"ဝ" အုပ်ချူပ်ခွင့်ရ အထူးဒေသ ပန်ခမ်းမြို့တော်တွင် ပန်းသေးဗလီ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Tag :
သတင်များ
ဇန်နဝါရီ ၁၆၊ ၂၀၁၄
M-Media
ဖီးနစ်
"ဝ" အုပ်ချူပ်ခွင့်ရ အထူးဒေသ ပန်ခမ်းမြို့တော်တွင် ပန်းသေးဗလီဖွင့်ပွဲ အခမ်းအနားကို ယနေ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၆ ဒေသစံတော်ချိန် မနက် (၁၀) နာရီ က အဆိုပါ ဗလီခန်းမတွေင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ "ဝ" အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိသူ အကြီးအကဲများကိုယ်တိုင် တက်ရောက်ပြီး ဖွင့်ပွဲကို ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
"ဖွင့်ပွဲကို 'ဝ' လူကြီးတွေကိုယ်တိုင်တက်ပြီး အားပေးပါတယ်။ ဒီနေ့ဖွင့်ပွဲကို ဝ စစ်တပ်က လုံခြုံရေး အထူးတပ်သား (၅) ယောက်လွှတ်ပြီး စောင့်ရှောက်ပေးပါတယ်။ ဗလီဖွင့်ပွဲ လုပ်ဖို့ မဏ္ဍပ်ထိုးတာကအစ ဝ စစ်တပ်က တပ်သားတွေကိုယ်တိုင် လာပြီးဝိုင်းလုပ်ပေးတာပါ။ ဝ တွေ အုပ်ချူပ်တဲ့ ဒေသမှာ ဘာသာရေးလွတ်လပ်ခွင့် အပြည့်ရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကဘဲ ခရစ်ယျာန် ချာခ်ျတခု ဖွင့်ပြီးသွားပါပြီ။ ဒီဒေသမှ ဝ အဖွဲ့က ချမှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာဖို့ဘဲ အရေးကြီးပါတယ်။ ယုံကြည်ကိုးကွယ်မှုနှင့်ပတ်သက်ပြီး ဘာမှ နှိပ်ကွပ်မှုမရှိပါဘူး။ ဘာသာရေး လွတ်လပ်ခွင့်အပြည့်ရှိပါတယ်။ ဒီဒေသမှာနေတဲ့လူတွေလဲ တကယ်ကို စိတ်ချမ်းသာပါတယ်" ဟု အခမ်းအနားကို တက်ရောက်လာတဲ့ ပန်ခမ်းမြို့ခံ အစ္စလာမ်ဘာသာဝင်တစ်ဦးက M-Media ကို ပြောပါတယ်။
" အင်တာနက်မှာ အစ္စလာမ်ဆန့်ကျင်ရေး ဝါဒဖြန့်နေသူတွေက ဝ ဒေသမှာ မွတ်စလင်တွေကို ဘယ်လိုနှိပ်ကွပ်ကြောင်း လုပ်ကြံ့ဝါဒဖြန့်နေတာတွေ ဖတ်ရတာ ကျွန်တော်တို့အတွက်တော့ ဟာသပါဘဲ။ မြန်မာပြည်မမှာ ဗလီတွေ မီးရှို့အကြမ်းဖက်ဖျက်ဆီးခံရပြီး ပြန်လည်ပြုပြင်ဖို့ မရတဲ့အချိန် ဝ ဒေသမှ အခု လို ခမ်းနားတဲ့ ဗလီကြိး ပြုပြင်ခွင့်ပေးပြီး ဝ အဖွဲ့က ကိုယ်တိုင် ဖွင့်ပွဲကို တက်ရောက်တယ်ဆိုတာ အစ္စလာမ်တွေကို နှိပ်ကွပ်တယ် ဟုတ်/မဟုတ် အကောင်းဆုံးသက်သေပါဘဲ " ဟု ၄င်းက ဆက်လက်ပြောပါတယ်။
ယခု ပန်ခမ်းမြို့မှ ပန်ခမ်းဗလီမှာ ၁၉၈၇ ခုနှစ်တွေ စတင်ဆောက်လုပ်ခွင့်ရရှိခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် တကြိမ်ပြုပြင်မွမ်းမံခဲ့ပြီး ယခု နှစ်ထပ် ဗလီအဖြစ်ပြုပြင်မွမ်းမံပြီး ၂၀၁၄ ခုနှစ် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ပန်ခမ်းမြို့တွင် ပန်းသေးဗလီ၊ အုန်းတောဗလီ် စုစုပေါင်း ဗလီ (၂)လုံးရှိပြီး အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၁၆၀ ခန့်ရှိကာ အစ္စလာမ်ဘာသာဝင် ၁၀၀၀ နီးပါးရှိကြောင်းသိရှိရပါတယ်။
