ကျုပ်ဆိုတဲ့ကောင်ကလဲ
အိုဘားမား အကြံပေး အဆင့်ထိ
မှန်းထားတဲ့ကောင်ဆိုတော့ . .
နေရာတကာ အကြံပေးတတ်တယ်
ဝါသနာအရ ပိုက်ဆံတစ်ပြားမှ မယူဘူး ။
ဘုန်းဘုန်းတို့က
အူရီဒူး အဝင်call ထိ မကိုင်ဖို့
စည်းရုံးမယ် ဆိုတာလောက်နဲ့တော့
လုပ်မနေပါနဲ့ဗျာ . . . . . .
လုပ်ရင် အပြတ်သာလုပ်ရတယ်
မစို့မပို့ နဲ့ ဘာလုပ်မှာတုန်း . . .
အူရီဒူး ကင်းမဲ့ဇုန်တွေ . . .သတ်မှတ်
အူရီဒူး ရှိတဲ့အိမ် ဆွမ်းခံမကြွဘူး . . သတ်မှတ်
အူရီဒူး ကိုင်ထားတဲ့ လိုင်းကားပေါ် ဒို့မလိုက်ဘူး
ကြွေးကြော် . . .
အူရီဒူး တာဝါတိုင် ရှိတဲ့ဒေသ ဒို့ မကြွဘူး
အူရီဒူး ရှိတဲ့ဒေသ . . ဒို့ မနေဘူး
အူရီဒူးချပေးတဲ့တိုင်းပြည် . . ဒို့မနေဘူး
ချသာချစမ်းပါ . . .အားပေးတယ်
ဇာတိသွေး ဇာတိမာန် ဆိုတာ ဒီအချိန်မှ မပြရင် ဘယ်အချိန်ပြမလဲ...

Brazil 2014: ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် တောက်ပလာမည့် အာဖရိကနွယ်ဖွား မွတ်စလင် ကစားသမားများ
Tag :
အထွေထွေ
- ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့်အချိန် နီးကပ်လာတာနဲ့အမျှ ဒီပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရမယ့် နိုင်ငံ လက်ရွေးစင်အသင်းတွေဟာ သူတို့ရဲ့ နောက်ဆုံး လူစာရင်းကို ထုတ်ပြန်ခဲ့ကြပြီး ကမ္ဘာ့နိုင်ငံတိုင်းက အတပ်မက်ဆုံးဖြစ်တဲ့ ဆုဖလားကြီးကို ရယူဖို့အတွက် စိုင်းပြင်နေကြပါပြီ။
ဒီပြိုင်ပွဲမှာ ပါဝင်မယ့်အသင်းတွေနဲ့ အတူ တောက်ပလာမယ့် မွတ်စလင်
ကစားသမားတွေလည်း ရှိနေပြီး အဲဒီအထဲက အာဖရိကနွယ်ဖွား ကစားသမား အချို့ကို
ဖော်ပြလိုက်ရပါတယ်။
ယာယာတိုးယေး
——————–
——————–
အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ တိုးယေးဟာ မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက အလယ်တန်းလူ ဖြစ်ပါတယ်။ အိုက်ဗရီကို့စ် အသင်းနဲ့အတူ ကမ္ဘာ့ဖလာပြိုင်ပွဲမှာ ပါဝင်လာမှာဖြစ်ပြီး ကစားသမားဘ၀တစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်မြောက် ယှဉ်ပြိုင် ကစားခွင့်ရတာပါ။
ပထမဆုံးနိုင်ငံတကာပွဲကို ၂၀၀၄ ခုနှစ်မှာ စတင်ကစားခဲ့တဲ့ တိုးယေးဟာ
ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ စပိန်လာလီဂါ ၂ ကြိမ်၊ ပရီးမီးယားလိဂ် ၂
ကြိမ်၊ ဂရိစူပါဖလား ၁ ကြိမ်၊ ဥရောပချန်ပီယံလိဂ် ၁ ကြိမ်နဲ့
ပြည်တွင်းဖလားတွေအပါအ၀င် ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူး ရရှိခဲ့ပါတယ်။
ပွဲစဉ်တစ်ခုမှာ အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံရတဲ့ တိုးယေးကို
ရှမ်ပိန်တစ်ပုလင်း ဆုချခဲ့ပေမယ့် မိမိဟာ အစ္စလာမ်ဘာသာဝင်ဖြစ်တာမို့
ဒီဆုကိုလက်မခံဘူးလို့ တိုးယေးက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ဖူးပါတယ်။
သူရဲ့တည်ငြိမ်လှတဲ့ကစားဟန်၊ ဦးဆောင်နိုင်စွမ်းနဲ့အတူ
အိုက်ဗရီကို့စ်အသင်းကို ဘယ်အဆင့်အထိ ခေါ်ဆောင်သွားနိုင်မလဲဆိုတာကိုတော့
ကမ္ဘာ့ဘောလုံးပရိတ်သတ်တွေ စောင့်ကြည့်ရပါတော့မယ်….
