ဟဲ့ကောင်မ အခုချက်ချင်းထ
ငါမပြောချင်လို့ ကြည့်နေတာ
ဘယ်အချိန်ရှိပြီလည်း
ကုလားသေကုလားမောအိပ်နေလိုက်တာ
စောစောစီးစီး ဈေးသွားပြီး
ဟင်းချက်စရာ ၀ယ်ခါနီး ဒေါသမဖြစ်ချင်ဘူး
နင်တိုက်မဲ့ သွားတိုက်တံမှာ သွားတိုက်ဆေး
ညှစ်ထည့်ထားပြီးသား ပြီးမှ မျက်နှာသစ်
မသာမ တခါတည်းမှာထားမယ်
ထမင်းကြော်ပြီးသား စားပွဲပေါ်မှာ
ပန်းကန်ထဲ ခပ်ထားပြီးသားယူစား
ပြီးမှ ဖျော်ထားပြီးသား ကော်ဖီသောက်
ပြန်လာလို့တခုမှ ပြီးမထားရင် ငါ့အဆိုးမဆိုနဲ့
ဈေးအပြန်
ဒီသေနာမ ငါရိုက်ရင် ပတ်ဝန်းကျင်က
ငါ့အပြစ်ပြောဦးမယ်
ငါသွေးပြီးသား သနပ်ခါး လိမ်းမထားဘူး
နင်တော့ ငါ့ လက်နဲ့ မိတော့မယ်
ဈေးပြန်လာ မောရတဲ့အထဲ
မီးဖိုချောင်ထဲ ငါ ထမင်းဟင်းချက်နေတာ
ဝင်ရှုပ်လို့ကတော့ အသေဘဲ
ကိုယ်ဟာကိုယ် ဧည့်ခန်းထဲ
ကိုရီးယား ဇာတ်လမ်းတွဲ အေးအေးကြည့်
ေးားက်ပြသနာ မရှာနဲ့
ခက်တာဘဲဗျာ ကျုပ်က မိန်းမကို
အဲဒီလို နိုင်တာကို လူတွေက
ဝိုင်းကဲ့ရဲ့ကြတယ် ကိုယ်ချစ်လို့
ယူထားတဲ့ မိန်းမ ဒီလိုမနိုင်စားသင့်ဘူးတဲ့
မခက်ဘူးလားဗျာ...
ငါမပြောချင်လို့ ကြည့်နေတာ
ဘယ်အချိန်ရှိပြီလည်း
ကုလားသေကုလားမောအိပ်နေလိုက်တာ
စောစောစီးစီး ဈေးသွားပြီး
ဟင်းချက်စရာ ၀ယ်ခါနီး ဒေါသမဖြစ်ချင်ဘူး
နင်တိုက်မဲ့ သွားတိုက်တံမှာ သွားတိုက်ဆေး
ညှစ်ထည့်ထားပြီးသား ပြီးမှ မျက်နှာသစ်
မသာမ တခါတည်းမှာထားမယ်
ထမင်းကြော်ပြီးသား စားပွဲပေါ်မှာ
ပန်းကန်ထဲ ခပ်ထားပြီးသားယူစား
ပြီးမှ ဖျော်ထားပြီးသား ကော်ဖီသောက်
ပြန်လာလို့တခုမှ ပြီးမထားရင် ငါ့အဆိုးမဆိုနဲ့
ဈေးအပြန်
ဒီသေနာမ ငါရိုက်ရင် ပတ်ဝန်းကျင်က
ငါ့အပြစ်ပြောဦးမယ်
ငါသွေးပြီးသား သနပ်ခါး လိမ်းမထားဘူး
နင်တော့ ငါ့ လက်နဲ့ မိတော့မယ်
ဈေးပြန်လာ မောရတဲ့အထဲ
မီးဖိုချောင်ထဲ ငါ ထမင်းဟင်းချက်နေတာ
ဝင်ရှုပ်လို့ကတော့ အသေဘဲ
ကိုယ်ဟာကိုယ် ဧည့်ခန်းထဲ
ကိုရီးယား ဇာတ်လမ်းတွဲ အေးအေးကြည့်
ေးားက်ပြသနာ မရှာနဲ့
ခက်တာဘဲဗျာ ကျုပ်က မိန်းမကို
အဲဒီလို နိုင်တာကို လူတွေက
ဝိုင်းကဲ့ရဲ့ကြတယ် ကိုယ်ချစ်လို့
ယူထားတဲ့ မိန်းမ ဒီလိုမနိုင်စားသင့်ဘူးတဲ့
မခက်ဘူးလားဗျာ...
ခွေးတစ်ကောင်က လိုက်လာပြီး ကိုက်တော့မယ်ဆိုရင် လုံးဝမလုပ်သင့် တာက
ပြေးတာပဲ ဖြစ်ပါတယ်။ ပြေးရင်ပြေးရာလမ်းကြောင်းနောက်လိုက်ပြီး
မိအောင်လိုက်ကိုက် တတ်ပါတယ်။ ခွေးနဲ့ မျက်လုံးချင်းစုံအောင် မကြည့်ရပါဘူး။
မျက်လုံးချင်းစုံအောင် ကြည့်တာဟာ ခွေးတင်မကပဲ အခြားသော တိရစ္ဆာန်တွေမှာပါ
ရန်လိုတဲ့ အပြုအမူလို့ ယူဆကြပါတယ်။
ဒါကြေင့် မျက်လုံးချင်းစုံမိရင် ခွေးဟာ ပထမဆုံး အနေနဲ့ ဟောင်မှာ
ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တုန်လှုပ်ခြောက်ခြားနေတဲ့ အမူအရာ လုံးဝမပြရ
ပါဘူး။ လက်မှာ လွတ်ချလို့ရမယ့် ပစ္စည်း တစ်ခုခု ပါလာရင် ခွေးပြေး လာ နေတုန်း
လွတ်ချလိုက်ရပါမယ်။ ဒါဆိုရင် ခွေးရဲ့  အာရုံဟာ ယင်းပစ္စည်း ဆီကို
ရောက်သွားမှာ ဖြစ်ပါတယ်။
သို့တည်းမဟုတ် လက်မှာ ပါတဲ့ ပစ္စည်းအလေးတစ်ခုခုကို အဝေးတစ်နေရာ
ပစ်နိုင်ပါတယ်။ ခွေးကို မျက်လုံးချင်းစုံအောင်မကြည့်ဘူး။ သူဟောင်တာ ကိုလည်း
ဂရုမစိုက်ဘူးဆိုရင် ခွေးအနေနဲ့ ဟောင်ရတာ ပျင်းရိ သွားပြီး ရပ်သွားပါတယ်။
အချို့ ခွေးတွေက ကိုက်ဖို့အထိတောင် လုပ်ပါတယ်။ ပြန်ရန် မူ
တိုက်ခိုက်လိုက်ရင် သူတို့ အတူဆော့ကစားချင်တယ်လို့ မှတ်ယူပြီး
ဆက်တိုက်ခိုက်တတ်ပါတယ်။
ဒါကြောင့် အရှောင်နိုင်ဆုံး ရှောင်တိမ်း ပြီး အမူအရာ မပျက်နေရင် ခွေးကိုက်လည်းမကိုက်၊ ဟောင်လည်း မဟောင် တော့ပါဘူး။
-နှစ်သက်ရာ နည်းစနစ်ဖြင့် ဖေ့ဘုတ်အကောင့်န်သစ်တစ်ခုကိုစလုပ်ပါ-
-နာမည်ကို
eng: အမည်နဲ့စလုပ်ပါ။ သူဖြည့်ခိုင်းတဲ့ city တို့၊country တို့၊ school
တို့၊ bunish တို့ကို eng: လိပ်စာနာမည်ပဲဖြည့်ထားပေးလိုက်ပါ။
(လောလောဆယ်ပေါ့၊နောက်မှပြန်ပြောင်းယူလို့ရပါတယ်)-
-step by step တွေပြီးရင် profile နှစ်သက်ရာတင်ပါ-
-friend request 10 ယောက်တိတိကို အခြားပြည်ပနိုင်ငံမှအမည်များကိုရှာ add လိုက်ပါ-
-ပြီးရင်
post သုံးခုတင်ရပါမယ်။အဲ့ဒိတင်မယ့် ပို့စ်သုံးခုစလုံးဟာ၊ပုံတွေကို
အခြားပြည်ပနိုင်ငံများမှ ပုံတွေ ပဲဖြစ် ရ မှာပါ။ ရှုခငိးပုံတို့၊တခြား
community ပုံတွေလည်းရပါတယ်။ညစ်ညမ်းပုံများမရပါ။ ပုံနဲ့တကွ စာ
နှစ်ကြောင်းလောက်ကို (ဘာအဓိပ္ပါယ်ပဲဖြစ်ဖြစ်ပါ့)
အင်္ဂလိပ်လိုနည်းနည်းပါးပါးရေးလိုက်ပြီး၊ ပုံနဲ့တွဲတင်ပါ။ posts 3
