ကျပ်
ပေးမှာဖြစ်တဲ့အကြောင်းပြောတယ်။
အဲ့ဒီထဲက လူတစ်ယောက်က ရဲတွေကဖမ်းရင် ဘယ်လိုလုပ်မလဲလို့ မေးတော့
ရှင်းပြနေတဲ့လူက ခင်ဗျားတို့ ကို ကဒ်ထုတ်ပေးထားမယ်၊ ရဲဖမ်းရင် အဲ့ဒီကဒ်ပဲ
ထုတ်ပြလိုက်လို့ ပြောတယ်။ တိုက်ခိုက်ရင်း တခုခုဖြစ်ခဲ့မယ်ဆိုရင် မိသားစုကို
တာဝန်ယူမဲ့အကြောင်းလဲ ပြောပါတယ်။
အဲ့ဒီမွတ်စလင်က မွတ်စလင်ရုပ်မထွက်တဲ့အတွက် သူ့ ကို ဗမာလို့ ထင်ပြီး
ခေါ်သွားတာဖြစ်တယ်။ ၀ိုင်းထိုင်ပြီးနားထောင်နေရာမှာ သူ့ ကိုမြင်ပြီး
မွတ်စလင်မှန်းသိမှာစိုးလို့  ခေါင်းငိုက်စိုက်ထားတာ မလို့ 
မူးလဲတော့မလိုဖြစ်ပြီး မနည်းထိန်းထားရတဲ့အကြောင်း၊ နောက်နေ့ တွေမှာ
မသွားရဲတော့ပဲ သူမလာလို့ ဆိုပြီး နောက်က လိုက်ရှာမှာ စိုးရိမ်လို့ 
မိသားစုနဲ့  ခရီးထွက်သွားခဲ့ပါတယ်။
ခုလို စည်းရုံးမှုတွေကြောင့် ရိုးသားပါတယ်ဆိုတဲ့ မြန်မာတွေ၊ ကိုယ့်မြို
့ကိုယ်ရွာမှာ နေ့ ချင်းညချင်း သူခိုးဓားပြတွေလိုဖြစ်ကုန်ပြီး သွေးဆာနေတဲ့
အကြမ်းဖက်သမားတွေဖြစ်ကုန်တာပါ။
ဒီလိုပဲ ဆက်ကြည့်နေကြမလား၊ ကိုယ့်မြို့ ကိုယ်ရွာမှာရော ကိုယ်တွေ
့နေကျလူတွေကို အကြမ်းဖက်ဖို့  စည်းရုံးထားပြီးပြီလား။
အကြမ်းဖက်မှိုင်းတွေမိနေပြီလား။
၂၀၁၅ ရွေးကောက်ပွဲမှာ သာမာန်ပြည်သူကနေ ခုလို သွေးဆာနေတဲ့
သူခိုးဓားပြတွေဖြစ်အောင် လုပ်ပြီး အာဏာသိမ်းအုံးမှာလား။ ကုလားကိုချတာမလို့ 
ကြိတ်ပြီးကြည့်နေမယ်ဆိုရင် ဖောက်ပြီးသားလမ်းပေါ် လျှောက်လာကြတဲ့အခါ —
** ဆောင်းပါးရှင်၏ အမြင်နှင့် သုံးသပ်ချက်သာဖြစ်သည်။