တောင်ကြီးမြို့ ပေါက်ကွဲမှုဖြစ်ရပ်မှန်သတင်း၊ မီဒီယာအများစု ဖြစ်ရပ်မှန်ကို လွဲမှားစွာဖော်ပြကြ
Tag :
သတင်များ
ဒီဇင်ဘာ ၁၁၊ ၂၀၁၃
M-Media
မိုးမြင့်မင်း
M-Media
မိုးမြင့်မင်း
တောင်ကြီးမြို့တွင်ဖြစ်ပွားခဲ့သော
ပေါက်ကွဲမှုဖြစ်ရပ်မှန်နှင့် တာဝန်ရှိသူများမှမေးမြန်း စစ်ဆေး
ဖော်ပြချက်များ တိကျစွာထွက်ပေါ်လာခဲ့ပါတယ်။
တောင်ကြီးမြို့တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်ရပ်မှန်ဖြစ်စဉ်အား
တာဝန်ရှိသူများမှ ထုတ်ပြန် ပြောကြား ဖော်ပြရာတွင် တောင်ကြီးမြို့၊
မြို့မရပ်၊ မြောက်ကျောင်း လမ်းနှင့် အုတ်ဖိုလမ်းဒေါင့် အမှတ်(၁၈၈)တွင်
နေထိုင်သော ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်၏ နေအိမ်တွင်၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ
(၈)ရက် ညပိုင်း (၁၀း၃၀) ၀န်းကျင်ခန့်အချိန်တွင်
ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါသည်။
ထိုကဲ့သို့သော ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ
(၁၀)ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ စစ်စံထွန်းရပ်ကွက်ရှိ
စစ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသော
အခင်းဖြစ်ပွားရာပေါက်ကွဲမှုတွင်ပါဝင်ပြီး တစ်ဦးတည်းထိခိုက် ဒဏ်ရာရရှိခဲ့သူ
ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်အား သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းအသီးသီးမှ
တာဝန်ရှိသူများ၏ မေးမြန်းမှုများ စုံစမ်းစစ်ဆေးမှုများကို စ၀်စံထွန်းဆေးရုံ
ဆေးကုသဆောင်အတွင်းတွင် ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်မှ ယခုကဲ့သို့
ဖြေကြားထွက်ဆိုခဲ့ရာတွင် “ ကျနော် ဦးမြင့်သိန်း ၊ အသက်(၄၈)နှစ် ၊ အဘ
ဦးမောင်မောင်သည် တောင်ကြီးမြို့၊ မြို့မရပ်၊ မြောက်ကျောင်းလမ်းနှင့်
အုတ်ဖို လမ်းဒေါင့် အမှတ်(၁၈၈)တွင် မိမိ၏ မိသားစု ဇနီး၊ သားသမီးများဖြင့်
နေထိုင်လျှက်ရှိပြီး အမဲလိုင်စင်စီ(သားသတ်လုပ်ငန်း)ကို
မြို့နယ်စည်ပင်သာယာမှ တရားဝင်ခွင့်ပြုချက်ဖြင့် လေလံရရှိကာ
ကန်ထရိုက်စနစ်ဖြင့်ဆောင်ရွက်နေသူတစ်ဦးဖြစ်ကာ အမဲသားရောင်းချခြင်းအပြင်
သားရေရောင်းဝယ်ခြင်း လုပ်ငန်းကိုလည်း လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါသည်။
ကျနော် ဦးမြင့်သိန်းသည် အမဲသားရောင်းချခြင်းများကို
မြို့မဈေးအတွင်းတွင် ဆောင်ရွက်သကဲ့သို့၊ မိမိနေအိမ်တွင်လည်း
လုပ်ကိုင်ဆောင်ရွက်နေပါသည်။ ထို့အပြင် ရှမ်းပြည်တောင်ပိုင်းအတွင်းရှိ
ဒေသအချို့နှင့် မြို့နယ်၊ ကျေးရွာအသီးသီးတွင် သားရေ
ရောင်းဝယ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ကာ
အသားခြောက်ပြုလုပ်ရောင်းချခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။
အသားခြောက်လုပ်ငန်းလုပ်ဆောင်ရန်အတွက် အများသူငါ မထိခိုက်စေသော
စားသုံးရန်သင့်သော ယမ်းစိမ်းများလည်း အသုံးပြုရပါသည်။ ထို့အပြင် မိမိ၏
ပင်ကိုယ်ဝါသနာအရ ငါးမျှား ငါးဖမ်းခြင်းဓလေ့ကို မကြာခဏ ဆောင်ရွက်လေ့ရှိသလို၊
မိမိဝါသနာအရ ငါးမျှား ငါဖမ်းခြင်းကို မကြာခဏ
ရပ်စောက်မြို့နယ်ရှိ မကျီးပင်ဆည်၊ ဇော်ဂျီဆည်၊ နမ့်ခုတ်မြို့နယ်ရှိ ဟန်လွဲဆည်၊ ကက္ကူမြို့နယ်ရှိ ပုန်းအင်းဆည်များတွင် မကြာ မကြာ ညအိပ်ညနေ ငါးဖမ်း ငါးမျှားသွားလေ့ရှိပြီး၊ လွန်ခဲ့သော နှစ်လကျော် သုံးလ၀န်းကျင်တွင် ရပ်စောက်မြို့အနီး ဇော်ဂျီဆည်တွင် ငါးလာဖမ်းသော အခြားဝါသနာတူ ငါးဖမ်းသူ မိတ်ဆွေအချို့မှ ငါးဖမ်းမိုင်းများကို အသုံးပြုခဲ့ကာ ငါးများစွာဖမ်းဆည်းရမိသည့်အတွက် ထိုသူများ အသုံးပြုခဲ့သော ငါးဖမ်းမိုင်းအကြောင်း စပ်စု မေးမြန်းမိခဲ့ရာမှ ငါးဖမ်းမိုင်းအကြောင်း သိရှိကာ ပိုမိုစိတ်ဝင်စားမိခဲ့ပါသည်။
