▼
Pages
▼
မုစ်လင်မ်မိန်းကလေးတွေ လူမှု ကွန်ယက်တွေမှာ ဓာတ်ပုံတင်တာတွေမလုပ်ဖို့ အိန်္ဒိယသာသနာ့ပညာရှင်များ တားမြစ်
အိန်္ဒိယနိုင်ငံက အစ္စလာမ် သာသနာ့ပညာရှင်တွေက မုစ် လင်မ်မိန်းကလေးတွေ လူမှု ကွန်ယက်တွေမှာ မိမိတို့ဓာတ်ပုံ တွေတင်နေကြတာကို တားမြစ်
လိုက်တယ်လို့သိရပါတယ်။
ဒါ့အပြင် Online မှာ အိမ် ထောင်ဖက် (သို့မဟုတ်)ချစ်သူ ရည်းစားရှာဖွေကြတာကိုလည်း ခွင့်မပြုဘူးလို့သိရပါတယ်။
Facebook(သို့မဟုတ်)Socialမီဒီယာတွေမှာ ဓာတ်ပုံ တွေတင်ခြင်းကို ရှောင်ကြဉ်ကြ ရပါမယ်””လို့ အူထရာပရာ ဒေ့ခ်ျပြည်နယ် Barelli NrdKU Ithhad-e- Millat ကောင်စီရဲ့ ဥက်္ကဌMaulanaTauqui က Daily Telegrahသတင်းစာကို ပြောကြားခဲ့ပါ တယ်။
““အစ်္စလာမ့်ယဉ်ကျေးမှုအရ မိန်းကလေးတွေဟာ သူစိမ်း အမျိုးသားတွေကို မျက်နှာကို ပြသခြင်းကို တားမြစ်ထားပါ တယ်။ ဒီပုံတွေကို တခြားသူတွေ အလွဲသုံးစားပြုလုပ်နိုင်ပါတယ်။ လူမှုကွန်ယက်တွေကို မိမိတို့ အလှကိုပြသခြင်းထက် ပိုမို ကောင်းမွန်တဲ့ကိစ်္စတွေအတွက် အသုံးချသင့်ပါတယ်””လို့ သူက ပြောခဲ့ပါသေးတယ်။
“Facebook မှာဓာတ်ပုံတင် ခြင်းကို ဟရာမ်တားမြစ်ထားပါ တယ်။ ကျွန်တော်တို့ အလယ် အလတ်လမ်းစဉ်ကို ကျင့်သုံးပါ တယ်။ လူငယ်တွေက Face book(သို့မဟုတ်)Twitterမှာ Profile တွေ ပြုလုပ်နိုင်လားလို့ မေးလာရင် ကျွန်တော်တို့က ခွင့်ပြုပါတယ်လို့ပဲ ဖြေရမှာပါ။ သို့သော် ရှရီအတ်ဥပဒေအရ အမျိုးသမီးတွေ ဓာတ်ပုံတင်ဖို့ ခွင့်မပြုပါဘူး””လို့ ပညာရှင်တစ် ဦးဖြစ်တဲ့ မော်လာနာ စအီဒ် အဗ်ဗာစ်နဒ်ဝီက ပြောကြားခဲ့ပါ တယ်။
Face book နဲ့Twitter တို့ကို အလုပ်အတွက် မုစ်လင်မ်တွေ အသုံးပြုခြင်း တရားတော်အရ ခွင့်ပြုချက်ရှိပါတယ်။ ဒါကိုအ သုံးပြုပြီး ဆယ်သွယ်ကြင်ဖော် ရှာခြင်းကို တားမြစ်ထားပါ တယ်””လို့ မော်လာနာစအီဒ်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
တစ်ဦးတစ်ယောက်ဟာFace bookကို စီးပွားရေးလုပ် ငန်းတွေ၊ အပြုသဘောဆောင် ရွက်တဲ့လုပ်ငန်းတွေမှာ အသုံး ပြုနေတယ်ဆိုရင် ကိစ်္စမရှိပါဘူး။အတုအရောင်မိတ်ဆွေဖွဲ့ကြတာ တွေကတော့ အကျိုးမဖြစ်နိုင်ပါ ဘူး။ ကျွန်တော်တို့ပြောတာကFacebook,Twitter အကောင့် ပြုလုပ်ခြင်းဟာ ပညာဗဟုသုတ တိုးနိုင်တာကြောင့် ကိစ်္စမရှိပေ မယ့် ဓာတ်ပုံတင်ခြင်းကတော့ အစ်္စလာမ်နဲ့ဆန့်ကျင်ပါတယ်””လို့ လည်း မော်လာနာစအီဒ်က ဖြေ ကြားခဲ့ပါတယ်။
