အမေရိကန် နိုင်ငံရောက် ကျောင်းသား ခေါင်းဆောင်ဟောင်း မိုးသီးဇွန် မနှစ်က မြန်မာပြည် အလည်ခဏပြန်လာစဉ် (ဓာတ်ပုံ – ဧရာဝတီ)
“သမ္မတကိုယ်တိုင် ဖိတ်ခေါ်နေတာတောင် ခင်ဗျားတို့က ဘာကြောင့် ပြန်မလာသေးတာလဲ” ဆိုပြီး သမ္မတဦးသိန်းစိန်အဖွဲ့နဲ့ နော်ဝေခရီးစဉ်အတွင်း လိုက်ပါလာတဲ့ မီဒီယာသမားတဦးက တောခိုကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ စစ်ပြေးဒုက္ခသည်တွေကို မေးပါတယ်။
အချက်နှစ်ချက် တွေ့ပါတယ်။
ပထမတချက်က သမ္မတက နှုတ်နဲ့သာ ဖိတ်ခေါ်နေပြီး ဥပဒေအရ၊ လုပ်ထုံးလုပ်နည်းအရ ဘာမှ အဆင်သင့်ပြင်ထားတာ မရှိသေးဘူး။ ဆိုလိုတာကတော့ အော်စလိုမှာ လုပ်တဲ့ သမ္မတ နဲ့ တွေ့ဆုံပွဲအတွင်း တောခိုကျောင်းသားဟောင်းတဦးမေးခဲ့သလို လက်နက်ကိုင်အဖွဲ့မှာ ပါဝင်ခဲ့သူတွေ၊ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့အဖွဲ့ဝင်တွေ၊ နာမည်ပျက် စာရင်းသွင်း ခံထားရသူတွေကိစ္စကို အစိုးရက အခုထိ ရှင်းရှင်းလင်းလင်း မလုပ်ပေးသေးဘူးလို့ သူတို့က ထောက်ပြပါတယ်။
”ဒါပေမယ့် (သမ္မတရုံးဝန်ကြီး) ဦးစိုးသိန်းက အပြောသက်သက်တော့ မဟုတ်လောက်ဘူးဗျ။ သူပြောပြီး နှစ်ပတ်လောက်အတွင်း ကျနော် ဗီဇာသွားလျှောက်တော့ ၇ ရက်အတွင်း ဗီဇာ ရတယ်ဗျ။ သံရုံးတွေကို သူတို့ ညွှန်ကြားထားပုံ ရပါတယ်” ဆိုပြီး သမ္မတရဲ့ ဥရောပခရီးစဉ်ပြီးမှ ဗီဇာ သွားလျောက်သူတဦးက ပြောပါတယ်။ ဒါပေမယ့် နော်ဝေးအပါအ၀င် စကင်ဒီနေဗီးယန်းနိုင်ငံတွေမှာ သံရုံးမရှိသေးတဲ့အတွက် လန်ဒန်၊ ပဲရစ်၊ ဘာလင် သို့မဟုတ် ဘရာဆဲလ်ဖြစ်ဖြစ် အချိန်ကုန်ခံ သွားလျှောက်ရတယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် အရင်ကလို ဆွေ ၇ ဆက်၊ မျိုး ၇ ဆက်အကြောင်း ဖောင်ဖြည့်ခိုင်းတာကိုလည်း သံရုံးက လုပ်နေတုန်း၊ ပြည်ထဲရေးဌာနက ခွင့်ပြုချက်ကိုစောင့်ရမယ်၊ ဘယ်ဌာနကို တင်ပြရဦးမယ်ဆို တာမျိုးတွေလည်း လုပ်နေဆဲပဲလို့ သူကပြောပါတယ်။
ဒီအခက်အခဲက အချိန်ယူပြီး စောင့်နိုင်ရင် အဆင်ပြေသွားနိုင်ပါတယ်။ ဒုတိယ အခက်ခဲကမှ တကယ့် အခက်အခဲလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တတိယနိုင်ငံရောက် မြန်မာတွေ မြန်မာနိုင်ငံပြန်လည်ဖို့အတွက် မြန်မာနိုင်ငံသားမဟုတ်တော့ဘဲ နိုင်ငံခြားသားအဖြစ်ခံယူထားပြီးဖြစ်တယ်ဆိုတဲ့ သက်သေအထောက်ထားပြနိုင်ဖို့ မရှိမဖြစ် လိုအပ်လာနေလို့ဖြစ်ပါတယ်။
ဒီလုပ်ထုံးလုပ်နည်းကို မသိတဲ့လူ အတော်များများကတော့ နိုင်ငံခြားသားအဖြစ် ခံယူတာဟာ မျိုးချစ်စိတ်မရှိသူတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာ Facebook တွေပေါ်မှာ ဝေဖန်ရေးသားနေတာကို တွေ့နေရပါတယ်။ တဆက်တည်းမှာဘဲ ဒုက္ခသည်အဖြစ် တတိယနိုင်ငံတွေဆီ ရောက်လာသူတွေဟာ တသက်လုံး ဒုက္ခသည်အဖြစ် ဆက်နေပြီး ဘာအလုပ်မှမလုပ်ပဲ သက်ဆိုင်ရာအစိုးရဆီက လက်ဖြန့် တောင်းစားနေသလို ဝေဖန်ရေးသားနေကြတာကိုလဲ တွေ့နေရပါတယ်။
”အဲဒါတော့ အသေအချာ ရှင်းပြဖို့ လိုမယ်ဗျ။ နော်ဝေရောက်မြန်မာတွေကို သူတို့ အိမ်မပြန်နိုင်မချင်း နော်ဝေအစိုးရက ဆက်လက်စောင့်ရှောက်ပေးထားပါဆိုပြီး ၀န်ကြီးဦးစိုးသိန်း ကိုယ်တိုင် ပြောသွားတာကို ထောက်ရင် ဦးသိန်းစိန်အစိုးရကိုယ်တိုင်က ကျနော်တို့ အခြေအနေကို အသေအချာ နားလည်ထားပုံမရသေးဘူး” လို့ အော်စလို ဆွေးနွေးပွဲကိုတက်ခဲ့တဲ့ တောခိုကျောင်းသားဟောင်းတဦးက ပြောပါတယ်။
ဆိုလိုတာကတော့ တတိယနိင်ငံတွေဆီ ဒုက္ခသည်အဖြစ်ရောက်လာကြတဲ့ သောင်းနဲ့ချီရှိတဲ့ (အမေရိ ကန်၊ ကနေဒါ၊ ဥရောပ၊ နယူးဇီလန်နဲ့ သြစတြေးလျရှိ မြန်မာဒုက္ခသည် အားလုံးပေါင်းရင် တသိန်းဝန်းကျင်လောက်ရှိမယ်) ဒီပုဂ္ဂိုလ်တွေဟာ တတိယ နိုင်ငံမထွက်ခင် ထိုင်းနယ်စပ် က ဒုက္ခသည်စခန်းတွေမှာနေပြီး ကုလသမဂ္ဂအထောက်အပံ့နဲ့ နေခဲ့ကြတာမှန်ပေမမယ့် တတိယ နိုင်ငံရောက် ပြီးချိန်မှာတော့ အဲဒီလိုမဟုတ်တော့ပါဘူး။
သက်ဆိုင်ရာနိုင်ငံအလိုက် ဒုက္ခသည်လက်ခံရေး အစီအစဉ်တွေ အနည်းအကျဉ်း ကွဲပြားပေမယ့် အကြမ်းအားဖြင့်က ပထမ တနှစ် နှစ်နှစ်လောက်ကိုပဲ အစိုးရက ထောက်ပံ့ကြေးပေးပါတယ်။ အဲဒီ တနှစ် နှစ်နှစ်အတွင်း သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကားကို တတ်အောင်သင်၊ နှစ်နှစ်ပြည့်တာနဲ့ အလုပ်ထဲ ၀င်နိုင်အောင် မောင်းသွင်းပြီး နောက်ထပ် ဘာမှမပေးတော့ပါဘူး။ ဒါကြောင့် တတိယနိုင်ငံရောက်ပြီးသူတိုင်း နှစ်နှစ်လောက်ပဲ ဒုက္ခသည်ဆက်ဖြစ်ပြီး အဲဒီနှစ်နှစ်ကျော်တာနဲ့ သာမန်နိုင်ငံသားတဦးလို ကိုယ်အလုပ် ကိုယ်လုပ် ကိုယ့်ထမင်း ကိုယ်ရှာစားရတဲ့ သဘောပါ။
သူတို့လုပ်ရတဲ့အလုပ်ဆိုတာကလည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ လုပ်ရတဲ့အလုပ်နဲ့ သိပ်မကွာပါဘူး။ သန့်ရှင်းရေး၊ ဘိုးဘွားရိပ်သာကူညီရေး၊ မူကြိုကလေးထိန်းရေးအပါအ၀င် တကယ့်အောက်ခြေသိမ်း အလုပ်တွေလုပ်ပြီး ပင်ပင်ပန်းပန်းနဲ့ ဘ၀ကို ရုန်းကန်နေတာ တွေ့နေရပါတယ်။ ဒါတွေကို အများ ပြည်သူသိအောင် ဒီပုဂ္ဂိုလ်တွေက သိပ်ထုတ်မပြောချင်တဲ့အတွက် အခုလို အထင်လွဲမှုတွေ၊ တတိယ နိုင်ငံမှာနေပြီး လက်ဖြန့်တောင်းစားနေသူတွေအဖြစ် ဆိုရှယ်မီဒီယာပေါ် ဝေဖန်ခံနေရတာပါ။
အဲ…ရှေ့မှာပြောခဲ့တဲ့အတိုင်း ဒီလူတွေဟာ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းတွေကနေ ထွက်လာသူတွေ ဆိုမှတော့ သူတို့မှာ မြန်မာနိုင်ငံက နိုင်ငံကူးလက်မှတ် ဘယ်ပါပါ့မလဲ။ ဒုက္ခသည်ဆိုတဲ့ စာတန်းကပ်ပြီး ထွက်လာရတဲ့ဘ၀ဆိုတော့ တတိယနိုင်ငံတွေဆီရောက်တဲ့အခါမှာ သက်ဆိုင်ရာနိုင်ငံရဲ့ ခရီးသွားခွင့်လက်မှတ်၊ နေထိုင်ခွင့်လက်မှတ်တွေ လုပ်ရပါတယ်။
အဲဒီ ခရီးသွားလက်မှတ်မှာ ဘာရေးထားသလဲဆိုတော့ Except Myanmar လို့ အထင်အရှား ရေးထားပါတယ်။ မြန်မာနိုင်ငံမှအပ တကမ္ဘာလုံးကြိုက်တဲ့နေရာသွားလို့ရတယ်၊ ဒါပေမယ့် မြန်မာပြည် မပါပါ။ ဒီလက်မှတ်နဲ့ ကမ္ဘာပတ် နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ အခု မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီ၊ ပြန်လာနိုင်ပြီလို့ ဖိတ်ခေါ်လိုက်တဲ့အခါ Except Myanmar စာအုပ်ကြီးနဲ့ နေရအခက်၊ ပြန်ရအခက် ဖြစ်နေပါတော့တယ်။
ဒီတော့ Except Myanmar စာအုပ်အစား သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံသားအဖြစ် လျှောက်ထားကြရပါတယ်။ နိုင်ငံခြားသားဖြစ်မှ မြန်မာသံရုံးက ဗီဇာထုတ်ပေးသလို သက်ဆိုင်ရာနိုင်ငံကလည်း သူ့နိုင်ငံသား ဖြစ်ပြီးမှ မြန်မာနိုင်ငံဆီ ခရီးသွားခွင့်ပြုပါတယ်။ ဒီလို နိုင်ငံသားဖြစ်ဖို့ လျှောက်ထားတဲ့နေရာမှာလည်း တနိုင်ငံနဲ့ တနိုင်ငံ ဥပဒေတွေ၊ အချိန်ကာလတွေ မတူပြန်ဘူး။ တချို့နိုင်ငံတွေက သူ့နိုင်ငံမှာ နှစ်နှစ်ဆက် တိုက်နေပြီးရင်၊ သူတို့နိုင်ငံရဲ့ ဘာသာစကားကိုလည်း သတ်မှတ်ချက် စံချိန်နဲ့အညီပြောတတ်ရင်  လျှောက်ခွင့်ရပေမယ့် တချို့နိုင်ငံတွေက ၇ နှစ်နေပြီးမှ လျှောက်ခွင့်ရှိပါတယ်။ အဲဒီလို လျှောက်ထားတဲ့ကာလ၊ စိစစ်တဲ့ကာလကလည်း တနှစ်လောက်ထပ် ကြာပြန်ပါတယ်။
ဒီလိုနဲ့ သမ္မတ ကိုယ်တိုင် ဖိတ်ခေါ်ချိန်မှာတောင် ဒီပုဂ္ဂိုလ်တွေက မောင်ကြီးမပြန်နိုင်ဖြစ်နေကြတယ် ဆိုပါတော့။
ဒီနေရာမှာ မေးစရာရှိတာကတော့ ”နိုင်ငံခြားသားအဖြစ် မခံယူပဲ၊ အဲဒီနိုင်ငံတွေဆီက ဘာမှမယူပဲနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်က ကျောင်းသားဘ၀တုန်းက အိမ်ကနေ စထွက်သွားစဉ်ကလို လက်ချည်းဗလာနဲ့ အပြီး ပြန်လာလို့မရဘူးလား”ဆိုတဲ့ မေးခွန်းပါ။
တကယ်တော့ ပြန်လာဖို့ ဖိတ်ခေါ်နေတာဟာ သမ္မတနဲ့ ၀န်ကြီးအဖွဲ့တင်မကပါဘူး။ မင်းကိုနိုင်တို့ ၈၈ အဖွဲ့ကလည်း အပြင်က ရဲဘော်တွေပြန်လာပြီး တတ်နိုင်တဲ့ဖက်က ၀ိုင်းကူကြပါလို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီလို ဖိတ်ခေါ်တဲ့အခါ ”ကလေးတွေရဲ့ ပညာရေးကိစ္စ ရှိသေးတယ်လေ” လို့ သူ့ရဲ့ ရဲဘော်ဟောင်းတွေက ဖြေကြတယ်လို့ မင်းကိုနိုင်က အော်စလိုတွေ့ဆုံပွဲ အ တွင်းပြောပြခဲ့ပါတယ်။
ဆိုလိုတာကတော့ အချိန်ကာလ ၂၅ နှစ်ကြာပြီးတဲ့အခါ ရာစုနှစ်ရဲ့ ၄ ပုံ ၁ ပုံကို နယ်စပ်နဲ့ တတိယနိုင်ငံ တွေမှာ နေထိုင်ဖြတ်သန်းပြီးတဲ့အခါ အသက်တွေကလည်း ၄၀ ကျော် ၅၀ နီးပါးဖြစ်သွားတဲ့အခါ သူတိုရဲ့ စဉ်းစားပုံတွေဟာ လွန်ခဲ့တဲ့ ၂၅ နှစ် ကျောင်းသားအရွယ်က စဉ်းစားပုံနဲ့ မတူတော့တဲ့ သဘောပါ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အသက်ကြီးသွားတဲ့လူတွေဟာ လူငယ်ဘ၀ကလို သိပ်မစွန့် စားရဲတော့ဘူးလို့ အဓိပ္ပါယ်ယူနိုင်ပါတယ်။
”ကျနော်ကတော့ အဲဒီလို အပြီးစွန့်ပြီး မပြန်ရဲသေးဘူးဗျ။ ဥပဒေအရလည်း ဘာမှ အာမခံချက်မရှိသေး၊ အပြောင်းအလဲဆိုတာကလည်း ဘာမှ မသေချာသေးဆိုတော့ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ ဒီတော့ လောလောဆယ်မှာ သွားလိုက် လာလိုက်ပဲ ကောင်းပါတယ်ဗျာ” လို့ နိုင်ငံခြားသားခံယူပြီးမှ ဗီဇာသွားလျှောက်တဲ့ပုဂ္ဂိုလ်က ပြောပါတယ်။
အဝေးရောက် မြန်မာ အများစုက ဒီပုဂ္ဂိုလ်လိုပဲ စဉ်းစားနေကြသလား။ ဒါမှမဟုတ် အပြီး စွန့်ပြီး ပြန်မယ့်လူတွေကော ရှိမလား။ နောက်တခါ ဒီဒုက္ခသည်တသိန်းဝန်းကျင်ပြန်ရေး မပြန်ရေးကိစ္စက ဦးသိန်းစိန်အစိုးရက ပြသချင်နေတဲ့ အပြောင်းအလဲဆိုတာအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဆိုတာအတွက် ဘယ်လောက် အရေးပါနေလို့လဲ။
ဘာပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံပြီးရင် မြန်မာဒုက္ခသည် အများဆုံးလက်ခံထားတဲ့ နယူးဇ်ီလန်နဲ့ သြစတြေးလျက မြန်မာမိသားစုတွေနဲ့ တွေ့ရင် အထက်ပါ အခက်အခဲ အတားအဆီးတွေ၊ မယုံသင်္ကာမှုတွေအတွက် သမ္မတနဲ့ဝန်ကြီးအဖွဲ့က တစုံတရာ ထည့်သွင်း စဉ်းစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ref:http://burma.irrawaddy.org
၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဖွားပါတယ်။ Aarifa Karim လို့ အမည် ရပါတယ်။ ပါကစ္စတန်နိုင်ငံ
သူလေး ဖြစ်ပြီး အသက် ၉ နှစ်အရွယ် မှာပဲ Microsoft က ပေးအပ်တဲ့  Microsoft Certified Professional (MCP) အောင်လက်မှတ် ရရှိခဲ့ပါတယ်။
ဒါကြောင့် ဘီလ်ဂိတ်ကိုယ်တိုင် အမေရိကန်နိုင်ငံက Microsoft ရုံးချုပ်ကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြားပြီး အခြားသော နိုင်ငံများသို့လည်း လည်ပတ်ဖို့ အဖိတ်ကြားခံရပါတယ်။ ပါကစ္စတန် အစိုးရကိုယ်တိုင် ဆုတံဆိပ် များ ချီးမြင့်ပြီး ဂုဏ်ပြုပေးပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးတွေ မှာတောင် ရှားပါးတဲ့ MCP လက်မှတ်ကို ရရှိတဲ့အတွက် ဥာဏ်ရည်မြင့် လူသား များစာရင်း မှာ အထည့် သွင်းခံရ ပါတယ်။
စပိန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ Developer များ တွေ့ဆုံဆွေးနွေး ပွဲကိုလည်း တက်ရောက်ဖို့ အဖိတ်ကြား ခံရပြီး ပါကစ္စတန်နိုင်ငံမှ တစ်ဦး တည်းသော Developer ဖြစ်ခဲ့ ပါတယ်။ ကမ္ဘာ ပတ်ပြီးနောက် ကိုယ်နိုင်ငံ ပြန်လာပြီး ပညာ များ ဆက်လက် သင်ကြားပါတယ်။
သို့ပေမယ့် ကံမကောင်း လှပါဘူး။ အဖျားရောဂါ တစ်မျိုးဝင်ပြီး ဦးနှောက်အထိကို ရောက်သွား ပါတယ်။ ဘီလ်ဂိတ် ကိုယ်တိုင် ဖုန်းဆက် ပြီး ကူညီထောက်ပံ့မှုများ ပြုလုပ်ပေမယ့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာပဲ ကွယ်လွန်သွားပါတယ်။ သူကွယ်လွန် ချိန်တုန်းက အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။
 Lahore Technology Park အမည်ရ ပန်းခြံကို  Arfa Software Technology Park အမည်သို့ ပြောင်းလဲ ပေးပြီး ပါကစ္စတန် အစိုးရ ဂုဏ်ပြုပေး ခဲ့ပါတယ်။ သူမဟာ ယနေ့တိုင် ကမ္ဘာ့ အသက်အငယ်ဆုံး Microsoft Certified Professional (MCP) လက်မှတ်ရ Developer အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။
Ref: wiki
Aung Kham (TSJ team)
Techspace Journal
အခု ပွင့်လင်းရာသီ (ပူအိုက်ရာသီ) ရောက်လာတာနဲ့အမျှ ရန်ကုန်မှာ မီးလောင်တဲ့သတင်းတွေကလည်း ဆက်တိုက်ကြားနေရတယ်။ အဲဒီတော့ ကိုယ့်ဘက်က တတ်နိုင်သလောက် အားဖြည့်တဲ့အနေနဲ့ မီးလောင်ရင် လုပ်ဆောင်ရမယ့် အချက် ကလေးတွေကို post ၂ ပုဒ် ၃ ပုဒ်လောက် ရေးဖို့ စိတ်ကူးထားပါတယ်။ အခု ပထမဆုံး တင်ပြချင်တာကတော့ ဆီကြောင့် လောင်တဲ့မီးကို ဘယ်လို သတ်မလဲ ဆိုတာပါ။ ဆီဆိုလို့ ဓာတ်ဆီ လို ဟာမျိုးကို ပြောတာမဟုတ်ပါဘူး။ ဟင်းချက်တဲ့ ဆီကို ပြောတာပါ။ ဟင်းချက်တဲ့ဆီမို့လို့ မလောင်တတ်ဘူးမထင်ပါနဲ့။ သူကလည်း မီးနဲ့ တိုက်ရိုက်ထိလိုက်ရင် တော်တော်အန္တာရယ်များတဲ့အထဲမှာ ပါဝင်ပါတယ်။ သူက အရည်ဆိုတော့ လွင့်စင်ဖို့လွယ်ကူပြီး ထိတာ မှန်သမျှကို လောင်စေမှာ အမှန်ပဲ။
မီးဖိုချောင်ထဲမှာ မီးမလောင်အောင် ကာကွယ်ချင်တယ် ဆိုရင်တော့ သင်လုပ်ရမယ့်အရာက လွယ်လွယ်လေးပါ။ ဟင်းချက်နေတုန်းမှာ မီးဖိုပေါ်မှာ တစ်ခုခု တည်ထားတုန်းမှာ ကိုယ်တိုင်စောင့်နေဖို့ ဖြစ်ပါတယ်။ အိမ်တွင်း မီးလောင်ရသော အကြောင်းများထဲတွင် လူမရှိဘဲ တည်ထားသော ဟင်းအိုးများမှတဆင့် လောင်ကျွမ်းခြင်းသည် အများဆုံးဖြစ်ပါသည်။




