Pages

လက်နက် အပြည့်အစုံ တပ်ဆင်ထားသော တိုက်ပွဲဝင် ရဟတ်ယာဉ် ၁ဝ စင်းရုရှား နိုင်ငံမှ အီရတ်နိုင်ငံသို့ ပေးပို့သွားမည်

မော်စကို      ဇွန်      ၂၉
ရုရှားနိုင်ငံသည် အီရတ်နိုင်ငံနှင့် ချုပ်ဆိုထားသော အမေရိကန် ဒေါ်လာ ၄ ဒသမ ၃ ဘီလျံတန်ဖိုးရှိ လက်နက် တင်ပို့ရေး သဘောတူ စာချုပ်အရ  လက်နက် အပြည့်အစုံ တပ်ဆင်ထားသော  Mi-28
တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ဝ စင်းအား အီရတ်နိုင်ငံသို့ ပေးပို့ သွားမည်ဖြစ်ကြောင်း ရုရှားလက်နက် ရောင်းဝယ်ရေး ကိုယ်စားလှယ် တစ်ဦးက ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
အီရတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အဆိုပါ ကာကွယ်ရေးနှင့် နည်းပညာဆိုင်ရာ သဘော တူညီမှုအား ၂ဝ၁၂ ခုနှစ်က ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သဘော တူညီချက် စာချုပ်အရ  ယခုကဲ့သို့  ညတိုက်ခိုက် ရေးရဟတ်ယာဉ် ပေးပို့ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။
ထို့အပြင် အဆိုပါ ရဟတ်ယာဉ်နှင့်အတူ ရဟတ်ယာဉ်မောင်းနှင် နည်းနှင့် နည်းပညာပိုင်း ဆိုင်ရာ လေ့ကျင့်မှုများ ပေးအပ်သွားမည် ဖြစ်ပြီး လိုအပ်သော လက်နက်စနစ်များ ကိုလည်း  ပေးပို့သွား မည် ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်တွင်လက်မှတ်တုဖြင့်လှုံဆော်သူများအား ဖော်ထုတ်အရေးယူ မည်

ဇွန်လ ၂၁ ရက် ၊ ၂၀၁၃ ခုနှစ်

ကျောက်ဆည်တွင် ပဋိပက္ခများဖြစ်ပွားစေရန် အစ္စလာမ်ဘာသာဝင်များ မှ ဖြန့်ဝေသည့်ဟန်ဖြင့် စာရွက်များအသုံးပြုကာ လိုက်လံလှုံ့ဆော်နေသူများ အား ဖော်ထုတ်အရေးယူသွားမည်ဟု ကျောက်ဆည် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျောက်ဆည်မြို့အနီးပတ်ဝန်းကျင်ရှိ ဆူးကုန်း၊ တောင်နံ့သာ၊ ငှက်ကတောင်ရွာ စသည်တို့တွင် ယင်းစာရွက်များ ကို ဆိုင်ကယ်ဖြင့် လာရောက်ဖြန့်ကျဲခဲ့သည်နှင့်ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေး မှူးက ကျောက်ဆည်မြို့နယ် ဓမ္မာရုံတွင်ကျင်းပခဲ့သည့် ဆရာတော်ကြီးများ၏ သြ၀ါဒခံယူပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါစာရွက်များ၌ လက်ပံရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်စိုးအမည်နှင့် လက်မှတ်အတုများကိုသုံးစွဲကာ ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဟူ၍ အစ္စလာမ်ဘာ သာဝင်များမှ တိုက်တွန်းသယောင်ဖြင့် ရေး သားဖော်ပြထားသည်။

“ဒီကြေညာချက်ကို ဘယ်မွတ်စ်လင်မ်မှ အယုံအကြည်မရှိ ပါဘူး။ မြန်မာ မွတ်စ်လင်မ်တွေအတွင်းမှာ အဲဒီလို သဘောထားမျိုး လုံးဝမရှိဘူးဆိုတာ အားလုံးသိပါတယ်” ဟု ကျောက်ဆည်မြို့ခံ မွတ်စ်လင်မ်တစ်ဦးက ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူးက “ဒီလိုဆူပူမှုတွေ၊ မတည်ငြိမ်မှုတွေဖြစ်အောင်လုပ်နေ သူတွေကို ရှာဖွေပြီး ဖော်ထုတ်အရေးယူ သွားမှာပါ။ ကျွန်တော်တို့ ဒေသ မှာ နှစ်ဖက်ဘာသာဝင်တွေ ချစ်ချစ်ခင်ခင်နေလာခဲ့ကြတာပါ” ဟု ပြောသည်။

အဆိုပါသြ၀ါဒခံယူပွဲသို့ သက်ဆိုင်ရာဘာသာဝင်များ၊ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ဆရာတော်ကြီးများက အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ တစ်သားတည်း ဖြစ်ရန်လိုကြောင်းနှင့် ဆူပူ မှုဖြစ်အောင် ပြုလုပ်သူများကို ဖော်ထုတ်အရေးယူရန် လိုအပ်ကြောင်း မိန့်ကြားခဲ့သည်။


မင်းမင်းလတ်-မန္တလေး(မြစ်မခ)/မြန်မာခရိုနီကယ်
ကျောက်ဆည်တွင်လက်မှတ်တုဖြင့်လှုံဆော်သူများအား ဖော်ထုတ်အရေးယူ မည်

ဇွန်လ ၂၁ ရက် ၊ ၂၀၁၃ ခုနှစ်

ကျောက်ဆည်တွင် ပဋိပက္ခများဖြစ်ပွားစေရန် အစ္စလာမ်ဘာသာဝင်များ မှ ဖြန့်ဝေသည့်ဟန်ဖြင့် စာရွက်များအသုံးပြုကာ လိုက်လံလှုံ့ဆော်နေသူများ အား ဖော်ထုတ်အရေးယူသွားမည်ဟု ကျောက်ဆည် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျောက်ဆည်မြို့အနီးပတ်ဝန်းကျင်ရှိ ဆူးကုန်း၊ တောင်နံ့သာ၊ ငှက်ကတောင်ရွာ စသည်တို့တွင် ယင်းစာရွက်များ ကို ဆိုင်ကယ်ဖြင့် လာရောက်ဖြန့်ကျဲခဲ့သည်နှင့်ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေး မှူးက ကျောက်ဆည်မြို့နယ် ဓမ္မာရုံတွင်ကျင်းပခဲ့သည့် ဆရာတော်ကြီးများ၏ သြ၀ါဒခံယူပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါစာရွက်များ၌ လက်ပံရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်စိုးအမည်နှင့် လက်မှတ်အတုများကိုသုံးစွဲကာ ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဟူ၍ အစ္စလာမ်ဘာ သာဝင်များမှ တိုက်တွန်းသယောင်ဖြင့် ရေး သားဖော်ပြထားသည်။

“ဒီကြေညာချက်ကို ဘယ်မွတ်စ်လင်မ်မှ အယုံအကြည်မရှိ ပါဘူး။ မြန်မာ  မွတ်စ်လင်မ်တွေအတွင်းမှာ အဲဒီလို သဘောထားမျိုး လုံးဝမရှိဘူးဆိုတာ အားလုံးသိပါတယ်” ဟု ကျောက်ဆည်မြို့ခံ မွတ်စ်လင်မ်တစ်ဦးက ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူးက “ဒီလိုဆူပူမှုတွေ၊ မတည်ငြိမ်မှုတွေဖြစ်အောင်လုပ်နေ သူတွေကို ရှာဖွေပြီး ဖော်ထုတ်အရေးယူ သွားမှာပါ။ ကျွန်တော်တို့ ဒေသ မှာ နှစ်ဖက်ဘာသာဝင်တွေ ချစ်ချစ်ခင်ခင်နေလာခဲ့ကြတာပါ” ဟု ပြောသည်။

အဆိုပါသြ၀ါဒခံယူပွဲသို့ သက်ဆိုင်ရာဘာသာဝင်များ၊ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ဆရာတော်ကြီးများက အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ တစ်သားတည်း ဖြစ်ရန်လိုကြောင်းနှင့် ဆူပူ မှုဖြစ်အောင် ပြုလုပ်သူများကို ဖော်ထုတ်အရေးယူရန် လိုအပ်ကြောင်း မိန့်ကြားခဲ့သည်။


မင်းမင်းလတ်-မန္တလေး(မြစ်မခ)/မြန်မာခရိုနီကယ်

ကျိုက္ကဆံသုသာန်ဗလီရှေ့တွင် အမျိုးသားတစ်ဦး သွေးအန်သေဆုံး



သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ သုသာန်ရှိ စွန်နီဂျာမေဗလီ ကျောင်းရှေ့တွင်
ဇွန်လ ၂၁ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ် ခန့်က လူတစ်ယောက် သွေးအန်သေဆုံး ခဲ့သည်ဟု အဆိုပါ ဆ/ခ ရပ်ကွက် အုပ်ချုပ်ရေးမှူးက The Voice သို့ ပြောကြားသည်။

သေဆုံးသူသည် သင်္ဃန်းကျွန်း မြို့နယ်၊ ဆ/က ရပ်ကွက်၊ ရတနာဒီပလမ်း၊ အမှတ်-၉၅/၁၁၄ နေ ဦးသံချောင်း (ခ) အန်ကာစူ ၄၇ နှစ်ဖြစ်ပြီး ၄င်းမိသားစု၏ ပြောပြချက်အရ သေဆုံးသူတွင် တီဘီ ရောဂါနှင့် ဆီးချိုရောဂါရှိကြောင်း သိရသည်။

ဦးသံချောင်းသည် နေ့လယ် ၁၂ နာရီ ဝန်းကျင်က ဝတ်ပြုချင်တယ် ပြောပြီး အိမ်မှထွက်သွားရာ ဘုရားကျောင်းရှေ့ အရောက်တွင် မောသည်ဟု ပြောပြီး
ကျောင်းရှေ့ရှိ ထိုင်ခုံတွင် ခေတ္တနားနေစဉ် သွေးအန်ပြီး သေဆုံးခြင်းဖြစ်သည်။
"ပါးစပ်ကရော နှာခေါင်းကပါ သွေးအန်ပြီး သေဆုံးသွားတာပါ" ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြော ကြားသည်။

အလောင်းကို သင်္ဃန်းကျွန်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားပြီး သေမှုသေခင်း အမှတ်စဉ် ၁၂/၁၃ ဖြင့် အမှုဖွင့်ထားကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

အမျိုးသမီးအခွင့်အရေးကို ကန့်သတ်ဖို့ကြိုးစားမှု လုံးဝလက်မခံဟု လှုပ်ရှားတက်ကြွသူများ တုံ့ပြန်

မြန်မာနိုင်ငံရဲ့ ရေးခေတ် ဓမ္မသတ်စီရင်ထုံးတွေအရပဲဖြစ်ဖြစ် တည်ဆဲ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ စည်းကမ်းချက်တွေဟာ ကောင်းမွန်ပြီးသားဖြစ်တာမို့ ၁၉၅၄ ဥပဒေကို ရုပ်သိမ်းခိုင်းတဲ့ မျိုးစောင့်အရေးပေါ် ဥပဒေမူကြမ်းကို လုံးဝလက်မခံနိုင်ဘူးလို့ အမျိုးသမီးလှုပ်ရှားတက်ကြွသူတွေက ဇွန်လ ၁၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ခင်ဗျားတို့အကွက်ဆင်နေတာ သိပ်မရယ်ရဘူးဗျ