ပန်ခမ်း(ခ)ပန်ဆန်းမြို့ဟာ ၀တပ်ဖွဲ့ ဟု ခေါ် သည့် ၀ ပြည် သွေး စည်း ညီညွတ်ရေး တပ်မတော် UWSA ၏ ဌာနချုပ် ရှိရာ မြို့တော်ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အစ္စလာမ်ကို မုန်းတီး ပါတဲ့ ဆိုတဲ့ အထဲမှာ ဥရောပ နဲ့ အမေရိက က အများဆုံးပါ။
ဒါပေမယ့် လက်ရှိမှာတော့ အဲဒီ အမုန်းဆုံးပါတဲ့ အစ္စလာမ်ကို စော်ကားခဲ့ တဲ့ 
မုန်းနေတဲ့ သူတွေက ဘဲ တဖြည်းဖြည်းလက်ခံကုန်ကြပါပြီ။
ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီးဖြစ်တဲ့ Liam Neeson ဟာ ကနေ့ မှာတော့ အစ္စလာမ်သာသနာကို
လက်ခံခဲ့ ပါပြီ။(Allah Hu Akbar)
ပြောရရင် သူလည်း အစ္စလာမ် မုန်းတီးတဲ့ သူတယောက်ပါ။
Taken ဇာတ်ကားဖြင့် အောင်မြင်ကျော်ကြားလူကြိုက်များခဲ့ ပြီး
Taken 2 ဇာတ်ကားမှာလည်း မွတ်စလင်မ် တွေကို
ဗီလိန် နေရာ သူ့ သမီးနဲ့ ဇနီးကို ပြန်ပေးဆွဲတဲ့  နေရာပါ
တွေ့ ခဲ့ ရပါတယ်။
အဆိုပါ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတော်တော်များများကိုလည်း
တူရကီနိုင်ငံမှာ ရိုက်ကူးခဲ့ ပါတယ်။
အဲဒီ Taken 2 ဇာတ်ကားဟာလည်း Box Office မှာ နံပါတ် ၁ နေရာမှာချိတ်ခဲ့ ပြီး
အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အမြတ်အစွန်းရခဲ့ ပါတယ်။
အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့  Liam Neesom ဟာအရင်က
ကက်သလစ်(ခရစ်ယာန်)ဘာသာဝင်တစ်ဦးဖြစ်ခဲ့ ပြီး
တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့ ကို ရုပ်ရှင်ဇာတ်ကားသစ်ရိုက်ကူးဖို့ 
သွားရောက်ရင်းနဲ့  အစ္စလာမ် ဘာသာကို ကူးပြောင်းခဲ့ တယ်လို့ 
ကမ္ဘာကျော် website တခုဖြစ်တဲ့  The Sun မှာဖော်ပြခဲ့ ပါတယ်။
မူရင်းလင့်ခ်ကတော့ ဒီမှာပါ။
http://www.thesun.co.uk/sol/homepage/news/4083596/Liam-Neeson-news-Liam-Neeson-is-thinking-about-becoming-a-Muslim.html
နောက်ထပ် နာမည်ကြီး Web တခုဖြစ်တဲ့ Daily Mail ကလည်း ဖော်ပြခဲ့ ပါတယ်။
http://www.dailymail.co.uk/tvshowbiz/article-2091786/Liam-Neeson-considers-converting-Islam-following-trip-Istanbul.html
ကဲ ကျနော်လည်း တတ်သလောက်မှတ်သလောက်ရှာဖွေ့ပြီး မူရင်းလင့်ခ်နဲ့ တကွ တင်ထားတာနော်။
လွတ်လွတ်လပ်လပ် Share နိုင်ပါကြောင်း။

တမန်တော်မြတ်သည် အမွန်မြတ်ဆုံးလူသားဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့် က တမန်တော်မွေးနေ့ပွဲ၌ ပြောကြား
Tag :
အစ္စလာမ်ရေးရာ
ရန်ကုန်၊ ဇန်နဝါရီ(၁၄(ရက်)၊ ၂၀၁၄။ သတင်း-ဇောင်းလေး
“ တမန်တော်မြတ်သည် အမွန်မြတ်ဆုံးလူသားဖြစ်ကြောင်း၊ တမန်တော်မြတ်ရဲ့ ဩဝါဒတော်များကို ကျိုးနွံ့နာခံရန် တမန်တော်ညွှန်ကြားပြသခြင်းဖြင့် ငြိမ်းချမ်းမှုကို ဖော်ဆောင်တဲ့ သာသနာလိ့လည်း မှတ်သားရပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် (ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သာသနာရေးဝန်ကြီးဌာန ) က တမန်တော်မြတ်မွေးနေ့ အထိမ်းအမှတ်ပြုလုပ်သည့်ပွဲတွင် အမှာစကား ပြောကြားခဲ့ပါတယ်။
