M-Media
သြဂုတ်လ ၂၅ ရက်၊ ၂၀၁၃
သြဂုတ်လ ၂၅ ရက်၊ ၂၀၁၃
ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ သြဂုတ်လ ၂၅ ရက်၊ ၁၈ နာရီ ၃၉ မိနစ်တွင်
“ကန့်ဘလူအကြမ်းဖက်မှု” နှင့်ပတ်သတ်ပြီး သတင်းတင်ပြခဲ့ပါသည်။ သို့သော်
ထိုသတင်းမတိုင်မီအလျင် ပြန်ကြားရေးဝန်ကြီးဌာနမှ “ရွှေဘိုခရိုင်၊
ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်မှုအား
အချိန်မီထိမ်း သိမ်းဆောင်ရွက်လျက်ရှိ” ဟူသော ခေါင်းစဉ်ဖြင့် ၄င်းတို့၏
တရားဝင်ဝက်ဘ်ဆိုဒ်တွင် သတင်းတင်ပြခဲ့ပါသည်။ ထိုသတင်းမူရင်းကို အောက်ပါ
အတိုင်း ရှုစားနိုင်မည်ဖြစ်ပါသည်။
အဆိုပါသတင်းတွင် မီဒီယာသမားတို့၏ ကျင့်ဝတ်နှင့် ဆန့်ကျင်ပြီး
နိုင်ငံတော်၏ တည်ဆဲဥပဒေ များနှင့်ပါ ထိပါးနေသည့် ကိုးကွယ်သည့်ဘာသာအား
ထည့်သွင်းဖော်ပြထားခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် ထိုသတင်းတင်အပြီး
ပြန်လည်ဖျက်ချပစ်ခဲ့ပါသည်။ အဘယ်ကြောင့် ဖျက်ချခဲ့သည်ကို မူ အကြောင်းပြချက်
တစုံတရာပေးမထားပါ။
ထိုသတင်းတွင် ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာကိစ္စကို
ဦးဝီရသူဖေ့ဘွတ်စာမျက်နှာမှ ပုံပြင်များအတိုင်း အသေးစိတ်ရေးသားထားပြီး
ဗုဒ္ဓဘာသာ ဘုန်းကြီးသုံးပါးပါဝင်သော လူဦးရေ ၁၅၀ က ရဲစခန်းကို ၀ိုင်းပြီး
တရားခံ အစ္စလာမ်ဘာသာဝင်လူမျိုးအား ထုတ်ပေးဖို့ တောင်းဆို ခဲ့ကြောင်း
ဖော်ပြထားပါသည်။
ယင်းသို့ သတင်းဖော်ပြခြင်းမှာ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းအရှိန်အဟုန်
ဆထက်တပိုး တိုးပွားစေဖို့ရာ အချိန်ကိုက်လှုပ်ရှားမှုတစ်ခုဖြစ်သည်ဟု
ယူဆဖွယ်ရှိသလို ထိုယူဆချက်အား ပို၍ အသက်သွင်းပေးနေသည့်အချက်မှာ
ပြန်ကြားရေးဝန်ကြီးဌာနက ၄င်းတို့ကိုယ်တိုင် စိစစ်ပြီးမှ ပြည်သူလူထုအား
ချပြခဲ့သည့်သတင်းတပုဒ်အား လက်လွတ်စပယ် ဖျက်ချပြီး
အဘယ်ကြောင့်ဖျက်ချခဲ့ရကြောင်းကိုမူ လူထုအား အသိမပေးခြင်းပင်ဖြစ်ပါသည်။
ပြန်ကြားရေး ဒု-၀န်ကြီးနှင့် သမ္မတပြောခွင့်ရ ဦးရဲထွတ်မှာမူ မကြာသေးမီက
ဖြစ်ပွားခဲ့သည့် ကုလသံတမန်ကိစ္စတွင်လည်း အငြင်းပွားဖွယ်ရာမှတ်ချက် များပေးကာ
ကုလသံတမန်အား ၄င်းစီးနင်းလိုက်ပါလာသည့် ကားကို လူ ၂၀၀ ခန့်
ဝိုင်းဝန်းတိုက်ခိုက် သည်ဆိုပါက သက်သေပြဖို့ ဖေ့ဘွတ်မှတဆင့် စိန်ခေါ်ခဲ့သူ
ဖြစ်ပါသည်။
တောင်ကုတ်လူသတ်မှုကိစ္စကို နိုင်ငံပိုင် သတင်းစားများမှ ကုလားဟူသော
စကားလုံး သုံးနှုန်းဖော်ပြခဲ့သည့် အချိန်ကညွန်ကြားရေးမှူးတာဝန်ယူခဲ့သည့်
ဦးရဲထွဋ်မှာ သက်ဆိုင်ရာ အစိုးရသတင်းနှင့် ပြန်ကြားရေး
အယ်ဒီတာချူပ်များကိုဝေဖန်ခဲ့သည်။ မိမိမှာ ဌာနမတူသောကြောင့် တိုက်ရိုက်
အရေးယူပိုင်ခွင့်မရှိသော်လည်း
ပြင်ဆင်ချက်ထုတ်ပေးရန်ညွှန်ကြားတင်ပြသွားပေးမည်ဟုလည်း ၄င်း၏ FB
တွင်ရေးသားခဲ့သည်။
ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လူမျိုးဘာသာရေး
အဓိကရုဏ်း ပိုမိုကြီးထွားစေနိုင်မည့် စာနယ်ဇင်းကျင့်ဝတ်ဖောက်ဖျက်ပြီး
ယခုကဲလို့ ရေးသားဖော်ပြသည်မှာ ဒုတိယအကြိမ်ဖြစ်သည်။
မှတ်ချက် – ပြန်ကြားရေးဝန်ကြီးဌာနမှာ ကန့်ဘလူသတင်းကို
မူသုံးမျိုးခန့်ပြောင်းလဲ၍ တင်ပြီးဖြစ်ကြောင်းနှင့် ယခုတင်ဆက်ထားသည့်
သတင်းကို http://www.moi.gov.mm/news/25/08/2013/id-765 တွင်
ရှုစားနိုင်ပါသည်။
- ကျနော့်ဇာတိ
ကန့်ဘလူမြို့နယ်၊ ထန်းကုန်းမှာတော့ သူတို့ အကြံအောင်သွားတယ်။ သိတဲ့အတိုင်း
အရင့်အရင် ဇာတ်လမ်းတွေလိုပဲ မြန်မာဗုဒ္ဓဘာသာ မိန်းမပျိုကလေးတစ်ယောက်ကို
မွတ်ဆလင်သုံးယောက်က အဓမ္မကျင့်တယ်ဆိုတဲ့ ဘယ်ကနေ ဘယ်လို အခြေအမြစ်မရှိထွက်လာမှန်းမသိတဲ့
ကောလာဟလကို အခြေတည်တယ်။ ထုံးစံအတိုင်း အဲဒီအထဲက တစ်ယောက်ကို ရဲစခန်းမှာ
ဖမ်းထားတယ်ဆိုတဲ့ သတင်းကို ဘယ်သူက ဘယ်လို အတည်ပြုလိုက်လဲမသိဘူး
ဒေါသထွက်နေတဲ့ လူတစ်စုဆီ ဝုန်းဒိုင်းဆို ရောက်သွားတယ်။ ထုံးစံအတိုင်း
လူအုပ် အရေအတွက် ၃၀၀ ဝန်းကျင်က ရဲစခန်းသွားဝိုင်းတယ်။ ပြီးတော့
ထုံးစံအတိုင်း ရဲစခန်းနားက မွတ်ဆလင်ပိုင် ဆိုင်ခန်းတွေ ရိုက်ဖျက်တယ်။
ထုံးစံအတိုင်း မွတ်ဆလင်ပိုင် ကြက်ခြံတွေကို မီးရှို့တယ်။ အဲဒီအထိ ဘယ်သူမှ
မတားနိုင်ဘူး။ ဆိုင်ခန်းတွေ ရိုက်ဖျက်နေတဲ့အဆင့်တင်
သေနပ်မိုးပေါ်ထောင်ဖောက်ပြီး လူစုခွဲလို့ရတယ်။ ကြက်ခြံမီးရှို့တဲ့အထိ ဘာမှ
ထိန်းလို့ မရတာ ဘာသဘောလဲလို့ မေးချင်တယ်။
ဒီလောက် တစ်နိုင်ငံလုံး ဆက်တိုက်ဖြစ်နေတာတောင် အခုအထိ မတားနိုင်ဘူးဆိုတော့ တာဝန်ရှိတဲ့သူတွေ ဘယ်လောက်ရှက်ဖို့ကောင်းသလဲ။