ရပ်စောက်မြို့နယ်ရှိ မကျီးပင်ဆည်၊ ဇော်ဂျီဆည်၊ နမ့်ခုတ်မြို့နယ်ရှိ ဟန်လွဲဆည်၊ ကက္ကူမြို့နယ်ရှိ ပုန်းအင်းဆည်များတွင် မကြာ မကြာ ညအိပ်ညနေ ငါးဖမ်း ငါးမျှားသွားလေ့ရှိပြီး၊ လွန်ခဲ့သော နှစ်လကျော် သုံးလ၀န်းကျင်တွင် ရပ်စောက်မြို့အနီး ဇော်ဂျီဆည်တွင် ငါးလာဖမ်းသော အခြားဝါသနာတူ ငါးဖမ်းသူ မိတ်ဆွေအချို့မှ ငါးဖမ်းမိုင်းများကို အသုံးပြုခဲ့ကာ ငါးများစွာဖမ်းဆည်းရမိသည့်အတွက် ထိုသူများ အသုံးပြုခဲ့သော ငါးဖမ်းမိုင်းအကြောင်း စပ်စု မေးမြန်းမိခဲ့ရာမှ ငါးဖမ်းမိုင်းအကြောင်း သိရှိကာ ပိုမိုစိတ်ဝင်စားမိခဲ့ပါသည်။
ရှမ်းပြည်နယ်အတွင်းရှိ၊ အင်းအိုင် ချောင်းများတွင်
ငါးဖမ်းသူများအနေဖြင့် ငါးဖမ်းခြင်းအတွက် ဘက်ထရီအိုးနှင့် လျှပ်စစ်ဓါတ်အား
အသုံးပြုကာ ရှော့ခ်တိုက်၍ငါးများသေစေခြင်း နည်းလမ်များ ယခင်က
အသုံးပြုခဲ့မှုရှိသလို၊ အခြားသူများသည်လည်း ငါးဖမ်းရန်ယမ်းပျော့မိုင်းအား
မိမိတို့အားသန်ရာနည်း စနစ်အချို့ဖြင့် ပြုလုပ်သုံးစွဲနေမှုများရှိခဲ့သည်မှာ အများအသိပင်ဖြစ်ပါသည်။
မိမိတို့အားသန်ရာနည်း စနစ်အချို့ဖြင့် ပြုလုပ်သုံးစွဲနေမှုများရှိခဲ့သည်မှာ အများအသိပင်ဖြစ်ပါသည်။
မိမိအနေဖြင့် ၀ါသနာအရ ငါးမျှား ငါးဖမ်းရာတွင်
ငါးပိုမိုရရှိဖမ်းမိစေရန် ငါးဖမ်းမိုင်းပြုလုပ်ခြင်းကို တဆင့်မေးမြန်း
လေ့လာပြင်ဆင်ခဲ့ကာ လိုအပ်သော ယမ်းစိမ်း ယမ်းပျော့ကို မိမိ၏
သားရေရာင်းဝယ်ခြင်းနှင့် အသားခြောက်လုပ်ငန်းတွင်အသုံးပြုသော ယမ်းစိမ်း
ယမ်းပျော့ကိုသာအသုံးပြုခဲ့ပြီး အခြား ကန့်နှင့်လိုအပ် ပစ္စည်းများကို
တောင်ကြီးမြိှု့၊ မြို့မဈေးရှိ ပါရဆေးအရောင်းဆိုင်အချို့တွင်
အနည်းငယ်ဝယ်ယူကာ ငါးဖမ်းရာတွင် အသုံးပြုရန် ငါးဖမ်းမိုင်းကို
မိမိကိုယ်တိုင် ၀ါသနာအရ ငါးဖမ်းမှုတွင် အသုံးပြုရန်သာ
စီမံဆောင်ရွက်ခဲ့မိခြင်းဖြစ်ပါသည်။
အခြား မည်သူ တစ်ဦးတယောက်ကိုမျှ ထိခိုက်နစ်နာစေလိုခြင်းမရှိဘဲ
မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်နွယ်ပတ်သက်မှုမရှိခဲ့ဘဲ အခြားမည်သည့်အဖွဲ့စည်း
ပုဂ္ဂိုလ်များကိုမျှ ထိပါးစေရန်မရည်ရွယ်ခဲ့မိကြောင်းဝန်ခံပါသည်။
မိမိပြုလုပ်ထားခဲ့မိသော ငါးဖမ်းရန်ယမ်းပျော့မိုင်းတခုအား စမ်းသပ်နိုင်ရန် (
၉.၁၂.၂၀၁၃)ရက်နေ့တွင် မိမိ သားရေ၀ယ်ရန် သွားရောက်မည့် ခရီးစဉ်အတွင်းရှိ
ကက္ကူကျေးရွာအနီး အင်းအိုင်တခုတွင် စမ်းသပ်ရန်အလို့ဌာ မိမိပြုလုပ်ထားသော
ယမ်းပျော့မိုင်းအား မိမိနေအိမ်အပေါ်ထပ်မှ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ
(၈)ရက်ညပိုင်း (၁၀း၃၀)ခန့်တွင် နေအိမ်အောက်ထပ် မိမိအိမ်အနောက်ခြံဝန်းရှိ
မိမိကားအတွင်းသို့ ထည့်သွင်းထားရန် ယူဆောင်လာစဉ် ၊ အိမ်အပေါ်ထပ်မှအဆင်း
လှေကားခြေနှင်းအုတ်ခုံအနီးတွင် မတော်တဆ ခြေချော်ထိမိ၍ ငါးဖမ်းယမ်းပျော့
မိုင်းပြုတ် ကျသွားခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ မိမိ၏
ဘယ်ဖက်ခြေထောက် ခြေကျင်းဝတ်ခန့်
ပြင်းထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါသည်။
ပြင်းထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါသည်။
မိမိအနေဖြင့် ယခုကဲ့သို့ ငါးဖမ်းယမ်းပျော့မိုင်းအား
စမ်းသပ်ပြုလုပ်ခဲ့မှုသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ
ထိခိုက်နစ်နာစေလိုခြင်းမရှိခဲ့ပဲ၊ မိမိ ၀ါသနာအရ ငါးမျှား
ငါးဖမ်းခြင်းတွင်သာ စမ်းသပ် အသုံးပြုနိုင်ရန်ရည်ရွယ်ခဲ့ကြောင်း “ အာဏာပိုင်
အဖွဲ့အစည်းအသီးသီး၏ မေးမြန်း စစ်ဆေးစုံစမ်းမှုများကို အထက်ဖော်ပြပါ
အကြောင်းအရာများအတိုင်း ဖြေကြားထွက်ဆိုခဲ့ပါသည်။
အခင်းဖြစ်ပွားရာပေါက်ကွဲမှုတွင် ထိခိုက် ဒဏ်ရာရရှိခဲ့သူ
ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်သည် တောင်ကြိးမြို့၊ မြို့မရပ်ကွက်အတွင်းရှိ
အစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်းတော်တစ်ခုဖြစ်သော မြို့လယ်ဗလီ၏
အုပ်ချုပ်မှုကော်မတီ( မြို့လယ်ဗလီဂေါပက ) အဖွဲ့ဝင် တစ်ဦးဖြစ်သလို