ကိုလိုတိုးယေး
—————
—————
ယာယာတိုးရေးရဲ့ အကိုဖြစ်ပြီး အာဖရိကရဲ့ အတွေ့အကြုံအရင့်ဆုံး နောက်ခံလူတစ်ဦးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းမှာကစားတဲ့ ကိုလိုတိုးယေးဟာ အိုက်ဗရီကို့စ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မှာဖြစ်ပြီး ညီဖြစ်သူလိုပဲ ကမ္ဘာ့ဖလားကို တတိယအကြိမ်မြောက် ယှဉ်ပြိုင်ကစားရတာပါ။
၁၉၈၁ ခုနှစ်မှာမွေးတဲ့ ကိုလိုတိုးယေးဟာ ၂၀၀၀ ခုနှစ် ဇူလိုင်လမှာ
နိုင်ငံအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး အခုအချိန်မှာတော့
အိုက်ဗရီကို့စ်အသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားပြီးပါပြီ။
နောက်ခံလူတစ်ဦးဖြစ်ပေမယ့် နိုင်ငံအတွက် သွင်းပေးထားတဲ့
ဂိုးအရေအတွက်ကတော့ ၆ ဂိုးဖြစ်ပြီး အခုပြိုင်ပွဲမှာလည်း ကိုလိုတိုးယေးဟာ
ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကို ကြံ့ကြံ့ခံကာ အိုက်ဗရီကို့စ်ပြည်သူတွေအတွက်
ဂိုးတွေသွင်းယူပေးနိုင်မလားဆိုတာကိုတော့ မကြာမီကျင်းပမယ့်
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တွေ့မြင်ရမှာပါ……
ဆူလေး မွန်တာရီ
———————-
———————-
ဂါနာလက်ရွေးစင် ကစားသမားဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်က မွေးဖွားခဲ့တဲ့ မွန်တာရီဟာ အီတလီကလပ် စီးရီးအေသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားတစ်ဦးပါ။
နိုင်ငံအတွက် ၈၁ ပွဲကစားပေးထားပြီး ၂၁ ဂိုးသွင်းယူပေးထားနိုင်တဲ့အထိ
ခြေစွမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။ မွန်တာရီဟာ အင်္ဂလန်ကလပ်
ပို့စ်မောက်အသင်းနဲ့အတူ FA ဖလားကိုလည်း ဆွတ်ခူးရရှိခဲ့ဖူးပါတယ်။ ၂၀၀၆ နဲ့
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂါနာအသင်းနဲ့ ပါဝင်ခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလား
ချက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ မွန်တာရီဟာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် နောက်ဆုံးအဆင့်မှာ ဂါနာရဲ့
ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ အိမ်ဖြည့်အသင်းသာဖြစ်ခဲ့တဲ့ ဂါနာဟာ
ပြီးခဲ့တဲ့ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့
အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ကွာတာဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီနှစ်မှာလည်း ဂါနာအသင်းဟာ ဘယ်အဆင့်ထိ တက်လှမ်းနိုင်မလဲ။ မွန်တာရီဟာလည်း
အသင်းအတွက် ဂိုးတွေ ဘယ်လောက်သွင်းနိုင်မလဲ။ ကမ္ဘာ့ဖလားပရိတ်သတ်တွေ
ရင်ခုန်ရပါဦးမယ်……
အဟ်မဒ် မူဆာ
—————
—————
၁၉၉၂ ခုနှစ်မှာ မွေးတဲ့ နိုက်ဂျီးရီးယားလူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ တိုက်စစ်မှူးဖြစ်ပြီးနိုက်ဂျီးရီးယား လက်ရွေးစင်အသင်းအတွက် အဓိက ကစားသမားအဖြစ် ရွေးချယ်ခံထားရသူပါ။
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘ၀ကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပေမယ့် မူဆာရဲ့
အံ့အားသင့်စရာ ခြေစွမ်းကြောင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလမှာ
နိုက်ဂျီးရီးယားအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။
လက်ရှိမှာတော့ ရုရှားကလပ် စီအက်စ်ကေအေမော်စကိုအသင်းမှာ ကစားနေပြီး
ဘရာဇီးလ်မှာ နိုင်ငံအသင်းနဲ့အတူ ဘယ်လောက်အထိ
တောက်ပလာနိုင်မလဲဆိုတာကိုတော့…………..
Ref: OnIslam
ဇွန်လ ၁၁ ရက်၊ ၂၀၁၄
M-Media

- နိုင်ငံအတွင်းရှိ ပြည်သူများအကြား အတူယှဉ်တွဲနေထိုင်ရေးနှင့် သဟဇာတဖြစ်ရေးကို ရည်ရွယ်သည့် အစ္စလာမ် သာသနာနှင့် ပတ်သက်သော ပြပွဲတစ်ခုကို ဂျပန်နိုင်ငံ ကျိုတိုမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

“အိုမန်မှ အစ္စလာမ့်သတင်းစကား” ခေါင်းစဉ်ဖြင့် ဒိုရှိရှာ တက္ကသိုလ်တွင်
ပြုလုပ်ခဲ့သည့် အဆိုပါပြပွဲကို အိုမန်ဒါန၀တ္ထိကနှင့် သာသနာရေးဝန်ကြီးဌာနက
စီစဉ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပြပွဲမျိုးကို ကမ္ဘာ့တစ်ဝှမ်းတွင်
ပြုလုပ်ဆောင်ရွက်နေခြင်းဖြစ်သည်။
“ကျွန်တော်လုပ်နိုင်တဲ့ အကောင်းဆုံး အရာကတော့ ငြိမ်းချမ်းရေး
သတင်းစကားနဲ့ ဆုမွန်ကောင်းကို လူသားထု တစ်ရပ်လုံးကြားမှာ
