Pages
ယောက္ခမကြီးနဲ့ ပထမဆုံးတွေ့တော့မယ်ဆိုရင်
သင်နှစ်သက်တဲ့ အမျိုးသမီးရဲ့ ဖခင်နဲ့တွေ့ဆုံရမယ့် ပထမဆုံးအကြိမ်ဆိုတာ သင့်အတွက်အလွန်ပဲ တုန်လှုပ်စရာကောင်းပါတယ်။ သင့်ကောင်မလေးဖခင်ရဲ့ အထင်ကြီးမှုကို ရယူဖို့ဆိုတာ ပြောသလောက် လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ရုပ်ရှင်တွေထဲကနဲ့ အပြင်လောကမှာ တထပ်တည်းကျတဲ့ ဇာတ်ဝင်ခန်းက ဒီဇာတ်ဝင်ခန်းပါပဲ။
          ဖခင်တိုင်းက သူတို့သမီးရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်မချတတ်ကြပါဘူး။ အထူးသဖြင့် သူမတို့ဘ၀ကို အခြားအမျိုးသားတစ်ဦးရဲ့ ဦးဆောင်မှုနောက်ကို ထည့်လိုက်ရမယ်ဆိုတဲ့အခါမှာပေါ့။ ဒါကြောင့် အကောင်းဆုံးဆိုတာတွေထဲက အကောင်းဆုံးတစ်ယောက်ကို ရွေးပေးချင်တတ်ကြပါတယ်။ ဒီအခါ သူနဲ့တွေ့တဲ့ ပထမဆုံးအကြိမ်မှာ သင့်အပေါ်ကို အထင်ကြီးသွားစေဖို့က အလွန်ပဲအရေးကြီးတာကြောင့် ဒီအချက်လေးတွေကို အနည်းငယ်လေ့လာထားဖို့တော့ လိုပါလိမ့်မယ်။
လက်ဆောင်တစ်ခုယူသွားပါ
          လိုအပ်တဲ့ ကြိုတင်လေ့လာမှုတွေ ပြုလုပ်ပြီး သူ့အတွက် လက်ဆောင်တစ်ခုပါအောင် ယူသွားပါ။ သစ်သီးခြင်းတွေနဲ့ ၀ိုင်ပုလင်းတွေဟာ သင့်တော်ပြီးအမြင်လှပေမယ့် အရမ်း ပုံမှန်ဆန်ပါတယ်။ အဲဒီအစား သူနှစ်သက်တတ်တဲ့အရာ ၊ သူ့အတွက် တကယ်လိုအပ်မယ့် အရာတစ်ခုကို အချိန်ယူလေ့လာပြီးမှ ယူသွားပေးပါ။ သင့်ကောင်မလေးကလည်း သင့်ရဲ့လက်ဆောင်ဟာ သူ့ဖခင်ရဲ့အကြိုက်နဲ့ ကိုက်မကိုက် ဆုံးဖြတ်ပေးပါလိမ့်မယ်။ တကယ်လို့များ သူ့အကြိုက်နဲ့အမှန်တကယ်ကိုက်တဲ့ လက်ဆောင် ရွေးချယ်ပေးခဲ့ နိုင်ရင်တော့ ဒီညစာစားပွဲ ချိန်းဆိုခြင်းမှာ သင့်အတွက် ပထမဆုံးအောင်မြင်မှုကြီး ရလိုက်တာပါပဲ။ တာထွက် ကတော့ကောင်းခဲ့ပါပြီ။
အကောင်းဆုံးဖြစ်အောင် ၀တ်ဆင်ပါ
          သူ့အနေနဲ့ သူ့ရဲ့သမက်လောင်းကို တစ်ခါမှမမြင်ဖူးပါဘူး။ သူ့သမီးရဲ့ ပြောပြချက်တွေနဲ့ သင့်ကို စိတ်ကူးပြီးပုံဖော်ကြည့်နေပါလိမ့်မယ်။ ဒါကြောင့် အသက်ရွယ်နဲ့လိုက်ဖက်အောင် ၀တ်ဆင်ပါ။ အထက်တန်းပြီးခါစ ဆယ်ကျော်သက်လေးလို မသပ်မရပ် (ဒါမှမဟုတ်) မရင့်ကျက်တဲ့အသွင်နဲ့ မသွားမိပါစေနဲ့။ သပ်ရပ်စွာနဲ့ ပုံစံကျစွာ ၀တ်စုံပြည့်ဝတ်ဆင်သွားပါ။
ပုံမှန်သာ နေထိုင်ပါ
          သူမရဲ့ဖခင်ဟာ သင်အလွန်လေးစားရတဲ့ သူတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုပါစို့။ သူ့ရဲ့အထင်ကြီးမှုကို ရယူချင်တာကြောင့် အရမ်းကြီးပြာယာခတ်အောင် ကြိုးစားလေလေ အခွင့်အရေး ပိုနည်းလေလေပါပဲ။ ဒါကြောင့် လူတွေရဲ့နှစ်သက်မှုနဲ့ လိုက်လျောညီထွေဖြစ်အောင်သာ ကြိုးစားပါ။ သူဟာလည်း သင်ရဲ့နေရာကို ကျော်ဖြတ်လာသူတစ်ဦးဖြစ်တာကြောင့် သင့်အကဲကို ဖမ်းနိုင်ပါတယ်။
အေးခဲနေမှုကို ချိုးဖျက်ပါ
          သင်ဟာ အနည်းငယ်နေရထိုင်ရခက်ပြီး ခပ်ရွံ့ရွံ့ဖြစ်နေမယ်ဆိုရင် စကားဝိုင်းတစ်ခုကို စတင်လိုက်ပါ။ သင့်ရဲ့ စိုးရွံ့တုန်လှုပ်နေတဲ့ပုံစံက အားနည်းချက်ရဲ့ လက္ခဏာတစ်ခုဖြစ်လို့ မမြင်သာအောင် ဖုံးဖိထားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ အမျိုးသားအများစုပြောလေ့ရှိတဲ့ အန္တရာယ်ကင်းတဲ့ ခေါင်းစဉ်နဲ့ စတင်ဆွေးနွေးပါ။ ဥပမာ - နိုင်ငံရေး (သို့) အားကစား စတာမျိုးပေါ့။
နားထောင်သူ ကောင်းတစ်ယောက် ဖြစ်ပါစေ
စကားဝိုင်းစတင်တဲ့အခါ သင်က ဦးဆောင်သူမဖြစ်ပါစေနဲ့။ သူမဖခင်ရဲ့ အတွေးအမြင် ၊ ယူဆချက်တွေကို ဂရုတစိုက်နားထောင်ပေးတတ်တဲ့ နားထောင်သူကောင်းတစ်ယောက်ပဲ လုပ်ပါ။ သူစကားပြောကောင်းအောင် ထောက်ခံပြောဆိုပေးခြင်းမျိုးတော့ ရှိသင့်ပါတယ်။ တကယ်လို့များ သင်ဟာ အနည်းငယ် တုန်လှုပ်နေခဲ့ရင် နားထောင်ခြင်းက စကားပြောခြင်းထက် ပိုပြီးတော့တောင် အန္တရာယ်ကင်းပြီး အမှားနည်းပါတယ်။ စကားကို လုမပြောပါနဲ့။ ကြားဖြတ်မပြောပါနဲ့။ ပြီးဆုံးသည်အထိ စိတ်ရှည်လက်ရှည် နားထောင်ပြီးမှ ပြန်လည် ဆွေးနွေးပေးပါ။
သင့်ရဲ့ အနာဂတ်အစီအစဉ်တွေကို ပြောပြပါ
          သင့်မှာ အစီအစဉ်တွေတော့ အမှန်အကန်ရှိမှာပါ။ စီးပွားရေး ၊ လူမှုရေး စသည်ဖြင့် သင့်ရဲ့အနာဂတ်မှာ လုပ်ဆောင်မယ့် အစီအစဉ်တချို့ကို သူ့အနေနဲ့ စိတ်ဝင်စားမှာအမှန်ပါ။ သူကစမေးဖို့ အခက်အခဲဖြစ်နေတတ် တာကြောင့် သင့်ဘက်က အလိုက်တသိနဲ့ပြောပြဖို့လိုပါတယ်။ သင့်ရဲ့စီးပွားရေး ရည်မှန်းချက် ၊ ပန်းတိုင်တွေနဲ့ အောင်မြင်မှုအပေါ် အားတက်သရောရှိပုံတွေကို ပြသဖို့လိုပါတယ်။
သင့်ကောင်မလေးကို အလေးထားဆက်ဆံပါ
          အပေါ်အချက်တွေအားလုံးကို ဘယ်လောက်ပဲ ကောင်းကောင်းမွန်မွန် ဖြတ်ကျော်နိုင်ခဲ့ပါစေ အဖေတစ်ယောက်ဟာ သူ့သမီးအပေါ်ဆက်ဆံတဲ့ သင့်ရဲ့အပြုအမူတွေကို အသေးစိတ်ကြည့်ပြီး သင့်ကို အကဲဖြတ်ဦးမှာပါ။ သင့်ဟာသူမပေါ် ဘယ်လောက်အလေးထားတယ် ၊ ကြင်နာတယ် ၊ ဦးစားပေးဆက်ဆံတယ် ဆိုတာတွေကိုကြည့်ပြီး ကျေနပ်မှသာ သင့်ကိုအမှတ်ပြည့်ပေးမှာဖြစ်ပါတယ်။ အမှတ်တွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဒီအချက်နဲ့ ရယူနိုင်တယ်ဆိုတာမမေ့ပါနဲ့။
          ဒီအချက်တွေကို လေ့လာပြီး ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင်တော့ လူနှစ်ဦးတွေ့ဆုံရာမှာ အလွန်အရေးပါတဲ့ first impression ဆိုတာကို သင်ကောင်းကောင်းကြီး သိမ်းပိုက်နိုင်ပါပြီ။ ဒီလိုဆို သင်တို့ချစ်သူနှစ်ဦးရဲ့ ရှေ့ခရီးလမ်းလဲ အများကြီးအလားအလာ ကောင်းသွားပြီပေါ့။
Ref:mensxp.com
အမျိုးသမီးတွေကိုတွေ့ရင် ဘာကိုအရင်ဆုံးကြည့်တတ်ကြလဲ (လူငယ်များအတွက်သာ)
အမျိုးသားတွေ တစ်ဦးနဲ့တစ်ဦးအသွင်အပြင် စရိုက်လက္ခဏာတွေ မတူကြပေမယ့် တူတဲ့နေရာ တစ်ခုတော့ရှိတယ်နော်။ အဲဒါကတော့ အမျိုးသမီးတွေကို တွေ့လိုက်ရင် ဘယ်အရာတွေကို သတိထားကြည့် မလဲဆိုတာပါပဲ။ ရင်ဘတ်တွေကိုတော့ သတိမထားမိလိုက်ပါဘူးကွာလို့ပြောရင် အဲဒီလူ ညာနေပါပြီ။