မြို့လယ်ဗလီအုပ်ချုပ်မှု ကော်မတီ ဥက္ကဌအဖြစ် တာဝန်ရှိသူတစ်ဦးသာဖြစ်သော်လည်း၊ ဌင်းသည် မြို့လယ်ဗလီ၏ ရှေ့ဆောင် ဗလီဆရာ မော်လ၀ီဆပ် တစ်ဦးမဟုတ်သလို၊ တောင်ကြီးမြို့၏ မွတ်စလင်မ်ခေါင်းဆောင် ဘာသာရေးတာဝန်ခံတစ်ဦးလည်း လုံးဝမဟုတ်ကြောင်း ၄င်း၏ ပြောပြ
ထွက်ဆိုချက်များအရ သိရှိရပါသည်။
မြို့လယ်ဗလီအုပ်ချုပ်မှု ကော်မတီ ဥက္ကဌအဖြစ် တာဝန်ရှိသူတစ်ဦးသာဖြစ်သော်လည်း၊ ဌင်းသည် မြို့လယ်ဗလီ၏ ရှေ့ဆောင် ဗလီဆရာ မော်လ၀ီဆပ် တစ်ဦးမဟုတ်သလို၊ တောင်ကြီးမြို့၏ မွတ်စလင်မ်ခေါင်းဆောင် ဘာသာရေးတာဝန်ခံတစ်ဦးလည်း လုံးဝမဟုတ်ကြောင်း ၄င်း၏ ပြောပြ
ထွက်ဆိုချက်များအရ သိရှိရပါသည်။
၎င်းအနေဖြင့် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သော်လည်း အခြားမည်သည့်
လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို မလိုမုန်းတီးမှုများမရှိခဲ့သလို၊
မည်သူ့ကိုမျှထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်မရှိခဲ့ကြောင်း၊ ယခုကဲ့သို့
ငါးဖမ်းယမ်းပျော့မိုင်းအား ပြုလုပ်ရခြင်းသည်လည်း မိမိဝါသနာအရ
မိမိငါးဖမ်းသွားရာတွင် အခြားသူများ သုံးစွဲမှုကိုတွေ့ရှိခဲ့၍ နည်းစနစ်မေးမြန်းကာ ပြန်လည်လုပ်ဆောင် စမ်းသပ်မှုတစ်ခုသာဖြစ်မိကြောင်း ၄င်း၏၀န်ခံပြောကြား ထွက်ဆိုသွားချက်များကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၏ ပြန်လည်ပြောကြားချက်များအရ တိကျစွာသိရှိရပါသည်။
မိမိငါးဖမ်းသွားရာတွင် အခြားသူများ သုံးစွဲမှုကိုတွေ့ရှိခဲ့၍ နည်းစနစ်မေးမြန်းကာ ပြန်လည်လုပ်ဆောင် စမ်းသပ်မှုတစ်ခုသာဖြစ်မိကြောင်း ၄င်း၏၀န်ခံပြောကြား ထွက်ဆိုသွားချက်များကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၏ ပြန်လည်ပြောကြားချက်များအရ တိကျစွာသိရှိရပါသည်။
အထက်ဖော်ပြပါ အကြောင်းအရာများနှင့်ပတ်သက်၍ မြို့လယ်ဗလီ ဥက္ကဌ
ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်၏ နေအိမ်အတွင်းပေါက်ကွဲမှုဖြစ်စဉ်များအရ
၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက် နံနက်ပိုင်း ၂း၃၀ ၀န်းကျင်ခန့်အချိန်တွင်
တောင်ကြီးမြို့၊ မြို့မရပ်၊ မြောက်ကျောင်းလမ်းရှိ မြို့လယ်ဗလီအား
သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းအသီးသီးမှ ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရကာ၊ စုံစမ်းစစ်ဆေးမှုများအပြီးတွင် မြို့လယ်ဗလီ လုံခြုံရေးအတွက် တာဝန်ရှိသူ စောင့်ရှောက်သူများမှ ရန်သူမျိုးငါးပါး အန္တရာယ်ကာကွယ်ရန်ဆောင်ထားသော လောက်လေးခွနှင့်ဂေါ်လီများအနည်းငယ်တွေ့ရှိခဲ့သလို၊ မြို့လယ်ဗလီ ပစ္စည်းထိမ်းသိန်းမှုနှင့် ဌားရမ်းသောအခန်းတွင်းမှ သုဿာန်သန့်ရှင်းရေးတွင် အသုံးပြုလေ့ရှိသော ဓါးမတို၊ ဓါးမရှည်အချို့နှင့် သားကောင်စွန့်လှူမှု အိးဒ်ပွဲတော်အတွက် သားကောင်အလှူရှင်များအား
ခေတ္တဌားရမ်းပေးရလေ့ရှိသော ဓါးရှည်အချို့အားတွေ့ရှိကာ သက်ဆိုင်ရာမှ တာဝန်ဝတ္တရားများအရ သိမ်းဆည်းသွားခဲ့ကြောင်းလည်းသိရှိရပါသည်။
သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းအသီးသီးမှ ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရကာ၊ စုံစမ်းစစ်ဆေးမှုများအပြီးတွင် မြို့လယ်ဗလီ လုံခြုံရေးအတွက် တာဝန်ရှိသူ စောင့်ရှောက်သူများမှ ရန်သူမျိုးငါးပါး အန္တရာယ်ကာကွယ်ရန်ဆောင်ထားသော လောက်လေးခွနှင့်ဂေါ်လီများအနည်းငယ်တွေ့ရှိခဲ့သလို၊ မြို့လယ်ဗလီ ပစ္စည်းထိမ်းသိန်းမှုနှင့် ဌားရမ်းသောအခန်းတွင်းမှ သုဿာန်သန့်ရှင်းရေးတွင် အသုံးပြုလေ့ရှိသော ဓါးမတို၊ ဓါးမရှည်အချို့နှင့် သားကောင်စွန့်လှူမှု အိးဒ်ပွဲတော်အတွက် သားကောင်အလှူရှင်များအား
ခေတ္တဌားရမ်းပေးရလေ့ရှိသော ဓါးရှည်အချို့အားတွေ့ရှိကာ သက်ဆိုင်ရာမှ တာဝန်ဝတ္တရားများအရ သိမ်းဆည်းသွားခဲ့ကြောင်းလည်းသိရှိရပါသည်။
ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း သတင်းမီဒီယာသမားများ
အချိန်မှီရောက်ရှိ သတင်းယူနိုင်မှုမရှိခဲ့ဘဲ အင်တာနက်စာမျက်နှာများတွင်