ဘယ်လိုလူတွေက ဒီလောက် လက်ရဲဇက်ရဲ လုပ်နေတာလဲ။ တစ်နိုင်ငံလုံးမှာ ဖြစ်သမျှ အားလုံးက ဘာလို့ ဒီလောက် တူညီနေရတာလဲ။ စဉ်းစားတတ်တဲ့သူတိုင်း သိတယ်။
လုံခြုံရေးတာဝန်ရှိသူတွေကို ဘယ်ကနေ တိုက်ရိုက်အမိန့်ပေးနေတာလဲ။ ဒီလို လက်ရဲဇက်ရဲလုပ်နေတဲ့သူက တည်ဆဲဥပဒေတွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေတာ မဟုတ်ဘူးလား။ ဒီလောက်အတင့်ရဲရဲ လုပ်နေတာ သူတို့နောက်က ဘယ်လောက် အင်အားကြီးနေလို့လဲ။ ဒီလောက် စွမ်းအားကြီးနေတာ စွမ်းအားရှင်တွေမို့လို့ ဖြစ်မယ်။ ဒီပုံအတိုင်းဆို စွမ်းအားရှင်များနဲ့ ဖွဲ့စည်းထားတဲ့ ခါးပိုက်ဆောင် တပ်ဖွဲ့တွေ နောက်လာမယ့် ရွေးကောက်ပွဲတွေမှာ မင်းမူ လာမှာ မြင်ယောင်သေးတော့။
ကန့်ဘလူနယ်ဆိုတာ တစ်လျှောက်လုံး အေးချမ်းလာခဲ့တာ။ ဒီဘက် နှစ်၂၀ ကျမှသာ အာဏာရှိသူတွေကိုယ်တိုင်ရယ် အာဏာအရှိန်ခိုစီးပြီး မြို့ကို မာဖီးယားဆန်ဆန် ဗိုလ်ကျနေတဲ့ လူတချို့ရယ်က ဟိုပြော၊ ဒီပြောနဲ့ ရှိနေတဲ့ ချစ်ခင်စည်းလုံးညီညွတ်မှုလေး ယိုင်နဲ့လာခဲ့တာ။ ဒါပေမဲ့ ဒီလိုသတင်းမျိုး တခြားမြို့တွေမှာ ဖြစ်ခဲ့တဲ့ ထုံးစံရှိနေတော့ ဒေသခံ မွတ်ဆလင်တွေရော ဗုဒ္ဓဘာသာဝင်တွေပါ သိနေပြီးသား။ အဲတော့ အားလုံးက သတိရှိနေကြပြီးသား။ ဖြစ်လာရင် ထိန်းသိမ်းဖို့ ပြင်ထားပြီးသား။ ဒါပေမဲ့ ဖြစ်ခဲ့တဲ့ မြို့တွေမှာ လုပ်နေကျနည်းနဲ့ ဘယ်ကမှန်းမသိတဲ့ လူအုပ်က အရင်မြို့တွေမှာလိုပဲ ရဲစခန်းသွားဝိုင်းတယ်။ ကျနော့်ဇာတိအကြောင်း ကျနော်သိတယ်။ ဒေသခံတွေ အဲလောက် သွေးမဆိုးဘူး။ ရဲစခန်းသွားဝိုင်းလောက်တဲ့အထိ အဆင်အခြင် မမဲ့ဘူး။
ဒီလိုအောက်တန်းကျကျ ကြံစည် လုပ်ကြံတဲ့သူတွေကို ကျနော် သိပ်အထင်သေးတယ်။ သိပ်အောက်တန်းကျတယ်။ နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း အချင်းချင်း အပြန်အလှန် ချစ်ခင်လေးစားမှု၊ ရိုင်းပင်းကူညီမှုနဲ့ နေလာခဲ့တဲ့ ဒေသခံမြန်မာတွေအကြား ဒီလို အောက်လမ်းနည်းနဲ့ သွေးခွဲဖို့ လုပ်တာ ပက်စက်လွန်းတယ်။
ကိုယ်ပေးသလောက် ကိုယ်ပြန်ရတဲ့ လောကကြီးက သိပ်တရားတယ်။ ထန်းကုန်းဒေသမှာရှိတဲ့ မိတ်ဆွေများ သံသရာက တင်လာတဲ့ အကြွေးရှိရင်တော့ ဆပ်ရမယ်။ ပြုသူအသစ်၊ ဖြစ်သူအဟောင်း။ အကြွေးသစ်ယူတဲ့သူကတော့ ဒီဘဝမှာ ဆပ်နိုင်ရင်ဆပ်၊ မဆပ်နိုင်ရင် သံသရာတစ်လျှောက်လုံး ဆပ်ရမယ်။
ref :https://www.facebook.com/kyawms/posts/10151634402153940
၂၀၁၂ ခုနှစ် ဇွန်လမှ ၂၀၁၃ ခုနှစ် သြဂုတ်လအထိ ထုတ်ပြန်သော အစိုးရထုတ်ပြန်ချက်များနှင့်ဂျာနယ်များ၏ သတင်းများအရ လေ့လာတွေ့ရှိချက်ကြီး
၁။ အစိုးရသည် မြန်မာပြည်တွင်းဖြစ်ပွားနေသော အမျိုးသမီးများအား ကာယိနြေ္ဒပျက်ပြားစေမှုများနှင့်
၂။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အမှန်တကယ်တာဝန်ယူနိုင်စွမ်းမရှိပဲ မိမိတို့ ရဲစခန်းများကိုပင် ကာကွယ်နိုင်စွမ်းမရှိကြောင်း၊
၃။ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များမှအပ ကျန်ဘာသာဝင်များ၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များမှာအမြဲလိုလိုရန
၎။ အစၥလာမ္ဘာသာ၀င္မ်ားမွအပအျခားဘာသ
၅။ အစိုးရသည် အမည်ခံသက်သက်သာဖြစ်ပြီး နိုင်ငံတော်တာဝန်ကို နိုင်နင်းမှုမရှိကြောင်း၊
၆။ မြန်မာနိုင်ငံတွင် ဒေါသထွက်ပါက လူကိုအရှင်လတ်လတ်မီးရှို့နိုင်ေ
၇။ အချုပ်အားဖြင့်ဆိုရသော် မြန်မာလူမျိုးများအပါအ၀င် မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာဝင်များမှအပ အခြားသူများအားလုံးတို့သည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးသော ရာဇ၀တ်ကောင်များဖြစ်ကြကြောင်း ကို ၂၀၁၂ ခုနှစ် ဇွန်လမှအစပြုကာ ထုတ်ပြန်သော အစိုးရထုတ်ပြန်ချက်များနှင့် သတင်းများအရ စစ်ဆေးလေ့လာတွေ့ရှိရပါသည်။
Reverse Theory
ကမ္ဘာ့စစ်အင်အား အကြီးဆုံး ထိပ်တန်း (၂၀) တွင် တူရကီ၊ ပါကစ္စတန်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်တို့ ပါဝင်
Tag :
အစ္စလာမ်ရေးရာ
စစ်အင်အားနှင့် ပတ်သတ်၍ တွက်ချက်သတ်မှတ်ပုံ
တစ်ခုမက ရှိနေပြီး Global Fire Power (GFP) အဆင့်သတ်မှတ်ချက်မှာ
အထင်ကရတစ်ခု ဖြစ်သည်။ နိုင်ငံတစ်ခုချင်းစီ၏ Power Index (PwrIndx) ကို
သတ်မှတ်ရာတွင် အခြေခံ အချက်အလက်ပေါင်း (၄၀) ကျော်ကို
ထည့်သွင်းတွက်ချက်ထားသည်။ နိုင်ငံကြီးသော်လည်း နည်းပညာအရ
ခေတ်နောက်ကျနေခြင်း၊ နိုင်ငံသေးငယ်သော်လည်း အဆင့်မြင့်နည်းပညာများ
ပိုင်ဆိုင်ထားရှိခြင်း အစရှိသည်များကိုပါ ထည့်သွင်းစဉ်းစားပြီး