ပြန့်ပွားစေဖို့ပါ” ဟု အဆိုပါ ၀န်ကြီးဌာနရုံးမှ အကြံပေး ဒေါက်တာ မိုဟာမက်
ဘင် စအီဒ် အလ် မာမာရီက ပြောကြားခဲ့သည်။
ထိုပြပွဲတွင် အိုမန်ဆူလ်တန်များ၏ ဘ၀ဇာတ်ကြောင်း အသေးစိတ်
အချက်အလက်များနှင့် အတူယှဉ်တွဲနေထိုင်မှု သဘောတရားများကို
မြှင့်တင်ပေးရာတွင် ထားရှိသည့်တန်ဖိုးများင့် ကျင့်ဝတ်များကို
ပန်းချီကားများဖြင့် သရုပ်ဖော်ပြသထားပြီး၊ အစ္စလာမ် သာသနာ၏
သင်ကြားချက်များကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။
ထိုကဲ့သို့ ပြသမှုအား ဂျပန်နိုင်ငံကလည်း ကြိုဆိုခဲ့ကြသည်။
“အကြောင်းအရာအသစ်တွေကို သင်ယူဖို့ ဂျပန်ပြည်သူတွေဟာ အဆင်သင့်ရှိပါတယ်။
ပြီးတော့ အစ္စလာမ်နဲ့ပတ်သက်ပြီး သင်ယူဖို့အတွက်လည်း ဂျပန်တွေက
စိတ်ဝင်စားကြပါတယ်။ ဒီပြပွဲဟာ ဂျပန်ပြည်သူတွေအတွက် အစ္စလာမ်ရဲ့
အခြေခံသဘောတရားတွေကို သင်ယူနိုင်တဲ့ အခွင့်အလမ်းကို ဖန်တီးပေးပါတယ်။
ခန္တီတရားနဲ့ ပတ်သက်တဲ့ သတင်းစကားတွေကို ဖြန့်ဝေရာမှာ အိုမန်ပြည်သူတွေရဲ့
ကောင်းမွန်တဲ့ ကူညီမှုပါပဲ” ဟု ဘာသာယူဝါများ လေ့လာမှုစင်တာမှ ဒါရိုက်တာ
ကာတာရှီရို ကိုဟာရက အဆိုပါ ပြပွဲ၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ုထို့ပြင် ဒိုရှိရှာ တက္ကသိုလ်မှ အတွေးအခေါ်ဆိုင်ရာ ပါမောက္ခ ဂျူနီယာ ရှီနိုဟီကလည်း
“ဒီပြပွဲကို ဒိုရှီရှာ တက္ကသိုလ်မှာလုပ်ဖို့ ရွေးချယ်ခဲ့တဲ့ ဒေါက်တာ
အလ်မာမာရီ ဦးဆောင်တဲ့ အိုမန်ကိုယ်စားလှယ်အဖွဲ့ကို ကျွန်တော်တို့
ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် အစ္စလာမ့်သာသနာနဲ့ အိုမန်နိုင်ငံ
အကြောင်းတွေကို ဂျပန်လူမျိုးတွေ နားလည်နိုင်တဲ့ ဒီလိုပြပွဲမျိုးဟာ သိပ်ကို
အရေးပါပါတယ်” ဟု ပြောကြားခဲ့သည်။
အိုမန်နိုင်ငံမှာ တမန်တော်မုဟမ္မဒ်သခင်(ဆွ) သက်တော်ထင်ရှားရှိစဉ်ကတည်းက
အစ္စလာမ်သာသနာကို လက်ခံလာခဲ့ခြင်းဖြစ်ပြီး မုဟမ္မဒ်သခင်ထံသို့
ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ကာ အစ္စလာသာသနာနှင့်ပတ်သက်သည့် လေ့လာမှုများကို
အာတက်သရော ဆောင်ရွက်ခဲ့ကြသည်။
အစ္စလာမ် သာသနာမှာ ဂျပန်နိုင်ငံသို့ ၁၉၂၀ ပြည့်နှစ်များကတည်းက
ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်များတွင်တိုးပွားလာခဲ့ကာ
ယခုအချိတွင် ဂျပန်နိုင်ငံတွင် အစ္စလာမ်သာသနာဝင် ဦးရေမှာ
ခန့်မှန်းခြေအားဖြင့် တစ်သိန်းနှစ်သောင်းခန့်ရှိသည်။
Ref: OnIslam & Newspapers
မနက်စောစော အိပ်ယာထတတ်သူတွေဟာ ကျန်းမာရေးအရရော၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ နဲ့ လုပ်ငန်းခွင်ထဲက ယုံကြည်မှု ရှိမှုအရာတွေမှာ အိပ်ယာထနောက်ကျသူတွေထက် ပိုတဲ့ ကောင်းကျိုးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့
၁။ မနက်စောစော ထတတ်တဲ့သူတွေဟာ ကိုယ်လက်လေ့ကျင့်ခန်း နဲ့ လူမှုရေးပိုင်းဆိုင်ရာ ပါဝင်လှုပ်ရှားမှုတွေ ပိုမိုတတ်ပြီး အိပ်ယာပုံမှန်ထလေ့မရှိတဲ့သူတွေ၊ အိပ်ယာထနောက်ကျတတ်တဲ့သူတွေထက်စာရင် ပိုပြီး သွက်သွက်လက်လက် ရှိပါတယ်။
၂။ပျော်ရွင်ကျေနပ်မှုရှိတဲ့ အပိုင်းမှာလည်း ဒီလိုပါပဲ။ သူတို့ဟာ စိတ်ကြည်လင်နေတဲ့အတွက် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သလို ပိုပြီးတော့လည်း အကောင်းမြင်တတ်ပါတယ်။
၃။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေတတ်ပါတယ်။ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင်လည်း ဒါကို ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးတွေ ရှိနေတတ်ပါတယ်။
၎။အစားအသောက်ပုံမှန် စားဖြစ်တဲ့အတွက် ကျန်းမာရေးပိုကောင်းစေပါတယ်။ အိပ်ယာထနောက်ကျလို့ မနက်စာ မစားဖြစ်ပဲ နေ့လည်စာတန်းစားတာမျိုးလည်း မဖြစ်တော့ပါဘူး။
၅။လွယ်လွယ်ကူကူ စိတ်ဓာတ်မကျတော့ပါဘူး။ ဆေးပညာမှတ်တမ်းတွေ၊ စစ်တမ်းကောက်ချက်တွေအရဆိုရင် မနက်စောစော အိပ်ယာထတတ်တဲ့သူတွေဟာ စိတ်ကျဝေဒနာခံစားရတာမျိုး သိပ်မရှိသလို အလုပ်ကြောင့်၊ လူမှုရေးတွေကြောင့် စိတ်ဓာတ်ကျတာမျိုးတွေလည်း သိပ်မဖြစ်ပါဘူးတဲ့။
Ref:womenshealthmag.com
ချယ်ဆီးတိုက်စစ်မှူးနဲ့ ဆီနီဂေါအမျိုးသားလက်ရွေးစင် ဒမ်ဘာဘာဟာ သူ့မိဘတွေရဲ့ ဇာတိ ဆီနီဂေါမှာ ဗလီတစ်လုံးဆောက်လုပ်လှူဒါန်းခဲ့ ပါတယ်။
“ဘောလုံးသမားတစ်ယောက်ဖြစ်ရတာထက် မွတ်စလင်တစ်ယောက်ဖြစ်ရတာက ပိုပြီး အရေးကြီးပါတယ်” လို့ ဒမ်ဘာဘာက Independent သတင်းဌာနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်တာပါ။