သတင်းဓါတ်ပုံများပြန့်နှံမှုသည် မှတ်တမ်းရိုက်ကူးခွင့်ရရှိခဲ့သော သက်ဆိုင်ရာ
အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့်သာသက်ဆိုင်ကြောင်း၊
မလျှော် မမှန်မကန် သတင်းမှားများနှင့် မှတ်တမ်းဓါတ်ပုံဖော်ပြမှုများသည် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ မမှန်ကန်သော လုပ်ရပ်များ၊ သတင်းမှားဖော်ပြမှုများသာဖြစ်နိုင်ကြောင်းကိုလည်း အခင်းဖြစ်ပွားရာအချိန်အတွင်းနှင့်
စစ်ဆေးစုံစမ်းမှုများတွင်ပါဝင်လိုက်ပါခဲ့သော မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
မလျှော် မမှန်မကန် သတင်းမှားများနှင့် မှတ်တမ်းဓါတ်ပုံဖော်ပြမှုများသည် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ မမှန်ကန်သော လုပ်ရပ်များ၊ သတင်းမှားဖော်ပြမှုများသာဖြစ်နိုင်ကြောင်းကိုလည်း အခင်းဖြစ်ပွားရာအချိန်အတွင်းနှင့်
စစ်ဆေးစုံစမ်းမှုများတွင်ပါဝင်လိုက်ပါခဲ့သော မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ အစ္စလာမ်ဘာသာရေး
ဗလီဝတ်ကျောင်းတော်များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ကောလဟာလသတင်းမှားများ
ပြန့်နှံ့နေခဲ့သည့်အတွက် ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ
တာဝန်ရှိလူကြီးမင်းများအနေဖြင့်၊ ယနေ့ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင်
တောင်ကြီးမြို့ပေါ်ရှိ အစ္စလာမ့်ဗလီဝတ်ကျောင်းတော်(၄)ခုနှင့်
ဘာသာရေးစာသင်ကျောင်းတစ်ကျောင်းသို့ မိမိတို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏
လုံခြုံရေးနှင့် စစ်ဆေးရေးအစီအစဉ်များအရ ဗလီဝတ်ကျောင်းတော်အသီးသီးတည်ရှိရာ
ရပ်ကွက်များမှ
ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး အဖွဲ့ဝင်များ၊ နယ်မြေတာဝန်ခံများပါဝင်လျှက် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပြီး၊ တောင်ကြီးမြို့ပေါ်ရှိ ဗလီဝတ်ကျောင်းတော်(၄)ခုအပြင် ဘာသာရေးစာသင်ကျောင်းတစ်ကျောင်းနှင့် ပတ်သက်၍ ပြန့်နှံ့နေသည့် သတင်းများမှာ ကောလဟာလ မခိုင်လုံသော
သတင်းမှားများသာဖြစ်ကြောင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဗလီဝတ်ကျောင်းတော်များနှင့် ပတ်သက်၍ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို မည်သည့်အချိန်တွင်မဆို ၀င်ရောက် လေ့လာ၊ စုံစမ်းစစ်ဆေးနိုင်ပါကြောင်း၊ ဘာသာလူမျိုးမခွဲခြားဘဲ လာရောက် လေ့လာ စုံစမ်းမှုများအတွက် ရှမ်းပြည်နယ်
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်ကြိုဆိုလျှက်ရှိပါကြောင်းကိုလည်း သတင်းရရှိပါသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး အဖွဲ့ဝင်များ၊ နယ်မြေတာဝန်ခံများပါဝင်လျှက် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပြီး၊ တောင်ကြီးမြို့ပေါ်ရှိ ဗလီဝတ်ကျောင်းတော်(၄)ခုအပြင် ဘာသာရေးစာသင်ကျောင်းတစ်ကျောင်းနှင့် ပတ်သက်၍ ပြန့်နှံ့နေသည့် သတင်းများမှာ ကောလဟာလ မခိုင်လုံသော
သတင်းမှားများသာဖြစ်ကြောင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဗလီဝတ်ကျောင်းတော်များနှင့် ပတ်သက်၍ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို မည်သည့်အချိန်တွင်မဆို ၀င်ရောက် လေ့လာ၊ စုံစမ်းစစ်ဆေးနိုင်ပါကြောင်း၊ ဘာသာလူမျိုးမခွဲခြားဘဲ လာရောက် လေ့လာ စုံစမ်းမှုများအတွက် ရှမ်းပြည်နယ်
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်ကြိုဆိုလျှက်ရှိပါကြောင်းကိုလည်း သတင်းရရှိပါသည်။
မလေးရှား အကြီးဆုံးပါတီ UMNO ရဲ့ အထွေထွေညီလာခံ အောင်မြင်စွာ ပြီးစီး၊ အစ္စလာမ်ကို ပြည်ထောင်စုသာသနာတော်အဖြစ် သတ်မှတ်မည်
Tag :