Photo: ဒါ မွတ်စ်လင်မ် မိန်းကလေး လုံးဝ မဟုတ်ပါ။ အစ္စလာမ် ဘာသာကို ကိုးကွယ်တာ ၃ နှစ်လောက်ပဲ ရှိတဲ့ အမျိုးသမီး လဲမဖြစ်နိုင်ပါ။ ဟိဂျာဗ်ကို ဘယ်မွတ်စ်လင်မ် အမျိုး သမီးမှ ဒီလို မဝတ်ပါ။ ဆံပင်တွေကလည်း ခေါင်း တစ်ဝက်လောက် ပေါ်နေတယ်။ နိကာဖ်လည်း လုပ်ချင်တယ် နှာခေါင်းလည်း ပေါ်လို့။

အရင်ရက်တွေက မန္တလေးမှာ မွတ်စ်လင်မ် အယောင်ဆောင်ပြီး ဗလီတွေထဲ ဝင်တဲ့ ဖြစ်ရပ်ကို Counter ပြန်ကစားတာလို့ပဲ ထင်တယ်။ ဘာပဲဖြစ်ဖြစ် သတိထားပါ။ 

အရူးကားတွေ ရိုက်ပါတော့မယ်။ ဒီလိုဟာမမျိုးတွေ့ရင် မွတ်စ်လင်မ် ဟုတ်၊ မဟုတ် စစ်ဆေးရတာ လွယ်လွယ်လေးပါ။ အခုကို ကြည့်ပါ။ 

မွတ်စ်လင်မ် အမျိုးသမီးတစ်ယောက် ဝတ်စား ပုံနဲ့ ၁၀၀% ကွဲပြားနေပါတယ်။ အခုလိုအချိန် ဘယ်မွတ်စ်လင်မ် အမျိုးသမီးမှ ဘုရားမသွားပါ။ ရွှေတိဂုံလို နေရာမျိုး ပိုဆိုးပါ။ အကွက်ပြောင်း ကစားပါဦး။

အန်လ်အယ်လ်အက်စ် အလင်း

ဒီနေ့ (၁၅-၆-၂၀၁၃)၊ (၁၂း၀၀)နာရီခန့်က  ရွှေတိဂုံဘုရားပေါ်ကို မူဆလင်ဝတ်စုံပြည့် ဝတ်ထား
သော အမျိုးသမီးတစ်ယောက်နှင့် ဘောင်းဘီရှည်အနီနဲ့ အင်္ကျီအနီကွက် ဝတ်ထားသော ကောင်မလေးတစ်
ယောက် အရှေ့မုဒ်မှ တက်လာပါတယ်။ နှင်းဆီပန်းအနီရောင် တစ်သောင်းဖိုး ဝယ်လာပါတယ်။ ဘုရားပေါ်ရောက်တဲ့အခါ ပန်းအချို့ကို အလှူခံပုံး
ပေါ်တင်ထားပြီး ပန်းအချို့ကို ရင်ပြင်ပေါ်လွှင့်ကြဲပစ်ပါတယ်။ဘုရားဖူးသူအချို့လည်း ထိမှန်ခဲ့ပါတယ်။ ဘုရား
ဖူးတွေက ဂေါပကကို တိုင်ကြားပါတယ်။ ဒီအခါ အမျိုးသမီးနှစ်ယောက် ပြန်ဆင်းသွားပါတယ်။ ဘုရားရဲက လိုက်ခေါ်ပါတယ်။ 
 
မူဆလင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးကို အပေါ်ရုံချွတ်ခိုင်းပြီးမှ ဂေါပကရုံးကို ခေါ်လာပါတယ်။ အမျိုးသမီး
က ဓနုလူမျိုးဖြစ်ပြီး မူဆလင်ထဲဝင်တာ သုံးနှစ်ပဲ ရှိသေးကြောင်း နာမည်က ဒေါ်ခင်မျိုး (၃၈)နှစ် (ဘ) ဦးစံရင်၊ အဖော်မိန်းကလေးက မမျိုးသန္တာစိုး (၁၇)နှစ် (ဘ)ဦးသန်းဌေး ဖြစ်ပါတယ်။ 

ဒေါ်ခင်မျိုးရဲ့ အမျိုးသားက အဒူကာဒီ(မောင်တောမြို့)ဖြစ်ပြီး ဒေါ်ခင်မျိုးရဲ့မျက်နှာမှာ ဒဏ်ရာတွေရှိတယ်လို့ သိရပါတယ်။ သူမက တောင်ဒဂုံမြို့နယ်၊ (၁၉)ရက်ကွက်၊ မြိတ်လမ်း၊ နီလာလဘက်ရည်ဆိုင်၊ ဦးမာမွတ် ဒေါ်
မာလာ အိမ်မှာ တည်းခိုပါတယ်။ သူမကို စစ်ဆေးတဲ့အခါ သူမရဲ့အပြုအမူကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဒီလို
ခံစားရလိမ့်မယ်လို့ မထင်ခဲ့မိဘူးလို့ ဖြေသွားပါတယ်။ 

သူမကို စစ်ဆေးသူမှာ ဂေါပက ကိုတင်အောင်မိုး ဖြစ်ပါတယ်။ သူမ၏ခရီးဆောင်အိတ်ထဲမှာ မူဆလင်အမျိုး
သမီးဝတ်စုံ (၅)စုံနှင့်ကိုရအန်ကျမ်းစာအုပ် (၂)အုပ်ပါလာတာကို တွေ့ရပါတယ်။ဂေါပကမှ ပြန်လွှတ်ပေးလိုက်
ပြီဟု ဆိုပါတယ်။ 
 
ဒါ မွတ်စ်လင်မ် မိန်းကလေး လုံးဝ မဖြစ်နိုင်ပါဘူး။ အစ္စလာမ် ဘာသာကို ကိုးကွယ်တာ ၃ နှစ်လောက်ပဲ ရှိတဲ့ အမျိုးသမီးလဲမဖြစ်နိုင်ပါ။ဟိဂျာဗ်ကိုဘယ်မွတ်စ်လင်မ်အမျိုး သမီးမှ ဒီလို မဝတ်ပါ။ ဆံပင်တွေကလည်း ခေါင်း
တစ်ဝက်လောက် ပေါ်နေတယ်။ နိကာဖ်လည်း လုပ်ချင်တယ် နှာခေါင်းလည်း ပေါ်လို့။


အရင်ရက်တွေက မန္တလေးမှာ မွတ်စ်လင်မ် အယောင်ဆောင်ပြီး ဗလီတွေထဲ ဝင်တဲ့ ဖြစ်ရပ်ကို Counter ပြန်
ကစားတာလို့ပဲ ထင်တယ်။ ဘာပဲဖြစ်ဖြစ် သတိထားပါ။


အရူးကားတွေ ရိုက်ပါတော့မယ်။ဒီလိုဟာမမျိုးတွေ့ရင် မွတ်စ်လင်မ် ဟုတ်၊မဟုတ်စစ်ဆေးရတာ လွယ်လွယ်
လေးပါ။ အခုကို ကြည့်ပါ။


မွတ်စ်လင်မ်အမျိုးသမီးတစ်ယောက်ဝတ်စား ပုံနဲ့ ၁၀၀% ကွဲပြားနေပါတယ်။ အခုလိုအချိန် ဘယ်မွတ်စ်လင်မ်
အမျိုးသမီးမှ ဘုရားမသွားပါ။ ရွှေတိဂုံလို နေရာမျိုး ပိုဆိုးပါ။ အကွက်ပြောင်း ကစားပါဦး။


















 

၉၆၉ တံဆိပ်ကပ်ထားတဲ့ ယာဉ်ပိုင်ရှင်တွေတံဆိပ်ခွာနေရပြီဟုဆို


၁၅-၆-၂၀၁၃ ယနေ့ မနက်စောစော အချိန်မှစတင်ပြီး ရန်ကုန်-ပဲခူး လမ်းမ ပေါ်တွင်မောင်းနှင်လာသော ကားများ တွင် ၉၆၉ တံဆိပ် ကပ်ထားပါက ပြည်သူ့ရဲ တပ်ဖွဲ့ ဝင်များ အရပ်ဝတ်များ နှင့် အာဏာပိုင်တို့ မှ ကပ်ထားသော တံဆိပ်များကို ခွါခိုင်းနေကြောင်း ဘုန်းတော်ကြီးတစ်ပါးမှ ဖုန်းဆက် မိန့် ကြားပါသည်။
သူရဦးရွှေမန်းမှ အမေရိကန်နိုင်ငံတွင် ပြောကြားသော မိန့် ခွန်းတွင် ၉၆၉ အဖွဲ့ ဝင်များကို ဖမ်းဆီးအရေး
ယူရန် စီစည်နေပြီဟု ပြောကြားပြီး နောက်ပိုင်းတွင် စတင်အကောင် အထည်ဖေါ်လုပ်ဆောင်ခြင်း ဖြစ်သည်
ဟုလည်း အများပြည်သူတို့  မှ ပြောဆိုနေကြကြောင်းသိရပါသည်။

RangonNewsDaily

ပန်ဘဲတန်းမြို့နယ် NLD ပညာဒါနကျောင်း၌ ဖြစ်ပွားခဲ့သော အဓမ္မမှု စွပ်စွဲခံရသူ ကွင်းလုံးကျွတ် လွတ်မြောက်

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ် NLD ပညာဒါနကျောင်းတွင် ဇန်နဝါရီလ ၃ရက်နေ့က အဓမ္မ ကျူးလွန်သည်ဟုဆိုကာ တရားစွဲဆို ခံခဲ့ရသော ကိုခင်မောင်ထူးကို ဇွန်လ၁၄ ရက်နေ့ ရုံးချိန်းတွင် ပန်းပဲတန်းမြို့နယ် တရားရုံးက ပုဒ်မ ၃၇၆ အရ အပြစ်ရှိကြောင်း မပေါ်ပေါက်၍ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၈(၁) အရ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ကြောင်း ၎င်း၏ဖခင် ဦးမောင်မောင်က The Voice သို့ ပြောကြားသည်။ အသက် ၂၂ နှစ်အရွယ် ကိုခင်မောင်ထူး (ခေါ်) သားကြီး (ခေါ်) ဆိုဖီရင်းကို စတင်ဖမ်းဆီးချိန်မှ ငါးလနှင့် ၁၁ရက် အကြာတွင် ယင်းကဲ့သို့ အပြီးအပြတ် လွှတ်ခဲ့ခြင်း ဖြစ်သည်။

ဆေးစာအဖြေနှင့် မျက်မြင်သက်သေတို့၏ ထွက်ဆိုချက်များကို မြို့နယ် တရားသူကြီး ဒေါ်နော်မာဂရက်သာမီးက အမှုမှ အပြီးအပြတ် လွှတ်ကြောင်း ဇွန်လ ၁၄ ရက်နေ့ ညနေ ၃ နာရီတွင် အမိန့် ချမှတ်လိုက်သည်။

“ကျွန်တော့်သားလေးရဲ့ မတရား စွပ်စွဲခံရမှုကို တရားသူကြီးက မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အတိုင်းမသိ ဝမ်းသာတယ်” ဟု စွပ်စွဲခံရသူ၏ဖခင် ဦးမောင်မောင်က ပြောကြားသည်။