“ကောင်းမွန်တဲ့ မွတ်စလင်ဆိုတာ လူကောင်းတစ်ယောက်ပဲ၊ ဒါကြောင့် ကျွန်တာ်
လူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပါတယ်”လို့ သူက ဆိုပါတယ်။
ဒမ်ဘာဘာဟာ ဆီနီဂေါအမျိုးသားလက်ရွေးစင်လည်း ဖြစ်သလို
ပရီးမီးလိဂ်ရဲ့ ချယ်ဆီးအသင်းမှာလည်း တိုက်စစ်မှူးတစ်ဦးအနေနဲ့
ပါဝင်ကစားနေပါတယ်။ ဘာသာတရားကိုင်းရှိုင်းတဲ့ မွတ်စလင်တစ်ဦးဖြစ်တဲ့
ချယ်ဆီးကြယ်ပွင့် ဒမ်ဟာ သူ့ရဲ့ ဂိုးတွေသွင်းပြီးတိုင်းမှာ ဘုရားသခင်ကို
ရိုကျိုးတဲ့ ဦးချမှုတွေကို ပြုလုပ်လေ့ရှိပါတယ်။
ဗလီဝတ်ကျောင်းဆောင်တစ်ခုကို ဆောက်လုပ်လှူဒါန်းဖို့ ဒမ်က ရန်ပုံငွေ
မတည်ခဲ့တဲ့သတင်းဟာ ပြီးခဲ့တဲ့အပတ်က ဆီနီဂေါမီဒီယာတွေမှာ
ပျံ့နှံ့လာခဲ့ပါတယ်။ ဗလီဖွင့်ပွဲကို လာမည့်အပတ်အတွင်း ကျင်းပနိုင်မယ်လို့
မျှော်လင့်ရပါတယ်။
ဒမ်ဘာဘာဟာ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့
မွတ်စလင်ဘောလုံးကြယ်ပွယ် ၄၀ အနက်က တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။
အင်္ဂလိပ်ဘောလုံးလောကမှာ မွတ်စလင်ကစားသမား ပါဝင်ခဲ့မှုကို ပြန်ကြည့်မယ်ဆိုရင်
၁၉၉၂ ခုနှစ်တုန်းက မွတ်စလင်ကစားသမားဆိုလို့ စပါးအသင်းမှာကစားတဲ့
စပိန်ကွယ်လယ်လူ နေယင် တစ်ဦးထဲသာရှိခဲ့ပါတယ်။
Source : IINA
ဘာသာပြန် - စိုင်ဖုလ္လာဟ်(Myanmar Muslim Media)
ချယ်ဆီးတိုက်စစ်မှူးနဲ့ ဆီနီဂေါအမျိုးသားလက်ရွေးစင် ဒမ်ဘာဘာဟာ သူ့မိဘတွေရဲ့ ဇာတိ ဆီနီဂေါမှာ ဗလီတစ်လုံးဆောက်လုပ်လှူဒါန်းခဲ့ ပါတယ်။
“ဘောလုံးသမားတစ်ယောက်ဖြစ်ရတာထက် မွတ်စလင်တစ်ယောက်ဖြစ်ရတာက ပိုပြီး အရေးကြီးပါတယ်” လို့ ဒမ်ဘာဘာက Independent သတင်းဌာနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်တာပါ။
“ကောင်းမွန်တဲ့ မွတ်စလင်ဆိုတာ လူကောင်းတစ်ယောက်ပဲ၊ ဒါကြောင့် ကျွန်တာ် လူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပါတယ်”လို့ သူက ဆိုပါတယ်။
ဒမ်ဘာဘာဟာ ဆီနီဂေါအမျိုးသားလက်ရွေးစင်လည်း ဖြစ်သလို
ပရီးမီးလိဂ်ရဲ့ ချယ်ဆီးအသင်းမှာလည်း တိုက်စစ်မှူးတစ်ဦးအနေနဲ့
ပါဝင်ကစားနေပါတယ်။ ဘာသာတရားကိုင်းရှိုင်းတဲ့ မွတ်စလင်တစ်ဦးဖြစ်တဲ့
ချယ်ဆီးကြယ်ပွင့် ဒမ်ဟာ သူ့ရဲ့ ဂိုးတွေသွင်းပြီးတိုင်းမှာ ဘုရားသခင်ကို
ရိုကျိုးတဲ့ ဦးချမှုတွေကို ပြုလုပ်လေ့ရှိပါတယ်။
ဗလီဝတ်ကျောင်းဆောင်တစ်ခုကို ဆောက်လုပ်လှူဒါန်းဖို့ ဒမ်က ရန်ပုံငွေ မတည်ခဲ့တဲ့သတင်းဟာ ပြီးခဲ့တဲ့အပတ်က ဆီနီဂေါမီဒီယာတွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဗလီဖွင့်ပွဲကို လာမည့်အပတ်အတွင်း ကျင်းပနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ဒမ်ဘာဘာဟာ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ မွတ်စလင်ဘောလုံးကြယ်ပွယ် ၄၀ အနက်က တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ အင်္ဂလိပ်ဘောလုံးလောကမှာ မွတ်စလင်ကစားသမား ပါဝင်ခဲ့မှုကို ပြန်ကြည့်မယ်ဆိုရင် ၁၉၉၂ ခုနှစ်တုန်းက မွတ်စလင်ကစားသမားဆိုလို့ စပါးအသင်းမှာကစားတဲ့ စပိန်ကွယ်လယ်လူ နေယင် တစ်ဦးထဲသာရှိခဲ့ပါတယ်။
Source : IINA
ဘာသာပြန် - စိုင်ဖုလ္လာဟ်(Myanmar Muslim Media)
“ဘောလုံးသမားတစ်ယောက်ဖြစ်ရတာထက်
“ကောင်းမွန်တဲ့ မွတ်စလင်ဆိုတာ လူကောင်းတစ်ယောက်ပဲ၊ ဒါကြောင့် ကျွန်တာ် လူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပါတယ်”လို့ သူက ဆိုပါတယ်။
ဒမ်ဘာဘာဟာ ဆီနီဂေါအမျိုးသားလက်ရွေးစင်လည်း
ဗလီဝတ်ကျောင်းဆောင်တစ်ခုကို ဆောက်လုပ်လှူဒါန်းဖို့ ဒမ်က ရန်ပုံငွေ မတည်ခဲ့တဲ့သတင်းဟာ ပြီးခဲ့တဲ့အပတ်က ဆီနီဂေါမီဒီယာတွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဗလီဖွင့်ပွဲကို လာမည့်အပတ်အတွင်း ကျင်းပနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ဒမ်ဘာဘာဟာ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ မွတ်စလင်ဘောလုံးကြယ်ပွယ် ၄၀ အနက်က တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ အင်္ဂလိပ်ဘောလုံးလောကမှာ မွတ်စလင်ကစားသမား ပါဝင်ခဲ့မှုကို ပြန်ကြည့်မယ်ဆိုရင် ၁၉၉၂ ခုနှစ်တုန်းက မွတ်စလင်ကစားသမားဆိုလို့ စပါးအသင်းမှာကစားတဲ့ စပိန်ကွယ်လယ်လူ နေယင် တစ်ဦးထဲသာရှိခဲ့ပါတယ်။
Source : IINA
ဘာသာပြန် - စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