ဘက်လိုက်မှုမရှိ စာရင်းပြုစုသည်။
နိုင်ငံပေါင်း (၆၈)
နိုင်ငံကို လေ့လာတွက်ချက် စာရင်းပြုစုထားပြီး (၂၀၁၃) ခုနှစ် ဩဂုတ်လ (၁)
ရက်နေ့အထိ နောက်ဆုံး အချက်အလက်များဖြင့် တင်ပြထားခြင်း ဖြစ်သည်။
မွတ်စလင်နိုင်ငံများ၌
တူရကီ (Turkey) မှာ အဆင့် (၁၁) ဖြင့် ထိပ်ဆုံးဖြစ်ပြီး ပါကစ္စတန်
(Pakistan) အဆင့် (၁၂)၊ အီဂျစ် (Egypt) အဆင့် (၁၄)၊ အင်ဒိုနီးရှား
(Indonesia) အဆင့် (၁၅) နှင့် အီရန် (Iran) အဆင့် (၁၆) အသီးသီး ဖြစ်ကြသည်။
စစ်အင်အားအကြီးဆုံး နိုင်ငံ (၂၀) မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ အမေရိကန် (USA)
၂။ ရုရှား (Russia)
၃။ တရုတ် (China)
၎။ အိန္ဒိယ (India)
၅။ ဗြိတိန် (Britain)
၆။ ပြင်သစ် (France)
၇။ ဂျာမနီ (Germany)
၈။ တောင်ကိုးရီးယား (South Korea)
၉။ အီတလီ (Italy)
၁၀။ ဘရာဇီး (Brazil)
၁၁။ တူရကီ (Turkey)
၁၂။ ပါကစ္စတန် (Pakistan)
၁၃။ အစ္စရေး (Israel)
၁၄။ အီဂျစ် (Egypt)
၁၅။ အင်ဒိုနီးရှား (Indonesia)
၁၆။ အီရန် (Iran)
၁၇။ ဂျပန် (Japan)
၁၈။ ထိုင်ဝမ် (Taiwan)
၁၉။ ကနေဒါ (Canada)
၂၀။ ထိုင်း (Thailand)
အခြား မွတ်စလင်နိုင်ငံများမှာ
- ဆော်ဒီအာရေဗျ (Saudi Arabia) အဆင့် (၂၇)၊
- မလေးရှား (Malaysia) အဆင့် (၃၃)၊
- နိုင်ဂျီးရီးယား (Nigeria) အဆင့် (၃၆)၊
- အလ်ဂျီးရီးယား (Algeria) အဆင့် (၃၈)၊
- ဆီးရီးယား (Syria) အဆင့် (၃၉)၊
- ယီမင် (Yemen) အဆင့် (၄၃)၊
- အာဖဂန်နစ္စတန် (Afghanistan) အဆင့် (၄၈)၊
- ဂျော်ဒန် (Jordan) အဆင့် (၅၆)၊
- ယူအေအီး (UAE) အဆင့် (၅၇)၊
- အီရတ် (Iraq) အဆင့် (၅၈)၊
- လစ်ဗျား (Libya) အဆင့် (၅၉)၊
- ကူဝိတ် (Kuwait) အဆင့် (၆၃)၊
- ကာတာ (Qatar) အဆင့် (၆၅)၊
- လက်ဘနွန် (Lebanon) အဆင့် (၆၆)။
လင်းယုန်နက် (ခြင်္သေ့မြို့တော်)
ကိုးကား – GFP
တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်တို့သည် အေးအတူ ပူအမျှ ဖြင့် နိင်ငံတော်အပေါ် သစ္စာရှိခဲ့သူများပာု ၀န်ကြီးချုပ် ဦးမြင့်ဆွေပြော
Tag :
သတင်များ
သြဂုတ် ၁၈၊ ၂၀၁၃
ကိုပေါက် (မြန်မာမွတ်စလင်မ်မီဒီယာ)
"မိမိအနေနဲ့ ပထမဦးစွာရှင်းလင်းတင်ပြလိုတာကတော့ မြန်မာနိင်ငံတွင်မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား၊ နိင်ငံသား အစ္စလာမ်ဘာသာဝင်တို့ပာာ ရှေးပဝေသဏီအခါကစပြီး ခေတ်အဆက်ဆက်မှာ တခြားဘာသာဝင်တိုင်းရင်းသား များနှင့်အတူပူးပေါင်းကာ အေးအတူ ပူအမျှ ဆိုးတူကောင်းဖက် နေထိုင်လာကြပြီး နိင်ငံအတွက် နိင်ငံသားကောင်းများပီသစွာ နိင်ငံတော်မှပေးအပ်သော တာဝန်အရပ်ရပ်တို့ကို တာဝန်သိသိ သစ္စာရှိရှိ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသည်ကို တွေ့ရှိရမှာဖြစ်ပါတယ်"လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကမြန်မာမွတ်စလင်မ်စီးပွားရေးလုပ်ငန်းရှင်များ က ကြီးမှုးကျင်းပတဲ့ ဘာသာပေါင်းစုံ ၀ါကျွတ်အီးဒ်ပွဲတော် မိတ်စုံစားပွဲအခမ်းအနားမှာပြောကြားခဲ့တာဖြစ်ပါတယ်။
ဘာသာပေါင်းစုံကိုးကွယ်ကြတဲ့ တိုင်းရင်းသားအချင်းချင်း နိင်ငံသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦး နားလည်သဘောပေါက်ကာ ကိုးကွယ်ရာ ဘာသာတရားအပေါ် အကြောင်းပြုပြီး စိတ်ဝမ်းကွဲမှုမရှိဘဲ စည်းလုံးညီညွတ် မှုရှိဖို့အလွန်အရေးကြီးတယ်လို့လည်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြောပါတယ်။
"ယခုလို မြန်မာမွတ်စလင်မ်စီးပွားရေးလုပ်ငန်းရှင်များက ကြီးမှုးကျင်းပတဲ့ ဘာသာပေါင်းစုံ ၀ါကျွတ်(အီးဒ်)ပွဲတော်အခမ်းအနားတွင် မိမိအနေဖြင့် အမှာစကားပြောကြားခွင့်ရရှိသည့်အတွက်များစွာ ဂုဏ်ယူကျေးဇူးတင်ရှိပါကြောင်းပြောကြားလို ပါတယ်"လို့လည်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောပါတယ်။
ဒါ့အပြင် ဘာသာပေါင်းစုံချစ်ကြည်ရှေးရှု့ပြီး ဘာသာတရားတိုင်းရဲ့ ယုံကြည်ကိုးကွယ်တိုးတက်ပွားများစေမယ့် အစဉ်အလာကောင်းတွေကို ယခုထက်အရှိန်ပို တို်းဖို့ ကိုလည်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက တိုက်တွန်းသွားပါတယ်။
မြန်မာနိင်ငံရှိ လူမျိုးအချင်းချင်း ဘာသာအချင်းချင်းတစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုချစ်ခင်လေးစားမှု ပိုမိုနိင်ရေးရှေးရှု့တဲ့ ဘာသာပေါင်းစုံ အီးဒ်မိတ်ဆုံစားပွဲကျင်းပတာကို မိမိအနေနဲ့ အလွန်ဂုဏ်ယူဝမ်းမြောက်မိတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်က ပြောပါတယ်။