မူခင်း ဆရာဝန်ကြီး၏ ဆေးစစ်ချက်တွင် တစ်ဖက်မိန်းကလေးသည် အပျိုရည် မပျက်ခြင်း၊ မူးမေ့စေသည့် ဆေးတိုက်ခဲ့သည်ဟု တိုင်တန်းခဲ့သော်လည်း ၎င်း၏သွေးတွင် မူးမေ့စေသည့် ဆေးဝါး မတွေ့ရှိခြင်း၊ အခင်းဖြစ်သည့် နေရာသည် အခန်းမဟုတ်ဘဲ ဟော (ခန်းမ)ပုံစံ ဖြစ်ခြင်း၊ လူမြင်ကွင်း ဖြစ်ခြင်း၊ နောက်ဆုံး တွေ့ရှိချိန်ထိ အခင်း ဖြစ်သည်ဆိုသည့် အခန်းတွင်း သက်သေ နှစ်ဦးရှိခြင်း တို့ကြောင့် အဓမ္မကျူးလွန်ခြင်း မဖြစ်နိုင်ကြောင်း တရားရုံးတွင် မတ်လ ၃၁ ရက်နေ့တွင် ဦးခင်မောင်ထူး၏ တရားဥပဒေ အကျိုးဆောင် အထက်တန်းရှေ့နေ ဦးရွှေလှိုင်တင်က အပြီးသတ် လျှောက်တင်ခဲ့သည်။

“ဒီကိစ္စမှာ အုပ်ထိန်းသူတွေ ဆီကိုလာပြီး အကြိမ်ကြိမ် တောင်းပန်လို့
နှစ်ဦးနှစ်ဖက် ကျေအေးလွှာ တင်ခဲ့ပြီးပါပြီ။ နောက်တိုး သက်သေတွေရဲ့ ထွက်ဆိုချက်တွေက ကွဲလွဲနေလို့ ဒီအမှုနဲ့ ပတ်သက်ပြီး ခရိုင်တရားရုံးကို ဆက်လက် တင်ပြသွားမှာပါ” ဟု တရားလို မိန်းကလေး၏ ဦးလေး ဖြစ်သူ ဦးတင်ဝင်းက ပြောကြားသည်။

ပန်းပဲတန်းမြို့နယ် အ.ထ.က (၁)ကျောင်းတွင် ဒသမတန်းပညာ သင်ကြားနေသူ အသက်၁၅ နှစ်အ
ရွယ် ကျောင်းသူ တစ်ဦးကို အသက် ၂၂ နှစ် အရွယ် ကိုခင်မောင်ထူး(ခေါ်) သားကြီး (ခေါ်) ဆိုဖီရင်းက NLD ပညာဒါန ကျောင်းတွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အကြို ကျပန်း စကားပြော ပြိုင်ပွဲအပြီး လူရှင်းချိန်တွင် ကိုကာကိုလာ အချိုရည်တိုက်ကာ မူးမေ့ချိန်တွင် အဓမ္မ ပြုကျင့်ခဲ့သည်ဟု ဆိုကာ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြို့နယ် ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

The Voice နဲ့ Eleven ဟာ မြန်မာ့နိုင်ငံရေးသမိုင်းသစ်မှာ အမဲစက်တွေ များနေပြီဟုဆို

မနေ့က ရန်ကုန်သိမ်ဖြူလမ်း YMCA မှာ ကျင်းပတဲ့ Unity for Peace Network ရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖြစ်ခဲ့ပါတယ်။

မီဒီယာအနေနဲ့ ဖိတ်ကြားခံရပေမယ့် ဧည့်သည်တော်အဖြစ်ပဲ တက်ရောက်ခဲ့ပါတယ်။

သန့်ရှင်းမွန်မြတ်တဲ့ အစ္စလာမ်သာသနာအပေါ် အထင်အမြင် လွဲမှားနေတာတွေကို ဆရာသမားတွေက ငြိမ်းချမ်းရေးကို မက်မောစွာနဲ့ အတတ်နိုင်ဆုံး ၀ိုင်းဝန်း ဖြေရှင်းခဲ့တာကို တွေ့ရပါတယ်။

တက်ရောက်လာတဲ့ မီဒီယာတွေကလည်း လူထုရဲ့ကိုယ်စား သံသယမေးခွန်းတွေကို အားမနာစတမ်း မေးမြန်းခဲ့တာကိုလည်း တွေ့ရပါတယ်။

မိတစ်ရာသား မီဒီယာသမားတွေထဲမှာ ထုံစံအတိုင်း စုန်းပြူး ပိုးထိုးတွေကလည်း အွန်လိုင်းက ဖေ့စ်ဘွက်စကားလုံးတွေနဲ့ မေးကြ မြန်းကြတာကိုလည်း တွေ့ရပါတယ်။

မေးရင်း မြန်းရင်းကနေ စကားတွေထစ်ပြီး လက်တွေတုန်လာတဲ့ အစ္စလာမ်ဆန့်ကျင်ရေးမီဒီယာတစ်ခုဖြစ်တဲ့ သဗွိုက်စ်က သတင်းထောက်ဆိုတဲ့ ကောင်လေးရဲ့ အခြေအနေကို သတိထားမိလိုက်ပါတယ်။

ကောင်လေးက အသက် (၂၉)နှစ်လို့ပြောပါတယ်။ သူ့အခြေအနေက စာပေဗဟုသုတ နည်းလွန်းနေတယ်ဆိုတာ အကဲခတ်မိတယ်။ သူ ဖတ်နေတာ အွန်လိုင်းက အောက်စလွတ် စာပေတွေပဲ ဖြစ်မယ်ဆိုတာလည်း သူ့မေးခွန်းတွေအရ သဘောပေါက်လိုက်ပါတယ်။ ပိုဆိုးတာက ဖြေကြားသွားတဲ့ ဆရာသမားတွေက သူမမေးခင်ကတည်းက ဖြေရှင်းပြီးသား စကားတွေကို သူ့ခမျှာ ထပ်မေးနေတာပါ။ သတင်းသမားတစ်ယောက်လုပ်ပြီး သူ့မှာ အကြောင်းအရာတစ်ခုအပေါ် ဖြေရှင်းပြီးသားကိစ္စကို လွယ်လွယ်နဲ့ နားမလည်နိုင်တာ အံ့သြစရာပါ။ သူက စောဒကနဲ့ မေးနေသလို ဖြစ်လာပြီး နောက်ဆုံးမှာ သူက တက်ရောက်လာတဲ့ လူထု ပရိတ်သတ်ကိုလည်း စော်ကားလိုက်တာကို မြင်မိတော့ မြန်မာ့မီဒီယာလောကကြီးအတွက် အတော့်ကို ရင်လေးမိပါတယ်။

သူမေးတာက...

"မွတ်စလင်မ်တွေမိန်းမတိတ်တိတ်ပုန်းယူတဲ့ကိစ္စ၊
လမ်းပေါ်မှာ သူလမ်းသွားရင် မွတ်စလင်မ်တွေက သူ့ကို လမ်းမဖယ်ပေးတဲ့ကိစ္စ၊
ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံကို အလေးမပြုတဲ့ စုံတွဲကိစ္စ"

ဒီမေးခွန်းတွေကို ဗလီဆရာကြီးတွေက ဖြေရမယ်ဆိုတာလည်း ပါသေးတယ်။

သူတောင်းဆိုတဲ့အတိုင်း ဗလီဆရာကြီးတွေကလည်း လူအများရှေ့မှာ ရှင်းနေအောင်ကို ရှင်းပြသွားပါတယ်။

ဒီတော့ သူက မကျေနပ်လို့ "ပရိတ်သတ်ကို နိုင်ငံတော်သီချင်းဆိုပြီး အလံကို အလေးပြုပြရမယ်လို့ ထပြောပြန်ပါသေးတယ်။ ပရိတ်သတ်ကလည်း ဆိုမယ်ဆိုပြီး ဖြစ်ကုန်ပါတယ်။

သူ့ရဲ့ လုပ်ရပ်က မေးခွန်းမေးတာနဲ့ မတူတော့တဲ့အပြင် တက်ရောက်လာတဲ့ ပရိတ်သတ်ကိုပါ သူက အမိန့်ပေးသွားတာဟာ သူ့ကိုသူ မရှက်တတ်တဲ့ အရှက်မရှိတဲ့ လူတစ်ယောက်ဆိုတာ ပေါ်လွင်သွားပါတယ်။

ဒီနေ့တော့ သူတို့ဆီက ဘာတွေရေးမလဲ ကျနော် စောင့်ကြည့်နေပါသေးတယ်။

သူတို့က The Voice က ဒီသတင်းကို တက်မလာဘဲ Eleven က သူတို့သတင်းစာမှာ ထည့်ရေးသွားပါတယ်။

ထည့်ရေးတဲ့နေရာမှာ စကားလိမ်၊ စကားရှုပ်၊ စကားရုပ်တွေနဲ့ ဖြတ်ကပ်ဆက်လုပ်ပြီး ရေးရင်း ငြိမ်းချမ်းရေးကို ဖျက်ဆီးသွားတာ တွေ့လိုက်ရပါတယ်။

သူတို့ အုပ်စုနှစ်ခု (The Voice နဲ့ Eleven) ဟာ မြန်မာ့နိုင်ငံရေးသမိုင်းသစ်မှာ အမဲစက်တွေ များနေပြီဆိုတာ ခံရတဲ့သူတိုင်း သတိထားမိနေမှာပါ။ သူတို့ရဲ့ အခုလို ဆက်စပ်မှုတွေကလည်း သာမန် သွေးရိုးသားရိုးမဟုတ်တော့ဘူးဆိုတာကိုလည်း သတိထားမိပါတယ်။

ပြည်တွင်း Media တစ်ခုဖြစ် တဲ့ Eleven Media Group ဂျာနယ်ဟာ ပြည်သူနဲ့တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲပြာအောင် တပ်မတော်အပေါ် ရည်ရွယ်ချက်ရှိရှိစွပ်စွဲပုတ်ခတ်ရေးသားချက်တွေဆက်တိုက်ပြုလုပ် လျှက်ရှိပါတယ်။
အဲဒီတစ်ဖက်သတ်ရေး သားချက်တွေအားလုံးကို Eleven Media Group ရဲ့ Website နဲ့ Facebook Page တွေပေါ်မှာ အများအပြားတွေ့မြင်ဖတ်ရှုနိုင်ပါတယ်။  Facebook Page ပေါ်က Eleven ရဲ့ တစ်ဖက်သတ်ရေး သားချက်ရေးသားချက်တွေကို လက်မခံလို့ သတင်းမျှမျှတတရေးသာဖို့ Comment ပေးတဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေရဲ့ အကောင့်တွေကိုလဲ Eleven က ban ခဲ့ပါတယ်။
Eleven Media Group ရဲ့ Internet စာမျက်နှာများဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ( ၇ ) ရက်နေ့မှာ ပထမအကြိမ် Hack ခြင်းခံခဲ့ရပါတယ်။

 
၂၀၁၂ ဒီဇင်ဘာလ ( ၇ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ
ပထမအကြိမ် Hack ခြင်းခံရတုန်းက Hacked By Kachin Cyber Army ဆိုပြီး KIA အဖွဲ့အမည်နဲ့ Hack သွားတာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုတင်ပြလိုတာကတော့ KIA အဖွဲ့ဟာ လိုင်ဇာမှာ Server ထိုင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ISP ကနေတဆင့် Internet ကို ကောင်းကောင်းအသုံးပြုနိုင်တယ်လို့သိရှိ ရပါတယ်။ တရုတ်နိုင်ငံက အင်တာနက်ကျွမ်းကျင်သူလူငယ်တစ်ချို့က KIA အဖွဲ့ကို လိုင်ဇာမှာ Internet နည်းပညာတွေသင်ကြားပေးတယ်လို့လဲ သိရှိရပါတယ်။ ဒီနေ့ Facebook ပေါ်မှာကြည့်ရင် KIA တပ်ဖွဲ့ဟာ လိုင်ဇာမှာ Internet ကိုဘယ်လောက်အထိသုံး လို့ရတယ်ဆိုသိသာပါတယ်။ KIA ရဲ့ Facebook မီဒီယာတွေဖြစ် တဲ့ JadeLand,Lachid Kachin,Duwa Kachin နဲ့ ABSDF က Min Htay တို့ဆီက update တက်နေတဲ့ Movies ဖိုင်တွေက KIA ရဲ့ Internet အသုံးပြုနိုင်မှုကို သက်သေပြနေပါတယ်။ ဒီကချင်တွေရဲ့ ၀ါဒဖြန့်သတင်းမှား တွေကို အခြေခံပြီး Eleven က KIA ဘက်က အသာစီးရကြောင်း သတင်းတွေမြောက်များ စွာရေးသားခဲ့ပါတယ်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ( ၁၅) ရက် နဲ့ ( ၁၆ ) ရက်နေမှာ Eleven ရဲ့ အင်တာနက်စာမျက်နှာကို ဒုတိယနဲ့ တတိယအကြိမ်အဖြစ် Red Army Team အဖွဲ့ကဆိုပြီး Hack ခြင်းခံရပါတယ်။