ခုလောက်ပေါ့-
-ပြီးရင်ဘာမှဆက်မလုပ်နဲ့တော့။ ပြန်ထွက် လိုက်ပါ (သို့) logout လုပ်ထားပါ-
-တစ်ပတ်(၇ ရက်တိတိအထိ၊အဲ့ဒိအကောင့်န် အသစ်ကို လုံးဝမသုံးပါနဲ့/ မဖွင့်ပါနဲ့-
-တစ်ပတ်(၇
ရက်ပြည့်တဲ့)နေ့မှာ login ပြန်ဝင်ပြီး၊အကောင့်န်သစ်ကို စတင်ပြီးအသုံး
ပြုနိုင်ပါပြီ။ friend request တောင်းထားတာ တွေလက်ခံပေးလို့ရပြီ။ friend
request တွေ add လို့ရပါပြီ။ add လုပ်ရာတွင် တစ်နေ့ ၁၀ ယောက်ခန့်သာ add ပါ။
profile name ကိုလည်း နှစ်သက်ရာနာမည် (မြန်မာလိုအပါအဝင်)
ကြိုက်ရာပြန်ပြောင်းနိုင်ပါသည်။ အခြား ဖြည့်ခဲ့တဲ့
မြို့တို့၊နေရာတို့၊ကျောင်းတို့်၊work တို့ကိုလည်း မိမိနှစ် သက်
ရာပြန်ပြင်နိုင်ပါပြီ-
-အကောင့်န်သစ်
စလုပ်ချိန်သည် လိုင်းကောင်းနေချိန်ဖြစ် ဖို့လိုပါသည်။ မနက် ငါးနာရီ
နဲ့ခြောက် နာရီကြား သည် လိုင်းအကောင်းဆုံးဖြစ်သည်။ ကျန်တဲ့အချိန်
တွေကတော့သိတဲ့အတိုင်းပေါ့ တပိန်ပိန် တလိမ်လိမ်ပေါ်ပျောက်ပြုတ်ထွက်
လိုင်းပေါ့လေ။ အဲ့ဒိတော့ မနက်စောစော ၅/၆ နာရီလောက်မှာ စလုပ်စေ ချင်ပါတယ်-
-ကျနော်အပေါ်ကပြောထားတဲ့နည်းအတိုင်း
တိတိကျကျလုပ်ဆောင်မယ်ဆိုရင်၊ အဲ့ဒိအကောင့်န်သစ်ဟာ ကြာရှည်စွာအသုံးပြု
လို့ရလာပါလိမ့်မယ်ဗျာ- အဆင်ပြေ ပါစေ။
ဘာသာပြောင်းပြီး မမှန်သတင်းပေးခဲ့သူ ဦးလှမြင့် အစ္စလာမ့်အခြေခံတရားပင် မသိသူပာု အစ္စလာမ့်ဓမ္မသတ်မှုးများသုံးသပ်
Tag :
သတင်များ
အစ္စလာမ်တွင် ၅ ပါးသီလထက်ပိုများသည့် ဘ၀လမ်းညွန်ချက်များရှိကြောင်း ဒေါက်တာမြင့်သိန်းပြောကြား
မိုးပြာ
ဇန်န၀ါရီ ၃ ၊၂၀၁၄
အစ္စလာမ်ဘာသာဝင်စစ်စစ်မှတဆင့် ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့သူလို့ ဆိုတဲ့
ဦးလှမြင့်က "ဗုဒ္ဓဘာသာဆိုလို့ရှိရင် ငါးပါးသီလမှာ သူတစ်ပါးအသက်ကို မသတ်ရဘူး
။သူတစ်ပါးဥစ္စာကို မခိုးရဘူး။သူတစ်ပါးသားမယားကို မကျူးလွန်ရဘူး။မုသာဝါဒ
မပြောရဘူး။သေရည်သေရက် မသောက်ရဘူးလို့ အချက် ငါးချက်ပါရှိတယ်။အဲတော့
သူတို့ဘာသာမှာတော့သေရည်သေရက် မသောက်ရတာပဲပါရှိ တဲ့အတွက်ကြောင့်
သူကိုယ်တိုင်ပြောတဲ့ စကားတစ်ခွန်းက ကိုယ်ချင်းစာစိတ်မရှိဘူးလို့
ဦးဇင်းကိုလျှောက်ခဲ့ပါတယ်"လို့
မကွေးဆရာတော် ဦးပါမောက္ခကို ပြောကြားခဲ့ကြောင်း ဦးပါမောက္ခရဲ့
ပြောကြားချက်ကိုကိုးကားပြီး မြန်မာပို့စ် ဂျာနယ် အတွဲ ၆ အမှတ် ၁
ဗုဒ္ဓအဆုံးအမအောက်သို့ ၀င်ရောက်လာသူများ ဆိုတဲ့သတင်းဆောင်းပါးမှာ
ဖေါ်ပြထားပါတယ်။
"ဒီအကြောင်းတွေကိုပြောနေတဲ့ပုဂ္ဂိုလ်က ဘယ်သူမှန်းတော့ ကျွန်တော်မသိဘူး။ကျွန်တော် သေသေချာချာပြောနိင်တာကတော့ ဒီပုဂ္ဂိုလ်သည် အစ္စလာမ်တရားတော်နဲ့ပတ်သက်ပြီးတော့ တလုံးတစ်ပါဒမှ နားမလည်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ တော့ အင်မတန်ထင်ရှားပါတယ်"လို့လည်း ဆရာဦးအေးလွင်က မြန်မာမွတ်စလင်မ်မီဒီယာရဲ့ ဆက်သွယ်မေးမြန်းချက်တစ်ရပ်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
"တကယ်တမ်းကြတော့ ငါးပါးသီလတင်မကဘူး၊ ဟောကြားချက်၊ ရှောင်ရှားရမယ့်ကိစ္စတွေ၊
ဆောင်ရွက်ရမယ့်ကိစ္စတွေ၊ မပြုမနေရဆိုတာတောင်ရှိတယ်၊
ပြုကိုပြုရမယ်ဆိုတာရှိတယ်၊ မပြုမနေရဆိုတဲ့ ကိစ္စ ကို မပြုလုပ်ရင်ပစ်ဒဏ်ခတ်၊
ရှောင်ရမယ် လုံးဝရှောင်ရမယ်ဆိုတဲ့ ကိစ္စကို မရှောင်ရင်လည်း ပစ်ဒဏ်ပဲ၊
နောက်တစ်မျိုးက ပြုရင်ကောင်းတယ်ပြုသင့်တဲ့ကိစ္စမျိုး၊
နောက်တစ်မျိုးက သာမာန်အားဖြင့် မိမိရဲ့ ကြည်ညိုမှုရဲ့ ဆောင်ရွက်တာမျိုး
ဒါအစ္စလာမ်ရဲ့ တရားတော်မှာ ရှိပြီးသားပါ၊ တစ်ကယ်တမ်းကြတော့ ငါးပါးသီလထက်
အမြောက်အမြားရှိနေပြီးသားပါ"လို့ လည်း အလ်ပာာ့ဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်းက ပြောပါတယ်။
အစ္စလာမ်ဘာသာဝင် စစ်စစ်အဖြစ်မှ တဆင့် ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းသူလို့
မြန်မာပို့စ် ဂျာနယ်မှာဖေါ်ပြထားတဲ့ ဦးလှမြင့်ရဲ့
ပြောကြားချက်တွေနဲ့ပတ်သက်လို့လည်း ဒေါက်တာမြင့်သိန်းက အောက်ပါအတိုင်းမှတ်ချက်ပြုထားပါ တယ်။
"အဲ့ဒီပုဂ္ဂိုလ်အနေနဲ့ အစ္စလာမ်ဘာသာဝင်ဖြစ်ခဲ့တုန်းက အစ္စလာမ်တရားများကို အခြေခံသဘောလောက်တောင် မလေ့လာဘူးလို့ပဲ ဖြစ်ပါလိမ့်မယ်"
ဗုဒ္ဓဘာသာအမျိုးသမီးနဲ့ အိမ်ထောင်ပြုခဲ့ပြီး ယခုအခါမှာတော့ သားသမီး ၃
ဦးအပါအ၀င် မိသားစုလိုက် ဗုဒ္ဓဘာသာအဖြစ်ခံယူပွဲကို ကျင်းပခဲ့တဲ့
ဦးလှမြင့်တို့မိသားစုအကြောင်းကို ဖဘစာမျက်နှာတွေအပြင် ဗုဒ္ဓဘာသာဦးစားပေး ပြည်တွင်းဂျာနယ်အချို့မှာလည်း ဖေါ်ပြထားပါတယ်။