၎င်းမိန့်ခွန်းအစသည်ပင် ကြွရောက်လာသောဧည့်သည့်များအား “ စလာမ်’’ ပေးပြီးနောက် အခုလို နေ့ထူးနေ့မြတ်ကြီးမှာ ကျွန်တော်အနေနဲ့ အစ္စလာမ်ဘာသာဝင်အပေါင်းတို့အပေါ် ကောင်းကျိုး မင်္ဂလာအဖြာဖြာနဲ့ ပြည်စုံကြပါစေလို့ ပြည်ထောင်စုဝန်ကြီးက ထပ်မံ မေတ္တာပို့အပ်ခဲ့ပါတယ်။
အဆိုပါပွဲကို ယနေ့မနက် (၈)နာရီခွဲအချိန်တွင် ကျူလီယာဂျာမေဗလီ ဂေါပကခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ၊ ဘာသာရေးဆရာတော်ကြီးများနှင့် ဧည့်သည်တော် အင်အား(၁၀၀၀)ခန့်တက်ရောက်ခဲ့ပါတယ်။
ဒီနေ့ဟာဆိုရင် အစ္စလာမ်ရဲ့ အလုပ်ဟာ မေတ္တတရားအရင်းခံတဲ့ အလုပ်ဖြစ်တယ်ဆိုတာဟာ မေတ္တာရှိရမယ်၊ မေတ္တာကို အရင်းခံရမယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့ရမှာမဟုတ်ပါဘူး ၊ ထာဝရသခင် အလ္လာဟ်အရှင်မြတ် နှင့် တမန်တော်မုဟမ္မဒ်တို့၏ အဆုံးအမမိန့်မှာချက်များကို လေ့လာရုံသာမက လိုက်နာကျင့်ကြံလျှက် နေ့စဉ် နေ့တိုင်း တမန်တော်မုဟမ္မဒ်၏ မွေးနေ့တော်ကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အစဉ်အဆက် အောင်မြင်နိုင်စွာ ဆောင်ရွက်နိုင်ကြပြီး လောကလူသားများ၏ အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြပါစေလို့ '’ဝန်ကြီး ဦးဆန်းဆင့်က က ဆုမွန်ကောင်းတောင်၍ စလာမ်ဆိုခဲ့ပါတယ်။
အထက်ပါပွဲကို တရားဒေသနာတော်များဟောကြား၍လည်းကောင်း၊ မြန်မာ၊ အူရဒူ၊ တမိလ် တေးကဗျာများနှင့် ကေယာမ်များရွတ်ဆိုခဲ့ပါတယ်၊ ပြီးနောက် တရာဒေသနာတော်များဟောကြားခဲ့ သည်ဆရာတော်ကြီးများကို လည်း မေတ္တလက်ဆောင်များပေးအပ်ခဲ့ပါတယ် ၊ ၎င်းပွဲကို အမျိုးသား၊ အမျီုးသမီးသီသန့်ခွဲ၍ မနက်ပိုင်းနှင့် နေ့လည်ဖြင့် နှစ်ကြိမ်ခွဲလုပ်ကြောင်း သိရပါတယ်။

ref :Myanmar Muslim Media
- အစ္စလာမ်ပြက္ခဒိန်၏ တတိယမြောက် ရဗီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် တမန်တော်မုဟမ္မဒ်သခင်၏ ဖွားမြင်ရာနေ့ အထိမ်းအမှတ် အဖြစ် တမန်တော်မြတ်၏ ဘ၀သရုပ်ဖော် ပြခန်းတစ်ခုကို ဒူဘိုင်းနိုင်ငံတွင် ဖွင့်လှစ်ပြသခဲ့သည်ဟု သိရသည်။
နိုင်ငံတကာကုရ်အာန်ကျမ်းတော်မြတ်ပြခန်း(DIHQA) အဆောက်အဦးတွင် ပြုလုပ်ထားသည့် ထိုပြခန်းအား “ကိုယ်တော်မြတ်အပေါ်သို့ ငြိမ်းချမ်း သာယာမှုအဖြာဖြာ ကျရောက်ပါစေ” (Alssalamu Alaika Ayyuha Annabi) ဟု အမည်ပေးထားပြီး လွန်ခဲ့သည့် နှစ်ပေါင် ၁၄၃၅ အရင်က မုဟမ္မဒ် သခင် မွေးဖွားစဉ်အချိန်က ရှိနေသည့် မက္ကာဟ်မြို့၏ ပုံစံငယ်အပါအ၀င်၊ မဒီနာမြို့ပုံစံငယ်နှင့် မုဟမ္မဒ်သခင်၏ ဘ၀ဖြတ်သန်းပုံ အဆင့်ဆင့်ကို အသေးစိတ် ပြသထားသည်။