အမျိုးသမီးတစ်ယောက် အပေါ် အမျိုးသားတိုင်း သတိထားမိတတ်တဲ့ အရာ (၈)မျိုးရှိပါတယ်။
(၁)     ဆံပင်
          မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်ပုံစံဟာ သူမကိုယ်သူမ ဘယ်လိုထိန်းသိမ်းထားလဲဆိုတာနဲ့ အများကြီးသက်ဆိုင်ပါတယ်။ တကယ်လို့များ သူမဟာ ဆံပင်ကို အလွန်မွမ်းမံထားပြီး ဆန်းပြားတဲ့ ဖက်ရှင်မျိုးနဲ့ဆိုရင်တော့ သူမဟာ ဆံပင်ကိုအတော်လေး ပြုပြင်ထိန်းသိမ်းလေ့ရှိသူလို့ သိနိုင်ပါတယ်။
(၂)     ကိုယ်ဟန်သွင်ပြင်
သူမရဲ့ ခန္ဓာကိုယ်အနေအထားလောက် သူမကို အကဲဖြတ်နိုင်စွမ်းရှိတာ မရှိပါဘူး။ သူမရဲ့ ခန္ဓာကိုယ် သွင်ပြင် အနေအထား တည်ဆောက်ပုံတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကို ဘယ်လောက် ယုံကြည်မှုရှိတယ် ၊ မရှိဘူး စသဖြင့် အကဲဖြတ်ကြည့်လို့ရပါတယ်။
(၃)     နှုတ်ခမ်း
          ဟုတ်တာပေါ့။ အမျိုးသားတွေကို ပထမဆုံးဆွဲဆောင်နိုင်တဲ့ အရာတစ်ခုက နှုတ်ခမ်းပါပဲ။
(၄)     အပြုံး
          လှပတဲ့အပြုံးတစ်ခုဟာ အမျိုးသားတွေအတွက် များစွာအဓိပ္ပါယ်ရှိပြီး ဒါကိုသူတို့လည်း သိကြပါတယ်။ ဒါကြောင့်ပဲ မိန်းကလေးတွေကိုတွေ့တဲ့အခါ အပြုံးတွေကို ဂရုတစိုက် ဖတ်မိတတ်တာပေါ့။
(၅)     ဖိနပ်တွေ
          ဒီခေါင်းစဉ်ကို မြင်လိုက်ရတဲ့ တချို့သောအမျိုးသမီးတွေက ဖြစ်နိုင်ပါ့မလားလို့ မယုံချင်တတ်ကြဘူး။ ဒါပေမယ့် အမျိုးသားတွေဟာ တကယ်ပဲ ရှူးတွေကို သတိပြုမိတတ်ကြပါတယ်။ အမျိုးသမီးတွေ heels ၀တ်တာက သူတို့တွေအတွက် တကယ်ပဲ sexy ကျပါတယ်။
(၆)     မျက်လုံး
          ရုတ်တရက် လှမ်းကြည့်လိုက်တဲ့ ခပ်စူးစူးအကြည့်တွေ ၊ ဒါမှမဟုတ် မြူဆွယ်လိုတဲ့ မျက်လွှာချဟန်တွေ ဒါတွေအားလုံး လုပ်နိုင်တဲ့ မျက်ဝန်းတစ်စုံဟာ အမျိုးသားတွေအတွက် အန္တရာယ်အကြီးဆုံးပါ။ ဒါကြောင့် သူတို့က မျက်လုံးတွေကိုလဲ သတိထားကြပါသေးသတဲ့။
(၇)     နေပုံထိုင်ပုံ
          နေပုံထိုင်ပုံဆိုလို့ ဒီခေတ်ကြီးအတွက် ရှေးတုန်းကလို အိနြေ္ဒကြီးတစ်ခွဲသားကို မဆိုလိုပါဘူး။ သူမရဲ့ ပြောပုံဆိုပုံ ၊ အနေအထိုင်တွေနဲ့ အပြုအမူတွေအားလုံးဟာ သူမရဲ့ အဆင့်အတန်းကို ဖော်ပြနေပါတယ်။ ဒါကြောင့် အမျိုးသားတွေက ဒါမျိုးကိုလည်း လက်မလွတ်စတမ်း အကဲခတ်ကြပါသေးတယ်။
(၈)     ရင်သားများ
Ref:mensxp 
မြန်မာနိုင်ငံသား မွတ်စ်လင်မ်အားလုံးကို အမည်တစ်မျိုးတည်းဖြင့် “ပသီ”ဟု သတ်မှတ်ခေါ်ဆိုခြင်းသည် (တရားတော်နှင့် ဆန့်ကျင်မှုမရှိသဖြင့်) သုံးနှုန်းနိုင်
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ အမှတ် (၁၁၉)နေ ဦးအလင်း(မ်)၏ “ကျွန်တော်တို့ မြန်မာနိုင်ငံ မွတ်စ်လင်မ်များသည် လူမျိုးအမည်ကို “ပသီ”ဟု အမည်အစွဲပြုခြင်းဖြင့် ရှရီအသ်တရားတော် ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်ပါသလား။ သို့မဟုတ် “ပသီ”အမည်ကို သုံးခွင့်ရှိပါသလား”ဟူသည့် ဓမ္မသတ်မေးမြန်းချက်အား ရန်ကုန်မြို့၊ အဆ်အဒီယဟ်ဇီနသ်အစ္စလာမ်မှ ကျောင်းအုပ်ကြီးနှင့် မွဖ်သီချုပ် “အလ်ဟာဂ်ျ မော်လာနာ မွဖ်သီ ကာရီ မုဟမ္မဒ်ယူစွဖ်အဆ်အဒီ”နှင့် ဒုတိယကျောင်းအုပ်နှင့် မွဖ်သီ “အလ်ဟာဂ်ျ မော်လာနာ ဟာဖိဇ် ကာရီ မွဖ်သီ မုဟမ္မဒ်စူရတီ (မဇွာဟေရီ)”တို့က ဖော်ပြပါအတိုင်း (ဖသ်ဝါ) ဓမ္မသတ် ပြန်ကြားခဲ့ပါသည်။
“အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော) အခြေအနေကို ၄င်းတို့ကိုယ်တိုင် မိမိတို့၏အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲပေးတော်မူသည်မဟုတ်ပေ။” (ကုရ်အာန်ကျမ်းမြတ် ၁၃း၁၁)
အမျိုးစောင့် များ ၉၆၉ ထဘီ ကို အားပေးကြပါ။ဖြောင်း...ဖြောင်း..ဖြောင်း
၉၆၉ တံဆိပ်ကို ထမိန်မှာရိုက်ပြီး ၀တ်ကုန်ပြီ
ပုံ-မျိုးချစ်ဂျော်ရကီများ
ကျောင်းထိုင်ဘုန်းကြီးက ၁၃နှစ် အရွယ် မိန်းကလေးအား မုဒိမ်းကျင့်
၂၄.၁.၂၀၁၄ ရက်နေ့ ညနေ ၆း၃၀ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ တင်းတောင်းချောင်ကျေးရွာနေ (ဘ)ဦးဖိုးထောင်၏သမီး မစု ၊အသက် ၁၃ နှစ်သည် တောစွန်းကျေးရွာသို့ ဗီစီဒီ အခွေ သွားရောက်ငှားရမ်းပြီး နေအိမ်သို့ စက်ဘီးဖြင့် တစ်ဦးတည်းပြန်လာစဉ် အဓမ္မပြုကျင့် ခံရကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။
တောစွန်းကျေးရွာနှင့် တင်းတောင်းချောင် ကျေးရွာ အကြား ကွင်းထဲလမ်းတွင် သုံးခွမြို့နယ်၊ တင်းတောင်းချောင်ကျေးရွာ၊ ဓမ္မပါလ ကျောင်းတိုက် ကျောင်းထိုင်ဘုန်းကြီး ဦးကုဝေရ ၊သက်တော် ၄၀ နှစ်၊ ၀ါတော် ၂၀ နှင့် တောစွန်းကျေးရွာနေ (ဘ)ဦးထွန်းအောင်၏သား မောင်မျိုးဦး၊ အသက် ၃၃ နှစ် တို့နှစ်ဦးက အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ စွပ်စွဲခံရသူ နှစ်ဦးက မစု၏ စက်ဘီးအား ရှေ့မှ တားဆီး ရပ်တန့်စေကာ မောင်မျိုးဦးက စက်ဘီးအား ဆွဲယူသွားပြီး၊ ဘုန်းကြီးဦးကုဝေရ က မစုအား အဓမ္မ လက်ကိုဆွဲ၍ အနီးရှိ ရေခမ်းခြောက်နေသည့် ချောင်းထဲသို့ ခေါ်ဆောင်သွားပြီး အလိုမတူ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အတွက် ဖခင်ဖြစ်သူ ဦးဖိုးထောင်က တင်းတောင်းချောင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အလန်းကုန်း ကျေးရွာ ရဲစခန်းတွင် ချက်ချင်း တိုင်တန်း ခဲ့တာဖြစ်ပါတယ်။
အဆိုပါ အမှုကို ၂၉.၁.၂၀၁၄ ရက်နေ့တွင် သုံးခွမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ကြောင်း ၊ရဲစခန်းက ပြစ်မှုဆိုရာ ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ စခန်းမှုးဦးစောဝင်းက အမှုကို လက်ခံ စစ်ဆေးနေကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။