 ၂၀၁၃ ဇန်န၀ါရီလ ( ၁၅ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ


၂၀၁၃ဇန်န၀ါရီလ( ၁၆ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ
ဒုတိယနှင့်တတိယအကြိမ်တိုက်ခိုက်ခံရမှုကို Myanmar Express မှ DDoS တိုက်ခိုက်ရန် လှုံဆော်ခဲ့ တဲ့အတွက် Myanmar Express က တိုက်ခိုက်တယ်လို့ စွပ်စွဲပြီး  အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(က)နဲ့ အရေးယူပေဖို့ (ပ) ၅၈/၂၀၁၃ ဖြင့် တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၈ ) ရက်နဲ့ ( ၁၀ ) ရက်နေ့တွေမှာ Blink Hacker Group အဖွဲ့က Eleven ရဲ့ အင်တာနက်စာမျက်နှာကို Hack ခဲ့ပါတယ်။ ဒီ စတုတ္ထနဲ့ ပဉ္စမအကြိမ် တိုက်ခိုက်မှုခံရမှာမှာတော့ BHG က ၄င်းတို့ တိုက်ခိုက်တာဖြစ်တဲ့အကြောင်းကို သူတို့ရဲ့ BHG Website မှာ ကြေညာထားပါတယ်။ BHG က Eleven ရဲ့ Website ( ၅ ) ခုလုံးကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ Eleven ရဲ့ Email အကောင့်တွေကိုလဲ Hack လုပ်ခဲ့တဲ့ အကြောင်းကိုလဲ BHG  Hacker တစ်ဦက Facebook ပေါ်မှာဖော်ပြခဲ့ပါတယ်။

ref :pronaymin
 
 
 

ဘာသာရေးကြောင့် သွေးထွက် သံယိုမှုများဖြစ်ပြီးမှ မြန်မာ ဘုန်းကြီးများ ငြိမ်းချမ်းရေး တောင်းဆိုနေကြ

ဇွန်- ၁၄၊ ၂၀၁၃
Straitstimes
ဘာသာရေးကြောင့် သွေးထွက်သံယိုမှုများ ဖြစ်ပြီးမှ ကျင်းပခဲ့သည့် သံဃာညီလာခံတွင် ထေကြီးဝါကြီးများက ငြိမ်းချမ်းရေး အတွက် တောင်းဆိုခဲ့ကြသည်ဟု အေအက်ဖ်ပီ သတင်း တစ်ရပ်က ဆိုသည်။ သို့သော် ယင်းညီလာခံမှ ထုတ်ပြန်ချက်တွင်မူ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုများအတွက် မည်သို့သော ရှုံ့ချမှု တစ်စုံတစ်ရာမျှ ပါဝင်ခြင်း မရှိကြောင်း စင်ကာပူနိုင်ငံအခြေဆိုက် straitstimes သတင်းစာမှ ထောက်ပြထားသည်။
MyanmarMonks1406e
PHOTO: AP
ထိုညီလာခံကို ဗုဒ္ဓဘာသာဘုန်းကြီးပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့ကြောင်း၊ ၄င်းတို့က မိမိတို့ဘာသာကို မီဒီယာများ အရောင်ဆိုးကြသည်ဟု စွပ်စွဲကြကြောင်း straitstimes ကဆိုသည်။ ဗုဒ္ဓဘာသာဝင်များနှင့် သာသနာ့ခေါင်းဆောင်များက ပြဿနာ မရှိဘဲ ငြိမ်းငြိမ်း ချမ်းချမ်းနေလိုသူများ ဖြစ်သည်ဟု ဓမ္မဒူတ ဦးဆေကိန္ဒက ညီလာခံထုတ်ပြန်ချက်ဖတ်ကြားရာ၌ ထည့်သွင်းဖတ်ကြားခဲ့သည်။
ထို့ပြင် ၄င်းသံဃာများက ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံးဘာသာတစ်ရပ်ဖြစ်သည်ဟုလည်း ဆိုခဲ့ကြကြောင်း straitstimes က ဖော်ပြထားပါသည်။
ပြည်တွင်းအခြေဆိုက် သုတေသီများနှင့်၊ ခေတ်ပညာတတ်အသိုင်းအ၀ိုင်းကမူ ၄င်းတို့၏ ဘာသာသာသနာကာကွယ်ရေးအကြောင်းပြ ဥပဒေမူကြမ်းမှာ ဗုဒ္ဓတရားတော်များနှင့်သာမက လူ့အခွင့်အရေးကြေငြာစာတမ်းနှင့်ပါ ဆန့်ကျင်နေကြောင်း၊ ဗုဒ္ဓဘာသာဝင်များကိုသာ ကာကွယ်ရမည်မဟုတ်ဘဲ နိုင်ငံသားတိုင်းကို ကာကွယ်ရမည်မှာ နိုင်ငံတော်အစိုးရတိုင်း၏ တာဝန်ဖြစ်ကြောင်း ဝေဖန်လျက်ရှိသည်။
Ref: http://www.straitstimes.com/breaking-news/se-asia/story/myanmar-monks-urge-peace-after-religious-bloodshed-20130614

၉၆၉ အဖွဲ့ လှုံဆော်မှုတွေ အရေးယူမည်ဟု သူရဦးရွှေမန်း အမေရိကန် ခရီးစဉ် အတွင်းပြောကြားလိုက်

ဇွန်- ၁၄ ၊ ၂၀၁၃
ဗီအိုအေ
၉၆၉ အဖွဲ့အစည်းများ စာတမ်းတွေကပ် သွေးထိုးစကားများ လုပ်ဆောင်မှုများကို အရေးယူမည်ဟု ပြည်သူလွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းပြောကြား
U Shwe Man
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာ၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ၉၆၉လှုပ်ရှားမှုကိစ္စ၊ ဘူးသီးတောင် မောင်တော ဘင်္ဂလီအိမ်ထောင်စုတွေမှာ တမိသားစု ကလေးနှစ်ယောက် မူဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International ဝါရှင်တန်ဒီစီ ရုံးခွဲရဲ့ တာဝန်ရှိသူရဲ့ မေးခွန်းကို ဦးရွှေမန်းက အခုလိုဖြေကြားသွားခဲ့ပါတယ်။
“ရိုဟင်ဂျာခေါ်ခေါ်၊ သို့မဟုတ်ရင် ဘင်္ဂလီခေါ်ခေါ် သို့မဟုတ်ရင် ကိုးကွယ်တဲ့ အယူဘာသာအပေါ်မူတည်ပြီးတော့ ကိုးကွယ်ကြတဲ့ မူဆလင် ဘာသာဝင်တွေကို ဥပဒေအရ ခွဲခြားဆက်ဆံခြင်းမရှိပါဘူး။ အဲ့ဒီ့လို ဥပဒေကို ဆန့်ကျင် ချိုးဖောက်ပြီးတော့ ဆောင်ရွက်တယ် ဆိုလို့ရှိရင် ဥပဒေအရ အရေးယူဆောင်ရွက် ရမှာဖြစ်ပါတယ်။ ခုနက မိတ်ဆွေပြောတဲ့ ၉၆၉ အဖွဲ့အစည်းများဟာ စာတမ်းတွေကပ်၊ပြီးတဲ့ အခါမှာ သွေးထိုး စကားတွေ ဆောင်ရွက်နေတယ် ဆိုတဲ့ကိစ္စကိုလည်း ဖော်ထုတ် အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများက ဆောင်ရွက်နေပြီဖြစ် ပါတယ်။”
ဘူးသီးတောင်၊ မောင်တောဘက်မှာ ကလေးနှစ်ယောက် ယူရမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့လွှတ်တော်ကို တစုံတရာ တင်ပြဆောင်ရွက်ခြင်း မရှိပါဘူး။ ကျနော်တို့လွှတ်တော်ကလည်း ဒါနဲ့ပတ်သက်လို့ ဥပဒေပြဌာန်း ထားခြင်းမရှိပါဘူး။”

မီးရှို့ခံရသည့် လားရှိုးရှိ အစ္စလာမ်သာသနိကအဆောက်အအုံ ၂ လုံးကို အာဏာသုံးကာသော့ပိတ်

ဇွန် ၁၃ ။၂၀၁၃
ပိာန်းအောင်

လားရှိုးမြို့တွင် အကြမ်းဖက်ဖျက်ဆီးခံရသည့် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းနှင့် ဗလီဝတ်ကျောင်းတော်အား ပြန်လည် အသုံးပြုခြင်းကို ခရိုင်ရဲမှုးအပါအ၀င် အာဏာပိုင်အချို့ က ယနေ့ နေ့လည်ချိန်တွင်လာရောက်တားဆီး ကာဝတ်ကျောင်းတော်အား သော့ခတ်လိုက်ကြောင်းသိရသည်။

မနေ့ညက မီးရှို့ခံရတဲ့စာသင်ကျောင်းကို လာပြီးသော့ခတ်သွားတယ်။ဒီနေ့နေ့လည် ဇပိာုရ်(နေ့လည် ၀တ်ပြုခြင်း)အချိန်မှာ လူ ၃၀ လောက်ဗလီလာတယ်။ဒါကို ခရိုင်ရဲမှုးရယ်၊မြို့နယ်အုပ်ချုပ်ရေးမှုးရယ်၊အာဏာပိုင်တချို့ရယ်လာပြီးသော့ခတ်သွားတာပါ"ပာု မြို့ခံ အစ္စလာမ်ဘာသာဝင်တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။
အထက်ပါအတိုင်းကောလပာလ ထွက်ပေါ်နေခြင်းအပေါ်အကြောင်းပြုကာ ဗလီဝတ်ကျောင်းတော်တွင် ၀တ်ပြုခြင်းကို ရပ်နားခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ထို့အပြင် မီးရှို့ဖျက်ဆီး ခံခဲ့ရသည့် အစ္စလာမ့်ဘာသာရေးစာသင်ကျောင်းတွင် ကျောင်းသားများပြန်လာရန်စာကပ်ခြင်းကြောင့် အာဏာပိုင်အချို့ကလာရောက်ပိတ်သိမ်းမှုများရှိခဲ့ကြောင်းသိရသည်။

