အောက်တိုဘာ ၁၂၊ ၂၀၁၃
M-Media
ချမ်းငြိမ်းအေး
M-Media
ချမ်းငြိမ်းအေး
မန္တလေး ။ ။ မွတ်စလင်မ်တို့၏ အိဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်ရန်
သားကောင်အရေအတွက်ကို လျှော့ချကန့်သတ်ရန် ခရိုင်ဥက္ကဋ္ဌနှင့် ၀န်ကြီးများက
မန္တလေးမြို့လုံး ဆိုင်ရာ ကုရ်ဘာနီရေးရာကော်မတီကအား မနေ့ကခေါ်ယူ၍
ပြောဆိုလိုက်ကြောင်းသိရသည်။
အိဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်လေ့ရှိသည့်အတွက် မန္တလေးတွင်လည်း နှစ်စဉ်
ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် ကြာနီကန်၊ တောင်မြင့်၊ ကံရွာ၊ သိုးခြံ
တို့တွင် ကွင်း ၄-ကွင်း သတ်မှတ်ပြီး ဖြစ်ပါတယ်။ ယခုနှစ်တွင် ကုရ်ဘာနီ
ပြုလုပ်ရန်အတွက် တိုင်းအဆင့်ဆင့်သို မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဘာနီ
ကော်မတီမှ သားကောင် ၁၁၇၅-ကောင် စာရင်းတင်သွင်းခဲ့ကြောင်း၊ မနေ့က အောက်တိုဘာ
၁၁-ရက်နေ့ မနက် ၁၀း၀၀-နာရီမှာ ခရိုင်အုပ်ချုပ်ရေးမှူးမှ
အစည်းအဝေးခေါ်ယူသည့်အတွက် ကုရ်ဘာနီကော်မတီမှ တာဝန်ရှိသူများ သွားရောက်ခဲ့ရာ
သားကောင် ၇၅၀ ပြုလုပ်ရန်သာ ပြောဆိုကြောင်း၊ အစည်းအဝေးပြီးချိန်မှ ဖုန်းဆက်၍
တစ်ခါခေါ်ယူသဖြင့် ညနေ ၅း၀၀-နာရီတွင် ထပ်မံ သွားရောက်တွေ့ဆုံရာ
ကွင်းတစ်ခုလျှင် ကောင်ရေ (၅၀)ဖြင့်၊ သားကောင်(၂၀၀)သာ လုပ်ခွင့်ပြုမည်ဟု
ထပ်မံ ပြောဆိုလာသဖြင့် ကုရ်ဘာနီကော်မတီမှ တာဝန်ရှိသူများအနေဖြင့်
ယနေ့ညပိုင်းတွင် အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ “မနေ့က မနက် ၁၀-နာရီမှာ အစည်းအဝေးခေါ်တာက သစ်တောနဲ့ သတ္ထုတွင်းဝန်ကြီးဌာန ရုံးမှာပါ။ ခရိုင်ကခေါ်လို့ ကုရ်ဗာနီကော်မတီဝင်တချို့သွားရောက်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးအပါအ၀င် မြို့နယ်အုပ်ချုပ်ရေးမှူးတွေပါတယ်။ အဲ့ဒီမှာ ပြောတာက ကုရ်ဗာနီသားကောင်လုပ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဗာနီရေးရာကော်မတီက တင်ထားတာက သားကောင်က ၁၁၇၅-ကောင်တင်ထားပါတယ်။ သက်ဆိုင်ရာက ခွင့်ပြုထားတဲ့ ကြာနီကန်၊ သိုးခြံ၊ ကံရွာ၊ တောင်မြင့် ကွင်းလေးကွင်းမှာ အဲ့ဒီကောင်ရေအတိုင်းလုပ်ဖို့ အရင်နှစ်ကအတိုင်း တင်ထားပါတယ်။ အဲဒီမှာ ၀န်ကြီးချုပ်က ကောင်ရေများလွန်းတယ်။ လျှော့လုပ်ပါလို့ ပြောတယ်။ ဆွေးနွေးရင်း နောက်ဆုံးကျတော့ ၇၅၀ လုပ်ဖို့ သဘောတူခဲ့ကြတယ်။ အဲဒါက မနက်ပိုင်းမှာ အစည်းအဝေးပြီးသွားတယ်။

နေ့လည်ပိုင်းမှာကျတော့ ညနေ ၅-နာရီ အစည်းအဝေးပြန်လာပါလို့ ဖုန်းဆက်ပြီး
ခေါ်ပြန်တယ်။ အဲဒါ ထပ်သွားကြတော့ လယ်ယာဝန်ကြီးကပြောတယ် မြန်မာပြည်က
ခိုင်းနွားတွေဟာ အရေအတွက် သိပ်နည်းသွားတဲ့အတွက် အခုလုပ်မယ့်
သားကောင်ကများတယ်။ ဒါကြောင့် ကောင်ရေ ၂၀၀ ပဲ
ခွင့်ပြုနိုင်မယ်လို့ပြောပါတယ်။ ဒါနဲ့ ဘာမှ ဆုံးဖြတ်ချက်မပေးပဲ
ပြန်လာခဲ့ပြီး ဒီနေ့ညမှာ မန္တလေးမြို့လုံးဆိုင်ရာ
ကုရ်ဘာနီရေးရာကော်မတီအစည်းအဝေးလုပ်ပြီး တိုင်ပင် ဆုံးဖြတ်ကြပါမယ်”လို့
M-Media ရဲ့ ဆက်သွယ် မေးမြန်းချက်ကို မန္တလေးမြို့လုံးဆိုင်ရာ
ကုရ်ဘာနီရေးရာကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။
“လယ်ယာဝန်ကြီးက လယ်လုပ်ငန်းအတွက် ခိုင်းနွားမရှိတော့ဘူးလို့ပြောတယ်ဆိုတော့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာပြီး လယ်ယာလုပ်ငန်းမှာ စက်ပစ္စည်းကိရိယာတွေ သုံးလာပြီဆိုပြီး ပြောခဲ့တာတွေက လိမ်ညာမှုတွေ ဖြစ်နေပြီပေါ့။ အခုလိုပြောတာကလည်း အကြောင်းပြချက် သက်သက်လို့ပဲ မြင်တယ်။ အခုမှ ခိုင်းနွား မရှိလို့ ၂၀၀-ပဲ လုပ်ပါလို့ ပြောပေမယ့် နှစ်စဉ် တရုတ်ပြည်ကို တင်ပို့နေတဲ့ သိန်းချီပြီး တင်ပို့နေတာကျ မသိသလို လုပ်နေပြီး အခုလို ကန့်သတ်လာတာကတော့ တမင်ကို လုပ်ဆောင်တယ်လို့ ကျွန်တော်တို့ ခံစားရတယ်”လို့ မန္တလေးမြို့ခံတစ်ဦးကလည်း ပြောပါတယ်။

Related Posts :
- Back to Home »
- သတင်များ »
- ကုရ်ဘာနီအိဒ်နေ့ မန္တလေးတွင် သားကောင်အရေအတွက် ကန့်သတ်ခံရ