မြန်မာမွတ်စလင်မ်မီဒီယာက အထက်ပါကိစ္စရပ်နဲ့ပတ်သက်လို့ မြန်မာမွတ်စလင်မ်
အစ္စလာမ့် ဓမ္မသတ်မှုးတွေဖြစ်တဲ့ ဆရာဦးအေးလွင်နဲ့ ဒေါက်တာမြင့်သိန်းတို့ကို
ဆက်သွယ်မေးမြန်းထားချက်အပြည့်အစုံကိုလည်း ထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။
ဒီတွေ့ဆုံမေးမြန်းချက်တွေကိုတော့  မြန်မာမွတ်စလင်မ်မီဒီယာရဲ့ CJ တစ်ဦးဖြစ်တဲ့ ကိုပေါက်က တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
မိသားစုလိုက် ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲခံယူခဲ့ သည့် ဦးလှမြင့် မိသားစုပုံကို မြန်မာပို့စ် ဂျာနယ်တွင်ဖေါ်ပြထားပုံ။ဓာတ်ပုံ- ကိုပေါက်
ref :Myanmar Muslim Media
- ဆီးရီးယားရှိ ဟက်ကာအဖွဲ့ တစ်ခုဖြစ်သည့် SEA က မိုက်ခရိုဆော့ဖ်မှ
ပိုင်ဆိုင်ထားသည့် Skype ၏ ဘလောဂ့်နှင့် ဆိုရှယ် မီဒီယာရှိ အကောင့်များအား
ယမန်နေ့က တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ၊ ပြည်သူများအား စောင့်ကြည့်ထောက်လှမ်းခြင်းများ ကို မပြုလုပ်ရန် သတိပေးပြောကြားခဲ့သည်။
Skype ၏ Twitter အကောင့်နှင့် Facebook အကောင့်များအား SEA မှတိုက်ခိုက်အပိုင်စီးခဲ့ပြီးနောက်
Facebook စာမျက်နှာတွင် "မိုက်ခရိုဆော့ဖ်ရဲ့ အီးမေးများ (Hotmail,
outlook) များကို မသုံးပါနှင့်။ သူတို့တွေဟာ ခင်ဗျားတို့ရဲ့
အကောင့်တွေကိုစောင့်ကြည့်ပြီး အမေရိကန် အစိုးရဆီကို ရောင်းချနေတယ်။
အသေးစိတ် အချက်အလက်များ မကြာမီလာမည် #SEA" ဟု ရေးသားခဲ့သည်။
သို့သော်လည်း တိုက်ခိုက်ပြီး ၂ နာရီခန့်အကြာတွင် တာဝန်ရှိသူများက
ထိုမက်ဆေ့ခ်ျများအား ဖျက်ပစ်ခဲ့ပြီး ပုံမှန် အတိုင်း
ပြန်လည်ကြည့်ရှုနိုင်ခဲ့သည်။ အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ NSA ၏
လျှို့ထောက်လှမ်းမှုများကို ဖွင့်ချခဲ့သည့် အက်ဒ၀ပ်စနိုးဒင်က Skype
အသုံးပြုသူများ၏ ဗီဒီယိုခေါ်ဆိုမှုများနှင့် ဖုန်းခေါ်ဆိုမှုများအား
အမေရိကန်အစိုးရမှ စောင့်ကြည့်နိုင်ရန် Skype ကုမ္ပဏီက အခွင့်ပေးထားသည်ဟု
ပြောကြားထားမှုများ ရှိသောကြောင့် SEA က ယခုကဲ့သို့
တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကျွန်တော်တို့ အတတ်နှိင်ဆုံး အလျှင်သင့်သလို မြန်မာမွတ်စလင် facebook
user တွေရဲ့ လုံခြုံရေး အတွက်လိုအပ်တာတွေ သတိပေးခဲ့ပါတယ်။အရင်ကလို
အလွန်အကျွန် ဟက်ခံ မထိကြတော့ပေမယ့် အနည်းငယ်
ရှိနေသေးတာတွေ့ရပါတယ်။အဲ့ဒါကြောင့် ကျွန်တော် တို့ ဒီ note ကို
ထပ်ရေးလိုက်ခြင်းဖြစ်ပါတယ်...အောက်က အချက်တွေကို တကယ်လိုက်နာရင်
ဟက်ခံနှိင်စရာ အကြာင်း မ၇ှိတော့ပါ။အထူးသဖြင့် ဟက်ခံထိတဲ့ သူတွေကို လေ့လာတဲ့
အခါ phishing လို့ ခေါ်တဲ့ facebook စာမျက်နှာ အတု လုပ်ဟက်ခြင်း နဲ့ social
engineer လို့ခေါ်တဲ့ သုံးကောင့်
ထိုးဟက်သွားတာခံကြရတာပါ။ကျန်တဲ့တခြားနည်းလမ်းက ဗမာဟက်ကာတွေရဲ့ keylogger ,
Rat , Botnet စသဖြင့် fud မဖြစ် anti-virus လွတ်အောင် မလုပ်နှိင်ကြတဲ့
အတွက် ဟက်ခံရတာမ၇ှိသလောက်ပါ။ အောက်က အချက်လေးတွေ လိုက်နာလိုက်ပါ..အီ၇ှလ္လာ
အားလုံး အဆင်ပြေ လုံခြုံပြီးတော့ ဟက်ခံရနှိင်စရာ မ၇ှိတော့ပါ။ facebook
account အတွက်သာ မဟုတ်ပဲနဲ့ တခြား bank account , paypal , credit card
စသဖြင့် အားလုံးအတွက်လည်းအကြုံဝင် သဘေားတရားတူပါတယ်။
(၁) account setting ကိုသွားလိုက်ပါ

(၂) Security ကို နှိပ်ပါ .

(၃)ညာဖက်က Secure browsing ကို enable ပေးပါ
login notifucations ကို enable ပေးပါ
Login Approvals ကို ဖြစ်နှိင်ရင် enable ပေးပါ
Trusted Contacts မှာ ယုံကြည်ရတဲ့ သူငယ်ချင်းအကောင့် ၄ ခု add
ပေးထားလိုက်ပါ ၊ အရေးကြီးပါတယ်။အဲ့လိုအက်ထားရင် social engineer
နည်းနဲ့ ဟက်မရတော့ပါ။

(၄) Timeline and Tagging ကို အောက်ကပြထားတဲ့ ပုံအတိုင်း လိုက်ချိန်းလိုက်ပါ

(၅)
Mobile ကိုနှိပ် ကိုယ့် ဟန်းဖုန်နံပတ် ထည့်ပေးပါ။ ဖုန်းထည့်တယ်ဆို
facebook က ဖုန်းဆီကို ပို့လာတဲ့ ကုတ်ကို ထည့် activate ဖြစ်တဲ့ အနေအထားထိ
ဆိုလိုတာပါ။မြန်မာပြည်မှာတော့ facebook က ပို့လာမဲ့ ကုတ်စောင့်ရတာ
ကြာတတ်ပါတယ်.စိတ်ရှည်ရှည်ထားစောင့်ပါ..ပြသနာမရှိပါ ၀င်လာတဲ့ အချိန်မှာ
ဘယ်ဘက်ဘေးက Already received a confirmation code? ရဲ့အောက်က
ဘောက်လေးထည်းမှာ ထည့်ပြီး activate လုပ်ထားပါ..