“မုဟမ္မဒ်သခင်ရဲ့ဘ၀ တစ်ဆင့်ခြင်းကို ဒီမှာတွေ့နိုင်ပါပြီ။ အစ္စလာမ်သာသနာရဲ့ အကြောင်းအရာတွေကိုလည်း သင်ယူနိုင်ပါတယ်” ဟု DIHQA အဆောက်အဦးတွင် တာဝန်ထမ်းဆောင်နေသည့် ဆော်ဒီနိုင်ငံမှ ပညာရှင် ဒေါက်တာ အဟ်မဒ် အလ်-ဂမ်ဒီက ယမန်နေ့တွင် ပြောကြားခဲ့သည်။
ထိုပြခန်းအား ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင်ရှိသည့် တမန်တော်မြတ်ပြတိုက်၏ ပြတိုက်ခွဲအနေဖြင့် လာရောက်ပြသခြင်းဖြစ်သည်။ မက္ကာရှိ ထိုပြတိုက်အား ဆော်ဒီ အစ္စလာမ့်ပညာရှင်၊ စာရေးဆရာ၊ ကဗျာဆရာဖြစ်သူ ဒေါက်တာ နစီရ် အလ်-ဇဟ်ရာနီက တည်ထောင်ထားခြင်းဖြစ်ပြီး၊ ယခုပြခန်းမှာလည်း နစီရ်၏ စိတ်ကူးစိတ်သန်းများဖြစ်သည်။
မုဟမ္မဒ်သခင်၏ ဘ၀ဖော်ပြမှုအပြင် မုဟမ္မဒ်သခင် အသုံးပြုခဲ့သည့် ဘီး၊ အိုး၊ အ၀တ်အစား၊ အစားအသောက်၊ ဆေးဝါးစသဖြင့် အသေးစိတ် ရှင်းလင်း ပြသထားပြီး၊ မုဟမ္မဒ်သခင်နေထိုင်ခဲ့သည့် အိမ်အတွင်း အပြင်အဆင်အား 3D ရုပ်ရှင်ဖြင့် ကြည့်ရှုနိုင်ရန်လည်း စီစဉ်ထားသည်။ ထို့ပြင် မုဟမ္မဒ်သခင် ၀တ်ဆင်ခဲ့သည့် လက်စွပ်ပုံတူကိုလည်းပြသထားပြီး၊ မုဟမ္မဒ်သခင် လမ်ညွှန်းခဲ့သည့် ဆေးနည်းများကိုလည်း ပြသရန်စီစဉ်လျက်ရှိသည်။
ပြခန်းတစ်လျှောက် အစ္စလာမ်သာသနာတော်၏ အဆုံးအမများကိုလည်း ရေးသားဖော်ပြထားသည်။
“အမျိုးသမီးတွေ၊ ကလေးတွေ၊ မွတ်စလင်မဟုတ်သူတွေ၊ တိရိစ္ဆာန်တွေနဲ့ သစ်ပန်းမာလ်တွေအပေါ်မှာ ထားရှိရမယ့် အစ္စလာမ်က ပြောထားတဲ့ အခွင့် အရေးတွေကို နံရံတွေတစ်လျှောက် ရေးသားထားပြီး မွတ်စလင်တွေ၊ မွတ်စလင်မဟုတ်သူတွေပါ အစ္စလာမ်ကို ပိုမိုနားလည် သဘောပေါက်အောင် ရည်ရွယ်တာပါ” ဟု အလ်-ဂမ်ဒီက ထည့်သွင်းပြောကြားခဲ့သည်။
Ref : Onislam
ဟဲ့ကောင်မ အခုချက်ချင်းထ
ငါမပြောချင်လို့ ကြည့်နေတာ
ဘယ်အချိန်ရှိပြီလည်း
ကုလားသေကုလားမောအိပ်နေလိုက်တာ
စောစောစီးစီး ဈေးသွားပြီး
ဟင်းချက်စရာ ၀ယ်ခါနီး ဒေါသမဖြစ်ချင်ဘူး
နင်တိုက်မဲ့ သွားတိုက်တံမှာ သွားတိုက်ဆေး
ညှစ်ထည့်ထားပြီးသား ပြီးမှ မျက်နှာသစ်
မသာမ တခါတည်းမှာထားမယ်
ထမင်းကြော်ပြီးသား စားပွဲပေါ်မှာ
ပန်းကန်ထဲ ခပ်ထားပြီးသားယူစား
ပြီးမှ ဖျော်ထားပြီးသား ကော်ဖီသောက်
ပြန်လာလို့တခုမှ ပြီးမထားရင် ငါ့အဆိုးမဆိုနဲ့
ဈေးအပြန်
ဒီသေနာမ ငါရိုက်ရင် ပတ်ဝန်းကျင်က
ငါ့အပြစ်ပြောဦးမယ်
ငါသွေးပြီးသား သနပ်ခါး လိမ်းမထားဘူး
နင်တော့ ငါ့ လက်နဲ့ မိတော့မယ်
ဈေးပြန်လာ မောရတဲ့အထဲ
မီးဖိုချောင်ထဲ ငါ ထမင်းဟင်းချက်နေတာ
ဝင်ရှုပ်လို့ကတော့ အသေဘဲ
ကိုယ်ဟာကိုယ် ဧည့်ခန်းထဲ
ကိုရီးယား ဇာတ်လမ်းတွဲ အေးအေးကြည့်
ေးားက်ပြသနာ မရှာနဲ့
ခက်တာဘဲဗျာ ကျုပ်က မိန်းမကို
အဲဒီလို နိုင်တာကို လူတွေက
ဝိုင်းကဲ့ရဲ့ကြတယ် ကိုယ်ချစ်လို့
ယူထားတဲ့ မိန်းမ ဒီလိုမနိုင်စားသင့်ဘူးတဲ့
မခက်ဘူးလားဗျာ...