““ဘုရ်ကအ်(ဟေဂျာဘ်)၀တ် ဆင်ခြင်းဟာ မုစ်လင်မ်အမျိုး သမီးတွေအတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ဖရပ်ဇ်အ ချက်ဖြစ်ပါတယ်။ တခြားသူ တွေမြင်နိုင်မယ့်Facebook မှာ ဓာတ်ပုံတင်ခြင်းဟာ အစ်္စ လာမ့်ရှရီအတ်မှာ ပြုမူဆောင် ရွက်ခွင့်မရှိပါဘူး””လို့ မော်လာ နာစအီဒ်နဒ်ဝီက ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
အိန်္ဒိယနိုင်ငံရဲ့လူဦးရေ ၁.၁ဘီလီယံအနက် သန်း၁၆၀ ဟာ မုစ်လင်မ်တွေဖြစ်ပါတယ်။ အင်ဒိုနဲ့ ပါကစ်္စတန်ပြီးရင် ကမ်္ဘာမှာ မုစ်လင်မ် တတိယ အများဆုံးနိုင်ငံဖြစ်ပါတယ်။
muslimvillage.com
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းနှင့်စပ်လျဉ်း၍ အိုလမာအဖွဲ့ချုပ် နိုင်ငံတော်သမ္မတထံ စာတင်
ရန်ကုန်၊ ဇွန် ၁၉
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ အစ္စလာမ်သာသနာ၏ ဘာသာရေးဆိုင်ရာ ကျင့်ထုံးများနှင့် အဆိုအမိန့်များ အကြံပြုပေးပို့ခြင်းစာကို အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ နိုင်ငံတော်သမ္မတကြီးနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများထံသို့ ဇွန် ၁၈ ရက်တွင် ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အကြံပြုတင်ပြရာတွင် ဥပဒေကြမ်း ပေါ်ပေါက်လာပုံအပေါ် လေ့လာဆန်းစစ်ခြင်း၊
ဥပဒေကြမ်း ထွက်ပေါ်လာသည့် အချိန်ကာလနှင့် ပြည်သူ့သဘောထား၊ ဥပဒေကြမ်းအား
ဖွဲ့စည်းပုံအခြေခံဥပဒေရှုထောင့်မှ ချဉ်းကပ်လေ့လာခြင်း၊ (က)
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘာသာသာသနာဆိုင်ရာ ပြဋ္ဌာန်းချက်၊ (ခ)
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက်၊
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လေ့လာခြင်း၊
ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းခြင်း၊ မြန်မာ့ဓလေ့၊ မြန်မာ့သမိုင်းနှင့်
မြန်မာ့ဥပဒေ၊ ဥပဒေကြမ်းအား လူ့အခွင့်အရေးရှုထောင့်မှ ချဉ်းကပ်လေ့လာခြင်း၊
ဥပဒေကြမ်းအား စိစစ်လေ့လာချက်၊ အကြံပြုတင်ပြချက်၊ အစ္စလာမ်သာသနာ၏
ဘာသာရေးဆိုင်ရာ ကျင့်ထုံးများနှင့် အဆိုအမိန့်များ အကြံပြုပေးပို့ခြင်းဟူ၍
ကဏ္ဍများခွဲ၍ ကျယ်ပြန့်စွာ လေ့လာသုံးသပ် အကြံပြုတင်ပြထားကြောင်း
အဆိုပါပေးပို့စာ၌ ထည့်သွင်းရေးသားထားကြောင်း တွေ့ရှိရသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲ၊ မထိပါးရေး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများမှ သွေဖည်မှု မပေါ်ပေါက်စေရေး၊ ပြည်ထောင်စုသား နိုင်ငံသားလူနည်းစုများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိရေးတို့အတွက် ပြည်ထောင်စုမြန်မာနိုင်ငံ၏ သစ္စာစောင့်သိရိုသေသူ၊ နိုင်ငံသားတာဝန်ရှိ အဖွဲ့အစည်းကြီးတစ်ရပ်အနေနှင့် မိမိတို့၏အတွေ့အကြုံ၊ ဉာဏ်စွမ်းရှိသမျှတို့ကို ရိုးသားစွာ အကြံပြုတင်ပြခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏အကြီးအကဲများ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ကိုယ်စားလှယ်ကြီးများမှ အမြော်အမြင်ကြီးစွာဖြင့် စိစစ်သုံးသပ် အဆုံးအဖြတ်ပြုပေးကြပါရန် အလေးအနက် ပန်ကြားတင်ပြရခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ ရေးဆွဲအတည်ပြုပြဋ္ဌာန်းမည်ဆိုပါက အစ္စလာမ်သာသနာ၏ ကျင့်ထုံးများ၊ အဆိုအမိန့်များနှင့် ဆန့်ကျင်ရာရောက်သည် သာမက ဘာသာအသီးသီး၏ ဘာသာရေးလွတ်လပ်မှု အခွင့်အရေးကို ထိခိုက်စေရာ ရောက်ရှိစေမည်ဟု ယူဆကြောင်း တင်ပြချက်များ ပါရှိသည်။
မေ ၂၇ ရက် နေ့စဉ်ထုတ်သတင်းစာပါ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ (မူကြမ်း) အပေါ် အကြံပြုချက်များပေးပို့ရန် ဖိတ်ခေါ်ချက်ကို အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးငါးဖွဲ့မှ ပေးပို့ဖို့တော့ ရှိကြောင်း၊ လောလောဆယ် ဘယ်နေ့ ပို့ဖြစ်မည်ကို တိတိကျကျပြော၍ မရသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်လူငယ် (ဘာသာရေး) အဖွဲ့မှ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပြောကြားခဲ့ပြီး အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှ ဦးတင်မောင်သန်းက ပေးပို့ရန် မရှိသေးကြောင်း မွန်းတည့်နေသို့ပြောကြားသည်။
သရဖီ
မွန်းတည့်နေ (အတွဲ ၂၊ အမှတ် ၂၅)

အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်ကာလ ရောက်တော့မည်ဖြစ်၍ ၀တ်ပြုဆောင်ဗလီများ ဖွင့်ပေးစေချင်ကြောင်း မိတ်္ထီလာရှိ ဒုက္ခသည်များတောင်းဆို
ဇွန် ၁၈
မကြာမီကာလအတွင်း
အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်ကာလ ရောက်ရှိမည်ဖြစ်သောကြောင့် မိတ်္ထီလာမြို့ရှိ
ဒုက္ခသည်များမှာ ရိက္ခာများ မလုံလောက်မှု ရှိကြောင်းနှင့် ၀တ်ပြုဆောင်များ
ဖွင့်ပေးစေလိုကြောင်း ဒေသခံအချို့က မွန်းတည့်နေသို့ ပြောသည်။
““ပဋိပက္ခ စစဖြစ်ပြီးတဲ့အချိန်နဲ့ အခုချိန် အလှူရှင်တွေနဲ့ ကွာသွားတာပေါ့။ ဖြစ်ဖြစ်ချင်းတုန်းက အလှူရှင် များတယ်။ အခုနောက်ပိုင်းတော့ နည်းနည်းကျသွားတယ်။ ထောက်ပံ့တာကိုတော့ ကျေးဇူးတင်ပါတယ်။ အဘတို့အိမ်တွေ ပစ္စည်းတွေ ဆုံးရှုံးပြီးပြီ။ အခု ဒုက္ခသည်ဘ၀လည်း ရောက်နေပြီ။ ဘယ်သူကိုမှလည်း အပြစ်မတင်ပါဘူး။ ဥပုသ်ဝင်တော့မှာမို့လို့ မရှိမဖြစ် လိုအပ်တဲ့ ၀တ်ပြုဆောင်များ ပြန်ဖွင့်ပေးဖို့ အဘအနေနဲ့ ဒီနေရာကနေ အစိုးရကို မေတ္တာရပ်ခံပါတယ်””ဟု ခရိုင်အားကစားကွင်းမှ ဒုက္ခသည် ဦးထွန်းရွှေက ပြောသည်။