ဗလီထဲမှာ နမားဇ်ပြန်ဖတ်နေတာ ၃ ရက်ရှိပြီ ၊ဗလီကိုပြန်သုံးကတည်းကကောလပာလ ဖြန့်တဲ့သူကလည်းဖြန့်တယ်။ဗလီအထဲမှာ အုပ်စုဖွဲ့နေတယ်တို့၊ပြန်တုံ့ပြန်လိမ့်မယ်တို့ ဆိုပြီး အမျိုးမျိုး သတင်းမှားဖြန့်ခံရတယ်"ပာု ဘာသာရေး အစွန်းရောက် ဗုဒ္ဓဘာသာများ၏ မီးရှို့ဖျက်ဆီးခြင်းကိုခံခဲ့ရသည့် မြို့မဈေးဗလီတွင်သွားရောက်ဝတ်ပြုနေသည့် မြို့ခံတစ်ဦးက သို့ပြောသည်။

မိးရှို့ဖျက်ဆီးခံရသည့် မြို့မဈေးဗလီသည် မြန်မာနိင်ငံတွင် ခမ်းနားကြီးကျယ်ဆုံးအစ္စလာမ့် ဗလီဝတ်ကျောင်းတော် များစာရင်းတွင်ပါဝင်သည်။
ref :MMM

ပခုက္ကူ ဆူပူလှုံ့ဆော်မှု အချိန်မီထိန်းသိမ်းနိုင်

မန္တလေးမြို့တွင် စာသင်ကျောင်း မီးရှို့ခံရသည်ဟူ၍ အော်ဟစ်မှုကြောင့် လူအများ အထိတ်တလန့် ဖြစ်နေသည်ကို ဇွန် ၅ ရက်နေ့က မြင်တွေ့ရစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
မကွေးတိုင်း ပခုက္ကူမြို့တွင် စာသင်ကျောင်းတကျောင်းကို မွတ်စလင်များက မီးရှို့နေကြောင်း မဟုတ်မမှန် အော်ဟစ် သွားသည့် ဆိုင်ကယ်သမား လူတစုကြောင့် အထိတ်တလန့် ဖြစ်၍ လူစုလူဝေး ဖြစ်လာသောကြောင့် မြို့ကို ရဲလုံခြုံရေးများ ချထားကြောင်း သိရသည်။
ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က မြို့ပေါ် အမှတ် ၃ ရပ်ကွက်ရှိ အမက ၁၃ မူလတန်းကျောင်း မီးရှို့ခံနေရကြောင်း ဆိုင်ကယ် ၄ စီးဖြင့် လူတစုက အော်ဟစ်ကာ မြို့ပြင်သို့ ထွက်ပြေးသွားကြောင်း၊ မိဘများက ကျောင်းသားများအား သွားရောက် ခေါ်ဆောင် နေကြသော်လည်း ကျောင်းများက ခေါ်ဆောင်ခွင့် မပြုသေးကြောင်း မြို့ခံ ကျောင်းသား မိဘတဦးက ဧရာဝတီသို့ ပြောသည်။
“ဆိုင်ကယ်သမားတွေကို မဖမ်းမိလိုက်ဘူး။ အခု လိုက်စုံစမ်းနေပါတယ်။ ဒီလိုမျိုး ကောလာဟလ ဖြန့်တဲ့လူတွေကို ဖမ်းဆီးပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူလိုက်မယ်ဆိုရင် နောက်တခါ ဒါမျိုးတွေ ဖြစ်မှာမဟုတ်တော့ဘူး” ဟု ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ၀ာာဝန်ခံက ဆိုသည်။
ကျောင်းရှေ့တွင် မီးသတ်ကားများလည်း ရောက်ရှိနေပြီး မြို့ကို လုံခြုံရေးများ ချထားပေးပြီးဖြစ်၍ မကြောက်ကြရန် ရဲများက စပီကာများဖြင့် လိုက်လံ ကြေညာနေကြကြောင်း သိရသည်။
မီးရှို့ခံရသည် ဆိုသော ကျောင်းမှာ ဗုဒ္ဓဘာသာဝင် ကျောင်းသား အများစု တတ်ရောက်သည့် ကျောင်းဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ကျောင်းအားလုံးတွင် လက်ရှိ ရဲတပ်ဖွဲ့ အင်အား အစိတ်စီခန့် လုံခြုံရေး ချထားပေးကြောင်း၊ သို့ရာတွင် ပခုက္ကူမြို့မ ဈေးအတွင်းရှိ မွတ်စလင် ဆိုင်ခန်း ပိုင်ရှင်များက ဆိုင်ခန်းများအား ပိတ်သိမ်း နေကြကြောင်း ဒေသခံများက ပြောသည်။
ယခုလ ၅ ရက်နေ့ကလည်း ဆိုင်ကယ်သမား တစုက မန္တလေးမြို့ ၃၅ လမ်း၊ ၇၆ လမ်းပေါ်ရှိ အထက ၃ ကျောင်းကို မီးရှို့နေကြောင်း အော်ဟစ်သွားခဲ့သဖြင့် မြို့ခံများ အထိတ်တလန့် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်သမားများအား ယနေ့အထိ ဖမ်းစီးနိုင်ခြင်း မရှိခဲ့ပေ။
လားရှိုးမြို့တွင် မေလ ၂ ရက်နေ့က ဈေးသည်အမျိုးသမီး တဦးအား မွတ်စလင် အမျိုးသားတဦးက ဓာတ်ဆီဖြင့်ပက်၍ မီးရှို့ခဲ့ရာမှ ပဋိပက္ခဖြစ်ပွားခဲ့ပြီး နောက်တွင် ယခုကဲ့သို့ မွတ်စလင်များက မီးရှို့မည်၊ မီးရှို့နေသည် ဆိုသော လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်သည့် ကောလာဟလများက နယ်မြို့များတွင် မကြာခဏ ထွက်ပေါ်လျှက်ရှိသည်။
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အစ္စလမ်ဘာသာဝင်များ အပေါ် အထင်အမြင် လွဲမှားနေခြင်းများနှင့် ပတ်သက်၍ မွတ်စလင် ပညာရှင်များနှင့် မြန်မာနိုင်ငံ အစ္စလမ် ဘာသာဝင် ကွန်ရက်ပေါင်းစုက ဇွန်လ ၁၂ ရက်နေ့က ရန်ကုန် ဗိုလ်တထောင်မြို့နယ်ရှိ YMCA ခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။
ယင်းပွဲတွင် အစ္စလမ်ဘာသာဝင် ကွန်ရက်ပေါင်းစုက ဘာသာရေး ပဋိပက္ခများအပြီးတွင် ၎င်းတို့အနေဖြင့် ဘာသာကွဲများအား အချိန်မရွေး ဗလီဝတ်ကျောင်း ဆောင်များသို့ လာရောက် လေ့လာခွင့်ပေးထားပြီး ဖြစ်ကြောင်း၊ အချင်းချင်း ယုံမှားသံသယများ မဖြစ်စေလိုကြောင်းနှင့် ဗလီဝတ်ကျောင်များတွင် အက်ဆစ်နှင့် လက်နက်များ သိုလှောင် ထားသည်ဆိုသော ကောလာဟလ များမှာလည်း မဟုတ်မှန်ကြောင်း ပြောဆိုခဲ့သည်။
ref :irrawaddy

မြန်မာမွတ်စ်လင်မ် လူမျိုးတုန်းသုတ်သင်ရေး ဆိုင်ရာညီလာခံ (ဆုံးဖြတ်ချက်)

Translated by Robert Elhose

မြန်မာမွတ်စ်လင်မ် ဂျီနိုဆိုက် ညီလာခံကို အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့၊ ကာလ်ဗာစီးတီးတွင် ၂၀၁၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့သည်။ လက်ရှိမြန်မာနိုင်ငံတွင်း မွတ်စ်လင်မ် များအပေါ် ပစ်မှတ်ထား မျိုးဖြုတ်သုတ်သင်မှု ပုံစံအထိ ပြုမူလာနေမှုအား အာရုံစိုက် ဆွေးနွေး ခဲ့ကြသည်။ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင် ပညာရှင်များ၊ အပါအ၀င် ပရိသတ် တစ်ထောင်ခန့် တက်ရောက်ခဲ့ကြပြီး အမေရိကန် ဆီးနိတ် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ကလည်း ထောက်ခံကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်။

ယင်းညီလာခံမှ အောက်ပါဆုံးဖြတ်ချက် ၁၀ ချက် ကို ချမှတ် နိုင်ခဲ့ကြသည်။

"မြန်မာမွတ်စ်လင်မ် လူမျိုးတုန်းသုတ်သင်ရေး ဆိုင်ရာညီလာခံ (ဆုံးဖြတ်ချက်)"
လော့စ်အိန်ဂျလိစ်၊
ကယ်လီဖိုးနီးယား ပြည်နယ်၊
အမေရိကန်ပြည်ထောင်စု၊
ဇွန်လ ၉ ရက်၊ ၂၀၁၃။

မြန်မာနိုင်ငံတွင် မွတ်စ်လင်မ် လူ့အသိုင်းအ၀န်းနှင့် ရိုဟင်ဂျာ လူမျိုးများ အပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ အားလုံးကို အလေးအနက် မှတ်တမ်းပြုထားသည်။ ကုလသမဂ္ဂ၏ လူမျိုးတုန်းသုတ်သင် ရာဇ၀တ်မှုများ တားဆီးရေး နှင့် ပြစ်ဒဏ်ချမှတ်ရေး ပဋိညာဉ် အပိုဒ်(၂) ပါ အခြေခံမူများ အရဆိုလျှင် မြန်မာပြည်တွင် လုပ်ဆောင်နေကြသည့် လူသားမျိုးနွယ် အပေါ် ဆန့်ကျင် ကျူးလွန်သည့် ရာဇ၀တ်မှု များသည် "လူမျိုးတုန်း သုတ်သင်မှု (Genocide)" အဆင့်ထိ တက်လှမ်းလာခဲ့ ကြောင်းတွေ့ရသည်။

မြန်မာမွတ်စ်လင်မ် လူမျိုးတုန်း သုတ်သင်မှုဆိုင်ရာ ညီလာခံ (MMGAC) အနေဖြင့် မြန်မာမွတ်စ်လင်မ် များနှင့် ရိုဟင်ဂျာ များအပေါ် ကျူးလွန်နေကြသည့် လူမျိုးတုန်းသုတ်သင်မှု များအားရှောင်လွှဲ ကာကွယ် နိုငိရန် အလို့ငှာ အောက်ပါ ဆုံးဖြတ်ချက် များအား ကြေညာချက်ထုတ်ပြန်ပါသည်။

၁။ လူမျိုးတုန်းသုတ်သင်မှု အဆင့်ထိ တက်လှမ်းလာနေသည့်၊ မြန်မာပြည်သား မွတ်စ်လင်မ်များ အပေါ် အကြမ်းဖက်မှု များအား ယခုညီလာခံမှ အပြင်းထန်ဆုံး အသုံးအနှုန်းများဖြင့် ရှုတ်ချပါသည်။ မြန်မာမွတ်စ်လင်မ်များ နှင့် ရိုဟင်ဂျာများအား အစိုးရမှ အပြည့်အ၀ အကာအကွယ်ပေးရန်နှင့် တရားဥပဒေ စိုးမိုးမှု ဖော်ဆောင်ပေးရန် တောင်းဆိုသည်။

၂။ မြန်မာမွတ်စ်လင်မ်များနှင့် ရိုဟင်ဂျာများအပေါ် ပစ်မှတ်ထား အကြမ်းဖက် ခဲ့သူများအား မြန်မာအစိုးရ အနေဖြင့် တရားဥပဒေအရ အရေးယူ ပေးရမည်။

၃။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာမွတ်စ်လင်မ် လူ့အဖွဲ့အစည်း နှင့် ယင်း၏ ဘာသာရေး ခေါင်းဆောင်များ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်း (အင်န်ဂျီအို) များ စသည်တို့၏ လုံခြုံမှုကို မြန်မာအစိုးရက အပြည့်အ၀ တာဝန်ယူပေး ရမည်။