(၆)Apps တွေကို အရေတကြီးသုံးစရာ မရှိရင် remove လုပ်ပစ်ပါ.အောက်ကပုံလေးအတိုင်းပါ။ ဖြစ်နှိင်ရင် turn off platform လုပ်ထားလိုက်ပါ


(ရ) edit profile ကိုသွားပြီးတော့ email address နဲ့ လိပ်စာတွေကို only me ချိန်းထားပေးပါ..အောက်က ပုံအတိုင်းပါ..

(၈) အရေးတကြီးမလိုအပ်ရင် software တွေ မဒေါင်းပါနဲ့၊ ဆော့ဝဲလ် တွေ ကိုတကယ်လိုအပ်လို့ သုံးရတော့မယ်ဆိုရင် Virus Total (https://www.virustotal.com/en/)
ကနေ မစစ်ပဲနဲ့ မ run မိပါစေနဲ့ ..နာမည်ကြီးသတင်းဆိုက် blogspot နဲ့
wordpress ကလွဲးလို့ ထူးထူးဆန်းlink တွေ လျောက်မနိပ်မိပါစေနဲ့..link တွေ
နှိပ်ဖွင့်တဲ့အခါ address url ကို သေသေချာချာ ကြည့်တတ်တဲ့ အကျင့်
မွေးမြူထားကြပါ။တခြား လင့်တွေ နှိပ်မိလို့ facebook page ပေါ်လာတာမျိုး
စသဖြင့် phishing attack တွေကို သတိထားကြဖို့ပါ
အပေါ်က ပြထားတဲ့ အချက်တွေ တကယ် ပြည့်စုံအောင်လုပ်ထားရင် သတိထား တယ်ဆိုရင် ဘယ်သူမှ ဟက်မရတော့ပါဘူး
Myanmar Muslim Cyber Force
(၁၉၅၀)ပြည့်လွန် နှစ်များက စတင်ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်း
တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ရောက်ရှိခဲ့ပြီး Volkswagen၏ ဂန္ထဝင်မြောက်
လက်ရာတစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း (၂၀၁၃)ခုနှစ်၏
နောက်ဆုံးနေ့ရက်တွင်မူ ကမ္ဘာပေါ်၌ ယင်းမော်တော်ကားလေးများ ဆက်လက်ထုတ်လုပ်မှု
လုံးဝ ရှိတော့မည် မဟုတ်ဟု Volkswagenက ကြေညာခဲ့သည်။ ဂျာမန်မော်တော်ကား
လုပ်ငန်းစုကြီးသည် ဟန်နိုဗာရှိ အဓိက ဌာနချုပ် စက်ရုံတွင် Kombi
မော်တော်ကားလေးများ ထုတ်လုပ်မှုကို (၁၉၇၉)ခုနှစ် ကတည်းက အဆုံးသတ်ခဲ့သည်။
နှစ်ပေါင်း ၁၄၀၀ ကျော်ခဲ့သော်လည်း တမန်တော်မြတ်ထိုင်ခဲ့သောကြောင့် ယနေ့တိုင်ရှင်သန်နေတဲ့သစ်ပင်
Tag :
အစ္စလာမ်ရေးရာ
အဲဒီသစ်ပင်ကို
တချို့က ဆွဟာဗဟ်သစ်ပင်လို့တောင်ခေါ်ကြပါတယ်။ ဒီသစ်ပင်ဟာ
ဂျော်ဒန်နိုင်ငံမှာရှိနေပါတယ်။ တမန်တော်မြတ်ကို အရိပ်ပေးဖို့
ယိမ်းညွှတ်ခဲ့တဲ့အတွက် နှစ်ပေါင်း1400ကျော်ခဲ့သည့်တိုင်
အသက်ရှင်လျက်ရှိနေပါတယ်။
အံ့သြစရာမှာ အဲဒီသစ်ပင်ရဲ့အနီးအနားမှာ
ဘယ်သစ်ပင်မှမရှိတော့ဘဲ ရာသီဥတုပြင်းထန်မှုဒဏ်ကို ကြံ့ကြံ့ခံကာ
တစ်ပင်တည်းနှစ်ပေါင်းများစွာအသက်ရှင်ရပ်တည်နေခြင်းပါ။
အဲဒီသစ်ပင်အကြောင်း သိရ်မီဇီကျမ်း အဗ်ဝါးဗွလ်မရာကိဗ်အခန်းမှာပါရှိပါတယ်။
ဆွဟာဗဟ်ကြီး အဗူမူစာအရှ်အရီက ဆင့်ပြန်ပို့ချထားခြင်းဖြစ်ပါတယ်။
တမန်တော်မြတ် صلى الله عليه وسلم သက်တော် ၁၂ နှစ် အရွယ်ဖြစ်ပါတယ်။
ဘကြီးတော်အဗူသွာလိဗ်က ကုရိုက်ရှ်မျိုးနွယ်စုခေါင်းဆောင်များနဲ့အတူ
ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ ဆီးရီးယားသို့သွားရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
တမန်တော်မြတ်ကလည်း အတူလိုက်လိုကြောင်းပြောပါတယ်။
အဲဒါနဲ့တမန်တော်မြတ်ကိုလည်း အတူခေါ်ဆောင်လာခဲ့ပါတယ်။
သမိုင်းပညာရှင်များရဲ့အဆိုအရ ခရစ်သက္ကရာဇ် 582 ခုနှစ်အချိန်မှာဖြစ်ပါတယ်။
တမန်တော်မြတ်လိုက်ပါလာတဲ့ ကုန်သည်အုပ်စုဟာ ဗိုင်သွလ်မုကဒ်ဒပ်စ်
(ဂျေရုစလင်)မြောက်ဘက် ဒမက်စကတ်မြို့အနီးရှိ
ဗွတ်စ်ရာအမည်ရှိဒေသသို့ရောက်တဲ့အခါ
အရွက်ထူထည်းပြီးအရိပ်ကောင်းတဲ့အပင်တစ်ပင်အနားမှာ အဗူသွာလစ်ဗ်ဟာ
အစီးအနင်းကနေဆင်းလိုက်ပါတယ်။ ကျန်တဲ့ခရီးဖော်အားလုံးဟာလည်း
အရိပ်မှာအနားယူဖို့ အစီးအနင်းတွေကနေဆင်းကြပါတယ်။ အဲဒီခေတ်အခါမှာ အဲဒီနေရာဟာ
ရောမအုပ်ချုပ်မှုအောက်မှာရှိနေပါတယ်။ အပင်နဲ့မနီးမဝေးမှာ
ခရစ်ယန်ဘုရားကျောင်းတစ်ခုလည်းရှိပါတယ်။ အဲဒီဘုရားကျောင်းမှာ
(သုံးပါတစ်ဆူဝါဒကိုလက်မခံဘဲ တစ်ပါးတည်းအရှင်ကိုသာ လက်ခံကိုးကွယ်လျက်ရှိတဲ့)
ခရစ်ယန်ဘုန်းကြီးတစ်ပါးတရားကျင့်လျက် သတင်းသုံးနေပါတယ်။
ဘုန်းကြီးရဲ့ဘွဲ့မှာ (Bahira) ဗဟီရာဖြစ်ပြီး အဓိပ္ပာယ်က
သန့်ရှင်းသူလို့ရပါတယ်။ အမည်အရင်းက SERGIUS စရ်ဂျီးစ် (သို့)
ဂျရ်ဂျီးစ်လို့ခေါ်ပါတယ်။ ဗဟီရာဟာ အင်ဂျီလ်ကျမ်း လေးကျမ်းကို
ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားတဲ့ ပညာရှင်တစ်ပါးလည်းဖြစ်ပါတယ်။
အင်ဂျီလ်ကျမ်းကို သင်ကြားပို့ချနေသူလည်းဖြစ်တဲ့အတွက်
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရိုသေလေးစားခံရတဲ့ဘုန်းတော်ကြီးဖြစ်ပါတယ်။ သူဟာ
ဆွဟာဗဟ်ကြီး စလ်မာန်ဖာရစီရဲ့ ယခင်ဆရာဟောင်းလည်းဖြစ်ပါတယ်။
