ဟာဗားနား။ ဧပြီ ၂၆
ကျူးဘာားမွတ်စလင်များ၏ အိပ်မက်ဟောင်းကို ဖြည့်စည်းပေးသည့်အနေဖြင့်
ကျူးဘားနိုင်ငံတွင် ပထမဆုံးဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်အား အစိုးရက
ခွင့်ပြုလိုက်ပြီဖြစ်သည်။
တူရကီအစိုးရ၏ အကူအညီဖြင့် တူရကီသာသနာရေး ဖောင်ဒေးရှင်းကိုယ်စားလှယ်များက ကာရေဘီယံကျွန်းဆွယ်ရှိ ကျူးဘားနိုင်ငံသို့ လာရောက်ဆွေးနွေးရာတွင် ကွန်မြူနစ်အစိုးရက ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
“ဟာဗားနားရဲ့ သမိုင်းဝင်နေရာမှာ ၁၉ ရာစုက ဥရောပဗိသုကာလက်ရာနဲ့
ဗလီတစ်လုံးရှိနေတာ လိုက်ဖက်ညီမယ်လို့ ထင်ပါတယ်”ဟု
တူရကီသာသနာရေးဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ Yuksel Sezgin က
ဆိုသည်။
ဗလီအဆောက်အဦး၏ ဒီဇိုင်းကို တူရကီနိုင်ငံက ထင်ရှားသော
အိုတာကွိုင်ဗလီပုံစံအတိုင်း ဆောက်လုပ်မည်ဖြစ်ကာ ၁ နှစ်အတွင်း ပြီးစီးအောင်
ဆောက်လုပ်မည်ဖြစ်သည်။ ဟာဗားနားမြို့၏ ဟာဗားနားမြို့ဟောင်းတွင် တည်ဆောက်မည့်
ယင်းဗလီ၌ မြို့ခံမွတ်စလင် ၃၅၀၀ ခန့် ၀တ်ပြုနိုင်မည်ဟု ဆိုသည်။
၂၀၀၉ ခုနှစ် သုတေသနအရ ကျူးဘားနိုင်ငံတွင် မွတ်စလင် ၉၀၀၀ ခန့်ရှိပြီး
တရားဝင် ဗလီဝတ်ကျောင်းတော်တစ်ခုမျှ မရှိသေးချေ။ အများစုမှာ မိမိတို့
အိမ်၌သာ ၀တ်ပြုကြပြီး သောကြာနေ့တွင်မူ ဟာဗာနား မွတ်စလင်ခေါင်းဆောင်
ပတ်ဒရိုလဇိုတိုရေး၏ အိမ်ခန်းမဆောင်တွင် စုပေါင်း ၀တ်တက်ကြသည်။
ကျူးဘားနိုင်ငံရှိ လူဦးရေ ၁၁ သန်းအနက် မွတ်စလင်လူဦးရေမှာ 0.1% ( ၉၀၀၀)
ခန့်သာရှိပြီး မွတ်စလင် ၁၅၀၀ ခန့်မှာ ပညာသင်ရန် ရောက်ရှိလာသူ
နိုင်ငံခြားသားများဖြစ်ပြီး အများစုမှာ ပါကစ္စတန်မှဖြစ်သည်။
ကျူးဘားနိုင်ငံသို့ ၁၉၇၀-၈၀ ၀န်းကျင်တွင် အစ္စလာမ်သာသနာ ရောက်ရှိလာကြောင်း Wikipedia တွင် ဖော်ပြထားသည်။
Source : Onislam.net

ဓါတ်ပုံအညွှန်း - ကျူးဘားတွင် ပုံစံတူ တည်ဆောက်မည့် တူရကီနိုင်ငံမှ အထင်ကရ ဗလီဝတ်ကျောင်းတော်၏ ၁၉ ရာစု ဥရောပလက်ရာ ဒီဇိုင်း

ဓါတ်ပုံအညွှန်း - ကျူးဘားတွင် ပုံစံတူ တည်ဆောက်မည့် တူရကီနိုင်ငံမှ အထင်ကရ ဗလီဝတ်ကျောင်းတော်၏ ၁၉ ရာစု ဥရောပလက်ရာ ဒီဇိုင်း
မလေးရှားနိုင်ငံ (Malaysia) မြို့တော်ကွာလာလမ်ပူ (Kuala Lumpur) ကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ အိုဘားမား (Barack Obama) ဟာ သူ့ရဲ့ (၃) ရက်တာ ခရီးစဉ်အတွင်း မလေးရှား နိုင်ငံတော် ဗလီဝတ်ကျောင်းတော် (Masjid Negara) ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ အိုဘားမား ဗလီဝတ်ကျောင်းတော်ကို သွားရောက် လည်ပတ်ခြင်းဟာ အမေရိကန်နိုင်ငံအနေနဲ့ အများထင်မြင် ယူဆသလို အစ္စလာမ်တော်သာသနာရဲ့ ရန်သူ မဟုတ်ကြောင်း ဖော်ပြလိုက်တာဖြစ်တယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
မလေးရှားနိုင်ငံဟာ အာဆီယံ (Asean) အင်အားကြီးနိုင်ငံတစ်ခု ဖြစ်တဲ့အလျောက် အိုဘာမားရဲ့ မလေးရှား ခရီးစဉ်ဟာလည်း အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံအကြား မဟာမိတ် တည်ဆောက်မှုအတွက် အလွန်အရေးပါတဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
နိုင်ငံရဲ့ လူ့စွမ်းအားရင်းမြစ် ထက်ဝက်ရှိတဲ့ အမျိုးသမီးတွေကိုလည်း သက်ဆိုင်ကျွမ်းကျင်ရာ ကဏ္ဍတွေမှာ နေရာပေး ဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ ကျေးလက်ဒေသက နိုင်ငံသားတွေကိုလည်း နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ အကူအညီတွေ ပေးအပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူမျိုးရေး ခွဲခြားမှုတွေနဲ့ စပ်လျဉ်းပြီး အာဆီယံဒေသတွင်းရှိ မြန်မာနိုင်ငံကို ပမာပေး ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့် မွတ်စလင် လူနည်းစု အသိုင်းအဝိုင်းအပေါ် ဖိနှိပ်မှုတွေ ပြုလုပ်ခြင်းဟာ နိုင်ငံရဲ့ တိုးတက်မှုကို ကျဆင်းစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးကို ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေး ရှုထောင့်ကနေ ဆောင်ရွက်ရမှာ ဖြစ်သော်လည်း ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေးကို အခြေခံတဲ့ အဖွဲ့တွေ နိုင်ငံအတွင်း ပေါ်ပေါက်လာကြောင်း ပြောဆိုလိုက်ပါတယ်။

အလားတူ မွတ်စလင် လူများစု နေထိုင်ရာ မလေးရှားနိုင်ငံ အနေနဲ့လည်း မိမိနိုင်ငံအတွင်းမှာရှိတဲ့ မွတ်စလင်မဟုတ်သူ လူနည်းစုအပေါ် တရားမျှတမှု ဆောင်ကျဉ်းပေးဖို့ တာဝန်ရှိကြောင်း သမ္မတ အိုဘာမားက ဆိုပါတယ်။

ကိုးကား – Astro Awani, NST

President Barack Obama and the grand Imam of National Mosque Tan Sri Syaikh Ismail Muhammad (right) poses for a photograph at the National Mosque in Kuala Lumpur. Photo Credit – REUTERS