by Thit Htoo Lwin
မူရင်းလင့် http://www.thithtoolwin.com/2014/01/blog-post_4103.html
http://www.thithtoolwin.com/2014/01/blog-post_4103.html#.Uumd3kU6Q-g.facebook
နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ အဖြစ် မွတ်စလင် အမျိုးသမီးတစ်ဦးအား ပထမဆုံးအကြိမ် ဂျာမနီခန့်အပ်
ဇန်နဝါရီ ၃၀၊ ၂၀၁၄
M-Media
- ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယပြောရေးဆိုခွင့်ရှိသူအဖြစ် မွတ်စလင်အမျိုးသမီးတစ်ဦးအား ဂျာမနီနိုင်ငံက ခန့်အပ်ခဲ့သည်ဟုသိရသည်။
အသက် ၃၅ နှစ်အရွယ် ပါလက်စတိုင်းနွယ်ဖွား ဆော်ဆန် ချက်ဘလီဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဖရန့်ဝေါလ်ကာက ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာတင် ရှယ်ဖာ၏ လက်ထောက်အဖြစ် ပြီးခဲ့သည့် တစ်ပါတ်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
"ကျွန်မရဲ့ဦးခေါင်းမှာ ပုဝါဆောင်း မထားတဲ့အတွက်ကြောင့် ကျွန်မကို မွတ်စလင်တစ်ဦးအဖြစ် သိကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ ဘုရားဝတ်ပြုတယ်၊ ဥပုသ်သီလဆောက်တည်တယ်၊ (အစ္စလာမ်ကတားမြစ်ထားတဲ့ အတွက်ကြောင့်) ၀က်သားလည်း မစားဘူး၊ အရက်လည်း မသောက်ပါဘူး" ဟု ချက်ဘလီက ပြောကြားခဲ့သည်။
ချက်ဘလီမှာ ၁၉၇၀ ပြည့်နှစ်များတွင် ဘာလင်၌ မွေးဖွားခဲ့ပြီး အသက် ၁၅ နှစ်အရွယ်တွင် ဂျာမနီနိုင်ငံသားဖြစ်ခဲ့သည်။ နိုင်ငံရေးသိပ္ပံ အထူးပြုဖြင့် ဘွဲ့ရရှိထားပြီး ဂျာမနီပါလီမန်တွင် ၆ နှစ်အလုပ်လုပ်ခဲ့သူဖြစ်သည်။
ထိုကဲ့ရာထူးရယူရန် အစကတည်းက မျှော်လင့်ထားခဲ့ကြောင်း၊ ဘာသာအယူဝါဒနှင့် လူမျိုးသတ်မှတ်ချက်မှာ အနာဂတ်တွင် အရေးပါတော့မည် မဟုတ်ကြောင်း ချက်ဘလီက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် မွတ်စလင်အမျိုးသမီးတစ်ဦးမှာ အနိုင်ရရှိခဲ့ပြီး ဂျာမနီပါလီမန်တွင် ဥပဒေပြုအမတ်ဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည်။
ဂျာမနီနိုင်ငံမှာ ပြင်သစ်ပြီးလျှင် ဒုတိယမြောက် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံ လူဦးရေ ၈၂ သန်း၏ ၃.၈ ရာခိုင်နှုန်းမှ ၄.၃ ရာခိုင်နှုန်းကြားမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။
Ref: OnIslam
တန်ဖိုးအရှိဆုံး လက်ဆောင်
တစ်ခါတော့ သားဖြစ်သူဟာ ဖခင်ဖြစ်သူဆီကို ရောက်လာသတဲ့။ သူ့မိန်းမနဲ့ သူနဲ့ အဆင်မပြေမှုတွေ အခုတလော ဖြစ်ဖြစ်နေတယ် ဒါကြောင့်မို့လို့ သူ့မိန်းမမွေးနေ့မှာ တန်ဖိုးအရှိဆုံး လက်ဆောင်တစ်ခု ပေးချင်သတဲ့။
အဲဒီတော့ သူ့သားဟာ သူ့အဖေကို အကြံဉာဏ်တောင်းဖို့ လာခဲ့တယ်။ဘာလက်ဆောင်ပေးရင်ကောင်းမလဲပေါ့။သူ့အဖေကို အကြောင်းစုံရှင်းပြပြီးတော့ မေးတယ်။
အဲဒီအခါသူ့အဖေက ဘာပေးဖို့ ရည်ရွယ်ထားလဲလို့ မေးလိုက်သတဲ့။သူကတော့ လက်ဝတ်ရတနာတွေ၊ဈေးကြီးတဲ့ အ၀တ်အထည်တွေ အစသဖြင့်ပြန်ဖြေသတဲ့
အဲဒီအခါမှာ သူ့ဖေက " ငါ့သား မင်းသူ့ကို တကယ်ချစ်ရဲ့လား " လို့မေးသတဲ့။ သူ့သားကတော့ ချစ်တာပေါ့ ဟုပြန်ဖြေတယ်။
" မင်းတကယ်ချစ်တဲ့ သူကို ပေးဖို့လက်ဆောင်က ဈေးအကြီးဆုံး လက်ဝတ်ရတနာတွေလဲမဟုတ် အ၀တ်အစားတွေလဲမဟုတ် သူ့ကို မင်းရဲ့ အချိန်တွေ ပေးလိုက်ပါ သူဝမ်းသာလာပါလိမ့်မယ်။ များသော အားဖြင့် အိမ်ထောင်ရှင်တွေဟာ အလုပ်ကိစ္စတွေ များလွန်းတဲ့ အတွက် ချစ်ခင်တဲ့ သူတွေနဲ့ အချိန်တွေ ကုန်ဆုံးဖို့ကို မေ့နေကြတယ်။ အဲဒီ ချစ်ခင်တဲ့ သူတွေ မရှိတော့မှ သူနဲ့အတူ မသုံးလိုက်ရတဲ့ အချိန်တွေ ကို နှမြောတမ်းတ တတ်ကြတယ်။ အဲဒီတော့ မင်းမှာ အချိန်ရှိသေးတယ် နောက်မကျသေးပါဘူးကွာ"
သားဖြစ်သူလဲ သဘောပေါက်သွားပြီးတော့ မိန်းမဖြစ်သူရဲ့ မွေးနေ့မှာ နှစ်ယောက်သား ပျော်ပွဲစားထွက်ပြီးတော့ အချိန်တွေကို အတူကုန်ဆုံးလိုက်ကြပါတယ်။
(ဒီ အဖြစ်အပျက်ကလေးကတော့ လင်မယားဇတ်လမ်းလေးပေါ့။ဒါပေမယ့် ဒီထဲမှာ အဖေဖြစ်သူပြောသွားတဲ့ ချစ်သူခင်သူတွေဆိုတာ လင်မယားမှ မဟုတ်ပါဘူး။ မိဘတွေ၊သားသမီးတွေ၊ညီအကို မောင်နှမတွေ အားလုံးကို ရည်ညွန်းပြိးပြောသွားတာဖြစ်ပါတယ်။)
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အိုလမာ အစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်မှ အကြံပြုချက်ပေးပို့
ဇန်နဝါရီ ၂၈ ၊ ၂၀၁၄
M-Media
သတင်း- ဘုန်းမင်းခန့်
1
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များ အဖွဲ့ချုပ်မှ အကြံပြုချက်များကို ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက် နေစွဲဖြင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်သို့  တင်ပြပေး ပို့ခဲ့ကြောင်း သိရှိရပါသည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြခဲ့သော အကြံပြုချက်များတွင်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ၁၉၁၆ ခုနှစ်မှ စတင် တည်ထောင်ခဲ့သော အိုလမာ အစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်ကြီးသည် ယနေ့ထက်တိုင် တိုင်းနှင့်ပြည်နယ်၊ မြို့နယ်ခွဲပေါင်း (၁၂၀)ကျော်ဖြင့် ရပ်တည်နေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် လူထု၏ ယုံကြည်လေးစား အားထားမှု ခံယူရသော အဖွဲ့ချုပ်ဖြစ်ပြီး၊ မည်သည့် ပြည်ပ အဖွဲ့အစည်း အသင်းအဖွဲ့ တစ်ခုခု၏ လက်အောက်ခံ အဖွဲ့ခွဲ မဟုတ်သကဲ့သို့၊ ပြည်ပ ငွေကြေး၊ ပစ္စည်း၊ ထောက်ပံ့မှု လက်ခံရယူမှု လုံးဝ ကင်းရှင်းသော အဖွဲ့ကြီးဖြစ်ကြောင်း၊ အစ္စလာမ့် တရားတော်အရ အစ္စလာမ်ဘာသာကို သက်ဝင်သူတို့သည် မိမိတို့မှီတင်းနေထိုင်ရာ တိုင်းနိုင်ငံ၏ ဥပဒေ၊ စည်းကမ်းများကို တရားတော်နှင့် အညီ လေးစားလိုက်နာ၍ သစ္စာစောင့်ထိန်းကြရပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားတို့၏ အရေး ကိစ္စမှာ အစ္စလာမ် ဘာသာဝင်ဖြစ်ကြသော နိုင်ငံသူ နိုင်ငံသားတို့၏ အရေးကိစ္စပင်ဖြစ်သည်ဟု ခံယူကြသည့်အားလျော်စွာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် အကြံပြုချက်များ တောင်းခံထားသည့် အပေါ် တစ်တပ် တစ်အားအဖြစ် ယခုကဲ့သို့ အကြံပြုချက် တင်ပြရခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် မူလပြဌာန်းချက်များအား ပြင်ဆင်ဖြည့်စွက်ပေးစေ လိုသည်များကို မူလပြဌာန်းချက် ၊ အကြံပြုပြင်ဆင်ချက်နှင့် ရှင်းလင်း တင်ပြချက်ဟူ၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြခဲ့ကြောင်း၊ စာမျက်နှာ(၅)မျက်နှာပါ ထိုအကြံပြုချက်များတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ – မူလပြဌာန်းချက်ပါ အခန်း(၁) နိုင်ငံတော် အခြေခံမူများ တွင် ပုဒ်မ ၆(င) ၊ ပုဒ်မ ၃၄ နှင့် ပုဒ်မ ၆၅ တို့အား အကြံပြုပြင်ဆင်ချက်များ ပါဝင်ပြီး  အခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များတွင် မူလပြဌာန်းချက် ဖြစ်သော ပုဒ်မ ၃၄၅၊  ပုဒ်မ ၃၄၅(ဃ)၊ ပုဒ်မ ၃၄၅(င)တို့အပြင် ပုဒ်မ ၃၅၇ ၊ ပုဒ်မ ၃၆၃၊  ပုဒ်မ ၃၆၄ နှင့် ပုဒ်မ ၃၆၈  တို့အား အကြံပြုပြင်ဆင်ချက်များ၊ ရှင်းလင်းချက်များဖြင့် အိုလမာအစ္စလာမ် သာသနာ့ ပညာရှင်များအဖွဲ့ချုပ် ဥပဒေအကြံပေး အရာရှိများမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနိုင်ရေးနှင့် ဖြည့်စွက် ပြဌာန်းပေးစေလိုသည့် အချက်များ အတွက် အကြံပြု တင်ပြခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။
PDF File Download Link =>Click Here (File Size 1 MB)
ေ၇ွှဝါရောင်တော်လှန်ရေးမှာ ကျုပ်တို့ တွေ ညီခဲ့တဲ့ အချိန်တွေ အရမ်းလွမ်းတယ်ဗျာ
ရေးမယ် ရေးမယ် နဲ့ မရေးဖြစ်သေးတဲ့အကြောင်းလေးပါ။ ၂၀၀၇ အရေးအခင်းဖြစ်နေချိန် ရက်ထဲက တစ်ရက်ပါ။အတိအကျတော့ မမှတ်မိတော့ဘူး။ရွှေတိဂုံဘုရားမှာ သံဃာတော် တွေ အရိုက်ခံရပြီး နောက်နေ့  တစ်ရက်ပေါ့။ ထုံးစံအတိုင်း လမ်းထိပ် (ယုဇန ပလာဇာ ရှေ့ )မှာ ဘယ်အဖွဲ့  များ လာလေမလဲ ဆိုပြီး မျှော်နေကြတဲ့အချိန် ဆိုက်ဆိုက်မြိုက်မြိုက် တစ်ဖွဲ့ ရောက်လာတယ်။ပလာဇာ တိုက်တန်းလျားက လူတွေလည်း လက်ခုပ်တွေတီး မျက်ရည်တွေဝဲပေါ့ဗျာ။အပေါ်က လက်ခုပ်တီးတဲ့သူ နဲ့  အောက်က ၀ိုင်းလက်တားပေးတဲ့ လူတွေနဲ့  တက်ညီလက်ညီ ပေါ့ဗျာ။လူလည်း တော်တော်စုံတယ်။ပလာဇာရှေ့ ဆိုတော့ ဘာသာကလည်းစုံ လူမျိုးကလည်း စုံနေတာပေါ့။ဈေးတွေကတော့ ပိတ်ကုန်ပါပြီ။
ဒါနဲ့  ကျွန်တော်တို့  အပျော်ဖျက်မယ့် မာရ်နတ် အုပ်စု စစ်ကားတစ်စီးက တော်ဝင်ပလာဇာ ဘက်နေ ယုဇနပလာဇာ ဘက်ကို တစ်ရှိန်ထိုး မောင်းဝင်လာတယ်လေ။ကျွန်တော်တို့ လည်း တော်တော် ပျာယာခတ်သွားတယ်။ဆန္ဒပြနေတဲ့ ညီအကိုတွေကို ဒီကောင်တွေ ယုတ်မာတော့မယ်လေ။အဲ့လို ၀ရုန်းသုန်းကား ဖြစ်တဲ့အချိန် မအူကုန်းရပ်ကွက်ထဲက ယခုအခေါ် ကုလားပေါ့ အုပ်လိုက်ကြီး ထွက်လာပြီး ကားနှစ်စီးလည်း လမ်းပေါ် ကန့် လန့် ဖြတ် ပိတ်ပစ်လိုက်တယ်။နှစ်လမ်းလုံးကို ပိတ်ပစ်လိုက်တာ။ယုဇနပလာဇာရှေ့  မုခ်ဦးတည့်တည့်မှာ ပိတ်ချလိုက်တော့ ဒီကောင်တွေေ၇ှ့  တိုးလို့ မရတော့ဘူးလေ။ဒါနဲ ပြန်ကွေ့ တဲ့အချိန် ဆဆဲရော ဒီဘက်က ယခုအခေါ် ကုလားတွေပေါ့။"မအေလိုးတွေ သွေးရှိရင် သေနတ်ချပြီး အောက်ဆင်းလာခဲ့ တစ်ယောက်ချင်းချမယ်။မင်းတို့  စောက်ရှက်မရှိ လက်နက်ကိုင်ပြီး ဆန္ဒပြတဲ့လူတွေ ဖမ်းဖို့  မစဉ်းစားနဲ့  အကုန်ပြန်လှည့်ဆိုတော့" သူတောင်းစား ဘာမှ ပြန်မပြောနိုင်ပဲ ပြန်လှည့်ခဲ့ရတော့ သိပ်တော့ မကျေချမ်းကြဘူး။ဆန္ဒပြတဲ့သူတွေတော့ လွတ်သွားတယ်။ညနေပြန်ကြားရတော့ စိတ်မကောင်းဘူးဗျာ။တာမွေ ၃ေ၇ှ့ မှာ ပြန်မိတော့ အကုန်လုံးကို ရက်ရက်စက်စက် လုပ်ပစ်ကြတာ။ပလာဇာေ၇ှ့ မှာ လွတ်သွားလို့  သိပ်ပျော်နေလား ဆိုပြီးလေ။ပြန်လွတ်လာတဲ့သူ က ပြောတော့ ကျနော်တို့ တွေ ငိုင်တိုင်တိုင်နဲ့ ပေါ့ဗျာ။ေ၇ွှဝါရောင်တော်လှန်ရေးမှာ ကျုပ်တို့ တွေ ညီခဲ့တဲ့ အချိန်တွေ အရမ်းလွမ်းတဲ့ဗျာ။ဦးဝီရသူလို ပုဂ္ဂိုလ်မျိုး ထောင်ထဲမှာ ရှိနေတာလဲ ကံကောာင်းတယ်လို့  ဆိုရမလိုဖြစ်နေပြီ။
ချင့်ချိန်စေဖို့  ရေးတာဖြစ်ပါတယ်။မည်သူ့ ကိုမှ စော်ကား၊ဂုဏ်ဖော်လိုခြင်း မရှိပါဘူး။
credit :Ye' Htoo
ဗုဒ္ဓဘာသာက ဘာသာတစ်ခုမဟုတ်ဘူး အယူဝါဒတစ်ခုသာဖြစ်တယ်
ကမ္ဘာပေါ်မှာ ဘာသာကြီးလေးခုရှိတယ်
အစ္စလာမ်၊ ခရစ်ယာန်၊ ယဟူဒီ၊ ဟိန္ဒူ တဲ့။
ဗုဒ္ဓဘာသာက ဘာသာတစ်ခုမဟုတ်ဘူး အယူဝါဒတစ်ခုသာဖြစ်ပါတယ်။ ဒီကိစ္စကိုအပြင်းအထန်ပြိုင်မငြင်းပါ။ ကျနော်လေးစားရတဲ့ဆရာတော် ရှင်စန္ဒာဓိက ကလည်း ဒီကိစ္စနဲ့ပက်သတ်ပြီးပြောပြီးပါပြီ။ ဗုဒ္ဓဘာသာဟာ အယူဝါဒသာဖြစ်တယ်။
ဒီအယူဝါဒကို ကမ္ဘာပေါ်မှာဝင်ဆံ့ဖို့ကြိုးစားပေမယ့် majority က အထက်မှာပြောခဲ့တဲ့လေးဘာသာဖြစ်နေတော့မတိုးဘူး။
ဗုဒ္ဓအယူဝါဒ အမာခံနှစ်နိုင်ငံက မြန်မာနဲ့သီရိလင်္ကာ။ နိုင်ငံတကာမှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်ရှာတော့ ကိုယ့်နိုင်ငံထဲမှာ ဟုန်းဟုန်းတောက်ဖို့ကြိုးစားကြတယ်။ သူတို့အယူဝါဒဟုန်းဟုန်းတောက်ဖို့ကြိုးစားရင်းနဲ့တိုင်းရေးပြည်ရေးလည်း မီးဟုန်းဟုန်းတောက်ခဲ့ရပြီ။
မြန်မာမှာဆိုရင် ၉၆၉နဲ့ အယူဝါဒဟုန်းဟုန်းတောက်ဖို့အတွက် ဝီရသူကကြိုးစားတယ်။ ကမ္ဘာလည်းကျော်သွားပါတယ်။ အကြမ်းဖက်ဘာသာအဖြစ်ပေါ့။ ဒါပေမယ့်လည်း အရှက်ကင်းမဲ့သူပီသစွာ ကမ္ဘာကျော်တဲ့ ဂဏန်းသုံးလုံးလို့ဝံ့ကြွားခဲ့သေးတယ်။
၉၆၉ကမှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဘူး။ အပြစ်မဲ့ပြည်သူတွေသေကြေပြီး ငြိမ်းချမ်းရေးရဲ့အယူဝါဒလို့ ကြွေးကြော်နိုင်ခဲ့တဲ့ ဗုဒ္ဓအယူဝါဒဟာ နာမည်ပျက်ခဲ့တယ်။