လုပ်ဆောင်ရန်

မီးကိုသတ်ရာတွင် ရေကို မသုံးရပါ။ ဆီသည် ရေနှင့်ထိပါက ဘေးသို့စင်သွားတတ်ပြီး မီးပျံ့ခြင်းကို ပိုမိုအားပေးပါသည်။

ဆီကြောင့်လောင်သောမီးသည် အရမ်းမြန်သောကြောင့် မီးလောင်သည်ကို သိသည်နှင့် တပြိုင်နက် အိမ်အတွင်းတွင်ရှိသောလူအားလုံးကို အိမ်အပြင်သို့ ခေါ်ထုတ်သွားပါ။ မဟုတ်ပါက အသက်မမှီနိုင်ပေ။

အရေပေါ်မီးသတ်ဋ္ဌာနသို့ ဖုန်းဆက်ပါ။ ဖုန်းနံပါတ် ၁၉၁ သို့ ဆက်သွယ်နိုင်ပါသည်။ ဗဟို မီးသတ်ဋ္ဌာန၏ နံပါတ်မှာ 01-252011 နှင့် 01-252022 တို့ ဖြစ်ပါသည်။

ဒယ်အိုးအတွင်းတွင် မီးလောင်နေပါက အလွယ်ဆုံး မီးသတ်နည်းမှာ ဒယ်အိုးအဖုန်းဖြင့် အုပ်ထားရန်ဖြစ်သည်။ အခြားမီးလောင်စေသောအရာများဖြင့် သွားမဖိ မအုပ်ရပါ။

နောက်တစ်နည်းမှာ သဲအခြောက် များများဖြင့် အုပ်ခြင်းဖြစ်သည်။ သဲက ဆီဖြင့် ရောပြီး လောင်စာကို နည်းသွားစေမည်ဖြစ်သည်။
 
မီးလောင်နေသောအရာဝတ္ထများကို ဟိုသယ် ဒီသယ် မလုပ်ရပါ။ ကိုယ့်အတွင်းလည်း အန္တာရယ်များသလို မီးပျံ့ခြင်းကို အားပေးနိုင်ပါသည်။

အ၀တ်အစားတွင် မီးစွဲပါက အ၀တ်ကိုချွတ်၍ မြေကြီးပေါ်သို့ ပစ်ချကာ တစ်ခုခုဖြင့် ဖိထားပါ။ ဘာမှ မရှိပါက မီးထပ်မလောင်နိုင်သောနေရာတွင်ထားပါ။ အဆိုပါ အ၀တ်ကို ခြေထောက်ဖြင့် နင်းသတ်ခြင်းကို ရှောင်ကြဉ်ပါ။ ဘောင်းဘီကို မီးထပ်စွဲနိုင်သောကြောင့် ဖြစ်ပါသည်။

မြန်မာပြည်မှာ အများစု သုံးကြတဲ့ ၀ါယာကြိုးတွေဟာ တရုတ်ကလာတဲ့ ကြိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်သူမှ quality check လုပ်မထားသလို လျှပ်ကူးအားလည်း နည်းပါးတတ်ပါတယ်။ quality ကောင်းတဲ့ကြိုးတွေကတော့ ဈေးကြီးတဲ့အတွက် ငွေကြေးတတ်နိုင်သူတွေပဲ တတ်ဆင်နိုင်လိမ့်မယ် ထင်ပါတယ်။ မီးကြိုးတွေ လျှပ်ကူးအား နည်းပါးခြင်းရဲ့ ရလဒ်ကတော့ ဗို့အား အများကြီးကို မသယ်ဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ သယ်ဆောင်ရရင်လည်း အလွန်အမင်းပူလာတာကို တွေ့ရတယ်။ ငယ်ငယ်တုန်းက အိမ်က အဒေါ်တစ်ယောက် မီးပူတိုက်တာကို တရုတ်ကလာတဲ့ မီးခွေကို အသုံးပြုပြီး တိုက်နေတာ၊ မျက်စိရှေ့မှာတင် မီးခွေက အငွေ့တွေ ထွက်လာပြီး အရည်ပျော်သွားလို့ ပလက်ပေါက်ကနေ ချက်ချင်းဖြုတ်ပစ်ရဖူးတယ်။ အဲဒီလို ဖြစ်လာရင် မီးဘေးအန္တာရယ် ရှိပါတယ်။ အဲဒီတော့ heavy duty အလုပ်တွေ ဖြစ်တဲ့ မီးပူတိုက်ခြင်း၊ hot plate နဲ့ ကြိုးတွေ အများကြီးထိုးမယ်ဆိုလို့ရှိရင် တရုတ်မီးကြိုး extension အခွေများကို မသုံးဘဲ လုံခြုံစိတ်ချရတဲ့ အမျိုးအစားများကို သုံးသင့်ပါတယ်။ နောက်တစ်ချက်က မီးကြိုးတွေ ကို ပူးပြီး ချီထားခြင်းဖြစ်ပါတယ်။ မီးကြိုးတိုင်းဟာ အမျိုးအစားကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပူတတ်ပါတယ်။ အရေအသွေးညံ့ဖျင်းတဲ့ မီးကြိုးတွေကို ပူးထားလို့ကတော့ အရည်ပျော်ပြီး short circuit ဖြစ်ကာ မီးလောင်နိုင်ပါတယ်။
ဒုတိယအချက်ကတော့ မီးပျက်သွားရင် သတိထားဖို့ပါ။ လူတော်တော်များများက မီးအားမြှင့်စက်တွေ သုံးနေကြပြီး သတိနဲ့ သုံးတတ်လာပါတယ်။ အဲဒီတော့ အင်ဗာတာတို့ မီးအားမြှင့်စက်တို့ကနေ မီးလောင်ခြင်းများ နည်းပါးလာပါတယ်။ သို့သော် အိမ်တံခါးပိတ်ပြီး သွားရသည့်အခါမျိုး မီးကလည်း ညကတည်းက ပျက်နေသည့်အခါမျိုးတွင် မီးအားမြှင့်စက်ချဖို့ သတိမေ့နေတတ်ပါတယ်။ မီးအားမြှင့်စက်တွေက ပူလာပြီး မီးစလောင်နိုင်ပါတယ်။  နောက်တစ်ခါ မီးပျက်သွားတဲ့အခါမျိုးတွေမှာ မီးပူတွေကို ဖွင့်မထားမိဖို့ အထူးသတိထားသင့်တယ်။


လျှပ်စစ်မီးကို ဘယ်လိုသတ်မလဲ။

ကဲ ၀ါယာရှော့ ဖြစ်ပြီး မီးလောင်ပါပီတဲ့။ ကိုယ့်ရှေ့မှာ ဖြစ်နေတာ။ ကိုယ်သာ သတ်နိုင်ရင် အချိန်မှီ မပြန့်အောင် တားနိုင်သေးတယ်ဆိုရင် ဘာလုပ်မလဲ။ အထူးဂရု ပြုရမှာကတော့ ၀ါယာကနေစပြီး လောင်တဲ့မီးကို ရေမလောင်းဖို့ပါ။ မီးသတ်ကားကနေ ရေဖြန်းပြီး မီးငြိမ်းတယ်ဆိုတာက အဝေးကနေ သတ်တာလေ။ ကိုယ်က လည်း ရေစိုနေမယ်။ ၀ါယာဆီကိုလည်း ရေနဲ့ ပက်လိုက်မယ်ဆိုရင် ဓာတ်လိုက်နိုင်ပါတယ်။ ထို့ကြောင့် တိုက်တာအဆောက်အအုံများတွင် မီးသတ်ဆေးဘူးများ အဆင်သင့်ရှိဖို့ လိုလာပါတယ်။ မီးသတ်ဆေးဘူးသည်သာ အသင့်တော်ဆုံးပါ။ ဒါကြောင့် မီးသတ်ဆေးဘူးတွေကို ပုံမှန်စစ်ဆေးနေဖို့လည်း လိုတယ်။
အရင်ဆုံး မိန်းချထားပြီး လျှပ်စစ်မှန်သမျှကို ဖြတ်တောက်ရပါမယ်။ ဒါမှလည်း မီးလောင်စေတဲ့ အကြောင်းက ရပ်သွားမှာလေ။ လောင်လက်စမီးကို သတ်ရုံပဲ ကျန်တော့မယ်။  ရေနဲ့ သတ်ချင်ရင်တော့ ရပါတယ်။ လျှပ်စစ်ဓာတ်မရှိတော့ဘူး ဆိုတာ သေချာရင်တော့ ရေနဲ့ သတ်လို့ရပါတယ်။ ရေမရှိရင် သဲနဲ့ ပက်လည်းရပါတယ်။ မည်သည့် အရာဖြင့် မီးသတ်သည် ဖြစ်စေ မီညွှန့်ကို မသတ်ဘဲ မီးစလောင်သည့်နေရာ (အရင်း)ကို ဦးတည်ပြီး ပက်ဖျန်းရန် လိုအပ်သည်။ သို့မှသာ မီးသတ်ခြင်းအမှုသည် ထိရောက်မည် ဖြစ်သည်။

မိန်းကလည်း ချလို့မရ။ အနားတွင်လည်း သတ်စရာ ရေတို့ မီးတို့ မရှိပါက မည်သို့လုပ်မည်နည်း။

အနားတွင် လောင်ကျွမ်းနိုင်သည့် အရာမှန်သမျှကို မီးလွတ်ရာသို့ ဖယ်ထားသင့်သည်။ အထူးသဖြင့် လောင်စာဖြစ်စေ ဆီ ရှိပါက ဆီ ဗုံးများ gas အိုးများကို နေရာအရင် ရွေ့သင့်သည်။ မီးကို မည်သို့မျှ ငြိမ်းသက်ရန် မဖြစ်နိုင်ပါက မကြိုးစားတော့ဘဲ အသက် အန္တာရာယ် ကင်းရာသို့ ထွက်ပြေးသင့်ပါသည်။
Photo
By The IT Times Originally posted 15/03/2013 13:07PM
အရည်အချင်း ရှိတဲ့လူဆိုတာ ဘယ်လိုလူမျိုးကို ပြောတာလဲ။  လူတစ်ယောက်ရဲ့ အရည်အချင်းကို ဘာတွေနဲ့ တိုင်းတာသလဲ။ လူရယ်လို့ ဖြစ်လာရင် အရည်အချင်းရှိအောင် ကြိုးစားရမယ်။ ဒီစကားတွေဟာ လူတိုင်းလူတိုင်း ကြားဖူးနေကျ စကားတွေ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အရည်အချင်းကို အရေအတွက်နဲ့ တိုင်းတယ်လို့လည်း ပြောကြတယ်။ ဒီစကားဟာ အတိုင်းအတာ တစ်ခု အထိတော့ မှန်ပါတယ်။ လူအတော်များများဟာ ရုပ်ဝတ္ထုပစ္စည်း ပြည့်စုံခြင်းကို လိုလားကြတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကို ကြိုးစားပမ်းစား လိုက်နေကြရပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့အတွက် အရည်အချင်းရှိတဲ့လူတစ်ယောက်အဖြစ် သက်သေပြဖို့ လူသားတွေဟာ အရေအတွက်နဲ့ သက်သေပြဖို့ ကြိုးစားကြရပါတယ်။ လူတစ်ယောက်ရဲ့ ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှု အတိုင်းအတာကို ကြည့်ပြီး လူတစ်ယောက်ရဲ့ အရည်အချင်းကို ပတ်ဝန်းကျင်က ဆုံးဖြတ်ချက် ချကြပါတယ်။ ဒီလိုနဲ့ ကျွန်ုပ်တို့ လူ့အသိုင်းအဝိုင်းမှာ အရေအတွက် များခြင်းကို အရည်အချင်း ရှိခြင်းလို့ ယူဆလာကြပါတယ်။

ပညာတတ် ထမင်းငတ်

ကျွန်တော် ကြားဖူးတဲ့ တက္ကသိုလ်ဆရာ တစ်ယောက်ရဲ့ ဖြစ်ပုံဟာ ငိုအားထက် ရယ်အားသန်စရာ ဖြစ်နေပါတယ်။ အထက်မြန်မာပြည်မှာ ရှိတဲ့ တက္ကသိုလ် တစ်ခုက အစိုးရက ပေးထားတဲ့ ဝန်ထမ်းလိုင်းခန်းမှာ နေနေရတဲ့ လူပျိုလူလွတ်တစ်ယောက် ဖြစ်ပေမယ့် ဝန်ထမ်းလစာနဲ့ မလောက်မင ဖြစ်နေပါတယ်။ တစ်ခါက သူနေတဲ့ အဆောင်မှာ ရုပ်မြင်သံကြားစက်ကြီးဟာ အမြဲတမ်း လင်းနေတဲ့အတွက် တခြားသူတွေက ဘာဖြစ်တာလဲလို့ ဝိုင်းမေးကြတယ်။ ထိုအခါမှာ ဆရာက ကျွန်တော့် အခန်းမှာ မီးချောင်း ကျွမ်းနေတာကို အသစ် ဝယ်မတပ်နိုင်လို့ တီဗီကြီးကိုပဲ အမြဲ ဖွင့်ထားရတယ်လို့ ပြောပါတယ်။ နောက်ပြီး သူ့ဆီမှာ ထမင်းရော၊ ဟင်းရော ချက်ဖို့အတွက် ပေါင်းအိုးတစ်လုံးပဲ ရှိတယ်လို့ သိရတယ်။ ထမင်းချက်ပြီးတာနဲ့ ပေါင်းအိုးထဲက ထမင်းကို လှယ်ပြီး ဟင်းထပ်ချက်ရပါတယ်။ အဆိုးဆုံး ဖြစ်ရပ် တစ်ခုကတော့ တခြားမေဂျာက ကျောင်းသားတွေစုပြီး အလှူလုပ်တော့ သူ့သူငယ်ချင်း ဆရာတစ်ယောက်ကို မေတ္တာရပ်ခံပြီး ကျွန်တော် ခင်ဗျားတို့ အလှူလုပ်တဲ့ နေရာကို မယောင်မလည်နဲ့ ရောက်လာရင် ကျွန်တော့်ကို စားဖို့ ဖိတ်ပါလို့ အကူအညီ တောင်းလိုက်တယ်။ ပြီးတော့ အဲဒီ အလှူလုပ်တဲ့ နေရာကို သွားပြီး ရှေ့ကနေ ဖြတ်လျှောက်ပြလိုက်တာနဲ့ သူ့သူငယ်ချင်း ဆရာက ဟာဆရာ ကြွပါဆိုပြီး အထဲကို ဖိတ်လိုက်ပါတော့တယ်။ အမှန်တော့ တက္ကသိုလ် ဆရာတစ်ယောက် ဖြစ်လာဖို့ အပင်ပန်း အဆင်းရဲခံပြီး ပညာတွေသင်၊ လိုအပ်တဲ့ အရည်အချင်းတွေ အများကြီး ဖြည့်ရပါတယ်။ ဒါပေမဲ့ ပညာတတ်ပြီး ထမင်းမဝတဲ့ သူတွေလည်း အများကြီး ရှိနေပါတယ်။