လူမျိုးရေး ခွဲခြားမှုတွေနဲ့ စပ်လျဉ်းပြီး အာဆီယံဒေသတွင်းရှိ မြန်မာနိုင်ငံကို ပမာပေး ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့် မွတ်စလင် လူနည်းစု အသိုင်းအဝိုင်းအပေါ် ဖိနှိပ်မှုတွေ ပြုလုပ်ခြင်းဟာ နိုင်ငံရဲ့ တိုးတက်မှုကို ကျဆင်းစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
President Barack Obama visits the warrior’s mausoleum next to the National Mosque. Photo Credit – Ahmad Fairuz Othman
မြန်မာနိုင်ငံမှာ နိုင်ငံရေးကို ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေး ရှုထောင့်ကနေ ဆောင်ရွက်ရမှာ ဖြစ်သော်လည်း ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေးကို အခြေခံတဲ့ အဖွဲ့တွေ နိုင်ငံအတွင်း ပေါ်ပေါက်လာကြောင်း ပြောဆိုလိုက်ပါတယ်။
အလားတူ မွတ်စလင် လူများစု နေထိုင်ရာ မလေးရှားနိုင်ငံ အနေနဲ့လည်း မိမိနိုင်ငံအတွင်းမှာရှိတဲ့ မွတ်စလင်မဟုတ်သူ လူနည်းစုအပေါ် တရားမျှတမှု ဆောင်ကျဉ်းပေးဖို့ တာဝန်ရှိကြောင်း သမ္မတ အိုဘာမားက ဆိုပါတယ်။
ကိုးကား – Astro Awani, NST
မီဒီယာအသီးသီးအပေါ်မှ အမုန်းပွားစေသည့် လုပ်ဆောင်မှုများ စောင့်ကြည့်ပြီး နိုင်ငံတကာသို့ တင်ပြသွားမည်ဟု PEN MYANMAR အဖွဲ့ပြော
Tag :
သတင်များ
ဧပြီ ၂၇၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန်။ ။ မီဒီယာ အသီးသီးပေါ်မှ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်သော ရေးသား တင်ဆက်မှုများကို စောင့်ကြည့်လေ့လာသည့် လုပ်ငန်းစဉ် တစ်ခုကို PEN MYANMAR အဖွဲ့ကပြုလုပ် သွားမည်ဖြစ်ပြီး ရရှိလာသော အချက်အလက်များကို အစီရင်ခံစာ တစ်စောင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း
ပြည်တွင်းစစ်ဖြစ်ရစေသည့် အားပေးရေးသား တင်ဆက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများကဲ
"အခုကအချို့မီဒီယာတွေမှာ အမုန်းတရားဖြစ်စေမယ့် စကားတွေကို ရေးသားနေတာမျိုးတွေ ရှိလာပါတယ်။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေက အစပေါ့နော် အဲလိုတွေမှာရေးဆက် တင်ပြထားတာတွေကိုလည်းပြောဆိ
အမုန်းတရားများကိုဖြစ်ပေါ်စေ
ရရှိလာသောအချကိအလက်များကိုစ
Pen Myanmar ၏ တရားဝင် FB စာမျက်နှာ -https://www.facebook.com/
Pen Myanmar သို့ ဆက်သွယ်နိုင်သော အီးမေးလ်- penmyanmarcenter@gmail.com
M-Media Link =>http://
ရွှေတိဂုံထိပ်မှာ လက်ဝါးကပ်တိုင်လေးစိုက်ပြီး ကိတ်မုန့်အဖြစ်အလှီးခံရတာကို ဆတ်ဆတ်ခါနေရတယ်လိုကွာ။
အလုံးလိုက်မီးရှို့ပြီးအလုံးလိုက်ဖြိုခံထားရတဲ့ဗလီဝတ်ကျောင်းတော်တွေ
မရှိတဲ့အတိုင်းပဲ။ ကိုယ်ထိမှကိုယ်နာတတ်ပလား။ ဒါတောင်ကိတ်မုန့်နော်။
လေပြေ တချက်ဝှေ့စာ လောက်ဘဲရှိပါသေးတယ်၊အကောင်လိုက် မလာသေးဘူး
ဝဋ်ဆိုတာကြာကြာမနေပါဘူး..သင်တို့ပြုသည့်ကံ သင်တို့ထံပြန်လာမည်။

သင်တို့နားတွေ သန့်ရှင်းဖို့အတွက် အသုံးပြုနေတဲ့
နားကျပ်ဂွမ်းချောင်းလေးတွေဟာ တကယ်တော့ နားသန့်ရှင်းရေးလုပ်ဖို့တင်
အသုံးဝင်တာ မဟုတ်ပါဘူး။ ဒီဂွမ်းချောင်းလေးတွေကို အသုံးပြုနိုင်တဲ့
အခြားနည်းလမ်းပေါင်းများစွာ ရှိနေတာမို့ အားလုံးသိရအောင်
ပြောပြပေးလိုက်ပါတယ်။
၁။သွားလေရာကို ရေမွှေးပုလင်း သယ်မယ့်အစား ဂွမ်းချောင်းလေးတွေကို သယ်ယူသွားနိုင်ပါတယ်။
ကိုယ်ဆွတ်နေကျ
ရေမွှေးရနံ့လေးကို အချိန်တိုင်း ခန္ဓာကိုယ်ပေါ်မှာ သင်းပျံ့နေစေဖို့
ရေမွှေးပုလင်းကို သွားလေရာ သယ်သွားပြီး စွတ်စရာမလိုပါဘူး။
ဂွမ်းချောင်းလေးတွေကို ရေမွှေးဖျန်းဆွတ်လိုက်ပြီး ပုံမှာပြထားသလို
ပလတ်စတစ်အိတ်ထဲထည့်ပြီး လွယ်လွယ်ကူကူ ယူသွားလိုက်ရုံပေါ့။ ပြီးရင်း
တစ်ခုချင်းစီကို ထုတ်ပြီး လည်ပင်း၊ လက်ကောက်ဝတ်လေးတွေမှာ ဂွမ်းထိပ်ကလေးနဲ့
တို့ထိလိုက်ရုံနဲ့ ရနံ့လေးတွေ သင်းသွားမှာပါ။ဘယ်လောက်မိုက်သလဲ။
၂။နှုတ်ခမ်းနီဆိုးတဲ့အခါ ဂွမ်းချောင်းလေးတွေနဲ့ အနားသတ်လိုက်ပါ။
နှုတ်ခမ်းနီဆိုတဲ့အခါ
လျှံသွားတာမျိုးတွေ ဖြစ်တတ်တယ်ဆိုရင် ဂွမ်းချောင်းလေးတွေနဲ့
သပ်သပ်ရပ်ရပ်လေး တို့ပေးပါ။ ပိုပြီး သေသပ်ချင်တယ်ဆိုရင်တော့
နှုတ်ခမ်းသားအနားတွေကို ဂွမ်းချောင်းလေးတွေနဲ့ ပေါင်ဒါမှုန့်တို့ပြီး
အပြီးသတ်လိုက်ပေါ့။
၃။ဆံပင်အရင်နားတွေကို ဂွမ်းချောင်းလေးတွေနဲ့ အရောင်ညီအောင် ဖန်တီးပါ။
ဆံပင်အရင်းနားတွေက
အရောင်တွေပြောင်းပြီး ကြည့်မကောင်းအောင် မညီမညာဖြစ်နေပြီဆိုရင်တော့
ဂွမ်းချောင်းလေးတွေကို အိုင်းရှဲဒိုးနည်းနည်းသုတ်ပြီး ခုန မညီမညာဖြစ်နေတဲ့
ဆံပင်ရင်းတွေကို ကာလာညှိုလိုက်ရုံပါပဲ။