အခု ၉၆၉မှေးမှိန်ပြီး ဝီရသူကျဆုံးခန်းနီးလာတော့ အမျိုးဘာသာသနာစောင့်ရှောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့နောက်တစ်ကြိမ်ပြန်ပြီးပွဲထွက်လာခဲ့တယ်။
ဗုဒ္ဓအယူဝါဒနာမည်ပျက်တာ သီရိလင်္ကာနဲ့မြန်မာကဘုန်းကြီးတွေနဲ့နောက်လိုက်တွေကြောင့်။ ဒါကိုအကွက်ချချသုံးသွားတဲ့ နိုင်ငံအုပ်ချုပ်သူတွေကြောင့်။ ဗုဒ္ဓအယူဝါဒဆိုတာ ဗုဒ္ဓပြောကြားခဲ့တာတွေကို လိုက်နာကျင့်သုံးဖို့ဖြစ်တယ်။ ဗုဒ္ဓပြောကြားခဲ့တာတွေကို တစ်ဆင့်ပြန်ဖောက်သည်ချတဲ့ သံဃာတွေကို ကိုးကွယ်ဖို့မဟုတ်ဘူး။ အခုပြောကြတယ်လေ။ ငါက ဟိုဆရာတော်ကိုးကွယ်တာ၊ ဒီဆရာတော်ကိုးကွယ်တာဆိုပြီး၊ သူတို့မှားနေမှန်းမသိကြဘူး။ ဒါကလည်း ကျနော့်အလုပ်မဟုတ်ပါဘူး။ ဒါပေမယ့် ကိုးကွယ်နေတဲ့သံဃာတွေက ဘယ်လိုလူစားတွေလဲ၊ ဘာတွေပြောသလဲ၊ သူတို့ရဲ့ရည်ရွယ်ချက်တွေ ခံယူချက်တွေကဘာလဲဆိုတာသိဖို့လိုတယ်။
ဗုဒ္ဓအယူဝါဒခံယူလိုက်နာသူတွေဟာ သူတို့ရဲ့အယူဝါဒကို အရမ်းဘုန်းမီးနေလတောက်စေချင်တယ်။ ကမ္ဘာပေါ်မှာအကောင်းဆုံးဘာသာတရားဖြစ်စေချင်တယ်၊ ပုံဖော်ချင်တယ်။ ဒါပေမယ့်လုပ်တဲ့ပုံစံကမှားနေတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့အပြင် နာမည်ပါပျက်သွားတယ်။ သူတို့မသိတာက ကမ္ဘာသူကမ္ဘာသားတွေဟာ တစ်ဖက်သားကိုဖိနှိပ်ပြီး တည်တံ့ခိုင်မြဲအောင်လုပ်ဆောင်တဲ့ အယူဝါဒပဲဖြစ်ဖြစ် ဘာသာတရားပဲဖြစ်ဖြစ်စက်ဆုပ်ကြတယ်ဆိုတာကိုပါ။ နိုင်ငံခြားသားတွေစိတ်ဝင်စားတယ် ဘာညာနဲ့ကြွေးကြော်ကြပေမယ့် နိုင်ငံခြားသားတွေတကယ်စိတ်ဝင်စားတာက ဗုဒ္ဓအယူဝါဒနဲ့သက်ဆိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ meditation လို့ခေါ်တဲ့ တရားထိုင်တာပဲရှိပါတယ်။ ရုပ်ပွားတော်တွေကိုးကွယ်လိုစိတ်မရှိပါ။ သေချာထဲထဲဝင်ဝင်လေ့လာကြည့်ကြပါ။
ဒါပေမယ့်လည်း ဗုဒ္ဓအယူဝါဒအားကောင်းတဲ့နိုင်ငံတွေမှာ သက်ဆိုင်သူတွေက အောက်ခြေလွတ်မီးမြှင့်နေကြတယ်။ ကျနော်မြင်တာကတော့ နွားခြေရာခွက်ထဲက ဖားသူငယ်လို၊ ရေတွင်းပျက်ထဲကဖားသူငယ်လိုသာ။
ကမ္ဘာနဲ့ချီပြီးပြောရရင်တော့ ဗုဒ္ဓအယူဝါဒဟာ အားလုံးထက်အငယ်ဆုံးဖြစ်ပါတယ်။ အစ္စလာမ်တွေ၊ ခရစ်ယာန်တွေ၊ ဂျူးတွေ စတဲ့ဘာသာတရားတွေရဲ့အစဟာ ကမ္ဘာဦးလူသား တမန်တော်တစ်ပါးဖြစ်တဲ့ အာဒမ် (Adam) ကနေစပါတယ်။ ဒါကြောင့် အငယ်ဆုံးဖြစ်တဲ့ ဗုဒ္ဓအယူဝါဒဝင်တွေအနေနဲ့ ကြီးသူကိုလေးစားရမယ်။ မစော်ကားရဘူး။ ဒါမှသာလျှင် အကြီးတွေကလည်း ပြန်လည်သနားညှာတာတာ ခံရမှာပေါ့။
တူညီသော ဝေဖန်မှုပြန်လာမယ်။
မုတ်ဆိတ်ထားခြင်း အပါအဝင် ဘာသာရေးဆိုင်ရာ အဆင်အပြင်များ ၀တ်ဆင်မှု အမေရိကန် စစ်တပ်ခွင့်ပြု
အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သားများအနေဖြင့် ၎င်းတို့၏ ဘာသာရေးဆိုင်ရာ အဆင်အပြင်များ ၀တ်ဆင်ခြင်းကို ကန့်သတ်ထားမှုအား လျှော့ချလိုက်ပြီး ပေါင်းထုပ်၊ ဦးထုပ်များဝတ်ဆင်ခြင်း၊ မုတ်ဆိတ်ထားခြင်းနှင့် ဆေးမင်ကြောင်ထိုးခြင်း စသည်တို့ကို ခွင့်ပြုပေးခဲ့သည်ဟု အမေရိကန် စစ်တပ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထို့ကြောင့် အမေရိကန် စစ်တပ်များရှိ အစ္စလာမ်၊ ဆစ်ခ်၊ ဂျူးနှင့် ၀ီကာ ဘာသာဝင်စစ်သားများအနေဖြင့် ယူနီဖောင်းနှင့် ပတ်သက်၍ စစ်တပ်၏ တင်းကျပ်သော ပေါ်လစီများနှင့် ကန့်သတ်မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံနိုင်မည်ဖြစ်သည်။
ထိုကဲ့သို့တောင်းခံလာပါက စစ်တပ်နေဖြင့် တစ်ဦးချင်းအလိုက် စစ်ဆေးမည်ဖြစ်ကာ စစ်ဆင်ရေးလုပ်ငန်းများအား နှောက်ယှက်မှုမရှိပါက ခွင့်ပြုမည်ဟု သိရပြီး၊ ယခင်က ဆစ်ခ်ဘာသာဝင် သုံးဦး၏ ၎င်းတို့ဘာသာ အယူဝါဒအရ ခေါင်းပေါင်းပေါင်းရန် တောင်းဆိုမှုကိုလည်း အမေရိကန် စစ်တပ်က ခွင့်ပြုပေးခဲ့သည်။
အမေရိကန်စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ကြသည့် စစ်သားများ၏ ဘာသာရေးဆိုင်ရာ အသွင်အပြင် အယူအဆများ ၀တ်ဆင်ဆောင်ရွက်ရန်အတွက် တောင်းဆိုမှုများက စစ်ဆင်ရေးဆောင်ရွက်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ အမိန့်နှင့် စည်းကမ်းလိုက်နာခြင်း စသည်တို့အား ထိခိုက်မရှိပါက ထိုတောင်းဆိုမှုများကို ခွင့်ပြုပေးသွားမည်ဟု တပ်မှူး နိတ် ခရစ်တန်ဆန်က ပြောကြားခဲ့သည်။
  ref :BBC
မှန်ကန်တဲ့ ရွေးချယ်မှု
လူတစ်ယောက်မှာ ပညာတတ်ဖို့အရေးကြီးသလို အကြောင်းအမျိုးမျိုးကြောင့် ပညာဆိုတဲ့အရာကို မပိုင်ဆိုင်ကြပေမယ့်လည်း ၀ီရိယဆိုတဲ့ အချက်ကလေးကိုတော့ အတတ်နိုင်ဆုံး လက်ကိုင်ထားပြီး အကောင်းဆုံးကြိုးစားရင်တော့ တစ်နေ့မှာ အောင်မြင်လာမှာပါ။
ကိုယ့်ရဲ့ဘ၀ကို နေပူ၊ မိုးရွာ ရုန်းကန်လှုပ်ရှားနေရရင်လည်း စိတ်ဓာတ်မကျစေချင်ပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းပြီဆိုရင် ဘယ်လိုအခက်အခဲ၊ ဘယ်လိုအကြောင်းအမျိုးမျိုးပဲ ကြုံ ကြုံ နောက်မဆုတ်ပါနဲ့။ ဒီနေရာကနေ ငါရှေ့ကို ဘယ်လိုတက်လှမ်းမယ်၊ ဘယ်လို ရှေ့ဆက်သွားမယ်ဆိုတာကို တွေးထားပါ။
ကိုယ်မှန်ကန်မယ်ထင်လို့ ရွေးချယ်တဲ့ အလုပ်တစ်ခုကို ဘယ်တော့မှ နောက်မဆုတ်ပါနဲ့။ ဘယ်အရာမဆို လွယ်လွယ်နဲ့အရှုံးပေးတာ မကောင်းပါဘူး။ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားကြည့်ပါ။ တစ်ခုတော့ ရှိတယ်။ ကိုယ့်ဘ၀အတွက် မှန်ကန်တဲ့ ရွေးချယ်မှုတော့ ဖြစ်ပါစေ။
Credit to ထင်ရှားကျော်ကြားသူများ၏ အဆိုအမိန့်များ
အိုလမာပညာရှင်များရဲ့ ကြေငြာချက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်
အစ္စလာမ်မုအလိုင်းကွမ်း ၀ရဟမသွလ်လာဟိ ၀ဗရကသူရ်..........အလ္လာဟ်ရှင်မြတ် ငြိမ်းချမ်း သာယာမှုကို မွတ်စလင်ညီနောင်များအပေါ်သို့ ချပေးတော်မူပါစေ.......လေးစားအပ်တဲ့ မွတ်စလင် ညီနောင်များခင်ဗျာ..........
အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များရဲ့ (၂၀)ရက်နေ့ ရက်စွဲပါ ထုတ်ပြန် ကြေငြာချက်ကို လှိုက်လှိုက်လဲလဲ ကြိုဆိုပါကြောင်းနှင့် တရားတော်မှာရှိတဲ့ ပြဌာန်းချက်ကို အခုလို အများသိစေရန် ထုတ်ပြန်ကြေငြာပေးခဲ့သည့်အတွက် အိုလမာ သာသနာ့ပညာရှင်များ အား ကျေးဇူးအထူး တင်ရှိပါကြောင်း ဦးစွာရေးလိုပါတယ်။
အလ်ဟမ်ဒုလစ်လာဟ်.....အလ္လာဟ်ရှင်မြတ်ရဲ့ ကျေးဇူးတော်နဲ့ အိုလမာပညာရှင်များက Race လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ မျိုးရိုးနဲ့ပါတ်သက်ပြီး တရားတော်အရ ပြဌာန်းချက်ကို မွတ်စလင်ညီနောင် တို့ သိရှိပြီးဖြစ်ပါတယ်။ထိုကြောင့် မိမိရဲ့မိဘဘိုးဘွားတွေရဲ့ အစဉ်အလာနှင့် မျိုးရိုးဂုဏ်သိက္ခာကို ထိန်းသိမ်းကြစေရန် အထူးလိုအပ်ပါတယ်။ မိမိရဲ့မျိုးရိုးကိုပြောပြတဲ့နေရာမှာ လူအများက လက်ခံ သည်ဖြစ်စေ လက်မခံသည်ဖြစ်စေ၊ အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ တရားတော်အရ အမှန်အတိုင်း ပြောရမည်သာဖြစ်ပါတယ်။
အလ္လာဟ်ရှင်မြတ်ရဲ့ကျေးဇူးတော်မြတ်ပင်ဖြစ်ပါတယ်။ဒီနေရာမှ တစ်ခုကို ပြတ်ပြတ်သားသား သိထားရမှာက မိမိရဲ့မျိုးရိုးကို အများအရှေ့မှာဂုဏ်ယူဝင့်ကြွားနိုင်သော်လည်း သန်းခေါင်း စာရင်း ကောက်ယူတဲ့အချိန်မှာ ထည့်သွင်းအသုံးပြုလို့မရပါဘူး၊ အဘယ်ကြောင့်ဆိုသော် သန်းခေါင်စာရင်းသည်။ အိုလမာပညာရှင်များရဲ့ ထုတ်ပြန်ကြေငြာချက်ထဲက Race ဆိုတဲ့ မျိုးရိုးနှင့် မသက်ဆိုင်ခြင်းကြောင့် ဖြစ်ပါသည်။ သန်းခေါင်းစာရင်းကောက်ယူရာတွင် မိမိ၏ဖခင်မှဘာမျိုးရိုးဖြစ်သည်၊ မိခင်မှ ဘာမျိုးရိုးဖြစ်သည် ဟူ၍ မေးမည်မဟုတ်ပါ။
အင်ရှာအလ္လာဟ် ပညာရှင်တို့သည် မွတ်စလင်ထုတစ်ရပ်လုံးအပေါ် စေတနာဖြင့် အမှားမတွေ့ အောင် ထုတ်ပြန်ပေးခြင်းဖြစ်ပါသည်။၎င်းစေတနာကို ကျနော်တို့ တန်ဖိုးထားရမည်သာဖြစ်ပါ သည်။သို့သော်လည်း လာမည့်သန်းခေါင်စာရင်းဟာ မွတ်စလင်တစ်မျိုးသားလုံးနှင့် သက်ဆိုင် သည့်အတွက်ကြောင့် မိမိ၏သဘောဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိပါသည်။ ထို့အတွက် ကြောင့် လာမည့်သန်းခေါင်းစာရင်းသည် Race အပေါ်မှာ ကောက်ယူမှာမဟုတ်ပဲ၊ Ethnic ယဉ်ကျေးမှုတူ အုပ်စုအဖြစ် ကောက်ယူမှာဖြစ်သည့်အတွက်ကြောင့် ပသီဟု ထည့်ဝင်ပါက အိုလမာ ပညာရှင်တို့၏ ထုတ်ပြန်ကြေငြာချက်နှင့် လုံးဝ ဆန့်ကျင်မှုမရှိပါ။ ဤသည် အလ္လာဟ်ရှင်မြတ်၏ ကျနော်တို့ ညီနောင်များအားပေးအပ်သော ကျေးဇူးတော်တစ်ရပ်ပင်တည်း။
ဒီနေရာမှာ ထပ်ရှင်းပါအုန်းမည်......ပသီဟုထည့်ခြင်းသည် အိုလမာပညာရှင်များ ထုတ်ပြန်သော ကြေငြာချက်နှင့် လုံးဝ မဆန့်ကျင်ကြောင်း ပြောလိုပါသည်။ ပသီဆိုသည်မှာ မျိုးရိုးတစ်ခုကို ဆိုလို ခြင်းမဟုတ်၊ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်မှသည် ရေစုံ မြေစုံမှ အရဗ်၊ ပါရှင်း၊ တူရကီ၊ တရုပ်၊ အိန္ဒိယ စသူများသည် မြန်မာ့၊ ရေမြေ သို့ရောက်လာ၍ တိုင်းရင်းသား ပေါင်းစုံနှင့် သစ္စာရှိစွာပေါင်းဖက်ရာမှ ဖြစ်ပေါ်လာသော မျိုးဆက်ကို မြန်မာဘုရင်တို့က ပသီဟုခေါ်ခဲ့ကြောင်း ပုဂံခေတ် ကျောက်စာတွင် တွေ့ရှိခဲ့ပြီဖြစ်သည်။ထို့ကြောင့် ပသီဆိုသည်မှာ မျိုးရိုးတစ်ခုကိုဖော်ညွှန်းတာ မဟုတ်သည့်အတွက် ပသီဟုထည့်သွင်းခြင်းသည် ပြုပိုင်သော ကိစ္စပင်ဖြစ်သည်။
ဥပမာ......ပသီအုပ်စုထဲတွင် အိန္ဒိယမျိုးနွယ်များလည်းပါဝင်နေပါသည်။ ထိုအိန္ဒိယမျိုးနွယ်ထဲတွင် .....ကျိုလီယာ......စူရတီ.....ဘင်္ဂါလီ.....အစရှိသူတို့ ပါဝင်နေကြောင်းတွေ့ရပါသည်။ ဒါကြောင့် ပသီဆိုသည့် Ethnic ယဉ်ကျေးမှုတူညီသော အုပ်စုထဲတွင် ကျိုးလီယာ.....စူရတီ.....ဘင်္ဂါလီ စသူတို့ ပါဝင်နေပြီးဖြစ်သည့်အတွက် ပသီဟူသည် မျိုးရိုးတစ်ခုကိုဖော်ညွှန်းနေသည်မဟုတ်ပါ။ ကျနော်သည် မျိုးရိုးအရ အဖေဘက်ကိုယူမည်ဆိုပါက ဟိန္ဒိုစတာနီ ဖြစ်ပါသည်။ သန်းခေါင်းစာရင်းဖြည့်စွပ် ရာဝယ် ကျတော်သည် လူ့ယဉ်ကျေးမှုအုပ်စုကြီးဖြစ်တဲ့ ပသီကိုသာ ရွေးချယ်မည်ဖြစ်ပါသည်။
ထို့ကြောင့် လာမည်သန်းခေါင်းစာရင်းမှာ အလွန်အင်မတန်မှ လွယ်ကူတဲ့ Race မျိုးရိုးနဲ့ Ethnic ယဉ်ကျေးမှုတူ အုပ်စု၊ ဒီနှစ်ခုကို သေသေချာချာ ခွဲခြားသိမြင်တက်ဖို့ လိုပါသည်။ မိဘမျိုးရိုးကို ထည့်သွင်းရမည်ဟု ထင်မှတ်ခါ အဖေဘက် လိုက်ရမလိုလို၊ အမေဘက်လိုက်ရမလိုလို၊ မထူးပါဘူး၊ ထည့်ချင်ရာထည့် ကြရမလိုလို စတဲ့အဖြစ်ဆိုးမှ အလ္လာဟ်ရှင်မြတ်သခင် ကျနော်တို့ ညီနောင်များကို ထိန်းသိမ်းတော် မူပါစေ........
အောင်ကျော်မိုး
ဗမာမွတ်စလင်လူငယ်ကွန်ယက်
မကြာမီကောက်ယူမည့် သန်းခေါင်စာရင်းနှင့်စပ်လျဉ်း၍ အိုလမာအဖွဲ့ချုပ်မှ သဘောထား ထုတ်ပြန်ကြေငြာ
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်နေ့စွဲဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ မကြာမီကောက်ယူတော့မည့် သန်းခေါင်စာရင်းနှင့်ပါတ်သက်၍ သိသင့်သိထိုက်သည့် အခြေအနေတချို့အား အစ္စလာမ်ဘာသာရေးရှုထောင့်ဖြင့် သဘောထားကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
စာမျက်နှာ (၂) မျက်နှာပါဝင်သည့် အဆိုပါကြေငြာချက်မူရင်းအား အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါတယ်။
မှတ်သားဖွယ်ရာများ(1)
၁ ။ ဆင်ခြေပေးတဲ့ပါးစပ်ဟာ ထမင်းငတ်တတ်ပါတယ် ။
၂ ။ မေ့တယ်ဆိုတာ မလေးစားလို့ ကြောက်တယ်ဆိုတာ မခိုင်လုံလို့ ။
၃ ။ နှေးတာအရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးပါတယ် ။
၎ ။ မနာလိုမဖြစ်ပါနဲ့ လုပ်တဲ့သူက နေရာရလိမ့်မယ် ။
၅ ။ မလုပ်တတ်တဲ့အကြောင်း များများပြောလေ မလုပ်တတ်လေဘဲ ။
၆ ။ လိုသလောက် မရနိုင်ပေမဲ့ လုပ်သလောက်တော့ ရနိုင်ပါတယ်။
၇ ။ ဒုက္ခနဲ့အရင်းခံမှ သုခစံရမယ်။
၈ ။ ဟန်ဆောင်ကောင်းတဲ့ မိတ်ဆွေဟာ ရန်သူထက်ပိုဆိုးပါတယ် ။
၉ ။ ထိခိုက်ဒဏ်ရာ ရခြင်းဟာ စော်ကားခံရသည်ထက် ပို၍လျှင်မြန်စွာ မေ့ပျောက်နိုင်ပါတယ် ။
၁၀ ။ နုတ်နဲ့ပေးတဲ့ ဒုက္ခဟာ နုလုံးသားကို ထိခိုက်ပြီး ၊ လက်နဲ့ပေးတဲ့ ဒုက္ခကတော့ ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ် ။
Admin-Mc Hla MoE 
 လူဘဝသက်တန်းမှာ ဒီအချက်လေးတွေ သတိထားဖို့ လိုအပ်ပါတယ် ။
အိမ်ထောင်သည်များ သာယာတဲ့ဘ၀ကို တည်ဆောက်လိုလျှင်