အဆိုပါ ဒုက္ခသည်များအား တစ်လလျှင် ပဲတစ်ပိဿာ၊ ဆီ ၅၀ သား၊ ဆန် ခြောက်ပြည်ကို လစဉ် ထောက်ပံ့ရေးအဖွဲ့က ထောက်ပံ့လျက် ရှိသော်လည်း ဒုက္ခသည်များအတွက် လုံလောက်မှု မရှိသေးကြောင်း သိရှိရသည်။
““ကိုယ့်ကို ရှာကျွေးနေတဲ့ အိမ်ထောင်ဦးစီးကလည်း အရေးအခင်းမှာ အသတ်ခံရတယ်။ ကျွန်မနဲ့အတူ ကလေးသုံးယောက် ကျန်ခဲ့တယ်။ ပေးတဲ့ရိက္ခာနဲ့ မလုံလောက်တော့ ရှမ်းခေါက်ဆွဲ ရောင်းရပေမယ့်လည်း ဒုက္ခသည်အချင်းချင်းတွေချည်းပဲဆိုတော့ တစ်ပွဲ ၂၀၀နဲ့ ရောင်းရတယ်။ ကလေးတွေရဲ့ကျောင်းစရိတ်၊ ထမင်းစရိတ်တွေ ရှိတယ်။ တစ်နေ့ ၀င်ငွေ အမြတ်လေး တစ်ထောင်ကျော်လောက်နဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး””ဟု ဘောလုံးအားကစားကွင်းမှ ဒုက္ခသည် မသင်းသင်းမော်က ပြောသည်။
မိတ်္ထီလာမြို့ရှိ ခရိုင်ဘောလုံးအားကစားကစားကွင်းမှ ဒုက္ခသည်ကလေးများ၊ မိဘများ အရေးအခင်း၌ သေဆုံးသွားပြီး ကျန်ခဲ့သော ကလေးငယ်များကို ပညာမတတ်လျှင် အခုလို အများရဲ့အနှိမ်ခံ၊ အဖိနှိပ်ခံဘ၀ ရောက်မှာစိုးရိမ်၍ တစ်ပိုင်တစ်နိုင်ဖြင့် ကိုယ်တတ်ကျွမ်းထားသည့် ပညာများကို ပြန်ဝေမျှပေးခြင်း ဖြစ်ကြောင်း မခင်နှင်းဖြူ (ပထမနှစ်မြန်မာစာ) က မွန်းတည့်နေသို့ ပြောသည်။
““ရာမ်မဇာန် (ဥပုတ်လ) မှာ စားဝတ်နေရေးဆိုတာထက် မွတ်စလင်တွေမှာ ဗလီရှိမှ ဖြစ်မှာလေ။ ဗလီက ရှိနေတယ်။ ရှိနေရက်သားနဲ့ ဖွင့်မပေးတဲ့အတွက် အားလုံးရဲ့ဆန္ဒပါ။ ဒီဟာထက် ဘယ်ဟာမှ အရေးမကြီးဘူး။ ဥပုသ်စောင့်မယ့်အချိန်၊ ဥပုသ်ထမင်းစားတဲ့အချိန် အရမ်းအခက်အခဲဖြစ်မှာ စိုးရိမ်တယ်””ဟု သီရိမင်္ဂလာရပ်ကွက်မှ ဒုက္ခသည်ဖြစ်သူ မငြိမ်းငြိမ်းအေးက ပြောသည်။
““ကျွန်တော်တို့ ဥပုသ်လကလည်း ရောက်တော့မယ်။ မိုးရာသီကလည်း ကျနေပြီ။ ကျွန်တော်တို့ ကိုယ့်အိမ်ကိုယ့်ရာလေးနဲ့ပဲ တဲထိုးနေရနေရ နေချင်တယ်။ အဓိက ဥပုသ်လမှာ ဗလီလေးဖွင့်ဖို့ပဲ””ဟု ဦးမောင်မောင်က ပြောသည်။
၂၀၁၃ခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ၍ ဒုက္ခသည်စခန်းတွင် တစ်နှစ်ကြာမြင့်သည်အချိန်ထိ ဒုက္ခသည် ထောင်ကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။

ထဘီအောက်ကကြွေးကြော်သံ
ကျုပ်ဆိုတဲ့ကောင်ကလဲ
အိုဘားမား အကြံပေး အဆင့်ထိ
မှန်းထားတဲ့ကောင်ဆိုတော့ . .
နေရာတကာ အကြံပေးတတ်တယ်
ဝါသနာအရ ပိုက်ဆံတစ်ပြားမှ မယူဘူး ။
ဘုန်းဘုန်းတို့က
အူရီဒူး အဝင်call ထိ မကိုင်ဖို့
စည်းရုံးမယ် ဆိုတာလောက်နဲ့တော့
လုပ်မနေပါနဲ့ဗျာ . . . . . .