ပညာတတ်ကြီး မဟုတ်ပေမယ့်

နောက်ထပ် ဇာတ်လမ်းတစ်ခု ပြောပြချင်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်း ကတည်းက သိနေတဲ့ ကျောင်းပညာ ရှစ်တန်းအထိလောက်သာ တတ်ပြီး အခုချိန်မှာတော့ တိုက်တွေ ကားတွေနဲ့ လုပ်ငန်း တစ်ခု အခိုင်အမာ ပိုင်ဆိုင်နေတဲ့သူတစ်ယောက် ရှိပါတယ်။ သူဟာ အတန်းပညာ မည်မည်ရရ မတတ်ပေမည့် သူဟာ အလုပ်ကို ရိုးရိုးသားသား ကြိုးစားတယ်။ အသောက်အစား၊ အပျော်အပါး လိုက်စားခြင်း ကင်းတယ်။ အစကတော့ သူဟာ သာမန် အစိုးရဝန်ထမ်းလေး တစ်ယောက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ တာဝန်အရ မြို့သစ်တစ်ခုမှာ ရေတွင်းတူးပေးရတဲ့ အဖွဲ့တစ်ဖွဲ့ထဲမှာ တာဝန် ထမ်းဆောင်ရပါတယ်။ ရေတွင်းတူးတဲ့ အလုပ်ဟာ နေပူမရှောင်၊ မိုးရွာမရှောင် ရွှံ့ထဲ၊ ဗွက်ထဲမှာ တစ်နေကုန် ရုန်းကန်နေရတဲ့ အလုပ်တစ်ခု ဖြစ်တာကြောင့် တော်ရုံတန်ရုံ ဇွဲနဲ့ လုပ်နိုင်တဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားပမ်းစား လုပ်ပါတယ်။ သူ့မှာ အိမ်ပိုင် မရှိပါဘူး။ သူ့မိသားစုကို ရေတွင်းတူးတဲ့ အလုပ်နဲ့ပဲ ရှာကျွေးပါတယ်။ နောက်ပိုင်း ရေတွင်းတူးတာ ကျွမ်းကျင်လာတဲ့အတွက် ကိုယ်ပိုင် လုပ်ငန်းတစ်ခုအဖြစ် တည်ထောင်ပြီး အလုပ်ကို တစိုက်မတ်မတ်နဲ့ ကြိုးစားလိုက်တာ ၁၀ နှစ်တောင် မကြာဘူး ကိုယ်ပိုင် ခြံဝင်း တိုက်တာနဲ့ ကားကို ဝယ်နိုင်တဲ့အပြင် သူနေတဲ့ မြို့မှာ ရေတွင်းတူးတဲ့ လုပ်ငန်းကို ပိုင်ဆိုင်ထားတဲ့လူ တစ်ယောက် ဖြစ်လာပါတော့တယ်။

ပညာ အများကြီး တတ်စရာ မလိုဘူးလား

အထက်မှာ ဖော်ပြခဲ့တဲ့ ဥပမာ နှစ်ခုကို ကြည့်ပြီး ဘဝမှာ ပညာတွေ အများကြီး မတတ်ပေမယ့် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုကိုသာ တတ်ထားရင် ကြီးပွားနိုင်တယ်ဆိုတဲ့ အတွေးမျိုး ဝင်ကောင်း ဝင်လာနိုင်ပါတယ်။ ပညာတွေ အများကြီး တတ်လို့ ဆင်းရဲတာလို့လည်း တွေးကောင်း တွေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ သိထားရမှာက လူ့ဘဝမှာ ကိုယ်ရှာတာ ကိုယ်ရမှာပဲဆိုတာပါပဲ။ ပညာရှာရင် ပညာပဲ ရမှာပေါ့။ ငွေရှာရင် ငွေပဲ ရမှာပေါ့။ ပညာရှိတိုင်း ငွေရှိမယ်လို့ ပြောလို့ မရသလို ငွေရှိတိုင်းလည်း ပညာရှိဖို့ မလွယ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး တစ်ခါက သူငယ်ချင်းတစ်ယောက်က မှတ်ချက်ပေးဖူးတယ်။ ဘဝမှာ ချမ်းသာဖို့ ပညာတွေ အများကြီး တတ်စရာ မလိုဘူးလို့ သူက ဆိုပါတယ်။ ဒီစကားဟာ သူ့တစ်ယောက်တည်းအတွက် သို့မဟုတ် လူတစ်ယောက်တည်းအတွက်ဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့ လူမျိုး အတွက် ဆိုရင်တော့ မှားတယ်။ တိုင်းပြည်တစ်ပြည်မှာ နေထိုင်ကြတဲ့ လူတိုင်း လူတိုင်းဟာ ကိုယ့်အတွက်ပဲ ကိုယ်လုပ်နေမယ်ဆိုရင် တက္ကသိုလ်တွေ၊ ကျောင်းတွေဆိုတာ မလိုအပ်တော့ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ကတော့ ကိုယ်ကျိုးစီးပွားကိုပဲ ရှေ့တန်းတင်တဲ့သူတွေနဲ့ဆိုရင် မဖြစ်ပါဘူး။ ကိုယ့်ရဲ့ အကျိုးစီးပွားကို အနစ်နာခံပြီး တိုင်းပြည်အတွက် ပေးဆပ်သူတွေ အမြောက်အမြား ရှိဖို့ လိုအပ်ပါတယ်။ လူတစ်ယောက် ထမင်းရှာစားဖို့ သို့မဟုတ် ချမ်းသာဖို့ ပညာတွေ အများကြီး တတ်စရာ မလိုပေမယ့် တိုင်းပြည် တိုးတက်ဖို့အတွက်တော့ ပညာတတ်တဲ့သူတွေ အများကြီး လိုအပ်ပါတယ်။

အရည်အချင်း ပျက်ခြင်း

ကျွန်တော် ငယ်စဉ်ကတည်းက ဘဝင်မကျတဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ အကျင့်တစ်ခု ရှိပါတယ်။ ရပ်ကွက်ထဲမှာ မုန့်ဟင်းခါး ရောင်းတဲ့ ဆိုင်တစ်ဆိုင်ဟာ အရသာကောင်းလို့၊ ဆက်ဆံရေးကောင်းလို့ ရောင်းကောင်းလာပြီဆိုရင် အဲဒီဆိုင်ဟာ မကြာခင် အရောင်းထိုင်းသွားတော့တာပါပဲ။ ရောင်းအား တက်လာပြီဆိုကာမှ အရသာကို မထိန်းတော့ဘဲ အမြတ်များများရအောင် မုန့်ဟင်းခါးကို ရေထိုးပါတယ်။ ဖောက်သည် များလာတဲ့အတွက် ဖောက်သည်တွေကို စိတ်ကျေနပ်အောင် ဝန်ဆောင်မှု မပေးနိုင်တော့ပါဘူး။ ဒီလိုနဲ့ တဖြည်းဖြည်း အဲဒီဆိုင်ကို လူကြိုက်နည်းလာပါတော့တယ်။ ဒီလို ဖြစ်အင်မျိုးကို နေရာတိုင်းမှာလိုလို တွေ့နေရတယ်။ အရည်အချင်းနဲ့ အရေအတွက်ဟာ အမြဲတမ်း ဒွန်တွဲလို့ မရတဲ့ အရာတစ်ခုလို ဖြစ်နေတယ်။ ဖြစ်သင့်တာကတော့ လူတိုင်းလူတိုင်းဟာ ဘဝတစ်လျှောက်လုံး ကိုယ်ရဲ့ အရည်အချင်း တိုးတက်ဖို့ အတွက်ပဲ ကြိုးစားသင့်ပါတယ်။ ဒီနေရာမှာ အရည်အချင်း တိုးတက်တယ်ဆိုတာ ပညာ အရည်အချင်း တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ စီးပွားရေး၊ လူမှုရေး စတဲ့ ရေးရာတွေမှာလည်း ကိုယ်ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ အမြဲတမ်း တိုးတက်နေဖို့ ကြိုးစားရပါမယ်။ နောက်ထပ် အရေးကြီးတဲ့ တစ်ချက်က လူတွေဟာ ငွေအတွက် အလုပ်လုပ်ရင်း ကိုယ်ရဲ့ အရည်အချင်းတွေ တက်လာသလို၊ ငွေနောက်ပဲ လိုက်နေတဲ့ အတွက်ကြောင့် ကိုယ်ရဲ့ အရည်အချင်းတွေ ပျက်သွားတာလည်း ရှိပါတယ်။ နောက်ပြီး လူတစ်ယောက်မှာ တော်တဲ့ အရည်အချင်းတွေ အများကြီး ရှိနေပေမယ့် အကျင့်ဆိုး တစ်ခုသာ ရှိနေရင် ဘဝပျက်ဖို့ လုံလောက်နေပါပြီ။ ဒါကြောင့် ကိုယ့်မှာ အရည်အချင်းကောင်းတွေ အများကြီး ရှိတာလို့ဆိုပြီး ကိုယ့်ရဲ့ ညံ့ဖျင်းတဲ့ အကျင့်ဆိုးကို လျစ်လျူမရှုသင့်ပါဘူး။

စိတ်ဓာတ် ကောင်းဖို့လည်း လိုတယ်

အရပ်ထဲမှာ လူတွေ ပြောနေကြတာကို အရည်အချင်းနဲ့ အရေအတွက်ဟာ ဒွန်တွဲမနေဘူးဆိုတဲ့ စကားဟာ မမှန်ပါဘူး။ တကယ် အရည်အချင်းရှိတဲ့ လူတစ်ယောက်ဟာ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ အရည်အသွေးကို ကောင်းသထက် ကောင်းအောင် ကြိုးစားရသလို အရည်အသွေး ကောင်းတဲ့ အရာတွေ အရေအတွက် များလာဖို့လည်း ကြိုးစားသင့်ပါတယ်။ အရေအတွက်ကြောင့် အရည်အသွေးကို အထိခိုက် မခံချင်ဘူးဆိုရင် ကိုယ်ရဲ့ စိတ်ဓာတ်ကို ဘယ်အရာကြောင့်မှ မပျက်စီးစေဘဲ ကောင်းမွန်အောင် ထိန်းသိမ်းထားသင့်ပါတယ်။ ကောင်းမွန်တဲ့ စိတ်ဓာတ်ကို ထူထောင်ထားပြီး အရည်အချင်းနဲ့ အရေအတွက် ဒွန်တွဲနေအောင် ဆောင်ရွက်သင့်ပါတယ်။ ဆိုလိုတာက ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ စေတနာအပြည့် ထားပြီးလုပ်ရင် အရည်အသွေးရော အရေအတွက်ပါ တိုးတက်လာနိုင်ပါတယ်။

ဘဝမှာ အရေးကြီးဆုံးအရာ

လူတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးတာတွေကတော့ အများကြီးပါပဲ။ စားဝတ်နေရေးကတော့ ပထမ အရေးကြီးဆုံး အရာတွေပေါ့။ အဲဒီ စားဝတ်နေရေးကို ဖန်တီးဖို့အတွက် လူတစ်ယောက်မှာ အရည်အချင်း ရှိဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ စားဝန်နေရေး တစ်ခုတည်းအတွက် အသက်ရှင်နေတယ်ဆိုရင် တိရစ္ဆာန်တွေနဲ့ ဘာခြားဦးမှာလဲ။ ထမင်းစားဖို့ အသက်ရှင်နေတာထက် အသက်ရှင်ဖို့ ထမင်းစားတာပဲ ဖြစ်သင့်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ စားဝတ်နေရေးထက် ပိုအရေးကြီးတာက ဂုဏ်သိက္ခာပဲ ဖြစ်ပါတယ်။ စားဖို့ အသက်ရှင်နေတာထက် ဂုဏ်သိက္ခာအတွက် အသက်ရှင်နေတာ ပိုပြီး မြင့်မြတ်ပါတယ်။ ဂုဏ်သိက္ခာ မရှိဘဲ ပြည့်ပြည့်စုံစုံ နေနေရတဲ့ ဘဝထက် ဂုဏ်သိက္ခာရှိရှိ ငတ်သေရတဲ့ ဘဝက ပိုပြီး မြင့်မြတ်ပါတယ်။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ငွေကြေး ဥစ္စာဓနတွေနဲ့ တိုင်းတာလို့ မရပါဘူး။ ဂုဏ်သိက္ခာရှိတဲ့သူတွေကို လူတွေက လေးစားကြတယ်။ လူတစ်ယောက် ပိုင်ဆိုင်တဲ့ ဥစ္စာဓနဆိုတာဟာလည်း အများအတွက်သာ မဟုတ်ခဲ့ရင် ပိုင်ဆိုင်သူကို စိတ်ပူလောင်မှုတွေပဲ ဖြစ်နေစေမှာပါ။ လူတစ်ယောက်ဟာ ရုပ်ဝတ္ထု ပိုင်ဆိုင်မှု အရေအတွက်တွေ တိုးလာဖို့အတွက် ဂုဏ်သိက္ခာကို မစွန့်လွှတ်သင့်ပါဘူး။ ကိုယ်ကျင့်တရား ကောင်းအောင် မကြိုးစားဘဲနဲ့ ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ တကယ်တော့ လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ သူရဲ့ ကိုယ်ကျင့်သိက္ခာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူတိုင်း လူတိုင်းဟာ ကောင်းမွန်တဲ့ ကိုယ်ကျင့်သိက္ခာပေါ်မှာပဲ ဘဝအတွက် လိုအပ်ချက်တွေကို တည်ဆောက်သင့်ပါကြောင်း တိုက်တွန်းရင်း...။
 