၁ ။ တစ်ယောက်နဲ့တစ်ယောက် ၊ ကြည်ဖြူစွာ ချစ်နေဖို့ ၊
တစ်ယောက်အပေါ်တစ်ယောက် ၊ အကောင်းမြင်ဆန္ဒတွေနဲ့ သာ ၊
ဆက်ဆံပြောဆိုရပါမယ် ။
တစ်ယောက်မကောင်းတာကို တခြားသူ အပေါ်မပြောဆိုမိဖို့ ၊
လိုအပ်ပါတယ် ။ တစ်ယောက်မကောင်းတာကို အကြံပေး ၊ ပြုပြင်ပေး ရပါမယ် ။
၂ ။ မင်းတို့တွေ အရမ်းချစ်တယ် ၊ ဆိုရင်ဒါလေးတွေ လုပ်ပေးဖို့ ၊ မင်းမမေ့ပါနဲ့ ။ရုပ်ရှင်ကြည့်တဲ့ အချိန်မှာ သူကိုနမ်းရှိုက်ပေးပါ ။ သူလက်ကလေးတွေကို ယုယစွာ ၊ဆုပ်ကိုင်ထားပါ ။ ပါးစပ်ကလည်း ၊
သူကို ( မင်းဟာအရမ်းလှတယ်လို့ ) ၊
တစ်ကြိမ်ထက် မနည်းပြောပေးပါ ။
  ၃။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုထားပါ ။ မင်းမှားနေတဲ အခါ ( Sorry)ဆိုတဲ့ စကားလေးပြောဖို့ မမေ့ပါနဲ့ ။ မင်းမှန်နေတယ် ဆိုရင်လည်း
တိတ်တိတ်လေး နေပေးလိုက်ပါ ။
၎ ။ လူတွေအများကြားမှာ မင်းဇနီး စကားပြောတာ မှားနေသည် ဖြစ်စေ ၊
မှန် သည် ဖြစ်စေကြားမှ  ၀င်ရောက်ပြီး ဟန့်တားပြောဆိုတာမျိုး ၊
(သို့) အမှားပြင်ပေး တာ ၊ မျိုးမလုပ်ပါနဲ့. ၊ လူတွေနဲ့ကင်းရာကိုခေါ်သွားပြီး ၊
မှားနေတာကိုပြောဆိုရှင်းပြပေးပါ ။
၅ ။ မင်းဟာ ငြင်းခုံတဲ့ စကားတွေ ပြောဆိုတာ မျိုးဖြစ်လာတဲ့ အခါမှာ လည်း ၊
မိးလောင်နေတဲ့အိမ်ကိုမြင်လို့ ၊ ကြောက်လန့်စွာအော်ဟစ်နေတဲ့ ၊ အသံမျိုးနဲ့ ၊
မပြောဆိုပါနဲ့.၊ တီးတိုး အေးဆေး ညင်သာစွာ ပြောဆိုပါ ။
၆။ တနေ့မှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေတာ ၊ ကြုံလာတဲ့ အခါမှာ ၊
မင်းတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ၊အရင်က အသက်မက ချစ်ခဲ့ကြတယ် ဆိုတာကို သတိရပါ ။
"ဝ" အုပ်ချူပ်ခွင့်ရ အထူးဒေသ ပန်ခမ်းမြို့တော်တွင် ပန်းသေးဗလီ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
ဇန်နဝါရီ ၁၆၊ ၂၀၁၄
M-Media
ဖီးနစ်
"ဝ" အုပ်ချူပ်ခွင့်ရ အထူးဒေသ ပန်ခမ်းမြို့တော်တွင် ပန်းသေးဗလီဖွင့်ပွဲ အခမ်းအနားကို ယနေ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၆ ဒေသစံတော်ချိန် မနက် (၁၀) နာရီ က အဆိုပါ ဗလီခန်းမတွေင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ "ဝ" အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိသူ အကြီးအကဲများကိုယ်တိုင် တက်ရောက်ပြီး ဖွင့်ပွဲကို ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
"ဖွင့်ပွဲကို 'ဝ' လူကြီးတွေကိုယ်တိုင်တက်ပြီး အားပေးပါတယ်။ ဒီနေ့ဖွင့်ပွဲကို ဝ စစ်တပ်က လုံခြုံရေး အထူးတပ်သား (၅) ယောက်လွှတ်ပြီး စောင့်ရှောက်ပေးပါတယ်။ ဗလီဖွင့်ပွဲ လုပ်ဖို့ မဏ္ဍပ်ထိုးတာကအစ ဝ စစ်တပ်က တပ်သားတွေကိုယ်တိုင် လာပြီးဝိုင်းလုပ်ပေးတာပါ။ ဝ တွေ အုပ်ချူပ်တဲ့ ဒေသမှာ ဘာသာရေးလွတ်လပ်ခွင့် အပြည့်ရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကဘဲ ခရစ်ယျာန် ချာခ်ျတခု ဖွင့်ပြီးသွားပါပြီ။ ဒီဒေသမှ ဝ အဖွဲ့က ချမှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာဖို့ဘဲ အရေးကြီးပါတယ်။ ယုံကြည်ကိုးကွယ်မှုနှင့်ပတ်သက်ပြီး ဘာမှ နှိပ်ကွပ်မှုမရှိပါဘူး။ ဘာသာရေး လွတ်လပ်ခွင့်အပြည့်ရှိပါတယ်။ ဒီဒေသမှာနေတဲ့လူတွေလဲ တကယ်ကို စိတ်ချမ်းသာပါတယ်" ဟု အခမ်းအနားကို တက်ရောက်လာတဲ့ ပန်ခမ်းမြို့ခံ အစ္စလာမ်ဘာသာဝင်တစ်ဦးက M-Media ကို ပြောပါတယ်။
" အင်တာနက်မှာ အစ္စလာမ်ဆန့်ကျင်ရေး ဝါဒဖြန့်နေသူတွေက ဝ ဒေသမှာ မွတ်စလင်တွေကို ဘယ်လိုနှိပ်ကွပ်ကြောင်း လုပ်ကြံ့ဝါဒဖြန့်နေတာတွေ ဖတ်ရတာ ကျွန်တော်တို့အတွက်တော့ ဟာသပါဘဲ။ မြန်မာပြည်မမှာ ဗလီတွေ မီးရှို့အကြမ်းဖက်ဖျက်ဆီးခံရပြီး ပြန်လည်ပြုပြင်ဖို့ မရတဲ့အချိန် ဝ ဒေသမှ အခု လို ခမ်းနားတဲ့ ဗလီကြိး ပြုပြင်ခွင့်ပေးပြီး ဝ အဖွဲ့က ကိုယ်တိုင် ဖွင့်ပွဲကို တက်ရောက်တယ်ဆိုတာ အစ္စလာမ်တွေကို နှိပ်ကွပ်တယ် ဟုတ်/မဟုတ် အကောင်းဆုံးသက်သေပါဘဲ " ဟု ၄င်းက ဆက်လက်ပြောပါတယ်။
ယခု ပန်ခမ်းမြို့မှ ပန်ခမ်းဗလီမှာ ၁၉၈၇ ခုနှစ်တွေ စတင်ဆောက်လုပ်ခွင့်ရရှိခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် တကြိမ်ပြုပြင်မွမ်းမံခဲ့ပြီး ယခု နှစ်ထပ် ဗလီအဖြစ်ပြုပြင်မွမ်းမံပြီး ၂၀၁၄ ခုနှစ် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ပန်ခမ်းမြို့တွင် ပန်းသေးဗလီ၊ အုန်းတောဗလီ် စုစုပေါင်း ဗလီ (၂)လုံးရှိပြီး အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၁၆၀ ခန့်ရှိကာ အစ္စလာမ်ဘာသာဝင် ၁၀၀၀ နီးပါးရှိကြောင်းသိရှိရပါတယ်။
ပန်ခမ်း(ခ)ပန်ဆန်းမြို့ဟာ ၀တပ်ဖွဲ့ ဟု ခေါ် သည့် ၀ ပြည် သွေး စည်း ညီညွတ်ရေး တပ်မတော် UWSA ၏ ဌာနချုပ် ရှိရာ မြို့တော်ဖြစ်ပါတယ်။ 
အစ္စလာမ်ကို လက်ခံလိုက်ပြီဖြစ်တဲ့  ကမ္ဘာကျော် မင်းသားကြီး Liam Neeson
ကမ္ဘာပေါ်မှာ အစ္စလာမ်ကို မုန်းတီး ပါတဲ့ ဆိုတဲ့ အထဲမှာ ဥရောပ နဲ့ အမေရိက က အများဆုံးပါ။
ဒါပေမယ့် လက်ရှိမှာတော့ အဲဒီ အမုန်းဆုံးပါတဲ့ အစ္စလာမ်ကို စော်ကားခဲ့ တဲ့ 
မုန်းနေတဲ့ သူတွေက ဘဲ တဖြည်းဖြည်းလက်ခံကုန်ကြပါပြီ။
ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီးဖြစ်တဲ့ Liam Neeson ဟာ ကနေ့ မှာတော့ အစ္စလာမ်သာသနာကို
လက်ခံခဲ့ ပါပြီ။(Allah Hu Akbar)
ပြောရရင် သူလည်း အစ္စလာမ် မုန်းတီးတဲ့ သူတယောက်ပါ။
Taken ဇာတ်ကားဖြင့် အောင်မြင်ကျော်ကြားလူကြိုက်များခဲ့ ပြီး
Taken 2 ဇာတ်ကားမှာလည်း မွတ်စလင်မ် တွေကို
ဗီလိန် နေရာ သူ့ သမီးနဲ့ ဇနီးကို ပြန်ပေးဆွဲတဲ့  နေရာပါ
တွေ့ ခဲ့ ရပါတယ်။
အဆိုပါ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတော်တော်များများကိုလည်း
တူရကီနိုင်ငံမှာ ရိုက်ကူးခဲ့ ပါတယ်။
အဲဒီ Taken 2 ဇာတ်ကားဟာလည်း Box Office မှာ နံပါတ် ၁ နေရာမှာချိတ်ခဲ့ ပြီး
အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အမြတ်အစွန်းရခဲ့ ပါတယ်။
အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့  Liam Neesom ဟာအရင်က
ကက်သလစ်(ခရစ်ယာန်)ဘာသာဝင်တစ်ဦးဖြစ်ခဲ့ ပြီး
တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့ ကို ရုပ်ရှင်ဇာတ်ကားသစ်ရိုက်ကူးဖို့ 
သွားရောက်ရင်းနဲ့  အစ္စလာမ် ဘာသာကို ကူးပြောင်းခဲ့ တယ်လို့ 
ကမ္ဘာကျော် website တခုဖြစ်တဲ့  The Sun မှာဖော်ပြခဲ့ ပါတယ်။