လုပ်ရင် အပြတ်သာလုပ်ရတယ်
မစို့မပို့ နဲ့ ဘာလုပ်မှာတုန်း . . .
အူရီဒူး ကင်းမဲ့ဇုန်တွေ . . .သတ်မှတ်
အူရီဒူး ရှိတဲ့အိမ် ဆွမ်းခံမကြွဘူး . . သတ်မှတ်
အူရီဒူး ကိုင်ထားတဲ့ လိုင်းကားပေါ် ဒို့မလိုက်ဘူး
ကြွေးကြော် . . .
အူရီဒူး တာဝါတိုင် ရှိတဲ့ဒေသ ဒို့ မကြွဘူး
အူရီဒူး ရှိတဲ့ဒေသ . . ဒို့ မနေဘူး
အူရီဒူးချပေးတဲ့တိုင်းပြည် . . ဒို့မနေဘူး
ချသာချစမ်းပါ . . .အားပေးတယ်
ဇာတိသွေး ဇာတိမာန် ဆိုတာ ဒီအချိန်မှ မပြရင် ဘယ်အချိန်ပြမလဲ...

Brazil 2014: ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် တောက်ပလာမည့် အာဖရိကနွယ်ဖွား မွတ်စလင် ကစားသမားများ
- ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့်အချိန် နီးကပ်လာတာနဲ့အမျှ ဒီပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရမယ့် နိုင်ငံ လက်ရွေးစင်အသင်းတွေဟာ သူတို့ရဲ့ နောက်ဆုံး လူစာရင်းကို ထုတ်ပြန်ခဲ့ကြပြီး ကမ္ဘာ့နိုင်ငံတိုင်းက အတပ်မက်ဆုံးဖြစ်တဲ့ ဆုဖလားကြီးကို ရယူဖို့အတွက် စိုင်းပြင်နေကြပါပြီ။
ဒီပြိုင်ပွဲမှာ ပါဝင်မယ့်အသင်းတွေနဲ့ အတူ တောက်ပလာမယ့် မွတ်စလင်
ကစားသမားတွေလည်း ရှိနေပြီး အဲဒီအထဲက အာဖရိကနွယ်ဖွား ကစားသမား အချို့ကို
ဖော်ပြလိုက်ရပါတယ်။
ယာယာတိုးယေး
——————–
——————–
အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ တိုးယေးဟာ မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက အလယ်တန်းလူ ဖြစ်ပါတယ်။ အိုက်ဗရီကို့စ် အသင်းနဲ့အတူ ကမ္ဘာ့ဖလာပြိုင်ပွဲမှာ ပါဝင်လာမှာဖြစ်ပြီး ကစားသမားဘ၀တစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်မြောက် ယှဉ်ပြိုင် ကစားခွင့်ရတာပါ။
ပထမဆုံးနိုင်ငံတကာပွဲကို ၂၀၀၄ ခုနှစ်မှာ စတင်ကစားခဲ့တဲ့ တိုးယေးဟာ
ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ စပိန်လာလီဂါ ၂ ကြိမ်၊ ပရီးမီးယားလိဂ် ၂
ကြိမ်၊ ဂရိစူပါဖလား ၁ ကြိမ်၊ ဥရောပချန်ပီယံလိဂ် ၁ ကြိမ်နဲ့
ပြည်တွင်းဖလားတွေအပါအ၀င် ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူး ရရှိခဲ့ပါတယ်။
ပွဲစဉ်တစ်ခုမှာ အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံရတဲ့ တိုးယေးကို
ရှမ်ပိန်တစ်ပုလင်း ဆုချခဲ့ပေမယ့် မိမိဟာ အစ္စလာမ်ဘာသာဝင်ဖြစ်တာမို့
ဒီဆုကိုလက်မခံဘူးလို့ တိုးယေးက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ဖူးပါတယ်။
သူရဲ့တည်ငြိမ်လှတဲ့ကစားဟန်၊ ဦးဆောင်နိုင်စွမ်းနဲ့အတူ
အိုက်ဗရီကို့စ်အသင်းကို ဘယ်အဆင့်အထိ ခေါ်ဆောင်သွားနိုင်မလဲဆိုတာကိုတော့
ကမ္ဘာ့ဘောလုံးပရိတ်သတ်တွေ စောင့်ကြည့်ရပါတော့မယ်….