မောင်လင်းသန့်
ဧပြီ ၁ ရက်တွင် ရောင်းချမည့် ဖုန်းဆင်းကတ်တစ်ခု၏တန်ဖိုးမှာ ကျပ်တစ်သောင်းအောက် ထောင်ဂဏန်းမျှသာရှိမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု ဦးစိုးသိန်းပြောကြောင်း သတင်းများ ထွက်ပေါ်နေမှုအပေါ် ၄င်းက”ကျပ် နှစ်သောင်းနဲ့ ရောင်းမယ်ဆိုတာ မပြောခဲ့ပါဘူး။ အလွန်နည်း တဲ့ ဈေးနှုန်းနဲ့ပဲ ရောင်းမယ်လို့ပဲ ပြောခဲ့တာပါ။ ဈေးနှုန်းကို ထည့်မပြောခဲ့ပါဘူး။ ကျွန်တော်တို့ စီစဉ်ထားတာကဂဏန်းလေးလုံး ပမာဏလောက်နဲ့ ရောင်းပေးဖို့ လုပ်ထား တာပါ” ဟု ၄င်းက ပြောသည်။
ယင်းအပြင် ဖုန်းများရောင်းချပေး မည့်ရက်ကိုလည်း ဧပြီ ၁ ရက်ဟု ထပ်မံ အတည်ပြုပြောကြားခဲ့ပြီးဈေးနှုန်း အတိအကျကို အများပြည်သူသိရှိစေရန် တာဝန်ရှိသူများမှ တရားဝင်ထုတ်ပြန် ကြေညာပေးလိမ့်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
အဆိုပါ မိုဘိုင်းဖုန်းဈေးနှုန်းများ နှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ”ဖုန်းဈေးနှုန်း သတ်မှတ်တာကို ကျွန်တော်တို့ မလုပ်ပါဘူး။ အရင် တုန်းကတော့ ဘယ်ဈေးနဲ့ရောင်းမယ်ဆိုတာ အထက်ကို အဆိုပြုရတယ်။ အခုတော့ အထက်က ချပေးတဲ့ ပုံစံအတိုင်း အလုပ် လုပ်နေရတာပါ။ ဒါကြောင့် ဈေးနှုန်းကတော့ အထက်ကပဲ သတ်မှတ်မှာပါ” ဟု ပြောသည်။
ယင်းသို့ မိုဘိုင်းဖုန်း နှုန်းထားမှာ ထောင်ဂဏန်းအဆင့်သာ ရှိမည်ဆိုပါ က ဖုန်းသုံးစွဲနိုင်သည့် ပမာဏမှာ ရောင်းချမည့်အရေအတွက် အပေါ်သာ မူတည်သွားမည်ဖြစ်ပြီး သုံးစွဲသူများမှာ ဝယ်ယူရန် အဆင်သင့်အနေ အထားတွင် ရှိနေမည်ဖြစ်ကြောင်း၊ ၄င်းအပြင်တန်ဖိုး မြင့်ဟန်းဆက်များကိုပါ ကိုင်ဆောင် နိုင်ကြမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်း အရောင်းအဝယ် ကျွမ်းကျင်ပညာရှင် များက သုံးသပ်သည်။
”ဆင်းကတ် ဈေးနှုန်းနည်းရင် ဟန်းဆက်မြင့်တာ ကိုင်နိုင်မယ်။ ဆင်းကတ်ဈေးနှုန်းမြင့်ရင် ဟန်းဆက် နိမ့်တာကိုင်နိုင်မယ်။ အဓိကတော့ အစိုးရအနေနဲ့ ထောင် ဂဏန်းနှုန်းနဲ့သာ အမှန်တကယ် ရောင်းချမယ်ဆိုရင် နိုင်ငံတကာနဲ့ ကျွန်တော်တို့ ယှဉ်နိုင်ပါပြီ” ဟု မိုဘိုင်းဆားဗစ်နှင့် ဝယ်ရောင်းပညာရှင် ကိုသီဟက ပြောသည်။
လက်ရှိတွင် မိုဘိုင်းဖုန်း ဈေး နှုန်းများနှင့် ပတ်သက်၍ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက် များအပေါ် နိုင်ငံတော် သမ္မတကြီး ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ထောက်ခံမှု များ ပြုလုပ်ထားကြောင်း သိရသည်။
ref :popularmyanmar
ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်နဲ့ မြောက်ဦးမြို့တွေမှာ ခွင့်ပြုချက် မရဘဲ မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့ကြတဲ့  ဆန္ဒပြပွဲ ဦးဆောင်သူတွေကို ရဲတပ်ဖွဲ့က တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
Sittwe-protestသူတို့ဟာ ဇွန်လနဲ့ အောက်တိုဘာလ အတွင်းက အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို နိုင်ငံတကာရဲ့ အကူအညီနဲ့ လုံးချင်းအိမ်ယာတွေ ဆောက်လုပ်ပေးမယ့် အပေါ် မတ်လ ၇ ရက်နေ့က ကန့်ကွက် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
Sittwe-protest
အဲဒီ ဆန္ဒပြပွဲတွေကို ပြုလုပ်ရတာကတော့ နိုင်ငံသား ဟုတ်မဟုတ်ကို မစိစစ်ဘဲ အိမ်ယာ တည်ဆောက် ပေးရင် နိုင်ငံသား အဖြစ် အလိုအလျောက် အသိအမှတ်ပြုရာ ရောက်သွားနိုင်တဲ့ အတွက် ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေအရ စိစစ်ပြီးမှ အိမ်ယာတွေ တည်ဆောက်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်တယ် လို့ သိရပါတယ်။
စစ်တွေမြို့မှာ ဦးဆောင်သူတွေ အထဲက ဦးကျော်ဇောဦးနဲ့ ဒေါ်မညိုအေးတို့ နှစ်ဦး ကို ဆန္ဒပြပွဲ ပြုလုပ်အပြီး ညနေပိုင်းမှာ အမှတ် (၁) ရဲစခန်းက ခေါ်ယူသွားခဲ့ပြီး ခေတ္တ ထိန်းသိမ်းခဲ့တယ်လို့ ပြောပါတယ်။
နောက်ပိုင်းမှာ ခံဝန်ချက်နဲ့ လွှတ်ပေးလိုက်ပေမယ့် တရားစွဲဆိုမယ်ဆိုတဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဦးကျော်ဇောဦးကိုတော့ အိမ်မှာ ရှိနေစဉ် ညနေ ၇ နာရီခန့်မှာ စစ်တွေ အမှတ် ၁ ရဲစခန်းကို ခေါ်ယုသွားခဲ့ပြီး ထိန်းသိမ်းတဲ့ သဘောမျိုး ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာ ရဲတာဝန်ရှိသူက ခံဝန်ချက် လုပ်ရမယ်ဆိုပြီး ခံဝန်ချက် လုပ်ကာ နောက်ပိုင်းမှာ လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။
သူနဲ့ အတူ ပါလာတဲ့ မိတ်ဆွေ နှစ်ဦးက ခံဝန်ချက် လက်မှတ်ရေးထိုးပေးခဲ့ရတယ်လို့ ဦးကျော်ဇောဦးက ပြောပြပါတယ်။
စစ်တွေမှာ ဆန္ဒပြပွဲကို ရခိုင်အမျိုးသား ကွန်ယက်၊ စစ်တွေ မြို့မိမြို့ဖ အဖွဲ့၊ အမျိုးသမီးကွန်ယက်၊ ရဟန်းတော် အဖွဲ့ စတဲ့ အဖွဲ့တွေရဲ့ သဘောတူညီချက်နဲ့ လုပ်တာ ဖြစ်တယ်ဆိုတာကို  သက်ဆိုင်ရာ ရဲတာဝန်ရှိသူတွေက အသေးစိတ် သိရှိတဲ့ အတွက် သူတို့ နှစ်ဦးမှာဘဲ အပြစ်ရှိတယ်လို့ ရဲတာဝန်ရှိသူတွေက မယူဆကြဘူးလို့ ဆိုပါတယ်။
အလားတူ ကျောက်တော်မြို့ ရှမ်းရွာ ရပ်ကွက်မှ ဦးမောင်သိန်းနိုင်၊ ဦးမောင်ဝင်း၊ မြို့သစ် ရပ်ကွက်မှ ဒေါ်လှမေ၊ ရွာမရပ်ကွက်က ဒေါ်တင်တင်အေး တို့ လေးဦးကိုလည်း အဲဒီ ဆန္ဒပြတဲ့ ညနေပိုင်းမှာ ရဲစခန်းကို ခေါ်ယူပြီး တရားစွဲဆိုသွားမယ့် အကြောင်း ပြောဆိုခဲ့တယ်လို့ ဦးမောင်ဝင်းက ပြောဆိုပါတယ်။
ကျောက်တော်မြို့ ဆန္ဒပြပွဲမှာ  လူပေါင်း ၂၀၀၀ ကျော်ပါဝင်ခဲ့ပြီး ဒေသအတွင်းက နိုင်ငံရေး ပါတီတွေ၊ လူမူ အဖွဲ့အစည်းတွေက ဦးဆောင်ပြုလုပ်တာ ဖြစ်ပြီး ရဲစခန်းမှူးက ဦးဆောင်သူတွေကို ဖုံးနဲ့ အကြောင်းကြားပြီး ရဲစခန်းကို ခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းကို ရောက်တော့ သူတို့ လေးဦးကို လက်မှတ်တွေ ရေးထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲသလို လက်မှတ် ထိုးနေစဉ်မှာ မြို့ပေါ်က လူ ၂၀၀ ကျော်ခန့် ရဲစခန်းကို ၀ိုင်းအုံလာတဲ့ အတွက် လိုအပ်တဲ့ အချိန်မှာ ပြန်ခေါ်မယ်ဆိုပြီး ပြန်လည် လွှတ်ပေးခဲ့တယ်လို့ ဦးမောင်ဝင်းက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရရဲ့ သဘောထားကို သိရှိနိုင်အောင် ပြည်နယ် ပြန်ကြားရေး ဌာန အတွင်းရေးမှူး ဦးဝင်းမြိုင်ကို မေးကြည့်တဲ့ အခါ ဒီကိစ္စက ရဲနဲ့ သက်ဆိုင်တဲ့ အတွက် ရဲမှူးကို မေးရင် သိနိုင်တယ်လို့ ပြောပြီး သူတို့ဆီကို တစ်စုံတစ်ရာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းကြားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ref : http://burmese.bnionline.net/index.php/news/
ခုတလော မောင်သစ်တို့ ရဲ့ ဟိုမရောက် ဒီမရောက် မယောင်ရာဆီလူး တဲ့
ဖြစ်ကတက်ဆန်း ဖွဲ့စည်းပြီး မည်သူမှ အသိမှတ်မပြုသည်ဖြစ်စေ ကိုယ့်ဘာသာကိုယ် ဘွဲ့တံဆိပ်
အပ်နှင်းထားတဲ့ ဒေါက်တိုမောင်သစ် အထွေထွေဆန္ဒပြပွဲ ကော်မတီ၏ ရှေ့ဆက်
ဆန္ဒပြသွားမယ့် ဆန္ဒပြပွဲ ပွဲစဉ်များနှင့် အစီအစဉ်များအား
ကြေညာအပ်ပါသည်။ :P
များမကြာမှီ အချိန်အတွင်းက ထောင်ထွက်အဆံချောင်
ဘုန်းကြီးတစ်ပါး နှင့် လက်ဝါးကြီးအုပ်ဂုတ်သွေးစုပ်
စီးပွားရေး သမား တို့ ပူးပေါင်းကာ ၉၆၉ ဟု
ဘာသာရေး ခုတုံးလုပ် စီးပွားရေး အမြတ်ထုတ်မည့်
အကြံအစည်အား ထောက်ခံအားပေးသည့်
ဆန္ဒပြပွဲအား မြန်မာတစ်ပြည်လုံးရှိ
အိမ်ခြေရာမဲ့ အလုပ်မရှိအကိုင်မရှိ
လမ်းဘေးနေလမ်းဘေးနားစား
ပြည်သူများ အားလုံး
(နေ့စားဖြင့်)
မရပ်မနား အော်ဟစ်ဆန္ဒပြမည် ဖြစ်ပြီး
၉၆၉ တံဆိပ်ကပ်ထားသော ဆိုင်များတွင် ဈေးမ၀ယ်ပါက
ဝိုင်းပြီး ဆွမ်းကြီးလောင်းမည်ဟု ဘုကွကျကျ အတိအလင်း
နိုင်ငံမပိုင် ဖွဘုတ် သတင်းများတွင် ဆဲဆိုရမ်းကား ရေးသားထားပါသည်။ :P
အကယ်၍ ၉၆၉ ဆိုင်များတွင် စားသောက်ကုန် ၀ယ်စားသူများ စားမကောင်းသည်ရှိသော်
လူသုံးကုန် ပစ္စည်းအရောင်းဆိုင်များတွင် ဈေးများသည်ရှိသော်
အရောင်းဆိုင်၏ ဆက်ဆံရေး ညံ့ဖျင်းခဲ့သည် ရှိသော်
၉၆၉ အဖွဲ့အစည်းဖြင့် လုံးလုံးသက်ဆိုင်မှု မရှိပဲ ကိုယ်ဖြစ်ကိုယ်ခံဟု
စည်းကမ်းသက်မှတ်ထားကြောင်းသိရှိရပါသည်။ :P
အဆိုပါ သက်မှတ်ထားသော ၉၆၉ ဆိုင်များတွင် ညံ့ဖျင်းလွန်းလှသဖြင့်
အပြောချိုသာယဉ်ကျေး ဈေးသက်သာသော ပစ္စည်းမှန်သော ၇၈၆ ဆိုင်များတွင်
ဈေးဝယ်ခဲ့သည် ရှိသော ထောင်ထွက်လက်မရွံ ဘုန်းကြီးလူမိုက်များမှ
မထင်ရင် မထင်သလို ဆွမ်းကြီးဝိုင်းလောင်းမည်ဖြစ်ကြောင်း
တိုးတိုး တိတ်တိတ် ၀န်နင် ပေးထားပြီး ဖြစ်ကြောင်း
နိုင်ငံမပိုင် အဆဲအဆိုရပ်ဝန်း သတင်းဌာန မှ တဆင့် ပြန်လည်သိရှိရပါသည်။ :P
နောက်ဆက်တွဲ ဆန္ဒပြပွဲ သတင်းများအရ လွှတ်တော်အတွင်း ၀င်ရောက်နေသော မုတ်ဆိတ်များနှင့်
နိုင်ငံတော် အတွင်း ရှိနေသော် မုတ်ဆိတ်များအား အမြင်မကြည် ကြောက်ရွံထိတ်လန့်သော
ပုဒ်မ ဖြင့် ဆေးလိပ်မသောက်ရ ဧရိယာ များ ကဲ့သို့ မုတ်ဆိတ်မထားရ ဧရိယာများ သက်မှတ်ပေးဖို့
လွှတ်တော် အတွင်း တင်ပြ ခြင်း ရင်ဖွင့်ခြင်း များ အစဉ်မပျက် ပြုလုပ်သွားမည်ဖြစ်ကြောင်း (သည်းခံတော်မူဘာ) :P
သိရှိရသည့် အပြင် ဖွဘုတ် သတင်းရပ်ဝန်းမှ ဘာသာရေး အစွန်းရောက်များမှ 
ဒေါက်တာဆိတ်ဖွားသည်လဲ မုတ်ဆိတ်ကုလား ဖြစ်နိုင်ကြောင်း မျက်ကန်းသတင်းများတွင်
ဖော်ပြခဲ့သည့်အပြင် မွေးမြူရေးခြံများအတွင်းမှ ဆိတ်များအားလဲ DNA စစ်ဆေးပြီး နိုင်ငံသား ဟုတ်မဟုတ်
စစ်ဆေးပြီးမှ စားသုံးသင့်ကြောင်း အဘယ့်ကြောင့် ဆိုသော် မုတ်ဆိတ်ပါရှိသောကြောင့်
ရိုဟင်ဂျာ များ ၏ ဥာဏ်နီဥာဏ်နက်ဖြင့် ကျူးကျော်လာခြင်းလောဟု
၎င်းတို့၏ ဖြုတ်သာသာ ဦးနှောက်များဖြင့် စဉ်းစားတွေးခေါ်ရင်း စိတ်ပူလျက် ရှိကြကုန်၏
နောက်တဖန်လဲ ခရစ်စမတ် ဘိုးဘိုးကြီးသည် မုတ်ဆိတ်ပါသော ကြောင့် ရိုဟင်ဂျာ ဘင်္ဂါလီ ဂိုဏ်းချုပ်ဖြစ်နိုင်ကြောင်း
အမေရိကန် သမ္မတ အိုဘားမဲ ထံ တိုင်ကြားစာများ ပေးပို့ရန် အမျှော်အမြင်ကြီးစွာဖြင့်
စီစဉ်ဆောင်ရွတ်လျက်ရှိကြောင်း သိရှိရလေသည်။ :P
နောက်ဆုံးရ သတင်း အနေဖြင့် တရုတ် ဂျပန် ထိုင်း ကိုရီးယား စားသောက်ဆိုင်များအတွက်ကိုလဲ ၉၆၉ ကဲ့သို့
အခါကြီး အတိတ်နမိတ်ကြီး ကိန်းဂဏန်းများဖြင့် ဖွင့်ဖို့ ဆန္ဒပြ နှိုးဆော်သွားမှာဖြစ်ပြီး
ရောသမမွေ ကိန်းဂဏန်းအကြီးစားရဖို့ ပုဒ်မကြီးကြီးဖြင့် ထောင်ပြေးများဖြင့် ပေါင်းကာ
သာသနာဖျက်မယ့် အမှိုက်စား လူဂွစာ ဂိုဏ်းတစ်ခုတည်ဆောက်ဖို့အတွက်
ပြည်သူလူထုအား အားနေယားနေသမျှ ကာလ ပတ်လုံး
ကားလမ်းပိတ် မတက် ဆန္ဒပြ ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားပါမယ် ခင်ဗျာ.... :P
သစ်ဆန်းခန့်
ဘာကိုမျှ မရယ်ရွယ်ပါ စိတ်ထဲ ကလိကလိ ဖြစ်နေတာလေးကို ရေးချလိုက်တာ :P


photo
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုဆန္ဒပြနေသော လက်နက်မဲ့ပြည်သူများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းခဲ့သည့် ကိစ္စအပေါ် နိုင်ငံတော်သမ္မတကြီးထံတွင် တာဝန်ရှိသည်ဖြစ်၍ ယင်းကိစ္စအပေါ် နိုင်ငံတော်သမ္မတကြီးမှ ထိရောက်စွာ ဖြေရှင်းမပေးသေးသည့်အတွက် မကျေနပ်၍ ၂၀၁၃ ခုနှစ် မတ်လ ၄ ရက်နေ့ နေ့လယ် ၁း၃၀ နာရီတွင် မ၀င်းဌေး (ဆည်တည်းရွာ)၊ မရီရီဝင်း (ဆည်တည်းရွာ)၊ ကိုဇော်နိုင် (မိုးကြိုးပြင်ရွာ) တို့မှ ဦးဆောင်ပြီး ရွာသူရွာသားများက ဆားလင်းကြီးမြို့နယ် တရားရုံးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ တရားလိုများဘက်မှ ရှေ့နေ ဦးစောကျော်မင်းက အကြံပေးတိုင်ကြားခဲ့ပြီး ဆားလင်းကြီးမြို့နယ် တရားသူကြီး ဒေါ်ခင်ခင်ဆွေမှ ဤအမှုကို လက်ခံသည်/ လက်မခံသည်ကို မပြောလိုဘဲ ထူးခြားဖြစ်စဉ်အမှု ဖြစ်နေသောကြောင့် ဤအမှုအား လက်ခံ/လက်မခံကို မတ်လ ၁၁ ရက်နေ့ ရုံးချိန်းပေးလိုက်ကြောင်း သိရပါသည်။ အဆိုပါ ကိစ္စအပေါ် အာဏာပိုင်အဖွဲ့အစည်းများမှ အနှောင့်အယှက်မပေးသော်လည်း သတင်းမှတ်တမ်း ဓာတ်ပုံရိုက်သူများနှင့် ရွာသူရွာသား အမည်များအား လိုက်လံစုံစမ်းနေကြောင်း သိရှိရပါသည်။
http://www.burmavjmedia.net/?p=19725
ကော်ဖီ ကနေ စလို့ ချက်လက်မှတ်အဆုံး လူ့ဘ၀ နေ့စဉ်သုံးကိစ္စတွေမှာ မွတ်စလင် တို့ရဲ့ တီထွင်မှုတွေအများကြီးရှိနေပါတယ်။ အဲဒီအထဲက အနည်းငယ် ကို ထုတ်နုတ်တင်ပြလိုပါတယ်။

ကော်ဖီ
ခါလိဒ် အမည်ရှိတဲ့ အရဘ်တစ်ယောက်ဟာ အီသီယိုပီးယား တောင်ပိုင်း ကဖ်ဖာဒေသမှာ ဆိတ်ကျောင်းလေ့ရှိတယ်။ သူရဲ့ ဆိတ်တွေဟာ ဘယ်ရီသီးတစ်မျိုး ကို စားပြိးတဲ့နောက် ပိုပြီး တက်ကြွဖြတ်လက်တာလကို သတိထားမိတယ်။ သူ ဟာ ဒီအသီးကို ရေနဲ့ကျိုးပြီ ပထမဆုံး ကော်ဖီလုပ်ခဲ့တယ်။ ဒီလိုသောက်တဲ့ဓလေ့ဟာ အီသီယိုပီးယား ကနေ ယီမင်ကို ရောက်လာတယ်။ ဆူဖီတွေ တစ်ညဉ့်လုံးနိုးကြားပြီး အထူးဆုတောင်းပွဲတွေ မှာသောက်သုံးကြတယ်။
၁၅ရာစု နှောင်းပိုင်းလောက်မှာ မက္ကာ နဲ့တူရကီ အဲဒီကမှ ၁၆၄၅ ခုနှစ် မှာဗင်းနစ်ကို ရောက်တယ်။ အဲဒီကနေ မှ ၁၆၅၀ မှာ ပါစကွာရိုစီးလို့ တူရကီ အမည်ရှိဲ ကော်ဖီဆိုင်တစ်ခု လန်ဒန်မှာ ဖွင့်ခဲ့တယ်။ အရဗီလို ကဟ်ဝါ ၊ တူရကီလို ကဟ်ဗီ ကနေ အီတာလျံ လို ကဖေး ၊ အင်္ဂလိပ် လို ကော်ဖီ ဖြစ်လာတယ်။

ကင်မရာ
ရှေးဂရိ တွေက ကျွန်တော် တို့မျက်စိများက မြင်နိုင်ဖို့ လေဆာလို အလင်းတန်း တွေထုတ်လွတ်တယ်လို့ယုံကြတယ်။ အလင်းတန်း ဟာ မျက်စိ ထဲကိုဝင်သွားပြီး ထင်ကျန်ရစ်တယ်လို့ ပထမဆုံး သိနားလည်သူက ၁၀ရာစု မွတ်စလင် သိပ္ပံပညာရှင် နက္ခတ္တနဲ့ ရုပဗေဒပညာရှင် အိဗ်နုဟိုင်သမ်ပဲဖြစ်တယ်။ သူဟာ ပြတင်းတံခါး ရဲ့အပေါက်လေး ကနေ အလင်းတန်းဝင်လာတာကို သတိပြုမိပထမဆုံးပင်အပ် ပေါက်ကင်မရာကို တီထွင်ခဲ့ပါတယ်။ အပေါက်ငယ်လေ ပုံရိပ်ကောင်းလေ ဖြစ်လာတယ်။ သူကြိုးစားလုပ်ခဲ့ပြီး ပထမဆုံးကင်မရာကို တပ်ဆင်ခဲ့တယ်။ (အာရဗီလို ကမရ က အမှောင် သို့မဟုတ် ကိုယ်ပိုင်အခန်းလို့အဓိပ္ပါယ် ရပါတယ်။ ) ဒဿနအမြင်တစ်ရပ်ကို ရုပဗေဒ သဘောတရား အဖြစ်မြင့်တင်ခဲ့တဲ့ ပထမဆုံးသူ ဖြစ် သူ့ကို အသိအမှတ်ပြူထားကြတယ်။

စစ်တုရင်
စစ်တုရင် ဆိုတာ ရှေးအိန္ဒိယသားတွေ ကစားတာပါ။ ဒါကို ဖွံ့ဖြိုးတိုးတက်စေပြီး ဒီကနေ ကျွန်တော်တို့ကို သိစေတာက ပါရှား တွေပဲ။ ၁၀ရာစု လောက်မှာစပိန်တွေ က မိတ်ဆက်ပေးလို့ အနောက်ဖတ် ဥရောပကို ပျံ့နှံ့သွားတယ် ။ အဲဒီကနေ အရှေ့ဖတ် ဂျပန်အထိ ပျံနှံ့သွားတယ်။ စစ်တုရင်မှာ ရုခ် ဆိုတာ ပါရှားစကား အဓိပ္ပါယ်က နှစ်ဘီးတပ် စစ်ရထားဖြစ်တယ်။