ခွေးတစ်ကောင်က လိုက်လာပြီး ကိုက်တော့မယ်ဆိုရင် လုံးဝမလုပ်သင့် တာက
ပြေးတာပဲ ဖြစ်ပါတယ်။ ပြေးရင်ပြေးရာလမ်းကြောင်းနောက်လိုက်ပြီး
မိအောင်လိုက်ကိုက် တတ်ပါတယ်။ ခွေးနဲ့ မျက်လုံးချင်းစုံအောင် မကြည့်ရပါဘူး။
မျက်လုံးချင်းစုံအောင် ကြည့်တာဟာ ခွေးတင်မကပဲ အခြားသော တိရစ္ဆာန်တွေမှာပါ
ရန်လိုတဲ့ အပြုအမူလို့ ယူဆကြပါတယ်။
ဒါကြေင့် မျက်လုံးချင်းစုံမိရင် ခွေးဟာ ပထမဆုံး အနေနဲ့ ဟောင်မှာ
ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တုန်လှုပ်ခြောက်ခြားနေတဲ့ အမူအရာ လုံးဝမပြရ
ပါဘူး။ လက်မှာ လွတ်ချလို့ရမယ့် ပစ္စည်း တစ်ခုခု ပါလာရင် ခွေးပြေး လာ နေတုန်း
လွတ်ချလိုက်ရပါမယ်။ ဒါဆိုရင် ခွေးရဲ့  အာရုံဟာ ယင်းပစ္စည်း ဆီကို
ရောက်သွားမှာ ဖြစ်ပါတယ်။
သို့တည်းမဟုတ် လက်မှာ ပါတဲ့ ပစ္စည်းအလေးတစ်ခုခုကို အဝေးတစ်နေရာ
ပစ်နိုင်ပါတယ်။ ခွေးကို မျက်လုံးချင်းစုံအောင်မကြည့်ဘူး။ သူဟောင်တာ ကိုလည်း
ဂရုမစိုက်ဘူးဆိုရင် ခွေးအနေနဲ့ ဟောင်ရတာ ပျင်းရိ သွားပြီး ရပ်သွားပါတယ်။
အချို့ ခွေးတွေက ကိုက်ဖို့အထိတောင် လုပ်ပါတယ်။ ပြန်ရန် မူ
တိုက်ခိုက်လိုက်ရင် သူတို့ အတူဆော့ကစားချင်တယ်လို့ မှတ်ယူပြီး
ဆက်တိုက်ခိုက်တတ်ပါတယ်။
ဒါကြောင့် အရှောင်နိုင်ဆုံး ရှောင်တိမ်း ပြီး အမူအရာ မပျက်နေရင် ခွေးကိုက်လည်းမကိုက်၊ ဟောင်လည်း မဟောင် တော့ပါဘူး။
-နှစ်သက်ရာ နည်းစနစ်ဖြင့် ဖေ့ဘုတ်အကောင့်န်သစ်တစ်ခုကိုစလုပ်ပါ-
-နာမည်ကို
eng: အမည်နဲ့စလုပ်ပါ။ သူဖြည့်ခိုင်းတဲ့ city တို့၊country တို့၊ school
တို့၊ bunish တို့ကို eng: လိပ်စာနာမည်ပဲဖြည့်ထားပေးလိုက်ပါ။
(လောလောဆယ်ပေါ့၊နောက်မှပြန်ပြောင်းယူလို့ရပါတယ်)-
-step by step တွေပြီးရင် profile နှစ်သက်ရာတင်ပါ-
-friend request 10 ယောက်တိတိကို အခြားပြည်ပနိုင်ငံမှအမည်များကိုရှာ add လိုက်ပါ-
-ပြီးရင်
post သုံးခုတင်ရပါမယ်။အဲ့ဒိတင်မယ့် ပို့စ်သုံးခုစလုံးဟာ၊ပုံတွေကို
အခြားပြည်ပနိုင်ငံများမှ ပုံတွေ ပဲဖြစ် ရ မှာပါ။ ရှုခငိးပုံတို့၊တခြား
community ပုံတွေလည်းရပါတယ်။ညစ်ညမ်းပုံများမရပါ။ ပုံနဲ့တကွ စာ
နှစ်ကြောင်းလောက်ကို (ဘာအဓိပ္ပါယ်ပဲဖြစ်ဖြစ်ပါ့)
အင်္ဂလိပ်လိုနည်းနည်းပါးပါးရေးလိုက်ပြီး၊ ပုံနဲ့တွဲတင်ပါ။ posts 3
ခုလောက်ပေါ့-
-ပြီးရင်ဘာမှဆက်မလုပ်နဲ့တော့။ ပြန်ထွက် လိုက်ပါ (သို့) logout လုပ်ထားပါ-
-တစ်ပတ်(၇ ရက်တိတိအထိ၊အဲ့ဒိအကောင့်န် အသစ်ကို လုံးဝမသုံးပါနဲ့/ မဖွင့်ပါနဲ့-
-တစ်ပတ်(၇
ရက်ပြည့်တဲ့)နေ့မှာ login ပြန်ဝင်ပြီး၊အကောင့်န်သစ်ကို စတင်ပြီးအသုံး
ပြုနိုင်ပါပြီ။ friend request တောင်းထားတာ တွေလက်ခံပေးလို့ရပြီ။ friend
request တွေ add လို့ရပါပြီ။ add လုပ်ရာတွင် တစ်နေ့ ၁၀ ယောက်ခန့်သာ add ပါ။
profile name ကိုလည်း နှစ်သက်ရာနာမည် (မြန်မာလိုအပါအဝင်)
ကြိုက်ရာပြန်ပြောင်းနိုင်ပါသည်။ အခြား ဖြည့်ခဲ့တဲ့
မြို့တို့၊နေရာတို့၊ကျောင်းတို့်၊work တို့ကိုလည်း မိမိနှစ် သက်
ရာပြန်ပြင်နိုင်ပါပြီ-
