အစိုးရကိုယ်စား ပန်းစကားလှုပ်ရှားမှုကို ထောက်ခံကြောင်း
ရဲထွဋ်က
သူ့ ဖေ့စ်ဘွတ် စာမျက်နှာမှ ကြေညာခဲ့တယ်။ ဒီလှုပ်ရှားမှု ပေါ်ပေါက်လာသင့်တာ
တော်တော်ကြာပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ခုမှပေါ်လာတော့လည်း
ကြံဖန် ကျေးဇူးတင်ရမှာပေါ့။ အကောင်းဆုံးကတော့ လူမျိုးရေး/
ဘာသာရေး မုန်းတီးမှု ဖြစ်ပွားလာအောင် သွေးထိုးလှုံ့ဆော်နေတဲ့ ဘုန်းကြီး၊
နိုင်ငံရေးသမား၊ အောက်တန်းစား အကုန်လုံးကို မှတ်လောက်သားလောက်အောင်
ဆုံးမဖို့ပဲ လိုတယ်။ နှစ်ရှည်ထောင်ဒဏ်တွေ တနင့်တပိုး
ငွေဒဏ်တွေချမှတ်လိုက်ရမှာ။
နောက်ပြီးတော့ ရဲထွဋ်တင်ထားတဲ့
ပိုစ်ထဲက အောက်ပါစာပိုဒ်ကို အရမ်းအရမ်း ကြိုဆိုပါတယ်။ “အစၥလာမ္ဘာသာရဲ့
တည်ရှိမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၂ မှာ
အာမခံထားပြီး ဖြစ်ပါတယ်။ အဲဒီလိုပဲ နိုင်ငံသားပြုခွင့် ရထားတဲ့
ဘင်္ဂလီ လူမျိုးများရဲ့ နိုင်ငံသားအခွင့်အရေးများကို ငြင်းပယ်တာ မဟုတ်ပါဘူး။
နိုင်ငံသားများရဲ့ အခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ
အာမခံထားပြီး ဖြစ်ပါတယ်။ ”
ဒီနိုင်ငံမှာ တော်တော်များများက
ဘင်္ဂလီဆိုရင် ခိုးဝင်လို့ပဲ အရိုးစွဲအောင် ထင်နေကြတာလေ။ အမှန်တော့
ဒီလိုကြေညာချက်မျိုး၊ စာပိုဒ်မျိုးတွေကို ပြည်သူတွေ အစောကြီးကတည်းက
ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိအောင် ထုတ်ပြန်ကြေညာသင့်တယ်။ ပြီးတော့
ဘာသာရေး စော်ကားတာကို ထိရောက်စွာ အရေးယူသင့်တယ်။ ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ Not
for Muslims and Christians တို့  Only for Buddhist တို့ မဖြစ်သင့်ဘူး။
ဥပမာ ဖြစ်ခဲ့ပြီးတဲ့ ဖြစ်စဉ်တချို့ ကို ပြန်ပြောရမယ်ဆိုရင်
ကွမ်းယာဆိုင်မှာ ကပ်ထားတဲ့ ၉၆၉ စတေကာကို ခွါတယ်ဆိုပြီး
မတရား ဖမ်းဆီးထောင်ချခံရတဲ့ မွတ်စလင်တစ်ယောက်ရှိခဲ့ပေမယ့် မင်္ဂလာဒုံမြို့ နယ်
ခလောက်ကွန်ဒိုင် ကျေးရွာမှာရှိတဲ့ ဗလီထဲကိုဝင်ပြီး
အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ကို စုတ်ဖြဲတဲ့
ဗုဒ္ဓဘာသာဝင်ကို အရေးမယူတာဟာ လုံးဝ တရားမျှတခြင်း မရှိဘူး။ ထပ်ဖြည့်ပြောရမယ်ဆိုရင် လွှတ်တော်ဥက္ကဌကြီး သူရရွှေမန်းက ၉၆၉တွေကို
ဖမ်းဆီး အရေးယူမယ်ဆိုပြီးတောင် တရားဝင်ကြေညာခဲ့သေးတာပဲ။
စတေကာ ခွါတာအပြစ်မှ မဟုတ်တာ (အမှန်တကယ်လည်း မခွါခဲ့ကြောင်းနဲ
့ချောက်တွန်းခံရကြောင်း စုံစမ်းသိရှိပြီး)
ဒါပေမယ့် ကျနော်တို
့မွတ်စလင်တွေ တစ်ခုတော့ သတိထားရမယ်။ အစိုးရဟာ ရွေးကောက်ပွဲ
နီးကပ်လာပြီဆိုရင်
မွတ်စလင်တွေကို ချော့ပေါင်း တတ်တယ်။ ဟိုနေရာမှာ ဗလီဆောက်ခွင့်ပေးမယ်၊
ဟိုဗလီကို ပြင်ခွင့်ပေးမယ်၊ ဟိုကျောင်းကို ဆောက်ခွင့်ပေးမယ်၊ ဟိုမြို့က
နှစ်ရှည်ပိတ်ထားတဲ့ ဗလီတွေထဲက တစ်လုံးလောက်ကို အသုံးပြုခွင့်