အစ္စလာမ်ရေးရာ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ (Malaysia) ရဲ့ အကြီးဆုံးပါတီလည်းဖြစ်၊ လက်ရှိအာဏာရပါတီလည်း ဖြစ်တဲ့ UMNO ရဲ့ (၂၀၁၃) ခုနှစ် အထွေထွေညီလာခံကြီး (General Assembly) ကို အားမန်တက်ကြွစွာ ဆင်နွှဲအပြီးသတ်ခဲ့ကြောင်း သိရှိရပါတယ်။ မလေးလူမျိုးများရဲ့ အကျိုးစီးပွါးကို ရှေ့တန်းတင်ဖို့နဲ့ အစ္စလာမ်သာသနာတော်ကို အခိုင်အမာပြုဖို့ သန္ဓိဌာန်ချ ဆုံးဖြတ်ခဲ့ကြပါတယ်။
(၂၀၁၃) ခုနှစ် အထွေထွေ ရွေးကောက်ပွဲ (GE13) မှာ ပါလီမန်အမတ်နေရာ (၁၃၃) နေရာအနက် (၈၈) နေရာကို အနိုင်ရရှိခဲ့တဲ့ Barisan Nasional (BN) ပါတီက ဦးဆောင်တဲ့ UMNO ညွန့်ပေါင်းအစိုးရပါတီဟာ မလေးလူမျိုးများနဲ့ အခြား ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများရဲ့ ထောက်ခံအားပေးမှုကို အပြည့်အဝ ရရှိထားပါတယ်။
UMNO ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားသူ လက်ရှိ ဝန်ကြီးချုပ် နာဂျစ်ရာဇာတ် (Datuk Seri Najib Tun Razak) က “မလေးရှားနိုင်ငံမှာ အစ္စလာမ်သာသနာတော်ကို ပြည်ထောင်စုသာသနာတော်အဖြစ် သတ်မှတ်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သွားမှာ ဖြစ်ပြီး ဒီအကြီးဆုံးသော မလေးပါတီအနေနဲ့ အစ္စလာမ်သာသနာတော်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း” အလေးထား ပြောဆိုသွားပါတယ်။
(၅) ရက်ကြာ ကျင်းပတဲ့ အခြေခံညီလာခံကို ပါတီဝင်ပေါင်း (၂,၇၅၉) ဦး တက်ရောက်ကြပြီး မလေးလူမျိုးများ အကျိုး ရှေ့ရှုဆောင်ရွက်ရေး၊ ရှာရီယာတရားဥပဒေ ခိုင်မာရေး၊ ပါတီကေဒါများ အင်အားကောင်းလာရေး အစရှိတဲ့ အရေးကြီးအချက်များကို အတည်ပြုခဲ့ကြပါတယ်။
ref :myanmarmuslimsvoice
မွတ်စလင်မ်ဆန့်ကျင်ရေး တရားတွေဟောရင်း လူပိန်းကြိုက်ဖြစ်နေတဲ့ နေမျိုးဝေ ဆိုတဲ့ပုဂ္ဂိုလ်အတွက် အနာပေါ်ဒုတ်ကျသလိုဖြစ်သွားရတဲ့မေးခွန်းကတော့ "အမျိုး ဘာသာ သာသနာကို ရှေ့တန်းတင်လွန်းအားကြီးနေတဲ့အေ ပါ် ဘယ်လိုမြင်သလဲ" ဆိုတဲ့မေးခွန်းပဲဖြစ်ပါလိမ့်မယ် ။
"အမျိုး ဘာသာ သာသနာကို ရှေ့တန်းတင်လွန်းအားကြီးနေတဲ့အေ ပါ်
အစ်ကို့အနေနဲ့ ဘယ်လိုမှတ်ချက်လေးများ ပေးချင်ပါလဲရှင်"ဆိုတဲ့ ပြည့်သူ့ဆန္ဒ
ဂျာနယ်ရဲ့ သတင်းထောက် ဇူးဇူးမွန်ရဲ့ အမေးကို မတူကွဲပြားနှင့်
ငြိမ်းချမ်းရေးပါတီ ဥက္ကဌ နေမျိုးဝေ က အခုလိုပြန်ဖြေပါသတဲ့။
"လီးပဲ၊ အနားမှာရှိရင် သောက်ခွက်ဖြတ်ရိုက်ပစ်လိုက်တယ်"
မှတ်သားလောက်တဲ့ စကားတစ်ခွန်းပါပဲ။ဒီစကားကိုတော့ ပြည်သူ့ဆန္ဒဂျာနယ် အတွဲ(၁)၊ အမှတ် (၃၉) စာမျက်နှာ ၁၁ မှာဖေါ်ပြထားပါတယ်။
အစ္စလာမ်ကိုဝေဖန်နေတဲ့ နေမျိုးဝေ ရဲ့ အမျိုးသမီးသတင်းထောက်ကို
တိုင်းထွာဆဲရေး ရုန့်ရင်းကြမ်းတမ်းထားတဲ့ စကားတွေကို ပြည့်သူ့ဆန္ဒ ဂျာနယ်က
ဖေါ်ပြတဲ့အတိုင်း အပြည့် အစုံဖတ်နိင်ဖို့ ဂျာနယ်စာမျက်နှာကို
ဓာတ်ပုံနဲ့တကွဖေါ်ပြပေးလိုက်ပါတယ်။
အမိယုတ်သားနှုတ်ကြမ်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီအကြောင်းကို စာရိုက်တင်ထားတဲ့လင့်လေးတစ်ခုကိုလည်း ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်။https://www.facebook.com/ kyaw.win.77398/posts/ 620858244641456
၂၀၁၄ သန်းခေါင်စာရင်းမှာ လူမျိုး ၁၃၅-မျိုးကို အခြေခံထားပြီး တခြားရှိလာတဲ့ လူမျိုးစုများကို ထပ်ထည့်မည်ဟု ၀န်ကြီး ဦးခင်ရီ ပြောကြား
ဒီဇင်ဘာ ၁၀၊ ၂၀၁၃
M-Media
အမ်တူးအေ
ရန်ကုန် ။ ။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း
များ အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးခင်ရီမှ တွေ့ဆုံပြီး ၂၀၁၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့် စပ်လျဉ်းသည့်
ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည့် တွေ့ဆုံပွဲကို ယနေ့ မနက်ပိုင်းက
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲ၌ သန်းခေါင်စာရင်းကောက်ယူမည့် အချက်အလက်များကို
အဓိကရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၊ အရပ်ဖက်
လူမှုအဖွဲ့အစည်းများမှ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြ သည်။