ကိုလိုတိုးယေး
—————
—————
ယာယာတိုးရေးရဲ့ အကိုဖြစ်ပြီး အာဖရိကရဲ့ အတွေ့အကြုံအရင့်ဆုံး နောက်ခံလူတစ်ဦးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းမှာကစားတဲ့ ကိုလိုတိုးယေးဟာ အိုက်ဗရီကို့စ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မှာဖြစ်ပြီး ညီဖြစ်သူလိုပဲ ကမ္ဘာ့ဖလားကို တတိယအကြိမ်မြောက် ယှဉ်ပြိုင်ကစားရတာပါ။
၁၉၈၁ ခုနှစ်မှာမွေးတဲ့ ကိုလိုတိုးယေးဟာ ၂၀၀၀ ခုနှစ် ဇူလိုင်လမှာ
နိုင်ငံအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး အခုအချိန်မှာတော့
အိုက်ဗရီကို့စ်အသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားပြီးပါပြီ။
နောက်ခံလူတစ်ဦးဖြစ်ပေမယ့် နိုင်ငံအတွက် သွင်းပေးထားတဲ့
ဂိုးအရေအတွက်ကတော့ ၆ ဂိုးဖြစ်ပြီး အခုပြိုင်ပွဲမှာလည်း ကိုလိုတိုးယေးဟာ
ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကို ကြံ့ကြံ့ခံကာ အိုက်ဗရီကို့စ်ပြည်သူတွေအတွက်
ဂိုးတွေသွင်းယူပေးနိုင်မလားဆိုတာကိုတော့ မကြာမီကျင်းပမယ့်
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တွေ့မြင်ရမှာပါ……
ဆူလေး မွန်တာရီ
———————-
———————-
ဂါနာလက်ရွေးစင် ကစားသမားဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်က မွေးဖွားခဲ့တဲ့ မွန်တာရီဟာ အီတလီကလပ် စီးရီးအေသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားတစ်ဦးပါ။
နိုင်ငံအတွက် ၈၁ ပွဲကစားပေးထားပြီး ၂၁ ဂိုးသွင်းယူပေးထားနိုင်တဲ့အထိ
ခြေစွမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။ မွန်တာရီဟာ အင်္ဂလန်ကလပ်
ပို့စ်မောက်အသင်းနဲ့အတူ FA ဖလားကိုလည်း ဆွတ်ခူးရရှိခဲ့ဖူးပါတယ်။ ၂၀၀၆ နဲ့
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂါနာအသင်းနဲ့ ပါဝင်ခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလား
ချက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ မွန်တာရီဟာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် နောက်ဆုံးအဆင့်မှာ ဂါနာရဲ့
ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ အိမ်ဖြည့်အသင်းသာဖြစ်ခဲ့တဲ့ ဂါနာဟာ
ပြီးခဲ့တဲ့ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့
အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ကွာတာဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီနှစ်မှာလည်း ဂါနာအသင်းဟာ ဘယ်အဆင့်ထိ တက်လှမ်းနိုင်မလဲ။ မွန်တာရီဟာလည်း
အသင်းအတွက် ဂိုးတွေ ဘယ်လောက်သွင်းနိုင်မလဲ။ ကမ္ဘာ့ဖလားပရိတ်သတ်တွေ
ရင်ခုန်ရပါဦးမယ်……
အဟ်မဒ် မူဆာ
—————
—————
၁၉၉၂ ခုနှစ်မှာ မွေးတဲ့ နိုက်ဂျီးရီးယားလူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ တိုက်စစ်မှူးဖြစ်ပြီးနိုက်ဂျီးရီးယား လက်ရွေးစင်အသင်းအတွက် အဓိက ကစားသမားအဖြစ် ရွေးချယ်ခံထားရသူပါ။
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘ၀ကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပေမယ့် မူဆာရဲ့
အံ့အားသင့်စရာ ခြေစွမ်းကြောင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလမှာ
နိုက်ဂျီးရီးယားအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။
လက်ရှိမှာတော့ ရုရှားကလပ် စီအက်စ်ကေအေမော်စကိုအသင်းမှာ ကစားနေပြီး
ဘရာဇီးလ်မှာ နိုင်ငံအသင်းနဲ့အတူ ဘယ်လောက်အထိ
တောက်ပလာနိုင်မလဲဆိုတာကိုတော့…………..