မြန်မာမွတ်စလင်မ်စီးပွားရေးလုပ်ငန်းရှင်တွေက ကြီးမှုးကျင်းပတဲ့ အီးဒ်မိတ်ဆုံစားပွဲကို သြဂုတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ Strand Hotel မှာကျင်းပခဲ့ပြီးအခမ်းအနားကို နိင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေ၊သံအမတ်တွေ၊ဘာသာပေါင်းစုံကိုယ်စားပြု ဆရာတော်တွေအပြင် ဂုဏ်သရေရှိဧည့်သည်တော်များစွာတက်ရောက်ခဲ့ပါတယ်။
ကိုပေါက် (မြန်မာမွတ်စလင်မ်မီဒီယာ)
"မိမိအနေနဲ့ ပထမဦးစွာရှင်းလင်းတင်ပြလိုတာကတော့ မြန်မာနိင်ငံတွင်မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား၊ နိင်ငံသား အစ္စလာမ်ဘာသာဝင်တို့ပာာ ရှေးပဝေသဏီအခါကစပြီး ခေတ်အဆက်ဆက်မှာ တခြားဘာသာဝင်တိုင်းရင်းသား များနှင့်အတူပူးပေါင်းကာ အေးအတူ ပူအမျှ ဆိုးတူကောင်းဖက် နေထိုင်လာကြပြီး နိင်ငံအတွက် နိင်ငံသားကောင်းများပီသစွာ နိင်ငံတော်မှပေးအပ်သော တာဝန်အရပ်ရပ်တို့ကို တာဝန်သိသိ သစ္စာရှိရှိ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသည်ကို တွေ့ရှိရမှာဖြစ်ပါတယ်"လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကမြန်မာမွတ်စလင်မ်စီးပွားရေးလုပ်ငန်းရှင်များ က ကြီးမှုးကျင်းပတဲ့ ဘာသာပေါင်းစုံ ၀ါကျွတ်အီးဒ်ပွဲတော် မိတ်စုံစားပွဲအခမ်းအနားမှာပြောကြားခဲ့တာဖြစ်ပါတယ်။
ဘာသာပေါင်းစုံကိုးကွယ်ကြတဲ့ တိုင်းရင်းသားအချင်းချင်း နိင်ငံသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦး နားလည်သဘောပေါက်ကာ ကိုးကွယ်ရာ ဘာသာတရားအပေါ် အကြောင်းပြုပြီး စိတ်ဝမ်းကွဲမှုမရှိဘဲ စည်းလုံးညီညွတ် မှုရှိဖို့အလွန်အရေးကြီးတယ်လို့လည်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြောပါတယ်။
"ယခုလို မြန်မာမွတ်စလင်မ်စီးပွားရေးလုပ်ငန်းရှင်များက ကြီးမှုးကျင်းပတဲ့ ဘာသာပေါင်းစုံ ၀ါကျွတ်(အီးဒ်)ပွဲတော်အခမ်းအနားတွင် မိမိအနေဖြင့် အမှာစကားပြောကြားခွင့်ရရှိသည့်အတွက်များစွာ ဂုဏ်ယူကျေးဇူးတင်ရှိပါကြောင်းပြောကြားလို ပါတယ်"လို့လည်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောပါတယ်။
ဒါ့အပြင် ဘာသာပေါင်းစုံချစ်ကြည်ရှေးရှု့ပြီး ဘာသာတရားတိုင်းရဲ့ ယုံကြည်ကိုးကွယ်တိုးတက်ပွားများစေမယ့် အစဉ်အလာကောင်းတွေကို ယခုထက်အရှိန်ပို တို်းဖို့ ကိုလည်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက တိုက်တွန်းသွားပါတယ်။
မြန်မာနိင်ငံရှိ လူမျိုးအချင်းချင်း ဘာသာအချင်းချင်းတစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုချစ်ခင်လေးစားမှု ပိုမိုနိင်ရေးရှေးရှု့တဲ့ ဘာသာပေါင်းစုံ အီးဒ်မိတ်ဆုံစားပွဲကျင်းပတာကို မိမိအနေနဲ့ အလွန်ဂုဏ်ယူဝမ်းမြောက်မိတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်က ပြောပါတယ်။
မြန်မာမွတ်စလင်မ်စီးပွားရေးလုပ်ငန်းရှင်တွေက ကြီးမှုးကျင်းပတဲ့ အီးဒ်မိတ်ဆုံစားပွဲကို သြဂုတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ Strand Hotel မှာကျင်းပခဲ့ပြီးအခမ်းအနားကို နိင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေ၊သံအမတ်တွေ၊ဘာသာပေါင်းစုံကိုယ်စားပြု ဆရာတော်တွေအပြင် ဂုဏ်သရေရှိဧည့်သည်တော်များစွာတက်ရောက်ခဲ့ပါတယ်။
ကမ္ဘာဦးလူသားများအဖြစ်
သတ်မှတ်ခြင်း ခံထားရသော အာဒမ်နှင့် ဧ၀တို့သည် အာဖရိက၌ ရှင်သန်
နေထိုင်ခဲ့ပုံရကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်
စတန့်ဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ စူးစမ်းလေ့လာမှုများ အရ
တွေ့ရှိခဲ့သည်။ သိပ္ပံပညာရှင်များသည် အာဒမ်၏ ၀ိုင်ခရိုမိုဆိုမယ်လ် ဆဲလ်နှင့်
ဧ၀၏ မီတိုခရုန်ဒရယ်ဆဲလ် အမျိုးအစား ပါဝင်သော လူများကို လိုက်လံရှာဖွေပြီး
စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ရာ အာဒမ်နှင့်ဧ၀တို့သည် မူလက
မျှော်မှန်းထားသည်ထက် ပိုမို ရှေးကျသောကာလ၌ အသက်ရှင် နေထိုင်ခဲ့သည်ဟု
သတ်မှတ်ခဲ့ကြသည်။
အာဒမ်၏ ဆဲလ်အမျိုးအစားသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၆၀၀၀ နှင့် အထက်
ကာလ၌ အသက်ရှင် နေထိုင်ခဲ့သော ရှေးခေတ်လူသားများ၏ ခန္ဓာကိုယ်တွင်း
တွေ့ရှိရနိုင်ပြီး ဧ၀၏ ဆဲလ်အမျိုးအစားကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၈၀၀၀
ဝန်းကျင်၌ အသက်ရှင်နေထိုင်ခဲ့သည့် လူသားများ၏ ခန္ဓာကိုယ်တွင် တွေ့ရှိရသည်။
သို့ရာတွင် သိပ္ပံပညာရှင်များသည် ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ပြီးနောက်