ဝန်ကြီးဦးခင်ရီမှ သန်းခေါင်စာရင်းတွင် လူမျိုးစု ၁၃၅-မျိုးကို အခြေခံပြီး
ထည့်သွင်းထားကြောင်း တခြားသောလူမျိုးစုတွေ ရှိလာရင် နောက်ပိုင်း
စဉ်းစားမည့်အကြောင်းပြောကြားသည် ။
“လူမျိုးစုဆိုလည်း ၁၃၅-မျိုးရှိတယ်။ ဒီ ၁၃၅-မျိုးကို အခြေခံပြီး ထည့်ထား
တယ်။ တခြားလူမျိုးစုတွေ ရှိလာရင် ထပ်ထည့်မယ်။”ဟု ၎င်းက ပြောကြားခဲ့ သည်။
သန်းခေါင်စာရင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃-ခုနှစ်တွင် ပထမ
အကြိမ်၊ ၁၉၈၃-ခုနှစ်တွင် ဒုတိယအကြိမ်ကောက်ယူပြီး ယခု နှစ် ၃၀ အကြာ တွင်မှ
ထပ်မံ ကောက်ယူနိုင်ခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူ ခြင်းသည်
နိုင်ငံတော်အနေနဲ့ မည်သည့်နေရာမှာ မည်သို့ လုပ်ဆောင်ပေး ရမည် ဆိုသည်ကို
သိရန်ဖြစ်သည့်အတွက် မှန်မှန်ကန်ကန်ဖြေဆိုရန်ု လိုကြောင်း၊ မိနစ် ၃၀-စာ
အချိန်ပေးရုံမျှနှင့် မိမိနိုင်ငံအတွက် ၁၀-နှစ်စာ investment များကို
သိရှိနိုင်မည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာ၌ ပြည်သူများ
အဆင်ပြေအောင် အဘက်ဘက်မှ စီစဉ်ထားကြောင်း၊ မိမိအနေနှင့်လည်း KNU မှ
ပုဂ္ဂိုလ်များနှင့် ယခင်ကတည်းမှ ရင်းနှီးနေသည်ဖြစ်၍ သံယောဇဉ်ရှိကြောင်း၊ ယခု
သန်းခေါင်စာရင်းကောက်ယူမှုတွင် မည်သူမည်ဝါ ဖြစ်သည်ကို အဓိကမထားပဲ လူဟူ၍သာ
သဘောထားကြောင်း၊ ၈၂-ခုနှစ် ဥပဒေနှင့် ကိုက်ညီရင်အဆင်ပြေကြောင်း၊ နိုင်ငံသား
မဟုတ်သူများကိုလည်း သန်းခေါင်စာရင်းကောက်ယူပြီးချိန်တွင်
အရည်အချင်းမီပါက နိုင်ငံသားအဖြစ် သတ်မှတ်မည်ဖြစ်ပြီး မွေးရာပါ
နိုင်ငံသားအနေနှင့်မဟုတ်ပဲ ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရှိမည်ဖြစ်ကြောင်း၊
သန်းခေါင်စာရင်းကောက်ယူမှုမှာ တိုင်းရင်းသားဖြစ်ရေး မဖြစ်ရေးတို့ကို
အဓိကထားခြင်းမဟုတ်ပဲ လူဦးရေစာရင်းကို ကောက်ယူခြင်းသာဖြစ်ပြီး အထင်အမြင်
မလွဲမှားစေလိုကြောင်း၊ တခြားမသိနားမလည်သေးသူများအားလည်း ယခု တက်ရောက်လာသူများမှ ရှင်းလင်းပြောပြပေးပါရန်တို့ကို ပြောကြားသွားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ သိလိုသည်များကို
မေးမြန်းခဲ့ကြပြီး ၀န်ကြီးဦးခင်ရီနှင့် ပြည်သူ့အင်အားဦးစီးဌာနအဖွဲ့ဝင် များမှ ပြန်လည် ဖြေကြားပေးခဲ့ကြသည်။
ပြည်သူ့ ဘုန်းကြီးနဲ့ ... စစ်ခွေးဘုန်းကြီး ၊
ပြည်သူ့ ရဟန်းနဲ့ ... စစ်ခွေးရဟန်း ၊
ပြည်သူ့သံဃာနဲ့ ... စစ်ခွေးသံဃား ၊
ပြည်သူ့ ဆရာတော်နှင့် စစ်ခွေးခေါင်းတုံး ၊
ကွဲကွဲ ပြားပြား သိဖို့ လိုပြီ
ဘယ်သူတွေက ပြည်သူ့ ဘုန်းကြီးလဲ ။
ဘုရားရှင်တော် ဟောကြားထားတဲ့
ကာလာမသုတ်တော် အရ ၊
လေ့လာပြီးမှ ယုံ
ယုံကြည်လောက်မှ ယုံ
တကယ်သိမှ ယုံ ၊
အဆိပ် ပင်ကို ရေမလောင်းမိစေနဲ့
ကျား ငစဉ်းလဲ အရည်ခြုံကို
ထိုင်ပြီး မကန်တော့ မိစေနဲ့
မင်းတို့ကို ဦးခေါင်းကနေ
ဝါးစားသွားမယ် .... ၊
ကိုယ် ကိုယ်တိုင်တောင်
မစားရက်တဲ့ အစားအစာ
သူတို့ကို ကျွေးပြီး
မြွေပွေးကို ခါးပိုက် မပိုက်မိစေနဲ့ ... ၊
ငါတို့ ချွေးနည်းစာတွေနဲ့
နွားအဖြစ်ခံ နွားလိုရုန်းပြီးကျွေးပေမယ့်
ခွေးကိုက်တာတော့ မခံကြနဲ့
ငါတို့တွေက နွားအစစ်မဟုတ်ဘူး ၊
ကိုယ်မွေးထားတဲ့ သားသမီးသာ
ကိုယ်ကျွေးကြတော့ ဗျာ ... ၊
အဲ့ဒါကတော့ တကမ္ဘာလုံးက
လက်ခံထားတဲ့ နိယာမ ၊
သားသမီးလေးတွေ စားချင်ရှာတယ်
ကျွေးလိုက်ပါ သူတို့ကိုသာ
ကိုယ့်သွေးသားမို့
တန်ဖိုးလေးတခုတော့ ရှိပါတယ် ... ၊
အဆိပ်ပင်တော့
ရေမလောင်းကြပါနဲ့
မှိုင်းတွေထဲက ရုန်းထွက်ကြတော့ ၊
မင်းရဲ့ သမီးကို ဖာသည်အဖြစ်မှ
ဒီစစ်ခွေးဂတုံးတွက မကာကွယ်ပါဘူး ၊
မင်းကိုယ်တိုင် ကျွန်ဖြစ်နေတာ
ဒီစစ်ခွေးဂတုံးတွေ မကာကွယ်ပါဘူး ၊
မှိုင်းတိုက်ပြီးတော့
သားသမီးတွေ စားမည့်အစာ
စစ်ခွေး ဘုန်းကြီးတွေ စားသွားပြီ ၊
သေချာ ပြန်စဉ်းစားပါ
မင်းရဲ့ သားသမီးကို
မင်းကိုယ်တိုင်တောင်
သူတို့ကို ကျွေးသလို
ကျွေးခဲ့မိရဲ့လား ... ?