၎။ နိုင်ငံအတွင်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် နေရာတိုင်းသို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့များ အပြည့်အ၀ ၀င်ရောက်စစ်ဆေးမှု ကို မြန်မာအစိုးရ က ခွင့်ပြုရမည်။

၅။ ပဋိပက္ခအတွင်း နေရာရွှေ့ပြောင်း ခံရသူများ အနေဖြင့် ၄င်းတို့၏ မြေယာ၊ ပိုင်ဆိုင်မှု များ ရှိရာသို့ အစိုးရမှ ပြန်သွားခွင့် ပြုရန်။ ၄င်းတို့၏ ဆုံးရှုံးသွားသော အိုးအိမ်များ၊ ၀တ်ပြုရာ နေရာများအား နကိုယ်အတိုင်း ပြန်လည် တည်ဆောက်ပြုပြင် ခြင်းကို အစိုးရမှ ခွင့်ပြုရန်၊ ရခိုင်ပြည်နယ် အပါအ၀င် တစ်တိုင်းပြည်လုံး တွင် ပိတ်ပင်ခံထားရ သည့် မွတ်စ်လင်မ်တို့၏ ၀တ်ပြုရာ ဘာသာရေး အဆောက်အအုံ များအား ပြန်လည် ဖွင့်လှစ်ပေးရန်၊
ရိုဟင်ဂျာလူမျိုး များအား သင့်တင့်လျှောက်ပတ်သော သုဿာန်နေရာ များ၌ ၄င်းတို့၏ ဘာသာရေး ဓလေ့ထုံးစံ နှင့်အညီ သဂြိုဟ် ခြင်းကို ခွင့်ပြုရန်။

၆။ ရိုဟင်ဂျာ လူမျိုးများသည် မြန်မာ နိုင်ငံတွင်း မူလဘူတ တိုင်းရင်းသား လူမျိုးများထဲမှ တစ်မျိုး အပါအ၀င် ဖြစ်ကြောင်းကို အစိုးရမှ ပြန်လည် အသိအမှတ်ပြုပေးရမည်။ ၄င်းတို့်၏ စစ်မှန်သော နိုင်ငံသားဖြစ်မှု အခွင့်အရေးအား အသိအမှတ်ပြုရမည်။ မြန်မာနိုင်ငံသား မွတ်စ်လင်မ် များအား အခြားသော မြန်မာ နိုင်ငံသားများ နည်းတူ အခွင့်အရေး တန်းတူ ရှိစေရမည်။

၇။ ၉၆၉ အကြမ်းဖက်ကွန်ရက်အား အစိုးရအနေဖြင့် မတရားသင်း ကြေညာပေးရန်၊ မြန်မာနိုင်ငံ တွင်းနှင့် အရှေ့တောင်အာရှ ဒေသသို့တိုင်အောင် အကြမ်းဖက်လုပ်ရပ်များ ဖြန့်ကြက် လာနေခြင်းအား မြန်မာအစိုးရမှ အရေးယူဆောင်ရွက်ပေးရန်။

၈။ အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် အစိုးရများ အနေဖြင့် ၉၆၉ အုပ်စုအား အကြမ်းဖက်အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ပေးရန်၊ ၄င်းတို့နှင့် ပူးပေါင်းဆောင်ရွက် နေသူများအပေါ် စီးပွားရေး ပိတ်ဆို့ခြင်းဖြင့် ဒဏ်ခတ် အရေးယူရန်။ ကျွန်ုပ်တို့မှ အနူးအညွတ် မေတ္တာရပ်ခံ ပါသည်။

၉။ ရိုဟင်ဂျာလူမျိုး များနှင့် မြန်မာမွတ်စ်လင်မ် များအပေါ် ကျူးလွန်ခဲ့သည့် မျိုးဖြုတ်သုတ်သင်ရေး အကြမ်းဖက်မှုများ နှင့်စပ်လျဉ်းပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်မှ ကြားနာစစ်ဆေးပေးရန် ကျွန်ုပ်တို့မှ မေတ္တာရပ်ခံ ပါသည်။

၁၀။ မြန်မာမွတ်စ်လင်မ် များအပေါ် လူမျိုးတုန်း သုတ်သင်သည့် ပြစ်မှုများ ကျူးလွန်ရာတွင် မြန်မာ အစိုးရအဖွဲ့ အတွင်းမှ အရာရှိကြီးများသည် ဗုဒ္ဓဘာသာ အစွန်းရောက်များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြပါသည်။ အဆိုပါပုဂ္ဂိုလ် များအား နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) သို့ ပို့ဆောင် စစ်ဆေးနိုင်ရေး အတွက် နိုင်ငံတကာ မိသားစု အနေဖြင့် ဥပဒေရေးရာ ကျွမ်းကျင်သူ ပညာရှင်များ နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက် ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းလိုက်ပါသည်။
Ref :MMM

ရာဇာမင်း ဓါးမြတိုက်ခံရမှု နောက်ဆုံးရ သတင်း





မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၊ မိုင်တိုင်အမှတ် (၁၅၄/၄) နှင့် (၁၅၄/၅) အကြားတွင် ဇွန်လ (၈) ရက်နေ့ ည (၁၀)နာရီအချိန်ခန့်က ကျိုက္ခမီ မှ ရန်ကုန်ဘက်သို့ ခရီးသည် (၃၀)ဦးခန့် လိုက်ပါစီးနင်းလာသည့် ယာဉ်မောင်း ဦးဇော်လင်းထူး (၃၈)နှစ် မောင်းနှင်လာသော ရာဇာမင်း မှန်လုံအမြန်ယာဉ်၊ ယာဉ်အမှတ် (၈ဇ/၁၁၁၁)အား ယာဉ်ပေါ်စီးနင်း လိုက်ပါလာသည့် အမည်မသိလူ (၅) ဦး (အဖွဲ့စိစစ်ဆဲ) လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ သထုံမြို့နယ် တောင်စွန်းကျေးရွာ၊ ဘုရားကုန်းကြီးကျောင်းကွေ့အနီး၊ အောင်းစိုင်ကျေးရွာရွင်အ၀င်လမ်း (၁) ဖာလုံခန့်အထိ မောင်းဝင်ခိုင်းပြီး ယာဉ်ပေါ်ပါခရီးသည်အားလုံး ဆင်းခိုင်းကာ  ကားနှင့် ၀ါးတစ်ပြန်အကွာ၌ ခေါင်းပေါ်လက်တင်ခိုင်းပြီး ခရီးသည်များထံမှ ရွှေငွေ ပစ္စည်းများ လုယူသွားခဲ့သည်။

ယင်းနောက် ယာဉ်နောက်လိုက် နိုင်လင်းထွန်း (၂၆) နှစ် အား၊ ကားမီးရှို့ရန် ဓါတ်ဆီတိုင်ကီဖွင့်ခိုင်းရာမှ ပစ္စည်းထည့်သည့် ဘောက်(စ်)နှင့် မှားယွင်းစွာဖွင့်ပေးခြင်းအတွက် ဦးခေါင်းသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ဆက်လက်၍ ယာဉ်မောင်း ဦးဇော်လင်းထူး အားဆက်လက်ပစ်ခတ်ရာ ပါးစပ်ဒါဏ်ရာရရှိပြီး၊ သထုံခရိုင်ပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အတွင်းလူနာအဖြစ်ပို့ဆောင်ခဲ့ရာ ဇွန်လ (၉) ရက် နံနက်ပိုင်း တွင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

အခင်းဖြစ်ရာနေရာသို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ သထုံခရိုင်ရဲတပ်ဖွဲ့မှူး၊ သထုံမြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များရောက်ရှိပြီး တရားခံများ အချိန်မီ ဖမ်းဆီးရမိရေးကိုဆောင်ရွက်လျက်ရှီကြောင်းနှင့် နယ်မြေခံ တပ်မတော်ကလည်း နယ်မြေ လိုက်လံရှင်းလင်းလျှက်ရှိကြောင်း သိရှိရပြီး သထုံမြို့နယ် မြို့မရဲစခန်းမှ ပ/၉၀/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၉၆)အရ တရားလိုပြု အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။

မိတ္ထီလာမြို့မှ အကြမ်းဖက်ခံရသည့် အားကိုးရာမဲ့ ဒုက္ခသည်များ၏ ဆန္ဒများ

A man walks in Meikhtila,
ဓါတ်ပုံအညွှန်း- မိတ္ထီလာမြို့မှ မီးရှို့အကြမ်းဖက်ခံရသည့် မွတ်စလင်မ်ရပ်ကွက်တခု
Photo Credit- AFP
မိတ္ထီလာ  ။          ။        မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ၂၀၁၃-ခု မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဒုက္ခသည်အဖြစ်သို့ ရောက်ရှိသွားခဲ့သော ချမ်းအေးသာယာရပ်ကွက်မှ ဒုက္ခသည်များ၏ ဆန္ဒများကို M-Media သို့ ဆက်သွယ်ပြောပြလာတာဖြစ်ပါတယ်။
“မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်မှာ မွတ်စလင်မ် အိမ်တွေရှိပါတယ်။ မတ်လက အကြမ်းဖက်ခံရလို့ မွတ်စလင်မ်အိမ်တွေဟာ မီးလောင်သွားခဲ့ရပါတယ်။ မွတ်စလင်မ်အိမ်တွေက တစ်ရပ်ကွက်လုံး နီးပါးပါပဲ။ အဲ့ဒီ မီးလောင်သွားခဲ့တဲ့ အိမ်တွေအားလုံးကို အခုကျ တိုက်ခန်းကိုပဲ ပြန်ပေးတော့မယ်။ ကိုယ့်မြေနေရာတွေ ပြန်မပေးတော့ဘူး။ ဒါကြောင့် ဒုက္ခသည်တွေက စိတ်မချမ်းမမြေ့ဖြစ်နေရပါပြီ။ အရင်မြေကွက်တွေက တချို့က ပေ ၃၀ – ၅၀ပိုင်ကြတယ်။ တချို့က ပေ ၁၀၀ လောက်ပိုင်ကြတယ်။ အခုကျတော့ ပေ ၂၀ – ပေ ၄၀ တစ်ခန်းပဲ ရတော့မယ်။ နောက်ပြီးတော့ ရပ်ကွက်မှာ ပြန်ဆောက်ပေးရမယ့် မွတ်စလင်မ်အိမ်ခြေက ၆၀၀ လောက်ရှိတာ။ အခုတော့ ၁၂၀၀ လောက်ဆောက်ပြီး ၆၀၀ ကို ဒုက္ခသည်တွေကိုပေးပြီး ၆၀၀ လောက်ကို ကန်ထရိုက်ကို ရောင်းစားတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒုက္ခသည်တွေအနေနဲ့ တော်တော်စိတ်ညစ်နေရပါတယ်။
အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို ဘယ်သူကမှ ဘာမှ အကူအညီ မပေးကြပါဘူး။ နိုင်ငံတော် အစိုးရကရော၊ ဘာသာရေးအဖွဲ့တွေကရောပေါ့။ ရန်ကုန်က အိုလမာသာသနာ့ပညာရှင်များရုံးကို ဖုန်းဆက်ပြီး ဒီကိစ္စကို စီစဉ်ပေးဖို့ တောင်းဆိုတဲ့အခါ၊ ဒုက္ခသည်တွေအတွက်ကို လောလောဆယ် မစီစဉ်ပေးနိုင်သေးပဲ ဟာဂ်ျကိစ္စအတွက် လုံးပမ်းနေရတယ်လို့ ဆိုလာပါတယ်။ ဟာဂ်ျကိစ္စလုပ်တာကိုလည်း ကျွန်တော်တို့လက်ခံပါတယ်။ အဲဒါက ပိုက်ဆံရှိတဲ့သူတွေအတွက်ပါ။ အခုလို ဒီအချိန်မှာ ဒီဘက်ကို အာရုံစိုက်ပြီး လုပ်ပေးစေချင်ပါတယ်။ ဒီက ဒုက္ခသည်တွေကလည်း သမ္မတဆီ စာရေးပြီးတင်ချင်ကြပါတယ်။ ကျွန်တော်တို့ ဆက်သွယ်ပြီးပြောတဲ့အခါမှာ အဲ့ဒီဘာသာရေးအဖွဲ့ ဥက္ကဋ္ဌက ဝေ့လည်လည်စကားပြောပါတယ်။ ဒုက္ခသည်တွေရဲ့အဖြစ်ကို မကြည့်ပဲပစ်ထားကြပါတယ်။
အခု တိုက်ခန်းတွေ ဆောက်မယ်ဆိုတာ စီစဉ်မှုသက်သက်မဟုတ်ပါဘူး။ မြေထိုးစက်တွေ မြေကော်စက်တွေနဲ့ သူတို့ စလုပ်နေကြပါပြီ။ ဒါကြောင့် ကျွန်တော်တို့မှာ တဘက်က ဒုက္ခတွေကြောင့် စိတ်ဒုက္ခရောက်ရတာကတစ်မျိုး ဘာသာရေးအဖွဲ့တွေက ဒုက္ခသည်တွေအတွက် ဆက်ပြီး အကူအညီမပေးတာကြောင့် ကျွန်တော်တို့ တော်တော်သောက ဖြစ်ရပါတယ်။ မိတ္ထီလာက ဒုက္ခသည်တွေအတွက်လည်း ၀ိုင်းဝန်းစဉ်းစားပေးကြပါဦးလို့ M-Media ကနေ တဆင့် ကျွန်တော်ပြောပြချင်ပါတယ်။”လို့ ဒုက္ခသည်များ၏ ခံစားချက်များကို ဒုက္ခသည်တစ်ဦးမှ M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။