မူရင်းလင့်ခ်ကတော့ ဒီမှာပါ။
http://www.thesun.co.uk/sol/homepage/news/4083596/Liam-Neeson-news-Liam-Neeson-is-thinking-about-becoming-a-Muslim.html
နောက်ထပ် နာမည်ကြီး Web တခုဖြစ်တဲ့ Daily Mail ကလည်း ဖော်ပြခဲ့ ပါတယ်။
http://www.dailymail.co.uk/tvshowbiz/article-2091786/Liam-Neeson-considers-converting-Islam-following-trip-Istanbul.html
ကဲ ကျနော်လည်း တတ်သလောက်မှတ်သလောက်ရှာဖွေ့ပြီး မူရင်းလင့်ခ်နဲ့ တကွ တင်ထားတာနော်။
လွတ်လွတ်လပ်လပ် Share နိုင်ပါကြောင်း။
တမန်တော်မြတ်သည် အမွန်မြတ်ဆုံးလူသားဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့် က တမန်တော်မွေးနေ့ပွဲ၌ ပြောကြား
ရန်ကုန်၊ ဇန်နဝါရီ(၁၄(ရက်)၊ ၂၀၁၄။ သတင်း-ဇောင်းလေး
“ တမန်တော်မြတ်သည် အမွန်မြတ်ဆုံးလူသားဖြစ်ကြောင်း၊ တမန်တော်မြတ်ရဲ့ ဩဝါဒတော်များကို ကျိုးနွံ့နာခံရန် တမန်တော်ညွှန်ကြားပြသခြင်းဖြင့် ငြိမ်းချမ်းမှုကို ဖော်ဆောင်တဲ့ သာသနာလိ့လည်း မှတ်သားရပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် (ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သာသနာရေးဝန်ကြီးဌာန ) က တမန်တော်မြတ်မွေးနေ့ အထိမ်းအမှတ်ပြုလုပ်သည့်ပွဲတွင် အမှာစကား ပြောကြားခဲ့ပါတယ်။
၎င်းမိန့်ခွန်းအစသည်ပင် ကြွရောက်လာသောဧည့်သည့်များအား “ စလာမ်’’ ပေးပြီးနောက် အခုလို နေ့ထူးနေ့မြတ်ကြီးမှာ ကျွန်တော်အနေနဲ့ အစ္စလာမ်ဘာသာဝင်အပေါင်းတို့အပေါ် ကောင်းကျိုး မင်္ဂလာအဖြာဖြာနဲ့ ပြည်စုံကြပါစေလို့ ပြည်ထောင်စုဝန်ကြီးက ထပ်မံ မေတ္တာပို့အပ်ခဲ့ပါတယ်။
အဆိုပါပွဲကို ယနေ့မနက် (၈)နာရီခွဲအချိန်တွင် ကျူလီယာဂျာမေဗလီ ဂေါပကခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ၊ ဘာသာရေးဆရာတော်ကြီးများနှင့် ဧည့်သည်တော် အင်အား(၁၀၀၀)ခန့်တက်ရောက်ခဲ့ပါတယ်။
ဒီနေ့ဟာဆိုရင် အစ္စလာမ်ရဲ့ အလုပ်ဟာ မေတ္တတရားအရင်းခံတဲ့ အလုပ်ဖြစ်တယ်ဆိုတာဟာ မေတ္တာရှိရမယ်၊ မေတ္တာကို အရင်းခံရမယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့ရမှာမဟုတ်ပါဘူး ၊ ထာဝရသခင် အလ္လာဟ်အရှင်မြတ် နှင့် တမန်တော်မုဟမ္မဒ်တို့၏ အဆုံးအမမိန့်မှာချက်များကို လေ့လာရုံသာမက လိုက်နာကျင့်ကြံလျှက် နေ့စဉ် နေ့တိုင်း တမန်တော်မုဟမ္မဒ်၏ မွေးနေ့တော်ကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အစဉ်အဆက် အောင်မြင်နိုင်စွာ ဆောင်ရွက်နိုင်ကြပြီး လောကလူသားများ၏ အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြပါစေလို့ '’ဝန်ကြီး ဦးဆန်းဆင့်က က ဆုမွန်ကောင်းတောင်၍ စလာမ်ဆိုခဲ့ပါတယ်။
အထက်ပါပွဲကို တရားဒေသနာတော်များဟောကြား၍လည်းကောင်း၊ မြန်မာ၊ အူရဒူ၊ တမိလ် တေးကဗျာများနှင့် ကေယာမ်များရွတ်ဆိုခဲ့ပါတယ်၊ ပြီးနောက် တရာဒေသနာတော်များဟောကြားခဲ့ သည်ဆရာတော်ကြီးများကို လည်း မေတ္တလက်ဆောင်များပေးအပ်ခဲ့ပါတယ် ၊ ၎င်းပွဲကို အမျိုးသား၊ အမျီုးသမီးသီသန့်ခွဲ၍ မနက်ပိုင်းနှင့် နေ့လည်ဖြင့် နှစ်ကြိမ်ခွဲလုပ်ကြောင်း သိရပါတယ်။
 ref :Myanmar Muslim Media
တမန်တော်မုဟမ္မဒ်သခင်၏ ဘ၀သရုပ်ဖော်ပြခန်း ဒူဘိုင်းတွင် ဖွင့်လှစ်
- အစ္စလာမ်ပြက္ခဒိန်၏ တတိယမြောက် ရဗီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် တမန်တော်မုဟမ္မဒ်သခင်၏ ဖွားမြင်ရာနေ့ အထိမ်းအမှတ် အဖြစ် တမန်တော်မြတ်၏ ဘ၀သရုပ်ဖော် ပြခန်းတစ်ခုကို ဒူဘိုင်းနိုင်ငံတွင် ဖွင့်လှစ်ပြသခဲ့သည်ဟု သိရသည်။
နိုင်ငံတကာကုရ်အာန်ကျမ်းတော်မြတ်ပြခန်း(DIHQA) အဆောက်အဦးတွင် ပြုလုပ်ထားသည့် ထိုပြခန်းအား “ကိုယ်တော်မြတ်အပေါ်သို့ ငြိမ်းချမ်း သာယာမှုအဖြာဖြာ ကျရောက်ပါစေ” (Alssalamu Alaika Ayyuha Annabi) ဟု အမည်ပေးထားပြီး လွန်ခဲ့သည့် နှစ်ပေါင် ၁၄၃၅ အရင်က မုဟမ္မဒ် သခင် မွေးဖွားစဉ်အချိန်က ရှိနေသည့် မက္ကာဟ်မြို့၏ ပုံစံငယ်အပါအ၀င်၊ မဒီနာမြို့ပုံစံငယ်နှင့် မုဟမ္မဒ်သခင်၏ ဘ၀ဖြတ်သန်းပုံ အဆင့်ဆင့်ကို အသေးစိတ် ပြသထားသည်။
“မုဟမ္မဒ်သခင်ရဲ့ဘ၀ တစ်ဆင့်ခြင်းကို ဒီမှာတွေ့နိုင်ပါပြီ။ အစ္စလာမ်သာသနာရဲ့ အကြောင်းအရာတွေကိုလည်း သင်ယူနိုင်ပါတယ်” ဟု DIHQA အဆောက်အဦးတွင် တာဝန်ထမ်းဆောင်နေသည့် ဆော်ဒီနိုင်ငံမှ ပညာရှင် ဒေါက်တာ အဟ်မဒ် အလ်-ဂမ်ဒီက ယမန်နေ့တွင် ပြောကြားခဲ့သည်။
ထိုပြခန်းအား ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင်ရှိသည့် တမန်တော်မြတ်ပြတိုက်၏ ပြတိုက်ခွဲအနေဖြင့် လာရောက်ပြသခြင်းဖြစ်သည်။ မက္ကာရှိ ထိုပြတိုက်အား ဆော်ဒီ အစ္စလာမ့်ပညာရှင်၊ စာရေးဆရာ၊ ကဗျာဆရာဖြစ်သူ ဒေါက်တာ နစီရ် အလ်-ဇဟ်ရာနီက တည်ထောင်ထားခြင်းဖြစ်ပြီး၊ ယခုပြခန်းမှာလည်း နစီရ်၏ စိတ်ကူးစိတ်သန်းများဖြစ်သည်။
မုဟမ္မဒ်သခင်၏ ဘ၀ဖော်ပြမှုအပြင် မုဟမ္မဒ်သခင် အသုံးပြုခဲ့သည့် ဘီး၊ အိုး၊ အ၀တ်အစား၊ အစားအသောက်၊ ဆေးဝါးစသဖြင့် အသေးစိတ် ရှင်းလင်း ပြသထားပြီး၊ မုဟမ္မဒ်သခင်နေထိုင်ခဲ့သည့် အိမ်အတွင်း အပြင်အဆင်အား 3D ရုပ်ရှင်ဖြင့် ကြည့်ရှုနိုင်ရန်လည်း စီစဉ်ထားသည်။ ထို့ပြင် မုဟမ္မဒ်သခင် ၀တ်ဆင်ခဲ့သည့် လက်စွပ်ပုံတူကိုလည်းပြသထားပြီး၊ မုဟမ္မဒ်သခင် လမ်ညွှန်းခဲ့သည့် ဆေးနည်းများကိုလည်း ပြသရန်စီစဉ်လျက်ရှိသည်။
ပြခန်းတစ်လျှောက် အစ္စလာမ်သာသနာတော်၏ အဆုံးအမများကိုလည်း ရေးသားဖော်ပြထားသည်။
“အမျိုးသမီးတွေ၊ ကလေးတွေ၊ မွတ်စလင်မဟုတ်သူတွေ၊ တိရိစ္ဆာန်တွေနဲ့ သစ်ပန်းမာလ်တွေအပေါ်မှာ ထားရှိရမယ့် အစ္စလာမ်က ပြောထားတဲ့ အခွင့် အရေးတွေကို နံရံတွေတစ်လျှောက် ရေးသားထားပြီး မွတ်စလင်တွေ၊ မွတ်စလင်မဟုတ်သူတွေပါ အစ္စလာမ်ကို ပိုမိုနားလည် သဘောပေါက်အောင် ရည်ရွယ်တာပါ” ဟု အလ်-ဂမ်ဒီက ထည့်သွင်းပြောကြားခဲ့သည်။
Ref : Onislam
(၁၄၈၈) ကြိမ်မြောက် မဟာတမန်တော်နေ့ အခမ်းအနား (မြင်ကွင်းဓါတ်ပုံ)
နှစ်ဘ၀သခင် ကျေးဇူးတော်ရှင် မဟာတမန်တော်မြတ် ဖွားမြင်သန့်စင်ခြင်း အထိမ်းမှတ် (၁၄၈၈) ကြိမ်မြောက် မဟာတမန်တော်နေ့ အခမ်းအနားကြီးကို ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မြေနီကုန်း (မြောက်)ရပ်ကွက် ရှမ်းကုန်းလမ်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။