ထွက်ပေါ်လာသော လူသားဆဲလ် ပုံစံသစ်များနှင့် ပတ်သက်၍ စူးစမ်းရှာဖွေမှုများ
ဆက်လက် ပြုလုပ်လျက် ရှိကြောင်း စတန့်ဖို့ဒ်တက္ကသိုလ်မှ မျိုးရိုးဗီဇဆိုင်ရာ
စူးစမ်းလေ့လာရေး ပါမောက္ခ ကားလို့စ်ဘူစတာဖန်တီက ပြောကြားသွားခဲ့သည်။
ref : ပြည်မြန်မာ
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး
ကျောင်းဝင်း အတွင်း တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၃
ဦး ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှုဟာ မြန်မာနိုင်ငံအတွင်းက
ရိုဟင်ဂျာ မူဆလင်တွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေကို လက်စားချေတဲ့အနေနဲ့
အခုလို ဗုံးပေါက်ခဲ့တာ ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အရာရှိတွေက
ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာမှာ “ရိုဟင်ဂျာတွေရဲ့ အော်ဟစ်သံကို ကျွန်ုပ်တို့
ကြားရပါတယ်” လို့ အဓိပ္ပါယ်ရတဲ့ စာရေးထားခဲ့တာကို တွေ့ရတယ်လို့
အင်ဒိုနီးရှား ဘာသာရေးဆိုင်ရာဝန်ကြီး ဆူရာဒါမာ အလီ (Suryadharma Ali) က
ပြောပါတယ်။
အနောက် ဂျကာတာမှာရှိတဲ့ Ekayana ဘုန်းကြီးကျောင်းအတွင်း တနင်္ဂနွေနေ့ညက လူတွေ ဘုရားရှိခိုးနေတဲ့အချိန် သိပ်အင်အားမပြင်းလှတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာပါ။ နောက်တလုံးကတော့ မီးခိုးပဲထွက်ပြီး မပေါက်ကွဲခဲ့ဘူးလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ မပေါက်ကွဲသေးတဲ့ တတိယ ဗုံးတလုံးကိုလဲ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မနှစ်က ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြန်အလှန် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထောင်နဲ့ ချီတဲ့ ရိုဟင်ဂျာတွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြတာမှာ တချို့လည်း အင်ဒိုနီးရှားနိုင်ငံကို လှေနဲ့ ထွက်ပြေးသွားခဲ့ကြသူတွေလည်း ရှိနေတာပါ။
အဲဒီလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား နိုင်ငံက ဒုက္ခသည်တွေဟာ သြစတေးလျနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ အင်ဒိုနီးရှားနိုင်ငံကတဆင့် ခိုလှုံကြလေ့ ရှိပါတယ်။
ref :burmanewsgroup
အနောက် ဂျကာတာမှာရှိတဲ့ Ekayana ဘုန်းကြီးကျောင်းအတွင်း တနင်္ဂနွေနေ့ညက လူတွေ ဘုရားရှိခိုးနေတဲ့အချိန် သိပ်အင်အားမပြင်းလှတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာပါ။ နောက်တလုံးကတော့ မီးခိုးပဲထွက်ပြီး မပေါက်ကွဲခဲ့ဘူးလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ မပေါက်ကွဲသေးတဲ့ တတိယ ဗုံးတလုံးကိုလဲ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မနှစ်က ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြန်အလှန် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထောင်နဲ့ ချီတဲ့ ရိုဟင်ဂျာတွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြတာမှာ တချို့လည်း အင်ဒိုနီးရှားနိုင်ငံကို လှေနဲ့ ထွက်ပြေးသွားခဲ့ကြသူတွေလည်း ရှိနေတာပါ။
အဲဒီလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား နိုင်ငံက ဒုက္ခသည်တွေဟာ သြစတေးလျနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ အင်ဒိုနီးရှားနိုင်ငံကတဆင့် ခိုလှုံကြလေ့ ရှိပါတယ်။
ref :burmanewsgroup
ဗြိတိန်အစိုးရမှ
အတည်ပြုတော့မယ့် ဥပဒေ ဖြစ်ပါတယ်။ ယင်း ဥပဒေ အရ Google Glass တပ်ပြီး
မော်တော်ယာဉ် မောင်းနှင်မှုများကို အရေးယူ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Google Glass တစ်ခုတည်းကိုပဲ ပြောတာ မဟုတ်ပါဘူး။ စမတ်မျက်မှန် အမျိုးအစား အားလုံးအတွက် ဖြစ်ပါတယ်။ ကားမောင်းနှင်နေစဉ် အတွင်း မျက်မှန်တပ်လို့ မျက်စိရှေ့ မှာ Browser မြင်နေတာတို့၊ Message ဖတ်တာတို့၊ Video calling လုပ်တာတို့ကို တားဆီးဖို့ ဖြစ်ပါတယ်။ အကယ်၍ ကားမောင်းနေစဉ် ယင်းသို့ အာရုံပြောင်းလဲခြင်း၊ အပြင်မြင်ကွင်း မမြင်ခြင်းတို့က ကားအက်ဆီးဒန့်ဖြစ်ရန် အလားအလာပိုများလို့ ဖြစ်ပါတယ်။
ဒါကြောင့် Google Glass တပ်လို့ မျက်မှန်မောင်းနှင်မှုအတွက် ချမှတ် ရမယ့် ပြစ်မှုတွေ၊ ဒဏ်ငွေတွေကို အစိုးရတို့ တိုင်ပင်ဆွေးနွေးနေပါပြီ။ Google Glass စတင်ဖြန့်ချိရောင်းချတဲ့ အခါ ဥပဒေကိုပါ တစ်ခါတည်း ချမှတ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: autoblog