၎။ဒရိုင်ယာကိုလည်း ဂွမ်းချောင်းလေးတွေသုံးပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်။
ကိုယ့်ရဲ့
ဒရိုင်ယာမှာ ဖုန်တွေကပ်နေပြီလား၊ ဒါမှမဟုတ် ဂျီးတွေဖြစ်နေပြီလား။ ဒါဆို
ဂွမ်းချောင်းလေးတွေသုံးပြီး သန့်ရှင်းရေးလုပ်လိုက်ရုံပေါ့။
ဘာခက်တာမှတ်လို့။
၅။ကြပ်နေတဲ့ဇစ်ကိုလည်း ဂွမ်းချောင်းသုံးပြီး အဆင်ပြေအောင် လုပ်နိုင်ပါတယ်။
ကိုယ်ဝတ်မယ့်အင်္ကျံဇစ်က
ကြပ်နေတယ်ဆိုရင် ဂွမ်းချောင်းမှာ ရှန်ပူနည်းနည်းစွတ်ပြီး ကြပ်နေတဲ့နေရာကို
သုတ်လိမ်းပေးလိုက်ပါ။ ရှန်ပူကို ချောဆီသဘောမျိုး သုံးတဲ့သဘောပါပဲ။
အဆင်ပြေသွားပါလိမ့်မယ်။
၆။ဝက်ခြံညှစ်မယ်ဆိုလည်း ဂွမ်းချောင်းတွေကို သုံးနိုင်တာပဲနော်။
မျက်နှာမှာ
ဝက်ခြံက မှည့်နေပြီ။ ညှစ်လိုက်ရင် အိုကေသွားပြီဆိုရင်
လက်နဲ့ညှစ်ပစ်လိုက်မယ့်အစား ဂွမ်းချောင်းလေးတွေကို သုံးလို့ရတယ်နော်။
ပထမဆုံး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ အဲ့ဒီနောက်မှာတော့ မျက်နှာပေါ်က
ဝက်ခြံကို ဂွမ်းချောင်းနှစ်ချောင်းသုံးပြီး ဖယ်ရှားလိုက်ရုံပေါ့။
၇။eye makeup ဖျက်မယ်ဆိုရင်လည်း ဂွမ်းချောင်းလေးတွေ သုံးနိုင်ပါသေးတယ်။
မျက်ခွံပေါ်က မိတ်ကပ်တွေ ဖျက်ပစ်ဖို့ဆိုရင် ဂွမ်းချောင်းထိပ်လေးကို moisturizerထဲ နှစ်လိုက်ပြီး မိတ်ကပ်တွေကို ဖျက်ပစ်လိုက်ရုံပါပဲ။
၈။မျက်ခုံးမွှေးဆွဲတဲ့အခါ ဂွမ်းချောင်းတွေရဲ့ အကူအညီကို ယူပါ။
မျက်ခုံးမွှေးအနားသတ်လေးတွေ လှလှပပ ညီညီညာညာလေးဖြစ်ဖို့အတွက်လည်း ဂွမ်းချောင်းလေးတွေက ကူညီပေးနိုင်ပါသေးတယ်။
၉။မျက်ခွံပေါ်ပေသွားတဲ့ mascara တွေကို ဂွမ်းချောင်းထိပ်လေးတွေနဲ့ ဖယ်ရှားနိုင်။
တစ်ခါတစ်လေ
လက်ဆနည်းနည်းများသွားလို့ mascara ဆွဲတဲ့အခါ လျှံသွားတာမျိုးပဲဖြစ်ဖြစ်၊
mascara ရည်မခြောက်ခင် မျက်လုံးမှိတ်လိုက်မိလို့ မျက်ခွံပေါ်
ပေသွားတာပဲဖြစ်ဖြစ် ဂွမ်းချောင်းထိပ်လေးတွေနဲ့
တို့ထိသန့်ရှင်းပေးနိုင်သေးတယ်နော်။
၁၀။မျက်တောင်တုတပ်မယ်ဆိုရင်လည်း ဂွမ်းချောင်းလေးတွေက အသုံးဝင်ပါတယ်။
မျက်တောင်တုတပ်လေ့ရှိတဲ့သူတွေအတွက်
ဂွမ်းချောင်းလေးတွေ ဘယ်လောက်အသုံးဝင်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။
အဲ့ဒါကတော့ မျက်တောင်တုမှာ သုတ်လိမ်းပေးရမယ့် ကော်ကို
ဂွမ်းချောင်းလေးတွေနဲ့ သုတ်လိမ်းပေးပြီး မျက်တောင်တု တပ်လိုက်ရုံပါပဲ။
ဘယ်လောက်မိုက်လဲ။
၁။ ခေါင်းလျှော်ရည်တစ်မျိုးထဲကိုသာသုံးပါ။
----------------------------
ဆံပင်ဖြူခြင်းကာကွယ်ဖို့အတွက်အခြေခံအကျဆုံးကတော့မိမိဆံသားနဲ့ကိုက်ညီတဲ့ခေါင်းလျှော်ရည်တစ်မျိုး ထဲကိုစွဲသုံးတာပဲဖြစ်ပါတယ်။ မိမိဆံသားနဲ့အဆင်ပြေတဲ့ခေါင်းလျှော်ရည်ရှိနေရင်တော့တစ်ခြားဟာ
တွေပြောင်းပြီးစမ်းသုံးကြည့်တာမျိုးမလုပ်သင့်ပါဘူး။ခေါင်းလျှော်ရည်တွေတစ်မျိုးပြီးတစ်မျိုးပြောင်းသုံးတာဟာဆံသားကို ထိရောက်တဲ့အကျိုး မရရှိစေတဲ့ အပြင် ဆံပင်ဖြူတာကိုလည်းအားပေးပါတယ်။
၂။ကုလားဆီးဖြူသီးအသုံးပြုပါ။
--------------------
ကုလားဆီးဖြူသီးဟာအရွယ်မတိုင်ခင်ဆံပင်ဖြူပေါက်တာနဲ့ဆံပင်ကျွတ်တာမှကာကွယ်ပေးနိုင်ပါတယ်။ အိန္ဒိယ ဆီးဖြူသီးကိုပါးပါးလှီးကာ နှစ်ရက်ခန့်နေပူလှန်းပြီးရင်အုန်းဆီထည့်ကာ အပူပေးပါ။ ခေါင်းမလျှော်ခင် တစ်ည လောက်ကြိုတင်ပြီးဦးရေပြားကိုနှံ့စပ်အောင်လိမ်းကာမနက်ရောက်မှလျှော်ပါ။ ဒါမှမဟုတ် အိန္ဒိယဆီးဖြူသီး အပိုင်းအစလေးတွေကို ရေနွေးထဲ ထည့်ပြုပ်ပြီး အအေးခံကာ အဲဒီရေနဲ့ခေါင်းဆေးလို့ရပါတယ်။
၃။ဆီပုံမှန်လိမ်းပါ။
------------------
အုန်းဆီ ဒါမှမဟုတ်မိမိလိမ်းနေကျဆီကိုတစ်ပတ်နှစ်ကြိမ်မှ သုံးကြိမ်လိမ်းပေးပါ။ဆီပုံမှန်လိမ်းတာဟာဆံသားကို ကျန်းမာသန်စွမ်းနေစေတဲ့ အပြင် အရွယ်မတိုင်ခင်ဆံပင်ဖြူတာကြောင့်
စိတ်ညစ်ရတာတွေမှလည်းသက်သာစေပါတယ်။
၎။ကော်ဖီနှင့်အဆီပါဝင်မှုများသောအစာများကိုရှောင်ပါ။
--------------------------------------
ကော်ဖီ၊အရက်၊အဆီများတဲ့အစာတွေကိုအလွန်အကျွံစားသောက်
ခြင်းမှရှောင်ရပါမယ်။ အကယ်လို့စားကျင့်ရှိနေရင်တောင်အနည်း
ငယ်လျော့စားပေးပါ။ တချို့အစားအစာတွေဟာဆံသားအတွက် လိုအပ်တဲ့အစိုဓာတ်ကို ဆိုးရွားစွာလျော့နည်းစေတာကြောင့် ဆံပင်ဖြူမြန်စေပါတယ်။
_____________________________
အိဖြူ(ဆေးဝါးတက္ကသိုလ်)
M-Media
- အစ္စလာမ်၏ စစ်မှန်သော တန်ဖိုးများကို မြင့်တင်ပေးကာ ဆွဇ်မွတ်စလင်များအား
အစ္စလာမ့် ဓမ္မပညာရပ်များ သင်ကြားပေးနိုင်မည့် ပထမဆုံး အစ္စလာမ့်သုတေသန စင်တာ
ကို ဆွဇ်ဇာလန် နိုင်ငံ၌ ဖွင့်လှစ်ခဲ့သည်။
“အစ္စလာမ့် သိပ္ပံအသင်း”
ဟု အမည်ပေးထာသည့် အဆိုပါ သုတေသနစင်တာကို ဆွဇ်ဇာလန် အစ္စလာမ့်