ဗဟီရာဘုန်းတော်ကြီးဟာ ရှေးကျမ်းများရဲ့အဆိုအရ
နောက်ဆုံးတမန်တော်ဟာဒီနေရာကဖြတ်ကျော်မယ်လို့ပါရှိတဲ့အတွက် အဲဒီနေရာကို
ရွေးချယ်နေထိုင်ပြီး စောင့်စားခဲ့တာပါ။ အမြဲတစေ အရဗ်မှကုန်သည်အုပ်စုတွေ
လာတိုင်း ပြူတင်းပေါက်မှကြည့်ရှုအကဲခတ်ခဲ့သော်လည်း
စောင့်စားနေတဲ့ပုဂ္ဂိုလ်မြတ်ကို မတွေ့ခဲ့ရပါ။
ဗဟီရာဘုန်းတော်ကြီးမှာ လောကီရေးစွန့်လွှတ်ပြီး တရားကျင့်သူဖြစ်တဲ့အတွက်
ဘုရားကျောင်းအပြင်ကိုလည်းမထွက်သလို
ခရီးသွားဧည့်သည်တွေဆီသွားရောက်တွေ့ဆုံတတ်သူလည်းမဟုတ်ပါ။
သို့သော်အခုတစ်ခေါက်တော့ လာနေတဲ့ကုန်သည်အုပ်စုကို ထုံစံအတိုင်းမဟုတ်တော့ဘဲ
ဘုရားကျောင်းအပြင်ဘက် ဂိတ်တံခါးဝမှာမတ်တတ်ရပ်ပြီး ဂရုတစိုက်ကြည့်ပြီး
စောင့်ဆိုင်းနေခဲ့ပါတယ်။ တမန်တော်မြတ်နဲ့ပါလာတဲ့ကုန်သည်အုပ်စုဟာ
အပင်အောက်မှာ နားလိုက်ကြတော့ ဘုန်းတော်ကြီးဟာ ကိုယ်တိုင်အပင်ရှိရာကို
လိုက်သွားပါတယ်။
အဲဒီအခါ ကလေးအရွယ်သာရှိသေးတဲ့တမန်တော်မြတ်ရဲ့လက်တော်ကိုကိုင်ကာ လူတို့ဘက်ကိုလှည့်ပြီး အသံကျယ်ကျယ်နဲ့ဒီလိုပြောခဲ့ပါတယ်။
هذا سيد العالمين هذا رسول رب العالمين هذا يبعثه الله رحمة للعالمين
သူဟာ လောကအပေါင်းရဲ့ခေါင်းဆောင်၊ သူဟာ
လောကအပေါင်းအားမွေးမြူဖန်ဆင်းတော်မူတဲ့အရှင်ရဲ့တမန်တော်၊ သူဟာ
လောကအပေါင်းအတွက် ကရုဏာရှင်အဖြစ်အလာဟ်စေလွှတ်မယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(သိရ်မိဇီ ၊အရ်ရဟီးကွလ်မခ်သူးမ် စာ-၆၅)
ကုန်သည်များမှာ
ဗဟီရာဘုန်းတော်ကြီးရဲ့စကားကိုကြားပြီး အလွန်မှမှင်သက်အံ့သြကြရတော့တယ်။
ဘကြီးတော်အဗူသွာလိဗ်က ဘုန်းတော်ကြီးအား
ဒီအချက်တွေကိုဘယ်လိုသိပါသလဲလို့မေးလျှေက်တော့ ဘုန်းတော်ကြီးဒီလိုဖြေပါတယ်။
သင်တို့ဒီချိုင့်ဝှမ်းကိုဆင်လာနေကြတဲ့အချိန်မှာ ငါအဝေးကနေတွေ့နေရတယ်။
သစ်ပင်တွေကျောက်တုန်းတွေဟာ ဒီလူငယ်လေးကို ဦးချနေကြတယ်။
မိုးတိမ်းတစ်ခုဟာသူ့ရဲ့ဦးခေါင်းထက်မှာ အရိပ်ပေးနေတယ်။
အဲဒီလိုဖြစ်အင်မျိုးဟာ တမန်တော်တွေမှာသာဖြစ်ကြတာပါ။ ဒါ့အပြင်
ဒီကလေးငယ်ရဲ့ပုခုံးနှစ်ဖက်ကြားမှာ
နဗူဝသ်တ့ဆိပ်တော်ရှိနေတဲ့အတွက်ကြောင့်လည်း တတ်အပ်ပြောနိုင်တာပါ။
ဗဟီရာဘုန်းတော်ကြီးမှာ ဘုရားကျောင်းကိုပြန်သွားပြီး
ခရီးသည်များကိုကျွေးမွေးပြုစုဖို့အစီအစဉ်ပြုလုပ်ပါတယ်။ စားစရာတွေသယ်ယူပြီး
ကုန်သည်တွေဆီရောက်တော့ တမန်တော်မြတ်ကိုမတွေ့လို့မေးပါတယ်။ အဲဒီအချိန်မှာ
တမန်တော်မြတ်ဟာ ကုလားအုပ်ကျောင်းဖို့ ခပ်လှမ်းလှမ်းကိုရောက်နေပါတယ်။
သွားခေါ်ဖို့စေခိုင်းတော့တစ်ယောက်ကသွားခေါ်လာပါတယ်။
တမန်တော်မြတ်အပင်အနီးကိုရောက်တော့
အရိပ်ရှိသမျှလူအားလုံးထိုင်ပြီးသားဖြစ်နေပါတယ်။ တမန်တော်မြတ်ဟာ
မိမိရဲ့မွေးရာပါစာရိတ္တမွန်ကြောင့် လူကြီးတွေကို ဂုဏ်ပေးသောအားဖြင့်
အားလုံးရဲ့နောက်ဆုံးအရိပ်မရှိတဲ့နေရာမှာပဲထိုင်ချလိုက်ပါတယ်။
အဲဒီအချိန်မှာ သစ်ပင်ကြီးဟာ တမန်တော်မြတ်ရှိရာဘက်ကို ယိမ်းညွှတ်သွားပြီးအရိပ်ပြုလိုက်ပါတယ်။
ရှေးဟောင်းသမိုင်းစာအုပ်ဖြစ်တဲ့ အလ်ဗိဒါယသုဝန်နိဟာယဟ်၊
စီရသ်အဗ်နုဟိရှားမ်ကျမ်းများအရ သစ်ပင်ရဲ့အကိုင်းများဟာ
တမန်တော်မြတ်ရဲ့ဘက်ကို ယိမ်းညွှတ်သွားပြီးအရိပ်ပေးနေတာကို
ဗဟီရာဘုန်းတော်ကြီးတွေ့မြင်ပြီး အချစ်ဇောဖြင့် အော်ဟစ်ပြောလိုက်တာကတော့၊
ဒီမှာကြည့်ကြစမ်း အပင်အရိပ်ဟာ တမန်တော်လောင်းဘက်ကို ယိမ်းညွှတ်သွားနေတယ်။
ဗဟီရာဘုန်းတော်ကြီးဟာ တမန်တော်မြတ်ကို ရှေ့ဆက်မခေါ်သွားဖို့ ဘကြီးတော်
အဗူသွာလိဗ်ကို တိုက်တွန်းပါတယ်။ ဘာကြောင့်လဲဆိုရင်
တမန်တော်မြတ်ရဲ့ရုပ်ဆင်းအင်္ဂါကိုကြည့်ရုံနဲ့ ကျမ်းတတ်တွေဟာ
တမန်တော်ရဲ့နိမိတ်လက္ခဏာကို တွေ့ကြမှာပါ။ ရောမသားတို့နဲ့ ယဟူဒီတွေဟာ
တမန်တော်မြတ်ကို လုပ်ကြံသတ်ဖြတ်မှာကို ငါစိုးရိမ်တယ်လို့ပြောပါတယ်။
အဲဒီနောက်မှာ အဗူသွာလိဗ်ဟာ ကြေးကျွန်များကိုတာဝန်ပေးပြီး မက္ကဟ်မြို့သို့ပြန်ပို့လိုက်ပါတော့တယ်။
ယနေ့ပထ၀ီအနေအထားအရ အဲဒီသစ်ပင်ဟာ ဂျော်ဒန်နိုင်ငံအရှေ့ဘက် ဆွဖ်ဝါဒေသ
ဆရ်ဟာန်ချိုင့်ဝှမ်း အနားမှာရှိနေပါတယ်။ ဂျော်ဒန်အစိုးရဟာ အဲဒီအပင်အနားမှာ
ဆီရီးယားကိုသွားတဲ့ လမ်းဟောင်းတစ်ခုကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။
တမန်တော်မြတ်ကိုချစ်မြတ်နိုးတဲ့အပင်ဟာ ယနေ့တိုင်အသက်ရှင်လျက်ရှိနေတယ်ဆိုရင်
တမန်တော်မြတ်ကိုချစ်တဲ့ မုအ်မင်န်ရဲ့နှလုံးသားဟာလည်း ဘယ်တော့အခါမှ
သေမှာမဟုတ်ဘဲ အမြဲတမ်းရှင်သန်လျက်ရှိနေမှာပါ။