ColayAutomobile
Google Glass တစ်ခုတည်းကိုပဲ ပြောတာ မဟုတ်ပါဘူး။ စမတ်မျက်မှန် အမျိုးအစား အားလုံးအတွက် ဖြစ်ပါတယ်။ ကားမောင်းနှင်နေစဉ် အတွင်း မျက်မှန်တပ်လို့ မျက်စိရှေ့ မှာ Browser မြင်နေတာတို့၊ Message ဖတ်တာတို့၊ Video calling လုပ်တာတို့ကို တားဆီးဖို့ ဖြစ်ပါတယ်။ အကယ်၍ ကားမောင်းနေစဉ် ယင်းသို့ အာရုံပြောင်းလဲခြင်း၊ အပြင်မြင်ကွင်း မမြင်ခြင်းတို့က ကားအက်ဆီးဒန့်ဖြစ်ရန် အလားအလာပိုများလို့ ဖြစ်ပါတယ်။
ဒါကြောင့် Google Glass တပ်လို့ မျက်မှန်မောင်းနှင်မှုအတွက် ချမှတ် ရမယ့် ပြစ်မှုတွေ၊ ဒဏ်ငွေတွေကို အစိုးရတို့ တိုင်ပင်ဆွေးနွေးနေပါပြီ။ Google Glass စတင်ဖြန့်ချိရောင်းချတဲ့ အခါ ဥပဒေကိုပါ တစ်ခါတည်း ချမှတ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: autoblog
ColayAutomobile
၃၁-၇-၁၃ ရက်နေ့တွင် သမိုင်းမှ လှိုင်သာယာဗစ်တိုးရီးရာသို့AA-32
၁၅မိနစ်ခန့်ကြာသော အခါတွင် ဖုန်းပျောက်ကြောင်း သတိထားမိခဲ့ပါသည်။ ထိုအခါ ဖုန်းကို အတူပါလာသောသူငယ်ချင်းဆီမှဖုန်ြး
ထိုကဲ့သို့ ပြောဆိုညှိုနှိုင်းနေစဉ်တွင်လည်း မြန်မာလူမျိုးအချင်းချင်းရိုင်း
ထိုသူအားတွေ့သောအခါတွင် ဆင်းကတ်သာ ပေး၍ လက်ထဲမှ ငွေ၂၀၀၀၀ အား အမြန် လုယူ၍ AA-3209 Taxi ကားဖြင့် အမြန်ထွက်သွားပါသည်။ ဟန်ဆက်အား ပြန် လည် ရရှိခြင်းမရှိပါ။
သို့ပါသောကြောင့် အမျိုးသမီးများ အနေဖြင့် အငှားကားများကို စီးရာတွင် သတိထား ဆင်ခြင်သင့်ကြောင်း တင်ပြအပ်ပါသည်။
စာဖတ်သူ တစ်ဦးမှ ပေးပို့သော သတင်း တစ်ပုဒ် ဖြစ်ပါတယ်။ နောက်နောင် ယခုလို ကိစ္စရပ်များ မကြုံတွေ့ရစေရန် အားလုံးသိဖို့ မျှဝေ ပေးလိုက် ရပါတယ်။
ColayAutomobile
ဒီနည်းက မြန်မာနိုင်ငံရဲ့ဖုန်းနဲ့ အဆင်ပြေ၊ မပြေ မသိရသေးပေမယ့် စမ်းသပ်သင့်တဲ့နည်းလမ်းမို့ အားလုံး
သိအောင် တင်ပေးလိုက်ပါတယ်.. Online နဲ့တွဲသုံးတဲ့ဖုန်းဆိုရင်တော့ ရကောင်းရနိုင်တဲ့ နည်းဖြစ်ပါတယ်.. ခုလေးပဲ ဖတ်ပြီး တင်ပေးလိုက်တာပါ..
ကျွန်တော် Online မှာ စမ်းတာကတော့ အဆင်မပြေသေးဘူးဗျ. ဘာလိုနေလဲမသိ.. ကဲ လုပ်နည်းလေး
ပြောပြပါမယ်.. ကိုယ့်ဆီကို ဘယ်သူမှန်းမသိဘဲ ဖုန်းတစ်လုံး ဝင်လာတယ်ဆိုပါတော့.. အဲဒီဖုန်းကို မှတ်ထားပြီး-
PC နဲ့ Online မှာသုံးနေရင်
1. http://www.truecaller.com/ ကို သွားပါ.. Enter Phone Nunber ဆိုတဲ့အကွက်မှာ ဖုန်းနံပတ်ကို နိုင်ငံ ဧရိယာ
ကုဒ်နဲ့တွဲထည့်ပေးလိုက်ပါ.. ဥပမာ.. +95912345678 ပေါ့ဗျာ.. ပြီးရင် Enter ခေါက်လိုက်ပါ..
2. ခုရောက်လာတဲ့စာမျက်နှာမှာတော့ login ဝင်ပေးရမှာဖြစ်ပါတယ်.. ကိုယ်လုပ်ထားတဲ့ ID တစ်ခုခုနဲ့ login ဝင်လိုက်ပါ.. Twitter, Facebook, Google, Yahoo အကောင့်တွေထဲက တစ်ခုခုနဲ့ login ဝင်ပေးရမှာဖြစ်ပါတယ်.. အကောင်းဆုံးကတော့ Facebook ပါလို့. စာရေးသူက အကြံပေးထားပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ Facebook က အသုံးအများဆုံးမို့လို့ဖြစ်ပါတယ်..

3. Login ဝင်ပြီးသွားပေမယ့် Facebook ထဲကိုရောက်သွားမှာမဟုတ်ပါဘူး.. http://www.truecaller.com/ ထဲကို
ပဲပြန်ရောက်သွားမှာဖြစ်ပြီး ဖုန်းနံပတ်ကို နောက်တစ်ခါ ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်.. ဒါဆိုရင်တော့ ကိုယ်
သိချင်တဲ့သူရဲ့ တည်နေရာ၊ အချက်အလက်တွေကို သိနိုင်ပြီလို့ဆိုပါတယ်..ကျွန်တော်စမ်းနေတာခုထိတော့
No Match Found ပဲ ပြနေပါသေးတယ်..
ဖုန်းနဲ့တိုက်ရိုက်သုံးမယ်..
1. ပထမဆုံးအောက်ကလင့်တွေမှာ ကိုယ့်ဖုန်းနဲ့သက်ဆိုင်တဲ့ Application တွေကို အရင် ဒေါင်းပြီး Install လုပ်လိုက်ပါအုံး..
- Download Truecaller for Android Google Play or Direct Link.
- Download Truecaller for iOS
- Download Truecaller for Windows Phone
- Download Truecaller for BlackBerry
- Download Truecaller for Symbian
2. ပြီးရင်တော့ App ကို Run လိုက်ပြီး ကိုယ့်နိုင်ငံဧရိယာကိုအရင် confirm
လုပ်ရမှာဖြစ်ပါတယ်.. ပြီးရင်တော့ App ရဲ့ Main Screen မှာ ကိုယ်မသိတဲ့သူရဲ့
ဖုန်းနံပတ်ကိုရိုက်ထည့်ပြီး ရှာဖွေနိုင်ပြီဖြစ်ပါတယ်..
မှတ်ချက်။ နည်းလမ်း ၂ ခုလုံး.. Internet Connectionရှိဖို့လိုအပ်မှာဖြစ်ပါတယ်..ဒီနည်းလမ်းကိုလူတိုင်းစမ်းသပ်
စေချင်ပါတယ်.. ဒါမှ ကိုယ့်ကို ဒုက္ခပေးမယ့် ဖုန်းသရဲတွေ၊ ခြိမ်းခြောက်သူတွေ၊ ဂုဏ်သိက္ခာကို စော်ကားနေ
သူတွေကို ဖေါ်ထုတ်နိုင်မှာဖြစ်ပါတယ်..