-အကောင့်န်သစ်
စလုပ်ချိန်သည် လိုင်းကောင်းနေချိန်ဖြစ် ဖို့လိုပါသည်။ မနက် ငါးနာရီ
နဲ့ခြောက် နာရီကြား သည် လိုင်းအကောင်းဆုံးဖြစ်သည်။ ကျန်တဲ့အချိန်
တွေကတော့သိတဲ့အတိုင်းပေါ့ တပိန်ပိန် တလိမ်လိမ်ပေါ်ပျောက်ပြုတ်ထွက်
လိုင်းပေါ့လေ။ အဲ့ဒိတော့ မနက်စောစော ၅/၆ နာရီလောက်မှာ စလုပ်စေ ချင်ပါတယ်-
-ကျနော်အပေါ်ကပြောထားတဲ့နည်းအတိုင်း
တိတိကျကျလုပ်ဆောင်မယ်ဆိုရင်၊ အဲ့ဒိအကောင့်န်သစ်ဟာ ကြာရှည်စွာအသုံးပြု
လို့ရလာပါလိမ့်မယ်ဗျာ- အဆင်ပြေ ပါစေ။
ဘာသာပြောင်းပြီး မမှန်သတင်းပေးခဲ့သူ ဦးလှမြင့် အစ္စလာမ့်အခြေခံတရားပင် မသိသူပာု အစ္စလာမ့်ဓမ္မသတ်မှုးများသုံးသပ်
Tag :
သတင်များ
အစ္စလာမ်တွင် ၅ ပါးသီလထက်ပိုများသည့် ဘ၀လမ်းညွန်ချက်များရှိကြောင်း ဒေါက်တာမြင့်သိန်းပြောကြား
မိုးပြာ
ဇန်န၀ါရီ ၃ ၊၂၀၁၄
အစ္စလာမ်ဘာသာဝင်စစ်စစ်မှတဆင့် ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့သူလို့ ဆိုတဲ့
ဦးလှမြင့်က "ဗုဒ္ဓဘာသာဆိုလို့ရှိရင် ငါးပါးသီလမှာ သူတစ်ပါးအသက်ကို မသတ်ရဘူး
။သူတစ်ပါးဥစ္စာကို မခိုးရဘူး။သူတစ်ပါးသားမယားကို မကျူးလွန်ရဘူး။မုသာဝါဒ
မပြောရဘူး။သေရည်သေရက် မသောက်ရဘူးလို့ အချက် ငါးချက်ပါရှိတယ်။အဲတော့
သူတို့ဘာသာမှာတော့သေရည်သေရက် မသောက်ရတာပဲပါရှိ တဲ့အတွက်ကြောင့်
သူကိုယ်တိုင်ပြောတဲ့ စကားတစ်ခွန်းက ကိုယ်ချင်းစာစိတ်မရှိဘူးလို့
ဦးဇင်းကိုလျှောက်ခဲ့ပါတယ်"လို့
မကွေးဆရာတော် ဦးပါမောက္ခကို ပြောကြားခဲ့ကြောင်း ဦးပါမောက္ခရဲ့
ပြောကြားချက်ကိုကိုးကားပြီး မြန်မာပို့စ် ဂျာနယ် အတွဲ ၆ အမှတ် ၁
ဗုဒ္ဓအဆုံးအမအောက်သို့ ၀င်ရောက်လာသူများ ဆိုတဲ့သတင်းဆောင်းပါးမှာ
ဖေါ်ပြထားပါတယ်။
"ဒီအကြောင်းတွေကိုပြောနေတဲ့ပုဂ္ဂိုလ်က ဘယ်သူမှန်းတော့ ကျွန်တော်မသိဘူး။ကျွန်တော် သေသေချာချာပြောနိင်တာကတော့ ဒီပုဂ္ဂိုလ်သည် အစ္စလာမ်တရားတော်နဲ့ပတ်သက်ပြီးတော့ တလုံးတစ်ပါဒမှ နားမလည်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ တော့ အင်မတန်ထင်ရှားပါတယ်"လို့လည်း ဆရာဦးအေးလွင်က မြန်မာမွတ်စလင်မ်မီဒီယာရဲ့ ဆက်သွယ်မေးမြန်းချက်တစ်ရပ်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
"တကယ်တမ်းကြတော့ ငါးပါးသီလတင်မကဘူး၊ ဟောကြားချက်၊ ရှောင်ရှားရမယ့်ကိစ္စတွေ၊
ဆောင်ရွက်ရမယ့်ကိစ္စတွေ၊ မပြုမနေရဆိုတာတောင်ရှိတယ်၊
ပြုကိုပြုရမယ်ဆိုတာရှိတယ်၊ မပြုမနေရဆိုတဲ့ ကိစ္စ ကို မပြုလုပ်ရင်ပစ်ဒဏ်ခတ်၊
ရှောင်ရမယ် လုံးဝရှောင်ရမယ်ဆိုတဲ့ ကိစ္စကို မရှောင်ရင်လည်း ပစ်ဒဏ်ပဲ၊
နောက်တစ်မျိုးက ပြုရင်ကောင်းတယ်ပြုသင့်တဲ့ကိစ္စမျိုး၊
နောက်တစ်မျိုးက သာမာန်အားဖြင့် မိမိရဲ့ ကြည်ညိုမှုရဲ့ ဆောင်ရွက်တာမျိုး
ဒါအစ္စလာမ်ရဲ့ တရားတော်မှာ ရှိပြီးသားပါ၊ တစ်ကယ်တမ်းကြတော့ ငါးပါးသီလထက်
အမြောက်အမြားရှိနေပြီးသားပါ"လို့ လည်း အလ်ပာာ့ဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်းက ပြောပါတယ်။
အစ္စလာမ်ဘာသာဝင် စစ်စစ်အဖြစ်မှ တဆင့် ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းသူလို့