ရန်ကုန်၊ မေ ၁၃
ဗုဒ္ဓဘာသာဆိုင်ရာ စာပေများ၊ စာစောင်များနှင့် အသံသွင်း တိပ်ခွေများတွင် အယူအဆ အလွဲများဖြင့် ရေးသား၊ ဟောပြောမှုများ ပါရှိနေ၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြုရန် ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ဆုံးဖြတ်ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာတော်များထံမှ သိရသည်။
မေလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင်ပြုလုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် အထက်ပါအတိုင်း ဆွေးနွေး ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က မိန့်ကြားသည်။
အဆိုပါ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို အခြားလောကီဆိုင်ရာ စာပေများကဲ့သို့ ထုတ်ဝေပြီးမှ ပြန်လည် တင်ပြသည့် စနစ်ကျင့်သုံးပါက အဓမ္မဝါဒ စာအုပ်တို့ အလွန်ပြန့်ပွားသွားပြီး သန့်ရှင်းသော သာသနာတော်ကြီး ကွယ်ပျောက် သွားနိုင်ကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မပါလာ ဘိဝံသက မိန့်ကြားသည်။
“အဓမ္မဝါဒ စာအုပ်တို့ အလွန်ပြန့်ပွား သွားပါက သန့်ရှင်းသော သာသနာတော်ကြီး ကွယ်ပျောက် သွားနိုင်ပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။
အဆိုပါ အယူအဆလွဲများဖြင့် ရေးသားဟောပြော နေသောကြောင့် သာသနာတော် တည်တံရေးအတွက် နိုင်ငံတော် သံဃမဟာနာယကက စိစစ်ရန် တာဝန်ရှိကြောင်း မွန်ပြည်နယ် နိုင်ငံတော် သံဃာ့ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိက မိန့်ကြားသည်။
“မြတ်စွာဘုရားရှင်ရဲ့ဓမ္မဝိနယများကို မကျွမ်းကျင်ပဲ လူပြိန်းကြိုက် ကိုယ်လိုရာဆွဲပြီး ဟောပြော ရေးသားနေသောကြောင့် အဓမ္မဝါဒများ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်” ဟု ၎င်းကမိန့်ဆိုသည်။
အဆိုပါ အယူအဆ အလွဲများဖြင့် ရေးသား ဟောပြောမှုများကို စိစစ်ပြီးမှ ထုတ်ဝေရန် ဆုံးဖြတ်ချက်ကို ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး အပြီးတွင် နိုင်ငံတော် သံဃမဟာနာယက အစည်းအဝေး ဆုံးဖြတ်ချက်များမှ ညွှန်ကြားချက်များဖြင့် ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း နိုင်ငံတော် သံဃဗဟိုဝန်ဆောင် အဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းရှိပြီး သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် ၁၉၈၀ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို လေးကြိမ် ကျင်းပခဲ့သော်လည်း ယခုပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ၁၉ နှစ်အကြာမှ ပြန်လည် ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ သံဃာတော် ကိုယ်စားလှယ်ပေါင်း ၂၅၅၈ ပါး တက်ရောက်ခဲ့ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲ အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။
The Voice Weekly
အခုလိုပူအိုက်သောရာသီမှာအဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်းသက်သာအေးလည်းအေးတဲ့
အဲယားကွန်းလုပ်
နည်းလေးကိုတင်ပြေလိုက်ရပါတယ်။
မိမိအသားပြုမည့်လျှပ်စစ်ပန်ကာအရွယ်အစားနှင့်ကိုက်ညီသည့်ဖေါ့ ပုံးတခုကိုရှာပါ။
အဖုံးအလယ်တည့်တည့်နေရာကိုပန်ကာတင်နိုင်လောက်အောင်ဖေါ့သားကိုလှီးထုတ်ပါ။
ပုံးအောက်ခြေဘေးဘက်နေရာတွင်သုံးလက်မ(သို့မဟုတ်)လေးလက်မပီဗွီစီပိုက်လုံးကို
(12)လက်မခန့်အရှည်သုံးလုံးကိုဖြတ်တောက်ထားပါ။
ပုံပါအတိုင်းဖြတ်တောက်ထားသောပီဗွီစီပိုက်ကိုဖေါ့ကန်အတွင်းဘက်သို့လေးလက်မလောက်
သွင်းပြီးခိုင်မြဲအောင်နှစ်မျိုးစပ်ကော်နှင့်ခိုင်မြဲအောင်ဆက်ပေးပါ။
ပြီးလျှင်သေတာထဲသို့ရေခဲကိုထည့်ပါ။
သေဆာကိုလုံခြုံစွာဖုံးပြီးအဖုံးပတ်ပတ်လည်ကိုတိတ်သားနှင့်ပတ်ပြီးအသေပိတ်လိုက်ပါ။
ပန်ကာကိုမီးထိုးပြီးစတင်လည်ပတ်ပါ။
ထိုအခါပီဗွီစီပြွန်သုံးလုံးကနေအေးမြသောလေအေးတွေအခန်းထဲသို့စတင်ထွက်ရှိလာပြီး
မိမိကိုယ်တိုင်ပြုလုပ်ထားသောယူနစ်စားသက်သာအေးလည်းအေးမြန်တဲ့အဲယားကွန်းတလုံး
ကိုသင်ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။
(ထိုအဲယားကွန်းကိုအသုံးပြုနေစဉ်အတွင်းအခန်းကိုပြင်မလေမ၀င်အောင်ကြိုတင်ပြုပြင်ထားပါ)

အမေရိကန်သမ္မတအိုဘားမားရဲ့ အဒေါ်ဖြစ်သူ