ပြန်ဖွင့်ပေးမယ် စတဲ့ မက်လုံးတွေနဲ
့ကမ်းလှမ်းလာတတ်တယ်။
နောင်ခါလာ နောင်ခါဈေး၊
အခုရတဲ့ အခွင့်အရေး မလွှတ်တမ်း ကိုင်မယ်ဆိုတဲ့ အတွေးမျိုးတွေ
မြန်မာမွတ်စလင်မ် လူထုရဲ့ ဦးနှောက်ထဲမှာ မရှိသင့်တော့ဘူး။ လက်ရှိအစိုးရက
ဘာမှ ကတိတည်ခဲ့တာ မဟုတ်ဘူး။ လက်ရှိအစိုးရအဖွဲ့ထဲမှာ
သမိုင်းတရားခံတွေ အများကြီး ရှိတယ်။ အောင်သောင်း၊ ရဲမြင့်၊ အောင်သိန်းလင်း စသဖြင့်ပေါ့။
ဒီတော့ NLD ကို မဲမပေးချင်နေကြပါ။ လက်ရှိအစိုးရ ကြံ့ဖွတ်ကိုတော့
မဲမပေး မိစေနဲ့။ ဒီကြံ့ဖွတ်က လူတွေ မဲဆွယ်ပြီဆိုရင် မျက်စိထဲမှာ
တောင်ကုတ် အဖြစ်အပျက်၊ မိတ္ထီလာ၊ လားရှိုး၊ ထန်းကုန်း၊ ဥက္ကံ၊
ပဲခူးတိုင်း အနောက်ခြမ်းနဲ့ အခုလက်ရှိ လှည်းကူးက အဖြစ်အပျက်တွေကို
ပြန်ပြောင်းမြင်ကြပါ။
နိုင်ငံရေး ကျွမ်းကျင်သူတစ်ချို
့ သုံးသပ်ပုံအရဆိုရင် အခုဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေက
အတိုက်အခံပါတီ NLD အသာစီးရထားတဲ့မြို့ တွေဖြစ်နေတဲ့အတွက် အစိုးရစနက် မကင်းဘူး
(တချို့ ကလည်း State-Sponsor သေချာတယ်) လို့ ဆိုကြတယ်။
ရခိုင်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကလည်း
ရခိုင်ပါတီ ကြီးစိုးတဲ့ဒေသတွေမှာ ပိုပြီး အဖြစ်များတယ်လို့ ဆိုတယ်။
ဒီတိုင်းဆိုလက်ရှိအာဏာရ ကြံ့ဖွတ်အစိုးရက မွတ်စလင်တွေကို မချော့ခင်အရင် သူတို
့လက်ဦးမှုရယူလိုတဲ့ ဒေသတွေမှာ မီးလောင်တိုက်သွင်းဦးမယ့် သဘောရှိတယ်။
ကျနော် အကြံပေးချင်တာကတော့ မွတ်စလင်တွေအနေနဲ့ နိုင်ငံရေး မလုပ်နဲ့လို
့မဆိုလိုပါဘူး။ ဒါပေမယ့် ပါတီနိုင်ငံရေး မလုပ်စေချင်ဘူး။
ကိုယ့်မွတ်စလင်တွေအတွက် အကောင်းဆုံးဖြစ်တာကိုတော့ လုပ်ကြပါ။ ကျနော်တို
့ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ရမှာ။
ဘာဖြစ်လို့ လဲဆိုတော့ ကျနော်တို့အတွက် ဘယ်သူကမှ ကြည့်ပေးမှာ မဟုတ်ဘူး။ NLD ကိုလည်း ထောက်ခံဖို့ မလိုဘူး။
ဒေါ်စုကယ်ပါလည်း အော်နေဖို့ မလိုဘူး။ ပြည်ပကနေ မစားရ ၀ခမန်း စကားလုံးတွေနဲ
့လက်ရှိအစိုးရကို ဘာလုပ်လိုက်မယ်၊ ညာလုပ်လိုက်မယ် စသဖြင့် လေလုံးထွားပြီး
ပြည်တွင်းက မွတ်စလင်တွေကို ဒုက္ခပိုရောက်အောင် လုပ်နေတာတွေကိုလည်း
နားမယောင်ဖို့ အပြင် ရှုံချဖို့ ပါ လိုအပ်တယ်။
ထပ်ပြီး နာအောင်ပြောရမယ်ဆိုရင်
ကျနော်တို့ မွတ်စလင်တွေဘ၀က နိုင်ငံရေးမှာ အသုံးချခံတွေ။
ထပ်ပြောပါဦးမယ်။ NLD ကို မထောက်ခံလို့ ထောက်ခံလို့ ဘာမှ မဖြစ်သွားဘူး။
ကြံ့ဖွတ်ကိုတော့ မထောက်ခံမိစေနဲ့။ ကြံ့ဖွတ်နဲ့ ပူးပေါင်းပြီး လွှတ်တော်ထဲ ၀င်မိထားသူတွေလည်း ထွက်ချိန်တန်ပြီ။ ၀င်ဖို
့ပြင်ဆင်နေသူတွေလည်း ကျောခိုင်းပြီး ပြန်လှည့်သင့်ပြီ။
Related Posts :
- Back to Home »
- အတွေးအမြင် »
- မွတ်စလင်တွေရှေ့ ဆက်နိုင်ငံရေးလမ်းကြောင်းမှာဘယ်လိုသွားသင့်လဲ?