စင်္ကာပူနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာကြသည့် မုစ်လင်မ်ခရီးသွားများ သိသိသာသာတိုးတက်လာသည့်အတွက် ဟလာလ်အစားအစာများရရှိနိုင်သောနေ ရာများနှင့် အစ္စလာမ်ဘာသာရေးလမ်းညွှန်မှုများပေးနိုင်ရန် ဝဘ်ဆိုဒ်အသစ်တစ်ခုဖွင့်လှစ်လိုက်ကြောင်းသိရသည်။
အဆိုပါဝဘ်ဆိုဒ်တွင် စင်္ကာပူမြို့တွင်းရှိ နာမည်ကြီဟလာလ်စားသောက်ဆိုင်များ အပြင် အစ္စလာမ်ဘာသာရေး ဆိုင်ရာဗဟုသုတများကိုလည်း သိရှိနိုင်ရန်ဖော်ပြထည့်သွင်းထားပြီး ဝဘ်ဆိုဒ်၏အမည်ကို HalalTrip.com ဟု အမည်ပေး ထားသည်။
''ဒီဝဘ်ဆိုဒ်ကို မုစ်လင်မ်ခရီးသွားတွေရဲ့လိုအပ်ချက်ကိုရှေ့ရှုပြီးတည်ထောင်ခဲ့တာပါ။
စင်္ကာပူကိုအလည်အပတ် ရောက်လာကြတဲ့ မုစ်လင်မ်ခရီးသွားတွေအတွက်
ဘက်စုံလွယ်ကူမှုတွေရှိစေမယ့် ပထမဦးဆုံး ဝဘ်ဆိုဒ်လည်းဖြစ်ပါတယ်" ဟု
အဆိုပါဝဘ်ဆိုဒ်အား အကောင်အထည်ဖော်စီစဉ်ခဲ့သော Crescentrating အဖွဲ့၏ ဥက္ကဋ္ဌ
ဖဇလ်ဗဟာရုဒ်ဒီးန်က ပြောကြားခဲ့သည်။
ယနေ့ အမေရိကန် သမ္မတ အိုဘားမား ဆိုတာ တစ်ချိန်တုန်းက ဆေး သမား ဖြစ်ကြောင်း ဆိုပါတယ်။
Marijuana လို့ခေါ်တဲ့ ဆေးခြာက်သုံး ဆေးလိပ်ကို အလွန်ကြိုက်နှစ်သက် ခဲ့ပြီး
ဆယ်ကျော်သက်အရွယ် ကျောင်းတက်စဉ်က သာမန်
သောက်သုံး
သူ ကျောင်းသားတွေထက်တောင် သောက်သုံးခဲ့ကြောင်း ဆိုပါတယ်။ သူ့ရဲ့ 
နာမည်ကိုလည်း Barack Oganja လို့ အမည်ပေး ထားပါတယ်။
ပုံမှာ မြင်တွေ့နေရတာ ကတော့ အိုဘားမား ရဲ့  ၁၉၈၀ ကျော် ခုနှစ်များက ဓာတ်ပုံ ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: dyknow
ပုံမှာ မြင်တွေ့နေရတာ ကတော့ အိုဘားမား ရဲ့  ၁၉၈၀ ကျော် ခုနှစ်များက ဓာတ်ပုံ ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: dyknow
အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။
စိတ်ဖိစီးမှု
စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။
ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း
အိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။ ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။
မျက်ကွင်းညိုခြင်း
မျက်ကွင်းညိုခြင်းဟာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တစ်ခုပါပဲ။ ဒါဟာ အိပ်ချိန်လုံလောက်မှု မရှိခြင်းနဲ့ အိပ်စက်ချိန် ပုံမှန်မရှိခြင်း တို့ကြောင့်ပါပဲ။ ညဥ့်နက်တဲ့ တိုင်အောင် အလုပ်လုပ်ခြင်းနဲ့ နံနက်ပိုင်းမှာ အိပ်ရာထ နောက်ကျခြင်းတို့ကြောင့် ဒီလိုမျက်ကွင်း ညိုခြင်းတွေ ဖြစ်ပေါ်တတ်တာပါ။ ဝက်ခြံနဲ့တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေဟာ အိပ်စက်ချိန်နဲ့ သက်ဆိုင်တဲ့ အားနည်းမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
အဝလွန်ခြင်း
ပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတဲ့ အလေ့အကျင့် ရှိသူတွေဟာ နံနက်စောစောတွင် စားသောက်လေ့ မရှိပါဘူး။ ဒါကြောင့် ဒီလိုလူတွေဟာ အလုပ်ချိန်မှာ အမြန်စာ Fast Food တွေကို အများအပြား စားမိလေ့ရှိပါတယ်။ သရေစာတွေကိုလည်း အများအပြား စားလေ့ရှိပါတယ်။ဒါဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို အားနည်းစေပါတယ်။ ညဥ့်နက်တဲ့အထိ နေလေ့ ရှိသူတွေဟာလည်း ဆိုဒါ၊ အချိုရည်နဲ့ အခြားအဆီ ပါဝင်တဲ့ အစားအစာတွေကို စားသောက်လေ့ ရှိပါတယ်။ ဒါကြောင့် အဝလွန်တာဖြစ်ပါတယ်။
ခေါင်းကိုက်ခြင်းနဲ့ နောက်ကျော နာကျင်ခြင်း
အိပ်ချိန်နောက်ကျခြင်းဟာ ဦးနှောက်ကို ဆိုးရွားစွာ သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်မှုဟာ ခက်ခဲလာပြီး မကြာခဏ ခေါင်းကိုက်ခြင်းတွေ ကြုံရလေ့ရှိပါတယ်။ ဒါ့အပြင် နောက်ကျော ကိုက်ခဲခြင်းတွေကိုလည်း ကြုံတွေ့ရလေ့ ရှိပါတယ်။ နောက်ပြီး အဆက်မပြတ် ချောင်းဆိုးခြင်းနဲ့ အဖျားဝင်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ။
အစ္စလာမ်ဘာသာသည် ကမ္ဘာပေါ်တွင်
တိုးပွားမှုအမြန်ဆုံးဘာသာကြီးတစ်ခုဖြစ်ကာ ယခုအခါကိုးကွယ်သူ
အများဆုံးဘာသာတရားတစ်ခုအဖြစ်ရပ်တည်နေသည်။ ယခင်က မွတ်စလင် လူဦးရေကို
၁.၆ဘီလျှံမှ ၁.၇ ဘီလျှံအတွင်းရှိလိမ့်မည်ဟုခန့် မှန်းထားသော်လည်း အမှန်တကယ်
တွင်မူ ၂.၀၄ဘီလျှံရှိနေပြီဖြစ်ကြောင်းသိရပြီး ခရစ်ယာန်လူဦးရေမှာ ၁.၉၉
ဘီလျှံရှိပြီဟုလည်းသိရသည်။
(Data: religiouspopulation.com)