အတိုင်ပင်ခံကောင်စီက ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုအသင်းတွင်
ကနဦးသင်ကြားမှုအဖြစ် ကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော်မြတ်၏ ဓလေ့တော်
စွန်နာနှင့် သြ၀ါတော် ဟဒီးဆ်များကို သင်ကြားသွားမည်ဖြစ်ကာ
မည်သည့်ဘာသာဝင်မဆို လက်ရောက်စာရင်းပေး၍ တက်ရောက်နိုင်သည်ဟု ရှုရာကောင်စီက
ပြောကြားခဲ့သည်။
ထို့ပြင် ထိုအသင်းမှ အစ္စလာမ်နိုင်ငံများရှိ
တရားဝင်အသိအမှတ်ပြုထားသော အသင်းအဖွဲ့များမှ ပို့ချသည့် အစ္စလာမ့်
ဓမ္မသင်တန်း၏ သင်ရိုးညွှန်းတမ်းများ ကိုလည်း ပြဌာန်းသွားရန်
စမ်းသပ်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ထိုအသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ
အဘ်ဒူလာဟ် နီကိုလက်စ် ဘလန်ချိုက ပြောကြားခဲ့သည်။
ထိုသင်တန်းများအား ဆွဇ်ရုံးသုံး ဘာသာ စကားတစ်ခုဖြစ်သည့်
ဂျာမန်ဘာသာစကားဖြင့် သင်ကြားပေးသွားမည်ဖြစ်ကာ၊ နိုင်ငံအတွင်း
အစ္စလာမ့်အဆုံးအမများကို သင်ကြားပို့ချနိုင်သည့် အရည်အချင်းရှိ ဆရာများ
မလုံလောက်မှု ကွက်လပ်ကိုလည်း ဖြည့်ပေးနိုင်မည်ဖြစ်သည်။
အဆိုပါ
“အစ္စလာမ့် သိပ္ပံအသင်း” အား အစ္စလာမ်၏ သမ္မသမတ်ကျသည့်
တရားစစ်တရားမှန်များနှင့် စည်းမျဉ်းစည်းကမ်းများအား တိုးတက်ပြန့်ပွားစေရေး
လုပ်ငန်းများ မြှင့်တင်ပေးရန်အတွက်ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု
ဘလန်ချိုက ဆိုသည်။
ထိုအသင်းမှ အစ္စလာမ်နှင့် ပတ်သက်သည့်
အမြင်မှားများကို ပြင်ဆင် တည့်မတ်သည့်လုပ်ငန်းများကို
လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ အစ္စလာမ် သာသနာမှာ ခေတ်နှင့်လျော်ညီမှု
မရှိဆိုသည့် မှားယွင်းသော အယူအဆကိုလည်း ပယ်ဖျက်ရန်
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘလန်ချိုက ထည့်သွင်းပြောကြားခဲ့သည်။
ဆွဇ်ဇာလန် အစ္စလာမ့်အတိုင်ပင်ခံ ကောင်စီကို ၂၀၀၉ ခုနှစ်တွင်
စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံအတွင်းရှိ လက်ယာ အစွန်းရောက်များ၏
အစ္စလာမ်အပေါ် ပစ်မှတ်ထားသည့် အမုန်းတရားများကို ပြန်လည် တုံ့ပြန်နေသည့်
ပညာရှင် အများအပြားပါဝင်သည်။ ၀တ်ပြုရန်ဖိတ်ခေါ်သံ ဟစ်ကြွေးမှုအား
ပိတ်ပင်ထားသည့် ဆွဇ်ဇာလန် နိုင်ငံတွင် ဗလီဝတ်ကျောင်းတော်နှင့် ၀တ်ပြုဆောင်
၁၆၀ ခန့်ရှိသည်။
ဥရောပနိုင်ငံတစ်ခုဖြစ်သည့် ဆွဇ်ဇာလန် တွင် လူဦးရေ ၈ သန်းကျော်ရှိပြီး ၅ သိန်းခန့်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။
Ref:OnIslam & News Agencies
M-Media Link =>http://www.m-mediagroup.com/ news/26979
- ကုလားတွေက တယောက်ထိရင် အကုန်နာ လက်ထိရင် တကိုယ်လုံးနာဆိုတော့ ဖိထားမှ လို့တွေးနေတာလား ?
ခင်ဗျားတို့ထင်သလို မဟုတ်ပါဘူးဗျာ ခုမှစုစည်းနေရတုန်းပါ......
-ဥူးဝီရသူ ဟောသလို ဗမာ မလေးတွေ တိုင်းရင်းသူလေးတွေ ယူ လူမြိုနေလို့လား ?
ခင်ဗျားတို့ထင်သလိုမဟုတ်ပါဘူးဗျာ ကျနော်တို့ နှမလေးတွေ ဘာသာခြားတွေနဲ့ ယူလို့ ဒူးနဲ့မျက်ရည်သုတ်ခဲ့ ရတဲ့ မိဘတွေ ဒုနဲ့ ဒေးပါ.....
-တာလီဘာန်နဲ့ ဆက်သွယ်ပြီး အကြမ်းဖက်မယ်တဲ့လား ?
ကျနောတို့ဘိုးဘေး တွေက တာလီဘာန်မက အင်္ဂလိပ်ကိုပါမှီခဲ့ တာပါ
မြန်မာနိုင်ငံပေါ် ဘာဒုက္ခပေးခဲ့လို့လဲဗျာ အသက်တွေစတေးပေးခဲ့ တာပဲရှိပါတယ်
.... ခုခေတ် ကျနော်တို့တွေက တာလီဘာန် တွေ အာဖဂန်တွေမပြောနဲ့ အိန္ဒိယတောင်
မရောက်ဘူးပါဘူးဗျာ....
-စီးပွားရေးအရ နေရာကောင်းတွေမှာ ကုလားတွေချည်းပဲတဲ့ ဟုတ်လား ?
ကျနော်တို့က အေးအေးချမ်းချမ်းနေတယ် အပျော်အပါး မမက်ဘူး ဒါပေမယ့်
ကလိန်မကျပါဘူးဗျာ တောင် တလုံး လုံးလဲ မဖြိုပါဘူး မြစ်တစင်းလုံးလဲ
မပိတ်ပါဘူး ကျနော်တို့ ရှာတဲ့ မဖြစ်စလောက်ငွေလေးတွေက ပြည်သူအားလုံးအတွက်
အခွန်ဆောင်ကြတာပါ နိုင်ငံခြားဘဏ်မှာ ဒေါ်လာ အလုံးအရင်းအပ်တဲ့ ကုလား
မရှိပါဘူး.....
-ဆော်ဒီက OIC ကငွေတွေထောက်ပံ့ပြီး ဗမာလူမျိုးကို ဝါးမြိုမယ်ဟုတ်လား ?
မွတ်စလင် ၉၀ ရာနှုန်းက ဆင်းရဲသား လူတန်းစားတွေရယ်ပါ ရပ်ကွက်ထဲက
ဖိနပ်ချုပ်တဲ့ ဆိုက်ကားနင်းတဲ့ ကွမ်းယာရောင်းတဲ့ သူတွေ ဈေးထဲက
ဗန်းရွက်ဈေးသည် မွတ်စလင် တွေ မရှိတော့မှ ဒါတွေ ပြောပါလားဗျာ.....
-ဘာသာခြားကို ယူရင် ဗလီက သိန်းငါးဆယ် ထုတ်ပေးတယ် ဟုတ်လား ?
နံရံ ကဆေးတွေကွာကျနေလို့ ပြန်မသုတ်နိုင်သေးတဲ့ ဗလီ မိုးတွင်း ဗလီထဲ
ရေ၀င်လို့ နှစ်စဉ် မွတ်စလင်မ် တယောက် သဲတအိတ်နှုန်း ဖို့နေရတဲ့ ဗလီ
လူမဆန့်တာတောင် အထက်လူကြီးကို လာဘ်ထိုးဖို့ ရန်ပုံငွေ မပြည့်စုံလို့
ပြုပြင်ခွင့် မတင်နိုင်လို့ သွပ်မမိုးနိုင်လို့ မိုးကာ အဖီဆွဲ ထားတဲ့
ဗလီတွေကြည့်ပြီးမှ သိန်း ၅၀ ထုတ်ပေးနိုင်မပေးနိုင် ပြောပါလားဗျာ.....