အဆင်ပြေကြပါစေ
credit :မောင်ပေါက်
ဂျွန်ချစ်ငြိမ်း | တနင်္လာနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၃၁ မိနစ်
တောင်ကြီးမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေး ပရဟိတကျောင်းတစ်ခုတွင်
ပညာသင်ကြားနေသည့် အ သက် ၁၂ နှစ် သမီး မိဘမဲ့ကလေးငယ်တစ်ဦးကို ထိုကျောင်းရှိ
ဦးပဉ္ဇင်းတစ်ပါးက အဓမ္မကျင့်သည်ဟု စွပ်စွဲကာတိုင်ကြားမှု တစ်ခုကို ဇူလိုင်
၂၆ ရက်က အဆိုပါမြို့၏ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းထုတ်ပြန်သည်။
စွပ်စွဲခံရသည့် ဦးပဉ္ဇင်းသည် ၀ါသုံးဝါရှိပြီး အသက်အားဖြင့် ၂၅နှစ်ရှိကြောင်း ရဲစခန်းက ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကလေးငယ်သည် လမ်းလျှောက်ပုံမမှန်ဘဲ အမူအရာပျက်နေသည်ကို
အဆိုပါဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စာသင်ပြပေးနေသည့် ဆရာမတစ်ဦးက
ဇူလိုင် ၂၅ ရက်တွင် သတိထားမိသဖြင့် ခေါ်ယူမေးမြန်းရာ ကလေးငယ်က
ခါးနားနေကြောင်းပြောသဖြင့် ထိုဆရာမကအခြား ဆရာမတစ်ဦးကိုခေါ်ကာ ကလေး၏
ခန္ဓာကိုယ်အနှံ့ စစ်ဆေးခဲ့
ကြောင်း ရဲမှတ်တမ်းတွင်တွေ့ရသည်။
ထိုသို့ စစ်ဆေးရာမည်သည့် ပြင်ပဒဏ်ရာမှ မရှိသဖြင့် ကလေးငယ်ကို မေးမြန်းရာ
ဇူလိုင် ၂၃ ရက် ည ၈ နာရီအချိန်တွင် ကျောင်းသူများအိပ်သည့်
အဆောင်ခန်းကြီးအတွင်း သူတီဗီကြည့်နေစဉ် ဦးပဉ္ဇင်းတစ်ပါးက လာရောက်
ခေါ်ဆောင်ပြီး မီးဖိုခန်းထဲတွင် အဓမ္မတစ်ကြိမ်ကျင့်ခဲ့ကြောင်း ကလေးငယ်က
ဆရာမများ ကိုပြောပြခဲ့ကြောင်း ရဲစခန်း၌ တိုင်တန်းရာတွင် ထွက်ဆိုထားသည်။
ထို့ကြောင့် ရဲဌာနတွင် ဇူလိုင် ၂၆ ရက်က လာရောက်အမှုဖွင့်ခဲ့သဖြင့်
ရဲများကလည်း အမှုအမှတ် (ပ) ၉၈/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူကို
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အဓမ္မကျင့်မှုနှင့် ပုဒ်မ ၃၆၃ လူခိုးမှုတို့ဖြင့်
တရားစွဲဆိုနိုင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်း ရဲဌာနက ထုတ်ပြန်သည်။
ထို့ပြင် အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ် သံဃနာယကအဖွဲ့၏ တွဲဖက်
အကျိုးတော် ဆောင်ဆရာတော်၊ မြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်၊
ပြည်နယ်သာသနာရေးဦးစီးဌာန ဒုဦးစီးမှူးတို့က အဓမ္မကျင့်မှုဖြင့်
စွပ်စွဲခံရသည့် ဦးပဉ္ဇင်းကို ၀ိနည်းနှင့် အညီစစ်ဆေးကာ လူဝတ်လဲပေးပြီး
တောင်ကြီးမြို့နယ် နယ်မြေရဲစခန်းတွင် သူ့ကိုဆက်လက်စစ်ဆေးနေပြီဖြစ်ကြောင်း ရဲဌာန၏ ထုတ်ပြန် ချက်တွင်ပါရှိသည်။
အဓမ္မကျင့်မှုဖြင့် စွပ်စွဲခံရသည်မှာ ရဟန်းဘွဲ့တော်အားဖြင့် ဦးတိက္ခဖြစ်ပြီး
လူအမည်အားဖြင့် ကိုထွန်းထွန်းဦး ဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။
ref : Mizzima - News in Burmese
လွန်ခဲ့တဲ့ တလက စတင်ခဲ့တဲ့ နေကို စူးစမ်းလေ့လာမှုသစ်တခုကြောင့်
သိပ္ပံပညာရှင်တွေအနေနဲ့ နေကို မကြုံစဖူး ထူးထူးခြားခြား မြင်တွေ့ခဲ့ရပါတယ်။
IRIS လို့ခေါ်တဲ့ ဂြိုဟ်တုကနေဖမ်းယူတဲ့ satellite ပုံရိပ်တွေကနေ နေရဲ့
ကြားခံနယ်မြေကို လေ့လာမှုဟာ လူတွေ သိပ်မသိသေးတဲ့၊ နေရဲ့ အောက်ဆုံး
အလွှာမှာရှိတဲ့ လေထုပတ်ဝန်းကျင် အခြေအနေတွေကို စူးစမ်းလေ့လာတာ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ထုတ်ဖော်ပြသခဲ့တဲ့ ပထမဆုံးသော ဒီ IRIS satellite ပုံရိပ်တွေအရ
နေရဲ့အောက်ဆုံးအလွှာတွင်း လှုပ်ရှားပြောင်းလဲမှုတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီက လျှပ်တပြတ် တောက်ပပြီး
လျင်လျင်မြန်မြန် မှေးမှိန်သွားတဲ့ အစက်အပြောက် လေးတွေနဲ့
နေရဲ့အနိမ့်ပိုင်း လေထုအတွင်း အပူချိန် အကြီးအကျယ် ကွာခြားမှုတွေကို
ဖော်ပြတဲ့ အပ်ချည်မျှင်လို စွမ်းအင်အမျှင်တန်းတွေကို ထုတ်ဖော်ပြသခဲ့တာ
ဖြစ်ပါတယ်။
နေရဲ့ ဆန်းကြယ်မှုတွေထဲမှာ နေရဲ့ အပေါ်ယံလွှာ လေထုဟာ
အပူချိန်ထုတ်လွှတ်ရာ ဗဟိုချက်မကနေ အဝေးဆုံးမှာရှိပေမဲ့လို့ အောက်ခြေ
မျက်နှာပြင်ထက် အများကြီး ပိုပြီးတော့ ပူနေရတာ ဘာကြောင့်လဲဆိုတဲ့ အချက်
ပါဝင်ပါတယ်။ နေရောင်ခြည်တွေ စွမ်းအင်အဖြစ် ဘယ်လို စုဝေးသွားသလဲ၊ နေရဲ့
အနိမ့်ပိုင်းလေထုတလျှောက် အပူချိန် ဘယ်လို မြင့်တက်လာသလဲ ဆိုတာတွေကို IRIS
လေ့လာမှုက စူးစမ်းလေ့လာတာ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ၁၈၁ သန်း
ကုန်ကျမယ့် IRIS လေ့လာမှုလုပ်ငန်းတွေကို ၂ နှစ်တာ အချိန်ယူ
လုပ်ဆောင်သွားဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ နေကို လေ့လာသူတွေ အနေနဲ့
ခုထပ်ပိုပြီး အချိန်ယူ အလုပ်လုပ်သွားနိုင်မှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက
ပြောကြပါတယ်။
Source: VOA Burmese