Ref: OnIslam
အစ္စလာမ့်ပြပွဲ တစ်ခုကို ဂျပန်နိုင်ငံတွင် ပထမဆုံး အကြိမ် ပြုလုပ်
ဇွန်လ ၁၁ ရက်၊ ၂၀၁၄
M-Media
- နိုင်ငံအတွင်းရှိ ပြည်သူများအကြား အတူယှဉ်တွဲနေထိုင်ရေးနှင့် သဟဇာတဖြစ်ရေးကို ရည်ရွယ်သည့် အစ္စလာမ် သာသနာနှင့် ပတ်သက်သော ပြပွဲတစ်ခုကို ဂျပန်နိုင်ငံ ကျိုတိုမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

“အိုမန်မှ အစ္စလာမ့်သတင်းစကား” ခေါင်းစဉ်ဖြင့် ဒိုရှိရှာ တက္ကသိုလ်တွင်
ပြုလုပ်ခဲ့သည့် အဆိုပါပြပွဲကို အိုမန်ဒါန၀တ္ထိကနှင့် သာသနာရေးဝန်ကြီးဌာနက
စီစဉ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပြပွဲမျိုးကို ကမ္ဘာ့တစ်ဝှမ်းတွင်
ပြုလုပ်ဆောင်ရွက်နေခြင်းဖြစ်သည်။
“ကျွန်တော်လုပ်နိုင်တဲ့ အကောင်းဆုံး အရာကတော့ ငြိမ်းချမ်းရေး
သတင်းစကားနဲ့ ဆုမွန်ကောင်းကို လူသားထု တစ်ရပ်လုံးကြားမှာ
ပြန့်ပွားစေဖို့ပါ” ဟု အဆိုပါ ၀န်ကြီးဌာနရုံးမှ အကြံပေး ဒေါက်တာ မိုဟာမက်
ဘင် စအီဒ် အလ် မာမာရီက ပြောကြားခဲ့သည်။
ထိုပြပွဲတွင် အိုမန်ဆူလ်တန်များ၏ ဘ၀ဇာတ်ကြောင်း အသေးစိတ်
အချက်အလက်များနှင့် အတူယှဉ်တွဲနေထိုင်မှု သဘောတရားများကို
မြှင့်တင်ပေးရာတွင် ထားရှိသည့်တန်ဖိုးများင့် ကျင့်ဝတ်များကို
ပန်းချီကားများဖြင့် သရုပ်ဖော်ပြသထားပြီး၊ အစ္စလာမ် သာသနာ၏
သင်ကြားချက်များကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။
ထိုကဲ့သို့ ပြသမှုအား ဂျပန်နိုင်ငံကလည်း ကြိုဆိုခဲ့ကြသည်။
“အကြောင်းအရာအသစ်တွေကို သင်ယူဖို့ ဂျပန်ပြည်သူတွေဟာ အဆင်သင့်ရှိပါတယ်။
ပြီးတော့ အစ္စလာမ်နဲ့ပတ်သက်ပြီး သင်ယူဖို့အတွက်လည်း ဂျပန်တွေက
စိတ်ဝင်စားကြပါတယ်။ ဒီပြပွဲဟာ ဂျပန်ပြည်သူတွေအတွက် အစ္စလာမ်ရဲ့
အခြေခံသဘောတရားတွေကို သင်ယူနိုင်တဲ့ အခွင့်အလမ်းကို ဖန်တီးပေးပါတယ်။
ခန္တီတရားနဲ့ ပတ်သက်တဲ့ သတင်းစကားတွေကို ဖြန့်ဝေရာမှာ အိုမန်ပြည်သူတွေရဲ့
ကောင်းမွန်တဲ့ ကူညီမှုပါပဲ” ဟု ဘာသာယူဝါများ လေ့လာမှုစင်တာမှ ဒါရိုက်တာ
ကာတာရှီရို ကိုဟာရက အဆိုပါ ပြပွဲ၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ုထို့ပြင် ဒိုရှိရှာ တက္ကသိုလ်မှ အတွေးအခေါ်ဆိုင်ရာ ပါမောက္ခ ဂျူနီယာ ရှီနိုဟီကလည်း
“ဒီပြပွဲကို ဒိုရှီရှာ တက္ကသိုလ်မှာလုပ်ဖို့ ရွေးချယ်ခဲ့တဲ့ ဒေါက်တာ
အလ်မာမာရီ ဦးဆောင်တဲ့ အိုမန်ကိုယ်စားလှယ်အဖွဲ့ကို ကျွန်တော်တို့
ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် အစ္စလာမ့်သာသနာနဲ့ အိုမန်နိုင်ငံ