ပျံသန်းခြင်း
ရိုက်ညီနောင် မတိုင်ခင် နှစ်ပေါင်းများစွာ ကတည်းက မွတ်စလင်ကဗျာဆရာ ၊နက္ခတ္တဗေဒပညာရှင် ၊ဂီတ ပညာရှင် ၊ အင်ဂျင်နီယာ  အဗာစ် အိဗ်နုဖိရ်နားစ် ဟာ ပျံသန်းနိုင်တဲ့ စက်ကရိယာ တည်ဆောက်နိုင်ဖို့ အကြိမ်များစွာ ကြိုးပမ်းများစွာ အားထုတ်ခဲ့ပါတယ်။ ၈၅၂ခုနှစ်မှာ သူဟာ ကော်ဒိုဗာ ဗလီကြီးရဲ့ မီနာရာ မျှော်စင်ပေါ်ကနေ သစ်နဲ့လုပ်ထားတဲ့ ဒေါက်တွေပါတဲ့ အကာကြီးနဲ့ခုန်ချခဲ့တယ်။ ငှက်တစ်ကောင်လို ပျံဝဲနိုင် မယ်လို့ ထင်ခဲ့ပေမဲ့ သူ မလုပ်နိုင်ခဲ့ဘူး။ ဒါမေပမဲ့ ဒီအကာကြီးက သူကျတာကို နှေးသွားစေခဲ့တယ်။ ဒဏ်ရာ အနည်း ငယ် ရခဲ့ပြီး လေထီးရဲ့ ရှေ့ပြေးပုံလုပ်နိုင်ခဲ့တယ်။ ၈၇၅ ခုနှစ် အသက် ၇၀ပြည့်မှာ ပိုပြည့်စုံတဲ့ စက်ကို လုပ်နိုင်ခဲ့တယ်။ ပိုးထည်နဲ့ လင်းယုန်တောင်တွေသုံးပြီး တောင်ပေါ်က ခုန်ချဖို့ နောက်တစ်ကြိမ်ကြိုးစား ခဲ့ပါတယ်။ သိသိသာသာ အမြင့်မှ ပျံဝဲပြီး ၁၀မိနစ်လောက်ပျံနိုင်ခဲ့တယ်။ နောက်တော့ မြေပြငကို ပြုတ်ကျ လာခဲ့ တယ်။ သူရဲ့စက်မှာ အမြီးမပါတဲ့အတွက် အဆင်းမှာ ခက်တယ်လို့ ကောက်ချက်ချခဲ့တယ်။ ဘဂ္ဂဒက် နိုင်ငံတ ကာ လေဆိပ်နဲ့ လပေါ်က ချိုင့်ကြီး တစ်ခုကို သူအမည် ပေးဂုဏ်ပြုခဲ့ပါတယ်။
ဆပ်ပြာ
ရေမိုးချိုးခြင်နဲ့ သန့်ရှင်း စင်ကြယ်စေခြင်းဟာ မွတ်စလင်တွေ အတွက် ဘာသာရေးအရ လိုအပ်ချက်တစ်ရပ်ဖြစ်တယ်။ ဒါဟာ ဒီကနေ ကျွန်တော်တို့သုံးစွဲနေကြတဲ့ဆပ်ပြာဖြစ်လာဖို့ လမ်းစပဲဖြစ်ပါတယ်။ ရှေးအီဂျစ်တွေဟာ ရောမ ဆံပင်တွေ အတွက် ဆီမွေးသုံးသလိုပဲ ဆပ်ပြာတစ်မျိုးကို သုံးကြတယ်။ ဒါပေမယ့် အရဗ်တွေ က ဟင်းရွက်ဆီ နဲ့ ဆိုဒီယမ်ဟိုက်ဒရောဆိုက်ကို ရောပြီး စမုံဖြူ လို မွေးကြိုတဲ့ရနံ့ထည့် ထားတယ်။ ၁၇၅၉ ခုနှစ် လောက်မှာ အင်္ဂလန် ဘရိုက်တန် ကမ်းခြေမှာ မဟ်မူဒ် ဆိုတဲ့ မွတ်စလင် တစ်ဦးက အိန္ဒိယ ရေနွေးငွေ့ ရေချိုးခန်းတစ်ခုကို ဖွင့်ခဲ့တယ်။ သူက ရှမ်ပူခေါင်းလျှော်ရည် ကို စတင်သုံးစွဲစေခဲ့တယ်။ ဂျော့ဂ်ျ ၄ နဲ့ ၀ီလျံ ၄ ဘုရင်လက်ထက်မှာ ရှမ်ပူဆာဂျင်အနေနဲ့ ခန့်အပ်ခံ၇တယ်။
ဖောင်တိန်
၉၅၁ခုနှစ်တုန်းက အီဂျစ်စူလ်တန် ဟာ စာရေးရင် လက်နဲ့ အကျီမှာ မင်မပေနိုင်တဲ့ စာရေးကိရိယာတစ်ခု လိုအပ်နေတာကြောင့် ဖောင်တိန်ပင်ကို တီထွင်နိုင်ခဲ့ပါတယ်။ အဒီမှာ မင်သိုလှောင်ဖို့နဲ့ ဆံမြည်မျှင်ပိုက်တို့ပါဝင်ပါတယ်။ ဆံခြည်မျှင် ပြွန်တစ်လျှောက် သတ္တိနဲ့ မြေဆွဲအားသုံးပြီ ကလောင်သွားဆီကို မင်ပို့ ပေးပါတယ်။

လေစွမ်းအင်
၆၄၃ ခုနှစ်တုန်းက ပါရှန်းတွေဟာ လေစွမ်းအင်ကို သုံးပြီး ဂျုံပြောင်း ကြိတ်စက်နဲ့ ရေတင်စက်ကို သုံးခဲ့ကြပါတယ်။ စမ်းချောင်းတွေ ၊ ခမ်းခြောက်သွားတဲ့ ရာသီမှာ လေစွမ်းအား ဟာ လပေါင်းများစွာ တစ်သမတ်တည်း တိုက်ခတ်နေတက်ပါတယ်။ စက်ကိုဖျင်စ၊ ဒါမှမဟုတ် ထန်းရွက် ၊နဲ့ ဒလက် ၆ခုမှ ၁၂ ခုအထိ လုပ်တက်ပါတယ်။ ဒါဟာ ဥရောပမှာ လေစွမ်းအင်သုံးစက်ကို မမြင်ရသေးမှီ နှစ်ပေါင်း ၅၀၀အရင်က တွေရတာပါ။
ကော်ဇော
အလယ်ခေတ် မွတ်စလင်တွေ ရက်လုပ်တဲ့ ကော်ဇော်တွေ ဟာ နတ်ဘုံနတ်နန်း တမျှ ခမ်းနားလှပါတယ်။ သူတို့ရက်လုပ်တဲ့ နည်းပညာကို ကျေးဇူးတင်မိပါတယ်။ အဆင့်မြင့်လှတဲ့ အစ္စလာမ့်ဒီိဇိုင်း နဲ့ ကနုတ်တွေကို တွေ့မြင် နိုင်ပါတယ် ။ ဒါနဲ့တစ်ချိန်တည်း ဥရောပမှာဆို အိမ်ကြမ်းပြင်ကို တန်ဆာမဆင်တက်ကြသေးပါဘူး။ အာရေဗျ နဲ့ပါရှား ကစတင်ပြီး ကော်ဇော်ခင်းဖို့ မိတ်ဆက်ပေးခဲ့တာပါ။
ပညာရှင်တစ်ဦးရဲ့ မှတ်တမ်းအရဆိုရင် အင်္ဂလန်မှာ ကြမ်းပြင်ကို ကျူတစ်မျိုးခင်းထားတယ်။ အခမ်းအနား ပွဲ တွေ မှာ အသစ်ခင်းတယ် ။ တစ်ခါတစ်ရံ ဆိုနှစ်ပေါင်း ၂၀ လောက် မလဲဘဲ ထားတယ်။ ရေ၀ပ်နေမယ် ၊ အ ညစ် အကြေး တွေကျမယ်။ မှိုင်းတွေ မီး ခိုးတွေ ၊ အရက် ၊ တွေနဲ့ပေါ့။ ကော်ဇော်တွေဟာ ဒါတွေ အားလုံး တစ်မု ဟုတ် ချင်း ပြောင်းလဲပစ်လိုက်တယ်
ချက်လက်မှတ်
ခေတ်သုံးချက်လက်မှတ်ဆိုတာ အရဗ်တွေ ဆီကလာတာပါ။ အရဗ်ကုန်သည် တွေ ဟာ ပစ္စည်းပို့ပြိး အန္တရယ်ရှိ တဲ့ နယ်ကိုဖြတ်ရရင် ငွေအစားချက်လက်မှတ် ကိုယူဆောင်သွားတက်ကြတယ်။ ၉ရာစု မွတ်စလင် လုပ်ဝန်းရှင် တွေဟာ တရုတ် ပြည်နဲ့ ကုန်ကူးသန်းတဲ့အခါ ချက်လက်မှတ်တွေကိုသုံးခဲ့ကြတယ်။
အပိုင်း ၂ ကိုဆက်လက်တင်ပြသွားပါမည်
(copy-mgnyinyilatt.blogspot.com)
menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ

ဆရာဝန်တစ်ဦးကစားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။ ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး
တင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။

"လိပ်ခေါင်းရှိသလား!"

ဆရာဝန်စကားကိုစားပွဲထိုးပြန်ဖြေလိုက်တာက "ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ"ဟူတည်း။



ချက်တုန်း

ယောက်ျား။ ။ မိန်းမရေ ချက်လို့မပြီးသေးဘူးလား ဗိုက်ဆာလာပြီနော်။
မိန်းမ။ ။ ချက်(chat) ပြီးတော့မှာပါတော်။ ဒီတစ်ယောက်နဲ့ စကားပြတ်ရင်..
ယောက်ျား။ ။ (..) ????



ပိုမူးအောင် လုပ်နေလို့

အရက်မူးနေသူ တစ်ယောက်က ဆိုင်ရှင်ကို ပြောလိုက်သည်။
“ ကျွန်တော် ခင်ဗျား ဆိုင်မှာ သောက်တာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒါပေမယ့် မနက်ဖြန်က စပြီး မလာတော့ဘူးဗျာ ”
“ ကျွန်တော့် ဆိုင်က အရက်မကောင်းလို့လား၊ ဆက်ဆံရေး မကောင်းလို့လား ”
“ အာ....အရက်လည်း ကောင်းတယ်။ ဆက်ဆံရေးလည်း ကောင်းတယ်...ဒါပေမယ့်..... . ”
“ ပြောပါဗျာ...အားမနာပါနဲ့ ”
“ စိတ်တော့ မရှိပါနဲ့ဗျာ၊ ခင်ဗျားဆိုင်မှာ ကပ်ထားတဲ့ အရက်ကြော်ငြာ မင်းသမီးတွေက ကျွန်တော့်ကို အရက်ပိုမူးအောင် လုပ်နေလို့ပါ”



ဒီအချိန်ရောက်လာရင်.. .

ဆေးခန်းတစ်ခုတွင် ဆရာဝန် ရောက်မလာသောကြောင့် လူနာအားလုံး လည်တဆန့်ဆန့် ဖြစ်နေကြသည်။ ထို့ကြောင့် သူနာပြု ဆရာမက အားပေးစကား ပြောလိုက်သည်။ “ အားနာလိုက်တာရှင်...ဒီနေ့မှ ဆရာက အစည်းအဝေးတစ်ခု မဖြစ်မနေတက်နေရလို့။
သည်းခံကြပါရှင်...ခဏနေ ရောက်တော့မှာပါ”
ထိုတွင် လူတစ်ယောက်က ထပြောလိုက်သည်။
“ ဆရာမ ကျေးဇူးပြုပြီး ကျွန့်တော့် နာမည်လေး ဖျက်လိုက်ပါတော့၊ ကျွန်တော် သွားစရာလေး ရှိနေသေးလို့ပါ ”
“ စောင့်လက်စနဲ့ ခဏလေး စောင့်လိုက်ပါ့လား။ ဒါနဲ့..ရှင်က ဘာရောဂါဖြစ်နေလို့လဲ ”
“ ကျွန်တော်က အရက်ဖြတ်မလို့ပါ။ ဒါပေမယ့် ဒီအချိန်က ကျွန်တော် သောက်နေကျ အချိန်လေ..နည်းနည်းတောင် နောက်ကျသွားပြီ
အစ္စလာမ်သာသနာမှာ ကောင်းမြတ်တဲ့ အလုပ်၊ အပြောတွေကို မလုပ်ခင် (ဘုရားသခင်၏ ဂုဏ်တော်ကို တသပြီး အစပြုပါသည်)လို့ ရွတ်ဆိုရတဲ့ အစဉ်အလာတစ်ခုရှိတယ်။ အာရဗျီစာမှာ အက္ခရာတိုင်းက တန်ဖိုးတစ်ခုရှိတယ်။ မြန်မာစာမှာ က ခ ဂ ဃ င မှာ တစ်ဆိုတဲ့ တန်ဖိုးရှိသလိုပေါ့။ အဲဒီ (ဘုရားသခင်၏ ဂုဏ်တော်ကို တသပြီး အစပြုပါသည်)ဆိုတဲ့ စာပိုဒ်ကို ရေးသားတဲ့ အာရဗျီစာလုံး တစ်လုံးချင်းတွေရဲ့ တန်ဖိုးတွေကို ပေါင်းလိုက်တော့ စုစုပေါင်း (၇၈၆)ဆိုတဲ့ ဂဏန်းတစ်ခုကို ရခဲ့ခြင်းတယ်။ သို့သော် ဒီ (၇၈၆)ဆိုတဲ့ ဂဏန်းအသုံးပြုခြင်းကို အာရဗ်စကားပြောတဲ့ မူရင်းမွတ်စလင်နိုင်ငံတွေက လုံးဝ လက်မခံကြဘူး။ အသိအမှတ်လည်း မပြုဘူး။ မလုပ်ကောင်းဘူးလို့ တားမြစ်ကြတယ်။ အာရှက မွတ်စလင်အချို့ကသာ အာရဗျီစကား အားနည်းမှုပေါ်မှာ အခြေခံပြီး လွယ်ကူမှုအနေနှင့် အသုံးပြုနေကြတာဖြစ်တယ်။ ဒါကိုလည်း တစ်ချို့သော အာရှပညာရှင်တွေကပင် လက်မခံကြတာလည်း ရှိနေတယ်။
12