-ဒီမိုကရေစီမှာ အစ္စလာမ်ဝါဒက ကန့်လန့်ခံ နေတယ်တဲ့ ဟုတ်လား ?
အစာငတ်ပြတ်ပြီး သေးမတတ် ဒုက္ခရောက်နေချိန်မှာ ကိုယ်တသက်လုံး မတို့မထိ
ရှောင်ခဲ့တဲ့ ၀က်သတ္တဝါကိုတောင် ကယ်တင်ဖို့ တာဝန် လုပ်ကိုလုပ်ရမဲ့ တာဝန်လို့
ပြဌာန်းထားတဲ့ ဘာသာပါဗျာ ကျနော်တို့ လမ်းပြခေါင်းဆောင်က တကမ္ဘာလုံးနဲ့
ဆန့်ကျင်ပြီး ကျွန်ကို သူကောင်းပြုခဲ့တဲ့ လူတန်းစား မခွဲခြား ဝါဒီ
တယောက်ပါဗျာ....
- ဒီမိုကရေစီကို မဲပေးသွာမှာ ကြောက်လို့တို့
ကုလားကို ထောက်ခံလိုက်ရင် အာဏာရှင်တွေ တပန်းသာသွားမှာ ကြောက်လို့တို့
ဆိုတဲ့ လို့ ပေါင်းများစွာကြောင့် ၂ ဖက်လုံးက လက်ရှောင်နေကြတာလား ဗျာ
ရပါတယ်ဗျာ ကျနော်တို့အတွက် လောကီဟာ ငရဲဆိုတာ ကြိုသိပြီးသားပါ
တနေ့ ..... အဲဒီ တနေ့ မှာ ခင်ဗျားတို့ တူသောဒုက္ခတွေ မခံစားရပါစေနဲ့လို့သာ ...
ကမ္ဘာ့မွတ်စလင်တို့ စိတ်ရှည်သည်းခံ သင့်မြတ်ကြဖို့ ဒူဘိုင်းငြိမ်းချမ်းရေးညီလာခံမှ ပညာရှင်များတိုက်တွန်း
Tag :
အစ္စလာမ်ရေးရာ
ဧပြီ ၂၀၊ ၂၀၁၄။ (ဒူဘိုင်း)
ကမ္ဘာလုံးဆိုင်ရာ သင့်မြတ်ရေးနှင့် စိတ်ရှည်သည်းခံကြဖို့ နိုင်ငံတကာမှ အစ္စလာမ့်ပညာရှင်များ၊ တရားဟောဆရာများ ပူးပေါင်းပါဝင်ကျင်းပတဲ့ `တတိယအကြိမ်မြောက် ဒူဘိုင်း နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံ´(DIPC)ကနေ တိုက်တွန်းလိုက်ပါတယ်။
ဧပြီလ ၁၇ ရက်မှ ၁၉ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံကို
ဒူဘိုင်းနိုင်ငံရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ ပြုလုပ်တာဖြစ်ပါတယ်။
သုံးရက်အတွင်း နိုင်ငံတကာမှ အစ္စလာမ့် ပညာရှင် ၁၅ ဦးနှင့် ဒူဘိုင်းအပါအ၀င်
နိုင်ငံတကာမှ ဧည့်ပရိသတ် ၂ သိန်းကျော်ထိ တက်ရောက်ခဲ့ တယ်လို့ သိရပါတယ်။
နှစ်နှစ် တစ်ကြိမ် ကျင်းပတဲ့ ဒီညီလာခံကို ယူအေအီးနိုင်ငံဝန်ကြီးချုပ် ရှိုတ်ခ်မုဟမ္မဒ်ဘင် ရရှဒ်အလ်မခ်သူးမ်ရဲ့ လမ်းညွှန်မှုနဲ့ ဒူဘိုင်း၊ ယူအေအီးတို့မှ တာဝန်ရှိသူများက ဦးစီးကျင်းပတာဖြစ်ပါတယ်။
ညီလာခံပိတ်ပွဲအခမ်းအနားမှာ မက္ကာဟ်မြို့မှ ကအ်ဘာကျောင်းတော်ရဲ့ အီမာန်ဖြစ်တဲ့ ရှိုတ်အဗ္ဗဒုလ် ရဟ်မန်ဆူဒိုက်စ်က
`ယူအေအီးနိုင်ငံက ဦးစီးကျင်းပတဲ့ ဒီငြိမ်းချမ်းရေးညီလာခံကြီးဟာ တကယ်တော့ မွတ်စလင်တိုင်း အတွက် ဂုဏ်ယူစရာပါ၊ အစ္စလာမ်ကပြဆိုတဲ့ ငြိမ်းချမ်းခြင်းဆိုတာ ကျန်းမာရေးနဲ့ လုံခြုံရေးကို အာမခံချက်ပေးတဲ့ ကိုယ်စားပြုမှုဖြစ်ပါတယ်၊ ဒါ့အပြင် ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှု၊ အကျင့်ပျက်ခြစားမှုနဲ့ ပဋိပက္ခတွေကို ငြင်းပယ်ပြီး မေတ္တာတရား၊ ကောင်းမွန်မှု၊ သင့်မြတ်မှု၊ စေ့စပ်ညှိနှိုင်းမှု စတာတွေကို အကောင်းဆုံးပုံစံနဲ့ တည်ဆောက်တဲ့ မွတ်စလင်တစ်ဦးချင်းဆီကနေ စုစည်းပြီး လူ့အဖွဲ့အစည်း တစ်ရပ်လုံး ပါဝင်လာစေခြင်းပဲ ဖြစ်ပါတယ်။ ´
`လူတွေက အစ္စလာမ်ကို သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအောင်မြင်ဖို့အတွက် တလွဲသုံးနေတာတွေရှိတယ်၊ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေပဲ ဖြန့်ချိတယ်၊ ဒါဟာ လွဲမှားပါတယ်။ ဘာလို့လဲဆိုတော့ အစ္စလာမ်က တည်ဆောက်ခြင်းပါ၊ ဖျက်ဆီးခြင်းမဟုတ်ပါဘူး။ လူသားတွေရဲ့ဘ၀ကို တိုးမြှင့်ခြင်းပါ၊ လူသားဝါဒကို ဆိုးရွားသွားစေဖို့မဟုတ်ပါဘူး´လို့ ရှိုတ်ခ်ဆိုဒိုက်စ်က ပြောကြားပါတယ်။
`ကမ္ဘာကြီးက ဖျက်အားပြင်း လက်နက်တွေထုတ်ပြီး ဂုဏ်ယူနေတယ်ဆိုရင် မွတ်စလင်နိုင်ငံတွေက မိမိတို့မှာ ရှိတဲ့ အကြီဆုံးလက်နက်ဖြစ်တဲ့ ငြိမ်းချမ်းရေးအတွက် ဂုဏ်ယူရပါမယ်´လို့ ၎င်းက ထည့်သွင်းပြောကြားသွားပါတယ်။
ဒီနှစ်မှာ ထူးခြားတာကတော့ မကြာသေးခင်က အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်လာတဲ့ `Fitana’ ဇာတ်ကားထုတ်လုပ်သူ ဒတ်ခ်ျနိုင်ငံရေးသမား Arnaud Van Dorn လည်း ပိတ်ပွဲ အခမ်းအနားကို တက်ရောက်လာပါတယ်။ Van Dorn ရဲ့ သားဖြစ်သူဟာလည်း ညီလာခံ ဒုတိယနေ့မှာ အစ္စလာမ်သာသနာကို လက်ခံခဲ့ပြီး နာမည်ကို `အလီ´လို့ ပြောင်းလဲ မှည့်ခေါ်လိုက် ပါတယ်။
ဒီညီလာခံမှာ မွတ်စလင်ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားတဲ့ ပညာရှင်တွေဖြစ်တဲ့ ဒေါက်တာ ဇာကိရ်နိုက်(အိန္ဒိယ)၊ ယူစွဖ်အီစတိတ်(အမေရိကန်)၊ နိုမန်အလီခန်း(အမေရိကန်)၊ ရှိုတ်ခ်ဟစီးမ်အလ် ဟကီးမ်(ဆော်ဒီ)နဲ့ နာမည်ကြီးကာရီ ရှိုက်ခ်မစ်ရှာရီရရှဒ်အလ်အဖာစီ(ကူဝိတ်) တို့အပြင် အစ္စလာမ့် ပညာရှင်များက ငြိမ်းချမ်းရေးစကား ပြောကြားခဲ့ပါတယ်။
ဒေါက်တာဇာကိရ်နိုက်က ယူအေအီးနဲ့ နိုင်ငံတကာမှ တက်ရောက်လာသူ ဘာသာခြား ဧည့်သည့် တွေရဲ့ မေးခွန်းတွေကို အစ္စလာမ့်ရှုထောင်အရ ဖြေကြားပြီး အစ္စလာမ်အပေါ် နားလည်မှုလွဲနေတဲ့ အချက်တွေကို ရှင်းလင်းစေပါတယ်။