မွတ်စလင်အမျိုးသမီး ဇိုင်သွန်အိုယမ်ဂိုဟာ ပြီးခဲ့တဲ့လက အမေရိကန်နိုင်ငံမှာ
ကွယ်လွန်ခဲ့ပြီး ကင်ညာနိုင်ငံကို သယ်ဆောင်ကာ ကီစူမူ စွန္နီမွတ်စလင်သုဿန်မှာ မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
သူမဟာ အိုဘားမား ဖခင်ရဲ့ အဖေတူအမကွဲ မောင်နှစ်မဖြစ်ပါတယ်။ သူမဟာ ၂၀၁၀ ခုနှစ်မှာ ကင်ညာနိုင်ငံကို ပြန်ပို့ရခံရမယ့်ပြဿနာနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် အမေရိကန်မှာ ခိုလှုံခွင့်ရရှိခဲ့ပါတယ်။
အိုဘားမားက သူ့ရဲ့ “Dreams from My Father” စာအုပ်ထဲမှာ သူမကို “Auntie Zeituni”လို့ ရေးသားဖော်ပြခဲ့ပါတယ်။
အိုဘားမားဟာ မွတ်စလင်ကနေ ဘာသာမဲ့ဖြစ်သွားသူ ကင်ညာနိုင်ငံသား ဖခင်နဲ့ ဘာသာရေးကျင့်သုံးမှုမရှိတဲ့ အမေရိကန်လူဖြူ မိခင်တို့ကနေ ဟာဝိုင်အီကျွန်းမှာ မွေးဖွားခဲ့တာပါ။ အသက် ၆ နှစ်ကနေ ၁၀ နှစ်အကြားမှာ တော့ အင်ဒိုနီးရှားနိုင်ငံမှာ မိခင်ဖြစ်သူရယ်၊ အင်ဒိုမွတ်စလင် ပထွေးဖြစ်သူရယ်နဲ့ အတူနေခဲ့ဖူးပါတယ်။
အိုဘားမားက ကင်ညာက မွတ်စလင်ဆွေမျိုးတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြောခဲ့ဖူးတာရှိပါတယ်။
“အမေရိကန်အများစုက သူတို့မိသားစုမှာ မွတ်စလင်တွေ ရှိနေမယ်၊ ဒါမှမဟုတ်ရင် မွတ်စလင်အများစု နေထိုင်ရာ တိုင်းပြည်တွေမှာ ရှိနေမယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ကျွန်တော်လဲ သူတို့ထဲက တစ်ယောက်အပါအ၀င်ပါပဲ” လို့ အိုဘားမားက ဆိုပါတယ်။
Source : Onislam
ဘာသာပြန် - စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်မီဒီယာ)

ဂရိနိုင်ငံမှ ဥရောပပါလီမန်ကိုယ်စားလှယ်လောင်းအဖြစ် ဟိဂျဗ်ဝတ် မွတ်စလင်အမျိုးသမီးအား အမည်စာရင်းတင်သွင်း
Tag :
အစ္စလာမ်ရေးရာ
မေ ၉။ အေသင်
ဂရိနိုင်ငံကိုယ်စားပြု ဥရောပပါလီမန်အမတ်လောင်းဖြစ် ဟိဂျဗ်ဝတ်မွတ်စလင်အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် အမည်စာရင်းတင်သွင်းလိုက်ပြီး မွတ်စလင်ဆန့်ကျင်ရေး ခွဲခြားမှုများကို ကြိုတင်ကာကွယ်ရန်နှင့် ဘာသာရေးလူနည်းစုတို့၏ တန်းတူရည်တူရှိမှုကိုပြသရန် ရည်ရွယ်သည်ဟု ဆိုသည်။
“ဂရိနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစားပေး နိုင်ငံရေးပါတီဖြစ်တဲ့ Eco Green Party Greece ရဲ့ အမည်စာရင်းပေးသွင်းမှုကို ခံရပါတယ်၊ ဒါဟာ ကျမရဲ့ အမြင်တွေကို အကောင်းဆုံး တုံ့ပြန်လိုက်တာပါ ”ဟု တချိန်က ယောဂဆရာမတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Anna Stamou က ပြောဆိုသည်။
မေလ ၂၅ ရက်နေ့တွင် ကျင်းပမည့် ဥရောပပါလီမန်ရွေးကောက်ပွဲအတွက် ယင်းပါတီမှ အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။ ဥရောပပါလီမန်တွင် ဂရိကိုယ်စားလှယ်အမတ်များအတွက် အမတ်နေရာ၂၁ ခု သတ်မှတ်ထားရာ ရွေးချယ်ခံရပါက ပထမဆုံး ဟိဂျဗ်ဝတ် ဥရောပပါလီမန်အမတ်တစ်ဦးဖြစ်လာမည်။
စီးပွားစီမံနှင့် ဘွဲ့ရခဲ့သူ Anna သည် တစ်ချိန်က ယောဂကျင့်စဉ်နည်းပြ ဆရာမတစ်ဦးဖြစ်ပြီး အသက် ၃၀ အရွယ်တွင် အစ္စလာမ်သာသနာသို့ သက်ဝင်ယုံကြည်ကူးပြောင်းပြီးနောက်မှ နိုင်ငံရေးသမားတစ်ဦး ဖြစ်လာသည်။
Source : Onislam
ရေဗာငွေဆိုတာ ဘဏ်တွေကနေ ရနေတဲ့ သာသနာက ခွင့်မပြုတဲ့ အတိုးငွေကဲ့သို့သော တရားမ၀င်ငွေတွေကို ဆိုလိုတာပါ။
ဒီငွေတွေနဲ့ပါတ်သက်ပြီး ကျနော် အကြံပြုချက်တစ်ခုကို တင်ပြခဲ့ဖူးပါတယ်။ အဲ့ဒီ တင်ပြချက်ကို အမြင်သဘောထားအမျိုးမျိုး ကွဲပြားစွာနဲ့ ဆွေးနွေးကြာတာတွေကို တွေ့ရပါတယ်။
တချို့ကတော့ ဒုက္ခရောက်နေရတဲ့ မွတ်စ်လင်မ်တွေကို ပေးချင်တယ်လို့ ပြောဆိုတာတွေလဲ ရှိပါတယ်။ ကျနော့်အမြင်ကတော့ မွတ်စ်လင်မ် ဒုက္ခသည်တွေ၊ ဆင်းရဲသူတွေအတွက် အခြားသော တရားတော်က ပေးကမ်းဖို့ တရားဝင် ခွင့်ပြုပေးထားတာတွေ၊ ပြဌာန်းပေးထားတာတွေက ရှိနှင့်ပြီးသားပါ။ ဥပမာ ဇကားသ်လို ငွေကြေးမျိုးတွေပေါ့။
ဒါကြောင့် ရေဗာငွေတွေကို ဒုက္ခသည်တွေကို ပေးမယ့်အစား ရေရှည်အသုံးပြုလို့လဲရမယ့်၊ အများသူငါအတွက်လည်း အကျိုးရှိနိုင်မယ့်ဟာတွေမှာ သုံးပေးလိုက်သင့်တယ်။ ဥပမာ မွတ်စ်လင်မ်ရွာတွေ မြန်မာပြည်မှာ အများကြီးရှိတယ်။ အစိုးရရဲ့ ဘက်လိုက်မှုတွေကြောင့် မွတ်စ်လင်မ်ရွာတွေ ဖွံ့ဖြိုးမှုတွေမှာ နှောင့်နှေးနေရတယ်။