Facebook ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်


Facebook တွင် ယခင်က မြန်မာများအတွက် အင်္ဂလိပ်ဘာသာကို အဓိကထားအသုံးပြုကြပြီး အခြားဘာသာဖြင့် အနည်းငယ် အသုံးပြုနေကြသည်ကို တွေ့ ရပါသည်။
...
ယခုတွင်မူ မြန်မာတို့ အတွက် မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် မြန်မာတချို့ ကိုယ်တိုင်ပါဝင်ဘာသာပြန်နေသော Facebook translation team မှ မြန်မာဘာသာသို့ ၁၀၀ရာခိုင်နှုန်းပြောင်းလဲမှုပြုလုပ်ပေးပြီးဖြစ်ပါသည်

သို့ သော် တချို့ စကားစုများမှာ voting စနစ်မပြီးသေး၍ ဖော်ပြနိုင်ခြင်းမရှိသေးပါ။ မြန်မာဘာသာအဖြစ်သို့ ပြောင်းလဲလိုလျှင် Facebook ညာဘက်ရှိ စက်သွားပုံ (setting) အောက်ရှိ account setting သို့ သွားပါ။ ထို့ နောက် General > Language တွင် edit ကို နှိပ်ပါ။ ထို့ နောက် မြန်မာဘာသာကို ရွေးချယ်ပါ။ မြန်မာဘာသာ Unicode standard ရှိသည့် မြန်မာ font များရှိလျှင် မိမိ၏ Facebook ကို မြန်မာစာများဖြင့် မြင်တွေ့ နိုင်မည်ဖြစ်ပါသည်။

Language တွင် မြန်မာဘာသာမပါရှိသူများ အနေဖြင့် https://www.facebook.com/translations သို့ သွားရောက်၍ ညာဘက်အောက်ခြေတွင် ရာခိုင်နှုန်းပြထားသော translation ခလုတ်ကို နှိပ်ပြီး turn on translation ကို နှိပ်၍ မြန်မာဘာသာသို့ ပြောင်းလဲ နိုင်မည်ဖြစ်ပါသည်။

မြန်မာဘာသာ Unicode standard ရှိသည့် မြန်မာ font များရှိလျှင် မိမိ၏ Facebook ကို မြန်မာစာများဖြင့် မြင်တွေ့ နိုင် မည်ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီ

စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီ၊
Wednesday, June 05, 2013

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များကို  ကိုယ်ပိုင်လေယာဉ် ၀ယ်စီးခွင့်ပြုလိုက်ပြီဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကိုယ်ပိုင်လေယာဉ်ဝယ်စီးနိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဦးဉဏ်ထွန်းအောင်က ယခုက ၂၉ ရက်နေ့ တွင်ပြောကြားခဲ့သည်။

ယခုအချိန်တွင် ပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များအနေဖြင့် လေ ယာဉ်ဝယ်ယူ သည့်လုပ်ငန်းရှင် မရှိသေးသော်လည်း ထူးကုမ္ပဏီ က Eurocopter နှစ်စင်း ၀ယ်ယူရန်တင်သွားထားသည်ဟု ၄င်းက ပြောကြားသည်။

၎င်းကဆက်လက်၍“ကိုယ်ပိုင်လေယာဉ်ဝယ်စီးချင်တယ်ဆိုရင်  ကိုယ်ဝယ်မယ့်လေယာဉ်နဲ့ပတ်သက်ပြီးပြုပြင်ထိန်းသိမ်းမှုပြုလုပ်မယ့် အပိုင်းနဲ့ လေယာဉ်မောင်းနှင်မယ့် လေယာဉ်မောင်းရဲ့ အရည် အချင်းတွေနဲ့ ကိုယ်ဝယ်ယူမယ့် လေယာဉ်ကိုတင်ပြရမယ်”ဟုပြော ကြားသည်။

The Hot News




မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များကိုကိုယ်ပိုင်လေယာဉ် ၀ယ်စီးခွင့်ပြုလိုက်ပြီဖြစ်သောကြောင့်စီးပွားရေးလုပ်
ငန်းရှင်များအနေဖြင့်ကိုယ်ပိုင်လေယာဉ်ဝယ်စီးနိုင်ပြီဖြစ်ကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်
ကြီးဦးဉဏ်ထွန်းအောင်က ယခုက ၂၉ ရက်နေ့ တွင်ပြောကြားခဲ့သည်။
ယခုအချိန်တွင် ပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များအနေဖြင့် လေ ယာဉ်ဝယ်ယူ သည့်လုပ်ငန်းရှင် မရှိသေးသော်
လည်း ထူးကုမ္ပဏီ က Eurocopter နှစ်စင်း ၀ယ်ယူရန်တင်ထားသည်ဟု ၄င်းက ပြောကြားသည်။

၎င်းကဆက်လက်၍ကိုယ်ပိုင်လေယာဉ်ဝယ်စီးချင်တယ်ဆိုရင်ကိုယ်ဝယ်မယ့်လေယာဉ်နဲ့ပတ်သက်ပြီးပြုပြင်
ထိန်းသိမ်းမှုပြုလုပ်မယ့် အပိုင်းနဲ့ လေယာဉ်မောင်းနှင်မယ့် လေယာဉ်မောင်းရဲ့ အရည် အချင်းတွေနဲ့ ကိုယ်
ဝယ်ယူမယ့် လေယာဉ်ကိုတင်ပြရမယ်”ဟုပြော ကြားသည်။

The Hot News

ရိုဟင်ဂျာများအား ကလေး(၂)ဦးသာ ယူရမည် ဟူသော ဥပဒေအား အစိုးရပြန်လည် ဆန်းစစ်မည်


ရိုဟင်ဂျာလူမျိုးတွေကို ကလေး (၂)ဦးသာ ယူခွင့်ပြုဖို့ ရခိုင်ပြည်နယ်က မြို့နယ် (၂)ခုမှာ ထုတ်ပြန်ထားတဲ့ ဒေသန္တရဥပဒေကို ပြန်လည်ဆန်းစစ်မှာ ဖြစ်တယ်လို့ မြန်မာအစိုးရပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုခဲ့တယ်လို့ Bangkok Post သတင်းဌာနမှာ ဖော်ပြထားပါတယ်။


ဦးရဲထွဋ်က ပြောဆိုရာမှာ ဗဟိုအစိုးရအနေနဲ့ ဒီလိုဥပဒေမျိုး ထုတ်ပြန်ခဲ့တာ မဟုတ်ကြောင်း၊ ဒီဒေသန္တရဥပဒေကို ပြန်လည်ဆန်းစစ်မှာ ဖြစ်ကြောင်းနဲ့ ရခိုင်ဒေသမှာ ရိုဟင်ဂျာတွေရဲ့ အရေအတွက်ဟာ များပြားလွန်းနေတဲ့အတွက် မိသားစုတွေ အကြား စီးပွါးရေး၊ လူမှုရေးဆိုင်ရာ ပြသနာတွေရှိနေတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ပိတ်ပင်ခံထားရတဲ့အတွက် ယခုလို ဒေသတစ်ခုတည်းမှာပဲ လူဦးရေများပြားစွာ နေထိုင်နေရတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ ဦးရဲထွဋ်က ထိန်ချန်ပြောဆိုသွားတာပါ။ ဒါ့အပြင် မြန်မာအစိုးရပိုင်းအနေနဲ့ လူဦးရေကန့်သတ်ခြင်းဆိုင်ရာ ဥပဒေတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာလူမျိုးတွေကို ကလေး (၂)ဦးသာ ယူခွင့်ပြုဖို့ ထုတ်ပြန်တဲ့ ဒေသန္တရဥပဒေကို ကုလသမဂ္ဂအဖွဲ့၊ အမေရိကန်နိုင်ငံ အပါအဝင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက မျှတမှုမရှိကြောင်း ဝေဖန်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ကတော့ ဒီဥပဒေကို ပယ်ဖျက်ဖို့အထိ မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။ ဒီလို ဝေဖန်မှုတွေ၊ ဖိအားပေး တောင်းဆိုမှုတွေ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ ယခုလို မြန်မာအစိုးရပိုင်းက ဒီဥပဒေကို ပြန်လည်ဆန်းစစ်မှာ ဖြစ်တယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေးမှာ နှုတ်ဆိတ်နေတယ်လို့ ဝေဖန်ခံနေရတဲ့  ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဒီဥပဒေဟာ လူ့အခွင့်အရေးနဲ့ ဆီလျော်မှုမရှိကြောင်း ပြောဆိုလိုက်တဲ့ အတွက်လည်း ရခိုင်လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် အပေါ် ရှုံ့ချဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပြီး၊ ရခိုင်ပြည်နယ်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ မြို့နယ် (၈)မြို့နယ်ကလည်း ရိုဟင်ဂျာတွေကို ကလေး (၂)ဦးသာ ယူခွင့်ပြုဖို့ ထုတ်ပြန်တဲ့ ဥပဒေကို ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သလို ဗဟိုအဖွဲ့ချုပ်ကိုလည်း စာတင်ထားကြောင်း သိရှိရပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ရခိုင်အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် ၁၄၀,၀၀၀ ခန့်ရှိခဲ့ပြီး ဒုက္ခသည်အများစုဟာ ရိုဟင်ဂျာလူမျိုးတွေ ဖြစ်ပါတယ်။
ref : M M V

ရန်ကုန်တိုင်း၊ ကျောက်တံတား မြို့နယ်က ထူးခြားဖြစ်စဉ်

Tuesday, May 04, 2013

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထူးခြားဖြစ်စဉ် တချို့ ရှိခဲ့ပါတယ်။