ခရစ်ယာန်လူဦးရေကို သတင်းရင်းမြစ်အများအပြားတွင် အလွန်မြင့်များကြောင်း ဖော်ပြထားခြင်းများရှိသော်လည်း လက်တွေ့ တွင်မူ ထိုမျှ မရှိကြောင်း တွေ့ ရှိရသည်ဟုသိရသည်။ မွတ်စလင်လူဦးရေသည် ယခုလက်ရှိ တိုးတက်နှုန်းအတိုင်းသာ ဆက်လက်တိုးတက်မည်ဆိုပါက ၂၀၃၀ ခုနှစ်အရောက်တွင် လူသုံးလျှင် တစ်ဦးမွတ်စလင်ဖြစ်မည်ဟု ကျွမ်းကျင်သူများက တွက်ချက်ကြသည်။
(Data: muslimpopulation.com)
တချို့ သော သတင်းရင်းမြစ်များအရ အိန္ဒိယ၊ တရုတ်၊ နိုင်ဂျီးရီးယား၊ တန်ဇန်းနီးယား၊ အီသီယိုပီယား နှင့် အခြားနိုင်ငံများတွင်မွတ်စလင်လူဦးရေမှာ အမှန်တကယ်
ဖော်ပြထားသည့်အရေအတွက်ထက် ပိုမိုများပြားကြောင်း သိရသည်။ ဥရောပဒေသ အများအပြားနှင့် မြောက်အမေရိကဒေသတွင် ခရစ်ယာန်ကိုးကွယ်သူများသည် ၄င်းတို့ ၏ယုံကြည်မှုများကို စွန့် လွှတ်လျှက်ရှိသော်လည်း တစ်ဖက်တွင်မူ အစ္စလာမ်ဘာသာအားယုံကြည်ကိုးကွယ်သူတို့ မှာ ပိုမိုများပြားလာလျှက်ရှိသည်။
(Data: CNN, Cambridge University)
ကိုးကွယ်သည့်ဘာသာလူဦးရေအရေအတွက်ကို ခိုင်မာသေချာသည့် သတင်းရင်းမြစ်မှယူဆောင်ထားခြင်းဖြစ်သည်။ ကိုးကွယ်သူအရေအတွက်ကို သိရှိရန် သုတေသနကို အသုံးဝင်သည့် အချက်အလက်များရရှိနိုင်ပြီး အများလက်ခံထားသည့် ရင်းမြစ်များဖြစ်သည့် Population Reference Bureau, CIA Fact Sheet, WIKIPEDIA , Pew Forum, Encyclopedia of the Nations, Holt Rinehart and Winston, BBC တို့ အပြင် အခြားခိုင်မာသည့် နေရာများမှ ယူဆောင်တွက်ချက် ထားခြင်းဖြစ်သည်။ အဆိုပါသုတေသနပြုလုပ်ချက်အရ မွတ်စလင် ဦးရေသည် မွေးဖွားမှုအားကောင်းခြင်း၊ ကူးပြောင်းလာသူများပြားခြင်း၊ မိမိကိုးကွယ်သည့်ဘာသာအပေါ်ယုံကြည်မှုခိုင်မာခြင်း တို့ ကြောင့် ပုံမှန်တိုးပွားလျှက် ရှိကြောင်း တွေ့ ရှိရသည်။ ဥရောပ၊ တောင်အမေရိက၊ မြောက်အမေရိကတို့ တွင် ခရစ်ယာန်အသိုင်းအ၀ိုင်းမှာ မွတ်စလင် အသိုင်းအ၀ိုင်းနှင့် နှိုင်းယှဉ်လျှင် မွေးဖွားနှုန်း နည်းပါးပြီး အခြားဘာသာများမှ ကူးပြောင်းဝင်ရောက်လာမှုလည်း နည်းပါးသည်။
သို့ သော်အာရှနှင့် အာဖရိကနိုင်ငံများတွင် မွေးဖွားမှုနှုန်း အားကောင်းခြင်းနှင့် ကူးပြောင်းဝင်ရောက်လာမှုများပြားခြင်းတို့ ကြောင့် ခရစ်ယာန်လူဦးရေမှာ တိုးတက်လျှက် ရှိသည်။ လက်ရှိ ဒေတာများအရ ၂၀၁၃ ခုနှစ် အရောက်တွင် ကမ္ဘာပေါ်တွင် ခရစ်ယာန်လူဦးရေ ၁.၉၉ ဘီလျှံရှိမည်ဖြစ်ပြီး မွတ်စလင်လူဦးရေ ၂.၀၄ ဘီလျှံရှိမည်ဖြစ်ကြောင်းတွေ့ ရမည်ဖြစ်သည်ကျွမ်းကျင်သူများကဆိုသည်။
လက်ရှိ မွတ်စလင်လူဦးရေတိုးတက်မှုနှုန်း ၁.၈၄ % နှင့် ခရစ်ယာန်လူဦးရေ တိုးတက်မှုနှုန်း ၁.၁၃% ကို ၂၀၁၁မှ ဒေတာများနှင့် ဆက်လက် မြှောက်၍တွက်ချက် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
(Data: Carnegie Endowment for International Peace)
၂၀၁၁ ဒီဇင်ဘာလ ၃ ရက်နေ့ ကဖော်ပြခဲ့သည့် CNN သတင်းဌာန ဆောင်းပါးရှင် Richard Allen Greene ၏ ဆောင်းပါးတွင် မွတ်စလင်များသည် အခြားသောဘာသာဝင်များနှင့် နှိုင်းယှဉ်ပါက ဘာသာရေးပိုမိုလေးစားသည့် အကြောင်းအရင်းမှာ ပဋိပက္ခများက မွတ်စလင်များအပေါ်ဦးတည်ဖြစ်ပွားခြင်း၊ အတွေးအခေါ်မှန်ကန်ခြင်း နှင့်သမိုင်းမှတ်တမ်းများကြောင့် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
(Data: http://religion.blogs.cnn.com/)
၂၀၁၃ မတ်လ ၂၉ ရက်နေ့ ကဖော်ပြခဲ့သည့် The Telegraph သတင်းဌာန ဆောင်းပါးရှင် Tim Wigmoreသည်
(အမေရိကန်များ ဘာသာရေးသိပ်မလေးစားတော့ခြင်းသည် ဒီမိုကရတ်များအတွက် သတင်းကောင်းဖြစ်
America is becoming less religious. That's good news for the Democrats) ဆိုသည့် ဆောင်းပါးကိုရေးသားခဲ့သေးသည်။
ထိုဆောင်းပါးတွင် အမေရိကန်မှ အသက် ၁၈ နှစ်မှ ၂၄နှစ်အတွင်း လူငယ် ၃၂ရာခိုင်နှုန်းမှာ ဘာသာမဲ့များဖြစ်ကြောင်းဖော်ပြခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကြည့်မည်ဆိုပါက အမေရိကန်လူမျိုး ၂၀ရာခိုင်နှုန်းသည် ဘာသာမဲ့များ သာဖြစ်ကြောင်းတွေ့ ရ မည်ဖြစ်သည်ဟု ရေးသားထားသည်။
(Data: telegraph.co.uk)
၂၀၁၂ မတ်လ ၂၈ ရက်နေ့ ကဆောင်းပါးရှင် Hemant Mehta ကလည်း အမေရိကန်လူမျိုး ၃၂ ရာခိုင်နှုန်းဟာ ဘာသာမဲ့တွေပါ" ဆိုသည့်ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကိုရေးသားခဲ့သည်။
(Data: patheos.com)
ကမ္ဘာပေါ်တွင် မွတ်စလင် လူဦးရေအများဆုံးရှိသည့်နိုင်ငံ ၁၀ နိုင်ငံမှာ....