အကြောင်းတွေကို ဂျပန်လူမျိုးတွေ နားလည်နိုင်တဲ့ ဒီလိုပြပွဲမျိုးဟာ သိပ်ကို
အရေးပါပါတယ်” ဟု ပြောကြားခဲ့သည်။
အိုမန်နိုင်ငံမှာ တမန်တော်မုဟမ္မဒ်သခင်(ဆွ) သက်တော်ထင်ရှားရှိစဉ်ကတည်းက
အစ္စလာမ်သာသနာကို လက်ခံလာခဲ့ခြင်းဖြစ်ပြီး မုဟမ္မဒ်သခင်ထံသို့
ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ကာ အစ္စလာသာသနာနှင့်ပတ်သက်သည့် လေ့လာမှုများကို
အာတက်သရော ဆောင်ရွက်ခဲ့ကြသည်။
အစ္စလာမ် သာသနာမှာ ဂျပန်နိုင်ငံသို့ ၁၉၂၀ ပြည့်နှစ်များကတည်းက
ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်များတွင်တိုးပွားလာခဲ့ကာ
ယခုအချိတွင် ဂျပန်နိုင်ငံတွင် အစ္စလာမ်သာသနာဝင် ဦးရေမှာ
ခန့်မှန်းခြေအားဖြင့် တစ်သိန်းနှစ်သောင်းခန့်ရှိသည်။
Ref: OnIslam & Newspapers
မနက်စောစောထတတ်သူတွေ ခံစားရလေ့ရှိတဲ့ အကျိုးကျေးဇူးများ
မနက်စောစော အိပ်ယာထတတ်သူတွေဟာ ကျန်းမာရေးအရရော၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ နဲ့ လုပ်ငန်းခွင်ထဲက ယုံကြည်မှု ရှိမှုအရာတွေမှာ အိပ်ယာထနောက်ကျသူတွေထက် ပိုတဲ့ ကောင်းကျိုးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့
၁။ မနက်စောစော ထတတ်တဲ့သူတွေဟာ ကိုယ်လက်လေ့ကျင့်ခန်း နဲ့ လူမှုရေးပိုင်းဆိုင်ရာ ပါဝင်လှုပ်ရှားမှုတွေ ပိုမိုတတ်ပြီး အိပ်ယာပုံမှန်ထလေ့မရှိတဲ့သူတွေ၊ အိပ်ယာထနောက်ကျတတ်တဲ့သူတွေထက်စာရင် ပိုပြီး သွက်သွက်လက်လက် ရှိပါတယ်။
၂။ပျော်ရွင်ကျေနပ်မှုရှိတဲ့ အပိုင်းမှာလည်း ဒီလိုပါပဲ။ သူတို့ဟာ စိတ်ကြည်လင်နေတဲ့အတွက် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သလို ပိုပြီးတော့လည်း အကောင်းမြင်တတ်ပါတယ်။
၃။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေတတ်ပါတယ်။ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင်လည်း ဒါကို ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးတွေ ရှိနေတတ်ပါတယ်။
၎။အစားအသောက်ပုံမှန် စားဖြစ်တဲ့အတွက် ကျန်းမာရေးပိုကောင်းစေပါတယ်။ အိပ်ယာထနောက်ကျလို့ မနက်စာ မစားဖြစ်ပဲ နေ့လည်စာတန်းစားတာမျိုးလည်း မဖြစ်တော့ပါဘူး။
၅။လွယ်လွယ်ကူကူ စိတ်ဓာတ်မကျတော့ပါဘူး။ ဆေးပညာမှတ်တမ်းတွေ၊ စစ်တမ်းကောက်ချက်တွေအရဆိုရင် မနက်စောစော အိပ်ယာထတတ်တဲ့သူတွေဟာ စိတ်ကျဝေဒနာခံစားရတာမျိုး သိပ်မရှိသလို အလုပ်ကြောင့်၊ လူမှုရေးတွေကြောင့် စိတ်ဓာတ်ကျတာမျိုးတွေလည်း သိပ်မဖြစ်ပါဘူးတဲ့။
Ref:womenshealthmag.com