ဖော်ပြပါ ဆရာတော်အား လေးစား၍ ပုံတင်ထားခြင်း ဖြစ်သည် ။
( ဦးနိုင်ဝင်း လန်ဒန် )
ကြောင်တိုင်း အမြင့်ကြိုက်ကြပါတယ်။ အမြင့်ကြိုက်တယ် ဆိုတာထက် အမြဲတမ်း
နေရာ ဒေသ တစ်ခုတိုင်းရဲ့  အပေါ်ဆုံးတွေမှာပဲ နေရတာကို ပိုမို နှစ်သက်တဲ့
သတ္တဝါ ဖြစ်ပါတယ်။
အကြောင်းကတော့ သူတို့ ဗီဇကြောင့်ပါ။
ကြောင်တို့ရဲ့  ဗီဇ သွေးကိုက အမြင့်မှာ နေရင် သားကောင် တိုက်ခိုက်မှု
အန္တရာယ်မှ လွတ်ကင်းပြီး မိမိရဲ့  လုံခြုံရေး အတွက် အကောင်းဆုံး နေထိုင်ပုံ
နေထိုင် နည်းလို့ ဘယ်သူမှ မသင်ပေးတဲ့ သိနေတဲ့ ပင်ကိုယ်စိတ် ဖြစ်ပါတယ်။
ဒါကြောင့် ကြောင်တွေကို အမြင့်မှာ မြင်တွေ့ ရတာပ့ါ။
မွေးပြီး ရက်ပိုင်းပဲ ကြာသေးတဲ့ ကြောင်သေးသေးလေးတွေတောင် သူတို့
တက်နိုင်လောက်တယ်လို့ ထင်ရတဲ့ အမြင့် မှန်သမျှကို ရောက်အောင် ကြိုးစား
တက်ကြတာကို အလွယ်တကူ လေ့လာ မြင်တွေ့ နိုင်ပါတယ်။
.
Ref: dykonw
အောင်ခမ်း
၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။
၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။ ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။
၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။ မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။
၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။ မရိုက်ပါနဲ့။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။
၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင် သွားစေလိုပါသလား။ အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။ (သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ တစ်ခါမှတောင် မစမ်းဖူးပါဘူး။ အင်္ကျီကိုသံပုရာသီးကဟာတွေ စွန်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို.ဘဲမူရင်းရေးတဲ့သူကို ပို့ပါလို့။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ်ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)
၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။ သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။
၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။
၈။ ကြက်သွန်လှီးရင် မငိုရအောင် -ပီကေ၀ါးပါ (လို့ပြောတာပဲ)။
၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -အားလူးတစ်ခြမ်း (တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။
၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကိုရန်မလုပ်ပါနဲ့။ အလွယ်လေးပါ။မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။ နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။
၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။ ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။
၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။ သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။ (သတိတော့ထားပေါ့။ တော်ကြာ ကြွက်တွေအစား ကိုယ်အရင် နှာတွေ တဖြီးဖြီး ချေနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။)
ကဲ မှတ်ထားကြနော်သူငယ်ချင်းတို.
နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်က တရုတ် သံရုံးရှေ့မှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်တဲ့ အနေနဲ့ တရုတ် အလံကို မီးရှို့ ဆန္ဒပြခဲ့တဲ့ မျိုးဆက်သစ် လူငယ်များအဖွဲ့(GY) က ကိုတင်ထွဋ်ပိုင်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အာမခံ မပေးဘဲ ဖမ်းဆီး လိုက်ပါတယ်။
ကိုတင်ထွဋ်ပိုင်ကို ဒီဇင်ဘာ ၃ ရက် မနေ့ညက ဒဂုံရဲစခန်းက ဖမ်းဆီးသွားပြီး ဒီမနက်မှာ ရုံးတင်စစ်ဆေးပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ ဒီမနက် ရုံးထုတ်ချိန်မှာ ကိုတင်ထွဋ်ပိုင်ကို မိသားစုက တွေ့ခွင့်မရခဲ့ကြောင်း ကိုတင်ထွဋ်ပိုင်ရဲ့ မိခင် ဒေါ်ငယ် ပြောပါတယ်။
ကိုတင်ထွဋ်ပိုင်ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ ခ နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဒဂုံရဲစခန်းကို ဆက်သွယ်မေးကြည့်ရာမှာ တာဝန်ကျ ရဲအရာရှိက သူ့အနေနဲ့ ပြောရခက်တယ်လို့ ဆိုပါတယ်။
ရှေ့နေကြီး ဦးအောင်သိန်းကတော့ တခြားနိုင်ငံရဲ့ အလံကို မီးရှို့တာနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုတဲ့ ပုဒ်မနဲ့ စွဲဆိုတာဟာ အစိုးရသစ် လက်ထက်မှာ ထူးဆန်းတဲ့ ပုဒ်မ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပုံစံနဲ့ ဒီမိုကရေစီကို သွားဖို့ မလွယ်ဘဲ အခုကိစ္စဟာ တရုတ်အလံကို မီးရှို့လို့ တရုတ် ကျေနပ်အောင် ထောင်ချပြတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
ကိုတင်ထွဋ်ပိုင်ကို ဖမ်းဆီးတာနဲ့ ဆက်စပ်ပြီး အဲဒီနေ့က ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုးနဲ့ ဒေါ်နော်အုံးလှ တို့ကိုလည်း ရဲက အလိုရှိတယ်ဆိုလို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ငြိမ်းချမ်းရေး ရရှိအောင်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူနဲ့
ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး သံတမန်ကွန်ရက်က အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်း
ဦးရွှေကြည်တို့ဟာ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန်
မဟာစည်ရိပ်သာမှာ ဒီနေ့တွေ့ဆုံပြီး ကတိပြုလက်မှတ်ထိုးခဲ့ကြပါတယ်။
ဘာသာတစ်ခုချင်းစီက တာဝန်ယူလုပ်ဆောင်မယ့်ကိစ္စတွေကို ကတိပြုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူက အခုလိုမိန့်ပါတယ်။
“မြန်မာပြည်မှာ နေထိုင်ပြီး၊ မြန်မာပြည်ကိုချစ်သော မွတ်စလင်ကို
မိတ်ဆွေကောင်းအဖြစ် ကာကွယ်ပေးမယ်၊ တိုင်းတစ်ပါးကိုချစ်သော မွတ်စလင်
မဖြစ်ဖြစ်လာအောင် စည်းရုံးမယ်၊ မြန်မာပြည်ကို အစ္စလာမ်မစ်နိုင်ငံထူထောင်ဖို့
ကြံစည်နေသော မွတ်စလင်တွေ အန္တရာယ်ကိုတော့ ဥပဒေဘောင်ထဲကနေ ဆောင်ရွက်သွားမယ်၊
ဒိုင်းမွန်းရွှေကြည်တို့ဘက်ကတော့ မြန်မာပြည်သူလူထုတွေနဲ့ သဟဇာတဖြစ်အောင် နေနိုင်ရေးအတွက် အစ္စလာမ်သာသနာအတွက် တာဝန်ယူဆောင်ရွက်သင့်တဲ့အကြောင်း၊ ပြည်တွင်းစီမံချက်လို့ နာမည်ပေးထားတဲ့ နည်းဗျူဟာတွေကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်းကို လက်မှတ်ထိုးတယ်”
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က နှစ်ဖက်ပထမဆုံးအကြိမ်
တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး အခုတွေ့ဆုံမှုဟာ ငါးကြိမ်မြောက်ဖြစ်ပါတယ်။
ယခင်တွေ့ဆုံစဉ်တုန်းကတော့ ယုံကြည်မှုတည်ဆောက်တာတွေ၊ ပဋိပက္ခဖြစ်ပွားရတဲ့
အဓိကဇာစ်မြစ်ကိုရှာဖွေပြီး နှစ်ဘက်ညှိနှိုင်းဆောင် ရွက်ဖို့တွေကို
ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
ref : RFA Burmese
الْحَمْدُ لِلَّهِ
ဘာပဲပြောပြော ကျနော့် APK ကို အသုံးပြုသူ အရေအတွက်ဟာ [ 1000 ] ကျော်ရှိ့နေပါပြီ
စာဖတ်ပရိတ်သတ် အသစ်များနှင့် မသိသေးသူများ အတွက် ပြန်ပြီး မိတ်ဆက် မျှဝေပေးခြင်းလည်းဖြစ်ပါသည်။
အသုံးပြုနည်းမှာ- App အား မိုဘိုင်းပေါ်တွင် install လုပ်ပြီးပါက menu ခလုတ်နှိပ်၍ Update All အား ရွေးချယ်နှိပ်ယူစဉ် အင်တာနက် ခေတ္တ ဖွင့်ထားဖို့ လိုမည် ဖြစ်ပါသည်...