(၁) Indonesia - အင်ဒိုနီးရှား (182,570,000 people)
(၂) Pakistan - ပါကစ္စတန် (134.480.000 people)
(၃) India - အိန္ဒိယ (121.000.000 people)
(၄) Bangladesh - ဘင်္ဂလားဒေ့ရှ် (114.080.000 people)
(၅) Turkey - တူရကီ (65.510.000 people)
(၆) Iran - အီရန် (62.430.000 people)
(၇) Egypt - အီဂျစ် (58.630.000 people)
(၈) Nigeria - နိုင်ဂျီးရီးယား (53 million people)
(၉) Algeria/Al-Jazair - အယ်ဂျီးရီးယား (30.530.000 people)
(၁၀) Morocco - မော်ရိုကို (28,780 million persons) နိုင်ငံတို့ ဖြစ်သည်။
(Data: sukoharjo-vvip.com)
(Data: religiouspopulation.com)
ခရစ်ယာန်လူဦးရေကို သတင်းရင်းမြစ်အများအပြားတွင် အလွန်မြင့်များကြောင်း ဖော်ပြထားခြင်းများရှိသော်လည်း လက်တွေ့ တွင်မူ ထိုမျှ မရှိကြောင်း တွေ့ ရှိရသည်ဟုသိရသည်။ မွတ်စလင်လူဦးရေသည် ယခုလက်ရှိ တိုးတက်နှုန်းအတိုင်းသာ ဆက်လက်တိုးတက်မည်ဆိုပါက ၂၀၃၀ ခုနှစ်အရောက်တွင် လူသုံးလျှင် တစ်ဦးမွတ်စလင်ဖြစ်မည်ဟု ကျွမ်းကျင်သူများက တွက်ချက်ကြသည်။
(Data: muslimpopulation.com)
တချို့ သော သတင်းရင်းမြစ်များအရ အိန္ဒိယ၊ တရုတ်၊ နိုင်ဂျီးရီးယား၊ တန်ဇန်းနီးယား၊ အီသီယိုပီယား နှင့် အခြားနိုင်ငံများတွင်မွတ်စလင်လူဦးရေမှာ အမှန်တကယ်
ဖော်ပြထားသည့်အရေအတွက်ထက် ပိုမိုများပြားကြောင်း သိရသည်။ ဥရောပဒေသ အများအပြားနှင့် မြောက်အမေရိကဒေသတွင် ခရစ်ယာန်ကိုးကွယ်သူများသည် ၄င်းတို့ ၏ယုံကြည်မှုများကို စွန့် လွှတ်လျှက်ရှိသော်လည်း တစ်ဖက်တွင်မူ အစ္စလာမ်ဘာသာအားယုံကြည်ကိုးကွယ်သူတို့ မှာ ပိုမိုများပြားလာလျှက်ရှိသည်။
(Data: CNN, Cambridge University)
ကိုးကွယ်သည့်ဘာသာလူဦးရေအရေအတွက်ကို ခိုင်မာသေချာသည့် သတင်းရင်းမြစ်မှယူဆောင်ထားခြင်းဖြစ်သည်။ ကိုးကွယ်သူအရေအတွက်ကို သိရှိရန် သုတေသနကို အသုံးဝင်သည့် အချက်အလက်များရရှိနိုင်ပြီး အများလက်ခံထားသည့် ရင်းမြစ်များဖြစ်သည့် Population Reference Bureau, CIA Fact Sheet, WIKIPEDIA , Pew Forum, Encyclopedia of the Nations, Holt Rinehart and Winston, BBC တို့ အပြင် အခြားခိုင်မာသည့် နေရာများမှ ယူဆောင်တွက်ချက် ထားခြင်းဖြစ်သည်။ အဆိုပါသုတေသနပြုလုပ်ချက်အရ မွတ်စလင် ဦးရေသည် မွေးဖွားမှုအားကောင်းခြင်း၊ ကူးပြောင်းလာသူများပြားခြင်း၊ မိမိကိုးကွယ်သည့်ဘာသာအပေါ်ယုံကြည်မှုခိုင်မာခြင်း တို့ ကြောင့် ပုံမှန်တိုးပွားလျှက် ရှိကြောင်း တွေ့ ရှိရသည်။ ဥရောပ၊ တောင်အမေရိက၊ မြောက်အမေရိကတို့ တွင် ခရစ်ယာန်အသိုင်းအ၀ိုင်းမှာ မွတ်စလင် အသိုင်းအ၀ိုင်းနှင့် နှိုင်းယှဉ်လျှင် မွေးဖွားနှုန်း နည်းပါးပြီး အခြားဘာသာများမှ ကူးပြောင်းဝင်ရောက်လာမှုလည်း နည်းပါးသည်။
သို့ သော်အာရှနှင့် အာဖရိကနိုင်ငံများတွင် မွေးဖွားမှုနှုန်း အားကောင်းခြင်းနှင့် ကူးပြောင်းဝင်ရောက်လာမှုများပြားခြင်းတို့ ကြောင့် ခရစ်ယာန်လူဦးရေမှာ တိုးတက်လျှက် ရှိသည်။ လက်ရှိ ဒေတာများအရ ၂၀၁၃ ခုနှစ် အရောက်တွင် ကမ္ဘာပေါ်တွင် ခရစ်ယာန်လူဦးရေ ၁.၉၉ ဘီလျှံရှိမည်ဖြစ်ပြီး မွတ်စလင်လူဦးရေ ၂.၀၄ ဘီလျှံရှိမည်ဖြစ်ကြောင်းတွေ့ ရမည်ဖြစ်သည်ကျွမ်းကျင်သူများကဆိုသည်။
လက်ရှိ မွတ်စလင်လူဦးရေတိုးတက်မှုနှုန်း ၁.၈၄ % နှင့် ခရစ်ယာန်လူဦးရေ တိုးတက်မှုနှုန်း ၁.၁၃% ကို ၂၀၁၁မှ ဒေတာများနှင့် ဆက်လက် မြှောက်၍တွက်ချက် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
(Data: Carnegie Endowment for International Peace)
၂၀၁၁ ဒီဇင်ဘာလ ၃ ရက်နေ့ ကဖော်ပြခဲ့သည့် CNN သတင်းဌာန ဆောင်းပါးရှင် Richard Allen Greene ၏ ဆောင်းပါးတွင် မွတ်စလင်များသည် အခြားသောဘာသာဝင်များနှင့် နှိုင်းယှဉ်ပါက ဘာသာရေးပိုမိုလေးစားသည့် အကြောင်းအရင်းမှာ ပဋိပက္ခများက မွတ်စလင်များအပေါ်ဦးတည်ဖြစ်ပွားခြင်း၊ အတွေးအခေါ်မှန်ကန်ခြင်း နှင့်သမိုင်းမှတ်တမ်းများကြောင့် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
(Data: http://religion.blogs.cnn.com/)
၂၀၁၃ မတ်လ ၂၉ ရက်နေ့ ကဖော်ပြခဲ့သည့် The Telegraph သတင်းဌာန ဆောင်းပါးရှင် Tim Wigmoreသည်
(အမေရိကန်များ ဘာသာရေးသိပ်မလေးစားတော့ခြင်းသည် ဒီမိုကရတ်များအတွက် သတင်းကောင်းဖြစ်
America is becoming less religious. That's good news for the Democrats) ဆိုသည့် ဆောင်းပါးကိုရေးသားခဲ့သေးသည်။
ထိုဆောင်းပါးတွင် အမေရိကန်မှ အသက် ၁၈ နှစ်မှ ၂၄နှစ်အတွင်း လူငယ် ၃၂ရာခိုင်နှုန်းမှာ ဘာသာမဲ့များဖြစ်ကြောင်းဖော်ပြခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကြည့်မည်ဆိုပါက အမေရိကန်လူမျိုး ၂၀ရာခိုင်နှုန်းသည် ဘာသာမဲ့များ သာဖြစ်ကြောင်းတွေ့ ရ မည်ဖြစ်သည်ဟု ရေးသားထားသည်။
(Data: telegraph.co.uk)
၂၀၁၂ မတ်လ ၂၈ ရက်နေ့ ကဆောင်းပါးရှင် Hemant Mehta ကလည်း အမေရိကန်လူမျိုး ၃၂ ရာခိုင်နှုန်းဟာ ဘာသာမဲ့တွေပါ" ဆိုသည့်ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကိုရေးသားခဲ့သည်။
(Data: patheos.com)
ကမ္ဘာပေါ်တွင် မွတ်စလင် လူဦးရေအများဆုံးရှိသည့်နိုင်ငံ ၁၀ နိုင်ငံမှာ....
(၁) Indonesia - အင်ဒိုနီးရှား (182,570,000 people)
(၂) Pakistan - ပါကစ္စတန် (134.480.000 people)
(၃) India - အိန္ဒိယ (121.000.000 people)
(၄) Bangladesh - ဘင်္ဂလားဒေ့ရှ် (114.080.000 people)
(၅) Turkey - တူရကီ (65.510.000 people)
(၆) Iran - အီရန် (62.430.000 people)
(၇) Egypt - အီဂျစ် (58.630.000 people)
(၈) Nigeria - နိုင်ဂျီးရီးယား (53 million people)
(၉) Algeria/Al-Jazair - အယ်ဂျီးရီးယား (30.530.000 people)
(၁၀) Morocco - မော်ရိုကို (28,780 million persons) နိုင်ငံတို့ ဖြစ်သည်။
(Data: sukoharjo-vvip.com)


