ဒါကတော့ သင်္ကန်းဝတ် ဗုဒ္ဓဘာသာ ရဟန်း ၂ ပါး ဟာ ကျောက်တံတား မြို့နယ်ထဲက ဗုဒ္ဓဘာသာဝင် နေအိမ်၊ တိုက်ခန်းတချို့ အပါအ၀င်
မွတ်စလင် အိမ်တချို့ရှေ့မှာ မွန်းလွဲပိုင်းနဲ့ ညပိုင်းတွေမှာ ဆွမ်းရပ်ပါ ရစေဆိုပြီး ပြောလာတဲ့ အဖြစ်ပါ။

အိမ်ရှင်တဦးက အခုလို ပြောထားပါတယ်။

“ဘုန်းကြီး ၂ ပါး ကျွန်တော်တို့အိမ် အပါအ၀င် ကျွန်တော်တို့နေတဲ့ တိုက်မှာရှိတဲ့ မွတ်စလင်မ် အိမ် ၄ အိမ်၊ အက်ကမီး ဆန္ဒာထွန်း အပ်ချုပ်ဆိုင်၊ ကိုတင်ငွေ ပေါ်လစ်ဆိုင်၊ အပေါ်ထပ်က အိမ်တွေ တက်လာပြီး ဆွမ်း ရပ်ပါရစေ ဆိုပြီး လာပြော သွားတယ်။ လာပြောတဲ့ အချိန်က ၂၉ ရက်နေ့က ညနေ ၃ နာရီ။ ၃၁ ရက်နေ့က ည ၇ နာရီ” လို့ သူက ဆိုပါတယ်။

ဒီလို ညနေဘက်၊ ညဖက်အချိန်မှာ ရဟန်းအသွင်နဲ့ ဆွမ်းရပ်တဲ့ ကိစ္စအပေါ် သတိထားမိလိုက်သူတွေ က စောင့်ကြည့်လိုက် ကြတယ်လို့ သူက ဆက်ပြောထားပါတယ်။

“ကျနော်တို့နဲ့ တရပ်ကွက်သားတည်း ကို….. ဆိုတဲ့ သူက အဲဒါကို သတိထားမိတယ်။ သူက အိမ်အောက် မှာရှိနေတာ၊၊ ဆင်း လာတဲ့ ဘုန်းကြီးတွေက အောက်ရောက်တာနဲ့ ကတ်ပြား တခုနဲ့ လိုက်မှတ်နေ တာ တွေ့တယ်တဲ့” လို့ သူက ဆက် ပြောပါတယ်။

ဒါနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြား၊ ရဲစခန်းအကြောင်းကြားပြီး မသင်္ကာလို့ မှတ်တမ်းတွေ လုပ်ကြတယ်လို့ အနီးအနားက လူတွေက ပြောပါတယ်။ ရဲစခန်းကတော့ အရပ်ဝတ်ရဲရော၊ ၀တ်စုံပြည့်ရဲပါ လုံခြုံရေး ချထားမယ်လို့ ရပ်ကွက်ကို
နှစ်သိမ့်ပြီးပြောလိုက်တယ်လို့ သိရတယ်။

ထူးခြားတာက ဗုဒ္ဓဘာသာ ရဟန်းအသွင်နဲ့ ဆွမ်းလာရပ်တယ်ဆိုတာမှာ ထူးခြားနေတာတွေက မွန်းလွဲ ပိုင်း နဲ့ ညပိုင်းဖြစ်နေ တာ၊ နောက် မွတ်စလင်အိမ်တွေကိုပါ ဆွမ်းရပ်တာ၊ ပြီးတော့ သူတို့က ဘယ်ဟာက ဗုဒ္ဓဘာသာဝင်ရဲ့ အိမ်ခန်း၊ ဘယ်ဟာ က မွတ်စလင် ဘာသာဝင်ရဲ့အိမ်ခန်း စတဲ့ အမှတ်အသား တခုခု လုပ်သွားတာတွေဟာ ထူးခြားနေပြီး ဒီလို ရဟန်းအသွင် မျိုးဟာလည်း မျက်နှာစိမ်းဖြစ်နေတာကလည်း ထူးခြားနေတယ်လို့ အဲဒီရက်ကွက်နေသူတွေက ဆိုကြပါတယ်။

မိတ္ထီလာ၊ ဥက္ကံနဲ့ ပဲခူးတိုင်းတွင်းက မြို့နယ်တချို့၊ လားရှိုးစတဲ့ မြို့တွေမှာဖြစ်သွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးစောင်းပေး အကြမ်းဖက်ဖြစ်စဉ်တွေမှာ နောက်ကွယ်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသူတွေ ရှိတယ်ဆိုတာ ပေါ်လွင်တာကြောင့် အခု ထူးခြားဖြစ်စဉ် ကြုံတွေ့ခဲ့ရတဲ့ ရန်ကုန်တိုင်း၊ ကျောက်တံတားက ဗုဒ္ဓဘာသာရော၊ မွတ်စလင်တွေရောက စိုးရိမ်နေကြတယ် လို့ သိရပါတယ်။

အကြမ်းဖက်ဖြစ်စဉ်တိုင်းမှာ လူစိမ်းတွေက မီးရှို့ဖျက်ဆီးမှုတွေ လုပ်သွားခဲ့တာသာများပြီး ဒေသခံ ဗုဒ္ဓဘာသာဝင်တွေရော၊ မွတ်စလင်ဘာသာဝင်တွေပါ ဒုက္ခတွေနဲ့ ကျန်ရစ်ခဲ့ကြရတာ ချည်းပဲဖြစ်ပါတယ်။

Irrawaddy

မှုးယစ်နေသည့် အုပ်ချုပ်ရေးမှုးအဖွဲ့ က အစ္စလာမ်ဘာသာဝင်တစ်ဦးအားရိုက်

မိုးချစ်သူ (မြန်မာမွတ်စလင်မ်မီဒီယာ) ဇွန်လ ၂ ဦးကျော်စွာဦး (တောင်ဒဂုံ ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှုး၊ဦးခင်အေး (တောင်ဒဂုံ ၂၀ရပ်ကွက် ရာအိမ်မှုး) နှင့် အမည်မသိ လူ ၃ ဦးက အစ္စလာမ်ဘာသာဝင်တစ်ဦးအား လမ်းပေါ်တွင် ပါးရိုက်ခြင်း၊ရုံးအတွင်းခေါ်ဆောင်ကာ ထပ်မံရိုက်နှက်ခြင်းများကို သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်ခွင့် မပေးခဲ့သည့် အပြင် မှုးယစ်ရမ်းကားမှုဖြင့် အမှုဆင် တရားစွဲဆိုထားမှုတစ်ရပ်ဖြစ်ပွားနေကြောင်းသိရသည်။ အခင်းဖြစ်ပွားပုံမှာ အစ္စလာမ်ဘာသာဝင် ကိုထွန်းထွန်းလင်း သည် မေလ ၂၇ ရက်နေ့ည ၇း၃၀ မိနစ် အချိန်တွင် တောင်ဒဂုံ ၂၀ ၇ပ်ကွက် အုပ်ချုပ်ရေးမှုးရုံးရှေ့တွင် လမ်းဖြစ်လျှောက်စဉ် ရာအိမ်မှုး ဦးခင်အေးက " မင်းအခုနက ဘယ်သူ့ကိုဆဲတာလဲ"ပာုမေးမြန်း ရာ ကိုထွန်းထွန်းလင်းက မည်သူ့ကိုမျှ တစုံတရာဆဲဆိုခြင်းမရှိကြောင်းဖြေကြားရာ အထက်ပါ ရာအိမ်မှုးက စတင်ကာပါးရိုက်ကြောင်း ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးကျော်စွာဦးက လက်သီးဖြင့်ထိုးခြင်း ဒုတ်ဖြင့်ရိုက်နှက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း ထိုအချိန်တွင် အမည်မသိလူ ၃ ဦးကလည်းရိုက်နှက်ခြင်း၊ချုပ်နှောင်ခြင်း စသည့် တိုက်ခိုက်မှုများကို ကျုးလွန်ခဲ့ကြောင်း ကာယကံရှင်က ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားသည့် စာတွင်ဖေါ်ပြထားသည်။ "ဦးခင်အေးက ပါးရိုက်တယ်၊နောက်ဘက်က သံပိုက်လုံးနဲ့ ၀င်ရိုက်တယ် အဲဒီ့ အချိန်မှာ ဦးကျော်စွာဦးက ကျွန်တော့ကို ၀င်ထိုးတယ်။ကျွန်တော့နှုတ်ခမ်းပေါက်သွားတယ်။နောက်လူတစ်ယောက်ဝင်လာပြီးရိုက်တယ်။နောက်တစ်ခါ လူနှစ်ယောက်ပြေးဝင်လာပြီး ကျွန်တော့ကို ၀ိုင်းချုပ်ပြီး ရပ်ကွက်ရုံးထဲခေါ်သွားတယ်။ရုံးထဲရောက်တော့ အုပ်ချုပ်ရေးမှုးက ကျွန်တော့ ခေါင်းကိုကိုင်ပြီး စားပွဲနဲ့ ဆောင့်တယ်။အဲဒီ့အချိန်မှာ သူကမှုးနေတယ်။ဘာဖြစ်လို့ ကျွန်တော့ကို လုပ်တာလဲလို့မေးတော့ လုပ်ချင်လို့လုပ်တာကွာလို့လည်းပြောတယ်" ပာု ကိုထွန်းထွန်းလင်းက မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။ အဆိုပါဖြစ်ရပ်အား သက်ဆိုင်ရာရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့သော်လည်း ရဲစခန်းက အမှုဖွင့်ခွင့်မပေးဘဲ တရားရုံးသို့ ဦးတိုက်လျှောက်ထားရန်သာပြောကြားခဲ့ကြောင်း လည်းကာယကံရှင်ပြောကြားချက်အရသိရသည်။ အထက်ပါ အတိုင်း မှုးယစ်နေသည့် အုပ်ချုပ်ရေးမှုး ဦးကျော်စွာဦး ပါ ၄ ဦးက ရိုက်နှက်ခဲ့သဖြင့် အစ္စလာမ်ဘာသာဝင် ကိုထွန်းထွန်းလင်းသည် အောက်နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာ၊ညာပါးရိုးဖူးယောင်နာကျင် ဒဏ်ရာ၊အပေါ်သွားနဲ့ဒဏ်ရာ၊၀ဲပုခုံးရိုးနာကျင်ဒဏ်ရာ၊နဖူးယောင်ဒဏ်ရာ များရရှိခဲ့ပြီး သကာင်္န်းကျွန်းစံပြ ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်းလည်း အထက်ပါ တရားရုံးဦးတိုက်လျှောက်ထားလွာတွင်ဖေါ်ပြထားသည်။ ရိုက်နှက်သူများကို အရေးယူခြင်းမရှိသော်လည်း အစ္စလာမ်ဘာသာဝင် ကိုထွန်းထွန်းလင်းကိုမှု တောင်ဒဂုံမြို့နယ်တရားရုံးတွင် မှုးယစ်ရမ်းကားမှုဖြင့် အမှုဖွင့်ထားကြောင်းသိရသည် ကိုထွန်းထွန်းလင်းအား ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ၀ိုင်းဝန်းထိုးကြိတ်ခြင်းကို မျက်မြင်သက်သေ အဖြစ် ဗုဒ္ဓဘာသာဝင် ၇ ဦးကလက်မှတ်ရေးထိုးသက်သေခံထားသည်။