bismillah
2
မည်သို့ပင်ဖြစ်စေ ၇+၈+၆= ၂၁ ဆိုပြီး ၂၁ရာစုမှာ မွတ်စလင်တွေ လွှမ်းမိုးရမယ်ဆိုတာကတော့ မဟုတ်မမှန် တမင်လုပ်ကြံ ထိုးနှက်ချက်ဖြစ်ပါတယ်။ တစ်ကယ်လို့ အဲဒီလို အကြံအစည်သာရှိရိုးမှန်ရင် (၇၈၆)ကို အခြားမွတ်စလင်နိုင်ငံတွေ၊ အထူးသဖြင့် အစ္စလာမ်စတင် ပေါ်ထွန်းရာ အာရဗ်နိုင်ငံတွေက အသိအမှတ်ပြု သုံးစွဲရမှာပေါ့။ အခု မြန်မာတွေ ကမ္ဘာပါတ်နေကြပါပြီ။ ဘယ်အာရဗ် မွတ်စလင်နိုင်ငံတွေက (၇၈၆)ကို အသုံးပြုတာ တွေ့ဖူးပါသလဲလို့ မေးခွန်းထုတ်ချင်ပါတယ်။
နောက်တစ်ချက်က မြန်မာမွတ်စလင်တွေက သူတို့နဲ့ ဘာသာတူဆိုင်တွေမှာသာ ရွေးချယ်အားပေးတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ မွတ်စလင်တွေမှာ အစားအစာ (Diet) ကန့်သတ်ချက်က ဘာသာရေးဆိုင်ရာ အဓိကလိုက်နာရမဲ့ အချက်ကြီးဖြစ်နေတာကို အားလုံးသိကြပါတယ်။ ဒါကြောင့် အစားအစာနှင့် ပတ်သက်ရင် ဘာသာတရားရဲ့ လိုအပ်ချက်အရ ဘာသာတူဆိုင်တွေမှာ ယုံကြည်စိတ်ချစွာ စားသုံးချင်ကြပါတယ်။ ကျန်တဲ့ပစ္စည်းတွေ ရောင်းဝယ်ဖေါက်ကားရာမှာတော့ လူ့သဘာဝအရ ဈေးသက်သာရာ၊ ဆက်ဆံရေး ကောင်းရာ၊ အဆင်သင့်ရာ၊ ပစ္စည်းမှန် ဈေးမှန်ရရာ ဘာသာမရွေး လူမျိုးမရွေးဆိုင်တွေမှာဘဲ ရောင်းဝယ်ကြပါတယ်။ ဒါကြောင့် ပစ္စည်းမှန်၊ ဈေးမှန်ရောင်းဝယ်နေကြတဲ့ မြန်မာ၊ တရုပ်၊ မွတ်စလင်ဆိုင်တွေမှာ လူမျိုးစုံ ရောင်းဝယ်ဖေါက်ကားနေကြလို့ အရောင်းအဝယ်ကောင်းနေကြတာကို အားလုံးသိနေ၊ မြင်နေကြတာပါဘဲ။ အတုယူလိုလျှင် အတုယူနိုင်ကြပါတယ်။ မွတ်စလင်တွေနှင့်သာ ရောင်းဝယ်ဖောက်ကားရမယ်လို့ အစ္စလာမ်ဘာသာတရားက သင်ကြားထားတာ မရှိပါဘူး။ ဘယ်ဘာသာမှ ဘာသာတူသာ ရောင်းဝယ် ဆက်ဆံရမယ်လို့ မပြဌာန်းကြပါဘူး။ ဗုဒ္ဓဘာသာကလည်း မပြဌာန်းထားဘူး။
နောက်တစ်ချက်က လူနည်းစု လူများစု သဘာဝတစ်ခုကိုလည်း ထောက်ပြချင်ပါတယ်။ လူနည်းစုဟာ လူနည်းစုသဘာဝအရ စုစည်းတတ်ပါတယ်။ လူများစုဟာ လူများစု သဘာဝအရ ပြန့်ကြဲတတ်ပါတယ်။ အခုတိုင်းရင်းသားပေါင်းစုံ မြန်မာတွေ ထိုင်း၊ မလေးရှားတင်မက အနောက်နိုင်ငံတွေမှာ ရောက်နေကြပါပြီ။ ဘယ်လိုနေထိုင်ကြသလဲ။ ဖြစ်သလို ကြုံရာ နေကြသလား။ တူရာ တူရာ စုနေတတ်သလား။ အခြေအနေအရ ရောက်ချင်ရာ ရောက်နေရင်တောင် ကိုယ့်ဘာသာတူ၊ လူမျိုးတူတွေ ရှိတဲ့နေရာကိုဘဲ ကြိုးစားပြီး ပြောင်းလာကြတာဘဲ။ လူများစုကတော့ ဒီလိုလုပ်စရာ မလိုဘူးလေ။ လူများစုဖြစ်နေတာကိုး။ ဒီအတိုင်းဘဲ မြန်မာပြည်မက ကြိုက်တဲ့မြို့၊ ရွာတွေကိုကြည့်ပါ။ မြန်မာမွတ်စလင်မှ မဟုတ်ပါဘူး။ ရှမ်း၊ ကရင်၊ ချင်း၊ ရခိုင်တွေလည်း တတ်နိုင်သလောက် သူတို့တူရာ တူရာတွေ စုနေကြတာပါဘဲ။ လူနည်းစုဖြစ်ခြင်း သဘောသဘာဝကြောင့် တတ်နိုင်သလောက် အချင်းချင်း ယိုင်းပင်းနေကြတာဘဲ။ ဒါကို အပြစ်တစ်ခုသဘောနှင့် မဟုတ်ဘဲ၊ သဘာဝနှင့် ချိန်ထိုးပြီး အမြင်ရှင်းကြစေချင်ပါတယ်။ သို့သော် အပြစ်ရှာလိုသူတွေ အတွက်ကတော့ ဘယ်လို သဘာဝ ယုတ္တိကျကျ ဆွေးနွေးသော်လည်း လက်ခံကြမှာ မဟုတ်ဘူးဆိုတာကိုလည်း သိထားပါတယ်။
အခုမြန်မာပြည်မှာ (၉၆၉)ဆိုပြီး ဗုဒ္ဓဘာသာရဲ့ မြင့်မြတ်သော ဂုဏ်တော်သုံးပါးကို အသုံးပြုကာ အဲဒီမြင့်မြတ်တဲ့ ဂုဏ်တော်တွေနှင့် လုံးလုံးလျားလျား ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို မြန်မာမွတ်စလင် လူ့အဖွဲ့အစည်း ထိုးနှက်တိုက်ခိုက်ရေး တစ်လွဲလုပ်နေတာ စိတ်မသက်မသာ ကြားသိနေရပါတယ်။
ဘုရားဂုဏ်တော် (၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာဂုဏ်တော်(၉)ပါးသည် လူသားတိုင်း လေးစားကြည်ညိုထိုက်တဲ့ ဂုဏ် အင်္ဂါတွေဖြစ်ပါတယ်။ အဲဒီဂုဏ်တော်တွေက လူသားအားလုံးအတွက် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ် တရားလေးပါးနဲ့ ပြည့်လျှမ်းနေတဲ့ ဂုဏ်တော်တွေဖြစ်တယ်လို့ သိထားပါတယ်။ မွတ်စလင် မပါဘူးလုပ်လို့ မရပါဘူး။ လူသားအားလုံးနှင့် သက်ဆိုင်တဲ့ ဒီမြင့်မြတ်တဲ့ ဂုဏ်တော်တွေကို ဦးတင်ပြီး လူတစ်ဖက်သားတွေရဲ့ အကျိုးစီးပွါး ပျက်ရာ ပျက်ကြောင်းတွေကို ဘယ်လိုအကြောင်းပြချက်နှင့်မှ မလုပ်သင့်ကြဘူး၊ လုပ်ခွင့်မရှိဘူးလို့ ယုံကြည်ပါတယ်။
ဗုဒ္ဓဘာသာအပါအဝင် ဘာသာတိုင်းဟာ လူသားအားလုံးအတွက်ဖြစ်ပါတယ်။ ဘယ်လူမျိုးအတွက်ဘဲဆိုပြီး ပွင့်ပေါ်လာတဲ့ ဘာသာတရား လောကမှာ မရှိပါဘူး။ ဗုဒ္ဓမြတ်စွာကသာ အမျိုး၊ ဘာသာစွဲခဲ့ပြီး သူ့လူမျိုးတွေ၊ သူ့ဘာသာစကား ပြောတတ်တဲ့သူတွေကိုဘဲ တရားဟောခဲ့မယ် ဆိုရင် ဘယ်လိုလုပ်ပြီး ကမ္ဘာ့သာသနာတစ်ရပ် ဖြစ်လာနိုင်မလဲ။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားကို ဗုဒ္ဓသာသနာက ဘယ်လို ပြန့်ပွါးလာမလဲ။ ဗုဒ္ဒမြတ်စွာက တရားဦးဟောကြားခဲ့သူတွေ အားလုံးဟာ မူလက ဘာသာခြားတွေ မဟုတ်ဘူးလား၊၊ လူမျိုးခြားတွေ မပါဘူးလား။  ဗုဒ္ဒမြတ်စွာရဲ့ အဂ္ဂသာဝက၊ မဟာသာဝကတွေ၊ အာသောကမင်းကြီးလက်ထက် ကိုးတိုင်း ကိုးဌာနကို ဗုဒ္ဓသာသနာရောင်ဝါ ဖြန့်ကျက်ခဲ့ သူတွေဟာ အခုဗုဒ္ဓဘာသာဝင် မြန်မာအချို့ မိန်ရေ၊ ရှက်ရေ စော်ကားနေကြတဲ့ ကုလားတွေဘဲ မဟုတ်ဘူးလား။ ဘာဖြစ်လို့ လူမျိုးစွဲနေကြတာလဲ။ သတ္တဝါအားလုံးအတွက် ပွင့်ပေါ်ခဲ့တဲ့ ဂုဏ်ယူဖွယ် မြင့်မြတ်သော သာသနာတစ်ရပ်ရဲ့ ထူးမြတ်တဲ့ ဂုဏ်အင်္ဂါတွေကို ဘာဖြစ်လို့ မစဉ်းမစား မတော်မသင့် လုပ်ပစ်နေကြတာလဲ။
စကားကုန်အောင်ပြောရရင် မြန်မာမွတ်စလင်ဆိုင်တွေကို ဒါကြောင့် ဒါကြောင့် မဝယ်ကြနဲ့ ပြောချင် ပြောပါ။ သို့သော် လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ ဘုရား၊ တရား၊ သံဃာဂုဏ်တော်တွေကို တလွဲကိုးကား၊ လွဲမှားစွာ အသုံးချပြီး ကိုယ့်သာသနာကို ကိုယ်ကပဲပြန်ပြီး သေးသိမ်အောင် မလုပ်သင့်ဘူး ဆိုတာလောက်တော့ သိထားသင့်ကြပါတယ်။ ကျနော်တို့ မြန်မာပြည်မှာ ခက်နေတာက လူမှန်ရင် ဗြဟ္မစိုရ်တရား လက်ကိုင်ထားရမယ်ဆိုပြီး အကြီးအကျယ် ကြွေးကျော်နေတဲ့ နာမည်ကြီး နာရေးကူညီမှု ခေါင်းဆောင်ကြီးတောင်မှ ရခိုင်က ဒုက္ခသည်တွေကို သွားရောက်ကူညီတဲ့အခါကျတော့ သူခါးဝတ်ပုဆိုးလို တတွတ်တွတ် ရွတ်နေခဲ့တဲ့ဗြဟ္မစိုရ် တရားတွေကို ခါးချိတ်ပစ်လိုက်ခဲ့ ဖူးတာကိုး။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားစိုက်စိုက် ဖြောင့်ဖြောင့်လိုက်၏လို့ ဆိုပါတယ်။
မြန်မာပြည်မှာ မြန်မာမွတ်စလင်တွေဟာ မြန်မာလူမျိုးစုပြီးရင် ဒုတိယအများဆုံး လူများစုဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ဒုတိယအင်အားအကြီးဆုံး လူအုပ်စုကြီးကို ဖိနှိပ်လို့ဖြစ်ဖြစ်၊ ဘေးဖယ်လို့ဖြစ်ဖြစ်၊ အဲဒီအုပ်စုကြီးရဲ့ အင်အားကို အသုံးမပြု လစ်လျူရှုလို့ဘဲဖြစ်ဖြစ် တိုင်းပြည်ကို တည်ထောင်နိုင်မယ်လို့ ထင်မြင်ခြင်းသည် ညံ့ဖျင်းနုံနဲ့မှုဖြစ်သည်လို့ အတိအလင်း ဆိုပါရစေ။ အားတော့နာပါတယ်။ ငြင်းနိုင်သူ၊ ငြင်းရဲသူများ ငြင်းလိုက်ပါ။
ဒီမြန်မာမွတ်စလင်(ပသီ)တွေဟာ မြန်မာပြည်လွတ်လပ်ရေးမရခင်ကတည်းက ၁၉၄၆ ရွှေတိဂုံအလယ်ပစ္စယံမှာ ကျင်းပတဲ့ ဖဆပလညီလာခံကြီးက တိုင်းရင်းသားလူနည်းစုအဖြစ် အသိအမှတ်ပြုခံထားပြီးသူများဖြစ်သလို၊ တိုင်းပြု ပြည်ပြု၊ လွတ်လပ်ရေးတိုက်ပွဲဝင် လူမျိုးတွေဖြစ်သလို၊ ၁၉၇၄ခုနှစ်အထိ တရားဝင် အတည်ပြုသတ်မှတ်ထားတဲ့ တိုင်းရင်းသား(၁၄၄)မျိုး စာရင်းဝင်လဲဖြစ်ပါတယ်။ ပုဂံခေတ်ကတည်းက ကျောက်စာဝင် တိုင်းရင်းသားလူမျိုးတွေပါ။ ဒါကြောင့်လဲ (၉-၉-၂၀၁၂)နေ့ ရန်ကုန်အိဒ်ပွဲတော် အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးက (၁)မြန်မာမွတ်စလင်များသည် တိုင်းရင်းသားများဖြစ်သည်။ (၂) မြန်မာမွတ်စလင်များကို လက်တွဲခေါ်ဖို့ မလို၊ မြန်မာမွတ်စလင်များသည် တိုင်းပြည်ထူထောင်ရေး၊ လွတ်လပ်ရေးအတွက် ဒိုးတူဘောင်ဖက် အစဉ်အဆက် လုပ်ကိုင်ခဲ့ကြသူများဖြစ်သည်လို့ တိုတိုရှင်းရှင်း ပြောခဲ့ပါတယ်။
၁၉၄၇ခုနှစ် ပင်လုံညီလာခံ ပင်လုံစာချုပ်မချုပ်ဆိုမီ ဖေဖေါ်ဝါရီ (၁၁)ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းက အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ ဆောင်ပုဒ်သည် လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်က အလုပ်ဖြစ်ခဲ့ပေမဲ့ ဒီဆောင်ပုဒ်ကို ပြည်ထောင်စုနိုင်ငံတော် တည်ထောင်ရေးမှာ ဆက်သုံးလို့ မရတော့ဘူး၊၊ ဗမာ(မြန်မာ)လူမျိုး ဗုဒ္ဓဘာသာဆိုပြီး လူမျိုးရေးတရားလုပ်လို့ မရတော့ဘူးလို့ အတိအလင်း ပယ်ချခဲ့တဲ့ ဆောင်ပုဒ်ကို အခု(၆၆)နှစ်ကျော်ကာမှ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် ဘာဖြစ်လို့ ပြန်အသက်သွင်းချင်ရတာလဲ။ အဲဒီမိန့်ခွန်းမှာ ဗိုလ်ချုပ်က အစ္စလာမ်ဘာသာကိုလည်း တိုင်းရင်းသားတွေ ကိုးကွယ်တဲ့ဘာသာ တစ်ခုအဖြစ် အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။  ပြန်လေ့လာကြပါ။
တစ်ကယ်တော့မြန်မာမွတ်စလင်တွေဟာ တိုင်းရင်းသားပေါင်းစုံမြန်မာ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကိုမြတ်နိုးသူများဖြစ်ကြတယ်။ အကြမ်းဖက်မှုကို ဘယ်တုန်းကမှ အားမပေး၊ မကျင့်သုံးသူများလည်းဖြစ်တယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြသူ များလည်းဖြစ်တယ်။မြန်မာ့လူ့ဘောင်ရဲ့ ကဏ္ဍအသီးသီးမှာ အားထားထိုက်သော တာဝန်သိနိုင်ငံ သားကောင်းများလည်း ဖြစ်တယ်။ နှစ်ငါးဆယ် စစ်အာဏာရှင် သမိုင်းကို နှစ်တစ်ထောင်ကျော် မြန်မာ့သမိုင်းလို့ လွဲမှားယူဆနေသူတွေက ပသီအပါအဝင် တိုင်းရင်းသား မွတ်စလင်တွေကို နိုင်ငံခြားသား သဖွယ်၊ သူတို့ ကိုးကွယ်တဲ့ အစ္စလာမ် ဘာသာကို နိုင်ငံခြား ဘာသာသဖွယ်၊ မှားယွင်းစွာ ထင်မြင်နေကြတာ ဝမ်းနည်းစရာကောင်းလှပါတယ်။
၂၀၁၂ခု ကြားဖြတ်ရွေးကောက်ပွဲမှာ ထမင်းလုံးအိပ်မက် မက်ကောင်းတုန်း နားရင်းရိုက် အနှိုးခံလိုက်ရတဲ့ပြုပြင်ပြောင်းလဲရေး မလိုလားသူများက ဒီအတိုင်းသွားရင် လာမည့်၂၀၁၅ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား အင်အားစုတွေလက်ထဲ အနဲဆုံး လွှတ်တော်နှစ်ရပ်ကို ရွှေလင်ပန်းနှင့်တင်ပြီး ဆက်သရတော့မယ်ဆိုတာကို သိလာကြတယ်။ စိုးရိမ်လာကြတယ်။ ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲ ပုံစံမျိုး ၂၀၁၅မှာ မဖြစ်လာရေးအတွက် တိုင်းပြည်မတည်ငြိမ်အောင် နည်းမျိုးစုံနဲ့ အချိန်ယူ အစပျိုး လုပ်ဆောင်နေတာကို ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ မမြင်ကြတာကို အံ့သြမိတယ်။
လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် လှုံ့ဆော်မှုတွေကို ဒီမိုကရေစီအင်အားစုတွေက ကုလားတစ်စုလောက်ကိုဘဲ ဒုက္ခပေးနေတာဆိုတဲ့ သဘောနဲ့ဖြစ်ဖြစ် အခုနုနယ်စဉ်ကတည်းက မသိကြိုးကျင်နေကြမယ်ဆိုရင် ဒီအရှိန်တွေဟာ အချိန်နှင့်အမျှ တစ်ရိပ်ရိပ် မြင့်တက်လာမှာ အသေအချာဖြစ်တယ်။ အခြေအနေတွေ ထိမ်းမနိုင် သိမ်းမရဖြစ်လာပြီး တစ်ကယ်လို့ ၂၀၁၅ရွေးကောက်ပွဲမှာ အင်အားစုတစ်ခုက အမျိုး ဘာသာ သာသနာအတွက် မဲပုံးထောင်လိုက်ရင် – - -
နောင်တရရင် နောက်ကျသွားပါပြီ။ တပ်မတော်က ကတိတစ်ခုပေးပြီးရင် နောက်ကတိတစ်ခု ထပ်ပေးဖို့ အနည်းဆုံး နှစ်နှစ်ဆယ် အချိန်ယူတတ်တယ်ဆိုတာကို မမေ့ကြပါနဲ့။ ဦးနုက ၁၉၆၀ရွေးကောက်ပွဲမှာ ဘာသာရေးမဲပုံးထောင်ပြီး တည်မြဲဖဆပလကို အပြတ်ဖြုတ်ခဲ့တဲ့ သမိုင်းရှိပါတယ်။ သမိုင်းတပတ် လည်မယ်ဆိုရင် ကောင်းသောလည်ခြင်း ဖြစ်စေချင်ပါတယ်။ ဒီနေ့  မွတ်စလင်တွေကို နှိပ်ကွက်ပြီး၊ မနက်ဖန် ခရစ်ယာန်၊ သဘက်ခါ ဗုဒ္ဓဘာသာဖြစ်လာမယ်ဆိုရင် အမြဲနိုင်နေသူက နာမည်ကျော် ပွကြီးပါ။
(ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။ )
(copy-www.m-mediagroup.com)
Facebook တို့ Blogger တို့ဟာ ဒီမိုကရေစီ နည်းလမ်း ကျကျ နဲ့ လည်ပတ်နေပါတယ်။ ကျွန်တော်တို့ကို ကြိုက်တာတင်ခွင့်၊ ရေးခွင့်ပေးထား ပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့ အကြောင်း အရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊ လူမျိုးရေးဘာသာရေးတိုက်ခိုက်မှုဖြစ်ရင်၊ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှုတွေပါရင်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အထက်ပါအကြောင်း အရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့ အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား Facebook ဆီ Report ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ 
Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေ အချာပါပဲ။ Facebook ရဲ့ အယူအဆကတော့ ရှင်းပါတယ်။ အများက လက်မခံရင် သူတို့ဘက်က ဖျက်ပေးမယ်ဆိုတာပါပဲ။



ပုံမှာပြထားသလိုမျိုး သူတင်လိုက်တဲ့ Status ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ်ခလုတ်လေးကိုနှိပ်ပြီး Report/Mark as Spam ကို ရွေးပေးပါ။ အဲဒီအခါမှာ ပုံ(၂)မှာ ပြထားသလိုမျိုး Thanks for Your Help ဆိုတဲ့ စာတမ်းပေါ်လာပါလိမ့်မယ်။ အဲဒီမှာပါတဲ့ Report ဆိုတဲ့ Link ကို ထပ်နှိပ်ပါ။


အဲဒီအခါ ပုံ (၃) လို Window တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ သူတင်ထားတဲ့ Post  ဟာ ဘယ်လိုအကြောင်းအရာမျိုးနဲ့ ငြိစွန်းတယ်ဆိုတာကို ကိုယ့်ဘက်က သေချာရွေးပေးရပါလိမ့်မယ်။



I don't like this post (ဒီပို့စ်ကို ကျွန်တော်မကြိုက်ပါ)
It's harassing me (ဒီပို့စ်ဟာ ကျွန်တော့်ကို တိုက်ခိုက်နေတယ်)
It's harassing a friend (ဒီပို့စ်ဟာ ကျွန်တော့်သူငယ်ချင်းကို တိုက်ခိုက်နေတယ်)
Spam or scam (ဒီပို့စ်ဟာ အကျိုးမရှိတဲ့ Spam တစ်ခုဖြစ်တယ်)

Hate Speech (ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားပြောဖြစ်တယ်)
သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်
           * Target a Race or Ethnicity (လူမျိုးရေးတိုက်ခိုက်မှု)
           * Target a religious group (ဘာသာရေးတိုက်ခိုက်မှု)
           * Targets based on gender or orientation (ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုကို တိုက်ခိုက်မှု)
           * Targets people with disability or disease (မသန်မစွမ်းသူများကို တိုက်ခိုက်မှု)

Violence or harmful behavior (ချိုးဖောက်မှု သို့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမူဖြစ်တယ်) သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်
            * Credible threat of violence (ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှု)
            * Self-Harm
            * Suicidal Content (ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနှင့် ဆက်နွယ်သောအကြောင်းအရာ)
            * Graphic Violence (ပုံရိပ်ပိုင်း ချိုးဖောက်မှု - အခြားသူပုံများကို အခွင့်မရှိပဲ တင်ခြင်း)
            * Theft or vandalism (ခိုးယူမှု သို့ ရမ်းကားဖျက်ဆီးမှု)
            * Illegal drug use (မူးယစ်ဆေးဝါးသုံးစွဲမှု)