ဥပမာ မိတ္ထီလာသားတွေ ဒုက္ခရောက်တုန်းက အပြည့်အ၀ ကူညီခဲ့တဲ့ မိုဟာဂျေရီးတွေလို့ ပြောလို့ရတဲ့ ယင်းတော်ရွာဆိုရင် အစိုးရက ဖွံ့ဖြိုးမှုမရှိအောင် တမင်လုပ်ထားတယ်။ ရွာကို မီးပေးဖို့ စစ်အစိုးရလက်ထက်က ဘောလုံးပြိုင်ပွဲ လုပ်ရတယ်။ (နှစ်အရေအတွက် မမှတ်မိတော့ပါ) နှစ်ဆက်တိုက် ဒိုင်းဆုရမှ ရွာကို မီးပေးမယ်လို့ ပျော်ဘွယ်မရကရဲ့ အမိန့်ကြောင့် ဘောလုံးဝင်ပြိုင်ရတယ်။ ရွာက အခြေခံလူတန်းစားများတော့ ဘောပွဲအတွက် ငွေမသုံးနိုင်ခဲ့ဘူး။ တောင်ငူတွေဘာတွေက နိုင်ငံ့လက်ရွေးစင်ပြုတ် မွတ်စ်လင်မ် ကစားသမားတွေကို ခေါ်ချင်လို့ ကျနော့်အပါဆီမှာ အကူအညီတောင်းလို့ ချိတ်ပေးခဲ့ပေမယ့် အဆင်ပြေအောင် မကျွေးမွေးနိုင်လို့ နယ်က ကစားသမားတွေ ကြာကြာမနေနိုင်ကြဘူး။ နောက်ဆုံး ဘောပွဲကို မနိုင်တာနဲ့ မီးမရဘူး။ အခု အိမ်နီးချင်းရွာတွေက ဖွံ့ဖြိုးနေတာ များပေမယ့် မွတ်စ်လင်မ်ရွာဖြစ်လို့ ဖွံ့ဖြိုးမှုတွေ နှေးကွေးနေတယ်။ ယင်းတော်လို မွတ်စ်လင်မ်ရွာတွေ အများကြီး ရှိပါတယ်။
အဲ့ဒီလိုနေရာတွေမှာ ရွာလယ် မိန်းလမ်းကို ကွန်ကရစ်လမ်းတွေ ဖောက်ပေးတာမျိုး၊ ရွာက အစိုးရ စာသင်ကျောင်းလေးတွေကို ပြင်ဆင်ပေးတာမျိုး၊ ရွာပါတ်လည် အုတ်တံတိုင်း ခတ်ပေးတာမျိုး၊ ရွာထဲက ချောင်းကူး၊ မြစ်ကူးတံတားတွေ ဆောက်ပေးတာမျိုး၊ နားနေဇရက်တွေ ဆောက်ပေးတာမျိုးတွေကို အဲ့ဒီငွေတွေနဲ့ လုပ်ပေးသင့်ပါတယ်။
အကောင်းဆုံး အကြံပြုချင်တာကတော့ အဲ့ဒီအရာတွေထက် အခုချိန်မှာ ရေအရမ်းခက်ခဲနေတဲ့ ဗမာတွေဆီသွားပြီး ရေတွင်းတွေ တူးပေးသင့်ပါတယ်။ မွတ်စ်လင်မ်တို့ရဲ့ သဘောထားကြီးမှုကို အခုချိန်မှာ ပြပေးသင့်ပါတယ်။ ရွာသားတွေဟာ ဘုန်းကြီးတွေ မှိုင်းတိုက်လို့သာ ဘုမသိ ဘမသိနဲ့ အစ္စလာမ်ကို မုန်းနေတာပါ။ သူတို့ကို နားလည်လာအောင် ကျနော်တို့က ထိတွေ့ဆက်ဆံမှုတွေနဲ့ ပါးနပ်စွာ လုပ်ဆောင်သင့်ပါတယ်။ အခုလို ကိုယ့်ဆီက အတိုးလို ငွေတွေကို သုံးပြီး သူတို့အတွက် အရမ်းလိုအပ်နေတဲ့အရာကို ဖြည့်ဆည်းပေးမယ်ဆိုရင် သူတို့ အရမ်း သဘောကျမှာပါ။ ဗမာလူမျိုးတွေဟာ ရေကုသိုလ်ကို သိပ်မြတ်တယ်လို့ ယူဆကြတဲ့သူတွေပါ။
ကျနော်တို့ကိုယ်တိုင် အခုလက်တွေ့ ဆိုင်မှာ ကြုံရတာတွေ ရှိပါတယ်။ ရွာတွေက ရွာသားတွေဟာ အလုပ်လာအပ်တာတွေ ရှိပါတယ်။ တချို့က ကုလားဆိုင်လို့ ပြောပြီး ၀င်မလာဘဲ ဆိုင်ပေါက်ကနေ ပြန်လှည့်ထွက်သွားတာတွေ ရှိပါတယ်။ ပြန်ရောက်လာတာတွေလဲ ရှိပါတယ်။ အဲ့ဒီလို ရောက်လာတဲ့သူတွေကို ပြန်မေးကြည့်မိတာတွေလဲ ရှိပါတယ်။ သူတို့ဟာ မြင်မြင်ချင်းမှာ လူကို စူးစူးဝါးဝါးအကြည့်တွေနဲ့ ကြည့်တတ်ကြပြီး၊ ကြောက်ရွံ့မှု၊ စိုးရိမ်မှုတွေကြောင့် စကားအပြောအဆိုတွေမှာလည်း မယဉ်ကျေးမှုတွေ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ နွေးထွေးခြင်းတွေ၊ မေတ္တာတရားတွေကို မြင်ရတဲ့အခါမှာတော့ သူတို့ဟာ ကိုယ့်အပေါ် ရင်းနှီးခင်မင်ခြင်းတွေ ဖြစ်လာတတ်ကြပါတယ်။ နောက်ပိုင်းမှာ မိတ်ရင်းဆွေရင်းတွေ ဖြစ်ပြီး သူ့ရွာကို အလည်ခေါ်တာတွေ၊ သူ့အလှူကို ဖိတ်တာတွေ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ ဆိုင်ကို အလုပ်လာအပ်ရင်တောင် သူ့ခြံထွက် သီးနှံတွေကို အခိုင်လိုက် အပြွတ်လိုက်တွေ တနင့်တပိုးကို လက်ဆောင်အဖြစ် တကူးတက မလာပြီး ပေးလေ့ရှိလာကြပါတယ်။
ကျနော်တို့ဟာ ထိတွေ့ဆက်ဆံမှုအပိုင်းတွေမှာ အရမ်းအားနည်းလာတာတွေဟာ ၀ီရသူလိုကောင်တွေကို သွေးထိုးဖို့ မျက်နှာသာပေးနေသလို ဖြစ်လာပါတယ်။ တကယ်ဆိုရင် အစ္စလာမ်ရဲ့မေတ္တာ၊ မွတ်စ်လင်မ်တို့ရဲ့ သဘောထားကြီးမှုတွေနဲ့ သူတို့ကို ထိတွေ့ဆက်ဆံခဲ့မယ်ဆိုရင် အဲ့ဒီလို ရွာမျိုးတွေကို ၀ီရသူတရားသွားဟောရင် ရွာသားတွေက ရိုက်တောင် ထုတ်ပစ်နိုင်ပါတယ်။ ဟိုတုန်းက လူကြီးတွေအချိန်မှာ အားမ်ဿအ်ဝသ်တွေဟာ မကြာခဏ ကြားဖူးခဲ့ရပေမယ့် အခုတော့ အရိပ်အငွေ့တောင် ရှာမတွေ့တော့ပါဘူး။ သူတို့တွေကို ကျနော်တို့ဘက်က အများကြီး သဘောထားကြီးပြီး ထိတွေ့ဆက်ဆံဖို့ကိုတော့ အလေးအနက် တိုက်တွန်းသလို အားပေးပါတယ်။