မြန်မာပို့စ် ဂျာနယ်မှာဖေါ်ပြထားတဲ့ ဦးလှမြင့်ရဲ့
ပြောကြားချက်တွေနဲ့ပတ်သက်လို့လည်း ဒေါက်တာမြင့်သိန်းက အောက်ပါအတိုင်းမှတ်ချက်ပြုထားပါ တယ်။
"အဲ့ဒီပုဂ္ဂိုလ်အနေနဲ့ အစ္စလာမ်ဘာသာဝင်ဖြစ်ခဲ့တုန်းက အစ္စလာမ်တရားများကို အခြေခံသဘောလောက်တောင် မလေ့လာဘူးလို့ပဲ ဖြစ်ပါလိမ့်မယ်"
ဗုဒ္ဓဘာသာအမျိုးသမီးနဲ့ အိမ်ထောင်ပြုခဲ့ပြီး ယခုအခါမှာတော့ သားသမီး ၃
ဦးအပါအ၀င် မိသားစုလိုက် ဗုဒ္ဓဘာသာအဖြစ်ခံယူပွဲကို ကျင်းပခဲ့တဲ့
ဦးလှမြင့်တို့မိသားစုအကြောင်းကို ဖဘစာမျက်နှာတွေအပြင် ဗုဒ္ဓဘာသာဦးစားပေး ပြည်တွင်းဂျာနယ်အချို့မှာလည်း ဖေါ်ပြထားပါတယ်။
မြန်မာမွတ်စလင်မ်မီဒီယာက အထက်ပါကိစ္စရပ်နဲ့ပတ်သက်လို့ မြန်မာမွတ်စလင်မ်
အစ္စလာမ့် ဓမ္မသတ်မှုးတွေဖြစ်တဲ့ ဆရာဦးအေးလွင်နဲ့ ဒေါက်တာမြင့်သိန်းတို့ကို
ဆက်သွယ်မေးမြန်းထားချက်အပြည့်အစုံကိုလည်း ထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။
ဒီတွေ့ဆုံမေးမြန်းချက်တွေကိုတော့  မြန်မာမွတ်စလင်မ်မီဒီယာရဲ့ CJ တစ်ဦးဖြစ်တဲ့ ကိုပေါက်က တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
မိသားစုလိုက် ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲခံယူခဲ့ သည့် ဦးလှမြင့် မိသားစုပုံကို မြန်မာပို့စ် ဂျာနယ်တွင်ဖေါ်ပြထားပုံ။ဓာတ်ပုံ- ကိုပေါက်
ref :Myanmar Muslim Media
- ဆီးရီးယားရှိ ဟက်ကာအဖွဲ့ တစ်ခုဖြစ်သည့် SEA က မိုက်ခရိုဆော့ဖ်မှ
ပိုင်ဆိုင်ထားသည့် Skype ၏ ဘလောဂ့်နှင့် ဆိုရှယ် မီဒီယာရှိ အကောင့်များအား
ယမန်နေ့က တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ၊ ပြည်သူများအား စောင့်ကြည့်ထောက်လှမ်းခြင်းများ ကို မပြုလုပ်ရန် သတိပေးပြောကြားခဲ့သည်။
Skype ၏ Twitter အကောင့်နှင့် Facebook အကောင့်များအား SEA မှတိုက်ခိုက်အပိုင်စီးခဲ့ပြီးနောက်
Facebook စာမျက်နှာတွင် "မိုက်ခရိုဆော့ဖ်ရဲ့ အီးမေးများ (Hotmail,
outlook) များကို မသုံးပါနှင့်။ သူတို့တွေဟာ ခင်ဗျားတို့ရဲ့
အကောင့်တွေကိုစောင့်ကြည့်ပြီး အမေရိကန် အစိုးရဆီကို ရောင်းချနေတယ်။
အသေးစိတ် အချက်အလက်များ မကြာမီလာမည် #SEA" ဟု ရေးသားခဲ့သည်။
သို့သော်လည်း တိုက်ခိုက်ပြီး ၂ နာရီခန့်အကြာတွင် တာဝန်ရှိသူများက
ထိုမက်ဆေ့ခ်ျများအား ဖျက်ပစ်ခဲ့ပြီး ပုံမှန် အတိုင်း
ပြန်လည်ကြည့်ရှုနိုင်ခဲ့သည်။ အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ NSA ၏
လျှို့ထောက်လှမ်းမှုများကို ဖွင့်ချခဲ့သည့် အက်ဒ၀ပ်စနိုးဒင်က Skype
အသုံးပြုသူများ၏ ဗီဒီယိုခေါ်ဆိုမှုများနှင့် ဖုန်းခေါ်ဆိုမှုများအား
အမေရိကန်အစိုးရမှ စောင့်ကြည့်နိုင်ရန် Skype ကုမ္ပဏီက အခွင့်ပေးထားသည်ဟု
ပြောကြားထားမှုများ ရှိသောကြောင့် SEA က ယခုကဲ့သို့
တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကျွန်တော်တို့ အတတ်နှိင်ဆုံး အလျှင်သင့်သလို မြန်မာမွတ်စလင် facebook
user တွေရဲ့ လုံခြုံရေး အတွက်လိုအပ်တာတွေ သတိပေးခဲ့ပါတယ်။အရင်ကလို