Sexually explicit content (လိင်ပိုင်းဆိုင်ရာ မသင့်တော်သော အချက်အလက်များပါဝင်နေမှု)
My friend's account might be compromised or hacked (ကျွန်တော့်သူငယ်ချင်းရဲ့ အကောင့်ကို ခိုးယူပြီးသုံးစွဲနေခြင်း)

အထက်ပါရွေးစရာတွေထဲကမှ သင့်တော်တာကို ရွေးပြီး Continue ကို နှိပ်ပါ။ အဲဒီအခါ ပုံ ၄ မှာ ပြထားသလိုမျိုး Window တစ်ခု ထပ်ပေါ်လာပါလိမ့်ဦးမယ်။



Block ကို ရွေးပေးလိုက်ရင်တော့ သူနဲ့ ကိုယ်နဲ့ Facebook မှာ ဆက်သွယ်လို့ မရတော့ပါဘူး။
Get help..... ကို ရွေးပေးရင်တော့ ကိုယ်နဲ့အတူ Report ၀ိုင်းတင်ဖို့ သူငယ်ချင်းတွေ အကူအညီတောင်းနိုင် ပါလိမ့်မယ်။

မဖြစ်မနေလုပ်ရမှာကတော့ အောက်ဆုံးက Report to Facebook ကို အမှန်ခြစ်ပြီး Continue ကို ဆက်နှိပ်ပါ။

နောက်ဆုံး Thank you ပေါ်လာရင်တော့ Report တင်တာ အောင်မြင်သွားပါပြီ။



သိက္ခာရှိတဲ့ တရားမျှတတဲ့ လူ့အဖွဲ့အစည်း တခုကို ရလာဖို့ အတွက် အကြောက်တရားကို အခြေခံတဲ့နည်းတွေနဲ့ ကလေးတို့ကို ခြိမ်းခြောက်ပုံသွင်းလို့မရနိုင်ပါ (ဓာတ်ပုံ – ရဲနည် / ဧရာဝတီ)
ကျမတို့ လူ့အဖွဲ့စည်းရဲ့ အနာဂတ်ဟာ ကလေးများ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ကလေးတွေ ကို ပြုစု စောင့်ရှောက်တာ၊ ထိန်းကျောင်း ပြုပြင် ပေးတယ် ဆိုတာဟာ တကယ်တော့ အနာဂတ်ကို ပုံဖော်နေတာ ပါပဲ။ ကျမတို့ရဲ့ အနာဂတ် မှာ စိတ်ရည် ဉာဏ်ရည် မြင့်မားတဲ့ လူ့ အဖွဲ့အစည်းကြီး တခု ပေါ်ပေါက် လာစေဖို့ အတွက် ကလေးတို့နဲ့ အနီးကပ်နေသူ ဆရာ၊ ဆရာမများ၊ မိဘများရဲ့ ကလေးပြုစု စောင့်ရှောက်မှု၊ ထိန်းကျောင်းမှုဟာ သိပ်ကိုမှ အရေးကြီး ပါတယ်။ ကိုယ်ကျင့်တရား ကောင်းတဲ့ လူကြီးတွေအဖြစ် လူ့အဖွဲ့အစည်းထဲမှာ ၀င်ဆန့်ဖို့၊ အမှားကို ၀န်ခံတတ်ဖို့၊ မမှန်တာကို လုပ်ရမှာ ရှက်တတ်သူတွေဖြစ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်နဲ့ လူ့လောက ၀န်းကျင်ကို လေးစားတတ်တဲ့ လူတွေ ဖြစ်စေဖို့ အတွက် ကလေးဘ၀ ကတည်းက ပြုစုစောင့်ရှောက် ပြုပြင်ပေးသွားဖို့ လိုပါတယ်။
ကျမတို့ရဲ့ မြန်မာ့လူ့အဖွဲ့စည်းမှာတော့ ကလေးကို ဆုံးမပြုပြင်တဲ့ အခါမျိုးမှာ ဘုန်းကြီးကျောင်း ပညာရေးက အစ ဆရာ၊ ဆရာမများ အလယ်  မိဘများ အဆုံး တုတ်ကို သုံးတတ်ကြပါတယ်။  ဆဲတာ ဆိုတာမျိုးပဲ ဖြစ်ဖြစ် အပြုမူမှား တခုခုကို လုပ်မိ ကိုင်မိလိုက် တာမျိုးပဲ ဖြစ်ဖြစ် ရိုက်နှက် ဆုံးမတတ်ကြပါတယ်။ တကယ်တော့ ကလေးကို ရိုက်နှက် ဆုံးမခြင်းဟာ မှန်ကန်တဲ့ ဆုံးမခြင်း မဟုတ်ပါဘူး။ အကြောက်တရားနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးများဟာ လူ့အဖွဲ့စည်းထဲကို ရောက်လာတဲ့ အခါမှာ အရာရာကို ကြောက်ရွံ့စိုးရိမ်တတ် လာပါတယ်။ လူကြီးရှေ့မှာ အကြောက်တရား ကြောင့် မလုပ်ဝံ့ကြ ပေမယ့် ကွယ်ရာမှာ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်တတ်ကြတဲ့ လုပ်ရဲကြတဲ့ သူတော်ကောင်း အယောင်ဆောင်လေး တွေလည်း ဖြစ်လာ တတ်ကြပါ တယ်။
တုတ်သုံးခြင်း၊ အကြောက်တရားနဲ့ အုပ်ချုပ်ခြင်း ဆိုတာဟာ တကယ်တော့ ကောက်နေတဲ့ ခွေးမြီးလေး တွေကို ကျည်တောက်စွပ် ဖြောင့်ခိုင်းလိုက်တာပါပဲ။ ကျည်တောက်လည်းဖြုတ်ရော ခွေးမြီးကတော့ အကောက်က အကောက်တိုင်း ဖြစ်နေတော့တာပါပဲ။ ခွေးမြီးကောက်ကို ကျည်တောက်မစွပ်ခိုင်းဘဲနဲ့ ခွဲစိတ်ပြုပြင်ပြီးတော့ တခါတည်း တသက်လုံး အမြီးဖြောင့် သွားအောင်လုပ်လို့ ရပါတယ်။ ကျည်တောက် စွပ်သလိုတော့ မမြန်သလို အချိန်လည်းယူပြီးတော့ လေ့ကျင့် သင်ကြားပေးရ တာမို့ နည်းနည်းတော့ ကြာရှည်တယ်လို့ ထင်ရပေမယ့် လူ့အဖွဲ့စည်းထဲဝင်မယ့် လူကြီး လေးများ အတွက် တကယ် အကျိုးရှိတဲ့ နည်းများပါပဲ။
ကလေးတို့ရဲ့စံပြဖြစ်ပါစေ
ကလေးဆိုတာမျိုးက လူကြီးလုပ်သမျှ အကုန် အတုခိုးပြီးတော့ လိုက်လုပ်တတ်တဲ့ အမျိုးပါ။ လူကြီးက ကလေးရှေ့မှာ ဆဲပြနေရင် သူတို့လည်း လူကြီးဆဲသလို လိုက်ဆဲမှာ ပါပဲ။ လူကြီးက ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ပြောဆိုမယ် ဆိုရင်ဖြင့် သူတို့လေးတွေဟာ လည်းယဉ်ယဉ်ကျေးကျေး လိမ်လိမ်မာမာ ပြောဆိုလာ တတ်ကြပါတယ်။  ကလေးတွေ စကားပြောတဲ့ အခါမှာ အော်ဟစ်ပြီး မပြောစေချင်တဲ့ မိဘများအနေနဲ့  ကလေးတခုခု လုပ်လိုက်လို့ အမှားယွင်း ဖြစ်သွားတဲ့ အခါမျိုးမှာ အော်ဟစ်ပြီးတော့ မပြောဆိုဖို့ လိုပါတယ်။ ချိုချိုသာသာ ပြောဆိုရပါမယ်။
ကလေးတွေဟာ မိဘတွေ ဒေါသထွက်တဲ့ အခါမျိုးမှာ ဒေါသကို ဘယ်လိုနည်းနဲ့ ဖြေရှင်းသလဲ ဆိုတာကို စောင့်ကြည့် တတ်ကြပါတယ်။ ဒေါသထွက်လို့ မိဘက တံခါးကို ခြေထောက်နဲ့ ကန်တာ၊ နံရံကို လက်သီးနဲ့ ထိုးတာ ကို မြင်ဖူးထားတဲ့ ကလေး တယောက်ဟာ သူ ဒေါသထွက်တဲ့ အခါမှာလည်း မိဘလုပ်တဲ့ အတိုင်းပဲ လိုက်လုပ်တတ်ကြပါတယ်။ ဒါကြောင့် ကလေးကို လိမ္မာစေလိုသူ မိဘများ အနေနဲ့ တုတ်ကို သုံးမယ့်အစား   ကိုယ် ဖြစ်စေချင် နေစေချင်တဲ့ ပုံစံအတိုင်း ကလေးရှေ့မှာ စံပြအဖြစ်ကိုယ်က နေပေးဖို့ သိပ်အရေးကြီးပါတယ်။
ကလေးနဲ့ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးရှိပါစေ
ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများ ဟာ ငါက မိဘပဲ ဆိုတဲ့ မာန်လေးနဲ့ မိဘနေရာမှာ ကလေးနဲ့ ခပ်ခွာခွာ နေတတ်ကြ ပါတယ်။ မိဘစကား မှန်သည်ဖြစ်စေ ၊မှားသည် ဖြစ်စေ နားထောင်ရမယ် ဆိုတဲ့ တချက်လွတ်အာဏာရှင် မိဘများဟာ မြန်မာ့လူ့အဖွဲ့စည်း မှာ တော်တော်လေးကို များပြားပါတယ်။ ဒါဟာ အင်မတန်မှကို မှားယွင်းတဲ့ သားသမီး ထိန်းကျောင်းနည်း ပါပဲ။ အရောဝင်ရင် အရိုသေတန်တယ် ဆိုပြီးတော့လည်း မိဘများဟာ သားသမီးများနဲ့ အရောတ၀င် မရှိတတ်ကြ ပါဘူး။ မိဘက သားသမီး နဲ့စကားပြောတဲ့ အချိန်မှာလည်း ကိုယ်ပြောချင် ဆိုချင်တာတွေကို တန်းစီပြီးတော့ ပြောနေတတ်ကြတာ များပါတယ်။ သားသမီးရဲ့ ခံစားချက်ကို ဘာဆိုဘာမှ ထည့် မတွတ်တတ်ကြ ပါဘူး။
အမှန်တော့ ကိုယ့်ရဲ့သားသမီးကို လိမ္မာစေလိုသူ မိဘများ အနေနဲ့ သားသမီးနဲ့ မိဘ ရင်းနှီး နွေးထွေးတဲ့ ဆက်ဆံရေး ရှိဖို့ လိုပါတယ်။ ကလေးတွေနဲ့ နွေးထွေးစွာ ဆက်ဆံရမယ် ဆိုတော့ ဘယ်လို ဆက်ဆံရမလဲ ဆိုတာ တွေးစရာ ဖြစ်လာပါ တယ်။ အဓိက ကတော့ ကလေးပြောတာကို အချိန်ပေးပြီးတော့ နားထောင်ဖို့ပါပဲ ။ သူတို့ရဲ့ ခံစားချက်၊ သူတို့ရဲ့ အတွေးအမြင် လေးတွေကို စိတ်ထဲရှိရာ မိဘကို ဖွင့်ပြောရဲဖို့၊ ဖွင့်ပြောခွင့်ရဖို့ ပါပဲ။ ကလေးတွေရဲ့ အတွေးစိတ်ကူး လေးတွေဟာ လူကြီးရဲ့ အတွေးစိတ်ကူးနဲ့ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ အမြင်ကို လေးစားဖို့လို ပါတယ်။ သားအမိ၊ သားအဖတွေ အမြင်မတူတာတွေကို ဖလှယ်လို့၊ တယောက်အမြင်ကို တယောက် လေးလေးစားစားနဲ့ ချစ်ချစ်ခင်ခင် ပြောဆိုကြတဲ့ စကားဝိုင်းမျိုးဟာ တကယ်တော့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးပါပဲ။
ချီးကျူးပါ၊ ဖျောင်းဖျပြောဆိုပါ
ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများ ကတော့ ကလေးကို ချီးကျူးရမှာ အင်မတန် စိုးရွံ့ကြပါတယ်။ ချီးကျူးရင် ကန်းတက်လိမ့်မယ် လို့ ထင်တတ်ကြတာ မျိုးပါ။ သို့ပေမယ့် တခုခု အမှားယွင်း လုပ်မိပြီ ဆိုရင်တော့ဖြင့် အပြစ်တင် အော်ဟစ် ဆူပူလို့ မဆုံးကြတော့ ပါဘူး။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ အယူအဆပါ။ တကယ်တော့ ကလေးကို လိမ္မာအောင်လို့ ပြုပြင်တဲ့ အခါမျိုးမှာ ချီးကျူးခြင်း ဟာ အင်မတန်မှ ကောင်းမွန်တဲ့ နည်းပဲ ဖြစ်ပါတယ်။ ကိုယ် မကြိုက်တဲ့ အပြုမူဆိုး တခုကို ကလေးလုပ်မိတိုင်း မျက်လုံးကြီး ပြူးပြီးတော့ အော်ဟစ်နေမယ့် အစား ဖျောင်းဖျောင်းဖျဖျနဲ့ ကလေး နားဝင်အောင် ပြောဆိုရပါမယ်။
ဥပမာ – ကိုယ့်ရဲ့ကလေးက ဧည့်သည်လာတဲ့ ကလေးကို သူ့ရဲ့ အရုပ်တွေ ပေး မကစားဘူး ဆိုပါစို့။ “ဟဲ့..! အရုပ် ပေးကစားလိုက်လေ။ ဒီလို အပြုအမူဆိုး တွေကို မကြိုက်ဘူးလို့ ပြောထားတယ် မဟုတ်လား”  လို့ ကလေးကို ပြောမယ့် အစား “သားသား အရုပ်လေးကို သူငယ်ချင်းကို ပေးကစားလိုက်နော်။ သားတို့ အတူတူ ကစားမယ် ဆိုရင် ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ ” လို့ ပြောရမှာပါ။
အပြစ်တင် ဆူပူတာကို မကြာ မကြာခံနေရတဲ့ ကလေးတွေဟာ ပိုပိုပြီး ဆိုးလာတတ် ပါတယ်။ ကလေးက လိမ်မာတဲ့ အပြုမူ၊ အမူရာကောင်းလေးတွေ လုပ်တိုင်း လုပ်တိုင်းမှာ လည်း မသိချင်ယောင် ဆောင်မနေရပါဘူး။ ချီးကျူးပေးရပါမယ်။ ချီးကျူးတဲ့ အခါမှာလည်း လုပ်ကြံဖန်တီးပြီး တော့ ချီးကျူးတာမျိုး မဖြစ်ရပါဘူး ။ တကယ့်ကို စိတ်ပါလက်ပါ နဲ့ ချီးကျူးရပါ မယ်။
ကလေးပြောတာကို စိတ်ဝင်တစား နားထောင်ပေးပါ
ကလေးတို့ဟာ လူကြီးနဲ့ စကားပြောချင် ကြပါတယ်။ သူတို့ အတွေး၊ သူတို့ အမြင် စတာတွေကို လူကြီးက စိတ်ဝင်တစားနဲ့ နားထောင်ခြင်း ဟာ သူတို့ ရင်ထဲက ဒေါသ၊ အမုန်းနဲ့ မကြေလည်မှု တွေကို လျှော့ပါး သွားစေသလို၊ ကလေး နဲ့ လူကြီး အကြားမှာလည်း ချစ်ခင်ရင်းနှီးမှု ပိုတိုးလာစေ ပါတယ်။ သူတို့ စိတ်ထဲမှာ ဘယ်လို ခံစားနေရတယ် ဆိုတာကို လူကြီးကို ပြောပြတဲ့ အခါမျိုးမှာ လူကြီးကလည်း စိတ်ဝင်တစားနဲ့ ကလေးရဲ့ စိတ်ခံစားချက်ကို ကလေးကိုယ်တိုင် နားလည်လာ အောင်လို့ ပြန်ပြောပြဖို့ လိုပါတယ်။
ဥပမာ – “သမီး ၀ါဝါကို သိပ်မုန်းတာပဲမေမေ” လို့  ကလေးက သူ့အမေကို ပြောတယ် ဆိုပါစို။ “၀ါဝါက သမီးကို စိတ်ဆိုးအောင် လုပ်လို့။ သမီး စိတ်ဆိုးနေ တာပေါ့ ဟုတ်လား” စသဖြင့် ပြောရပါမယ်။ ကလေး ပြောချင်တာကို ပြောခွင့်ပေးပါ။ ဒီနေရာမှာ ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများက ကလေး ပြောတာကို ဘယ်တော့မှ ဆုံးအောင် နားမထောင်တတ် ကြပါဘူး။ ကလေး ပြောတဲ့ အထဲမှာ သူတို့ မကြိုက်တာ တခုခု ပါလိုက်ပြီဆိုတာနဲ့ ဆူပူ အော်ဟစ် တော့တာပါပဲ။  နောက်ပိုင်းမှာတော့ ကလေး တို့ဟာ သူတို့ရဲ့ ပြဿနာတွေ၊ သူတို့ရဲ့ စိတ်ခံစားချက်တွေကို မိဘကို မပြောတော့ဘဲ သိုဝှက်တတ်လာကြ ပါတယ်။ အဲလိုနဲ့ပဲ မိဘနဲ့သားသမီးကြား ဆက်ဆံရေးတွေ တဖြည်းဖြည်း ဝေးကွာ လာရတော့တာ ပါပဲ။
ကလေး တယောက်ကို ပြုစု စောင့်ရှောက်တယ် ဆိုတာဟာ တကယ်တော့ လူ့လောကထဲက လူမှုအဖွဲ့စည်းထဲကို ၀င်ပြီး တော့ လူ့အသိုင်းဝိုင်းထဲက အလုပ်တွေကို လုပ်ကိုင် ရတော့မယ့် လူတယောက်ကို မွေးမြူ စောင့်ရှောက်ရ တာပါပဲ။ ဒီ အလုပ် ဟာ သိပ်ကိုမှ တာဝန်ကြီးသလို၊ အနာဂတ် လူ့အဖွဲ့အစည်း အတွက် အင်မတန်မှလည်း အရေးကြီးတဲ့ အလုပ်ကြီး ပါ။ မိခင်တယောက်ချင်း ဆီကနေ စိတ်ရည် ဉာဏ်ရည်မြင့်တဲ့၊ စိတ်ကောင်းရှိတဲ့၊ တာဝန်ယူတတ်တဲ့ လူ့အဖိုးတန်တွေ ကိုချည်း မွေးထုတ် ပေးနိုင်မယ် ဆိုရင်ဖြင့် အဲဒီ လူမှု အဖွဲ့အစည်းဟာ သိက္ခာရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာ အမှန်ပါပဲ။
ကျမတို့ဟာ သိက္ခာရှိတဲ့၊ တရားမျှတတဲ့ လူ့အဖွဲ့အစည်း တခုကို ရလာဖို့ အတွက် အကြောက် တရားကို အခြေခံတဲ့ နည်းတွေနဲ့ ကလေးတို့ကို ခြိမ်းခြောက်ပုံသွင်းလို့မရနိုင်ပါဘူး၊ ဖြစ်မလာနိုင်ပါဘူး။ တယောက်ယောက်ကို ကြောက်ရလို့ လိမ္မာတာ၊ စည်းကမ်း လိုက်နာရတာ မဟုတ်ဘဲ ကိုယ့်ဖာသာကို ကြည်ညိုလို့၊ ကိုယ့်ကိုယ်ကို လေးစားလို့ လိမ္မာတဲ့ လူလိမ္မာလေးတွေ ဖြစ်အောင်လို့ ကလေးတို့ကို ဘယ်လို ပြုစုပျိုးထောင်ရမလဲ ဆိုတာကို နောက် တပတ်မှာ ကျမဆက်ရေးသား တင်ပြပါဦးမယ်။ ဖတ်ကြည့်ပေးပါဦး။
(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ၀တ္ထုတို၊ ၀တ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)
ref: burma.irrawaddy.org 