ဒီလူမျိုးဟာ (ရိုင်းရိုင်းပြောရရင်) ငတ်ကြီးအလွန်ကျပြီး ရိုးအတယ်လို့ ပြောလို့ရပါတယ်။ အပျော်အပါးလဲ အလွန်မက်မောတဲ့သူတွေဖြစ်လို့ လူစုလူဝေးတွေရှိရာကို လိုက်လေ့ရှိပါတယ်။ သူတို့ကို ကျနော်တို့အနေနဲ့ ထိတွေ့ဆက်ဆက်မှုတွေကတဆင့် Brain Wash လုပ်ပေးနိုင်ရင် အရမ်းကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ဒါကို ဥပမာ ပေးရရင် ကျနော်တို့ အီးဒ်နေ့တွေ ရမ္မဿွန်လတွေဆို အိမ်နီးချင်း ဘော်ဒါတွေလည်း ငယ်ငယ်က ၀င်ပျော်တတ်ကြပါတယ်။ အလှူတစ်ခုကို ၀င်စားရရင်လဲ ပျော်တတ်ပါတယ်။ အီးဒ်နေ့မှာ အီတီလိုချင်လို့ အ၀တ်အစား အသစ်ဝတ်ပြီး ဟန်ဆောင်စလာမ်ပေးကာ လိုက်တောင်းတတ်ကြပါတယ်။ ရမ္မဿွာန်လ ဗလီက ဂန်ဂျီ၊ ဟလင်မ်၊ ရှရ်ဝါတွေကို သောက်ချင်လွန်းလို့ နယ်တွေမှာဆို ဗလီကို ပုံမှားရိုက်ပြီး ၀င်ဝင်တောင်းလေ့ရှိကြပါတယ်။ ဟိုတုန်းက အာမ်ဿးအ်ဝသ်တွေမှာလဲ သူတို့တွေက ၀င်စားကြပြီး ပျော်ကြပါတယ်။ အဲ့ဒီလို နေရာတွေမှာ ကျနော်တို့က သဘောထားကြီးကြီးနဲ့ သူတို့ကို အရေးတယူ ဆက်ဆံပြီးတော့ အစ္စလာမ့်ရဲ့ ကိုယ်ကျင့်တရား မေတ္တာတရားတွေကို ပြလိုက်တာဟာ ကျနော်တို့ရဲ့ ကြီးမားတဲ့ ဿအ်ဝသ်ရဲ့ ချဉ်းကပ်မှုလို့ မြင်မိပါတယ်။
ပွဲခံပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေးတွေလုပ်နေခြင်းထက် ယခုလို လုပ်ဆောင်ခြင်းတို့ဟာ လက်တွေ့ပိုဆန်တယ်လို့ ကျနော့်ရဲ့ အမြင်သဘောထားအမြင်သက်သက်ကို တင်ပြပေးခြင်းသာ ဖြစ်ပါတယ်။ သာသနာ့ဘောင်အတွင်းကနေ လွတ်လပ်စွာ ကွဲလွဲနိုင်ကြပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန်၏ စစ်မှန်မူ့ ကိုသက်သေခံနေသော ပုံရိပ် (or) တမန်တော် နူဟ် အာလိုင်းဟေလ်စလာမ်နှင့် အွမ္မသ်သားများ စီးနှင်းခဲ့သော သင်္ဘော
ကုရ်အာန်ကျမ်းမြတ်စူရာဟူးဒ်အာယသ်နံပါတ် ၄၀တွင် ဤသို့ တိကျသော မိန့်ချွေချက်လာရှိသည်။
ﻗﺎﻝ ﺗﻌﺎﻟﻰ )) ﻭَﻗِﻴﻞَ ﻳَﺎ ﺃَﺭْﺽُ ﺍﺑْﻠَﻌِﻲ ﻣَﺎﺀﻙِ ﻭَﻳَﺎ ﺳَﻤَﺎﺀ ﺃَﻗْﻠِﻌِﻲ ﻭَﻏِﻴﺾَﺍﻟْﻤَﺎﺀ ﻭَﻗُﻀِﻲَ ﺍﻷَﻣْﺮُ ﻭَﺍﺳْﺘَﻮَﺕْ ﻋَﻠَﻰ ﺍﻟْﺠُﻮﺩِﻱِّ ﻭَﻗِﻴﻞَ ﺑُﻌْﺪﺍً ﻟِّﻠْﻘَﻮْﻡِﺍﻟﻈَّﺎﻟِﻤِﻴﻦ
َ(( ﺻﺪﻕ ﺍﻟﻠﻪ ﺍﻟﻌﻈﻴﻢ))
" အလ္လာဟ်ရှင့်ထံမှ ဤသို့ အမိန့်တော်ထုတ်ပြန် လိုက်လေသည်။ အိုမြေကြီးအသင်၏ ရေအားလုံးကို ပြန်လည် စုတ်ယူလေလော့။ အိုမိုးကောင်းကင် မိုးရွာသွန်းခြင်းကို ရပ်တန့်လေလော့။ ထိုအခါရေများလျော့ပါးသွားခဲ့သည်။ အရေးကိစ္စလည်းပြီးမြောက်ခဲ့ပြီ။ ထိုသင်္ဘောလည်း ဂျုဒီတောင်ပေါ်တွင် ရပ်နားသွားခဲ့လေသည်။ "
ဤသို့ အလ္လာဟ်ရှင်မိန်းကြားထားသည်အတိုင်း နောက်ပိုင်းပညာရှင်တို့သည် တူရကီနိုင်ငံ အရှေ့မြောက်ဘက်၌ရှိသော ဂျုဒီတောင်ပေါ်တွင် ၄င်းသင်္ဘော၏ ရုပ်ကြွင်းကို တွေ့ရှိ တူးဖော်ခဲ့ကြပြီး ကုရ်အာန်မှန်ကန်မူ့ကို အကြွင်းမဲ့ ထောက်ခံခဲ့ကြသည်။

အိမ်အများစု က ရေသန့် ဘူး မှာ သောက်ကြပါတယ် ။ ရေသန့် လာပို့ ရင် အိမ်ထဲထိ လိုက် သယ်ပေးပါတယ်။
အိမ်မှာ ဖြစ်တာနဲ့ ဥပမာ ပြော ပြပါမယ် အိမ်မှာ လူ ၅ယောက် ရှိပေမယ့် ကိုယ့်အခန်းကို နေကြပါတယ် ။
ဒီကြားထဲ နေ့လည် အလုပ်သွား တဲ့ သူတွေရှိ ရင် လူ မရှိသလိုမျိုး ဖြစ်နေတာပေါ့ ။တစ်ရက် ရေလာပို့ တဲ့ ၂ ယောက် က ရေလာပို့ပြီး အပေါ်ထပ်ရေ တင်ပေးပြီး ပြန် ဆင်း လာတော့ ကျွန်တော့် အမေ တစ်ယောက်ထဲ ရှိတယ် ထင်ပြီး သူတို့ အချင်းချင်း ၁ယောက်ထဲ ကွဆိုပြော တာ ကြားပါတယ် ။စဉ်းစား ကြည့်ပ...ါ ဘယ်လောက် စိုးရိမ် ဖို့ ကောင်းတဲ့ စကား လဲ ။
ဆိုင်တွေကလဲ လူပိုတဲ့ သူတွေသေချာ မစီစစ်လောက်ဘူး ။ လူဆိုး သူခိုး ဆိုရင် အိမ်ထဲ လူဘယ်လောက်ရှိလဲ ဘယ်က၀င်ရလဲတွေသိနိုင်ပါတယ်။
ခုတော့ ရေသန့် လာပို့ ရင်မယူတော့ပါဘူးဆိုင်သွားပြီး သယ်ပါပြီ။ ခုယူနေတဲ့ ဆိုင်က လက်ကီးသောက်ရေသန့်ပါ ။
မိတ်ဆွေတို့သတိထားနိုင်စေဖို့ရည်ရွယ်ပါတယ် ။
ရဲတွေက ဖမ်း သမ္မတကြီးက
လွတ်ငြိမ်းချမ်း သာ ခွင့် ဆို လွတ် ။ သူခိုး လူဆိုးတွေက ပိုဆိုးလာရော ...

ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာပြည်တို့ကို ပြင်းထန်သော ငလျင်တခု
ယနေ့ တနင်္လာနေ့ ညနေပိုင်းတွင် ရိုက်ခတ်သွားခဲ့သည်။ အမေရိကန်ပြည်ထောင်စု
ငလျင်တိုင်းထွာတွက်ချက်မှုအရ
ထိုင်းမြောက်ပိုင်း ချင်းရိုင်မြို့ အနောက်တောင်အရပ်ရှိ မဲလောင်ဒေသအနီးတွင်
ဗဟိုပြုပြီး ၆.၀ မဂ်နီကျူ ပြင်းထန်ကြောင်း သိရသည်။ ချင်းရိုင်မြို့တွင်
လမ်းနှင့် အဆောက်အဦများ ကွဲအက်မှု ရှိကြောင်း သတင်းရရှိသည်။ ဓာတ်ပုံပါ
အက်ကွဲပျက်စီးသွားသော ကားလမ်းမှာ ချင်းရိုင်ခရိုင်ရှိ မဲလောင်မြိုနှင့်
မဲဆွေမြို့ကို ဆက်သွယ်ထားသော ကားလမ်းဖြစ်သည်။ ပျက်စီးဆုံးရှုံးမှု
မည်မျှရှိကြောင်း လတ်တလော အတိအကျ မသိရသေးပေ။ လှုပ်ခတ်မှုမှာ ဝေးလံသော
ရန်ကုန်မြို့ထိပါ ခံစားရပြီး မြို့လည် ဆာကူရာကဲ့သို့ တိုက်မြင့်များမှ
လူများ ကြောက်လန့်ပြီး ဆင်းပြေးခဲ့ကြကြောင်း သိရသည်။