အလွန်အကျွန် ဟက်ခံ မထိကြတော့ပေမယ့် အနည်းငယ်
ရှိနေသေးတာတွေ့ရပါတယ်။အဲ့ဒါကြောင့် ကျွန်တော် တို့ ဒီ note ကို
ထပ်ရေးလိုက်ခြင်းဖြစ်ပါတယ်...အောက်က အချက်တွေကို တကယ်လိုက်နာရင်
ဟက်ခံနှိင်စရာ အကြာင်း မ၇ှိတော့ပါ။အထူးသဖြင့် ဟက်ခံထိတဲ့ သူတွေကို လေ့လာတဲ့
အခါ phishing လို့ ခေါ်တဲ့ facebook စာမျက်နှာ အတု လုပ်ဟက်ခြင်း နဲ့ social
engineer လို့ခေါ်တဲ့ သုံးကောင့်
ထိုးဟက်သွားတာခံကြရတာပါ။ကျန်တဲ့တခြားနည်းလမ်းက ဗမာဟက်ကာတွေရဲ့ keylogger ,
Rat , Botnet စသဖြင့် fud မဖြစ် anti-virus လွတ်အောင် မလုပ်နှိင်ကြတဲ့
အတွက် ဟက်ခံရတာမ၇ှိသလောက်ပါ။ အောက်က အချက်လေးတွေ လိုက်နာလိုက်ပါ..အီ၇ှလ္လာ
အားလုံး အဆင်ပြေ လုံခြုံပြီးတော့ ဟက်ခံရနှိင်စရာ မ၇ှိတော့ပါ။ facebook
account အတွက်သာ မဟုတ်ပဲနဲ့ တခြား bank account , paypal , credit card
စသဖြင့် အားလုံးအတွက်လည်းအကြုံဝင် သဘေားတရားတူပါတယ်။
(၁) account setting ကိုသွားလိုက်ပါ

(၂) Security ကို နှိပ်ပါ .

(၃)ညာဖက်က Secure browsing ကို enable ပေးပါ
login notifucations ကို enable ပေးပါ
Login Approvals ကို ဖြစ်နှိင်ရင် enable ပေးပါ
Trusted Contacts မှာ ယုံကြည်ရတဲ့ သူငယ်ချင်းအကောင့် ၄ ခု add
ပေးထားလိုက်ပါ ၊ အရေးကြီးပါတယ်။အဲ့လိုအက်ထားရင် social engineer
နည်းနဲ့ ဟက်မရတော့ပါ။

(၄) Timeline and Tagging ကို အောက်ကပြထားတဲ့ ပုံအတိုင်း လိုက်ချိန်းလိုက်ပါ

(၅)
Mobile ကိုနှိပ် ကိုယ့် ဟန်းဖုန်နံပတ် ထည့်ပေးပါ။ ဖုန်းထည့်တယ်ဆို
facebook က ဖုန်းဆီကို ပို့လာတဲ့ ကုတ်ကို ထည့် activate ဖြစ်တဲ့ အနေအထားထိ
ဆိုလိုတာပါ။မြန်မာပြည်မှာတော့ facebook က ပို့လာမဲ့ ကုတ်စောင့်ရတာ
ကြာတတ်ပါတယ်.စိတ်ရှည်ရှည်ထားစောင့်ပါ..ပြသနာမရှိပါ ၀င်လာတဲ့ အချိန်မှာ
ဘယ်ဘက်ဘေးက Already received a confirmation code? ရဲ့အောက်က
ဘောက်လေးထည်းမှာ ထည့်ပြီး activate လုပ်ထားပါ..

(၆)Apps တွေကို အရေတကြီးသုံးစရာ မရှိရင် remove လုပ်ပစ်ပါ.အောက်ကပုံလေးအတိုင်းပါ။ ဖြစ်နှိင်ရင် turn off platform လုပ်ထားလိုက်ပါ

(ရ) edit profile ကိုသွားပြီးတော့ email address နဲ့ လိပ်စာတွေကို only me ချိန်းထားပေးပါ..အောက်က ပုံအတိုင်းပါ..

(၈) အရေးတကြီးမလိုအပ်ရင် software တွေ မဒေါင်းပါနဲ့၊ ဆော့ဝဲလ် တွေ ကိုတကယ်လိုအပ်လို့ သုံးရတော့မယ်ဆိုရင် Virus Total (https://www.virustotal.com/en/)
ကနေ မစစ်ပဲနဲ့ မ run မိပါစေနဲ့ ..နာမည်ကြီးသတင်းဆိုက် blogspot နဲ့
wordpress ကလွဲးလို့ ထူးထူးဆန်းlink တွေ လျောက်မနိပ်မိပါစေနဲ့..link တွေ
နှိပ်ဖွင့်တဲ့အခါ address url ကို သေသေချာချာ ကြည့်တတ်တဲ့ အကျင့်
မွေးမြူထားကြပါ။တခြား လင့်တွေ နှိပ်မိလို့ facebook page ပေါ်လာတာမျိုး
စသဖြင့် phishing attack တွေကို သတိထားကြဖို့ပါ
အပေါ်က ပြထားတဲ့ အချက်တွေ တကယ် ပြည့်စုံအောင်လုပ်ထားရင် သတိထား တယ်ဆိုရင် ဘယ်သူမှ ဟက်မရတော့ပါဘူး