အဓိကကတော့ သူ့ဂုဏ်သတ္တိကြောင့်ပါပဲ။

- ၁ ဂရမ် ပမာဏရှိသော ရွှေကို အပြားခတ် မယ်ဆိုရင် ၁ စတုရန်းမီတာ အထိ ကျယ်ပြန့်နိုင်ပါတယ်။ ၁ အောင်စဆို စတုရန်းပေ ၃၀၀ အထိ ဖြန့်နိုင်တဲ့အတွက် တော်တော်ကို ထူးခြားတဲ့ သတ္တုဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ်။

- ရွှေကနေ ထွက်တဲ့ အရောင်က အနီနဲ့ အဝါ ခပ်တောက်တောက် ရှိပြီး သာမန်မမြင်နိုင်တဲ့ ရောင်ခြည်တွေကို တားဆီးကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အာသာယဉ်နဲ့ ဝတ်ဆုံမှာ နေရောင်ခြည် တိုက်ရိုက်မထိ အောင် ရွှေအလွှာခံတဲ့ မှန်တွေကို အသုံးပြု လေ့ ရှိကြပါတယ်။

- ရွှေကို အခြား သတ္တုတွေနဲ့ ရောစပ် အသုံးပြုခြင်းကလည်း ရေပန်းစား ပါတယ်။ အခြား သတ္တု တစ်ခုခုကို ရွှေရောလိုက်ခြင်းဖြင့် ပိုမို မာကျော သွားခြင်း၊ အကြမ်းခံခြင်း၊ သန်မာခြင်း တို့လည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံး လျှပ်ကူးပစ္စည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ရေခိုးရေငွေ့၊ ရေ၊ တိုက်စားနိုင်သော အခြားသော ဓာတုဓာတ်များနဲ့ ဓာတ်မပြုနိုင်ပဲ ပုံမှန် အနေအထားအတိုင်း အမြဲ တည်ရှိ နိုင်ပါတယ်။

အဓိကကတော့ တာရှည်ခံမှုပါပဲ။ ဘယ်လောက်ပဲ နှစ်တွေပြောင်းသွား ပါစေ ရွှေဟာ သူ့နဂိုအတိုင်းပဲ ကျန်ရှိပါတယ်။ ဒါကြောင့်ပဲ လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက လူသားတို့ အသုံးပြုခဲ့တဲ့ ရွှေတွေကို ပြန်လည်တွေ့ရှိတဲ့အခလါ ပုံမပျက်ကို ပြန်တွေ့ရ ပါတယ်။ အပူကြောင့် အရည်ပျော်မယ်ဆိုရင်တောင် ပြန်အေးပြီး ခဲတဲ့အခါ အရင် အတိုင်းပါပဲ။

နောက်ထပ် အရေးကြီးတဲ့ အချက်က ရှားပါးမှု ဖြစ်ပါတယ်။ ပေါပေါပဲပဲရနေရင် ဒီလောက် တ်ဖိုး ထားကြမှာ မဟုတ်ပါဘူး။ အလွယ်တကူ မရနိုင်တဲ့အတွက်လည်း ရွှေကို တန်ဖိုးထားကြပါတယ်။

အရောင်ကလည်း တောက်တော့ အလှဆင်ဝတ်လို့ တင်တယ်ပါတယ်။ ဒါကြောင့် ရှေးယခင်က ငွေကြေးအဖြစ်တောင် ရွှေကို အသုံးပြုခဲ့ကြပါတယ်။ ရွှေကို အတုံးလိုက် အသုံပြုရာကနေ အင်္ဂါးလို လှလှပပ ဖန်တီး အသုံးပြုပါတယ်။ နောက်တော့ ငွေသတ္တုနဲ့ တွဲသုံးလာပြီး နောက်ဆုံးမှာ ရွှေကို အလှဆင်ဝတ်ဖို့ရန်ပဲ အသုံးပြုတဲ့ အနေအထား သို့ ရောက်လာပါတယ်။

ရွှေကို ပိုက်ဆံ (ငွေကြေးယူနစ်) နေရာမှာ အသုံးပြုနေရာကနေ ပိုက်ဆံကို တန်ဖိုးဖြတ်ပေးတဲ့ ပစ္စည်း အဖြစ်သို့ ပြန်လည်ရောက်ရှိလာပါတယ်။ ယနေ့ ကမ္ဘာမှာ ရွှေရဲ့   အသုံးဝင်မှုက တော်တော်လေး စိုးမိုးနေပါတယ်။ ကမ္ဘာ့ရွှေဈေး၊ ငွေဈေး၊ ရေနံဈေး  ဆိုပြီး အရေးကြီးတဲ့ ဈေးသုံးဈေးမှာ ရွှေ ကလည်း ပါဝင်နေပါတယ်။


ဦးနှောက်ရဲ့  လုပ်ဆောင်ချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်ချက်ကို အမေရိကန် MIT မှ စမ်းသပ်အောင်မြင် သွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ယင်း လျှပ်စစ်ဓာတ်အားက မိုက်ခရိုဝပ်ထ် ပမာဏပဲ ရှိပါတယ်။ ဒီတော့ ဖုန်းနဲ့ အခြား အီလက်ထရောနစ် ပစ္စည်း အကြီးစားတွေကို အားသွင်းလို့မရ တာ သေချာပါတယ်။ သို့ပေမယ့် ရည်ရွယ်ချက်က ဦးနှောက်တွင်းမှာရှိတဲ့ Chip များကို ပြန်လည် အားသွင်းဖို့ ဖြစ်ပါတယ်။

ဦးနှောက် တစ်ခုတည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ဘယ် အားသွင်းစရာ လိုတဲ့ ပစ္စည်း အစိတ်အပိုင်း ကိုယ်မဆို အားသွင်း ပေးမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ အသုံးပြုနေတာကတော့ ပြန်လည်ခွဲထုတ်ခြင်း သို့မဟုတ် ကြိုးမဲ့ ရေဒီယိုလိုင်းနဲ့ အားသွင်းခြင်းတို့ ဖြစ်ပြီး ဦးနှောက်တွင်းမှာ ထည့်ထားတဲ့ Chip များကို အသက်ရှင်စေပါတယ်။ ခွဲစိတ် ထားသူ အချို့  ဟာ အသက်ဆက်ရှင်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေ ကိုယ်တွင်းမှာ ထည့်သုံးတဲ့ နည်းပညာဟာ ပေါ်တာ ကြာပြီ ဖြစ်ပါတယ်။

ယခု ယင်းစက်တွေကို အပြင်ထုတ်စရာမလိုပဲ အတွင်းမှာပဲ သွင်းလို့ ရအောင် ဖန်တီးပေးမယ့် စနစ်ကတော့ အသစ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ထဲမှ cerebrospinal fluid  ဆိုတဲ့ အရည်မှ ဂလူးကိုစ့်ဓာတ်ထုတ်ပါမယ်။ ယင်း ဂလူးကိုစ့်မှ အောက်ဆီဂျင်ကို ထုတ်ပြီး ယင်းအော်ကဆီဂျင်ကို အခြေခံလို့ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲပေးစေဖို့ ဖြစ်ပါတယ်။ အဆင့်တွေ များပေမယ့် ထပ်မယ့် ပစ္စည်းက မီလီမီတာ မျှသော အတိုင်းအတာ လောက်ထိကို သေးငယ်ပါတယ်။

ယင်း ပစ္စည်းကြောင့် ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ပြီး ကိုယ်တွင်းမှ ကျန်းမာရေး အထောက်အပံ့ အီလက်ထရောနစ် ပစ္စည်းများကို အားသွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
Ref:realitypod
Image Hosted At MyspaceGens
Welcome to My Blog

သတင်းနှင့်အထွေထွေဗဟုသုတများစုစည်းရာ


اسلام عليكم ور حمت الله وبر كته နွေးထွေးစွာကြိုဆိုပါ၏

Internet Speedtest

အစ္စလာမ်ပြက္ခဒိန်


ဟစ်ဂျရီ ၁၄၃၅ ခုနှစ်
မုဟရ်ရမ်လ
၂၆ ရက်
တနင်္ဂနွေနေ့

နေ့လည် ဝ၂ နာရီ  ၃၂ မိနစ်

online quran

Image Hosted At MyspaceGens

Mc Hla MoE Apk

ကျွန်ုပ်၏ပြတိုက်မှ တင်ဆက်ထားသောပိုစ်များကို အင်တာနက်ခဏဖွင့်ယုံဖြင့် offline အနေဖြင့်ဖတ်ရှုနိုင်ပါပြီ။ အသုံးပြုနည်းမှာ- App အား မိုဘိုင်းပေါ်တွင် install လုပ်ပြီးပါက menu ခလုတ်နှိပ်၍ Update All အား ရွေးချယ်နှိပ်ယူစဉ် အင်တာနက် ခေတ္တ ဖွင့်ထားဖို့ လိုမည် ဖြစ်ပါသည်... Update download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။ Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည် mchlamoe
Image Hosted At MyspaceGensနောက်ဆုံးရသတင်းများကိုတစ်နေရာတည်၌စုံလင်စွာဖြင့်သိရှိနိုင်ပါသည် Image Hosted At MyspaceGens Image Hosted At MyspaceGens


>>> M - M - C - F

mchlamoe

Myanmar Muslim Hacker Group

မွတ်စလင်မ်အမျိုးသားများသတိပြုရန်

mchlamoe

Popular Post

Quran Download

Surah 001 - Al-Fatiha (The Opening).mp3

Download


Surah 002 - Al-Baqarah( The Cow).mp3

Download


Surah 003 - Al-Imran.mp3

Download


Surah 004 - An-Nissa (The Women).mp3

Download


Surah 005 - Al-Maidah (The Table Spread).mp3

Download


Surah 006 - Al-An'am (The Cattle).mp3

Download


Surah 007 - Al-A'raf (The Heights).mp3

Download


Surah 008 - Al-Anfal (The Spoils of War).mp3

Download


Surah 009 - Al-Tauba (The Repentance).mp3

Download


Surah 010 - Yunus (Jonah).mp3

Download


Surah 011 - Hud (The Prophet Hud).mp3

Download


Surah 012 - Yusuf (Joseph).mp3

Download


Surah 013 - Ar-Ra'd (The Thunder).mp3

Download


Surah 014 - Ibrahim (Abraham).mp3

Download


Surah 015 - Al-Hijr (The Rocky Tract).mp3

Download


Surah 016 - An-Nahl (The Bee) .mp3

Download


Surah 017 - Al-Isra (The Journey by Night) .mp3

Download


Surah 018 - Al-Kahf (The Cave) .mp3

Download


Surah 019 - Maryam (Mary).mp3

Download


Surah 020 - Ta-Ha .mp3

Download


Surah 021 - Al-Anbiya.mp3

Download


Surah 022 - Al-Hajj (The Pilgrimage).mp3

Download


Surah 023 - Al-Mu'minun (The Believers).mp3

Download


Surah 024 - Al-Nour (The Light).mp3

Download


Surah 025 - Al-Furqan (The Criterion).mp3

Download


Surah 026 - Ash-Shu'ara (The Poets).mp3

Download


Surah 027 - An-Naml (The Ants).mp3

Download


Surah 028 - Al-Qasas (The Narration).mp3

Download


Surah 029 - Al-'Ankabut (The Spider).mp3

Download


Surah 030 - Ar-Rum (The Romans).mp3

Download


Surah 031 - Luqman (Luqman).mp3

Download


Surah 032 - As-Sajdah (The Prostration).mp3

Download


Surah 033 - Al-Ahzab (The Confederates).mp3

Download


Surah 034 - Saba' (Sheba) .mp3

Download


Surah 035 - Fatir (The Originator of Creation).mp3

Download


Surah 036 - Ya-Sin (Ya-Sin).mp3

Download


Surah 037 - As-Saffat (The Rangers).mp3

Download


Surah 038 - Suad.mp3

Download


Surah 039 - Az-Zumar (The Groups).mp3

Download


Surah 040 - Ghafir (The Forgiver).mp3

Download


Surah 041 - Fussilat (Explained in Detail).mp3

Download


Surah 042 - Ash-Shura (The Consultation).mp3

Download


Surah 043 - Az-Zukhruf (The Gold Adornments).mp3

Download


Surah 044 - Ad-Dukhan (The Smoke).mp3

Download


Surah 045 - Al-Jathiya (The Kneeling).mp3

Download


Surah 046 - Al-Ahqaf (The Curved Sandhills).mp3

Download


Surah 047 - Muhammad.mp3

Download


Surah 048 - Al-Fath (The Victory).mp3

Download


Surah 049 - Al-Hujurat (The Dwellings).mp3

Download


Surah 050 - Qaf.mp3

Download


Surah 051 - Az-Zariyat (The Winds that Scatter).mp3

Download


Surah 052 - At-Tur (The Mount).mp3

Download


Surah 053 - An-Najm (The Star).mp3

Download


Surah 054 - Al-Qamar (The Moon).mp3

Download


Surah 055 - Ar-Rahman (The Most Beneficent).mp3

Download


Surah 056 - Al-Waqi'a (The Event).mp3

Download


Surah 057 - Al-Hadid (Iron).mp3

Download


Surah 058 - Al-Mujadilah (The Disputation).mp3

Download


Surah 059 - Al-Hashr (The Gathering).mp3

Download


Surah 060 - Al-Mumtahinah (The Examined One).mp3

Download


Surah 061 - As-Saff (The Row).mp3

Download


Surah 062 - Al-Jumu'ah (Friday).mp3

Download


Surah 063 - Al-Munafiqun (The Hypocrites).mp3

Download


Surah 064 - At-Taghabun (Loss and Gain).mp3

Download


Surah 065 - At-Talaq (The Divorce).mp3

Download


Surah 066 - At-Tahrem (The Banning).mp3

Download


Surah 067 - Al-Mulk (Dominion).mp3

Download


Surah 068 - Al-Qalam (The Pen).mp3

Download


Surah 069 - Al-Haqqah (The Reality).mp3

Download


Surah 070 - Al-Ma'arig (The Ways of Ascent).mp3

Download


Surah 071 - Nuh (Noah).mp3

Download


Surah 072 - Al-Jinn (The Jinn).mp3

Download


Surah 073 - Al-Muzzammil (Folded in Garments).mp3

Download


Surah 074 - Al-Muddaththir (The One Enveloped).mp3

Download


Surah 075 - Al-Qiyamah (The Resurrection).mp3

Download


Surah 076 - Al-Insan (Man).mp3

Download


Surah 077 - Al-Mursalat (Those Sent Forth).mp3

Download


Surah 078 - An-Nab (The Great News).mp3

Download


Surah 079 - An-Naziat (Those Who Pull Out).mp3

Download


Surah 080 - Abasa (He Frowned).mp3

Download


Surah 081 - At-Takwir (The Folding Up).mp3

Download


Surah 082 - Al-Infitar (The Cleaving).mp3

Download


Surah 083 - Al-Mutaffifin (Those Who Deal in Fraud).mp3

Download


Surah 084 - Al-Inshiqaq (The Splitting Asunder).mp3

Download


Surah 085 - Al-Buruj (The Big Stars).mp3

Download


Surah 086 - At-Tariq (The Night-Comer).mp3

Download


Surah 087 - Al-A'la (The Most High).mp3

Download


Surah 088 - Al-Ghashiyah (The Overwhelming).mp3

Download


Surah 089 - Al-Fajr (The Dawn).mp3

Download


Surah 090 - Al-Balad (The City).mp3

Download


Surah 091 - Ash-Shams (The Sun).mp3

Download


Surah 092 - Al-Lail (The Night).mp3

Download


Surah 093 - Ad-Duha (The Forenoon - After Sunrise).mp3

Download


Surah 094 - Ash-Sharh (The Opening Forth).mp3

Download


Surah 095 - At-Tin (The Fig).mp3

Download


Surah 096 - Al-Alaq (The Clot).mp3

Download


Surah 097 - Al-Qadr (The Night of Decree).mp3

Download


Surah 098 - Al-Baiyinah (The Clear Evidence).mp3

Download


Surah 099 - Az-Zalzalah (The Earthquake).mp3

Download


Surah 100 - Al-'Adiyat (Those That Run).mp3

Download


Surah 101 - Al-Qari'ah (The Striking Hour).mp3

Download


Surah 102 - At-Takathur (The Piling Up).mp3

Download


Surah 103 - Al-'Asr (The Time).mp3

Download


Surah 104 - Al-Humazah (The Slanderer).mp3

Download


Surah 105 - Al-Fil (The Elephant).mp3

Download


Surah 106 - Quraish (Quraish).mp3

Download


Surah 107 - Al-Ma'un (The Small Kindnesses).mp3

Download


Surah 108 - Al-Kauthar (A River in Paradise).mp3

Download


Surah 109 - Al-Kafirun (The Disbelievers).mp3

Download


Surah 110 - An-Nasr (The Help).mp3

Download


Surah 111 - Al-Masad (The Palm Fiber).mp3

Download


Surah 112 - Al-Ikhlas (The Purity).mp3

Download


Surah 113 - Al-Falaq (The Day Break).mp3

Download


Surah 114 - An-Nas (The Mankind).mp3

Download



Share

အသစ်တင်တိုင်းပို့ပေးပါမည် Email လိပ်စာလေးထားခဲ့ပေးပါ

Pages

.

myanmarmuslim.net

The Irrawaddy's Blog

News @ M-Media

Thit Htoo Lwin

Myanmar Muslims' Voice (MMV)

Internet Journal

Myanmar Mobile App

rohingyablogger

- Copyright © ! ကျွန်ုပ်၏ပြတိုက် ! -ALL M-M News- Powered by Blogger - Designed by M C HLa MoE -