မွတ်စ်လင်မ် အမျိုးသမီးများ ဦးခေါင်းခြုံထည်ဆိုင်ရာ ညွှန်ကြားချက်မှာ မေတ္တာ ရပ်ခံချက်သာဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရပြော
Tag :
အစ္စလာမ်ရေးရာ
ဇူလိုင်-၂၆၊၂၀၁၃
M-Media
M-Media
ဖိလစ်ပိုင်တောင်ပိုင်းမှ စာသင်ခန်းတခုတွင် မွတ်စလင်မ် ကျောင်းသူများ စာသင်ကြနေစဉ်
မနီလာ။ ။ မွတ်စ်လင်မ်ဆရာမများသည် စာသင်ခန်း၌ ဦးခေါင်းခြုံထည်မှ
မျက်နှာကို ဖွင့်လှစ်ထားရန် ဖိလစ်ပိုင်အစိုးရ၏ ညွှန်ကြားချက်သည်
မလုပ်မနေရအမိန့်တစ်ရပ် မဟုတ်ကြောင်း၊ သာသနာ၏အခွင့်ကို
အလျှော့အတင်းပြုခြင်းလည်း မဟုတ်ကြောင်း ပညာရေးဝန်ကြီးမှ ကြာသပတေးနေ့တွင်
ပြောကြားလိုက်သည်။
မွတ်စ်လင်မ် အနည်းစုသာရှိကြသည့် ဖိလစ်ပိုင်တောင်ပိုင်းကို အဓိကရည်ရွယ်၍
ကျောင်းများအတွင်း နိကာ့ဗ် ၀တ်ဆင်ခြင်းနှင့်စပ်လျဉ်း၍
ပညာရေးဆိုင်ရာအတွင်းရေးမှူး အာမီးန် လူဝစ္စထရို (Armin Luistro)က
ပြီးခဲ့သည့် ရက်သတ္တပတ်တွင် စည်းမျဉ်းချမှတ်ခဲ့၏။
“ ပညာရေးဌာနကအမိန့်ဟာ မွတ်စ်လင်မ်ဆရာမများရဲ့ သာသနာ့အခွင့်ကို
ထိခိုက်စေဖို့ရည်ရွယ်ခြင်း မဟုတ်ကြောင်း ကျွန်တော့်အနေနဲ့ ရှင်းလင်းစွာ
သိရှိစေလိုပါတယ်။ အဲ့ဒီညွှန်ကြားချက်ဟာ မေတ္တာရပ်ခံမှုသာဖြစ်တယ်လို့ အထူးပြု
ပြောကြားလိုပါတယ် ” ဟု လူဝစ္စထရိုမှ AFP သတင်းဌာနသို့ ရှင်းပြသည်။
ယင်းညွှန်ကြားချက်မှာ အမိန့်ဟူသောခေါင်းစဉ်ဖြင့် ၀င်ရောက်လာသောကြောင့်
ကနဦးပိုင်း၌ အရှုပ်အထွေးများ ဖြစ်သွားရသည်။
ဖိလစ်ပိုင်မွတ်စ်လင်မ်အမျိုးသမီးများစွာတို့သည် ထုံးတမ်းစဉ်လာအရ
ဟိဂျာ့ဗ် ကို ဆင်ယင်ကြသည်။ ဟိဂျာ့ဗ် ဟူသည် ဆံပင်၊ နားရွက်၊ လည်ပင်း နှင့်
ရင်သားကို လုံခြုံအောင် ဖုံးကွယ်ထားသည့် ဦးခေါင်းခြုံထည်ဖြစ်သည်။
အချို့ကမူ တစ်ဆင့်တက်ကာ နိကာ့ဗ် ကို ၀တ်ဆင်ကြသည်။ နိကာ့ဗ် ဟူသည်
မျက်လုံးကိုသာဖော်၍ နှာခေါင်း၊ ပါးပြင်၊ ပါးစပ် နှင့် မေးရိုးအထိပါ
ဖုံးကွယ်ရသည့် ဦးခေါင်းခြုံထည် ဖြစ်သည်။
မွတ်စ်လင်မ်ဆရာမများအတွက် ညွှန်ကြားချက်မှာ နိကာ့ဗ် ကိုသာ ရည်ညွှန်း၍
ဟိဂျာ့ဗ် ကို မဟုတ်ပေ။ ကျောင်းသူကျောင်းသားပေါင်း ၁၆၆၀၀၀ အား အရဗီစာပေနှင့်
အစ္စလာမ့်ပညာရေး အတွက် သင်ကြားသူ မွတ်စ်လင်မ်ဆရာ ၁၆၃၅ ဦးကို
ခန့်အပ်ထားသည်ဟု ပညာရေးဝန်ကြီးဌာနမှ ဆိုသော်လည်း စာသင်ဆရာမ ဦးရေကိုမူ
မထုတ်ပြန်မပြောဆိုခဲ့ချေ။
ဤညွှန်ကြားချက်ကို ကက်သလစ်ဘာသာဝင်အများစုရှိနေကြသော
တောင်ပိုင်းဒေသတစ်ဝှန်းရှိ ကျောင်းပေါင်း ၈၄၉ ကျောင်းထံသို့
ပေးပို့ခဲ့ခြင်းဖြစ်သည်။
ရာဇာမင်း ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင် ဓားပြတိုက်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါ သုံးဦးအား ရုံးတင်စစ်ဆေးတော့မည်
Tag :
သတင်များ
ဇူလိုင် ၁၃ ရက်တွင် ဖမ်းဆီးရမိခဲ့သော ရာဇာမင်း ခရီးသည်တင်ကားတွင်
မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့်
အပေါင်းအပါ သုံးဦးအား မကြာမီ တရားရုံးတင် စစ်ဆေးတော့မည် ဖြစ်ကြောင်း
မွန်ပြည်နယ်၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး အောင်သန်းက ဇူလိုင် ၂၅ ရက် တွင်
Eleven Media သို့ ပြောကြားခဲ့သည်။
''ကျွန်တော်တို့ အခုဖမ်းမိထားတဲ့ သူတွေကို တရားရုံးတင်လို့ရတဲ့
အခြေအနေတွေ ရှိထားပြီးပါပြီ။ မကြာမီ တင်လို့ရမှာပါ'' ဟု ရဲမှူးအောင်သန်းက
ပြောကြားခဲ့သည်။
သို့သော် ၎င်းဓားပြတိုက် လူသတ်မှု ဖြစ်စဉ်တွင် ဖမ်းဆီးရန် ကျန်ရှိနေသူ
နှစ်ဦးအား ယခင်အတိုင်း ပိုက်စိပ်တိုက် ရှာဖွေလျက် ရှိကြောင်းနှင့်
ဓားပြတိုက်မှုတွင် လုယက်ခံရသည့် စုစုပေါင်း တန်ဖိုး ကျပ် ၄၄၈၇၀၀၀ အားလည်း
သိမ်းဆည်းနိုင်ရေးအတွက် ရှာဖွေစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း
သိရသည်။
မွန်ပြည်နယ်၊ သိမ်ဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့မှ ရန်ကုန်မြို့သို့
ဇွန် ၈ ရက် ညပိုင်းတွင် ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည်တင်ယာဉ်တွင်
လိုက်ပါလာသော ခရီးသည်များအနက် ခရီးသည် ငါးဦးမှ မျက်နှာဖုံးစွပ် သေနတ်ကိုင်
ဓားပြတိုက်ခဲ့သည့်အပြင် ၎င်းယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား
သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ကျူးလွန်ရာတွင် ပါဝင်သည့် ၀င်းဗိုလ်အား ဇူလိုင် ၈ ရက်တွင်
ဝိုင်းဝန်းဖမ်းဆီး နိုင်ခဲ့ကြောင်း ၀င်းဗိုလ်အား စစ်ဆေးရာတွင် ၎င်းကိုယ်တိုင်
ဓါးပြတိုက်မှု ဖြစ်စဉ်တွင် ခေါင်းဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု
မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းနောက် ဆက်စပ်ပါဝင်သူ ဇော်ဂိတ်၊ အောင်ထူး၊ မောင်ငယ်တို့အား ဇူလိုင်
၁၃ ရက်တွင် ထပ်မံဖမ်းဆီး နိုင်ခဲ့ကြောင်း ၀င်းဗိုလ်နှင့် အပေါင်းအပါများအား
သထုံမြို့မ ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။
ref :eleven