ဒီညီလာခံရဲ့ ရည်ရွယ်ချက်က အစ္စလာမ်ရဲ့ သရုပ်မှန်နဲ့ ငြိမ်းချမ်းရေး သဘောထားတွေကို လှစ်ဟပြသဖို့နဲ့ အကြမ်းဖက်မှုကို ရှုတ်ချပြီး နားလည်မှု၊ သည်းခံမှုနဲ့ အစွန်းမရောက်တဲ့ တရားတွေကို သွန်သင်ဖို့ပဲဖြစ်ပါတယ်။
Source : Gulfnews/ Dubaicityguide.com
ဘာသာပြန် - စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

လက်ရှိ ကမ္ဘာ့အမြင့်ဆုံးတာဝါ ရှိတာကတော့ ဒူဘိုင်းမြို့မှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် နောက်တစ်ပတ်ထဲမှာ ဒူဘိုင်းမှာ နောက်ထပ် ကမ္ဘာ့အမြင့်ဆုံးတာဝါကို
ထပ်ဆောက်တော့မှာဖြစ်ပါတယ်။
ဆောက်လုပ်ပြီးတဲ့အချိန်မှာ ၎င်းတာဝါဟာ မြေပြင်အထက် ၁ ကီလိုမီတာ (ပေပေါင်း ၃၂၈၀) အထိ မြင့်မယ်လို့ သိရပါတယ်။ အဲဒီအတိုင်းအတာဟာ လက်ရှိ အမြင့်ဆုံး ဘုဂ်ျ ကလီဖာ တာဝါထက် ပေပေါင်း ငါးရာကျော် ပိုရှည်မယ်မှာ ဖြစ်ပြီးတော့ ဆောက်လုပ်မှုအတွက် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၃၀၀ ($1.23 billion) ကုန်ကျမယ်လို့ သိရပါတယ်။
ဂျစ်ဒါ ကမ်းခြေမြို့တော်မှာ တည်ဆောက်မှာဖြစ်ပြီးတော့ တည်ဆောက်ဖို့အတွက် ငါးနှစ်ကြာမြင့်ပါမယ်။ ၎င်းတာဝါ တည်ဆောက်ရန်အတွက် ကွန်ကရစ် စတုရန်းမီတာ ၅.၇ သန်းနဲ့ စတီး တန်ပေါင်း ၈ သောင်း လိုအပ်မှာ ဖြစ်ပါတယ်။ အောက်ခြေ ဧရိယာအကျယ်အဝန်းကတော့ စတုရန်းမီတာ ငါးသိန်း (500,000 Square meters) နေရာယူမှာဖြစ်ပြီးတော့ အလွှာပေါင်း ၂၀၀ ပါဝင်မယ်လို့ သိရပါတယ်။ တစ်စက္ကန့်ကို ၁၀မီတာနှုန်းနဲ့ တက်မယ့် ဓာတ်လှေကား ၅၉ စင်း ပါဝင်မှာ ဖြစ်ပြီတော့ အဲဒီထဲကမှ ငါးစင်းကတော့ နှစ်ထပ် ဓာတ်လှေကားတွေ ဖြစ်မှာပါ။
တာဝါနာမည်ကိုတော့ Kingdom Tower လို့ အမည်ပေးထားပြီး၊ ဂျစ်ဒါမြို့တော်မြောက်ဘက် ပင်လယ်နီမြင်ကွင်းကို ရယူတည်ဆောက်မှာ ဖြစ်ပါတယ်။
ref :ygnnews

မိသားစုတွင်း အမျိုးသမီးများကို အနိုင်ကျင့်မှု အတွက် နစ်နာကြေးနှင့် ပြစ်ဒဏ်ပေးရန် ဥပဒေသစ် ဆော်ဒီပြဌာန်း
Tag :
အစ္စလာမ်ရေးရာ
ဧပြီ ၂၀၊ ၂၀၁၄
M-Media
အမျိုးသားတစ်ဦးမှာ မိသားစုအတွင်းရှိ အမျိုးသမီး တစ်ဦးဦးအား စိတ်ပိုင်းဆိုင်ရာ၊ စကားလုံးနှင့် ရုပ်ပိုင်းဆိုင်ရာ အရ အနိုင်ကျင့်စော်ကားသည်ဟု အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါက နစ်နာကြေးပေးဆောင်ရန်နှင့် ထောင်ဒဏ် ကျခံရမည့် ဥပဒေသစ် တစ်ရပ်ကို ဆော်ဒီ တရာရုံးချုပ်ကောင်စီက သတ်မှတ်ခဲ့သည်ဟု သိရသည်။
အမျိုးသမီးများအား အနိုင်ကျင့်သည့် ရာဇ၀တ်မှုကို ကျူးလွန်ကြောင်း ထင်ရှားပါက ကျူးလွန်သူ အမျိုးသားမှာ ကျူးလွန်ခြင်းခံရသူ အမျိုးသမီးအား ဆော်ဒီရီယဲလ် ၅၀၀၀ မှ ၅၀၀၀၀ အကြား နစ်နာကြေး ပေးဆောင် ရမည်ဖြစ်ပြီး ထောင်ဒဏ် ၁ လမှ ၁ နှစ်အထိလည်း ကျခံရမည်ဖြစ်သည်။ ပြစ်မှု ကျူးလွန်ကြောင်း အထောက်အထား အဖြစ် ပြည်သူ့ရေးရာ ၀န်ကြီးဌာနမှ ပေးပို့သော ဆေးစာအရ တရားရုံးမှ အမိန့် ချမှတ်မည်ဟု အဆိုပါ ၀န်ကြီးဌာနမှ အလ်-ဟာဘီက အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။
ထို့ပြင် ထိုဥပဒေမှာ ခင်ပွန်းများ၊ အကို၊ မောင်များ၊ သားများနှင့် မိသားစုအတွင်း ဆက်နွယ် ပတ်သက်နေသည့် အခြားသော အမျိုးသားများအပေါ် အကျုံးဝင်ကြောင်း ဟာဘီက ဆိုသည်။
“အနိုင်ကျင့်ခံရသူဟာ သမီး၊ ညီမ၊ အစ်မ၊ ဇနီး၊ မြေးမြစ် စသည်တို့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနိုင်ကျင့်မှုကြောင့် အမျိုးသမီးဟာ မသန်စွမ်းဖြစ် သွားမယ်၊ သေသွားမယ်ဆိုရင် နစ်နာကြေးနဲ့တင် မရတော့ပါဘူး။ ပြစ်မှုကျူးလွန်သူဟာ ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်ရပါမယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ ဒီဥပဒေအတွက် နိုင်ငံတစ်ဝှမ်းမှာ လွန်ခဲ့တဲ့ သုံးလကတည်းက workshop တွေ လုပ်ခဲ့ပါတယ်။ ၀န်ကြီးဌာနကလည်း ဒီဥပဒေမူကြမ်းထွက်လာဖို့ အကြံဥာဏ်တွေ ပေးခဲ့ပါတယ်” ဟု ဟာဘီက ပြောကြားခဲ့သည်။
အမျိုးသမီးများအား ကာကွယ်ပေးထားသည့် ထိုဥပဒေအား အမျိုးသမီးများကလည်း ကြိုဆိုခဲ့သည်။
“ဒါဟာ အနိုင်ကျင့်ခံရတဲ့အမျိုးသမီးတွေ၊
အိမ်ထောင်ရေးထဲမှာ နေထိုင်ဖို့ အဓ္ဓမ ခိုင်းစေခံရသူ အမျိုးသမီးတွေအတွက်
သတင်းကောင်းပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာ ဘ၀သစ်စဖို့အတွက်
ပိုက်ဆံမရှိကြပါဘူး။ ကျွန်မ ယောက်ျားက နှစ်ပေါင်းများစွာ ကျွန်မကို
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ နာကျင်အောင်
အနိုင်ကျင့်ခဲ့ပါတယ်။ ကျွန်မမှာ အပြင်ထွက်ဖို့၊ အခန်းငှားဖို့
ပိုက်ဆံမရှိတဲ့အတွက် သူ့ကို မစွန့်ခွာနိုင်ခဲ့ဘူး။ ကျွန်မ
စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မသားလေး အလုပ်ရပြီး
အခန်းခပေးနိုင်တဲ့ အချိန်မှာ သူကိုစွန့်လွှတ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်”
ဟု အနိုင်ကျင့်သောခင်ပွန်းဖြစ် သူနှင့် ကွာရှင်းထားသည့် ဟာနန် မိုဟာမက်က ပြောကြားခဲ့သည်။
ထို့ပြင် ယခုဥပေဒမှာ ကောင်းမွန်သောဆုံးဖြတ်ချက်ြ ဖစ်ပြီး
အစိုးရက အမျိုးသမီးများအား ကာကွယ်ပေးမည်ဖြစ်သောကြောင့် အမျိုးသမီးများမှာ
၎င်းတို့၏ ခင်ပွန်းများအပေါ် မှီခိုစရာမလိုတော့ကြောင်း ၎င်းက
ထပ်လောင်းပြောကြားခဲ့သည်။
Ref: Arabnews
M-Media
အမျိုးသားတစ်ဦးမှာ မိသားစုအတွင်းရှိ အမျိုးသမီး တစ်ဦးဦးအား စိတ်ပိုင်းဆိုင်ရာ၊ စကားလုံးနှင့် ရုပ်ပိုင်းဆိုင်ရာ အရ အနိုင်ကျင့်စော်ကားသည်ဟု အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါက နစ်နာကြေးပေးဆောင်ရန်နှင့် ထောင်ဒဏ် ကျခံရမည့် ဥပဒေသစ် တစ်ရပ်ကို ဆော်ဒီ တရာရုံးချုပ်ကောင်စီက သတ်မှတ်ခဲ့သည်ဟု သိရသည်။
အမျိုးသမီးများအား အနိုင်ကျင့်သည့် ရာဇ၀တ်မှုကို ကျူးလွန်ကြောင်း ထင်ရှားပါက ကျူးလွန်သူ အမျိုးသားမှာ ကျူးလွန်ခြင်းခံရသူ အမျိုးသမီးအား ဆော်ဒီရီယဲလ် ၅၀၀၀ မှ ၅၀၀၀၀ အကြား နစ်နာကြေး ပေးဆောင် ရမည်ဖြစ်ပြီး ထောင်ဒဏ် ၁ လမှ ၁ နှစ်အထိလည်း ကျခံရမည်ဖြစ်သည်။ ပြစ်မှု ကျူးလွန်ကြောင်း အထောက်အထား အဖြစ် ပြည်သူ့ရေးရာ ၀န်ကြီးဌာနမှ ပေးပို့သော ဆေးစာအရ တရားရုံးမှ အမိန့် ချမှတ်မည်ဟု အဆိုပါ ၀န်ကြီးဌာနမှ အလ်-ဟာဘီက အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။
ထို့ပြင် ထိုဥပဒေမှာ ခင်ပွန်းများ၊ အကို၊ မောင်များ၊ သားများနှင့် မိသားစုအတွင်း ဆက်နွယ် ပတ်သက်နေသည့် အခြားသော အမျိုးသားများအပေါ် အကျုံးဝင်ကြောင်း ဟာဘီက ဆိုသည်။
“အနိုင်ကျင့်ခံရသူဟာ သမီး၊ ညီမ၊ အစ်မ၊ ဇနီး၊ မြေးမြစ် စသည်တို့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနိုင်ကျင့်မှုကြောင့် အမျိုးသမီးဟာ မသန်စွမ်းဖြစ် သွားမယ်၊ သေသွားမယ်ဆိုရင် နစ်နာကြေးနဲ့တင် မရတော့ပါဘူး။ ပြစ်မှုကျူးလွန်သူဟာ ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်ရပါမယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ ဒီဥပဒေအတွက် နိုင်ငံတစ်ဝှမ်းမှာ လွန်ခဲ့တဲ့ သုံးလကတည်းက workshop တွေ လုပ်ခဲ့ပါတယ်။ ၀န်ကြီးဌာနကလည်း ဒီဥပဒေမူကြမ်းထွက်လာဖို့ အကြံဥာဏ်တွေ ပေးခဲ့ပါတယ်” ဟု ဟာဘီက ပြောကြားခဲ့သည်။
အမျိုးသမီးများအား ကာကွယ်ပေးထားသည့် ထိုဥပဒေအား အမျိုးသမီးများကလည်း ကြိုဆိုခဲ့သည်။
“ဒါဟာ အနိုင်ကျင့်ခံရတဲ့အမျိုးသမီ
ထို့ပြင် ယခုဥပေဒမှာ ကောင်းမွန်သောဆုံးဖြတ်ချက်ြ
Ref: Arabnews
ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော်အား အဇာဘိုင်ဂျန်တွင် တည်ဆောက်နေ
Tag :
သတင်များ
- ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော် တစ်လုံးကို အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဘာကူတွင် တည်ဆောက်နေသည်ဟု သိရသည်။
မြေဧက ၁.၃ ဟက်တာပေါ်တွင် တည်ဆောက်နေသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်ကို Shirvan ဒေ၏ ရိုးရာအနုပညာ လက်ရာအတိုင်း ဆောက်လုပ်နေခြင်းဖြစ်ပြီး မင်နာရတ် မျှော်စင် ၄ ခုနှင့် အမိုးခုံး ၉ ခု တို့ပါဝင်မည်ဖြစ်ကာ ပန်းပုလက်ရာများနှင့် အလှဆင်ထားသည့် အကြီးဆုံး အမိုးခုံး၏ အချင်းမှာ ၃၈ မီတာရှိမည်ဖြစ်သည်။
မင်နာရတ်မျှော်စင်၏ စုစုပေါင်းအမြင့်မှာ ၉၅ မီတာ (၃၁၁ ပေ) ရှိကာ၊ ဗလီဝတ်ကျောင်းတော်အတွင်း ဓာတ်လှေကားများ တပ်ဆင်ထားပြီး အမျိုးသား၊ အမျိုးသမီးများအတွက် သီးသန့် ၀တ်ပြုဆောင်များကို ထားရှိပြီး ၀င်ပေါက်တွင် စက်လှေကားများ တပ်ဆင်ထားရှိမည်ဖြစ်သည်။
မသန်စွမ်းသူများ ၀တ်ပြုနိုင်ရန် အတွက် အသုံးအဆောင် ပစ္စည်းများကိုလည်း ထားရှိပြီး၊ ကားအစီးရေ ၄၀၀ ခန့် ရပ်နားနိုင်သည့် ကားပါကင်ကိုလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။
အဇာဘိုင်ဂျန်နိုင်ငံမှာ ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး အနောက်အာရှနှင့် အရှေ့ဥရောပတို့ အကြား အချက်အချာ ကျသည့်နေရာတွင် တည်ရှိသည်။ အဇာဘိုင်ဂျန်၏ လူဦးရေမှာ ၉.၃ သန်းကျော်ရှိပြီး ၉၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်ကြသူများဖြစ်သည်။
islam.ru
M-Media Link =>http://
ဒလတွင် သာမန်လူသတ်မှုဖြစ်ပွားခြင်းအား ဘာသာရေးပဋိပက္ခဖြစ်သည်ဟု ကောလာဟာလ သတင်းများပျံ့နှံ့ခဲ့
Tag :
သတင်များ
မောင်ရေချမ်း ဧပြီ(၁၇)၊၂၀၁၄
ရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နယ် တွင် ယမန်နေ့ညက လူသတ်မှုတစ်ခုဖြစ် ပွားခဲ့ပြီး ဘာသာရေးအစွန်းရောက်သူများ ၏ မဟုတ်မမှန်သတင်းလွှင့်မှုများကြော င့် ဘာသာရေးပဋိပက္ခအသွင်ဆောင်သော ပြသနာတစ်ရပ်အဖြစ် ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နှာများမှတဆင့် သတင်းပျံ့နှံ့ခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ၇း၀၀ နာရီအချိန်ခန့်တွင် ဒလမြို့၊ကမာကဆစ်ရပ်ကွက်၊
မင်းရဲကျော်စွာလမ်းတွင် ကလေးများ လမ်းပေါ်တွင်ဘောလုံးကစားရာမှ ဦးစံသိန်း ၏
မြေးဖြစ်သူ ကန်လိုက်သောဘောလုံးသည် အိမ်ချင်းကပ်လျက်ရှိသော ကိုသံမဏိ ၏
ခြံတွင်းသို့ရောက်ရှိသွားပြီး ၄င်းဘောလုံးအားကိုသံမဏိမှ
ဓားဖြင့်ခုတ်ပစ်လိုက်သည်ကို ဦးစံသိန်း၏ သမက်ဖြစ်သူ ကိုလှိုင်ဝင်းမှ
ဝင်ရောက်ပြောဆိုရာမှ အခြေအတင်ဖြစ်ကာ ကိုသံမဏိနှင့် ၄င်း၏သမက်ဖြစ်သူ
မှုန်ကြီး ဆို သူမှဦးစံသိန်း၏အိမ်ပေါ်သို့တက်ကာအိမ်တွင်းရှိလူများအားဓားဖြင့် လိုက်လံခုတ်ခဲ့သည် ဟု မျက်မြင်ဒေသခံများက မြန်မာမွတ်ဆလင်မ်မီဒီယာသို့ ပြောသည်။
ယင်းကဲ့သို့ ဓားဖြင့်ခုတ်သဖြင့် ဦးစံသိန်း၏သမီးဖြစ်သူ မငွေရီအေး၊အသက်
(၂၅)နှစ်မှာ သေဆုံး ခဲ့ပြီး ၄င်း၏အမဖြစ်သူ မမြင့်မြင့်ခင်မှာ
နားရွက်ပြတ်ခဲ့ပြီး ဦးစံသိန်း၊ကိုလှိုင်ဝင်းတို့မှာ လည်းဒဏ်ရာအသီးသီးရရှိခဲ့ကြောင်းနှင့် ပြန်လည်ခုခံခဲ့မှုကြောင့် ကိုသံမဏိနှင့် မှုန်ကြီးတို့လည်းဒဏ်ရာအနည်းငယ်ရှိခဲ့ကြောင်းကိုလည်း ဒေသခံများက မြန်မာမွတ်ဆလင်မ်မီဒီယာသို့ပြော သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုသံမဏိနှင့် ဦးစံသိန်းတို့အား
ရတ်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် အချုပ်ဖြင့်ဆေးကုသနေပြီး ကိုမှုန်ကြီးအား
ဒလမြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းလည်းသိရသည်။
ဦးစံသိန်းတို့မိသားစုမှာအစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ်ကြပြီး ကိုသံမဏိမိ သားစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။
ယင်းသို့ဘာသာမတူသူမိသားစုများပြ သနာဖြစ်ပေါ်မှုကိုအခွင့်ကောင်းယူကာ
ဘာသာရေးပဋိပက္ခအသွင်ဖန်တီးလိုသူ များမှ ဒလမြို့အတွင်းတွင် မွတ်ဆလင်မ်များက
ဗုဒ္ဓဘာသာများကို ဓားဖြင့်ခုတ်နေပြီ ဟုသွေးထိုးလှုံ့ဆော်မှု
တစ်ချို့ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များအား
ဒလမြို့ရှိဗလီဝတ်ကျောင်းတော်နှင့်လမ်းများတွင်လုံခြုံရေးချထားခ့ဲ့မှုကြောင့် သွေးထိုးသူ၉၆၉များအခွင့်မသာဖြစ် ခဲ့ရ ကြောင်းကိုလည်း ဒေသခံများကပြောသည်။
ဒလမြို့တွင် ယမန်နေ့ညမှ ယနေ့မနက်အထိ ဘာသာရေးအသွင်ဆောင်သောပြသနာ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းကို ဒေသခံများက မြန်မာမွတ်ဆလင်မ်မီဒီယာ သို့ပြောသည်။
ဒလမြို့တွင်ဧပြီလ ၂၅ ရက်နေ့တွင် ကမ္ဘာကျော် တိုင်မ်း မဂ္ဂဇင်း၏ မျက်နှာဖုံး ရှင် ဦးဝီရသူ၏ တရားပွဲကျင်းပမည်ဖြစ်ကြောင်းနှင့်၎င်းတရားပွဲမှမြစ်ဖျားခံကာ ဘာသာရေးအကြမ်းဖက်မှုဖြစ်ပေါ်လာမည် ကို စိုးရိမ်ကြောင်းလည်းဒေသခံများကေ ပြာသည်။
ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်၊ ဝပ်ဆမ်ငန်း ဘုန်းကြီးကျောင်းက ဖုရားခရု
ဝီဆပ် သီရာယံ (Phra Khru Wisut Thirayan) အမည်ရှိတဲ့ ဆရာတော်တစ်ပါး
သတ်ဖြတ်ခံရမှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို ပြီးခဲ့တဲ့စနေနေ့မှာ
ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားခံတစ်ဦး အခုအချိန်ထိ
ထွက်ပြေးလွတ်မြောက်နေတယ်လို့ မနေ့ကထုတ်ဝေတဲ့ ဗန်ကောက်ပို့စ် သတင်းစာက
ဖေါ်ပြလိုက်ပါတယ်။
ထွက်ပြေးလွတ်မြောက်နေသူက ဆိုင်မွန်ဆိုသူဖြစ်ပြီး ဖမ်းမိလိုက်သူတွေက
အောင်ခင်ယုနဲ့ အောင်ခိုင် ဆိုသူတို့ ဖြစ်ကြောင်း၊ အဲဒီမြန်မာတွေကို
လွန်ခဲ့တဲ့ နှစ်လလောက်ကစတင်ပြီး ဘုန်းကြီးကျောင်းက
တည်းခိုခွင့်ပြုထားခဲ့တာဖြစ်ကြောင်း၊ လူသတ်ပြီးထွက်ပြေးသွားတဲ့
အဆိုပါမြန်မာ ၂ ဦးကို ရန်စစ်ဈေး (Rangsit Market) ကားမှတ်တိုင်မှာ
ဖမ်းဆီးခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံက မိသားစုတွေကို
ငွေပြန်ပို့ဖို့လိုအပ်နေတဲ့အတွက် ဓားပြတိုက်ခဲ့ရာမှာ ဘုန်းတော်ကြီးက
ပြန်လည်ခုခံတဲ့အတွက် ဓါးနဲ့ထိုးခဲ့မိတယ်လို့ အောင်ခိုင်ယု က ရဲစခန်းမှာ
ဖြောင့်ချက်ပေးခဲ့ကြောင်း စသဖြင့် ထိုင်း သတင်းစာမှာ ဖေါ်ပြထားပါတယ်။
ref :http://www.rfa.org/burmese/news/thai-myanmar-04172014000710.html
ref :http://www.rfa.org/burmese/news/thai-myanmar-04172014000710.html
ဟာလာလ် ကာကွယ်ဆေး ထုတ်လုပ်ရန် မလေးရှား ဆောင်ရွက်နေ၊ ၂၀၁၇ ခုနှစ်တွင် စတင် အသုံးပြုနိုင်မည်
Tag :
အစ္စလာမ်ရေးရာ