ရခိုင်ပြည်နယ် စစ်တွေမြို့ သက္ကယ်ပြင်ရွာမ တွင် အဘ-ပညာဝန် ဦးနော်ဒင်
နှင့် အမိ – ဒေါ်ရဲမ တို့ မှ 1898 ခုနှစ် တွင်မွေးဖွားသည်။ မွေးချင်း ၈
ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဗြိတိသျှ ကိုလိုနီ လက်ထက်ကပင်
ရခိုင်တိုင်းစစ်တွေမြို့တွင်
စက်ရှင်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ထို့နောက် ဦးစီဘူး
သည်ရန်ကုန်မြို့သို့စက်ရှင်တရားသူကြီးအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အာဇာနည် ခေါင်းဆောင်ကြီးများအားနယ်ချဲ့ လက်ပါးစေ တစ်စုက လုပ်ကြံသတ်ဖြတ်လိုက်သည့် နိုင်ငံတော်လုပ်ကြံမှု ပေါ်ပေါက်လာသည့်အခါ ထိုအမှုကို စစ်ဆေးရန် နိုင်ငံတော်၏ တရားရေးခုံ အဖွဲ့တစ်ခုကို နိုင်ငံတော်မှ ၅-၉-၄၇ နေ့တွင်ဖွဲ့စည်းခဲ့ရာ ထိုတရားသူကြီးအဖွဲ့ တွင် ဟိုက်ကုတ် တရားလွတ်တော်ချုပ်မှ တရားရေးဝန်ကြီး ဦးကျော်မြင့်နှင့် အတူ ဦးစိဘူးနှင့် ဦးအောင်သာကျော်တို့က အထူးခုံရုံးတရားသူကြီးများ အဖြစ်ပါဝင်ဆောင်ရွတ်ကြသည်။
ထို အထူးတရားရေးခုံအဖွဲ့ သည် အင်းစိန်ထောင်ကြီးတွင် တရားလိုပြသက်သေ ၇၈ ဦးနှင့်တရားခံပြသက်သေ ၃၁ တို့အား ၃၇ ရက်တိုင် အောင်ရုံးထိုင်စစ်ဆေးခဲ့ပြီး ၁၉၄၇ ခုနှစ် ဒီဇင်ဘာ လတွင် ဂဠုန်ဦးစော နှင့်အပေါင်းအပါ တရားခံများအား ထိုက်သင့်သည့်ပြစ်ဒဏ်များ စီရင်ချက်ချမှတ်ခဲ့သည်။ ထိုအမှုနှင့်ပါတ်သတ်ပြီး အထူးတရားရေးခုံ အဖွဲ့ဝင်များကိုနိုင်ငံတော်မှ သီရိပျံချီရွှေတံစိတ်များကို အသီးသီး ချီးမြင့် အပ်နှင်းခဲ့သည်။
ထိုအရေးခင်း နောက်ပိုင်း တစ်ဆက်တည်းတွင်ဦးစီဘူး သည် တရားလွှတ်တော်ချုပ် တရားရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ထိုသို့ နိုင်ငံတာဝန်များထမ်းဆောင်ရင်း အသက် ၅၅ နှစ်တွင် ၁၉၅၃ခုနှစ်တွင် ကွယ်လွန်ခဲ့လေသည်။ ထိုသို့ ကမန် ဘိုးဘေးစဉ်ဆက်မှ ဆင်းသက်လာသူ ကမန်တိုင်းရင်းသားအစ္စလာမ်ဘာသာဝင် တစ်ဦးအနေဖြင့် နိုင်ငံတော်အစိုးရပေးအပ်သော တာဝန်များကို အမြင့်မာဆုံး ထမ်းဆောင်ခဲ့သော ဦိးစီဘူး အား ကမန်မျိုးနွယ်စု သမိုင်း (စာတမ်း) တွင် ဂုဏ်ပြုခံ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထည့်သွင်းဖော်ပြအပ်ပါသည်။
ကမန်မျိုးနွယ်စု သမိုင်း (မောင်ဆန္ဒ -လယ်ဝေး) ၏ နိုင်ငံဂုဏ်ရည် စာစဉ် (၄၃) မှ ကောက်နုတ်တင်ပြသည် ။
ဓါတ်ပုံ အညွှန်း
(အထူး ရာဇ၀တ်ခုံရုံး ဥက္ကဋ္ဌ ဦးကျော်မြင့် နှင့် အဖွဲ့ ဝင်များဖြစ်ကြသော ဦးအောင်သာကျော်၊
ဦးစီဘူး တို့  ရုံးထိုင်ရန် တရားခွင်သို့  လာကြစဉ်။)
(copy )m-mediagroup.com

Related Posts :
- Back to Home »
- အစ္စလာမ်ရေးရာ »
- နိုင်ငံ ဂုဏ်ဆောင် ကမန်တိုင်းရင်းသား အစ္စလာမ် ဘာသာ ၀င် သီရိပျံချီ ဦးစီဘူး