Update Download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။
Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည်
Update Download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။
Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည်
မုစ်လင်မ်များသိသင့်သိထိုက်သော သတင်းများကိုသာ အထူးကြိုးစားတင်ဆက်ပေးလျက်.....
Admin -AZM
အခုလို စတုတ္ထမဏ္ဍိုင်တစ်ခုပီသစွာ နေ့ မကူးပဲ သတင်းအမှန်ပြန်ထည့်ပေးတဲ့အတွက် လေးစားမိပါတယ်။
ဒါပေမယ့် ဘယ်သတင်းမှာမှ မပါတဲ့ ၂၀၁၂ခုနှစ်က ဗလီ၈၀ကျော်နဲ့ အခုနောက်တိုးလာတဲ့ ကိစ္စအတွက်တော့ သိပ်မကျေနပ်သေးဘူးနော်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။
တခြားမီဒီယာတွေနဲ့ ယှဉ်ရင် တကယ်လေးစားပါတယ်။
The Yangon Times ကတော့ ဘာမှမလာသေးဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ဗျာ၊ အခုလိုမျိုး Sensitive ဖြစ်နေတဲ့ကာလမှာ ခင်ဗျားတို့ Highlight လုပ်လိုက်တဲ့စာသားတွေက ကျုပ်တို့ မွတ်စလင်တွေကို ချောက်ထဲချသလိုပဲ။
ဒီပိုစ်ကို Edit လုပ်ပြီးတစ်ခုထပ်ဖြည့်လိုက်ပါတယ်။
ပြည်မြန်မာ ပြန်ထည့်ထားတဲ့ သတင်းအမှန်ဟာ နေ့ စဉ်ထုတ်ထဲမှာပါ။
သတင်းအမှားပါတာက အပတ်စဉ်ထုတ်စာစောင်ပါ။
အပတ်စဉ်ထုတ်က စောင်ရေ တစ်သိန်းကျော်၊ တစ်နိုင်ငံလုံးသွားတယ်။
နေ့ စဉ်ထုတ်က စောင်ရေငါးထောင်... ရန်ကုန်တိုင်းတစ်ခုပဲဖတ်တာ။
ဒီတော့ သတင်းအမှန်ကို အပတ်စဉ်ထုတ်မှာလည်း ပြန်ထည့်ပေးသင့်တယ်။
Anyway ... ကျေးဇူးတင်ပါတယ်။
ဝါဒမှိုင်းကင်းရှင်းပြီး အမှန်တရားဘက်က အစဉ်တစိုက်ရပ်တည်ရဲတဲ့ အောင်မြင်တဲ့ မီဒီယာတစ်ခုဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ဒါပေမယ့် ဘယ်သတင်းမှာမှ မပါတဲ့ ၂၀၁၂ခုနှစ်က ဗလီ၈၀ကျော်နဲ့ အခုနောက်တိုးလာတဲ့ ကိစ္စအတွက်တော့ သိပ်မကျေနပ်သေးဘူးနော်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။
တခြားမီဒီယာတွေနဲ့ ယှဉ်ရင် တကယ်လေးစားပါတယ်။
The Yangon Times ကတော့ ဘာမှမလာသေးဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ဗျာ၊ အခုလိုမျိုး Sensitive ဖြစ်နေတဲ့ကာလမှာ ခင်ဗျားတို့ Highlight လုပ်လိုက်တဲ့စာသားတွေက ကျုပ်တို့ မွတ်စလင်တွေကို ချောက်ထဲချသလိုပဲ။
ဒီပိုစ်ကို Edit လုပ်ပြီးတစ်ခုထပ်ဖြည့်လိုက်ပါတယ်။
ပြည်မြန်မာ ပြန်ထည့်ထားတဲ့ သတင်းအမှန်ဟာ နေ့ စဉ်ထုတ်ထဲမှာပါ။
သတင်းအမှားပါတာက အပတ်စဉ်ထုတ်စာစောင်ပါ။
အပတ်စဉ်ထုတ်က စောင်ရေ တစ်သိန်းကျော်၊ တစ်နိုင်ငံလုံးသွားတယ်။
နေ့ စဉ်ထုတ်က စောင်ရေငါးထောင်... ရန်ကုန်တိုင်းတစ်ခုပဲဖတ်တာ။
ဒီတော့ သတင်းအမှန်ကို အပတ်စဉ်ထုတ်မှာလည်း ပြန်ထည့်ပေးသင့်တယ်။
Anyway ... ကျေးဇူးတင်ပါတယ်။
ဝါဒမှိုင်းကင်းရှင်းပြီး အမှန်တရားဘက်က အစဉ်တစိုက်ရပ်တည်ရဲတဲ့ အောင်မြင်တဲ့ မီဒီယာတစ်ခုဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
credit : အရေးကြီးသတင်းများ
















